EGQY အပိုင်း ၃၇/၃၈

အပိုင်း ( ၃၇) ရှင်… ကျွန်မနဲ့ ကွာရှင်းချင်တာလား

သူမသည် တွမ့်ရှင်းယွမ်နှင့် လက်မထပ်ခဲ့လျှင် ကုဝမ်ချန်က သူမဘက်တွင် ရပ်တည်ပေးဖို့ မလိုတော့သည်ကို ကုချင်းယွီ သိလေသည်။ ထို့ကြောင့် သူမသည် ခပ်ပါးပါးလေးပြုံးကာ ခေါင်းညိတ်ပြလိုက်၏။

“ အင်း သမီး နားလည်ပါပြီ… ရှင်းယွမ် သူ… တော်တော် ရိုးသားတာပါ”

ပြီးတော့ သူ့ကို နှစ်ခါလောက်ငြင်းလိုက်တာက လုံလောက်သွားပြီလေ။ ပြီးတော့ ငါလေး သူနဲ့လည်း ဖြေရှင်းစရာတွေ စလုပ်ရတော့မှာဆိုတော့၊ ဒါပေမဲ့ သူ့ကို ဆက်တိုက်ငြင်းနေလို့ ဘယ်ဖြစ်မလဲ။

ကုချင်းယွီ၏အဖြေသည် ကုဝမ်ချန်ကို အလွန်ကျေနပ်သွားစေသည်။ သူက ထပ်ပြောလိုက်၏။

“ ချင်းချန်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို စိုးရိမ်စရာမလိုပါဘူး၊ သမီး အပြစ်ကင်းမှန်း အဖေသိတယ်၊ နေကောင်းအောင်နေပြီး ရှင်းယွမ်နဲ့ လက်ထပ်ဖို့ စောင့်နေနော်”

လက်ထပ်ရမယ်တဲ့လား။

ကုချင်းယွီသည် အနည်းငယ်အံ့ဩသွားလေသည်။

ကုဝမ်ချန်က အရမ်းစိတ်အားထက်သန်မနေရဘူးလို့ အမြဲတမ်းထင်ခဲ့တဲ့သူပဲ။ ပြီးတော့ တွမ့်ရှင်းယွမ်ရဲ့ စိတ်ဝင်စားမှုကို တစ်ချိန်လုံးရနေဖို့ သူ့ကို လက်ထဲမှာ ဘယ်လိုထိန်းထားရမယ်ဆိုတာကိုတောင် ငါလေးကို သင်ပေးခဲ့သေးတာလေ။ ဒါမှ အချိန်အကြာကြီး သူအတွက်လည်း အကျိုးအမြတ်ရမှာပေါ့။ ဒါကြောင့်လည်း သူက စေ့စပ်ဖို့ သဘောတူခဲ့ပေမဲ့ လက်ထပ်တာကိုတော့ ငါလေး ကျောင်းပြီးတဲ့အထိ စောင့်ဖို့ တွမ့်ရှင်းယွမ်ကို သေချာပြောခဲ့တာပဲ။

ဒါပေမဲ့ အခုတော့ ငါလေးက တွမ့်ရှင်းယွမ်နဲ့ လက်ထပ်ဖို့ စောင့်နေရမယ်လို့ သူပြောနေတာလား။

သူသည် မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်၏။

ကြည့်ရတာ တွမ့်ရှင်းယွမ်ဘက်မှာ တစ်ခုခု မျှော်လင့်မထားတာ ဖြစ်သွားလို့ထင်တယ်….

သူမသည် ဘာမှ ထပ်မမေးတော့ပေ။ မစ္စကုနှင့် ကုဝမ်ချန်ကို အာရုံမစိုက်တော့ဘဲ အပေါ်ထပ်သို့ တန်းတက်သွားလိုက်တော့သည်။

မစ္စကုသည် ကုချင်းယွီကို ဆက်နေစေချင်သေးလေသည်။ သို့သော် သူမနှင့် ကုဝမ်ချန်တို့ ရဲစခန်း ရောက်သွားချိန်၌ ရဲများက ကိစ္စကို ရှင်းရှင်းလင်းလင်း စုံးစမ်းပြီးသား ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

ကော်ဖီဆိုင်ထဲရှိ ဗီဒီယိုသည် အမျိုးသမီးနှစ်ယောက်ကို မှတ်မိနေသည့် ဧည့်သည်တစ်ယောက်က လျှို့ဝှက်စွာ ရိုက်ယူထားပြီး အွန်လိုင်းပေါ်သို့ ချက်ချင်းတင်လိုက်ခြင်း ဖြစ်နေသည်။

ထို့အပြင် လင်းဟန်ကျောက်ကို ကယ်ခဲ့သည့် သက်တော်စောင့်နှစ်ယောက်မှာ ရှန်ချန်း၏လူများ ဖြစ်နေသည်။ သူသည် ကုချင်းချန်နောက်လိုက်ရန် လူလွှတ်ထားခြင်းဖြစ်ပြီး ထိုဖြစ်ရပ်ကို မတော်တဆ တွေ့သွားပြီးနောက် သူတို့အား လင်းဟန်ကျောက်ကို ကယ်ခိုင်းလိုက်ခြင်းပင်။

တစ်နည်းအားဖြင့် ကော်ဖီဆိုင်ကို ကုချင်းယွီ ပိုင်သည်ဆိုသည့်အချက်ကလွဲလျှင် အပေါ်ယံ၌ အရာအားလုံးသည် သူမနှင့် လုံးဝမပတ်သက်နေချေ။

ထို့အစား လင်းဟန်ကျောက်ကို ပြန်ပေးဆွဲရန်ကြိုးစားခဲ့သူများကို မစ္စကုက လွှတ်လိုက်ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ဘာသံသယမှ မရှိတော့ချေ။

ကုဝမ်ချန်သည် မစ္စကုအား သူမကို သတ်တော့မည့်နှယ် ကြည့်နေရာ မစ္စကုသည် အံ့သာကြိတ်ထားပြီး စကားတခွန်းမှ မပြောနိုင်တော့ချေ။

ကုချင်းယွီက ဘယ်တုန်းက အဲလောက် အစွမ်းထက်သွားတာလဲ။ ဒီကိစ္စရဲ့နောက်ကွယ်ကလူက သူဆိုတာ သေချာသိနေရဲ့သားနဲ့။ ဒါတွေအားလုံးက ဒီနှစ်တွေမှာ ကုချင်းယွီ အရမ်းကို လိမ္မာနေခဲ့လို့ သူတို့ကို အရမ်းလျှော့တွက်မိအောင် လုပ်လိုက်တာပဲ….

သူမသည် ကုဝမ်ချန်၏လက်ကို ဖမ်းဆုပ်လိုက်၏။

“ ဝမ်ချန် ဝမ်ချန်ရယ် ကျွန်မတို့သမီးက အခုမှ ၁၉နှစ်ပဲရှိသေးတယ်၊ ရှင် သူ့ကို ကယ်မှရမယ်… သူ့မှာသာ ဒီအမှုရဲ့ အပြစ်ရှိကြောင်း တွေ့သွားရင် ကုကုမ္ပဏီလည်း ထိခိုက်နစ်နာလိမ့်မယ်”

သူမသည် ကုဝမ်ချန် အလေးအထားဆုံးအရာကို သိလောက်သည်အထိတော့ ပါးနပ်ရာ ထိုအရာကို ချက်ချင်း ထုတ်ပြောလိုက်တော့သည်။

ကုဝမ်ချန်သည် မဲ့ရွဲ့လိုက်ပြီး

“ မင်းဒါကို လက်မှတ်ထိုးရင် ငါမင်းကို ကူညီပေးမယ်”

မစ္စကုသည် သူမရှေ့က ကွာရှင်းစာချုပ်ကို ကြည့်လိုက်ပြီးနောက် သူမ၏မျက်နှာမှာ သွေးဆုတ်သွားတော့သည်။

“ရှင်… ကျွန်မနဲ့ ကွာရှင်းချင်တာလား”

“ဟုတ်တယ်”

ကုဝမ်ချန်သည် သူမကိုအေးစက်စွာကြည့်လိုက်ပြီး

“ ငါတို့တွေ အရင်ကတည်းက ကွာရှင်းထားတာလို့ ပြောရလိမ့်မယ် ၊ ဒါပေမဲ့ ငါတို့ရဲ့ကလေးတွေအတွက် မကြေညာခဲ့တာ၊ ဒီတစ်ခါဖြစ်သွားတာကတော့ မင်းက ဒီအကြောင်းဘာမှမသိတဲ့ ချင်းချန်အတွက် လုပ်ပေးခဲ့တာ ဆိုပြီးတော့ပေါ့၊ အဲလိုမှ ချင်းချန်ရဲ့စွဲချက်အားလုံး ရှင်းလင်းသွားလိမ့်မယ်”

မစ္စကု၏နှလုံးအိမ်သည် အေးစက်သွားတော့သည်။

ဆယ်နှစ်ကျော် လက်ထပ်လာခဲ့တဲ့တစ်လျှောက်လုံး ငါ့မှာ ကုဝမ်ချန်ကို နည်းလမ်းမျိုးစုံနဲ့ ပြုစုပေးခဲ့ရတယ်။ ကုချင်းယွီအပေါ်ထားတဲ့ သူ့အရေးကြီးဆုံးသံယောဇဥ်ကြောင့်ပဲ ကုချင်းယွီကို ပေါ်ပေါ်ထင်ထင် မထိခိုက်ရဲခဲ့ဘူး၊ အပေါ်ယံပဲ ဂရုစိုက်သလို လုပ်ခဲ့ရတယ်။ ဒါပေမဲ့ ငါ့မှာ အများကြီး ပေးဆပ်ခဲ့ရတာတောင် ပြန်ရလိုက်တာက ဒါတဲ့လားဟဲ့။

“ မင်း လက်မှတ်ထိုးမှာလား မထိုးဘူးလား၊ မဟုတ်လည်း မင်းတို့သားအမိနှစ်ယောက် အတူတူ သွားလို့ရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေက ကွာရှင်းရမှာပဲ”

ကုဝမ်ချန်သည် အေးစက်စွာ ပြောလေသည်။ သူသည် အပြစ်သားတစ်ယောက်နှင့် လက်ထပ်ထားသည့်အနေအထားကို လုံးဝမရှိချင်ပေ။

မစ္စကုသည် ပင့်သက်ရှိုက်လိုက်လေသည်။ ကုဝမ်ချန်မှာ ရက်စက်သူဖြစ်မှန်း သူမ သိလေသည်။ သူသည် ထိုသို့ပြောလျှင် သေချာပေါက် ဖြစ်အောင်လုပ်ပေလိမ့်မည်။ သည်တစ်ကြိမ်တွင် သူမကို လက်ပူးလက်ကြပ်မိသွားသည်ဖြစ်ရာ သူ့တောင်းဆိုချက်ကို လိုက်လျောရန်က လွဲလျှင် ရွေးစရာမရှိတော့ပေ။ သို့မှသာ ချင်ချန်းကို ဒီကိစ္စမှ ဖယ်ရှားပေးနိုင်ပေလိမ့်မည်…

အပိုင်း ( ၃၈) မင်းငါကို ဘယ်လို ကျေးဇူးဆပ်မှာလဲ

“ကောင်းပါပြီ”

မစ္စကုက ပြောလိုက်ပြီး

“ ဒါပေမဲ့ ကျွန်မမှာ တောင်းဆိုစရာတစ်ခုရှိတယ်….”

မျက်လုံးများ နီရဲကာ သူမ ပြောလိုက်လေသည်။

“ ရှင် ချင်းချန်ကို ချန်အန်းကော်နဲ့ လက်မထပ်ပေးရဘူး၊ ချင်းချန် လက်ထပ်ချင်တဲ့သူက သူမသဘောတူတဲ့သူပဲ ဖြစ်ရမယ်”

ကုဝမ်ချန်သည် အေးစက်စွာ ရယ်မောလိုက်လေသည်။

“ ဒီလို ကိစ္စတွေ လုပ်ပြီးသွားမှတော့ ချန်းအန်းကော်ကရော သူ့ကို လက်ထပ်ချင်အုံးမယ် ထင်လို့လား”

ချန်အန်းကော်သည် အသက်ကြီးပြီဖြစ်သော်လည်း သူသည် အင်မတန်ချမ်းသာပြီး သူ့ဘေးတွင် မိန်းမလှများ မရှားပေ။ သူသည် ကုချင်းချန်ကို ထိုမျှလောက် စိတ်မဝင်စားဘဲ သူလိုချင်သူမှာ ကုချင်းယွီသာ ဖြစ်လေသည်။

ဒီတစ်ခေါက် ချင်းချန်လုပ်ရပ်ကို အားလုံးသိသွားကြမှာပဲ။ ချန်အန်းကော်က ကုချင်းချန်ကို လက်ထပ်ဖို့ သဘောတူတယ်ဆိုတာကလည်း သူမက ငယ်ရွယ်ပြီးလှတယ်၊ ပြီးတော့ ကုမိသားစုရဲ့ ဒုတိယသခင်မလေး ဖြစ်နေတဲ့ တစ်ချက်ကြောင့်ပဲလေ။ ဒီတော့ သူမကို လက်ထပ်တာက သူနဲ့ အပြင်မှာ ကစားခဲ့တဲ့ အဲဒီအလိမ်ကကျစ်မိန်းမတွေကို လက်ထပ်တာထက် ပိုကောင်းတယ်လေ၊ ပြီးတော့ နှစ်ယောက်သားကလည်း သူနဲ့ ဆက်ဆံရေးကောင်းတစ်ခု ကို ထိန်းထားနိုင်တာပေါ့…

အခုတော့ ကုချင်းချန်က တစ်နိုင်ငံလုံးရဲ့ရယ်စရာကုန်ကြမ်းတစ်ခု ဖြစ်သွားပြီး အပြစ်သားတစ်ယောက် ဖြစ်သွားတာဆိုတော့ ကုကုမ္ပဏီတောင် ထိခိုက်နေတာ သူက ဘယ်လိုလုပ်ပြီး သူမကို လက်ထပ်ချင်အုံးမှာလဲ။ သူတို့ရဲ့ ရှိပြီးသားဆက်ဆံရေးကို ထိန်းထားနိုင်သေးရင်တောင် တော်သေးတယ်။

မစ္စကု၏မျက်နှာ ပြောင်းလဲသွားလေသည်။

“… ဒါဆို ကောင်းပြီလေ”

ကုဝမ်ချန်သည် စာချုပ်ကို မြန်မြန် ပြင်ဆင်လိုက်လေသည်။ မစ္စကုသည် အံကြိတ်ထားသော်လည်း လက်မှတ်ထိုးလိုက်၏။

ကုဝမ်ချန်က အဲလောက်တော့ မဆိုးသေးပါဘူး။ သူက သူမရဲ့အပြစ်ကို လျှော့ပေါ့ပေးဖို့ ရှေ့နေတစ်ယောက် ငှားပေးဖို့ ကတိပေးခဲ့သေးတယ်။ သူမကို အိမ်တစ်လုံးနဲ့ ငွေတော်တော်များများ ပေးလိုက်သေးတယ်။ ဒီတော့ သူမ ထောင်ထဲက ထွက်လာရင် အခြေအနေ ဆိုးဝါးနေမှာတော့ မဟုတ်ဘူး။

သူမမျှော်လင့်ထားသလောက် မများဘူးဆိုပေမဲ့ အနည်းဆုံးတော့…. သူမမှာ ချင်းချန်ရှိသေးတယ်လေ။

ချင်းချန်သာ ဘေးမှာရှိရင်… သူတို့တွေ အဲဒီတံတားကို ဖြတ်နိုင်မှာပါ။

မစ္စကုသည် ကိုယ့်ဟာကို ပြန်တွေးလိုက်လေသည်။

သူမသည် ရဲအရာရှိထံသွားပြီး အပြစ်အားလုံးကို ခံယူလိုက်တော့သည်။ သူမအလိုအရ သူသည် ကုချင်းချန်ကို လင်းဟန်ကျောက်ထံသွားရန် ညွှန်ကြားခဲ့သည်။ သို့သော် ကုချင်းချန်သည် လင်းဟန်ကျောက်က ငွေမရှိသဖြင့် အကြံဉာဏ်တစ်ခုပေးကာ သူမ၏ကိုယ်စား လက်ထပ်ဖို့ တောင်းဆိုမည်ဟု စဥ်းစားခဲ့ခြင်းသာဖြစ်သည် ဟူ၍။

ရဲများသည် ပင်ကိုအားဖြင့် သံသယရှိနေသော်လည်း ကုချင်းချန်ကို မေးသည့်အခါ သူမသည် တစ်ထပ်တည်း ပြန်ဖြေခဲ့လေသည်။ သူတို့သည် ဒါက အရေးမကြီးတော့ကြောင်း သိလေသည်။ သို့သော် မစ္စကုသည် ပြန်ပေးဆွဲဖို့အမိန့်ပေးခဲ့သူ အမှန်ပင်ဖြစ်ရာ အမှုကို စီရင်ချက်ချလိုက်တော့သည်။

ကုဝမ်ချန်သည် သူမအတွက် အလွန်တော်သည့်ရှေ့နေ ငှားပေးထားသော်လည်း သူမသည် ပြန်ပေးဆွဲမှုဖြင့် စီရင်ချက်ချခံရပြီး ၈နှစ်ပြစ်ဒဏ် ချခံလိုက်ရသည်။ ကုချင်းချန်သည် ဘာမှမသိလိုက်ဘဲ ကုဝမ်ချန်၏ ကြိုးကိုင်မှုအောက်တွင် အမှုမှ တရားသေလွှတ်ပေးခံလိုက်ရသည်။ သို့သော် သူမ၏ဂုဏ်သိက္ခာသည် လုံးဝပျက်စီးသွားပြီး ဖြစ်လေသည်။

ရှန်ချန်းသည် ကုချင်းချန်နှင့် လင်းဟန်ကျောက်တို့၏ ကော်ဖီဆိုင်ထဲက ဗီဒီယိုကို ကြည့်လိုက်ပြီးနောက် အထင်သေးသွားတော့သည်။

ဒီတော့ လင်းဟန်ကျောက်က သူ ပလက်စတစ်ဆာဂျရီလုပ်ထားတာကို ငါသိပြီးသားလို့ ထင်တယ်ပေါ့…

ဒါပေမဲ့ ငါ သူ့ကို ‘ချင်းယွီ’လို့ ခေါ်တုန်းက သူ မငြင်းဘူးမလား။ ပြန်ပြောင်းကြည့်ရင် သူ အစတုန်းက မသိဘူးဆိုပေမဲ့ ငါ သူ့ကို ကုချင်းယွီနဲ့ မှားနေတာကို သိသွားတာတောင် သူက ကုချင်းယွီရဲ့သရုပ်ကိုယူပြီး ငါနဲ့ တွဲဖို့ ဆန္ဒရှိခဲ့တာလေ…

သူ ငါ့အပေါ်ထားတဲ့ သူ့ရဲ့ ခံစားချက်အမှန်ကြောင့် ဒီတစ်ခါတော့ သူ့ကို ခွင့်လွှတ်ပေးလိုက်မယ်။

“ ကုချင်းယွီ ငါ လင်းဟန်ကျောက်ကို ကယ်ပေးခဲ့တာနော်၊ ပြီးတော့ ကုချင်းချန်နဲ့ သူ့အမေရဲ့ အကြံအစည်ကိုလည်း ကူပြီး ဖျက်ဆီးပးခဲ့သေးတယ်၊ မင်း ငါ့ကို ဘယ်လို ကျေးဇူးပြန်ဆပ်မှာလဲ”

ရှန်ချန်းသည် ကုချင်းယွီထံ ဖုန်းခေါ်လိုက်လေသည်။ အမှန်ပင်။ သူနှင့် သူ့သက်တော်စောင့်များသည် လင်းဟန်ကျောက်ကို ပြန်ပေးဆွဲခံရမည့်နေရာသို့ ချက်ချင်းရောက်လာနိုင်သည်မှာ ကုချင်းယွီက သူထံ ချဥ်းကပ်ခဲ့သောကြောင့်ပင်။

ရှန်ချန်းသည် ကိုယ်ဟာကို ပြန်တွေးလိုက်၏။

နောက်ဆုံးတော့လည်း သူမအတွက် သူလုပ်ပေးခဲ့တာပဲလေ။ အပြန်အလှန်အနေနဲ့ သူမ သူ့ကို နည်းနည်းတော့ ပြန်ပေးဆပ်သင့်တယ်မလား။

ကုချင်းယွီက ရယ်လိုက်လေသည်။

“ ကျေးဇူးဆပ်ရမယ် ဟုတ်လား၊ ရှင်က ရှင့်ကို ရယ်စရာကုန်ကြမ်းဖြစ်အောင်လုပ်ခဲ့တဲ့ ကုချင်းချန်ရဲ့အစီအစဥ်ကို ဖျက်ဆီးခဲ့ပြီး ရှင့်ရည်းစားကို သူမကိုယ်စား တခြားလူနဲ့ လက်မထပ်ရအောင် ကာကွယ်ပေးခဲ့ပြီး သူ့အမေကိုလည်း အချုပ်ထဲ ပို့ခဲ့ပြီလေ ရှင် စိတ်မချမ်းသာဘူးလား၊ ရှင် အခု ကုချန်းချန်ကို ပြန်ရလိုက်တာပဲလေ၊ ပြီးတော့ နောက်ဆိုရင် ကုချင်းချန်က မစ္စကုရဲ့ အကာအကွယ် မရှိတော့ရင်… သူမ ရှ

င့်ဆီ အသနားခံရတော့မှာမလား”

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset