EGQY အပိုင်း ၂၁/၂၂

အပိုင်း (၂၁) တန်ကြေးပြန်ပေးရမယ်

ကုချင်းယွီသည် သူမ စိုးရိမ်နေသည့်အရာကို သိလိုက်ပြီးနောက် စာချုပ်ကို သူမလက်ထဲ တန်းထည့်ပေးလိုက်၏။

“ ရှင့် ရမဲ့အစုက ၈၀% ပြီးတော့ ကျန်တဲ့ ၂၀%က ထုတ်ပိုးတာနဲ့ ရှင့်ကို ပရိုမိုးရှင်းလုပ်ပေးမဲ့ ကုန်ကျစားရိတ်ပဲ၊ ရှင့်အလုပ်ကို လုံးဝတစ်ဦးထဲသဘောနဲ့ လုပ်ပိုင်ခွင့်ရှိတယ်၊ ပြီးတော့ ရှင် မလုပ်ချင်တာတွေကို ဖိအားပေးလုပ်မှာမဟုတ်ဘူး၊ စာချုပ်မှာ အချိန်ကန့်သတ်ချက်မရှိဘူး၊ ရှင် ထွက်ချင်တဲ့အချိန်ထွက်လို့ရတယ်၊ ရှင် ကျွန်မကို တစ်လပဲ ကြိုအသိပေးရုံပဲ၊ စာချုပ်ဖောက်ဖျက်လို့လဲ လျော်ကြေးမရှိဘူး”

သူမသည် အဓိကအချက်များကို အတိုချုံးပြောလိုက်ပြီးနောက် လင်းဟန်ကျောက်၏မျက်လုံးများသည် ဝိုင်းစက်သွားတော့သည်။

သတ်မှတ်ချက်တွေက အရမ်းကို ကောင်းတာပဲလား။

အွန်လိုင်းဆယ်လီများ၏ဝင်ငွေသည် ဤမျှကောင်းမွန်မှု မရှိသည့်အပြင် စာချုပ်ထဲတွင် ကုချင်းယွီ မဖော်ပြထားသည့် သူမအတွက် အကျိုးအမြတ်များစွာရှိနေကြောင်း သူမကောင်းကောင်းသိနေ၏။

သူမ၏စိတ်သည် လှုပ်ရှားသွားတော့သည်။

နာရီဝက်ကြာပြီးနောက် သူမသည် ဝေ့ပေါ်တွင် registerလုပ်လိုက်ပြီး အင်တာနက်အသုံးပြုသူများ၏ ဆဲရေးစော်ကားနေကြသည့် အခြေအနေအောက်တွင် ဗီဒီယိုတစ်ခုကို တင်လိုက်လေသည်။ သူမသည် ကုချင်းယွီကို တရားဝင် တောင်းပန်လိုက်ပြီးနောက် သူမ ပလက်စတစ်ဆာဂျရီလုပ်ဖြစ်ခဲ့ပုံ၊ ကုချင်းချန်နှင့် တွေ့ဆုံခဲ့ပုံနှင့် ကုချင်းယွီအဖြစ် ဟန်ဆောင်ခဲ့ပုံများကို ရှင်းပြလိုက်လေသည်။ သူမသည် စော်ကားမှုအမြောက်အများကို ရရှိနေသေးသော်လည်း သူမ ရလိုက်သည့် အာရုံစိုက်မှုများ ထူးခြားပြောင်မြောက်ပေသည်။

သူမဝေ့ပေါ်ပိုစ့်အောက်က မှတ်ချက်များသည် တစ်နာရီအတွင်း သောင်းကျော်သွားပြီး သူမ၏ဖန်များသည်လည်း တစ်နာရီမပြည့်ခင်မှာပင် တစ်သိန်းရောက်သွားတော့သည်။

တစ်ရက်မပြည့်ခင်မှာပင် လင်းဟန်ကျောက်သည် ဖန်တစ်သိန်းရှိပြီး ကျော်ကြားမှုမှာ အကောင်းအဆိုး ရောနေသော်လည်း အင်တာနက်ဆယ်လီတစ်ယာက် ဖြစ်လာတော့သည်။

သည်အချိန်တွင် တော်ဝင်မြို့တော်သို့ အလုပ်ခရီးထွက်သွားသည့် တွမ့်ရှင်းယွမ်သည် နောက်ဆုံးတွင် ဗီဒီယိုနောက်ကွယ်က အမှန်တရားကို သိရှိသွားတော့သည်။ သူသည် ကုချင်းယွီ၏ဝေ့ပေါ် ပေါ်တွင်တင်ထားသည့် စခရင်ရှော့တ်များနှင့် လင်းဟန်ကျောက်က သူ့အား မန်းရှင်းထားသည့် ဗီဒီယိုရှင်းလင်းချက်ကို ကြည့်လိုက်ပြီးနောက် သူ့မျက်နှာသည် ချက်ချင်းလိုပင် မည်းမှောင်သွားတော့သည်။

ဒါဆို သူ ကုချင်းယွီကို တကယ်ပဲ နားလည်မှု လွဲခဲ့မိတာပေါ့။

ထိုနေ့က သူသည် ကုချင်းယွီကို တွန်းထုတ်လိုက်ပြီး သူ့ရှေ့ ထပ်ပေါ်မလာဖို့ပြောကာ လုံခြုံရေးများကို ဆွဲထုတ်ခိုင်းလိုက်စဥ်က သူမ၏ ဖျော့တော့နေသည့်မျက်နှာကို စဥ်းစားမိသွားပြီး….

သူ့နှလုံးသားသည် ရုတ်တရက် တုံ့ခနဲ ရပ်သွားတော့သည်။

အနည်းဆုံတော့ သူမက သူ့ငယ်ချစ်ဦး၊ သူမ အသက်ဆယ့်ငါးနှစ်တုန်းက မြင်မြင်ချင်း ချစ်ခဲ့ရတဲ့မိန်းမပဲလေ။ သူမက အရမ်းကို နူးညံ့သိမ်မွေ့ပြီးလှပလွန်းလို့ သူက သူမကို ဂရုစိုက်ပြီး ကာကွယ်ပေးချင်ခဲ့တာ….

သူမအတွက်နဲ့ သူက Sမြို့မှာ ဌာနခွဲတစ်ခုတောင် ဖွင့်ခဲ့ပြီး တွမ့်မိသားစု အထင်သေးခဲ့တဲ့ ကုမိသားစုနဲ့ လက်တွဲလုပ်ဖို့တောင် ကြိုးစားပြီး နည်းလမ်းရှာခဲ့ရတာ။ သူက အဖေကုကို အကျိုးအမြတ် အများကြီးပေးပြီး သူ့ကို အောင်အောင်မြင်မြင် စိတ်ကျေနပ်အောင်လုပ်ပြီး သူ့သမီးနဲ့ သဘောတူအောင် လုပ်ပြီးတော့ သူမ ဆယ့်ရှစ်နှစ်ပြည့်တာနဲ့ ချက်ချင်း စေ့စပ်လို့ရအောင် လုပ်ခဲ့တာပဲ။

ပြီးတော့ သူမက ကြီးလာလေလေ ပိုချောလာလေလေပဲ။ သူမက သူတွေ့ဖူးသမျှထဲမှာ အလှဆုံးမိန်းကလေး၊ ပြီးတော့ သူမကို သူ့ရဲ့လူဖြစ်လာအောင် အရင်ဆုံးလှုပ်ရှားချင်ခဲ့တာ။

နောက်ဆုံး သူမက ချောလှလွန်းလို့ သူမဘေးမှာ ကောင်လေးတွေဝိုင်းနေတာမြင်ရရင် သူ့မှာ ဗြောင်းဆန်နေအောင် ခံစားခဲ့ရတာ။ အခုတော့ သူမက Sမြို့မှာပဲ တွယ်ကပ်နေပြီး သူမရဲ့ကမ္ဘာကလည်း အရမ်းကို သေးလွန်းတော့ သူမနောက်လိုက်နေတဲ့ အရမ်းချမ်းသာတဲ့ယောက်ျားတွေ အများကြီး မရှိဘူးဆိုပေမဲ့ နောက်ပိုင်း သူမရဲ့ကမ္ဘာက ကျယ်လာခဲ့ရင် အောင်မြင်မှုတွေနဲ့ ပိုများတဲ့ယောက်ျားတွေကလည်း သူမကို ချစ်ခင်ကြမှာပဲ၊ သူ့မှာ အခွင့်အရေးတောင် သိပ်ရှိလာတော့မှာ မဟုတ်လေဘူး….

သူ့မှာ ကုချင်းယွီကို ရထားပြီး သူမနဲ့ စေ့စပ်နိုင်ခဲ့လို့ အမြဲတမ်း ဂုဏ်ယူရပြီး သူမ တက္ကသိုလ်က ဘွဲ့ရတာနဲ့ လက်ထပ်ဖို့တောင် မစောင့်နိုင်တော့ဘူးလေ။ ဒါမှ သူမကို တော်ဝင်မြို့တော်ကို ခေါ်သွားပြီး အားလုံးက သူ့ကို အားကျရအောင်လုပ်နိုင်မှာကိုး။

မျှော်လင့်မထားဘဲနဲ့ အားကျခံရမဲ့အစား သူလှည့်စားခံလိုက်ရပြီဆိုတာကို ပြနေတဲ့ ဗီဒီယိုကြောင့် သူ့သူငယ်ချင်းတွေနဲ့ တော်ဝင်မြို့တော်က လူတွေ လှောင်တာခံလိုက်ရတော့တယ်။

ဒါကြောင့်ပဲ သူ အရမ်းဒေါသထွက်သွားတာပေါ့။

ဒါပေမဲ့ အခုတော့ သူလှည့်စားခံရတာ လုံးမဟုတ်ဘူးဆိုတာနဲ့ ကုချင်းယွီက သူ့ကို အမြဲတမ်း ချစ်ခဲ့တယ်ဆိုတာ သိလိုက်ရတယ်။ ဟုတ်တယ်။ သူက အရမ်းကို ရိုးသားပြီး ကြင်နာတတ်တာပဲ။ သူမက ဘာလို့ ဒီလိုလုပ်ရပ်ကို လုပ်နိုင်မှာတဲ့လဲ။ သူမကို နားလည်မှုလွဲခဲ့တာက သူပဲ….

မဟုတ်ဘူး။ ဒါက သောက်ကုချင်းချန်၊ ရှန်ချန်းနဲ့ သူ့သတို့သမီးလောင်းရဲ့မျက်နှာပုံစံ ခွဲစိတ်ပြုပြင်ရဲတဲ့ လင်းဟန်ကျောက်တို့ရဲ့အမှားပဲ။

သူ့မျက်လုံးများသည် အနှိုင်းမဲ့လောက်အောင် မှိုင်းညို့လာရင်း အံကြိတ်လိုက်တော့သည်။

ဒီလူတွေကတော့……

တန်ကြေးပြန်ပေးဆပ်ရမယ်။

အပိုင်း (၂၂) သူမရဲ့ဖုန်းက ဆက်သွယ်မှုဧရိယာပြင်ပ….

သူသည် ပင့်သက်ရှိုက်လိုက်ပြီးနောက် ကုချင်းယွီကို တောင်းပန်ရန် ဖုန်းခေါ်မည်ပြင်လိုက်ချိန်၌ မနေ့က ဒေါသတကြီးနှင့် သူမ၏ ဖုန်းနံပါတ်အားလုံးနှင့် ကုဝမ်ချန်၏ ဖုန်းနံပါတ်ကိုပါ ဖျက်ပစ်လိုက်မိသည်ကို သတိရသွားတော့သည်။

သူသည် မနေ့က ကုချင်းယွီနှင့် ပတ်သက်သ ည့်အရာအားလုံးကို ဖျက်ပစ်ရန် မစောင့်နိုင်လောက်အောင် ဖြစ်ခဲ့လေသည်။ သူ့ကို လှည့်စားခဲ့သည့်မိန်းမတစ်ယောက်ကို အမှန်ပင် ချစ်ခဲ့သည်ကို ဝန်မခံချင်ခဲ့ပေ။ ထို့ကြောင့် သူသည် စိတ်လိုက်မာန်ပါလုပ်ခဲ့ခြင်းပင်။

တွမ့်ရှင်းယွမ်သည် သူ့နားထင်ကို ပွတ်လိုက်ပြီး ခေါင်းကိုက်သလို ခံစားလိုက်ရတော့သည်။

သူသည် ကုချင်းယွီ၏ဖုန်းနံပါတ်ကို မမှတ်မိချေ။

ထားလိုက်ပါ။ သူ့လက်ထောက်ကို ရှာခိုင်းလို့ရသည်ပင်။

သူသည် သူမ၏နံပါတ်ကို မြန်မြန်ပင် ရလာပြီးနောက် ခေါ်လိုက်ရာ ဆက်သွယ်မှု ဧရိယာပြင်ပ ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။

သူ မျက်မှောင်ကျုံ့လိုက်၏။

တစ်ရက်ထဲမှာပဲ သူမရဲ့နံပါတ်က ဆက်သွယ်လို့မရနိုင်တော့ပါတဲ့လား။

သူ့နှလုံးသားသည် တင်းကျပ်လာပြီး ကုဝမ်ချန်းက သူ့သမီးများကို ချစ်လွန်းသူတစ်ယောက် မဟုတ်ကြောင်း ရုတ်တရက် သတိရသွားတော့သည်။

အမှန်ပင်။ သူသည် သူတို့ကို အလိုလိုက်ထားသော်လည်း သူတို့ အရွယ်ရောက်လာကတည်းက မကြာခဏဆိုသလို သူတို့ကို ပွဲလမ်းသဘင်များတက်ခိုင်းရာ ယောက်ျားအချို့မှာ ကုချင်းယွီနှင့် ကုချင်းချန်တို့ကို အလွန်ပင် စိတ်ဝင်စားကြလေသည်။

တွမ့်မိသားစုသည် ကုမိသားစုထပ် များစွာအင်အားကြီးသောကြောင့်သာ သူ့လက်ထပ်ပွဲကို အနည်းငယ် လုပ်ပိုင်ခွင့် ရှိလေသည်။ သို့သော် တွမ့်မိသားစု၏သမီးများကို လက်ထပ်ပွဲအတွက် ပစ္စည်းအဖြစ်သာ သဘောထားကြရာ ကုဝမ်ချန်သည် သူ့သမီးနှစ်ယောက်ကို အကျိုးအမြတ်ရစေသည့် ပစ္စည်းများအဖြစ်သာ အသုံးချချင်ကြောင်း သူကောင်းကောင်း သိထားလေသည်။

ကုချင်းယွီသည် အင်မတန်လှပပြီး ကုချင်းချန်ထက် ပိုလှ၏။ ထို့ကြောင့် ကုဝမ်ချန်၏မျက်လုံးထဲတွင် သူသည် သူမကို တန်ကြေးမြင့်မြင့်တစ်ခုဖြင့် သေချာပေါက် အသုံးချပေလိမ့်မည်။ သူမသည် ကုချင်းချန်ကဲ့သို့ မိခင်၏ ကာကွယ်မှုကို မရရှိခဲ့ရာ သူသာ သူမကို စောစောစီးစီး ရအောင် မလုပ်နိုင်ခဲ့လျှင် ကုလူကြီးသည် သူ့ကို အကျိုးအမြတ်အများဆုံးပေးမည့် ယောက်ျားတစ်ယောက်နှင့် သူမကို ပေးစားရန် သေချာပေါက် နည်းလမ်းရှာလိမ့်မည်။

ထိုသို့ စဥ်းစားလိုက်ပြီးနောက် သူ့နှလုံးသားမှာ ရပ်သွားလုမတတ်ပင်။

တစ်ရက်ပဲ ရှိသေးတာဆိုတော့ ကုဝမ်ချန် အဲလာက်မြန်မြန် လှုပ်ရှားနိုင်မှာ မဟုတ်လောက်ပါဘူး…

သူသည် ဖျော့တော့ကာဖြင့် ကုဝမ်ချန်ကို ချက်ချင်း ဖုန်းခေါ်လိုက်တော့သည်။

ကုဝမ်ချန်သည် အလွန်စိတ်ချမ်းသာစွာ ဖုန်းချလိုက်၏။

တွမ့်မိသားစုနှင့်် လက်ထပ်ဖို့ကတိသည် ပျက်သွားပြီးဟု အစက ထင်ထားခဲ့လေသည်။ ထို့ကြောင့် မနေ့က ကုချင်းယွီ စိတ်သောကရောက်နေစဥ် တောင်အာဖရိကရှိ သူ့သူငယ်ချင်းထံ သူမကို ပို့ဖို့စဥ်းစားခဲ့လေသည်။ နောက်ဆုံး ထိုအချိန်၌ သူမသည် အားအနည်းဆုံးအချိန် ဖြစ်သောကြောင့် စကားနားထောင်ပေလိမ့်မည်။ ထိုကိစ္စ ဖြစ်ပြီးသွားသည့်နောက်တွင် အလွန်အရှက်ရကာ နိုင်ငံမှ ထွက်သွားမည့်အရေး မစောင့်နိုင်ဖြစ်ပေလိမ့်မည်။

မျှော်လင့်မထားသည်က တစ်နေ့ထဲတွင် အရာအားလုံးသည် ပြောင်းပြန်ဖြစ်သွား၏။

တရုတ်တွင် စီးပွားရေး မကြာခဏ လုပ်သည့် တောင်အာဖရိကက သူ့သူငယ်ချင်းနှင့်ယှဥ်လျှင် အမှန်ပင် ၊ တရုတ်တွင် အခြေခိုင်ကာ အကြီးအကျယ်အင်အားရှိသည့် တွမ့်ရှင်းယွမ်က သူ့ကို စိတ်ကျေနပ်စေဆုံး ဖြစ်လေသည်။

ထို့ကြောင့် မိသားစုနှစ်ခုကြားက လက်ထပ်ဖို့ကတိသည် မပြောင်းလဲပါဟု တွမ့်ရှင်းယွမ်ဘက်က စ,ပြောလာချိန်တွင်တော့ သူသည အလွန်ဝမ်းသာသွားတော့သည်။

အမှန်က သူသည် အွန်လိုင်းပေါ်က ကိစ္စကို မြင်ခဲ့ပြီးဖြစ်သော်လည်း ထိုအချိန်တွင် သူဒေါသထွက်ရသည်က ကုချင်းယွီသည် ဖြစ်ပျက်သမျှကို သိသွားနောက် ပို့စ်မတင်ခင် သူ့ကို အရင်ပြောပြပြီးမှ ကုမိသားစုကို ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု ခံစားရသောကြောင့်ပင်။ ယခုတော့ သူတို့၏ ကုမိသားစုအား အာရုံစိုက်မှုများ ဖြစ်လာပြီးနောက်တွင်တော့ ကုချင်းချန်၏ သိက္ခာသည်လည်း ပျက်စီးခဲ့ရသည်။ အနာဂတ်တွင် သူမအတွက် မိသားစုကောင်းတစ်ခု ရှာပေးရန် ခက်ခဲသွားချေပြီ။

ထို့အပြင် ကုမ္ပဏီ၏ သိက္ခာကိုလည်း ထိခိုက်ပြီး ပြီးခဲ့သည့်နှစ်ရက်အတွင်း စတော့စျေးမှာ အတက်အကျ ဖြစ်သွားတော့သည်။ သူသည် အကြောင်းမဲ့ ငွေအမြောက်အများဆုံးခဲ့ရပြီး သူမကို တောင်အာဖရိကသို့ ချက်ချင်းပို့ဖို့ရာ မစောင့်နိုင်ဖြစ်သွားတော့သည်။

မျှော်လင့်မထားဘဲ တွမ့်ရှင်းယွမ်သည် သူမ၏သမီးပေါ်တွင် ခံစားချက်အမှန် ရှိနေခဲ့၏။ အမှန်တရားကို သိလိုက်ပြီးနောက် မိသားစုနှစ်ခုကြားက လက်ထပ်ကတိကို မပြောင်းလဲဘဲ ဆက်ထားပြီး သူ့ကုမ္ပဏီထဲသို့ ရင်းနှီးငွေများ ထပ်သွင်းရန်ပင် ဆုံးဖြတ်လိုက်လေသည်။ မကြာလိုက်ချေ။ ကုမိသားစု၏ စတော့စျေးသည် ပြန်ကောင်းသွားကာ စျေးတက်သွားလေသည်။

သို့သော်ငြား တွမ့်ရှင်းယွမ်က တစ်ခုခုကို ထပ်သတိပေးလိုက်သေးသည်…

“အန်ကယ်ကု ကုချင်းချန်ကြောင့်သာ မဟုတ်ရင် ချင်းယွီလည်း ထိခိုက်မိမှာမဟုတ်ဘူး၊ ပြီးတော့ သူမနဲ့ ကျွန်တော်တို့ဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ဘူး၊ ကျွန်တော် တွမ့်ရှင်းယွမ်ရဲ့အမျိုးသမီးက အနိုင်ကျင့်ခံရဖို့ အဲလောက် လွယ်

ကူတဲ့သူ မဟုတ်ဘူးနော်”

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset