EGQY အပိုင်း ၂၃/၂၄

အပိုင်း ( ၂၃) မင်းတို့နှစ်ယောက်က ငါ့ကို ငတုံးများ မှတ်နေတာလား

ဖုန်းထဲမှ တွမ့်ရှင်းယွမ်၏အသံသည် အလွန်အေးစက်နေသည်။ ကုချင်းချန်ကြောင့် ကုချင်းယွီနှင့် သူ့ဆက်ဆံရေး ဤသို့ဖြစ်သွားသည့်အချက်ကို စဥ်းစားလိုက်မိချိန်၌ သူသည် သူမကို သတ်ချင်စိတ် ပေါက်သွားတော့သည်။

ကုဝမ်ချန်သည် သူ့သမီးနှစ်ယောက်လုံးကို ဘက်မလိုက်တတ်ဘဲ ကုချင်းယွီကို အနည်းငယ် ပိုသဘောကျသည်ကို သူသိထားလေသည်။ အကြောင်းမှာ သူမသည် ပိုလှပပြီး သူ့ထံ အကျိုးအမြတ်များ ပိုယူလာပေးနိုင် သောကြောင့်ပင်။

သို့သော် သူ မတတ်နိုင်ခဲ့သလို လုပ်လဲမလုပ်နိုင်ခဲ့ချေ။ မစ္စစ်ကု ဘေးမှာရှိနေလျှင် ကုချင်းချန်သည် တောင်းပန်ရင်း ကြီးသည့်ကိစ္စကို ငယ်အောင်၊ အရေးမကြီးသည့် ကိစ္စကို ပပျောက်အောင် လုပ်နိုင်လေသည်။

အရေးမကြီးတဲ့ကိစ္စတဲ့လား။ သူ တွမ့်ရှင်းယွမ်ရဲ့အမျိုးက အရေးမကြီးတဲ့ကိစ္စ မဟုတ်တာပဲ။

ဒါက ဒီအတိုင်း သူ့ဂုဏ်သိက္ခာကို စော်ကားလိုက်တာပဲ။

ကုချင်းချန် ဤသို့လုပ်ရသည့် အဓိကအကြောင်းအရင်းမှာ သူ့ကြောင့်မှန်း သိထားလေသည်။ ထိုမိန်းမ၏မျက်လုံးများသည် သူမ ဆယ့်လေးနှစ်အရွယ်ကတည်းက အလွန်သိသာနေ၏။

သို့သော် သူမသည် ကုချင်းယွီလောက် ဆွဲဆောင်မှု မရှိသလို သူမလောက်လည်း လိမ္မာပါးနပ်မှုမရှိချေ။ ထို့အပြင် သူမသည် အလွန်ပင်ရက်စက်သေးသည်။ သူသည် သူမအား မည်သို့ သဘောကျနိုင်ပါမည်နည်း။

ကုမိသားစုသည် တွမ့်မိသားစုနှင့် ယှဥ်လျှင် အားနည်းသည်။ ကုချင်းယွီကြောင့်သာ မဟုတ်လျှင် သူသည် Sမြို့သို့ ဘယ်တော့မှ လာလိမ့်မည် မဟုတ်ချေ။ သူသည် ကုမိသားစုကို အထင်သေး၏။ သူ၏ အပြင်းအထန် တောင်းဆိုမှုကြောင့်သာမဟုတ်လျှင် တွမ့်မိသားစုသည်လည်း ကုချင်းယွီနှင့် စေ့စပ်ပွဲကို သဘောတူလိမ့်မည်မဟုတ်ပေ။

သူနှင့် ကုချင်းယွီတို့၏စေ့စပ်ပွဲကို သူတောင်းဆိုခဲ့သည်ဖြစ်ရာ ကုချင်းချန်က သူ့အစ်မ မရှိလျှင် သူသည် သူမအား ချစ်လာလိမ့်မည်ဟု တုံးအစွာ မည်သို့တွေးခဲ့ပါသနည်း။

ထိုမိန်းမသည် ရက်စက်သည့်အပြင် အတိုင်းအတာတစ်ခုအထိ တုံးအပြန်လေသည်။

သို့သော် ကုဝမ်ချန်ကတော့ တုံးအလိမ့်မည်မဟုတ်သည်ကိုတော့ သူယုံကြည်ထား၏။ သို့မဟုတ်လျှင် သူသည် ဆင်းရဲသားတစ်ယောက်မှ နာမည်ကြီး ကုမ္ပဏီ၏ဥက္ကဋ္ဌဖြစ်လာပြီး Sမြို့၏ အချမ်းသုံးဆုံးလူ ဖြစ်လာမည်မဟုတ်ချေ။

တွမ့်ရှင်းယွီ၏ ခန့်မှန်းချက် မမှားပေ။ ကုဝမ်ချန်သည် အမှန်ပင် မတုံးအ,ချေ။

ကုချင်းယွီကြောင့် ကုမိသားစုသည် တွမ့်မိသားစုနှင့် ဆက်ဆံရေးတစ်ခုတည်ဆောင်နိုင်မည်ကို ကုဝမ်ချန် သိလေသည်။

ကုချင်းယွီ မရှိခဲ့လျှင်လည်း တွမ့်ရှင်းယွမ်သည် ကုချင်းချန်ကို ရွေးချယ်လိမ့်မည် မဟုတ်ပေ။ တွမ့်မိသားစု၏ အကြီးဆုံးသားဟူသော အနေအထားဖြင့် တွမ့်မိသားစု သခင်မလေးဖြစ်လာချင်သည့် နာမည်ကြီးအမျိုးသမီးများရှိရာ တော်ဝင်မြို့သို့ ပြန်သွားနိုင်ပေသည်။

တွမ့်ရှင်းယွမ်က သူ့အား ကုချင်းချန်ကို ရှင်းပေးစေချင်သည်ဖြစ်ရာ သူသည် ဒါကို သေချာပေါက် လုပ်ပေလိမ့်မည်။

ထို့အပြင် ကုချင်းချန်က ကုမိသားစု၏ အကျိုးအမြတ်ကို ထိခိုက်စေသည့် ဤသို့သောကိစ္စများကို လုပ်နေသည်ကို သူ လုံးဝ မကျေနပ်ပေ။

သူမသည် ကုချင်းယွီကို မကြိုက်လည်း ကိစ္စမရှိချေ။ တခြားနည်းလမ်းများသုံးလည်း သူဂရုမစိုက်ပေ။ သို့သော် သူမသည် ကုချင်းယွီ၏လက်ထပ်ပွဲ ပျက်အောင်တော့ လုံးဝမကြိုးစားခဲ့သင့်ပေ။ ဒါသည် သူ၊ ကုဝမ်ချန်ကို ဆန့်ကျင်နေခြင်းပင်။

သူသည် ညပိုင်း အိမ်ပြန်လာချိန်၌ ကုချင်းချန်နှင့် မစ္စ ကုတို့သည် အဝတ်အစားများကို စမ်းဝတ်နေကြကာ ပျော်ပျော်ရွှင်ရွှင် ရယ်မောနေကြ၏။

ရုတ်တရက်ဆိုသလို ဒေါသထွက်ကာ သူသည် ခြေလှမ်းကျဲဖြင့် လျှောက်သွားပြီး ကုချင်းချန်၏ပါးကို တန်းရိုက်ချလိုက်တော့သည်။

“ အဖေ … ဘာဖြစ်နေတာလဲ….”

ကုချင်းချန်သည် လန့်ဖျတ်ကာ အံ့ဩသွားပြီး သူမ၏ပါးကို အုပ်ထားရင်း သူမ၏မျက်လုံးများသည် နီရဲနေကာ သူ့ကိုကြည့်ရင်း အသံများ တုန်နေတော့သည်။

“ နင်က ဘာလို့လဲလို့ ငါ့ကို ပြန်မေးရဲသေးတယ်ဟုတ်လား၊ တရုတ်တစ်နိုင်ငံလုံး နင် နင့်အစ်မကို ချောက်ချခဲ့တဲ့အကြောင်း သိသွားပြီ၊ အခု အကုန်လုံးက ပြောနေကြတယ်လေ၊ ငါ ကုဝမ်ချန်က မိသားစုသေးသေးလေးတစ်ခုကိုတောင် ကောင်းကောင်း မစီမံနိုင်ဘူးတဲ့၊ ကုမ္ပဏီကို ဘယ်လောက် ထိခိုက်သွားလဲဆိုတာ နင်သိရဲ့လား”

ကုဝမ်ချန်သည် သူမကို ဒေါသတကြီး ပါးထပ်ရိုက်လိုက်ပြန်သည်။ ကုချင်းချန်၏မျက်နှာ ယောင်ကိုင်းကာပြီး နာကျင်မှုကြောင့် မျက်ရည်များ ကျလာ၏။ မစ္စကု၏မျက်နှာ ပြောင်းသွားပြီး ကုချင်းချန်ကို နောက်သို့လှမ်းဆွဲကာ ရှေ့သို့မြန်မြန် တိုးလိုက်ပြီး တစ်ချိန်ထဲတွင် သူ့ကို စိတ်လျှော့သွားအောင် ကြိုးစားလိုက်လေသည်။

“ဝမ်ချန် ဒေါသမထွက်ပါနဲ့၊ နားလည်မှုလွဲတာဖြစ်မှာပါ၊ အဲဒီမိန်းမကို ချင်းယွီလို့ အမှတ်မှားခဲ့တာ ရှန်ချန်းလေ၊ ချင်းချန် မသိခဲ့ပါဘူး….”

‘ဖြန်းခနဲ’မြည်သံနှင့်အတူ သူမ၏မျက်နှာလည်း ကုဝမ်ချန်၏ ခပ်ပြင်းပြင်းရိုက်ချက်ကို ခံလိုက်ရပြီး သူမသည် ခန္ဓာကိုယ် ပိန်ပါးရာ မဟော်ဂနီရောင်ဆိုဖာပေါ်သို့ လဲကျသွားပြီး သူမ၏ခါးနှင့် ရိုက်မိသွားရာ နာကျင်မှုကြောင့် မတ်တတ်ပင် မရပ်နိုင်တော့ချေ။

“ မင်းတို့နှစ်ယောက်က ငါ့ကို ငတုံးများမှတ်နေလား”

ကုဝမ်ချန်သည် အံကြိတ်ထားရင်း

“ ငါ မင်းကို အလိုလိုက်ထားတယ်ဆိုတာ မင်းက ဉာဏ်ကောင်းပြီး ကုမ္ပဏီရဲ့အကျို

းအမြတ်ကို မထိပါးလို့ပဲ”

အပိုင်း (၂၄) လက်ထပ်စာချုပ်ကို ချင်းချန်က ဖြည့်ဆည်းပေးလိမ့်မယ်

“ အခုတော့ မင်းတို့ သားအမိနှစ်ယောက် မင်းတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အလိုဆန္ဒတွေကြောင့် ကုမ္ပဏီရဲ့ အကျိုးအမြတ်ကိုတောင် ဂရုမစိုက်ကြတော့ဘူးလေ၊ တွမ့်မိသားစုကိုတောင် ဒေါသထွက်အောင် လုပ်ရဲသေးတယ်ဟုတ်လား၊ ချင်းယွီမရှိတော့ရင် တွမ့်ရှင်းယွမ်က ချင်းချန်ကို ကြိုက်လာလိမ့်မယ်လို့ နင်တို့ တကယ်ထင်နေကြတာလား၊ သူက တော်ဝင်မြို့က တွမ့်မိသားစုရဲ့ မြင့်မြတ်တဲ့သားကွ၊ အဲဒီမှာ ဘယ်လိုမိန်းမမျိုး မရှိနေလို့လဲ၊ ချင်းယွီသာ မဟုတ်ရင် သူက ဒီအတိုင်း ကုမိသားစုကို အထင်သေးနေမှာပဲ”

မစ္စကု၏မျက်နှာသည် ပြောင်းလဲသွားပြီး အနည်းငယ်ဣန္ဒြေပိုရလာလေသည်။

အမှန်ပဲ။ ကုချင်းယွီကြောင့်သာ မဟုတ်ရင် တွမ့်ရှင်းယွမ်က Sမြို့မှာ လာနေမှာ မဟုတ်ဘူး…

ဒါပေမဲ့ သူက ချင်းချန်ကို ဘာလို့ မကြိုက်နိုင်ရတာလဲ။

သူမသည် အချိန်တစ်ခုမှ ထွက်လာသည့် ကုချင်းယွီကို ကြည့်လိုက်ရာ သူမ၏မျက်လုံးထဲတွင် အမုန်းတရားတချို့ကို တွေ့လိုက်ရ၏။

ဒါတွေအားလုံးက အဲဒီခွေးမရဲ့သမီးကြောင့်ပဲ။ သူမက သူမရဲ့အမေနဲ့ တစ်ပုံစံထဲပဲ။ နှစ်ယောက်လုံးက မြေခွေးမတွေ။

ထိုအချိန်က သူမနှင့် ကုချင်းချန်သည် အပြန်အလှန်စိတ်ဝင်စားနေကြပြီး ကုဝမ်ချန်က သူမ၏အဆောင်တွင် ကောင်မလေးများကို ညစာဖိတ်ကျွေးချင်သည်ဟု ပြောခဲ့၏။ သို့သော် သူသည် ရှန်းချင်းယန်ကို တွေ့သွားချိန်၌ သူမ၏တည်ရှိမှုကို လုံးဝမေ့သွားပြီး သူမကို အရူးအမူး ချစ်ရေးဆိုခဲ့လေသည်…

အဲဒီခွေးမ ရှန်းချင်းယန်က သူမနဲ့ ကုဝမ်ချန် ချစ်သူဖြစ်နေတာကို သိရဲ့သားနဲ့ သူနဲ့အတူတူ နေပြီး လက်မထပ်ခင် ကိုယ်ဝန်ရသွားပြီး ကုချင်းယွီကို မွေးခဲ့တာပဲ။

တက္ကသိုလ်မှဘွဲ့မရခင် ရှန်းချင်းယန်သည် နောက်ပိုင်းတွင် ကုမိသားစု၏ ဥက္ကဋ္ဌဖြစ်လာသူ ကုဝမ်ချန်နှင့် လက်ထပ်လိုက်ပြီးနောက် ဘာမှမလုပ်လိုက်ရဘဲ ဥက္ကဋ္ဌဇနီးသည်ဖြစ်လာခဲ့၏။ ထိုစဥ် သူမသည် ဘွဲ့ရပြီးနောက် ကုမ္ပဏီငယ်လေးတစ်ခုတွင် လစာ ယွမ် တစ်ထောင်သာရသည့် ဝန်ထမ်းတစ်ယောက် အဖြစ်လုပ်ခဲ့ရလေသည်။ ရှန်းချင်းယန်က သူမ၏လစာကို လပေါင်းများစွာစုဆောင်းမှသာ ဝယ်နိုင်မည့်အိတ်ကို ကိုင်ထားစဥ် သူမသည် ဖိနပ်ကောင်းတစ်ရံအတွက်ပင် မတတ်နိုင်ခဲ့ချေ…

ကံအားလျော်စွာ ထိုမိန်းမ၏အသက်သည် အလွန်မရှည်လိုက်ဘဲ ကုဝမ်ချန်သည်လည်း ရှန်းချင်းယန် ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း အလွန်ထိန်းချုပ်ရန် ခက်ခဲခဲ့လေသည်။

ထို့အပြင် ကုဝမ်ချန်သည်လည်း ယောက်ျားတစ်ယောက်ဖြစ်သည်။ အဘယ်ယောက်ျားက ဆယ်လကြာအောင် မဖောက်ပြားဘဲ နေနိုင်ပါမည်နည်း။

သူမသည် နည်းလမ်းအမျိုးမျိုးဖြင့် သူမကိုယ်သူမ ကိုယ်ဝန်ရအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ကုဝမ်ချန်ကလည်း ကလေးကို ဖျက်ချဖို့ မပြောခဲ့ချေ။ နောက်ဆုံး ကလေးတစ်ယောက်ကို ရလာလျှင် အနာဂတ်တွင် လက်ထပ်ရန်အတွက် နောက်ထပ်ပစ္စည်းတစ်ခု ရလာခြင်းဖြစ်လေသည်။ ထို့အပြင် ရှန်းချင်းယန်သည် ကုချင်းယွီကို မွေးစဥ်က မွေးဖွားရခက်ခဲ့ပြီး သူမအတွက် နောက်တစ်ကြိမ် ကိုယ်ဝန်ထပ်ဆောင်ရန် ခက်ခဲလိမ့်မည်ဟု ဆရာဝန်က ပြောခဲ့၏။

ကုဝမ်ချန်သည် သူမကို မွေးဖွားခွင့်ပေးလိုက်ပြီး နောက်ပိုင်းတွင် သူမသည်လည်း သည်ကလေးနှင့် မစ္စကု ဖြစ်လာခဲ့သည်။

သူမသည် ယောက်ျားတို့၏သည်းခြေကြိုက်ကို သိထားရာ ယခုအချိန်ထိ နေနိုင်လာခြင်းဖြစ်လေသည်။ ကုဝမ်ချန်၏စကားကို ကြားလိုက်ရပြီးနောက် သူ အလွန်ဒေါသထွက်ရသည့် အကြောင်းကို သူမ သိသွားတော့သည်။ ကုမ္ပဏီနှင့်ယှဥ်လျှင် သူမနှင့် ကုချင်းချန်တို့သည် တန်ဖိုးမဲ့သွားသည်ကို သိထားရာ သူမသည် ပျော့ပြောင်းစွာ ပြုမူပြီး သူ့အား သိမ်းသွင်းနိုင်ရန်သာ ရှိတော့သည်

“ဝမ်ချန်ရယ် ကျွန်မတောင်းပန်ပါတယ်နော်၊ အကျိုးဆက်တွေက အဲလောက်ပြင်းထန်သွားမယ်လို့ မထင်ခဲ့မိလို့ပါ… ကျွန်မ ချင်းချန်ကို သေချာဆုံးမပ့ါမယ်၊ နောက်ဆို သူ ဒီလိုကိစ္စများ ထပ်မဖြစ်စေရဘူး…”

ကုချင်းယွီသည် သူမရှေ့က ရယ်စရာမြင်ကွင်းကို ကြည့်နေလိုက်၏။ သူမသည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း တစ်ချိန်ထဲတွင် မရှိသယောင် မျက်နှာထားဖြင့် သူမ၏ဝီးချဲလ်ကို မီးဖိုခန်းဖက်သို့ တွန်းသွားလိုက်လေသည်။ သူမအခု စိတ်အဝင်စားဆုံးအရာမှာ ကမ္ဘာပေါ်က အစားအသောက်များကိုပင်။ သူမ စားသောက်နေမှာကို ဘယ်သူမှ တားမြစ်ရန် မကြိုးစားသင့်ချေ။

ကုဝမ်ချန်သည် သူမက သူ့ကို ဂရုမစိုက်သည်ကို မြင်သွားရာ သူ့မျက်နှာသည် ပြောင်းလဲသွားသော်လည်း မနေ့က သူမကို ပြောခဲ့သည့်စကားများကို စဥ်းစားလိုက်ပြီး သူမကို နိုင်ငံခြားတိုင်းပြည်သို့ လက်ထပ်ရန် စေလွတ်ချင်ခဲ့တာကြောင့် သူမ စိတ်ဆိုးနေမည်ကို သိနေရာ သူကိုယ့်သူသာ စိတ်လျှော့ထားဖို့ ကြိုးစားလိုက်လေသည်။

နောက်ဆုံး ကုချင်းယွီသာ တွမ့်မိသားစုနှင့် အောင်အောင်မြင်မြင် လက်ထပ်နိုင်ခဲ့လျှင် ကုမိသားစုသည် အနာဂတ်တွင် အကူအညီလိုလာတိုင်း သူမဆီက တောင်းဆိုဖို့ လိုလာလိမ့်မည်။

သူသည် ကုချင်းချန်ကို ကြည့်လိုက်ပြီး အေးတိအေးစက် ပြောလိုက်၏။

“ မနေ့က မင်းတို့နှစ်ယောက်က ချင်းယွီကို နိုင်ငံခြားမှာ လက်ထပ်ပေးလိုက်ဖို့ ငါ့ကို တိုက်တွန်းခဲ့ကြတယ်နော် ဟုတ်လား၊ မင်းတို့ကိုယ်တိုင်တောင် သတို့သားလောင်းလျာကို ရွေးပေးခဲ့သေးတယ်… မင်းက ချန်အန်းကော်ကို သိပ်ကျေနပ်ပြီး တွမ့်ရှင်းယွမ်ထက် ပိုကောင်းတယ်လို့ သူ့ကို ချီးကျူးခဲ့တာဆိုတော့ မစ္စတာချန်နဲ့ လက်ထပ်ဖို့ကတိကို ချင်းချန်ကို ဖြည့်ဆည်းပေးလိုက်မယ်”

ဘာပဲပြောပြော သူတို့နှစ်ယောက်လုံးက ငယ်ရွယ်လှပတဲ့အမျိုးသမီးတွေပဲလေ။ ချင်းချန်က ချင်းယွီလောက် မလှဘူးဆိုပေမဲ့ ချန်အန်းကော်က သူ့မကို ခဏတော့ အလိုလိုက် ထားအုံးမှာပဲ။

ကုချင်းချန်၏မျက်လုံးများသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွ

ားတော့သည်။

“ အဖေ”

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset