EGQY အပိုင်း ၁၉/၂၀

အပိုင်း (၁၉) သူမကိုဖိအားပေးတဲ့သူတွေကို တန်ကြေး ပြန်ပေးဆပ်ခိုင်းမယ်

ကုချင်းယွီသည် သူမ၏ဖုန်းကို ထုတ်လိုက်ပြီးနောက် ခုနက ရှန်ချန်းနှင့် ကုချင်းချန်တို့ စကားပြောထားသည့် စာမျက်နှာသည် စခရင်ပေါ်တွင် ပေါ်လာ၏။

သူမသည် အသံဖိုင်ကို နှိပ်လိုက်ရာ လင်းဟန်ကျောက်သည် ရင်းနှီးပြီးသား ဖြစ်သည့် ချိုသာပျော့ပြောင်းကာ ဝမ်းနည်လေသံဖြင့် ပြောနေသည့် ကုချင်းချန်၏အသံကို ကြားလိုက်ရ၏။

“ အစ်ကိုချန် တောင်းပန်ပါတယ်နော် လင်းဟန်ကျောက်က ညီမရဲ့အစ်မ ဟန်ဆောင်ပြီး အစ်ကိုနဲ့သိအောင် လုပ်ပေးဖို့ တကယ်မရည်ရွယ်ခဲ့ပါဘူး၊ အစ်ကို့ကို မြင်မြင်ချင်း ချစ်သွားတဲ့သူက လင်းဟန်ကျောက်ပါ ပြီးတော့ ညီမကို အစ်ကိုနဲ့မိတ်ဆက်ပေးဖို့ တောင်းပန်ခဲ့လို့ပါ၊ သူမက ညီမရဲ့သူငယ်ချင်းလေ သူမကို ငြင်းလို့မရလို့ အဲလိုလုပ်ပေးခဲ့တာပါ၊ တောင်းပန်ပါတယ်နော်၊ သူမက ညီမရဲ့အစ်မလို ဟန်ဆောင်လိမ့်မယ်လို့ တကယ်မသိခဲ့လို့ပါ….”

လင်းဟန်ကျောက်၏မျက်နှာသည် ပြောင်းလဲသွား၏။

ရှန်ချန်းသည် သူမ၏ပထမဆုံးချစ်သူဖြစ်သည်။ သူသည် ချမ်းသာရက်ရောပြီး ချောမောရာ သူမသည် သူ့ကို အမှန်ချစ်ခဲ့လေသည်။ သည်မနက်က ကုချင်းယွီ၏ ဝေ့ပေါ်ပိုစ့်ကို မြင်လိုက်ပြီးနောက် ပထမဆုံး သူမလုပ်ချင်ခဲ့သည်က သည်လိုလုပ်ရန် ခြိမ်းခြောက်ခဲ့သူက ကုချင်းချန်ဖြစ်ကြောင်း ရှန်ချန်းကို သွားရှာပြီး ပြောပြကာ ခွင့်လွှတ်ဖို့ တောင်းခံချင်ခဲ့၏။

တကယ်တော့ သူက အမြဲတမ်း ငါ့အပေါ်ကောင်းခဲ့တာပဲလေ။ ပြီးတော့ အရာအားလုံးကို ငါ့သဘောအတိုင်း လုပ်ခွင့်ပြုခဲ့သလောက်ပဲ ဆိုတော့ကာ သူ ငါ့ကို သေချောပေါက် ခွင့်လွှတ်မှာပဲ ဟုတ်တယ်မလား။

သို့သော် သူမ မျှော်လင့်မထားသည်က ကုချင်းချန်သည် အရင်ပေါ်လာပြီး သူမအပေါ် မြောင်းပုတ်ရေများ သွန်ချလိုက်မည်ကိုပင်။

သူမ၏မျက်နှာသည် ပြာနှမ်းသွားပြီးနောက် ဖြူဆွတ်သွားတော့သည်။

ကုချင်းယွီသည် ညင်သာစွာ တခစ်ခစ်ရယ်လိုက်ပြီး

“ရှန်ချန်း ရှင့်ဖုန်းကို မကိုင်ဘူး ဟုတ်တယ်မလား၊ သူ ရှင့်ကို WeChatမှာလည်း blacklistထဲ ထည့်လိုက်ပြီ၊ သူအခု ရှင့်ကို မုန်းနေပြီလေ ဘာလို့လဲဆိုတော့ လူအားလုံးက သူ့ကို ရယ်နေကြတာကိုး”

“….”

လင်းဟန်ကျောက်၏မျက်နှာသည် ဖြူဖျော့သွားသော်လည်း သူမ၏ကိုယ်နေဟန်ထားကို ထိန်းသိမ်းရန် ရုန်းကန်နေဆဲ။

“ကျွန်မကို ဒါတွေနားထောင်ခိုင်းတယ်ဆိုတော့…. ရှင့်မှာ ဘာရည်ရွယ်ချက်ရှိလို့လဲ”

“ ကျွန်မရဲ့ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်”

ကုချင်းယွီ ပြောလိုက်၏။

“ ရှင် ကျွန်မရဲ့ဂုဏ်သိက္ခာကို ပျက်စီးအောင် လုပ်ခဲ့တာမလို့ ကျွန်မ ရှင့်ကို အဲဒီအတွက် တရားစွဲလို့ရတယ် ဒါပေမဲ့ ကျွန်မ မလုပ်ချင်ဘူး ဘာလို့လဲဆိုတော့ ကျွန်မတို့မှာ ဘုံရန်သူရှိနေလို့လေ”

သည်ဘုံရန်သူမှာ ပင်ကိုအားဖြင့် ကုချင်းချန်သာဖြစ်လေသည်။

လင်းဟန်ကျောက်သည် တုံးအသူမဟုတ်ချေ။

“ ရှင် ကျွန်မကို ဘာလုပ်စေချင်တာလဲ”

“ ရှင်လုပ်ရမဲ့ဟာကိုပဲ လုပ်ပါ”

ကုချင်းယွီက ပြော၏။

“ ရှင့်ဂုဏ်သိက္ခာကလည်း ပျက်စီးသွားပြီ ပြီးတော့ အခုဆိုရင် အားလုံးက ရှင် ပလက်စတစ်ဆာဂျရီ လုပ်ထားတာကိုလည်း သိသွားကြပြီ၊ နောက်ဆိုရင် အင်တာနက်သုံးတဲ့ လူတွေက ရှင့်ကို သိနေသ၍ ရှင့်နောက်လိုက်နေတဲ့ ဟိုဒုတိယမျိုးဆက်သူဌေးသားတွေက ပျောက်သွားမှာပဲ၊ ရှင့်အတန်းဖော်ဟောင်းတွေက ရှင့်ကို အထင်သေးကြမယ်၊ ဟားကြမယ် ပြီးတော့ ရှန်ချန်းက ရှင့်ကို လက်တုံ့ပြန်ကောင်း ပြန်လိမ့်မယ် ပြီးတော့ ရှင့်မှာ ပြန်တိုက်ခိုက်ဖို့ အင်အားမရှိဘူး….”

သူမပြောလိုက်သည့် စကားလုံးတိုင်းကြောင့် လင်းဟန်ကျောက်၏မျက်နှာသည် ပို၍ ဖြူဖျော့လာလေသည်။

အကြောင်းမှာ ကုချင်းယွီ ပြောသည့်စကားများမှာ မှန်နေသည်ကို သူမသတိထားမိသောကြောင့်ပင်။ သည်မနက်ကတည်းက အခုချိန်အထိ သူမသည် လှောင်ပြောင်သရော်ကြသည့် နှုတ်ဖြင့် စော်ကားမှုများကို မရေမတွက်နိုင်အောင် ရခဲ့ပြီး သူမဘဝဆုံးပြီဖြစ်ကြောင်း ကောင်းကောင်းသိအောင် လုပ်နေတော့သည်။

အစောပိုင်းက အကူအညီရှာရန်အတွက် သူမ၏အလှကို အားကိုးနိုင်သော်လည်း ယခုမူ အားလုံးက သူမ ပလက်စတစ်ဆာဂျရီ လုပ်ထားသည်ကို သိသွားပြီဖြစ်ရာ မည်သူမှ သူမအား ထပ်ကူညီတော့မည် မဟုတ်ချေ…

သူမသည် လမ်းဘေးကြွက်တစ်ကောင် ဖြစ်သွားပြီး အိမ်သို့ပြန်ကာ သူမကို လက်ဆောင်အများဆုံး ပေးမည့် သူမမိဘများ စီစဥ်ပေးသူကိုသာ လိမ်လိမ်မာမာနှင့် လက်ခံရန်သာ ရှိတော့သည်။

ဟင့်အင်း သူမ ဒီလိုပုံစံမျိုးနဲ့ မနေချင်ဘူး။

အပြင်ဘက်တွင် ရောင်စုံမီးရောင်များကို တွေ့မြင်ခဲ့ရပြီးနောက် သူမသည် အတိတ်ကို လုံးဝ ပြန်မသွားချင်တော့ပေ။

“ ကျွန်မ ရှင့်ကို ကူညီနိုင်ပါတယ်”

ကုချင်းယွီက ပြောလိုက်၏။

“ ဒီကိစ္စကို အသားယူပြီး ရှင် အင်တာနက်ဆယ်လီ ဖြစ်နိုင်တယ်လေ၊ ရှင်က အာရုံစိုက်မှုအများကြီး ခံရပြီးသာားဆိုတော့ သိပ်မကြာခင် နာမည်ကြီးလာလိမ့်မယ်၊ လူတိုင်းက ရှင့်ကို ဆဲဆိုနေကြတာဆိုရင်တောင် ဒါက အာရုံစိုက်မှုတစ်ခုဖြစ်နေတုန်းပဲ”

လင်းဟန်ကျောက်သည် အံ့ဩသွား၏။

“ ရှင် ဘာလို့ ကျွန်မကို ကူညီတာလဲ”

ကုချင်းယွီသည် ခေါင်းကာ ပြုံးလိုက်ပြီး

“ ရှင့်ကို ကျွန်မရဲ့ သတို့သားလောင်းကို ကူညီပြီးရှင်းပြစေချင်လို့လေ”

လင်းဟန်ကျောက်သည် ကုချင်းယွီ၏ဓာတ်ပုံနှင့် ကုချင်းချန်၏သူငယ်ချင်းအသိုင်းဝိုင်းများထဲတွင် တွေ့ခဲ့ဖူးသည့် သူမ၏သတို့သားလောင်း တွမ့်ချင်းယွမ်တို့ကို စဥ်းစားမိကာ စိတ်ပျက်သွားတော့သည်။ နှစ်ယောက်သားသည် အမှန်ပင် လိုက်ဖက်သည့်စုံတွဲများပင်…

ဟုတ်တာပေါ့၊ သူမသတို့သားလောင်းရဲ့ စိတ်ပျက်ခံနေရတော့ သူ့ကို ရှင်းပြပေးဖို့ ငါ့အကူအညီ သေချာပေါက်လိုမှာပဲ။

သို့သော် ကုချင်းယွီက တွမ့်ချင်းယွမ်အား လုံးဝဂရုမစိုက်သည်ကိုတော့ လင်းဟန်ကျောက် မသိခဲ့ပေ။

ရှင်းပြပေးဖို့ တောင်းဆိုတာက သူမကို ဖိအားပေးခဲ့တဲ့သူတွေကို တန်ကြေးပြန်ပေးဆပ်ခိုင်းဖို့ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့သက်သက်ပဲလေ။

အပိုင်း (၂၀) လက်တုံ့ပြန်နည်း

မူခန္ဓာကိုယ်ပိုင်ရှင်၏နှလုံးသားကို သေဆုံးအောင် လုပ်ခဲ့သည့် အဓိက လူနှစ်ယောက်မှာ တစ်ယောက်သည် တွမ့်ရှင်းယွမ် ဖြစ်သည်။ သူသည် သူမကို မချစ်ခဲ့ကြောင်း သိလိုက်ရသောကြောင့်ပင်။ သို့မဟုတ်လျှင် သူသည် နားလည်မှုလွဲပြီးနောက် သူမကို မယုံကြည်နိုင် ဖြစ်မည်မဟုတ်သလို သူမကိုလည်း အလွန်မုန်းနေလိမ့်မည်မဟုတ်ပေ။

နောက်တစ်ယောက်မှာ သူမ၏အဖေ ကုဝမ်ချန် ပင်။

ကုဝမ်ချန်သည်လည်း သူမကို မချစ်ခဲ့ချေ။ သူသည် သူမနှင့် မရှင်းမလင်း သေဆုံးသွားသည့် သူမ၏အမေကို သစ္စာဖောက်ခဲ့ပြီး ယခုတွင် တွမ့်ရှင်းယွမ်က သူမကို မလိုချင်တော့မှန်း သိသွားပြီး သူမဆီမှ လုံလောက်သည့်အကျိုးအမြတ်မရနိုင်တော့မှန်း သိသွားသောအခါ သူမ နောက်ဆုံးတန်ဖိုးကို ညှစ်ထုတ်ရန် သူမအား တောင်အာဖရိကရှိ သူ့သူငယ်ချင်းနှင့် လက်ထပ်ပေးရန် တုံ့ဆိုင်းမနေဘဲ ဆုံးဖြတ်ခဲ့လေသည်…

သို့သော် ဒီဗီဒီယိုက ဖျူးစ် တစ်ခုသာဖြစ်၏။ သူမသည် သည်ယောက်ျားနှစ်ယောက်ကို အမှန်တကယ် အမုန်းဆုံးဖြစ်လေသည်။

ဗီဒီယိုထွက်လာပုံကို မူလခန္ဓာကိုယ်ပိုင်ရှင်သာ သိသွားလျှင် သူမသည် ကုချင်းချန်းကိုပါ ပေါင်းထည့်ပေလိမ့်မည်။ သို့သော် အရေးမကြီးပေ။ သူမသည် တစ်ခုဝယ် တစ်ခုလက်ဆောင်ရသည်ကို သဘောကျလေ၏။ ထို့ကြောင့် ကုချင်းချန်သည် စျေးဝယ်စင်တာမှ လက်ဆောင်တစ်ခုအဖြစ် ဆက်ဆံခံရပေလိမ့်မည်။

သို့သော် သည်လူများကို လက်တုံ့ပြန်ရန်က…

လင်းဟန်ကျောက်သည် လက်နက်ကောင်းတစ်ခုပင်။

ကုချင်းယွီသည် ယဲ့ယဲ့လေး ပြုံးလိုက်၏။

လူတစ်ယောက်ကို ခံစားစေချင်ရင် အရမ်းကိုလွယ်လွယ်လေးပဲ၊ သူ ဂရုစိုက်ဆုံးအရာကို လက်လွှတ်ခိုင်းရအောင်လုပ်ပြီး သူ့မာနကို တစစီ ဆုပ်ဖြဲပစ်လိုက်ဖို့ပဲလေ။

တွမ့်ရှင်းယွမ်က သူ့အလုပ်ကို ဂရုအစိုက်ဆုံး၊ ပြီးတော့ မူလခန္ဓာကိုယ်ပိုင်ရှင်က သူ့ကို အရမ်းချစ်တာလို့ ထင်ခဲ့တာလေ။

ဒီတော့ သူမက သူလက်လှမ်းမီတယ်လို့ ထင်နေတဲ့အချိန်မှာ သူထိကိုင်လို့မရတဲ့ တည်ရှိမှုတစ်ခုဖြစ်ပြီးတော့ တကယ်တော့… သူမက သူကို မုန်းတီးစက်ဆုပ်တယ်ဆိုတာကို သိသွားစေချင်တာပဲ။

လင်းဟန်ကျောက်သည် သူမ၏အဓိပ္ပာယ်ကို လုံးဝနားလည်မှုလွဲသွားပြီး သူမသည် တွမ့်ရှင်းယွမ်ကို အလွန်ချစ်မြတ်နိုးသောကြောင့် ကူညီဖြေရှင်းခိုင်းသည်ဟုသာ ထင်သွားလေသည်။ လင်းဟန်ကျောက်သည် ခဏတာ စဥ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

“ ကောင်းပြီလေ ကျွန်မရှင့်အတွက် ကူပြီး ဖြေရှင်းပေးမယ် ဒါပေမဲ့ ရှင်က ကျွန်မကို ဘယ်လိုပြန်ကူညီမှာလဲ”

“ ကျွန်မ ကုမ္ပဏီတစ်ခု စထောင်မလို့လေ၊ ရှင်က ကျွန်မတို့နဲ့ ပထမဆုံး လက်တွဲမဲ့ အင်တာနက်ဆယ်လီပဲ”

ကုချင်းယွီသည် သည်လောကတွင် အရာအများစုကို ငွေဖြင့်ဝယ်ရပြီး သူမ၏ဂြိုဟ်မှာကဲ့သို့ ဦးသူယူစနစ် မဟုတ်ကြောင်း နာလည်ထားပြီးဖြစ်၏။ သူမသည် စွမ်းအင်ကို ပိုစုပ်ယူချင်သဖြင့် သည်ဂြိုဟ်၏စွမ်းအင်သည် မည်သည့်နေရာမှ လာသည်ကို အဖြေရှာရပေမည်။ သို့မှသာ သူမသည် စွမ်းအင်ကို စုဆောင်းကာ အပြည့်အဝအသုံးချနိုင်ပေလိမ့်မည်။

ထို့အပြင် ထိုသို့လုပ်ရန် သူမသည် ငွေအမြောက်အများ လိုအပ်ပေသည်။

မူလခန္ဓာကိုယ်ပိုင်ရှင်သည် ငွေရှိသော်လည်း သူမသည် ကျောင်းတက်နေဆဲဖြစ်ပြီး အဖေကုသည် သူမနှင့် ကုချင်းချန် နှစ်ယောက်လုံးကို အသုံးစားရိတ်အတွက် တစ်လ ယွမ် ၅၀,၀၀၀ပေးသည်။ ယွမ် ၅၀,၀၀၀သည် တခြားလူများအတွက် ပမာဏ များသော်လည်း အဝတ်အစားတစ်ထည်အတွက် တစ်သောင်းလောက်သုံးနေသည့် သူတို့နှစ်ယောက်အတွက်တော့ မများချေ။ ကုချင်းယွီတွင် သူမငယ်ငယ်ကတည်းက စုထားသည့် ဟုန်ပေါင်းငွေ သိန်းဂဏန်းမျှသာရှိ၏။

သို့သော် ဒါသည်လည်း မလောက်ငှချေ။ စွမ်းအင်ကို စုဆောင်းရန် နှင့် သည်ဂြိုဟ်၏ စွမ်းအင်လျှို့ဝှက်ချက်ကို ရှာဖွေရန်တော့ မလုံလောက်ချေ။

အမြန်ဆုံးနည်းအဖြစ် သူမသည် သည်ဂြိုဟ်က ဘဏ်များမှ ငွေအမြောက်အများကို ခိုးယူနိုင်သော်လည်း ထိုသို့ဆိုလျှင် သူမသည် အေးချမ်းသည့်ဘဝကို ထိန်းသိမ်းနိုင်လိမ့်မည်မဟုတ်ချေ။ သူမ၏ ဂြိုဧ်သားအလည်လာသူဟူသည့် သရုပ်ပင် ပေါ်သွားနိုင်လေသည်။ သည်ခေတ်နောက်ကျနေသည့် ဂြိုဟ်တွင် သုတေသနအတွက် အသေးစိတ်စုံစမ်းဆေးရန် သူမကို မည်သူကမှ ဖမ်းနိုင်လိမ့်မည်မဟုတ်သော်လည်း သူမသည် အမြဲတမ်း ပုန်းကွယ်ကာမနေချင်ပေ။ နောက်ဆုံးတွင် အချိန်တိုအတွင်း နောက်ထပ်သင့်တော်သည့် ဂြိုဟ်တစ်ခု ရှာဖွေရန်အလွန်ခက်ခဲနေရာ သူမသည် ယခုအချိန်၌ အာကာသအပြင်ဖက်ပင် မထွက်နိုင်တော့ချေ….

ထို့ကြောင့် သူမ ငွေရှာရန် လိုပေသည်။

သူမသည် ငွေအမြန်ဆုံးရနိုင်မည့်နည်းလမ်းကို လေ့လာခဲ့သော်လည်း အားလုံးမှာ တရားမဝင်လုပ်ငန်းများ ဖြစ်နေ၏။

ထို့ကြောင့် သူမသည် တရုတ်ပြည်ရှိ နာမည်ကြီးတိုက်ရိုက်ထုတ်လွှင့်မှုအကြောင်း စဥ်းစားလိုက်၏။ သူမကိုယ်တိုင်က အင်တာနက်ဆယ်လီလုပ်ရန် အလွန်ပျင်းလွန်နေရာ သူမနှင့် တူသည့် လင်းဟန်ကျောက်ကို လုပ်ခိုင်းပြိး အလွယ်တကူ ထိန်းချုပ်နိုင်ပေမည်။

လင်းဟန်ကျောက်သည် ဆွဲဆောင်ခံလိုက်ရသော်လည်း သူတို့၏ ဆန့်ကျင်ဖက်သရုပ်ကြောင်း အနည်းငယ် မသက်မသာဖြစ်နေ၏။

သူမက ဒီနည်းနဲ့ ကုချင်းယွီကို ထိခိုက်စေခဲ့တာတောင် သူမရဲ့အသွင်အပြင်ကို ထပ်အသုံးချရအုံးမယ်တဲ့။ ကုချင်းယွီက တကယ်ပဲ စိတ်ထဲမထားဘဲနဲ့ ဝမ်းနည်းမှုတွေကို အကျင့်သီလကောင်းနဲ့ ပြန်ပေးဆပ်စေချင်တာလား။ တကယ်လို့ သူမက စာချုပ်ထဲမှာ တစ်ခုခုလုပ်ထားရင်ကော ၊ဒါမှမဟုတ် သူမရဲ့ကုမ္ပဏီကို ဝင်လိုက်ပြီးမှာ မလုပ်ချင်တာတွေကို လုပ်ခိုင်းရင်ကော… ဒါဆိုရင် သူမဆိုတဲ့ လင်းဟန်ကျေ

ာက်က ဘာတတ်နိုင်မှာလဲ။

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset