EGQY အပိုင်း ၄၅/၄၆

အပိုင်း ( ၄၅) ဆရာ

လီမိသားစုကတောင် သူ့ကို အပြစ်မလုပ်ရဲလေဘူးတဲ့….

တွမ့်ရှင်းယွမ်သည် အားလုံး၏စကားကို မှတ်ထားလိုက်ပြီးနောက် မုရွှမ်ချင်ရှေ့တွင် သူ၏ ယောက်ျားပီသသည့်သရုပ်ကို နှိမ့်ချရန် ကြိုးစားလိုက်သော်လည်း သူဘယ်သူဖြစ်မှန်းတော့ တွမ့်ရှင်းယွမ် မပြောနိုင်ပေ။ အကြောင်းမှာ လူတိုင်းက သူ့အား မျိုးရိုးနာမည်မတပ်ဘဲ ‘ဆရာ’ဟု တလေးတစားခေါ်နေကြ သောကြောင့်ပင်။

သူ့ကို မျက်နှာလိုမျက်နှာရလုပ်နေသည့် မိသားစုကြီးများမှ လူများစွာ ရှိနေသော်လည်း တစ်ခန်းလုံးတွင် အာရုံအစိုက်ခံရဆုံးသူမှာ မျက်ခုံးတစ်ချက်ပင် ပင့်မကြည့်ဘဲ သူ့ရှေ့က အရသာရှိသည့် အစားအသောက်များကိုလည်း စိတ်မဝင်စားသည့်အပြင် ရေတစ်ငုံပင် မသောက်ချေ။

“ဆရာ ဒါက ကျွန်တော့် မြေးအကြီးဆုံး တွမ့်ရှင်းယွမ်တဲ့၊ ရှင်းယွမ် လာ ၊ ဆရာ့ကို နှုတ်ဆက်လိုက်အုံး”

တခြားမိသားစုများလည်း စတင်လှုပ်ရှားလာသည်ကို မြင်လိုက်ပြီး အကြီးအကဲတွမ့်သည် တွမ့်ရှင်းယွမ်ကို ဦးဆောင်ကာ မုရွှမ်ချင်နှင့် အလျင်စလို မိတ်ဆက်ပေးလိုက်လေသည်။

တခြားမိသားစုများက သူတို့မိသားစု၏ မျိုးဆက်များနှင့် မိတ်ဆက်ပေးစဥ်က မုရွှမ်ချင်သည် ဘာညွှန်ကြားချက်မှ မပေးဘဲ ခပ်တည်တည်ဖြင့် တစ်ချက်သာ ကြည့်လိုက်သော်လည်း သူသည် အမြဲလိုလို သည်ပုံစံသာဖြစ်ရာ ထိုမိသားစုများကလည်း ကျင့်သားရနေပြီ ဖြစ်လေသည်။ သူတို့မျက်နှာကို မုရွှမ်ချင် ရှေ့တွင် ပြနိုင်သ၍ သူသည် ဒါကို မှတ်မိနေမှာဖြစ်ပြီး သူတို့သည် ဆရာ့စည်းကမ်းများကို မချိုးဖောက်သ၍ အနာဂတ်တွင် အကူအညီလိုလာလျှင် ဆရာက ဘယ်လိုအကူအညီမျိုးကိုမဆို တွန့်တိုခြင်းမရှိ ပေးပေလိမ့်မည်။ ဒါသည် သည်နေ့၏ရည်ရွယ်ချက် ဖြစ်ပြီး သူတို့အားလုံးက မိသားစုအသီးသီးမှ အထူးချွန်ဆုံးမျိုးဆက်များကို ခေါ်လာရသည့် အကြောင်းအရင်းလည်း ဖြစ်လေသည်။

အကြီးအကဲတွမ့်သည် မုရွှမ်ချင်ထံမှ မည်သည့်အထူးတလည် တုံ့ပြန်ချက်ကို မျှော်လင့်မထားခဲ့ချေ။ သူသည် တွမ့်ရှင်းယွမ်ကို မှတ်မိဖို့သာ အရေးကြီးလေသည်။ သို့သော် မုရွှမ်ချင်က မျက်လုံးကို ပင့်ကြည့်လိုက်ပြီး စက္ကန့်အနည်းကြာအောင် တွမ့်ရှင်းယွမ်ကို တစ်ချက်ကြည့်လိုက်လေသည်။

အကြီးအကဲတွမ့်သည် ချက်ချင်းပင် အလွန် စိတ်လှုပ်ရှားသွားတော့သည်။

ဧကန္တ ဆရာက သူ့မြေးအကြီးဆုံးလေးကို အထင်ကြီး နေတာများလား။

တခြားမိသားစုများမှ သခင်ကြီးများ၏ မျက်နှာအမူအရာများသည် အားကျခြင်း ၊ မနာလိုခြင်းစသည် အမူအရာများ ပြောင်းလဲသွားသော်လည်း သူတို့သည် သူတို့ခေါ်လာကြသည့် စိတ်ရှုပ်ကာ အပြစ်ကင်းဟန် ရှိကြသည့် သူတို့မျိုးဆက်များကို သံက သံမဏိ မဖြစ်လာရကောင်းလား ဟူသည့်မျက်နှာထားနှင့် ဝါးစားမတတ် ကြည့်လိုက်ကြလေသည်။ သို့သော်ငြား ကလေးများကလည်း ထိုလောက် မအ,ကြပေ။ သူတို့အကြီးအကဲများ၏ အကြည့်ကို သိကြလေသည်။ တစ်ပြိုင်နက်ထဲတွင် တွမ့်ရှင်းယွမ်သည် လူတိုင်း၏ ပစ်မှတ် ဖြစ်သွားလေတော့သည်။

တွမ့်ရှင်းယွမ်သည် အခြေအနေကို ဝေဖန်တတ်သိပြီး သည်အခိုက်တွင် သူ့ထက်အများကြီး ကြီးမည်မထင်ရသည့် သူ့ရှေ့က သည် ‘ဆရာ’တွင် ထူးခြားသည့်အဆင့်အတန်းတစ်ခု ရှိကြောင်း နားလည်သွားတော့သည်။ သို့မဟုတ်လျှင် သူသည် အလွန်များပြားသည့် မိသားစုအကြီးအကဲထံမှ ဤသို့သော လေးစားမှုနှင့် ဆက်ဆံခံရလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူ၏မျက်နှာသာပေးခံရခြင်းက အလွန်မြင့်မြတ်သည့်ဂုဏ်အင်တစ်ခု ဖြစ်ဟန်တူသည်။

မုရွှမ်ချင်ထံမှ မျက်နှာပေးခံရခြင်းသည် ကောင်းကျိုးများသာ ရှိသည်ဖြစ်ရာ တွမ့်ချင်းယွမ်သည် သူ့သဘောထားကို ပြောင်းလဲလိုက်တော့သည်။ သူ့စိတ်ထဲတွင် သံသယများ ရှိနေသေးသော်လည်း မျက်နှာပေါ်တွင် မပေါ်စေပဲ မုရွှမ်ချင်းကို တလေးတစားဖြင့် ‘ဆရာ’ ဟုခေါ်လိုက်လေသည်။

မုရွှမ်ချင်းသည် မျက်လွှာချထားပြီး သူ့မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ကာ သူ့မျက်လုံးထဲတွင် သဘောမကျသည့် အရိပ် ဖျတ်ခနဲ ပေါ်သွားတော့သည်။

သူသည် မိသားစုများမှ မျိုးဆက်လူငယ်များကို တတ်နိုင်သလောက် ကူညီပေးခဲ့သည်။ နောက်ဆုံး သူသည် သူတို့၏အကူအညီ လိုအပ်သည့် အချိန်များလည်းရှိ သေးလေသည်။ ထို့အပြင် သည်တွမ့်ရှင်းယွမ်သည် တော်ဝင်မိသားစုများ၏ မျိုးဆက်များထဲတွင် အထူးချွန်ဆုံးဖြစ်နေသည်။ မုရွှမ်ချင်သည် တွမ့်ချင်းယွမ်အကြောင်း ကြားခဲ့ဖူးပြီး သူရုပ်ကိုပင် မှတ်မိနေသည်။ သို့သော် သူသည် ကုချင်းယွီနှင့် ပတ်သက်နေသည်ကို သိလိုက်ရပြီးနောက် သူသည် တွမ့်ရှင်းယွမ်ကို အကြောင်းတချို့ကြောင့် လုံးဝသဘောမကျတော့ချေ။

မည်သို့ဆိုစေ သူသည် ဒီနေ့ ဒီကိုရောက်လာရသည့် အကြောင်းအရင်းကလည်း တွမ့်ရှင်းယွမ်ကြောင့်ပင် ဖြစ်လသည်။

ထို့ကြောင့် မုရွှမ်ချင်သည် သူ့စိတ်ထဲ မနှစ်မျို့မှုကို ဖိနှိပ်ထားပြီး သူ့လက်ကို တည်တည်ငြိမ်ငြိမ်နှင့် ဖြန့်လိုက်ရာ ချန်ရန်က လက်စွပ်တစ်ကွင်းကို သူ့လက်ထဲ မြန်မြန်ထည့်ပေးလိုက်လေသည်။

အလွန်လှပသည့် ကျောက်စိမ်းလက်စွပ် တစ်ကွင်းဖြစ်ပြီး အသက်အရွယ်ကြီးသူများ ကြိုက်တတ်ကြသည့် ပစ္စည်းတစ်ခု ဖြစ်သော်ငြား ဒီဇိုင်းမှာ အလွန်ထူးခြားကာ လုံးဝ ခေတ်နောက်မကျပေ။ ထို့အပြင် တွမ့်ရှင်းယွမ်သည် လက်စွပ်၏ပုံစံကို သဘောကျလေသည်။

အရေးအကြီးဆုံးမှာ အရေးပါအရာရောက်သူတစ်ယောက်ထံမှ လက်ဆောင်အဖြစ် ရရှိသည့် ကျောက်မျက်ရတနာသည် ရတနာသက်သက်မဟုတ်ဘဲ အဆင့်အတန်းနှင့် အတိုင်းအတာတစ်ခုအထိ ရှိသည့် အာဏာကို ကိုယ်စားပြုလေ့ရှိသည်။

တွမ့်ရှင်းယွမ်၏မျက်လုံးများသည် တောက်ပသွားပြီး လက်စွပ်ကို ရိုရိုသေသေဖြင့် လက်ခံလိုက်ပြီးသည်နှင့် ချက်ချင်း လက်တွင် ဝတ်ထားလိုက်လေသည်။

အပိုင်း ( ၄၆) ဘယ်သူမှ မင်းကို အထင်သေးရဲမှာ မဟုတ်တော့ဘူး

အကြီးအကဲတွမ့် စောင့်ရှောက်လာခဲ့သည့် အကြီးဆုံးမြေးလေးသည် သူ့အား အမှန်ပင် ဂုဏ်ယူရစေလေသည်။ ဆရာကပင် သူ့ကို တစ်ချက်လောက်ကြည့်လိုက်ပြီး တွေ့ဆုံပွဲလက်ဆောင်ကို သူ့အား ပေးလိုက်လေသည်။ သည်လက်ဆောင်က လက်စွပ်တစ်ခု ဆိုသည်ထက် တွမ့်ရှင်းယွမ်ကို ဆရာက တရားဝင်အသိအမှတ်ပြုလိုက်သည် သဘောပင်။

တခြားမိသားစုများသည် ပိုပြီး အားကျ မနာလိုဖြစ်နေကြပြီး သူတို့ရဲ့ကလေးများကို သံက သံမဏိ မဖြစ်ရကောင်းလားဆိုသည့် မျက်နှာထားများနှင့် ကြည့်လိုက်ကြလေသည်။ ချက်ချင်းလိုပင် တွမ့်ရှင်းယွမ်သည် တခြားမိသားစုက ကလေးတစ်ယောက် လေ့လာရမည့်စံပြတစ်ယောက် ဖြစ်လာပြန်လေသည်။

မုရွှမ်ချင်သည် ဘာမှ ထပ်မပြောတော့ချေ။ လက်စွပ်ပေးလိုက်ပြီးနောက် သူ ဒီနေ့ သည်နေရာကိုလာရသည့် ရည်ရွယ်ချက် ပြီးမြောက်သွားတော့သည်။

မုရွှမ်ချင်ထွက်သွားပြီးနောက် အကြီးအကဲတွမ့်၏မျက်နှာပေါ်က ပျော်ရွှင်မှုကို ထပ်ဖုံးဖိထားလို့ မရတော့ချေ။ တခြားမိသားစုများသည် မနာလိုဖြစ်နေကြသော်လည်း သူတို့သည် သူနှင့် တွမ့်ရှင်းယွမ်ထံသို့ ပို၍ စိတ်အားထက်သန်စွာ ကပ်လာကြတော့သည်။

တွမ့်ရှင်းယွမ်သည် အရင်ကတည်းက ထူးချွန်သော်လည်း တခြားမိသားစုများမှ လူများက သူ့အား မျက်နှာလိုမျက်နှာ လာလုပ်ရသည်အထိတော့ အလွန်ထူးချွန်နေခြင်း မဟုတ်ချေ။ သို့သော် သည်နေ့တွင် ဆရာက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်စွပ်ပေးခဲ့လေသည်။ ထို့ကြောင့်ပင် သူ့အပေါ်ထားရှိသည့် တခြားသူများ၏သဘောထားသည် တစ်မုဟုတ်ချင်း ပြောင်းလဲသွားတော့သည်။ တွမ့်ရှင်းယွမ်သည် လက်စွပ်ကို ကြည့်လေလေ သဘောကျလေလေ ဖြစ်နေပြီး သူ့သွေးများပင်အနည်းငယ် ဆူပွက်လာတော့သည်။

လူအုပ်ကြီး၏ ချီးကျူးထောပဏာ ပြုခံရသည်ကို သဘောကျလက်ခံရင်း သူသည် တွမ့်အိမ်တော်သို့ ပြန်လာခဲ့တော့သည်။ ထို့နောက် အကြီးအကဲတွမ့်က သူ့အား စာကြည့်ခန်းသို့ ခေါ်သွားလိုက်လေသည်။

“ ဆရာ့ရဲ့အကူအညီနဲ့သာဆိုရင် တွမ့်မိသားစုက မင်းဟာပဲ ဖြစ်လာလိမ့်မယ်”

အကြီးအကဲတွမ့်သည် သူ့မျက်လုံးထဲတွင် ကျေးဇူးတင်ရိပ်များကို ဖုံးကွယ်မထားနိုင်သေးချေ။

“အဘိုး အဲဒီဆရာက…. တကယ်ပဲ ဘယ်သူလဲ၊ ဘာလို့ သူ့အကြောင်းကို ကျွန်တော်တခါမှ မကြားဖူးတာလဲ”

ဤမျှအဆင့်အတန်းမြင့်မားသူတစ်ယောက်သည် အတန်ပင် နာမည်ကြီးသင့်သည်ဟု ပြောလျှင် ယုတ္တိကျပေမည်။ သူသည် သိုသိုသိပ်သိပ်နေသဖြင့် အပြင်လူများက သူ့အကြောင်း မသိဘူးဆိုလျှင်တောင် သူတို့အသိုင်းအဝိုင်းတွင် သူ့အကြောင်းမသိတာကတော့ မဖြစ်နိုင်ချေ။

တွမ့်ရှင်းယွမ်သည် အမှန်ပင် ဇဝေဇဝါဖြစ်နေလေသည်။

“ဆရာက…”

အကြီးအကဲတွမ့်သည် ခဏပြန်စဥ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။

“ ဆရာက စွမ်းအားအကြီးဆုံး သက်ရှိတစ်ယောက်ဆိုတာကိုပဲ သိထားဖို့လိုတယ်၊ ဒီကမ္ဘာမှာ သူ မလုပ်နိုင်တာ မရှိဘူး၊ သူ့ကို ထိခိုက်အောင် လုပ်နိုင်တဲ့သူလည်း ဘယ်သူမှမရှိဘူး၊ သူ့တည်ရှိမှုကို အထက်ကလူတွေနဲ့ ကြီးကျယ်တဲ့မိသားစုတွေက ငါတို့တွေလောက်ပဲ သိတာ… မင်းအဖေလို လူမျိုးတောင် သူ့ကိုတွေ့ဖို့ အခွင့်အရေး တစ်ခါမှ မရခဲ့ဖူးဘူး”

တကယ်တော့ တွမ့်ရှင်းယွမ်အဖေရဲ့အရည်အချင်းက တကယ့်ကို သာမန်ပဲဆိုပေမဲ့ သူက တော်တတ်တဲ့ သားတစ်ယောက်ကို မွေးခဲ့တာတော့ ကောင်းတဲ့ကိစ္စတစ်ခုပါပဲ။ တွမ့်ရှင်းယွမ်က အရမ်းလိမ္မာပြီး အရမ်းတော်လို့ ဆရာကတောင် သူ့ကို အသိအမှတ်ပြုလိုက်တယ်လေ။

အကြီးအကဲတွမ့်သည် ပြုံးလိုက်ပြီး

“ ဒီလက်စွပ်ကို ကောင်းကောင်း ဝတ်နော်၊ ခန္ဓာကိုယ်နဲ့ လုံးမကွာစေနဲ့၊ ဒါက သားကို အရေးကြီးတဲ့ အချိန်တွေမှာ ကာကွယ်ပေးလိမ့်မယ်၊ ဒီလက်စွပ်သာရှိရင် နောက်ဆို တော်ဝင်မြို့တော်က ဘယ်သူမှ သူ့ကို အထင်သေးရဲတော့မှာ မဟုတ်ဘူး”

အဘိုးသည် ထူးဆန်းသည့်အပြုအမူဖြင့် ပြောဆိုနေသော်လည်း တွမ့်ရှင်းယွမ်သည် သူ့စကားများကို နားလည်လေသည်။ မည်သို့ဆိုစေ ယခုတော့ သူသည် ဆရာ့အသိအမှတ်ပြုခံရပြီး နောက်ပိုင်းတွင် ဆရာ့အကြောင်းကို တဖြည်းဖြည်း သိခွင့်ရလာပေလိမ့်မည်။

တွမ့်ရှင်းယွမ်သည် ခေါင်းညိတ်ပြလိုက်၏။

“ နားလည်ပါပြီ အဘိုး”

ညဥ့်နက်နေပြီဖြစ်သော်လည်း ဒီနေ့ဖြစ်ရပ်သည် တွမ့်အဘိုးကို အလွန်စိတ်လှုပ်ရှားစေသည်ဖြစ်ရာ သူ့မျက်နှာပေါ်တွင် အိပ်ချင်သည့်အရိပ်အရောင် လုံးဝမပေါ်ချေ။

“ နောက်ကျနေပြီ သွားနားလိုက်တော့”

အဘိုးတွမ့်က ပြောလိုက်၏။

တွမ့်ရှင်းယွမ်သည် ခေါင်းညိတ်ကာ လှည့်ထွက်လိုက်သော်လည်း သူ သည်တစ်ကြိမ်ပြန်လာရသည့် အကြောင်းအရင်းကို သတိရသွားတော့သည်။ အဘိုး၏မျက်လုံးထောင့်က အပြုံးကိုမြင်လိုက်ရချိန်၌ သူသည် ခဏလောက်စဥ်းစားလိုက်ပြီး အဘိုးစိတ်ကောင်းဝင်နေတုန်း ထုတ်ပြောလိုက်သင့်သည်ဟု တွေးလိုက်လေသည်။

သူက အခုဆိုရင် အဲဒီဆရာရဲ့ အလေးပေးခံနေရပြီးဆိုတော့ မိသားစုကြီးတစ်ခုက မိန်းကလေးတစ်ယောက်ကို လက်ထပ်စရာ မလိုတော့ဘူးပေါ့။ အဘိုးက သူ ကုချင်းယွီနှင့် လက်ထပ်ဖို့ သဘောတူမှာပါ ဟုတ်တယ်မလား။

ထို့သို့စဥ်းစားလိုက်ပြီးနောက် သူသည် ရပ်လိုက်လေသည်။

အဘိုးတွမ့်သည် တွမ့်ရှင်းယွမ် ပြန်လှည့်လာသည်ကို တွေ့လိုက်ရာ မျက်ခုံးတစ်ဖက် မြင့်သွားတော့သည်။

“ဘာဖြစ်လို့လဲ”

တွမ့်ရှင်းယွမ်သည် စက္ကန့်အနည်းငယ် တိတ်ဆိတ်လိုက်ပြီးနောက် ပြောလိုက်လေသည်။

“အဘိုး ကျွန်တော် ချင်းယွီနဲ့ လက်ထပ်ချင်တယ်”

အဘိုးတွမ့်သည် ခေတ္တမျှ ငြိမ်သက်သွားပြီး သူ့မျက်နှာပေါ်က ပျော်ရွှင်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

တွမ့်ရှင်းယွမ်၏နှလုံးသည် ထိတ်ခနဲဖြစ်သွားတော့သည်။ သူ့အတွေးမှာ အဘိုးဘက်တွင် ပြဿနာ မရှိလောက်ဘဲ သူ့အမေဘက်တွင်သာ ပြဿနာရှိနေလိမ့်မည်ဟူ၍…..

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset