EGQY အပိုင်း ၃၅/၃၆

အပိုင်း ( ၃၅) ကိုယ့်ဟာကိုယ် ဖုံးကွယ်ခြင်းအောင်မြင်

သူမသည် သည်နေ့ ကော်ဖီဆိုင်တွင် ရိုက်ယူခဲ့သည့် ဗီဒီယိုကို အွန်လိုင်းပေါ်တွင် အမည်မသိသူတစ်ယောက်နေဖြင့် တွေဝေခြင်းမရှိဘဲ တင်လိုက်ပြီး သူမ၏ နည်လမ်းဟောင်းကို ပြန်သုံးကာ ဗီဒီယိုကို ရှာဖွေမှုအများဆုံးစာရင်း၏ ပထမဆုံးနေရာသို့ ရောက်အောင် ချက်ချင်း လုပ်လိုက်တော့သည်။

ဝေ့ပေါ် ပရိုဂရမ်မာများသည် အကြီးအကျယ် စိတ်ပျက်သွားတော့သည်။ သူတို့သည် ပြီးခဲ့သည့်တစ်ခေါက်က တိုက်ခိုက်ခံလိုက်ရသည်ဟု ခံစားမိသော်လည်း ကုချင်းယွီ၏ဝေ့ပေါ်ပိုစ့်သည် ဆယ်မိနစ်အောက်သာ လူသိများခဲ့သည်ဖြစ်ရာ ထင်ယောင်ထင်မှား ဖြစ်သည်ဟုသာ ခံစားရစေလေသည်။

သို့သော် သည်တစ်ကြိမ်တွင်တော့ သူတို့သည် ဟက်ခံလိုက်မှန်း သေချာသိသွားတော့သည်။ ပထမဆုံး ရှာဖွေမှုအများဆုံးနေရာသည် သူတို့နှင့် စာချုပ်ချုပ်ထားပြီးသား နာမည်ကြီးသရုပ်ဆောင်တစ်ယောက် ဖြစ်လေသည်။ ထို့အစား လင်းဟန်ကျောက်နှင့် ကုချင်းချန်တို့၏ဗီဒီယိုသည် ရှာဖွေမှုအများဆုံးနေရာတွင် တစ်နာရီခန့် ရှိနေပြီး သူတို့ ဘာပဲလုပ်လုပ် ထိုဗီဒီယိုကို ဖြုတ်ချလို့မရချေ။

ထို့အပြင် ဗီဒီယိုသည် အလွန်ရေပန်းစားလာပြီး အသည်းအသန် ဆွေးနွေးမှုတစ်ခု ဖြစ်သွားစေတော့သည်။ တစ်နာရီကြာပြီးနောက် သူတို့ ထိန်းချုပ်မှုပြ န်ရလာသည့်အချိန်၌ ရှာဖွေမှုအများဆုံး dataသည် သူတို့ ဖိနှိပ်လို့ မရနိုင်တော့သည့် အဆင့်တစ်ခုသို့ ရောက်သွားတော့သည်။

ရှာဖွေမှုအများဆုံးနေရာအတွက် ဝယ်ယူထားသည့် သရုပ်ဆောင်၏စတူဒီယိုက သူတို့ကို အချိန်ဇယား ပြန်လုပ်ပေးရန် ဖုန်းခေါ်လာတော့သည်။ ကြားဖြတ်သတင်းများလည်း ရောက်နေပြီး သူတို့၏သတင်းများကို သည်အချိန်မှ ထုတ်ပြလိုက်လျှင် သူတို့လိုချင်သည့်အခြေအနေကို လုယူခံလိုက်ရတော့မည်ဖြစ်ရာ မတတ်သာတော့ဘဲ သဘောတူလိုက်ရတော့သည်။

လင်းဟန်ကျောက်သည် သူမ၏ဝေ့ပေါ်ဖန်များသည် စက္ကန့်ပိုင်းအတွင်း တစ်သန်းမှ ငါးသန်းအထိ တက်သွားသည်ကို မျက်တောင်မခတ်ဘဲ ကြည့်နေမိလေသည်။

“ ဘောစ့် လူတွေက မှတ်ချက်မှာ ကျွန်မကို နှစ်သိမ့်ပေးပြီး ချီးကျူးနေကြတယ်…”

သူမသည် ငိုမိတော့မတတ်ပင်။ သည်ကာလအတွင်း သူမသည် အွန်လိုင်းနှင့် အပြင်မှာပင် များစွာ ဆဲရေးခံခဲ့ရသည်။ အားလုံးက သူမကို ရုပ်ဆိုးသည်ဟု ဆဲရေးနေကြစဥ် မည်သူမှ သူမအတွက် မပြောပေးခဲ့ကြပေ။ သို့သော် သူမ၏ အရူးအမူးအချစ်ကို တွေ့သွားပြီး ကုချင်းချန်၏ လှည့်စားခံလိုက်သည်ကို သိသွားပြီးနောက် အားလုံးသည် ကုချင်းချန်ကို စတင် ဆဲရေးကြကာ လူတချို့ကပင် သူမကို သနားလာကြတော့သည်။

“ ဒါဆို လင်းဟန်ကျောက် ထင်ထားတာက ရှန်ချန်းက သူမ ပလက်စတစ်ဆာဂျရီ လုပ်ထားတာကို သိတာတောင် သူမကို ချိန်းတွေ့သေးတယ်လို့ ထင်တာလား”

“ ငါ နင့်ကို ပြောသားပဲ သူမက ကုချင်းချန်ရဲ့လက်နက်ပါဆို၊ ငါ့အစ်မတွေထဲက တစ်ယောက်က ကုချင်းချန်ရဲ့ အကောင်းဆုံးသူငယ်ချင်းလေ၊ သူမပြောတာကတော့ လင်းဟန်ကျောက်က အစတုန်းက ကုချင်းယွီနဲ့ အဲလောက်မတူဘူးတဲ့၊ သူမကို ကုချင်းယွီနဲ့ ပိုပိုတူလာအောင် အားပေးခဲ့တာ ကုချင်းချန်တဲ့ဟဲ့….”

“စေ့စပ်ထားတဲ့သူရှိတဲ့ သူ့အစ်မနဲ့ တူအောင် တခြားတစ်ယောက်ကို ပြင်ခွင့်ပေးပြီး တခြားလူရဲ့ အဲလိုဗီဒီယိုကို တင်လိုက်တာဆိုတော့၊ ကျွတ် ကျွတ်.. ဒါက တကယ့်ကို စီးမာကျောက်1 ရဲ့ နှလုံးသားပဲဟဲ့၊ ကုချင်းယွီကတော့ ဒီလိုညီမမျိုးရတာ တကယ်ကံဆိုးတာပဲ”

“ဒီလိုဆိုရင် လင်းဟန်ကျောက်လည်း အရမ်းသနားစရာကောင်းတာပဲ၊ သူမက ရှန်ချန်းကို အရူးအမူး ချစ်နေတာ၊ အခုကျတော့ ရှန်ချန်းက သူမကို blacklistထဲထည့်လိုက်တာဆိုတော့ သူမ တကယ်ပဲ ကုချင်းချန်ကို သူမအတွက် ရှင်းပြပေးဖို့ အကူအညီတောင်းချင်မှာပဲလေ…”

“လင်းဟန်ကျောက်က ရုပ်ဆိုးချင်ရုပ်ဆိုးမယ်၊ ဒါပေမဲ့ သူ့စိတ်ကတော့ ကုချင်းချန်လောက် ရုပ်မဆိုးဘူး၊ ကိုယ့်ဟာကို လှအောင်လုပ်တာ အမှားမှ မဟုတ်တာ၊ သူမမှာ ဒါအတွက် နာကျင်မှုနဲ့ ငွေအများကြီး ပေးဆပ်ထားရတာ၊ ငါတို့တွေက သူမကို ဆဲဆိုနေဖို့ အရည်အချင်းမရှိပါဘူး၊ တစ်ယောက်ယောက်ကို ဆဲရမယ်ဆိုရင်တော့ သူမကို လက်နက်လိုအသုံးချခဲ့တဲ့ ကုချင်းချန်ကိုပဲ ဆဲသင့်တယ်”

“ ငါကြားတာတော့ ကုမိသားစုက ကုချင်းချန်ကို တောင်အာဖရိကက တရုတ်လူမျိုး လူချမ်းသာ စီးပွားရေးသမားတစ်ယောက်နဲ့ လက်ထပ်ပေးချင်နေတာတဲ့၊ ဒါပေမဲ့ အဲဒီ လူချမ်းသာစီးပွားရေးသမားက နှစ်ခါတောင် အိမ်ထောင်ကွဲထားတာတဲ့၊ ပြီးတော့ သူက အသက် ၄၀လောက်ရှိပြီဆိုပဲ၊ ကုချင်းချန်က နောက်တစ်လ နှစ်လ လောက်မှ ၂၀ပြည့်မှာနော်၊ သူ့အဖေအရွယ်လောက်လူဆိုတော့လည်း သူမ လက်မထပ်ချင်တာ မဆန်းဘူး”

“ကျွတ် ၊ သူမက လက်မထပ်ချင်ဘူး၊ ဒါပေမဲ့ သူမကိုယ်စား တစ်ယောက်ယောက်ကို လက်ထပ်ဖို့ ဆွဲဆောင်ချင်တာလား၊ အဲဒီလူက မလုပ်ချင်တာနဲ့ သူမက ဒီအတိုင်း ပြန်ပေးဆွဲလို့ရတယ်လား”

“ ကုချင်းချန်ရဲ့အဖေကလည်း ကြောက်စရာကောင်းတယ်လို့ မထင်ဘူးလား၊ သူ့သမီးက အခုမှ ၁၉နှစ်ပဲရှိသေးတာလေ၊ တရုတ်မှာဆိုရင် တရားဝင်လက်ထပ်ရမဲ့ အရွယ်တောင်မရောက်သေးဘူး၊ ပြီးတော့ တောင်အာဖရိကမှာ ၁၈နှစ်နဲ့ လက်ထပ်လို့ရတယ်ဆိုပေမဲ့ သူ့သမီးကို လက်ထပ်တဲ့ပစ္စည်းတစ်ခုလို သုံးစရာအကြောင်းမရှိပါဘူး….”

“ ဒါက အရေးကြီးလို့လား၊ ငါကြားတာတော့ သိပ်မကြာခင်က ကုချင်းယွီ နားလည်မှုလွဲခံရတုန်းက သူမရဲ့အဖေက အစတုန်းက တောင်အာဖရိကက ဦးလေးကြီးနဲ့ လက်ထပ်ခိုင်းဖို့ စီစဥ်ထားခဲ့တာတဲ့ ဒါပေမဲ့ အခု ကုချင်းယွီက အပြစ်မရှိတာ သေချာသွားပြီး ကုချင်းချန်ရဲ့နာမည်က ပျက်သွားပြီဆိုတော့ သူက ဒီအတိုင်း လူပြောင်းလိုက်တာပဲ၊ သေချာပါတယ် စီးပွားရေးသမားတွေက အကျိုးအမြတ်နောက်ပဲ လိုက်တာ သူတို့တွေ မိသားစုဝင်တွေကိုတောင် ပစ္စည်းတစ်ခုလို အသုံးချနိုင်ကြတယ်နော်”

1 ။ လမ်းပေါ်က လူတိုင်းက စီးမာကျောက်ရဲ့စိတ်ထ

ားကို သိတယ်တဲ့

အပိုင်း (၃၆) ကျေနပ်ရဲ့လား

တစ်ချက်ထဲထိုးအချတွင် ကုချင်းချန်၏ဂုဏ်သိက္ခာသည် ပျက်စီးသွားပြီး ကုဝမ်ချန်နှင့် ကုမိသားစုကုမ္ပဏီသည်ကိုလည်း ထိခိုက်သွားတော့သည်။

ကုဝမ်ချန်သည် ထိုအကြောင်းကို သိသွားချိန်၌ သူ့မျက်နှာမှာ မည်းမှောင်သွားတော့သည်။

သူသည် အိမ်ပြန်ရောက်ရောက်ချင်း မစ္စကု၏ပါးကို ရက်စက်စွာ ရိုက်လိုက်လေသည်။

“ သူမကို စောင့်ကြည့်ထားပြီး သူမကို လက်ထပ်ဖို့ လိမ်လိမ်မာမာနဲ့စောင့်နေအောင် လုပ်ဖို့ ငါမင်းကို ပြောထားတယ်လေ၊ ဒါပေမဲ့ မင်းကောင်းကောင်းလုပ်ခဲ့တာကိုကြည့်လိုက်စမ်း၊ မင်းက သူမကို အပြင်ပေးထွက်တဲ့အပြင် တစ်ယောက်ယောက်ကို ပြန်ပေးဆွဲဖို့တောင် ကူညီလိုက်သေးတယ်၊ အခုတော့ ကောင်းရော၊ အခု မင်းသမီးက အချုပ်ခန်းထဲမှာ ထိုင်နေရပြီလေ၊ ကျေနပ်ရဲ့လား”

မစ္စကု၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာပြီး ထိုကိစ္စက ဤသို့ဖြစ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ချေ။

သူမသာ ကြိုသိခဲ့လျှင် ဤသို့သော ကိစ္စမျိုးကို လုပ်ခဲမည်မဟုတ်ပေ။

“ ဝမ်ချန်၊ ဝမ်ချန်ရယ် ကျွန်မ ပြောတာကို နားထောင်ပါအုံး၊ ကုချင်းယွီ လုပ်ခဲ့တာပဲ၊ အဲဒီကော်ဖီဆိုင်က ရှန်းချင်းယန် ပိုင်တာလေ၊ ချင်းချန်က ဒါကို မသိဘဲ သူမရဲ့ ထောင်ချောက်ထဲ ကျသွားတာပါ၊ ဒါတွေအားလုံးက ကုချင်းယွီကြောင့်ပဲ၊ သူမသည် ဒီလိုကိစ္စမျိုးမလုပ်ခဲ့ရင် ကျွန်မတို့တွေ လင်းဟန်ကျောက်ကို အဲဒီလူနဲ့ လက်ထပ်ခိုင်းနိုင်ခဲ့မှာ၊ ပြီးတော့ ချင်းချန်လည်း နှစ်နည်းနည်းကြာရင် ပိုကောင်းတဲ့လက်တွဲဖော် ရှာနိုင်မှာ၊ အခုတော့ သွားပါပြီ၊ ချင်းချန် ဖျက်ဆီးခံလိုက်တယ် ပြီးတော့ ရှင့်ကုမ္ပဏီလည်း ထိခိုက်သွားတယ်….ဒါတွေအားလုံးက ကုချင်းယွီရဲ့အပြစ်တွေပဲ”

အစပိုင်းတွင် မစ္စကုသည် ထိုနေရာကို ကြားလိုက်ချိန်က အများကြီး မစဥ်းစားခဲ့ချေ။ အွန်လိုင်းပေါ်က ဗီဒီယိုကို မြင်ပြီးသွားမှ ထိုကော်ဖီဆိုင်ကို ရင်းနှီးသည်ဟုခံစားလိုက်ရကာ သတိရသွားတော့သည်။ သေသေချာချာ စဥ်းစားလိုက်ပြီးနောက် ဒါသည် ရှန်းချင်းယန်’ဆိုင်မှန်း ရုတ်တရက် မှတ်မိသွားတော့သည်။

ကုချင်းယွီကို မွေးပြီးနောက် ရှန်းချင်းယန်သည် အိမ်ရှင်မတစ်ယောက် မလုပ်ချင်သဖြင့် သူမသည် ထိုကော်ဖီဆိုင်ကို ဖွင့်ပြီး လုပ်စရာ မရှိသည့်အချိန်တိုင်း သူမ၏သူငယ်ချင်းများကို ဖိတ်ကြားတတ်ခဲ့သည်။ သူမသည်လည်း ထိုနေရာသို့ တစ်ခေါက် နှစ်ခေါက်လောက် သွားခဲ့ဖူးလေသည်။ ကံဆိုးစွာဖြင့် ထိုနေရာသည်အလွန် ဝေးရာ ထိုဆိုင်သည်လည်း ငွေမရှာနိုင်ခဲ့ချေ။ ရှန်းချင်းယန် ဆုံးသွားပြီးနောက်ပိုင်းတွင် ကုဝမ်ချန်က ထိုဆိုင်ကို ရောင်းလိုက်သည်ဟုသာ ထင်ထားခဲ့လေသည်။ သူသည် ကုချင်းယွီကို ပေးလိမ့်မည်ဟု ဘယ်သူသိပါမည်နည်း။

ယခုမူ ကုချင်းချန်သည် ထိန်းသိမ်းခံထားရပြီး သူမသည် ဆင့်ခေါ်ခံထားရသည်။ ကုဝမ်ချန်သည် သူတို့ကို မကူညီလျှင် သူတို့သည် ဇာတ်သိမ်းပေတော့မည်…

ထို့ကြောင့် သူမသည် အပြစ်အားလုံးကို ကုချင်းယွီထံ ပုံချရန် အကောင်းဆုံး ကြိုးစားလိုက်တော့သည်။

ကုဝမ်ချန်၏မျက်နှာသည် အတွေးနစ်သွားလေသည်။

သူလည်း အဲဒီဗီဒီယိုကို မြင်ခဲ့ပေမဲ့ အဲဒီကော်ဖီဆိုင်က ရှန်းချင်းယန်ရဲ့ ဆိုင်ဆိုတာ သူ မသိခဲ့ဘူး။ တကယ်ပဲ သူမရဲ့ဆိုင်သာဆိုရင် မစ္စကုရဲ့ခန်းမှန်းချက်က မဖြစ်နိုင်တာတော့ မဟုတ်လေဘူး။

ဒါပေမဲ့…

အခုတော့ တွမ့်ရှင်းယွမ်က ကုချင်းယွီကို လက်မလျှော့သေးဘူး။ ဒီလိုဆိုရင် ကုချင်းယွီက သူတို့ကုမိသားစုရဲ့ အလားအလာအရှိဆုံးသမီး ဖြစ်နေတာပဲ။ ဒီတော့ မစ္စကုနဲ့ ပျက်စီးပြီးသား ကုချင်းချန်အတွက် သူမကို ဒေါသထွက်အောင်လုပ်လို့ မဖြစ်တော့ဘူး။ နောက်ဆုံး ကုချင်းယွီက တွမ့်ရှင်းယွမ်ကို ကိုယ်စားပြုနေတာဆိုတော့…

သူသည် စဥ်းစားနေဆဲတွင် ကုချင်းယွီ၏ အသံထွက်လာလေသည်။

“အန်တီက သမီးကို မှားပြီး စွပ်စွဲနေတာပဲ၊ အဲဒီကော်ဖီဆိုင်က သမီးဟာ ဆိုပေမဲ့ သမီး ထပ်မခံစားချင်တော့လို့ အမေဆုံးပြီးကတည်းက အဲနေရာကို တစ်ကြိမ်လေးတောင် မသွားခဲ့ဘူး… ပြီးတော့ သမီးရဲ့ခြေထောက်က ကျိုးနေတာလေ၊ ပြီးခဲ့ရက်တွေကတည်းက အိမ်မှာပဲ အနားယူနေခဲ့တာ၊ အိမ်ထဲကနေတောင် မထွက်ခဲ့ဖူးဘူး၊ အန်တီ ဒါကို အသိဆုံးပါ ဟုတ်တယ်မလား”

မစ္စကုသည် အံကြိတ်လိုက်ပြီး သူမကို ဒေါသတကြီးနှင့် ဝါးစားတော့မတတ်ကြည့်လိုက်လေသည်။

“ နင် အပြင်မထွက်ဘဲနဲ့တောင် ဒါကို လုပ်နိုင်တာပဲ၊ နင် သေချာပေါက် အဲဒီလူတွေကို လွှတ်လိုက်တာလေ ပြီးတော့ တစ်ယောက်ယောက်ကို အဲဒီဗီဒီယို ရိုက်ခိုင်းခဲ့တာ သေချာတယ်…”

ကုချင်းယွီ၏မျက်လုံးများသည် နီစွေးသွားတော့သည်။

“ အန်တီရယ် အဲလိုတကယ်ပဲ ထင်တယ်ဆိုရင် ရဲစခန်းကိုသွားပြီး ကိုယ်တိုင်မေးကြည့်လိုက်ပါ၊ သူတို့ရဲ့စုံစမ်းမှုရလဒ်က သေချာပေါက် အရမ်းတိကျပါတယ်၊ ဒီကိစ္စက သမီးနဲ့ ပတ်သက်နေလားဆိုတာကို ကိုယ်တိုင်သွားကြည့်လို့ရပါတယ်”

သူမသည် ကုဝမ်ချန်ကို ဝမ်းနည်းနေသည့်မျက်နှာထားနှင့် ကြည့်လိုက်ပြီး

“ အဖေ သမီးမဟုတ်ရပါဘူး….”

ကုဝမ်ချန်သည် မျက်လွှာချလိုက်ပြီး သူ့အသံမှာ ပို၍ပျော့ပြောင်းလာတော့သည်။

“ သိပါတယ် အဖေ သမီးကို ယုံတယ်၊ သမီးက အရမ်းကို ကြင်နာတတ်တဲ့သူပဲ ၊ ဒီလိုကိစ္စမျိုးကို လုံးဝလုပ်မှာမဟုတ်ဘူး၊ ချင်းယွီ ၊ ရှင်းယွမ်ကပြောတယ် သူ ဒီညနေ သမီးကို လာတွေ့မယ်တဲ့၊ သမီးသူ့ကို နှစ်ခါတောင် ငြင်းလိုက်ပြီးပြီဆိုတော့ ဒီတစ်ကြိမ်တော့ သူနဲ့ တွေ့လိုက်ပါလားဟင်”

ထိုအရာက တွမ့်ရှင်းယွမ်ကို သူမအပေါ် သည်းခံမှုလျှော့သွားစေပြီး မိသားစုနှစ်ခုကြားက လက်ထပ်ပွဲကို ထိခိုက်သွားလိမ့်မည်ဖြစ်ရာ သူသည် ကုချင်းယွီကို တစ်ချိန်လုံး ငြ

င်းပယ်မနေစေလိုတော့ပေ။

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset