EGQY အပိုင်း ၄၁/၃၂

အပိုင်း (၄၁) လက်ထပ်ခွင့်

သူ…. ယုံတမ်းစကားတွေ အရမ်းပြောတတ်တာပဲ။

ကုချင်းယွီသည် စိတ်ထဲက သရော်လိုက်တော့သည်။

ပုံထဲမှာတော့ သူက ပြုံးပြီး သူ့ခြေလှမ်းတွေက နွေဦးရာသီတစ်ခုထဲ လျှောက်နေသလိုပဲ။ သူ့မှာ အားစိုက်ထုတ်ရတဲ့ပုံ လုံးဝကို မပေါ်တာပါ။

ပြီးတော့ ပုံထဲကမိန်းမကလည်း ရုပ်ဆိုးနေတာ မဟုတ်ဘူး။ သူက အခု ငါလေးသုံးနေတဲ့ ခန္ဓာကိုယ်လောက် မလှဘူးဆိုပေမဲ့ ကမ္ဘာမြေရဲ့ စံနှုန်းနဲ့ဆိုရင်တော့ လှတယ်လို့ ပြောရသေးတယ်။

သူ ဒီလိုဘလိုင်းဒိတ်လုပ်ရတာကိုလည်း အဆင်မပြေပုံ မပေါ်ဘူးလေ ဟုတ်တယ်မလား။ ဗီဒီယိုသာ အတုမှန်း သူ မသိခဲ့ရင် တွမ့်ရှင်းယွမ်က ဒီမိန်းမနဲ့ တွဲမှာ သေချာတယ်။

တွမ့်ရှင်းယွမ်၏နှလုံးအိမ်သည် သူမ၏နီ ရဲနေသည့်မျက်ဝန်းများကို ကြည့်ရင်း ပျော့ပြောင်းသွားတော့သည်။ သူသည် သူမ၏လက်ကို ကိုင်လိုက်ပြီး သူမက မခုခံဘဲ လုံးဝ သတိလွတ်သွားသည်ကို တွေ့လိုက်ရသဖြင့် သူ့စိတ်ထဲတွင် ပြုံးမိသွားတော့သည်။

သူမ ထပ်သဝန်တိုနေတာပဲဖြစ်ရမယ်….

ဒါပေမဲ့ ဒီလိုနဲ့ သူ့ကြောင့် နာကျင်ခံစားရပြီး ရက်တိုတိုအတွင်းမှာ နောက်မိန်းမတစ်ယောက်နဲ့ တွေ့ခဲ့တာကို သိသွားပြီဆိုတော့ သူမက သူ့ကို ခွင့်လွှတ်ဖို့နေနေသာသာ ထပ်ယုံဖို့ တကယ်ခက်ခဲမှာပဲ…

ဒီလိုဆိုရင်တောင် သူက ဘလိုင်းဒိတ်လုပ်ခဲ့တဲ့ ဆွန်းမိသားစု သမီးကြီးကို ကျော်ပြီး မတွေဝေနေဘဲ သူမကိုပဲ ရွေးချယ်ခဲ့တာတော့ သူမ သိမှာမဟုတ်ဘူး။

နောက်ဆုံး သူမက သူဆယ်ကျော်သက်အရွယ်ကတည်းက မြင်မြင်ချင်းချစ်ခဲ့ရတဲ့ အမျိုးသမီး၊ နှစ်တွေအကြာကြီး ချစ်လာ ပိုးပန်းလာခဲ့ပြီးမှ သူမကို လွယ်လွယ်နဲ့ ရလာခဲ့တာ… ဒီအပြင် သူက သူမကို တရားဝင် ပိုင်ဆိုင်ရသေးတာ မဟုတ်လေဘူး….

ထို့သို့တွေးလိုက်ပြီး သူသည် သူမကို တွေးတွေးဆဆ ကြည့်ကာဖြင့်

“ ချင်းယွီ ညီမ ကိုယ့်ကို မယုံရင် ကိုယ် သက်သေပြပါ့မယ်…”

“ ဘယ်လို သက်သေပြမှာလဲ”

သူမသည် သူ့ကို ကြည့်လိုက်ကာ သူ ဘာလုပ်ဖို့ရည်ရွယ်နေလဲဆိုတာကို သိချင်သွားတော့သည်။

“ လက်ထပ်ကြရအောင်”

တွမ့်ရှင်းယွမ်သည် ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း သူ့မျက်လုံးများသည် အရောင်တောက် သွားတော့သည်။

“ကိုယ်တို့လက်ထပ်ပြီးတာနဲ့ ကိုယ် ညီမကို တကယ်ချစ်တာကို ညီမ ယုံလာလိမ့်မယ်၊ ကိုယ့်မိသားစုက ကိုယ့်အတွက် စီစဥ်ပေးခဲ့တာ အဲဒီမိန်းမတွေကို စိတ်မဝင်စားဘူး၊ ကိုယ် ညီမကိုပဲ လိုချင်တာ”

တွမ့်ရှင်းယွမ်သည် ကုချင်းယွီကို အရင်ကတည်းက လက်ထပ်ချင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ကုချင်းယွီသည် ထိုစဥ်က လက်ထပ်ဖို့အရွယ် မရောက်သေးချေ။ သူမသည် ဒီနှစ်မှ အသက်ပြည့်သွားသော်လည်း အဖေကုက ကုချင်းယွီကို နှစ်အနည်းငယ်လောက် ဆက်ခေါ်ထားဖို့ရန် ဘွဲ့ရပြီးမှာ လက်ထပ်ခွင့်ပြုမည်ဟု ပြောခဲ့လေသည်။ ထို့ကြောင့် သူသည် ကုကုမ္ပဏီကို နည်းနည်းထပ်ကူညီမှာဖြစ်ပြီး ကုချင်းယွီကိုလည်း နည်းနည်း ပိုကြာကြာ ချစ်ခင်လိမ့်မည်ဟု ထင်ခဲ့လေသည်။

အမှန်ပင် သူသည်လည်း မဆန့်ကျင်နိုင်ခဲ့ချေ။ နောက်ဆုံး သည်အခြေအနေထိ ရောက်လာသည်က အဖေကုက စေ့စပ်ပွဲကို အရင်ဆုံး သဘောတူလိုက်သောကြောင့်ပင်။

သူ ဖြစ်ချင်လျှင်တောင် ဒီကိစ္စကို ချိုးဖောက်ဖို့ရန် လုံးဝမဖြစ်နိုင်ခဲ့ချေ။ သို့သော် ယခုတော့ ဒါသည် ပြီးပြည့်စုံသည့်အခွင့်အရေးတစ်ခု ဖြစ်ကြောင်း ရုတ်တရက် တွေ့ရှိသွားတော့သည်။

သူသည် သည်အခွင့်အရေးကို ယူကာ ကုချင်းယွီကို လက်ထပ်ရမည်။ သို့မှသာ သူသည် သူမကို မြန်မြန်ပိုင်ဆိုင်နိုင်ပေမည်။

သည်မိန်းမလှလေးကို ရဖို့ရန် Sမြို့တွင် နောက်ထပ် နှစ်နှစ်လောက် ထပ်စောင့်ဖို့ မလိုတော့ချေ။

ထို့အပြင် သူသည် မကြာခင် တော်ဝင်မြို့တော်ကို ပြန်နိုင်မှာဖြစ်ပြီး တော်ဝင်မြို့တော်က သူ့အာဏာကို လုယူခံလိုက်ရမည်ကို စိုးရိမ်ကာ နေရာနှစ်ခုကို သွားလိုက်ပြန်လိုက် လုပ်စရာမလိုတော့ပေ… သို့သော် ကောင်းသည့်အချက်က သူသည် တွမ့်မိသားစုမျိုးဆက်တွင် အတော်ဆုံးလူ အမြဲဖြစ်ခဲ့ပြီး အဘိုးက သူ့ကို ငယ်ကတည်းက ကိုယ်တိုင် လေ့ကျင့်ပေးခဲ့လေသည်။ သူသည် ငယ်ရွယ်သော်လည်း သူ့အဖေထက် ပိုကောင်းအောင်လုပ်ခဲ့ရာ ထိုအကြောင်းကြောင့်ပင် ပြီးခဲ့သည့် နှစ်အနည်းငယ်က Sမြို့တွင် နေရန် သတ္တိရှိလာတော့သည်။

သို့သော် ယခုတွင်တော့ အခြေအနေသည် မတူတော့ချေ။ သူ့အမေက သူကို ပြောပြခဲ့သည်။ သူ့အဖေသည် အပြင်တွင် တရားမဝင်သားတစ်ယောက်ကို ပုန်းကွယ်ထားသည်တဲ့။ ထို့အပြင် ထိုတရားမဝင်သားသည် သည်နှစ်တွင် ၁၇နှစ်ရှိပြီဖြစ်ပြီး နောက်နှစ်ဆိုရင် အရွယ်ရောက်လာတော့မည်။ ထိုအချိန်ကျလျှင် သူအဖေသည် မိသားစုအကြီးအကဲများနှင့်အတူ သူ့ကို အသိအမှတ် ပြုလိုက်လျှင် သူ့နေရာသည်… ယခုလို လုံခြုံနေတော့မည် မဟုတ်ပေ။

ထို့ကြောင့် သူ့အတွက် တော်ဝင်မြို့တော်ကို စောစောပြန်လိုက်ကာ သည်တရားမဝင်သား အင်အား မရှိခင် သူ့လက်ထဲတွင် အာဏာအများဆုံးကို မြန်မြန်ဆုပ်ကိုင်ထားသည်က အမှန်ဆုံးဖြစ်တော့မည်။

သူမသည် လက်ထပ်ဖို့ သဘောမတူခဲ့လျှင်တောင် သူသည် သူအလုပ်ကို တော်ဝင်မြို့တော်သို့ ဖြည်းဖြည်းချင်း ပြန်ရွှေ့ကာ Sမြို့တွင် လာနေသည့်အချိန်ကို သေချာပေါက်လျှော့ရပေလိမ့်မည်။ အမှန်ပင်။ သူမက သဘောတူခဲ့လျှင်တော့…. ပိုကောင်းသွားပေလိမ့်မည်။

အပိုင်း (၄၂) သူတို့သဘောမတူလဲ ကိုယ် ညီမကိုပဲလက်ထပ်မှာ

တွမ့်ရှင်းယွမ်သည် သူ့ကိုယ်သူ အကောင်းတကာ့အကောင်းဆုံးဟု သတ်မှတ်ထားပြီး ငယ်စဥ်ကတည်းက ထိပ်ဆုံးတွင် ရောက်နေသော သူလိုလူအတွက် အမှန်ပင် သူသည် အကောင်းဆုံးကိုသာ ပိုင်ဆိုင်ရမည်။ အချစ်ရေးဖြစ်စေ အလုပ်အကိုင်ဖြစ်စေ သူသည် အနိုင်ရသူသာ ဖြစ်ရမည်။

သူသည် သူ့ရှေ့က ကုချင်းယွီကို ကြည့်ရင်း သူမ ငြင်းလိမ့်မည်ဟု လုံးဝ သံသယမဖြစ်ချေ။

သူမက သူ့ကို ချစ်တာ သူသိတယ်လေ။

ဒီကမ္ဘာက ၉၉ရာခိုင်နှုန်းသောမိန်းမတွေက သူ့ရဲ့အစွမ်းကုန် စိတ်ကူးယဥ်ဆန်တဲ့ ပိုးပန်းတာကိုတော့ တောင့်ခံနိုင်မှာ မဟုတ်လေဘူး။ ပြီးတော့ ကုချင်းယွီ ဘာပဲလိုလို သူက အရင်ဆုံး ခြေတစ်လှမ်းဦးအောင် သူမဆီ ယူလာပေးနိုင်တယ်လေ။

လူတွေအများကြီး သူမနောက် လိုက်ခဲ့တာပဲ။ ဒါပေမဲ့ သူမကို အရူးအမူးစွဲလမ်းအောင် လုပ်နိုင်ခဲ့တဲ့သူက သူတစ်ယောက်ပဲ ရှိတာပဲလေ။

ကုချင်းယွီသည် သူဘာစဥ်းစားနေသည်ကို သိကောင်းသိပေလိမ့်မည်။ သူမသည် နိုင်တော့မည့်ဟန် တွေးဆနေသည့် ရှေ့ကယောက်ျားကို ကြည့်နေလိုက်သည်။

ငါလေး သူ့ကို အခုနေ ငြင်းလိုက်လို့တော့ရတယ်။ ဒါပေမဲ့ သူ့ကို ထပ်ပြီးနာကျင်အောင် လုပ်လို့ရတော့မှာ မဟုတ်ဘူး။

ပြီးတော့ ငါလေး အခုနေငြင်းလိုက်ရင် ဒါက မိန်းမတစ်ယောက်ရဲ့ အဓိပ္ပာယ်မရှိ တဇွတ်ထိုးလုပ်တဲ့အကျင့်လို့ပဲ သူထင်သွားမှာ။ ငါလေးက သူ့ကို မချစ်လို့ ငြင်းနေတာလို့ သူထင်မှာ မဟုတ်လေဘူး။

ဘာလို့လဲဆိုတော့ ဒီယောက်ျားမှာ သူ့ကိုယ်သူ အတ္တဝါဒီစွဲတဲ့ယုံကြည်မှုတွေ အရမ်းများနေတာမလို့လေ။

အတန်ကြာအောင် ငြိမ်သက်နေလိုက်ပြီးနောက် သူမသည် လက်ကိုဆန့်ထုတ်လိုက်ကာ နီရဲနေသည့် မျက်လုံးများနှင့် သူ့ကို ကြည့်လိုက်တော့သည်။

တွမ့်ရှင်းယွမ်၏ မျက်လုံးများသည် အရောင်တောက်သွားပြီး လက်စွပ်ကို သူမလက်ချောင်းတွင် ဝတ်ပေးလိုက်လေသည်။ သူသည် သူမကို ငုံ့နမ်းလိုက်သော်လည်း သူမက သူမ၏မျက်နှာကို တစ်ဖက်သို့လှည့်ကာ တွေဝေခြင်းမရှိ ငြင်းဆန်လိုက်တော့သည်။

“ ကျွန်မက ရှင် လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်ပေမဲ့…. ရှင့်မိသားစုကရော၊ ကျွန်မတို့ အခုလက်ထပ်မှာကို သဘောတူလို့လား”

သူတို့သာ လက်ခံခဲ့ရင် ငါ အွန်လိုင်းပေါ်မှာ ရှင်းပြခဲ့ပြီးတာကို သိသိရက်နဲ့တော့ တွမ့်ရှင်းယွမ်အတွက် ဘလိုင်းဒိတ် စီစဥ်ခဲ့မှာမဟုတ်ဘူး။

တွမ့်ရှင်းယွမ်၏မျက်လုံးများသည် ဖျတ်ခနဲ လက်သွားလေသည်။ ဒါသည် အဲလောက် လွယ်ကူမည်မဟုတ်မှန်း အမှန်ပင် သူသိလေသည်။

အရင်တုန်းကတော့ အဘိုး တွေးထားတာက သူမက သူအရမ်းချစ်ရတဲ့အမျိုးသမီးဖြစ်တယ်၊ သူတို့တွမ့်မိသားစုကလည်း အင်အားတောင့်တော့ အမျိုးသမိးတစ်ယောက်က သူတို့ကို ထောက်ပံ့ပေးဖို့ မလိုဘူးပေါ့။ ဒီတော့ သူရွေးထားတဲ့ အမျိုးသမီးနဲ့ လက်ထပ်ခွင့်ပေးလိုက်တာက အပင်ပန်းခံရတာ သက်သာမယ်။ ဒီ့အပြင် သူချစ်တဲ့ အမျိုးသမီးဘေးမှာရှိနေတော့ အလုပ်မှာ စိတ်ပင်ပန်းစရာရှိလာရင်လည်း အဲလောက် မပင်ပန်းတော့ဘူးပေါ့။

ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းသွားပြီ။ သူ့အဖေရဲ့တရားမဝင်သားပေါ်လာတာနဲ့ အဘိုးနဲ့ သူ့အမေက သူ့နေရာကို ထိခိုက်လာမှာ စိုးရိမ်နေကြတာပေါ့။ အထူးသဖြင့် သူ့အမေလေ….

ဒီတစ်ကြိမ် သူမ သူ့အတွက် ဘလိုင်းဒိတ်စီစဥ်ပေးရတဲ့ အကြောင်းအရင်းကလည်း သူ့အဖေရဲ့ တရားမဝင်သားက သူ့အဖေအစီအစဥ်နဲ့ တော်ဝင်မြို့တော်က မိသားစုကြီးတွေက မိန်းကလေးတော်တော်များများနဲ့ တွေ့ပြီးနေတာကို သူမ သိသွားလို့ပဲ…

သူ့အဖေက သူ့ရဲ့တရားမဝင်သား တွမ့်ရှင်းချန် ကို ဘက်လိုက်တာ အရမ်းသိသာတယ်လေ။ ပြီးတော့ သူ့အတွက် လမ်းတောင် စ,ခင်းပေးနေပြီတဲ့။ တွမ့်ရှင်းချန်က သူ့လို တောင့်တင်းတဲ့ မိသားစုနောက်ခံမရှိတာ သိထားပြီး၊ တွမ့်ရှင်းယွမ်မှာ သူ့အမေရဲ့မိသားစု နောက်ခံရှိတာမလို့ သူ့အဖေက သူ့အတွက် အင်အားကြီးတဲ့မိသားစုတစ်ခုက ဇနီးတစ်ယောက် ရှာပေးချင်ခဲ့တာပဲ…

ဒါမှ တွမ့်ရှင်းချန်ရဲ့ စ,မှတ်က သူ့နောက်မှာ အများကြီး မကျန်ခဲ့မှာလေ။

သူ့အဖေ အပြင်မှာ ထားခဲ့တဲ့ မိန်းမကလည်း တကယ် တော်တာပဲ။

အရမ်းမငယ်ဘူးဆိုပေမဲ့ သူ့အဖေကို ရွှေပြည်အေးတရား ဟောနိုင်သေးတယ်လေ။ ဒါမှ သူက တခြား ငယ်ရွယ်တဲ့မိန်းမလှတွေဆီကို မသွားတော့မှာပေါ့။ သူမကိုပဲ ချစ်မြတ်နိုးနေအောင် လုပ်ထားနိုင်တယ်လေ။ ပြီးတော့ တွမ့်မိသားစုတွေ မသိအောင် ဆယ်စုနှစ်တစ်ခုကျောအထိ ဖုံးဖိထားနိုင်ခဲ့တယ်…

အဲဒီမိန်းမက အရမ်းစိတ်ရှည်တတ်ပြီး အရမ်း အတွက်အချက်တော်ပြီး တွမ့်မိသားစုရဲ့ ကြွယ်ဝမှုနောက်ကို လုံးဝလိုက်နေတာလေ။ ဒါကြောင့်ပဲ သူ့အမေက အရမ်းစိတ်ပူနေရတောပေါ့…

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သူက အရမ်းတောင့်တင်းပြီး အကောင်းဆုံးဖြစ်တယ်လို့ ကိုယ့်ဟာကို ထင်မိတာမလို့ အရမ်းယုံကြည်ချက် ရှိတယ်လေ။ သူကိုယ်တိုင်က ပြည့်စုံနေတာမလို့ တွမ့်ရှင်းချန်ကို မိန်းမတစ်ယောက် အားကိုးပြိး အပေါ်တက်စရာမလိုဘူး။

ဒါကြောင့်ပဲ တွမ့်ရှင်းချန်သည် သူ မကြိုက်တဲ့ မိန်းမတွေကို မျက်နှာလိုမျက်နှာရ လုပ်ရနေတာပေါ့။ သူကတော့ အဲလိုလုပ်စရာ မလိုဘူးလေ။

သူက သူချစ်တဲ့ အမျိုးသမီးကို လက်ထပ်နိုင်သေးတယ်။

သူသည် အကြွင်းမဲ့ယုံကြည်မှု ၊ ကျေနပ်မှုတို့ဖြင့် ကုချင်းယွီကို ကြည့်လိုက်လေသည်။

“ စိတ်မပူနဲ့နော်၊ သူတို့ သဘောတူမှာပါ၊ သူတို့ သဘောမတူရင်တောင် ကိုယ်က ညီမကိုပဲ ရအောင်လက်ထပ်မှာ”

တွမ့်ရှင်းယွမ်သ

ည် ကတိပေးလိုက်လေတော့သည်။

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset