EGQY အပိုင်း ၄၃/၄၄

အပိုင်း (၄၃) သူငါ့ကို စိတ်ဝင်စားနေတဲ့ပုံပဲ

သို့သော် ကုချင်းယွီသည် ရုတ်တရက်ဆိုသလို တစ်ခုခုကို သိရသွားတော့သည်။

အဲနေ့ကလည်း အဖေကု ငါလေးကို နေပြန်ကောင်းလာအောင်လုပ်ပြီး လက်ထပ်ဖို့ စောင့်နေရမယ်လို့ ပြောခဲ့သေးတယ်….

ကြည့်ရတာ သူ ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ထားပြီးသား နေမယ်။

ဒါပေမဲ့ သူတို့တွေကို စိတ်ပျက်သွားစေတော့မှာပဲ။

တွမ့်မိသားစုက သူတို့ လက်ထပ်ဖို့ သဘောတူမှာ မဟုတ်လေဘူး။

“ လက်ထပ်မယ်ဟုတ်လား”

မုရွှမ်ချင်သည် ချန်ရန်၏တင်ပြချက်ကို နားထောင်လိုက်ပြီး သူ့မျက်လုံးများ ကျဥ်းမြောင်းသွားတော့သည်။

သူသည် သည်ကာလအတွင်း တွမ့်ရှင်းယွမ်နှင့် ကုချင်းယွီကို စောင့်ကြည့်ထားရန် လူလွှတ်ထားခဲ့သော်လည်း သည်လိုသတင်းမျိုး သိလာရလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ချေ။

သူမရဲ့ ယုံကြည်စရာမကောင်းတဲ့ စေ့စပ်ထားတဲ့သူရဲ့ ကုမ္ပဏီကနေ မောင်းထုတ်ခံလိုက်ရပြီး အားလုံးရှေ့မှာ လုံခြုံရေးအစောင့်တွေ ဆွဲထုတ်တာ ခံလိုက်ရတာတောင်မှလေ….

ဒီလို ဆက်ဆံခံလိုက်ရပြီးတာတောင် သူမက တွမ့်ရှင်းယွမ်နဲ့ လက်ထပ်ဖို့ သဘောတူလိုက်သေးတယ်တဲ့လား။ သူမက တွမ့်ရှင်းယွမ်ကို အဲလောက်တောင် ချစ်နေသေးသတဲ့လား။

ဒါမှမဟုတ် တွမ့်ရှင်းယွမ်ကို လက်ထပ်တာက သူမရဲ့သရုပ်မှန်ကို ဖုံးကွယ်ဖို့များလား။

လက်ထပ်မယ်ဆိုတော့…

“ဆရာ”

မုရွှမ်ချင်သည် သူ့လက်ထဲက ခွက်အလွတ်ကို မ,ကာ လေထဲတွင် မော့သောက်လိုက်သည်ကို ကြည့်လိုက်ရင်း ချန်ရန်သည် မျက်တောင် ပုတ်ခတ် ပုတ်ခတ်ဖြစ်သွားတော့သည်။

“ ဒါ…. ကျွန်တော် ရေနောက်တစ်ခွက် ထပ်ယူလာခိုင်းလိုက်ပါမယ်”

“….”

မုရွှမ်ချင်သည် သူ့ရှေ့က ခွက်လွှတ်ကို စိုက်ကြည့်ရင်း သူ့နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားသော်လည်း ဘာတစ်ခွန်းမှ မပြောလိုက်ချေ။

တစ်ဖက်တွင်တော့ ကုချင်းယွီသည် ပျော်ရွှင်ကာ ယုံကြည်ချက်ရှိရှိဖြင့် လျှောက်ကာထွက်သွားသည်ကို ကြည့်နေလိုက်တော့သည်။ သူမ၏မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်ပြီး သူမရှေ့က ဓာတ်ပုံကို စိုက်ကြည့်နေလိုက်တော့သည်။

“ ဖေးဖေး ဒီပုံကို ဘယ်သူပို့လိုက်တာလဲ”

ဖေးဖေးသည့် မြန်မြန်ဆန်ဆန် စစ်ဆေးလိုက်လေသည်။

“ မာစတာ မုရွှမ်ချင် ပို့လိုက်တာပါ”

“မုရွှမ်ချင် ဟုတ်လား”

သူမသည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်လေသည်။

“ အဲဒါဘယ်သူလဲ”

“ မာစတာ ဟိုနေ့ နင့်ကို ခေါက်ဆွဲ ဆယ်ပန်းကန် ဝယ်ကျွေးခဲ့တဲ့သူလေ”

ဖေးဖေး ပြန်ဖြေလိုက်၏။

ကုချင်းယွီသည် အသာအယာ ရယ်မောလိုက်တော့သည်။

“ဪ ငါလေးရဲ့ အဖိုးတန် အစားအစာရင်းမြစ်လေးပဲ… သူ့ကြည့်ရတာ ငါလေးကို စိတ်ဝင်စားတဲ့ပုံပဲ၊ ကောင်းတာပဲ၊ ငါလေးလည်း သူ့ကို စိတ်ဝင်စားတယ်လေ”

ကံဆိုးချင်တော့ သူ့ကို တွေ့ဖို့ဆိုရင် ငါလေး ဒီကကိစ္စတွေ ဥပမာ ကုချင်းချန်ကို အရင်ရှင်းပြီးတဲ့အထိ စောင့်ရအုံးမယ်။

အဖေကုသည် အမှန်ပင် တော်တော် ရက်စက်လေသည်။ သူသည် အခုနေ မစ္စကုနှင့် ပတ်သက်နေလျှင် ကုမ္ပဏီနှင့် သူပါ အကြီးအကျယ် နစ်နာတော့မည်ကို သိထားလေသည်။ ထို့ကြောင့် သူသည် ကုချင်းချန်ကို အကြောင်းပြပြီး သူတို့ချင်း ကွာရှင်းဖို့ စာချုပ်ကို လက်မှတ်ထိုးခိုင်းလိုက်တော့သည်။ ထို့အပြင် သူနှင့် မစ္စကု တို့၏လက်ရှိအခြေအနေကို တရားဝင်ချပြလိုက်ပြီး သူတို့ချင်း အပြန်အလှန် အဆက်အသွယ်မရှိတော့သည်မှာ ကြာပြီဖြစ်ပြီး ကိုယ့်ဟာကို သီးသန့်နေကြသော်လည်း ကလေးအတွက် တစ်အိမ်ထဲနေခဲ့ကြောင်း ပြောခဲ့လေသည်။ သူမသည် ဤသို့သော ကိစ္စမျိုးကို လုပ်လိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ချေ…

ကျွတ် ၊ ကျွတ်။ တစ်ချက်ထဲနဲ့ သူက အပြစ်သား မစ္စကုနှင့် ဆက်ဆံရေးကို ရှင်းလင်းလိုက်ပြီးတော့ ကလေးတွေအတွက် သူ့ဇနီးဟောင်းနဲ့ အပေါ်ယံဆက်ဆံရေး ထိန်းထားတဲ့ပုံနဲ့ သိပ်ချစ်တတ်တဲ့အဖေတစ်ယောက်လို သူ့ကိုယ်သူ ဖုံးကွယ်ထားလိုက်သေးတယ်။

သူ့နာမည်ကို များများစားစား ရှင်းလင်းအောင် မလုပ်နိုင်ခဲ့ဘူးဆိုပေမဲ့ တွမ့်ရှင်းယွမ်ရဲ့အကူအညီနဲ့ ကုကုမ္ပဏီက မကြာခင် တည်ငြိမ်တဲ့အခြေအနေကို ပြန်ရောက်လာလိမ့်မယ်ထင်တယ်။

သူကလေ ချစ်တတ်တဲ့အဖေတဲ့လား။ ဒီကမ္ဘာပေါ် ငါလေး ကြားဖူးသမျှဟာသတွေထဲမှာ ရယ်စရာအကောင်းဆုံးပဲ။

မစ္စကုကမှ တကယ် ချစ်တတ်တဲ့အမေဖြစ်အုံးမယ်။ ကုချင်းချန်အတွက် အပြစ်တွေကို ခံပေးခဲ့သေးသည်။ သူမလည်း အပြစ်ကင်းတာတော့ မဟုတ်ပေမဲ့ အခုတော့ အပြစ်တွေအားလုံး သူမပေါ်ပုံချပြီး ကုချင်းချန်ကတော့ ချိတ်ကနေ လွှတ်သွားလေရဲ့။

အဲလိုပြောလို့ ကုချင်းချန်က ဒီရက်ပိုင်း အိမ်ပြန်မလာဘူးထင်တယ်….

အဖေကုက နာမည်ပျက်ပြီးသား သူ့သမီးကို အိမ်ပြန်ခွင့် လုံးဝပေးမှာမဟုတ်လေဘူး။ အခုက မစ္စကုနဲ့ ကွာရှင်းလိုက်တဲ့ဆက်ဆံရေးဆိုတော့ ပြောစရာတောင်မလိုတော့ဘူး။ သူကတော့ သူမကို နိုင်ငံခြား ပို့ချင်တာ အသည်းအသန်ပဲ။

သူ ကုချင်းချန်ရဲ့အမေကို ကတိပေးခဲ့တယ်လေ။ ကုချင်းချန်ကို ချန်အန်းကော်နဲ့ အတင်းလက်မထပ်ခိုင်းပါဘူး၊ ပြီးတော့ သူမ သဘောကျတဲ့သူနဲ့ပဲ လက်ထပ်နိုင်မယ်ဆိုပြီးတော့ပေါ့။ အခုလောလောဆယ်တော့ သူ ကုချင်းချန်ကို ဘာမှ လုပ်လို့မရတော့ဘူး။

ဒါပေမဲ့ ကုချင်းချန်ကတော့ နောက်အကြောင်းအရာတစ်ခုကြောင့် နိုင်ငံခြားသွားဖို့ ဆန္ဒရှိနေလေရဲ့။

ငါလေး သိသလောက်တော့ ကုချင်းချန်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ငြိမ်ငြိမ်လေး နေမှာတော့ မဟုတ်လေဘူး။

သူမသည် ကုချင်းချန်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လုပ်နေမည့်အရာကို စဥ်းစားမိလိုက်ချိန်၌ မနေနိုင်တော့ဘဲ အော်ရယ်မိသွားတော့သည်။

ကုချင်းချန်လည်း ဘာဖြစ်နေမှန်းကုချင်းယွီ နားမလည်နိုင်တော့ချေ။ ကုချင်းချန်သည် ကုဝမ်ချန်က သူမအား ချန်အန်းကော်လို လူမျိုးနှင့် ထပ်လက်ထပ်ပေးမည် စိုးရိမ်နေရာ သူမသည် အချိန်တစ်ခုအထိ ချစ်သူကောင်လေးတစ်ယောက်ကို အသည်းအသန် ရှာနေတော့သည်။ သို့သော် သူမ လုပ်ခဲ့သည့်အရာများကို သတို့အသိုင်းအဝိုင်းက အားလုံးက သိထားပြီးဖြစ်ရာ သူမကို စိတ်ဝင်စားခဲ့ဖူးသည့် ယောက်ျားများက

ပင် ယခုမူ မသိသလို လုပ်နေကြလေတော့သည်။

အပိုင်း ( ၄၄) တကယ်ပဲ သူက ဘယ်သူများလဲ

တစ်ယောက်ယောက်က ကုချင်းချန်ကို စိတ်ဝင်စားခဲ့မည်ဆိုလျှင်တောင် ထိုလူတွင် မကောင်းသည့်ရည်ရွယ်ချက် ရှိနေလောက်ပေမည်။

ဥပမာ ရှန်ချန်းပင်။

ဘက်ပေါင်းစုံက တိုက်ခိုက်ခံလိုက်ရပြီးနောက် ကုချင်းချန်သည် အံ့ဩစရာကောင်းလောက်အောင် ရှန်ချန်းထံ ပြန်သွားခဲ့လေသည်။

ကုချင်းချန်သည် ရှန်ချန်းက သူမကို စိတ်ဝင်စားနေသေးသည်ကို သိလိုက်ရချိန်၌ သူမသည် စိတ်လှုပ်ရှားလာပြီး သူနှင့် ပိုရင်းနှီးလာအောင် ဆွဲဆောင်တော့သည်။

ထို့အပြင်ရှန်ချန်းသည် သူမကိုတမ်းတမ်းစွဲဖြစ်ဖို့ရာ လူကျင့်ဝတ်နှင့် သွေဖီနေတော့သည်။ သူသည် သူမအကြိုက် ၊ သူမ,လိုချင်သည့်အရာများကို သိလေသည်။ ဒါက အချိန်တစ်ခုအထိ အဘက်ဘက်မှ တိုက်ခိုက်ခံနေရသည့် ကုချင်းချန်ကို သူမ၏အကျင့်ဟောင်းကို ပြန်ပိုင်ဆိုင်သွားရစေပြီး သူမသည် သူ့ကို အနိုင်ရသွားသည်ဟု အမှန်ပင် ယုံကြည်သွားတော့သည်။ အမှန်တွင်တော့ သူသည် သူမကိုအရင် ကြိုက်နှစ်သက်ခဲ့သည်။ ထို့ကြောင့်ပင် သူသည် သူမနှင့်အတူ ကုမိသားစုသို့ လိုက်ခဲ့ခြင်းဖြစ်သော်လည်း နောက်မှ ကုချင်းယွီကို မြင်မြင်ချင်း ချစ်သွားခြင်းဖြစ်လေသည်။

ရှန်ချန်း၏အားပေးနှစ်သိမ့်မှုသည် အမှန်အလုပ်ဖြစ်သွားပြီး ကုချင်းချန်ဘက်ကလည်း သူ့အပေါ် တဖြည်းဖြည်း သံယောဇဥ် တိုးလာတော့သည်။ ကုချင်းချန်သည် တစ်ချိန်က သူ့ကို လှည့်စားခဲ့ဖူးသည်ကို လုံးဝ မေ့သွားတော့သည်။ ရှန်ချန်းသည် လင်းဟန်ကျောက်ကို ခွင့်လွှတ်ခဲ့သော်လည်း သူသည် သူမကို လုံးဝထပ်မတွေ့တော့ချေ။ အကြောင်းမှာ ရှန်ချန်းသည် သူ့သူငယ်ချင်းများ လှောင်တာ ခံရပြီး သူ့ကိုယ်သူ လေးစားမှု ပျက်စီးသွားသောကြောင့်ပင်။

ဒီလိုလူက အာဃာတအရမ်းကြီးတာလေ။ ကုချင်းချန်က သူ့ကို ဒီလိုဖြစ်အောင်လုပ်ခဲ့တယ်ဆိုတာကို ဒီလို အချိန်တိုအတွင်းမှာ သူက ဘယ်လို မေ့လိုက်နိုင်မှာလဲ။

သူအခုလုပ်နေတာက ကုချင်းချန် သတိလွတ်အောင်လုပ်ပြီး သူ့အပေါ် ယုံကြည်မှုနဲ့ စိတ်သဘောကောင်းတွေ ပြန်ရအောင်လုပ်နေတာပဲ။

သူ အောင်မြင်သွားပြီဆိုတာနဲ့ ရှန်ချန်းက ကုချင်းချန်ကို ဘာလုပ်မလဲဆိုတာကိုတော့ တကယ်သိချင်မိလေရဲ့။

ကုချင်းယွီသည် ရှန်ချန်းတွင် ရည်ရွယ်ချက်ကောင်း မရှိမှန်း သိထားသော်လည်း သူမသည် ကုချင်းချန်ကို မတားခဲ့ချေ။ နောက်ဆုံး ဒါသည် ကုချင်းချန်၏အမှားပင်။ သူမ ဘက်ကစပြီး ရှန်ချန်းကိုသွားမရှုပ်ခဲ့လျှင် သူသည် သူမအပေါ် အငြိုးထားလိမ့်မည်မဟုတ်ချေ။

ကုချင်းယွီသည် သူမရှေ့က အပင်များကို ငေးကြည့်နေလိုက်လေသည်။ သည်ကာလအတွင်း သူမသည် ကမ္ဘာပေါ်က အပင်အားလုံးတွင် စွမ်းအင်အတိုင်းအတာတစ်ခုရှိကြောင်း ရှာတွေ့ခဲ့လေသည်။ အလွန်နည်းပါးလွန်းရာ ဆယ်ရက်အတွင်း သူမ စုပ်ယူပြီးခဲ့သည့် စွမ်းအင်မှာ ထိုနေ့က မုရွှမ်ချင်ဆီမှ ရခဲ့သည့်စွမ်းအင်နှင့် ယှဥ်လျှင် တစ်ထောင်ပုံတစ်ပုံထက်ပင် နည်းနေသေးသသည်။

ထို့ကြောင့် သူမသည် ထိုယောက်ျားကို ပိုစိတ်ဝင်စားလာတော့သည်။

ကုချင်းယွီ မသိသည်က သည်အခိုက်အတန့်တွင် သူမ စိတ်ဝင်စားနေသည့် ယောက်ျားမှာ သူမ၏ သတို့သားလောင်းနှင့် တစ်စားပွဲထဲ ရှိနေသည်ကိုပင်။

“ဆရာ”

အကြီးအကဲတွမ့်သည် မျက်နှာပေါ်တွင် ခမ်းနားကြီးကျယ်လှသည့် မျက်နှာထားနှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မုရွှမ်ချင်ကို မြင်လိုက်သောအခါ တလေးတစား နှုတ်ဆက် လိုက်လေသည်။

တွမ့်ရှင်းယွမ်က အနည်းငယ်အံ့ဩသွား၏။ သူ့အဘိုးကို ဤမျှအလွန်လေးစားအောင်လုပ်နိုင်သည့် လူများကို လက်ချိုးရေလို့ရလေသည်။ သို့သော် သူ့ရှေ့က ယောက်ျားမှာ သူ့ထက်အသက်အများကြီး ကြီးဟန်မတူချေ။ အဘိုးက အဘယ်ကြောင့် သူ့ကို စိတ်ရင်းနှင့် တလေးတစား ဆက်ဆံနေရပါသနည်း။

တွမ့်ရှင်းယွမ်သည် အံ့ဩမှုထဲတွင် နစ်မြောနေဆဲတွင် သူ့အဘိုးက သူ့ကို ချက်ချင်း ဖိချလိုက်ပြီး မုရွှမ်ချင်ကို ဦးညွှတ်နှုတ်ဆက်ခိုင်းတော့သည်။

သူ့ထက် အများကြီး ကြီးသည့် အဘိုးကြီးတစ်ယောက်ထံမှ ထိုသို့သော ဆက်ဆံပုံကို တွေ့လိုက်ရသော်လည်း မုရွှမ်ချင်၏မျက်လုံးများသည် ပြောင်းလဲမသွားဘဲ သူသည် ခပ်ပေါ့ပေါ့ ခေါင်းညိတ်ပြလိုက်ပြီးနောက် သီးသန့်အခန်း၏အတွင်းဘက်သို့ တည့်တည့် လျှောက်သွားလိုက်တော့သည်။

တွမ့်ရှင်းယွမ်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည်။

တကယ်ပဲ ဒီလူက ဘယ်လိုမျိုးမလို့ အဘိုးက ဒီလို ဆက်ဆံနေတာတဲ့လဲ။

တွမ့်ရှင်းယွမ်၏အကြည့်မှာ အလွန်သိသာနေရာ အကြီးအကဲတွမ့်သည် သတိထားမိသွားပြီး သူ့ခေါင်းကို လှမ်းပုတ်လိုက်တော့သည်။ တွမ့်ရှင်းယွမ်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ့အဘိုးကို မယုံကြည်နိုင်သလို ကြည့်လိုက်မိလေသည်။ သူ့အဘိုးသည် မျက်နှာပေါ်တွင် သဘောမကျဟန်ဖြင့် လေသံကို နိမ့်ကာ

“ကိုယ့်ဟာကို သတိထားစမ်း၊ မင်း သူ့ကို အပြစ်လုပ်မိရင် ငါတို့တွမ့်မိသားစုတစ်ခုလုံး ဇာတ်သိမ်းသွားလိမ့်မယ်”

အဲလောက်တောင်လား။

ဒီလူက…

အဲလောက်တောင် အင်အားကြီးသလား။

ဒီလောက်အင်အားကြီးတဲ့ သခင်လေး ရှိတဲ့အိမ်မျိုး မကြားခဲ့ဖူးပါဘူး…

သူ့အဘိုး၏ အလွန်လေးနက်နေပုံကို မြင်လိုက်ပြီးနောက် တွမ့်ရှင်းယွမ်သည် အမှား ထပ်မလုပ်ရဲတော့ချေ။ သူသည် သူ့အဘိုးနောက် နာနာခံခံဖြင့် လိုက်သွားလိုက်ပြီး အဘိုးဘေးတွင် တလေးတစား ထိုင်လိုက်လေသည်။ အခန်းထဲတွင် စောင့်နေကြသည့် တခြားမိသားစုများလည်း ရှိနေကြသည်။ သူတို့အားလုံးသည် တွမ့်ရှင်းယွမ်သိပြီးသား တော်ဝင်မြို့တော်မှ ဂုဏ်သရေရှိများ ဖြစ်ကြသော်လည်း သူ့ကို အံ့အားသင့်ရစေသည်က အလွန်အဆင့်မြင့်သည့် လီမိသားစုမှ လူများကပင် သူတို့ရှေ့က လူကို တလေးတစား ကျက်သရေရှိရှိ ဆက်ဆံနေကြလေသည်။

သူသည် မနေနိုင်တော့ဘဲ မုရွှမ်ချင်ကို ထပ်ကြည့်လိုက်လေသည်။

ဒီလူက…

တကယ်ပဲ ဘယ်သူများလဲ။

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset