EGQY အပိုင်း ၃၉/၄၀

အပိုင်း ( ၃၉) ငါ့ကိုအသုံးချပြီးတော့ မင်းက ဒီလို မသိသလိုလုပ်ဖို့ စဥ်းစားထားတာလား

ရှန်ချန်း၏မျက်နှာပေါ်မှအပြုံးသည့် ပျောက်ကွယ်သွားပြီး

“ ငါ့ကို အသုံးချပြီးသွားတော့ မင်းက ဒီလို မသိသလိုနေဖို့ စဥ်းစားထားတာလား”

သူသည် မျက်လုံးများကို ကျဥ်းထားပြီး သူမကို ခြိမ်းခြောက်လေတော့သည်။

“ မင်းက ဒီကိစ္စရဲ့ အဓိကလက်သည်မှန်း တွမ့်ရှင်းယွမ် ဒါမှမဟုတ် မင်းအဖေသာ သိသွားရင် ကိစ္စတွေ ဘယ်လိုဖြစ်လာမယ်ထင်လဲ၊ မင်းလည်း ဒီလိုကိစ္စမျိုးကို မမြင်ချင်ဘူးလေ ဟုတ်တယ်မလား”

သို့သော် ကုချင်းယွီသည် သူ့ခြိမ်းခြောက်မှုကို မဖြုံပေ။

“ ရှင်ပြောချင်လည်း သွားပြောလေ၊ ကျွန်မအဖေက ဒီကိစ္စကို အစောကြီးကတည်းက သိထားပြီးသား၊ သူ ဒီအတိုင်း ဘာမှမပြောတာ၊ ကျွန်မနဲ့ စေ့စပ်ထားတဲ့သူကတော့… ရှင် အတွေးလွန်နေပြီ၊ သူက ကုချင်းချန်ကို ဒီထပ်ဆိုးတာမျိုးနဲ့ သေစေချင်နေမလားပဲ၊ နောက်ဆုံး သူမက သူ့ကိုလည်း ထောင်ဖမ်းခဲ့တာပဲလေ”

“….”

ရှန်ချန်းသည် ရုတ်တရက် ဆွံ့အသွားပြီး သူ့နှလုံးသားသည် ကုချင်းယွီကို မုန်းတီးစိတ်ကြောင့် တရွရွ ဖြစ်နေသော်လည်း အကြောင်းအရင်းတချို့ကြောင့် မြင်မြင်ချင်း ချစ်အောင်လုပ်နိုင်ခဲ့ပြီး သူသိလာချိန်၌ သူ လက်လှမ်းမမှီနိုင်တော့မှန်း သိသွားအောင် လုပ်ခဲ့သည့် သည်မိန်းမကို ပို၍ စိတ်ဝင်စားသွားတော့သည်။

“ကုချင်းယွီ မင်းသာ အရင်ကတည်းက တွမ့်ရှင်းယွမ်နဲ့ မချစ်ခဲ့ဘူးဆိုရင် ငါ ရှန်ချန်း မင်းကို သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး”

အနည်းဆုံးတော့ သူမကို သူလက်မလွှတ်နိုင်တဲ့ပုံစံက…. သူမကို ပိုင်ဆိုင်ရပြီး သူ့ဆီ အညံ့ခံလာပြီး သူ့အမျိုးသမီးဖြစ်လာစေချင်တာလေ။

ကံဆိုးချင်တော့… သူ အရမ်းနောက်ကျသွားတယ်။ သူမကို တွမ့်ရှင်းယွမ်က ယူသွားပြီ။ ရှန်မိသားစုက အခြေအနေ မဆိုးဘူးဆိုပေမဲ့ သူတို့တွေက တွမ့်မိသားစုကို ဘယ်တုန်းကမှ အမှားမလုပ်ရဲခဲ့လေဘူး…

ဒီတော့ သူ့နှလုံးသားက ခံရခက်ပေမဲ့ ကူကယ်ရာမဲ့ လက်လျှော့လိုက်တာပဲ လုပ်နိုင်တော့တယ်။

တစ်ဖက်တွင် ကုချင်းယွီသည် မှန်ထဲက သူမကို ပျော်ပျော်ရွှင်ရွှင်နင့် ကြည့်လိုက်ရင်း

“ ကုချင်းယွီ နင်မြင်လား၊ ငါ နင့်ကို ပြဿနာတစ်ခုတော့ ကူရှင်းပေးပြီးသွားပြီနော် ကျန်တဲ့သုံးခုကိုတော့… သိပ်မကြာခင် ရှင်းပေးမှာပါ”

ပြတင်းပေါက်အပြင်ဖက်တွင် တွမ့်ရှင်းယွမ်၏ကား ရောက်လာလေသည်။

ကုချင်းယွီသည် သူမရှေ့က ယောက်ျားကို တည်တည်ငြိမ်ငြိမ် မျက်နှာသေဖြင့် ကြည့်လိုက်ပြီး ဝီချဲလ်ပေါ်တွင် ထိုင်နေလေသည်။

“ချင်းယွီ နောက်ဆုံးတော့ ကိုယ့်ကို တွေ့ဖို့ ဆန္ဒရှိပြီပေါ့နော်”

တွမ့်ရှင်းယွမ်သည် အလွန်ပျော်နေလေသည်။ သူသည် ဒီနေရာသို့ နှစ်ကြိမ်တိုင်တိုင်လာခဲ့ပြီး ပထမတစ်ကြိမ်တွင် သူအိမ်ထဲဝင်လာသည်နှင့် ကုဝမ်ချန်ကရှိနေပြီး သူမကိုလည်း အခန်းတံခါးအပြင်ဘက်တွင်သာ စကားပြောခဲ့ရသည်။ ဒုတိယအကြိမ်တွင် ကုဝမ်ချန်မရှိသော်လည်း သူမသည် သူ့ကို တံခါးမဖွင့်ပေးဘဲ ပေးမဝင်ခဲ့ချေ။

ဒါသည် သူမကို စကြိုက်တုန်းကအချိန်သို့ ပြန်ရောက်သွားသကဲ့သို့ပင်။ ထိုအချိန်က သူသည် သူမကို ပိုးပန်းစဥ်က စိုးရိမ်ကြောင့်ကြစိတ် ဖြစ်နေသော်လည်း သူမနှင့် စေ့စပ်ပြီး နှစ်နှစ်ကြာပြီးနောက်တွင်တော့ သူမသည် သူအပိုင်အဖြစ် ကံကြမ္မာက သတ်မှတ်ထားသည်ဟု ထင်မှတ်ထားရာ သည်ခံစားချက်မျိုး မခံရတော့သည်မှာ တော်တော်ကြာသွားပြီ ဖြစ်သည်။

တွမ့်ရှင်းယွမ်အဖို့ တံခါးပိတ်ခံလိုက်ရခြင်းသည် အလွန်ရှည်ကြာသည့်ဆက်ဆံရေးတစ်ခု၏ ပူပူနွေးနွေးခံစားချက်ကို ပြန်ရသွားသည့်နှယ်။

သူ့မျက်လုံးများသည် သူ့ရှေ့က ဝှီးချဲပေါ်တွင်ထိုင်နေသည့် အမျိုးသမီးထံမှ မခွာနိုင်တော့ချေ။ သူမ၏မျက်နှာသည် အနည်းငယ် ဖျော့တော့နေသော်လည်း သူမသည် မှင်တက်အံ့ဩစရာကောင်းလောက်အောင် လှပနေဆဲပင်။ သူ့အကြည့်များကို သူမထံမှာ မခွာနိုင်တော့ပေ။

“ ချင်းယွီ ကိုယ်တောင်းပန်ပါတယ်နော်…”

သူသည် သူမထံလျှောက်လာပြီး လက်ထပ်ခွင့်တောင်းစဥ်ကကဲ့သို့ ဒူးတစ်ဖက် ထောက်လိုက်လေသည်။ သူသည် သူမ၏လက်ကို ကိုင်ရန် ကြိုးစားလိုက်သော်လည်း တွေဝေခြင်းမရှိဘဲ ဖယ်ရှားခံလိုက်ရတော့သည်။

ကုချင်းယွီသည် သူ့ကို မျက်နှာသာမပေးချေ။

“ ဥက္ကဋ္ဌတွမ့်က ဒီကို ဘာလာလုပ်တာလဲ၊ ကျွန်မ အမှတ်မမှားဘူးဆိုရင် ဥက္ကဋ္ဌတွမ့်က ကျွန်မတို့ရဲ့ လက်ထပ်ဖို့ သဘောတူထားတာ ဖျက်သိမ်းလိုက်ပြီလို့ ပြောပြီး အခုချိန်ကစပြီး… ရှင် ကျွန်မရှေ့ကို ဘယ်တော့မှ မလာတော့ဘူးလို့ ပြောခဲ့တယ်လေ”

သူ အစောပိုင်းက ပြောခဲ့သည့် စကားများနှင့် ပါးရိုက်ခံလိုက်ရပြီးနောက် တွမ့်ရှင်းယွမ်သည် ခပ်သဲ့သဲ့သာ ရယ်နိုင်တော့သည်။ သို့သော် သူသည် စိတ်ထဲတွင် တစ်စက်ကလေးမှ အမှတ်မထားဘဲ သူမကို ကြင်ကြင်နာနာ ကြည့်နေဆဲပင်။

“ချင်းယွီရယ် ကိုယ်တောင်းပန်ပါတယ်နော်…. ကိုယ်အရမ်းဒေါသထွက်သွားလို့ ခဏတာ စိတ်လွတ်သွားတာပါ၊ ဒါကြောင့် ကိုယ် ဒီလိုလုပ်ခဲ့မိတာ…”

သူသည် အကြွင်းမဲ့ အပြစ်ရှိသည့်အမူရာဖြင့် သူမကို ကြည့်နေရင်း သူ့အိတ်ကပ်ထဲမှ လက်စွပ်တစ်ကွင်းကို ရုတ်တရက် ထုတ်လိုက်လေသည်။ လက်စွပ်ပေါ်တွင် စိန်တို့တွင်သာရှိသည့် ထူးခြားသည့်အလင်းတစ်ခုဖြင့် တစ်ဖျတ်ဖျတ်လက်နေသည့် အံ့ဩစရာကောင်းလောက်အောင် ကြီးမားသည့်စိန်တစ်ပွင့် ရှိနေသည်။ လက်ဖက်ရည်လာချပေးသည့် အစေခံမလေးသည် လက်စွပ်ကို မြင်လိုက်ချိန်၌ ဟင်ခနဲဖြစ်သွားပြီး တွမ့်ရှင်းယွမ်သည် သူ့မျက်လုံးထဲတွင် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်သည့်အကြည့်နှင့် မနေနိုင်တော့ဘဲ ပြုံးထားလိုက်လေသည်။

ဒါသည် ဥရောပက လေလံပွဲတစ်ခုမှ သူရခဲ့သည့် လက်စွပ်ဖြစ်လေသည်။ နာမည်ကြီး အီတလီကျောက်မျက်ရတနာ ဒီဇိုင်နာ၏ လက်ရာဖြစ်ပြီး အနည်းဆုံး ဂဏန်းရှစ်လုံးတန်ဖိုးရှိရာ ဘယ်မိန်းမမှ ဤသို့သောလက်စွပ်ကို မုန်းလိမ့်မည် မဟုတ်ချေ။

အပိုင်း (၄၀) ဒါက ရှင် တောင်းပန်တဲ့ပုံစံလား

သို့သော် သူ မသိခဲ့သည်က ဒါသည် ငွေပမာဏ မည်မျှတန်သည်ဖြစ်စေ ကုချင်းယွီ၏မျက်လုံးထဲတွင်တော့ ဘာမှမဟုတ်သည်ကိုပင်။ ထို့ထက်ပိုသည်က…

သည်အချိန်၌ လက်ရှိကုချင်းယွီ၏ မျက်လုံးထဲက သည်လက်စွပ်သည် ကမ္ဘာပေါ်က အရောင်တောက်နေသည့် ကျောက်တုံးတစ်ခုသာ ဖြစ်လေသည်။ သူမ၏ဂြိုဟ်ပေါ်တွင် ထိုသို့သော အရောင်ထွက်နေသည့်ကျောက်မျိုး အများအပြားရှိခဲ့သည်။

“ဒီလိုပစ္စည်းမျိုးက… ငွေအများကြီး တန်သတဲ့လား”

သူမသည် မျက်နှာပေါ်တွင် အားကျသည့်အမူအရာဖြစ်နေသည့် အစေခံမလေးကို ကြည့်လိုက်ပြီး တွေးတောလိုက်တော့သည်။

သိပ်ဆိုးတာပဲ။ ငါလေးရဲ့ဂြိုဟ်က ဒီနေရာနေ သိပ်ဝေးနေလို့ပေါ့ကွာ။ မဟုတ်လို့ကတော့ သူတို့ရဲ့ဂြိုဟ်က နေထိုင်ဖို့ မသင့်တော်တော့ဘူးဆိုရင်တောင် နည်းနည်းလောက်ယူပြီး ဒီနေရာမှာ ပြန်လာရောင်းလို့ရတယ််။

သူတို့ဂြိုဟ်မှာဆို များလွန်းလွန်းလို့မှ ဘယ်သူမှတောင် မကောက်ချင်ဘူး။

နောက်ဆုံးတော့လည်း ဒါက အထဲမှာ စွမ်းအင်မပါတဲ့ ကျောက်တုံးတစ်တုံးဆိုတော့ ကြည့်လို့သာ ကောင်းတာလေ သုံးလို့လဲမရ စားလို့လဲမရနဲ့ပါ။

ဒါပေမဲ့…

အခုတော့ ငါလေး ဒါကို လက်ခံထားရမယ်။

ဘာလို့လဲဆိုတော့ အဲဒီအောင်မြင်မှုက သူလက်ထဲမှာ ဆုပ်ကိုင်မိထားပြီးလို့ သူ့ကို ထင်စေချင်လို့လေ။ ပြီးမှ…..

သူ့ကို ကောင်းကောင်း ရိုက်ပေးရမယ်။

“ ကိုယ့်ကို ခွင့်လွှတ်ပါနော် ၊ ခွင့်လွှတ်မယ်မလားဟင်”

သူမရှေ့က ယောက်ျားသည် အနှိုင်းမဲ့ကြင်နာမှုဖြင့် ပြောနေလေသည်။

“ ကိုယ်မှားခဲ့ပါတယ်… ဒါကြောင့် ကိုယ် ညီမကို ထပ်ပြီး လက်ထပ်ခွင့်တောင်းနေတာပါ၊ ညီမ ကိုယ့်ကို လက်ထပ်မှာလားဟင်၊ ချင်းယွီ….”

ကုချင်းယွီသည် လက်စွပ်ကို လက်ခံတော့မည်ပြင်လိုက်စဥ် သူမလက်ထဲက ဖုန်းသည် ရုတ်တရက် လင်းလာပြီး သူမသည် မျက်စိလျင်သူဖြစ်ရာ သူမထံပို့လာသည့်ပုံမှာ သူမရှေ့တွင် ဒူးထောက်နေသည့် ယောက်ျား၏ပုံ ဖြစ်သည်ကို တွေ့သွားတော့သည်။

သူမသည် မျက်ခုံးများကို ပင့်လိုက်၏။

ကြည့်ရတာ ငါလေးတော့ ဒီယောက်ျားကို နည်းနည်းစောပြီး လက်စားချေနိုင်တော့မယ်ထင်ပါ့။

တစ်ယောက်ယောက်က ငါလေးကို ကူညီနေလေရဲ့။

သူမထံ ပို့လာသည့်ပုံမှာ တွမ့်ရှင်းယွမ်နှင့် သူစိမ်းအမျိုးသမီးတစ်ယောက်တို့ အတူတူ ညစာစားနေသည့်ပုံ ဖြစ်လေသည်။

သူက လုံးဝစိတ်ကူးယဥ်ဆန်တဲ့အနောက်တိုင်း စားသောက်ဆိုင်တစ်ခုလုံးကို ကြိုတင်ငှားထားတာ သိသာတယ်။ ပြီးတော့ သူတို့အတွက်ပဲ ပြင်ထားတဲ့ လိုက်ဖ်ဖျော်ဖြေနေတဲ့ တီးဝိုင်းတစ်ခုလုံးကလည်း သူတို့စားပွဲဘေးမှာ။ သူတို့ မျက်နှာချင်းဆိုင် စားသောက်နေတဲ့ ပုံအပြင် သူနဲ့ အဲဒီအမျိုးသမိးတို့ တီးဝိုင်းရှေ့မှာ စိတ်ကူးယဥ်ဆန်ဆန် ကနေတဲ့ပုံလည်း ပါသေးတယ်တဲ့…

သူမသည် အေးစက်စက် ပြုံးလိုက်ကာ ပုံကို ဖွင့်လိုက်ပြီး သူ့ရှေ့တွင် ချပြလိုက်လေသည်။

“ ဒါက ရှင် တောင်းပန်တဲ့ ပုံစံလား”

သူမသည် အံကြိတ်ထားပြီး သူမ၏မျက်လုံးများသည် နီရဲလာကာ

“ ရှင် ကျွန်မကို နားလည်မှုလွဲတဲ့အချိန်ကစပြီး အခုအချိန်အထိ တစ်ပတ်တောင် မရှိသေးဘူးနော် ဟုတ်တယ်မလား၊ ရှင်က အစားထိုးတစ်ယောက်ရှာဖို့တောင် အရမ်း စိတ်အားထက်သန်နေပြီပဲ၊ ဒါနဲ့များ ဘာလို့ ကျွန်မဆီ လာခဲ့သေးလဲ၊ ဒီလိုအရာမျိုးတွေနဲ့ ကျွန်မရှေ့မှာ ဘာလို့ ရှိုးလုပ်နေသေးတာလဲ”

သူမသည် ဒေါသတကြီးဖြင့် သူ့လက်ထဲက လက်စွပ်ကို ယူကာ လွှင့်ပစ်လိုက်တော့သည်။

“ ကျွန်မ ဒီလိုဟာမျိုးကို မလိုချင်ဘူး၊ ထွက်သွား၊ ကျွန်မရှေ့မှာ ထပ်မပေါ်လာနဲ့….”

တွမ့်ရှင်းယွမ်သည် ထိုဓာတ်ပုံကို မြင်သွားချိန်၌ အေးခဲသွားတော့သည်။ သူသည် သည်ဓာတ်ပုံကို သူမနှင့်အတူ တွေ့လိုက်ရမည်ဟု မထင်ထားခဲ့ချေ။ အတိအကျပြောရလျှင် သူသည် သည်ကိစ္စကို ထာဝရ လျှို့ဝှက်ချက်တစ်ခု အနေဖြင့် ထားရန် စဥ်းစားထားခဲ့လေသည်။

သို့သော် သူသည် ကိစ္စအများအပြားကို တွေ့ကြုံခဲ့ဖူးသူဖြစ်ရာ လုံးဝ တုန်လှုပ်မသွားချေ။ သူ့မျက်လုံးများသည် ဖျတ်ခနဲလက်သွားပြီးနောက် သက်ပြင်းချလိုက်တော့သည်။

“ ချင်းယွီ ၊ ညီမသိပါတယ်…. ကိုယ့်မိသားစုက… ညီမကို တော်တော်သဘောမကျတာ ညီမသိပါတယ်… သူတို့တွေက ကိုယ့်ကို ကိုယ်တို့အသိုင်းအဝိုင်းအဆင့်နဲ့ လိုက်ဖက်မဲ့ မိသားစုက မိန်းကလေးတစ်ယောက်ကိုပဲ လက်ထပ်စေချင်တာ၊ ကိုယ် ညီမနဲ့ ပထမအကြိမ် စေ့စပ်တုန်းက လက်ခံပေးဖို့ ကိုယ့်မှာ အများကြီး ကြိုးစားခဲ့ရတာလေ၊ ဒီတစ်ခါကျတော့….”

သူသည် သက်ပြင်းချလိုက်ပြီး

“ အွန်လိုင်းပေါ်က ဗီဒီယိုက အတုဆိုပေမဲ့ သူတို့ သူတို့တွေလည်း ဒါကိုမြင်သွားခဲ့တယ်လေ၊ ပြီးတော့ မိသားစုက လူကြီးတွေထင်တာက… ညီမရဲ့ဂုဏ်သိက္ခာ ပျက်စီးသွားပြီးတော့ တချို့လူတွေကလည်း ဗီဒီယိုထဲကလူကို ညီမလို့ အမြဲထင်နေကြတာလေ၊ အထူးသဖြင့် အွန်လိုင်းမသုံးတဲ့သူတွေက ဗီဒီယိုကိုလည်း မမြင်ကြတော့ သူတို့တွေက ညီမလို့ပဲ ရမ်းသမ်းထင်နေကြတာပေါ့ သူတို့ရဲ့စိတ်တွေက….”

တွမ့်ရှင်းယွမ်သည် လက်စွပ်ကို ကောက်ယူလိုက်ကာ သူမကို ကြည့်လိုက်ပြီး

“ ဒါနဲ့ ကိုယ် တော်ဝင်မြို့တော်ကို အလုပ်ကိစ္စပြန်သွားတော့ ကိုယ့်ကို မိသားစုတွေက သူမနဲ့ ဘလိုင်းဒိတ်လုပ်ဖို့ အတင်းသွားခိုင်းခဲ့ကြတာ၊ စားသောက်ဆိုင်၊ တီးဝိုင်း ဒါတွေအားလုံးက ကိုယ့်မိသားစုက စီစဥ်ထားခဲ့တာပါ၊ ကိုယ်က ယဥ်ယဥ်ကျေးကျေးနဲ့ ဒီအတိုင်း အလိုက်သင့် သွားခဲ့တာ…. ချင်းယွီ ကိုယ်ချစ်တဲ့ တစ်ဦးတည်းသော မိန်းကလေးက ညီမဆိုတာ ညီမသိပါတယ်ကွာ၊ ညီမက ကိုယ့်ရဲ့အချစ်ဦး ပြီးတော့ ကိုယ်တစ်သက်လုံးချစ်သွားမဲ့ တစ်ယောက်တည်းသော အမျိုးသမီးလေးပါ”

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset