EGQY အပိုင်း ၁၇/၁၈

အပိုင်း (၁၇) သေချာပါတယ် မကောင်းတဲ့မိန်းမလက်ချက်ပဲ

ရှန်ချန်းသည် လှောင်ရယ်လိုက်၏။

“ ကုချင်းချန် မင်း ရက်စက်လိုက်တာနော်၊ ငါ ရှန်ချန်း ဒီနေ့ မင်းလက်ထဲရောက်သွားတယ်၊ အခုတော့ ရုပ်ဆိုးတဲ့မိန်းကလေးတစ်ယောက်နဲ့ အိပ်တယ်ဆိုပြီး လူတွေက ငါ့ကို နေကြပြီ၊ ငါမင်း ပြောလိုက်မယ်၊ ငါ့ကို အရူးတစ်ယောက်လို ဆက်ဆံတဲ့အတွက် မင်းပြန်ပေးဆပ်ရလိမ့်မယ်”

ဖုန်းကျသွား၏။

ကုချင်းချန်၏မျက်နှာသည် ပြောင်းလဲသွား၏။

အမှန်တွင် သူမသည် သူမ၏အသံလောက် တည်ငြိမ်မနေချေ။ တုန်ယင်နေသည့်လက်များဖြင့် သူမသည် ကုချင်းယွီ၏ ဝေ့ပေါ်ပိုစ့်ကို ပြန်ဖွင့်လိုက်ပြီး အောက်က မှတ်ချက်ပေါင်း သုံးသောင်းကျော်ကို တွေ့သွားပြီး အများစုက သူမကို ရက်စက်ပြီး မြွေနှလုံးသားနဲ့လူဟု ဆဲရေးထားသည်ကို မြင်လိုက်ရာ သူမမျက်နှာသည် ရှုံ့မဲ့သွားတော့သည်။

သေလိုက်ပါတော့။ ကုချင်းယွီ ဒါတွေကို ဘယ်ကရခဲ့တာလဲ။ ငါ့ဖုန်းကလည်း အမြဲတမ်း ငါနဲ့အတူ ရှိနေတာပဲ ဒါဆိုကို သူက ဘယ်လိုလုပ်ပြီး စကားပြောမှတ်တမ်းကို ရှာတွေ့သွားတာလဲ။

မဟုတ်ဘူး။ သူ လင်းဟန်ကျောက် ဒါမှမဟုတ် ရှန်ချန်းဆီက ရသွားတာနေမှာ….

ဟင့်အင်း ရှန်ချန်း မဖြစ်နိုင်ဘူး။ သူ့ဆီကသာဆိုရင် သူ အစောကြီးကတည်းက သတိထားမိမှာပေါ့။ ပြီးတော့ သူက ITကျောင်းသားပဲ။ သူ့ဖုန်းမှာ ပြဿနာရှိနေရင် သူသိမှာပဲ၊ ဒီသတင်းပျံ့သွားမှာကိုတော့ သူသေချာပေါက် လိုလားမှာမဟုတ်ဘူး။

ဒါဆိုရင် လင်းဟန်ကျောက်ပဲ ဖြစ်နိုင်တယ်။

လင်းဟန်ကျောက် ၊ အဲဒီမိန်းမက ငွေအတွက်ဆို ဘာမဆိုလုပ်မဲ့သူပဲ။

အံ့ကိုကြိတ်ရင်း သူမသည် ဖုန်းကို ထုတ်ကာ လင်းဟန်ကျောက်ထံ ဖုန်းခေါ်လိုက်၏။ ဖုန်းဝင်သွားသော်လည်း လင်းဟန်ကျောက်က ဖုန်းမကိုင်ချေ။ ခဏကြာပြီးနောက် သူမ ရပ်လိုက်တော့သည်။

“သေချာနေပါပြီ အဲမကောင်းတဲ့မိန်းမလက်ချက်ပဲ”

ကုချင်းချန်သည် ထိုကိစ္စကို လုပ်ခဲ့သူမှာ သေချာပေါက် လင်းဟန်ကျောက်ဖြစ်သည်ဟုသာ ချက်ချင်း ဆုံးဖြတ်လိုက်တော့သည်။

သူမ၏အိတ်ကို ကောက်ယူလိုက်ပြီး လင်းဟန်ကျောက်အိမ်သို့ အလျင်စလိုတန်းသွားလိုက်၏။

သူမသည် လင်းဟန်ကျောက်အား ရှန်ချန်းကို နှစ်သိမ့်ခိုင်းရမည်။ ရှန်ချန်းသည် ချမ်းသာပြီး ရန်လိုတတ်ကာ မကြာခဏ မဆင်မခြင် လုပ်ကိုင်တတ်သည့်အကျင့်ရှိရာ ထိုအကြောင်းအရင်းများထဲမှ တစ်ခုကြောင့်ပင် သူမသည် သူ့အတိအလင်း မငြင်းဆန်ရဲချေ။ နောက်အကြောင်းအရင်းတစ်ခုက…

သူနှင့်သိထားလျှင် အလိုလိုပင် အကျိုးအမြတ်များစွာရှိလေသည်။

ထိုအခိုက်တွင် ကုချင်းချန်စိတ်ထဲတွင် ဆဲရေးခံနေရသည့် လင်းဟန်ကျောက်သည် ကြော့ရှင်းလှသည့် သခင်မလေးကုကို ကြည့်ရင်း တံတွေးမျိုချနေမိသည်။

သခင်မလေးကုသည် ခြေထောက်ဒဏ်ရာတစ်ခုကို ခံစားနေရပြီး သည်နေ့တွင် ဝီးချဲတစ်ခုနှင့် ရောက်လာ၏။ သို့သော် လူနာတစ်ယောက်နှင့်တူသည့် အားနည်းမှုကိုတော့ သူမ မခံစားရချေ။ ကုချင်းယွီသည် ဘာနှင့်တူသည်ကို လင်းဟန်ကျောက် ကောင်းကောင်းသိထား၏။ အကြောင်းမှာ ပလက်စတစ်ဆာဂျရီ လုပ်ပြီးနောက် သူမနှင့် တူနေရန် သူမသည် သူမမျက်နှာ၏အစိတ်အပိုင်းတိုင်းကို မရေမတွက်နိုင်အောင် လေ့လာခဲ့လေသည်။

ပလက်စတစ်ဂျရီ အောင်မြင်သွားချိန်၌ သူမသည် အလွန်ပျော်ခဲ့ရ၏။ အကြောင်းမှာ သူမသည် အရင်ကသူမကဲ့သို့ သာမန်မိန်းကလေးတစ်ယောက် မဟုတ်တော့သလို လူတွေပြောကြသည့် ရုပ်ဆိုးဆိုးမိန်းမလည်း မဟုတ်တော့ချေ။ ယခုဆိုလျှင် သူမကိုလိုက်နေသည့် ယောကျ်ားများလည်းရှိပြီး သူမအရင်က တစ်ခါမှ မစဥ်းစားရဲခဲ့ဖူးသည့် ရှန်ချန်းလိုလူ သခင်လေးတစ်ယောက်နှင့်ပင် ဒိတ်လုပ်ခဲ့ရသည်။

သူမသည် ကုချင်းယွီနှင့် မခြားဟု တွေးခဲ့သော်လည်း သခင်မလေးကုက သူမရှေ့တွင် အမှန်တကယ် ထိုင်နေသောအခါ ဆင်တူသည့်အချက် တစ်ခုမှမရှိကြောင်း သူမ နားလည်သွားတော့သည်။

သူမရှေ့က မိန်းမ၏ မျက်နှာသွင်ပြင်သည် အင်မတန် နူးညံ့ပြီး သူမ၏မျက်လုံးများ ရွှန်းစိုကာ ကြည်လက်တောက်ပနေရာ သူမ မဟုတ်သလို သူမပိုင်ဆိုင်သည့်အရာမျိုးလည်း မဟုတ်ချေ။ သူမ၏မျက်တောင်များသည် ထူထဲကော့ညွှတ်နေပြီး သူမတစ်ပတ်နှစ်ကြိမ် ပြန်လုပ်နေရသည့် မျက်တောင်တုများနှင့် မတူချေ။ သူမ၏အသားအရေသည် အင်မတန်ကြည်လင်ချောမွတ်နေရာ အချိန်မရွေး ရေကိုညှစ်ထုတ်နိုင်သည့်နှယ်၊ အလွန် နုဖတ်နေပြီး တစ်စုံတစ်ယောက်ကို မနာလိုဖြစ်နိုင်စေလေသည်။

အထင်ရှားဆုံးအပိုင်းမှာ သူမ၏ပင်ကိုယ်စရိုက်ပင်….

အွန်လိုင်းပေါ်တွင် လူတိုင်းပြောနေကြသလိုပင်။ သူမက လုံးဝအတုမယူနိုင်သည့်အရာပင်။

သူမသည် မကြုံစဖူး အာရုံစိုက်ခံရပြီး အချစ်ခံရသည်က သူမဝတ်ဆင်ထားသည့် ဒီဇိုင်နာအဝတ်အစားနှင့် ဖိနပ်အပြင် သူမပိုင်ဆိုင်ထားသည့် ဒီဇိုင်နာအိတ်များကြောင့်ပင်။ ထိုအရာများသည် သူမအား ကုချင်းယွီနှင့် တူသည်ဟု ယုံကြည်သွားစေသော်လည်း သည်အခိုက်တန့်တွင်တော့ သူမသည် လုံးဝမတူသည်ကို သိရှိသွားတော့သည်။

ကုချင်းယွီ၏အနားတွင် ရှိသည့် အေးမြကာ သီးခြားဆန်သည့်တော်ဝင်အရောင်အဝါသည် သူမ လိုက်မတုနိုင်သည့်အရာပင်။ ကော်ဖီခွက်ကို ကောက်ကိုင်လိုက်သည့် သူမ၏အမူအရာကပင် အလွန်ကျက်သရေရှိလေရာ သူမကိုယ်သူမ အရှက်ရမိနေတော့သည်။

လင်းဟန်ကျောက်သည် ကုချင်းယွီရှေ့တွင် သူမသည် အလိုလို တစ်လက်မခန့် အရပ်မြင့်သွားသည့် ခံစားချက်တစ်ခုကို

ခံစားလိုက်ရတော့သည်။

အပိုင်း (၁၈) အလှအပက အရေးကြီးတယ်

သူမရောက်လာသည့် ရည်ရွယ်ချက်ကို စဥ်းစားလိုက်ပြီးနောက် လင်းဟန်ကျောက်သည် ပင့်သက်ရှိုက်လိုက်၏။

“ကျွန်မ….ကျွန်မ ရှင်ဖြစ်လာဖို့ လုံးဝမရည်ရွယ်ခဲ့ပါဘူး”

အစပိုင်းတွင် သူမသည် ဂျူနီယာအထက်တန်းကျောင်းအခန်းဖော်တစ်ယောက်က တိတ်တိတ်လေး ယူလာခဲ့သည့် ကုချင်းယွီ၏ ဓာတ်ပုံကို မတော်တဆ မြင်သွား၏။ ဓာတ်ပုံထဲတွင် ထိုအချိန်က လူသစ်စစ်ရေးလေ့ကျင့်ရေး လုပ်နေသည့် ကုချင်းယွီသည် နေလောင်ဒဏ်ကြောင့် ညိုမဲနေသည့်မိန်းကလေးများကြားတွင် အလွန်တောက်ပနေပြီး သူမသဘောကျသည့် အခန်းဖော်ကပင် သူမဖုန်းနှင့် သူမကို တိတ်တိတ်လေး ဓာတ်ပုံရိုက်ထားလိုက်၏။

သူမသည် ထိုမိန်းကလေးကဲ့သို့ ချောမောလာလျှင် လူအများကြီးက သူမကိုအာရုံစိုက်ကာ ချစ်လာမည်လားဟု တွေးမိခဲ့သည်။

လင်းဟန်ကျောက်သည် တက္ကသိုလ် မတက်ဘဲ အထက်တန်းကျောင်းပြီးသည်နှင့် အလုပ်ထွက်လုပ်ခဲ့သည်။ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတွင် သူမ၏ ပညာအရည်အချင်းနှင့် ရုပ်ရည်ကြောင့် သူမသည် စောစောပိုင်းတွင် ရရှိသည့် အကျိုးခံစားခွင့်ကို ဘယ်တော့မှမရသည့် အချိန်တွင် သူမနှင့်တစ်ချိန်ထဲအလုပ်ဝင်သည့် မိန်းမလှလေးတစ်ယောက်က ၆လပင် မပြည့်သေးပဲ ကြီးကြပ်ရေးမှုးရာထူး တိုးသွားတော့သည်။

အလှအပသည် အလွန်အရေးပါ၏။

ထို့ကြောင့် သူမသည် ချေးငွေယူလိုက်ပြီး လွန်ခဲ့သည့်၆အတွင်း သူမစုဆောင်းထားသည့် စုငွေဖြင့် ပလက်စတစ်ဆာဂျရီ သွားလုပ်လိုက်တော့သည်။

ထိုဓာတ်ပုံထဲက ကုချင်းယွီအပေါ်တွင်ထားသည့် မသိစိတ်က အားကျမှုကြောင့်ထင်သည်။ သူမသည် ခွဲစိတ်မှုအတွင်း ကုချင်းယွီကို သူမပုံစံအဖြစ် မသိစိတ်က ရွေးလိုက်လေသည်။

အစပိုင်းတွင် သူမသည် သူမကိုယ်သူမ အနည်းငယ်သာ ပိုလှလာအောင်လုပ်ချင်ခဲ့သော်လည်း ပလက်စတစ်ဆာဂျရီလုပ်ခြင်းက စွဲလမ်းစေသည်။ သူမသည် မျက်ရစ်နှစ်ထပ် ဖော်ပြီးနောက် နှာတံစင်းစင်းလေး လိုချင်လာပြန်သည်။ ထို့နောက် ကုချင်းယွီ၏ ချယ်ရီရောင် နှုတ်ခမ်းဖူးဖူးလေးနှင့် ယောက်ျားတို့မျက်လုံး မခွာနိုင်အောင် ဆွဲဆောင်နိုင်သည့် ပြည့်ဖြိုးသည့်ရင်သားများ လိုချင်ခဲ့လေသည်။

သို့နှင့် သူမသည် ထပ်ခါ ထပ်ခါ ချေးငှားပြီးနောက် ယောက်ျားအချို့၏အာရုံကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်ခဲ့ပြီးနောက်မှာတော့ ကုချင်းယွီနှင့် တွေ့ဆုံခဲ့ရတော့သည်။

ကုချင်းချန်သည် သူမကို ပထမဆုံးတွေ့လိုက်ချိန်၌ သူမ၏အမူအရာသည် အနည်းငယ်ထူးဆန်းနေပြီး အချိန်တစ်ခုအထိ အနည်းငယ်ရှက်ရွံမိ၏။ အကြောင်းမှာ ကုချင်းချန်သည် ကုချင်းယွီနှင့် နည်းနည်းဆင် သောကြောင့်ပင်။ သူမသည် ပလက်စတစ်ဆာဂျရီလုပ်ထားသည်ကို သူမဆီတွင် ပေါ်မသွားစေချင်ရာ သူမကို မသက်မသာရှောင်သွားလိုက်၏။

သို့သော် အံ့ဩရသည်က ကုချင်းချန်သည် သူမကို မဖော်ထုတ်ဘဲ သန့်စင်ခန်းအထိလိုက်လာကာ သူမကို WeChatတွင်ထည့်လိုက်ပြီး သူမနှင့် သူငယ်ချင်းလုပ်ချင်သည်ဟု ပြောလာပြီးနောက် သူမတို့သည် သူငယ်ချင်းကောင်းများဖြစ်လာလေသည်။

လင်းဟန်ကျောက်ကသာလျှင် သူတို့သည် သူငယ်ချင်းကောင်းများဖြစ်သည်ဟု ထင်နေခြင်းပင်။ ကုချင်းချန်သည် သူမအား ညီအစ်မတစ်ယောက်လို အမှန်ပင် သတ်မှတ်သည်ဟု အမြဲတမ်း ထင်နေ၏။ အကြောင်းမှာ ကုချင်းချန်သည် သူမအရင်က မသွားနိုင်ခဲ့သည့် ပွဲများကို ခေါ်သွားခဲ့ပြီး သူမအရင်က မထိကိုင်နိုင်ခဲ့သည့် အရာများကို မြင်တွေ့စေသောကြောင့်ပင်။

ဆင်းရဲတွင်းမှ ချမ်းသာသောဘဝကို ရောက်လာပြီးနောက် သူမသည် ကုချင်းချန်၏ဘဝကို အရူးအမူး အားကျလာပြီး ကုချင်းချန်၏အကြံကို လက်ခံလိုက်ကာ သူမကိုယ်သူမ ကုချင်းယွီနှင့် ပိုပိုတူလာအောင် စတင်လုပ်လာတော့သည်။

ကုချင်းချန်က သူမသွေးဆောင်လေသည်။

“ နင် သူ မဖြစ်ချင်ဘူးလား၊ ဒီလိုဆိုရင် သူ့မှာ ရှိတာအားလုံးကို နင်လွယ်လွယ်လေးနဲ့ ရလာနိုင်တယ်နော်၊ သူ့ မလိုက်နိုင်ခဲ့တဲ့ ဒုတိယမျိုးဆက်သူဌေးသားတွေမှအများကြီးပဲ၊ ငါ နင့်ကို သူတို့နဲ့ မိတ်ဆက်ပေးမယ်လေ”

ကုချင်းချန်ပတ်ဝန်းကျင်ရှိ ဒုတိယမျိုးဆက်သူဌေးသားများအားလုံးသည် အရပ်မြင့်ကာ ချောမောကြ၏။

လင်းဟန်ကျောက်၏ နှလုံးခုန်နှုန်းသည် မြန်လာပြီး သူမ၏ခရီးကို စတင်လိုက်တော့သည်။ ကုချင်းချန်၏ နောက်ပိုင်းတွင် ရည်ရွယ်ချက် မမှန်ကန်သည်ကို သူမ သိလာသည့်တိုင် သူမနှင့် ပူးပေါင်းပြီး အကျိုးအမြတ်ရယူခဲ့သေးသည်။

သို့သော်ငြား ယခုတွင်တော့ သူမရှေ့တွင် ထိုင်နေသည့် သခင်မလေးကုအစစ်နှင့် ရင်ဆိုင်လိုက်ရသောအခါ လင်းဟန်ကျောက်သည် မလုံမလဲဖြစ်နေပြီး စိုးတထင့်ထင့်ဖြစ်နေတာ့သည်။

သူမသည် ကြိုးစားရှင်းပြလိုက်သော်လည်း စကားတစ်ဝက်အရောက်တွင် သူမ၏ဖြေရှင်းချက်မှာ အလွန်အားနည်းကာ အလွန်အတွေးခေါင်နေသည်ဟု ကိုယ့်ဟာကိုယ် ပြန်ခံစားမလိုက်လေသည်။

ကုချင်းယွီသည် တခစ်ခစ် အသာအယာရယ်ကာ သဘောကျနေ၏။

ဒီကမ္ဘာမှာ တခြားလူကို အတုခိုးပြီး နောက်တစ်ယောက်ဖြစ်ချင်တာကြောင့် အရာအားလုံးကို ကိုယ်တိုင် ဖျက်ဆီးပစ်တဲ့လူမျိုးလည်း တကယ်ရှိတာပဲလား။ ငါတို့ဂြိုဟ်မှာဆိုရင် ဒီကိစ္စက လုံးဝကို မဖြစ်နိုင်တာလေ၊ ဘာလို့လဲဆိုတော့ ကိုယ့်ဟာကိုယ် ဆုံးရှုံးလိုက်ရပြီးမှာတော့ အသက်ရှင်ဖို့ ဘာဓိပ္ပာယ်ရှိတော့မှာလဲ။

“ မစိုးရိမ်ပါနဲ့၊ ကျွန်မ ဒီကိုလာတာ ရှင့်ကို ပြဿနာရှာဖို့မဟုတ်ပါဘူး၊ အခုဆိုရင် ရှင်က ရှန်မိသားစုရဲ့ သခင်လေးကို ဒေါသထွက်အောင်လုပ်ခဲ့ပြီးပြီလေ၊ ပြီးတော့ ကုချင်းချန်က ရှင့်ကို မကူညီရုံမကဘူး အပြစ်အားလုံးကို ရှင့်ဆီ

ပုံချလိမ့်မယ်….’

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset