အခန်း (၉)
ရှန်းထင်ရွှမ်းရဲ့ အချက်အလက်တွေကို ရှာဖွေနေတဲ့သူဟာ လုံး၀ကြီး သူစိမ်းတော့မဟုတ်ပါဘူး။ ဝမ့်ချန်ပါပဲ။
ဤအတောအတွင်း ဝမ့်ချန်က ရှန်းထင်ရွှမ်းကို သူ့ဘက်က စပြီး လာမရှာခဲ့ပေ။
သူမသာ ရှန်းထင်ရွှမ်းကို သုံးရက်ကျော်ခန့် လျစ်လျူရှုထားခဲ့လျှင် ရှန်းထင်ရွှမ်းကိုယ်တိုင် သူမကို အရင်လာရှာလိမ့်မည်ဟု အတိတ်က အတွေ့အကြုံအရ ဝမ့်ချန်က ယုံကြည်နေခဲ့သောကြောင့် ဖြစ်သည်။
တကယ်တမ်းတော့ ရှန်းထင်ရွှမ်းက သူမကို တစ်ခါမှ လာမရှာခဲ့ပေ။ သူမကသာ ရှန်းထင်ရွှမ်းဆီကို နှစ်ကြိမ်တိုင် သွားခဲ့သော်လည်း တစ်ဖက်က အလွန်အေးစက်နိုင်လွန်းသည်။
ဝမ့်ချန်က နားမလည်ခဲ့ချေ။ သူတို့နှစ်ယောက် ယခင်က အဆင်ပြေနေခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်းက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ပြီးခဲ့သည့် အခေါက်က ရှင်းယွမ်ရှန်မှာ အမှတ်မထင် ကြုံတွေ့ခဲ့ရသည့် ထူးဆန်းသော ဖြစ်ရပ်ကြောင့် ဝမ့်ချန်က ရှန်းထင်ရွှမ်းကို ဆက်မရှာခဲ့ခြင်းဖြစ်သည်။
သို့သော် ရှန်းထင်ရွှမ်းက အသီးများ တကယ်ရောင်းနေမည်ဟု သူမ မထင်ထားခဲ့ချေ။
ပြီးတော့ အဲဒါတွေကို ပိုင်လျန့်စူပါမားကတ်မှာလည်း ရောင်းနေတယ်လား။
ဟိုင်ကျောင်းဖိုရမ်သည် တရုတ်၏အကြီးမားဆုံးဖိုရမ် ဖြစ်သည်။ ၎င်းတွင် အမျိုးမျိုးသော ပို့စ်များ ရှိကြသည်။ သူမက ရှင်းယွမ်ရှန်ကို ရှာဖွေလိုက်ပြီး ရှင်းယွမ်ရှန်နှင့်ပတ်သက်သည့် ပို့စ်များသည် ရှာဖွေမှုစာရင်းတွင် ပထမဆုံးဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထိုပို့စ်ကို “ပိုင်းလျန် စူပါမားကတ်၏ နောက်ဆုံးပေါ်အသီးသည် ရိုးရိုးရှင်းရှင်းပင် ထိပ်ဆုံး ဖြစ်နေသည်” ဟု ခေါ်သည်။
ဝမ့်ချန်က ၎င်းထဲသို့ နှိပ်ဝင်လိုက်ပြီး ထိုမှတ်ချက်က စာမျက်နှာပေါင်းများစွာမှာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ၎င်းသည် လူကြိုက်များသော ပို့စ်ဖြစ်နေသည်မှာ ချဲ့ကားပြောခြင်း မဟုတ်ပေ။
[ပို့စ်။ မင်း မကြာသေးခင်က ပိုင်လျန်စူပါမားကတ်ကို သွားခဲ့တာတော့ ငါ မသိဘူး။ ငါတို့အိမ်နားမှာလည်း တစ်ခု ရှိတယ်။ မနက်က စားစရာဝယ်ဖို့ ငါ့အမေနဲ့ လိုက်သွားတာ။ အဲဒီမှာ လူတစ်စုက တစ်ခုခုကို စုပြုံတိုးနေတာကို ငါတွေ့လိုက်တယ်။ သူတို့ လှည့်ထွက်လာတာကို ကြည့်လိုက်တော့ ဆီးသီးနဲ့ မက်မွန်သီးတွေ ဖြစ်နေတယ်လေ။ ဒါ့အပြင် စျေးလည်း ကြီးသေးတယ်။ အရင်က ဆီးသီးတွေက တစ်ကတ်တီကို ၃ယွမ်လေ။ အခု ဒီမှာက တစ်ကတ်တီကို ၁၀ယွမ်နဲ့ မက်မွန်တစ်ကတ်တီကို ၂၀ယွမ်ပေးရတယ်။ ဒါပေမဲ့ လူတိုင်းက အပြေးသွားနေကြတုန်းပဲ။ ဒါ့ကြောင့် ငါလည်း စားကြည့်ဖို့ ဆီးသီးနှစ်လုံးနဲ့ မက်မွန်သီးနှစ်လုံးကို ဝယ်ခဲ့တယ်။ အိမ်ကျ စားကြည့်လိုက်တော့ အဲဒါက တကယ့်ကို အရသာရှိတာပဲ။ အဲဒါနဲ့ များများထပ်ဝယ်ဖို့ ပြန်သွားလိုက်တယ်။ ဒါပေမဲ့ အဲ့အသီးနှစ်မျိုးလုံးက ရောင်းကုန်သွားပြီ။ ဘုရားရေ… ။ ဝမ်းနည်းစရာကောင်းတာကတော့ ငါလေ ဆီးသီးရော၊ မက်မွန်သီးရော ဘာမှ မရခဲ့တာပဲ]
[မှတ်ချက် ၁။ ပို့စ်တင်သူပြောချင်တာကို ငါ သိတယ်။ ငါလည်း အဲဒီအသီးတွေကို ဝယ်ခဲ့တယ်။ အဲဒီအသီးတွေက အမှန်တကယ်ပဲ အရသာရှိလွန်းတယ်]
[မှတ်ချက် ၂။ သက်သေပြဖို့ ပုံရှိလား]
[မှတ်ချက် ၃။ ဒီဟာ မဟုတ်ဘူးလား။ (ပုံ) ]
ပုံထဲတွင် ဆီးသီးနှင့် မက်မွန်သီးများက အလွန် ကြည့်ကောင်းပေသည်။ မကြာခဏ ဖိုတိုရှော့ကို အသုံးပြုတတ်သည့် ဝမ့်ချန်က ထိုပုံသည် စစ်ထုတ်မှုနှင့် အရောင်ပြုပြင်ခြင်းများ မရှိသည်ကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်ပေသည်။ အရိုးသားဆုံးပြောရလျှင် သူမလည်း ထိုအသီးများကို စားချင်ပေသည်။
အထူးသဖြင့် သူမက ထိုဆီးသီးကို တကယ်ပဲ စားပြီးပြီ ဖြစ်ကာ ၎င်း၏အရသာက အမှန်တကယ် ကောင်းမွန်ကြောင်း သိပေသည်။
[မှတ်ချက် ၁၃။ အပေါ်က လူတွေပြောတာအားလုံး ယုံလို့ ရလို့လား]
[မှတ်ချက် ၁၄။ ငါလည်း အရမ်း စားချင်တယ်]
[မှတ်ချက် ၁၅။ အရမ်းစျေးကြီးတယ်။ ဝယ်တဲ့သူက အရူးတစ်ယောက်ပဲ ဖြစ်မယ်]
ဝမ့်ချန်က ၎င်းကို မြင်ပြီး အနည်းငယ် ပျော်ရွှင်သွားသည်။ အားလုံးပြီးနောက် လူတချို့က ထိုပို့စ်ကို မေးခွန်းများ ထုတ်နေကြသည်။ မင်း ဒီထက်ပိုပြီး အောက်ကို ဆွဲကြည့်လေ ထိုပို့စ်ရဲ့ ဦးတည်ရာက မှားလေ ဖြစ်သည်။
[မှတ်ချက် ၁၀၉။ ငါမထိန်းနိုင်တော့ဘူး။ အဲဒါကို ဒီနေ့ပဲ သွားဝယ်မယ်။ အဲဒါက တကယ် အရသာရှိတယ်။]
[မှတ်ချက် ၁၁၀။ တောင်းပန်ပါတယ်။ ငါ ခုနက ပြောခဲ့တာအတွက် တောင်းပန်ပါတယ်။ ငါက အရူးတစ်ယောက်ပါ။ အရူးတစ်ယောက် ဆက်ဖြစ်နေတုန်းပဲ]
[မှတ်ချက် ၁၁၁။ ငါ စားပြီးသွားတော့ အကုန်လုံး ချဲ့ကားပြောနေဖို့ မလိုတာကို သိလိုက်ရပြီ]
နောက်ဆုံးစာမျက်နှာ အနည်းငယ်ကို ကြည့်လိုက်ရာ မှတ်ချက်များက ရောက်လာခဲ့သည်။ …..
[မှတ်ချက် ၉၈၇။ ဒီလူက ပိုင်လျန်ကို ပစ္စည်း ပိုထားပေးဖို့ တောင်းဆိုလိုက်ပြီ]
[မှတ်ချက် ၉၈၈။ သဘောတူပါတယ် ။ +၁ ]
[မှတ်ချက် ၉၈၉။ +၂ ]
[မှတ်ချက် ၉၉၀။ +၃ ]
ထို့နောက် နောက်မှတ်ချက်၌ ယခုည လူတိုင်းက အသီးများကို တိုက်ရိုက် ခူးယူကြလိမ့်မည်။ ဤအသီးများကို ရှင်းယွမ်ရှန်မှ ထောက်ပံ့သည်။ သင်က အဖွဲ့တစ်ခုကို ဖောင်တင်နိုင်ပြီး ရှင်းယွမ်ရှန်မှာ ၎င်းကို ဝယ်ရန် သွားနိုင်ပေသည်။
ဤအရာကို မြင်ပြီး ဝမ့်ချန် ငြိမ်မနေတော့ချေ။
ပိုင်လျန်စူပါမားကတ်ကို ဖန်းမိသားစုက ပိုင်ဆိုင်သည်။ ဖန်းမိသားစုက ရှန်းမိသားစုထက် အခြေအနေဆိုးပေသည်။ သို့သော် ၎င်းတွင် ဘီမြို့၌ မြင့်မားသောအသိုင်းအဝိုင်းတွင် နေရာတစ်ခု ရှိပြီးသားလည်း ဖြစ်သည်။
ရှန်းထင်ရွှမ်းသည် ဖန်းမိသားစုကို မည်ကဲ့သို့ လာဘ်ထိုးလိုက်မှန်း သူမ မသိချေ။ သို့သော် ပိုင်လျန်က ရှန်းထင်ရွှမ်း၏ အသီးများကို ရောင်းရန် ဆန္ဒရှိနေပေသည်။
ထိုအရာကို စဥ်းစားလိုက်ပြီးနောက် ဝမ့်ချန်က ရှန်းရွှမ်ကို ဖုန်းခေါ်လိုက်သည်။
ရှန်းရွှမ်က အိမ်၌ ညစာစားနေခဲ့ပြီး ထိုသတင်းကို ကြားသောအခါ သူမ မျက်နှာပျက်သွားခဲ့သည်။
ဖုန်းချလိုက်ပြီးနောက် ပါပါးရှန်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။ “ဘာကိစ္စလဲ ” သူ့တွင် သမီးနှစ်ယောက်ရှိသည်။ သို့သော် ရှန်းရွှမ်က သူ့ကို မပူပန်စေသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
ရှန်းရွှမ်၏ မျက်နှာထားက တစ်စုံတစ်ခုကို ပြောရန် ချီတုံချတုံ ဖြစ်နေပြီး ဘေးနားရှိ မာမားရှန်က မေးလိုက်သည်။ “အဲဒါက ဘာလဲ ရွှမ်ရွှမ်၊ သမီး ဘာကြောင့် တန်းမပြောနိုင်ရတာလဲ ”
ရှန်းရွှမ်က ပြောလိုက်သည်။
“ဖုန်းဆက်တဲ့သူက ညီမလေးရဲ့သူငယ်ချင်းပါ၊ သူက ပြောတယ်၊ ညီမလေးက အသီးတွေ ရောင်းနေတယ်တဲ့ ” စကားပြောပြီးနောက် သူမ၏မျက်နှာပေါ်၌ စိုးရိမ်သည့်မျက်နှာထားဖြင့် ရှိနေပေသည်။
ဘေးနားရှိ မာမားရှန်က မနှစ်သက်စွာ ပြောလိုက်သည်။
“ငါတို့ ရှန်မိသားစုက သူ့ကို ထောက်ပံ့ဖို့ အစားအစာတွေရော အဝတ်အထည်တွေရော ပြတ်လပ်နေလို့လား၊ ဘာလို့ အသီးရောင်းစားနေတာလဲ ”
ရှန်းရွှမ်က တုံ့ဆိုင်းနေသည်။ ပြီးနောက် ပါပါးရှန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“သမီးကြားခဲ့တာက ညီမလေးက ပိုင်လျန်စူပါမားကတ်မှာ အသီးတွေရောင်းနေတာတဲ့၊ နက်ဖြန် ညီမလေးကို သမီး သွားတွေ့ရင်ရော ”
ရှန်းထင်ရွှမ်းအသီးများကို ပိုင်လျန်၌ ရောင်းနေသည်ဟု သူမသာ အရင်ဆုံး ပြောခဲ့လျှင် ပါပါးရှန်က မည်သည်က မှားယွင်းနေသည်ကို တွေးလိမ့်မည် မဟုတ်ကြောင်း ရှမ်းရွှမ်က သိသည်။ သို့သော် ရှန်းထင်ရွှမ်းက အသီးများကို ရောင်းနေကြောင်း သူမ အရင်ဆုံးပြောလိုက်ပြီး နောက်မှ တည်နေရာကို ပြောခဲ့လျှင် ပါပါရှန်းက ပိုင်လျန်စူပါမားကတ်၌ အသီးများ ရောင်းသည့်အကြောင်းကို တွေးနိုင်တော့မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူမ တွေးထားတဲ့အရာမှာ ရှန်မိသားစုက မိန်းကလေးက အသီးတွေ ရောင်းနေရတယ်လို့ ထင်အောင် ဖြစ်သည်။
ဣန္ဒြေဆည်နေသော ပါပါးရှန် တစ်ယောက် လုံးဝ ဟန်မဆောင်နိုင်တော့ပေ။ (တိုက်ရိုက်ပြန်ရန်တော့ မျက်နှာ ထိန်းထားခြင်းတဲ့ ရှန်အဖေက မထိန်းထားနိုင်တော့ဘူး)
( TN : တရုတ်ဝတ္ထုတွေက မျက်နှာကို ဣန္ဒြေ၊ ဂုဏ်၊ သိက္ခာ အစရှိသဖြင့်ကို ဖော်ပြရန် အသုံးပြုကြသည်။ သင်သာ တရုတ်ဝတ္ထုဖတ်ရှုသူ တစ်ယောက်ဆိုလျှင် ၎င်းကို နေရာတိုင်းမှာ တွေ့ရလိမ့်မည်။ )
ပါပါးရှန်က တင်းမာစွာ ပြောလိုက်သည်။ “ဖေးရဲ့စူပါမားကတ်မှာ ရောင်းနေရင်တောင် ဒါက မကွဲပြားသွားဘူး ”
ဖန်းမိသားစုသည် ရှန်းမိသားစုထက် ပိုဆိုးသည်။ ရှန်းမိသားစုသည် ဖေးမိသားစုထက် ပိုဆိုးပေသည်။ ရှန်း၏လုပ်ငန်းများတွင် စူပါမားကတ် မရှိပေ။ သို့သော် ဖေးမိသားစုက ကွဲပြားပေသည်။ ဖေး၏စူပါမားကတ်က တရုတ်ထိပ်ဆုံး (၁၀၀) စာရင်း မဆိုထားနှင့်။ ကမ္ဘာ့ထိပ်ဆုံး (၁၀၀) စာရင်းပင် ပါဝင်နိုင်ပေသည်။
သို့သော် ပါပါရှန်းက ရှန်းထင်ရွှမ်းဆီသို့ အလည်သွားမည့် ရှမ်းရွှမ်၏ အကြံပေးချက်ကို မငြင်းပယ်ခဲ့ပေ။ ရှန်းရွှမ်က သူမဖုန်းကို အဝေးမှာ ထားလိုက်သည်။ သူမက မနက်ဖြန်တွင် သူ့ညီမလေးဆီသို့ အမှန်တကယ် သွားလိမ့်မည် ဖြစ်သည်။
…
ရှန်မိသားစုတွင် ဘာဖြစ်နေမှန်းမသိသည့် ရှန်းထင်ရွှမ်းက ယခု သူမ၏ဖုန်းကို ကိုင်ထားပြီး တချို့ အဖိုးတန် Page တချို့ကို ရိုက်ရှာနေသည်။ (TN: ထောင်းပေါင်၊ တရုတ်ပြည်၏ အကြီးမားဆုံး အွန်လိုင်းစျေးဝယ်ပလက်ဖောင်း၊ သူ၏နာမည်တွင် ပေါင် (အဖိုးတန်) ဟူသည့် စကားလုံး ပါဝင်ပေသည်။)
သူမ မြင်ခဲ့သည့်၊ ရွာကိုလာသည့်ကားက ဝိုင်ပို့ဆောင်ရေးမှ ဖြစ်သည်ကို သတိရသွားသည်။ မူလကိုယ်၏ အတိတ်မှ မှတ်ဉာဏ်များကို ရှာဖွေလိုက်ပြီး ရှန်းထင်ရွှမ်းက page ပေါ်ရှိ ဝိုင်ပို့ဆောင်ရေး ရနိုင်မည့်ဆိုင်နေရာများကို စစ်ထုတ်လိုက်သည်။
ရှန်းထင်ရွှမ်းက ယခု လူသားတစ်ယောက်ဖြစ်လာသော်ငြား သူမက ယနေ့ခေတ်နည်းပညာများကို အသုံးပြုတတ်ရန် အချိန်တချို့ လိုနေဆဲ ဖြစ်သည်။
ပိုင်လျန်စူပါမားကတ်နှင့် စာချုပ်တစ်ခုကို လက်မှတ်ထိုးပြီးနောက် မကြာမီ သို့မဟုတ် နောက်ကျ ထိုဆီးသီးများနှင့် မက်မွန်သီးများအားလုံးကို ရိတ်သိမ်းရလိမ့်မည်ဟု ရှန်းထင်ရွှမ်း ခံစားနေရသည်။ ကံကောင်းစွာပင် ဤတောင်က လုံလောက်အောင် ကြီးမားပေသည်။ သို့သော် ရွာရှိစျေးဆိုင်၌ သခွား၊ ငရုတ်နှင့် ဂေါ်ဖီစေ့များသာ ရှိပေသည်။
ထို့ကြောင့် သူမက အစေ့အမျိုးအစားအားလုံး၊ ဆန်တချို့၊ ဆီနှင့် တခြားအစားအစာများကို ဝယ်ယူခဲ့သည်။ ၎င်းက စုစုပေါင်း ၈၇၃ယွမ် ကုန်ကျပေသည်။
ဤကာလအတောအတွင်း သူမက ငွေတချို့ ရှာနိုင်ခဲ့သည်။ ယခု သူမ၏အကောင့်တွင် ၃၁၂၇၁ ယွမ် ကျန်ရှိသည်။
ညသန်းခေါင်တွင် သူမက အိပ်ရာထရလိမ့်မည်မှန်း သိနေသောကြောင့် ရှန်းထင်ရွှမ်းက စောစော အနားယူလိုက်သည်။
ည ၁၂နာရီတွင် စနစ်၏ပြိုင်ဘက်ကင်း စက်ပိုင်းဆိုင်ရာအသံက တဖန် ရောက်လာခဲ့သည်။
“မင်းစိုက်ခဲ့တဲ့အသီးတွေကို ၁၂နာရီအတွင်း လူ ၁၂၈ ယောက်ကို စားခိုင်းပါ ”
ကောင်းပြီ။ ဒီညလယ်မှာ ထုတ်ပြန်တဲ့မစ်ရှင်က တကယ်ပဲ လူတွေကို ကောင်းကောင်း အိပ်မရအောင် လုပ်နေတာပဲ။
သို့သော် သူမ၏ ဝိညာဉ်သွေးကြောများအတွက် ရှန်းထင်ရွှမ်းက ထလိုက်ပြီး သူမ၏စွမ်းအင်ဖြင့် ရေလောင်းရန် တောင်ပေါ်ရှိ မက်မွန်ပင်သို့ ပြေးသွားခဲ့သည်။
မနေ့ကကဲ့သို့ ရှန်းထင်ရွှမ်းက အိပ်လိုက်ပြီး မနက် ၄နာရီ၌ အသီးများ ထခူးလေသည်။ ဝိညာဉ်စွမ်းအင်များကို သူမ ပိုပြီးရရှိလေလေ ရှန်းထင်ရွှမ်းက ပိုပြီး လက်သွက်လာလေဖြစ်ပြီး အသီးများရိတ်သိမ်းသည့်နှုန်းကလည်း ပိုမို မြန်ဆန်လာခဲ့သည်။
မနက် ၇နာရီတွင် ပိုင်လျန်စူပါမားကတ်မှ ဝန်ထမ်းရောက်လာသောအခါ ရှန်းထင်ရွှမ်းက ဆီးသီး ၁၀၀၃ ကတ်တီနှင့် မက်မွန်သီး ၁၇၀၀ ကတ်တီကို အဆင်သင့် ခူးယူထားခဲ့ပြီး ဖြစ်သည်။
စူပါမားကတ်၏ဝန်ထမ်းက အလေး ချိန်ပြီးသွားပြီး ရှန်းထင်ရွှမ်းအား အလေးချိန် မှတ်တမ်းကို ပေးပြီး ထွက်သွားတော့သည်။
သူတို့ ပို့ဆောင်သည့် ကုန်ပစ္စည်းများက မများသော်လည်း လူတိုင်းက ၎င်းဆီသို့ လိုက်ကြည့်နေကြသည်။
…
ရှန်းထင်ရွှမ်းက ဆီးသီးများနှင့် ပန်းသီးများကို ခူးယူလိုက်ပြီး တောင်အောက်သို့ ဆင်းသွားလိုက်သည်။ မူလက ရှန်းထင်ရွှမ်းသည် တာဝန်အား ပြီးမြောက်ရန်အတွက် အသီးများကို ရောင်းကူရန် ပိုင်လျန်စူပါမားကတ်ကိုသာ မှီခိုအားထားခဲ့ရသည်။
ရွာထဲမှာလည်း ပုံမှန်ဝယ်သူများရှိလာသောကြောင့် ရှန်းထင်ရွှမ်းက အသီးများကို ပိုခူးယူခဲ့ပြီး တောင်ခြေသို့ ဆင်းလာခဲ့သည်။
ရှောင်ဖုန်းက အသီးဝယ်ပြီးနောက် ထွက်သွားရန် အလျင်မလိုခဲ့ချေ။ သို့သော် လာဝယ်သော လူများ အရင်ထွက်သွားသည်ကိုသာ စောင့်နေခဲ့သည်။
ယနေ့ ထိုနေရာ၌ လူအမြောက်အများ ရှိနေကြသည်။
…
မနေ့က ရှောင်ဖုန်းသည် ရှန်းထင်ရွှမ်းကို ထရပ်ကားအကြောင်း သာမန်ကာလျှံကာ မေးခဲ့သည်။ မကြာမီ ရွာသားများက ရှန်းထင်ရွှမ်း၏ အသီးများကို ပိုင်လျန်စူပါမားကတ်၌ ရောင်းကြောင်း သိရှိသွားခဲ့သည်။
ရွာရှိလူများက စားသောက်ပြီးနောက် မိုးမရွာမချင်း ရွာကော်မတီရုံး၏ အရှေ့ဘက်ရှိ သစ်ပင်ကြီးအောက်တွင် စကားစမြည် ပြောလေ့ရှိကြသည်။ သူတို့အများစုက အကျိုးမရှိသည့် အဓိပ္ပာယ်မရှိသော အတင်းအဖျင်းများကို ပြောကြသည်။
ဥပမာအနေဖြင့် လင်မယား ရန်ဖြစ်သည့်အကြောင်း၊ ယောက္ခမနှင့် ချွေးမ စကားများသည့်အကြောင်းတို့ ဖြစ်သည်။
သူတို့ ပြောသမျှအားလုံးက အရေးမပါသော အကြောင်းအရာများသာ ဖြစ်သည်။
သို့သော် မနေ့ညက လူတိုင်း ခေါင်းစဥ်အသစ်ကို ရှာတွေ့ခဲ့ကြပုံပေါ်သည်။
“ရှင်းယွမ်ရှန်က ဆီးသီးတွေရောင်းနေတာ မင်းတို့သိလား ”
“ငါသိတယ်၊ လူတိုင်းက အဲ့ဒါက အရသာရှိတယ်လို့ ပြောနေတာ၊ ငါ ဒီနေ့ တစ်ကတ်တီ သွားဝယ်သေးတယ်၊ အဲ့ဒါက တကယ် အရသာရှိတာပဲ ” ဆီးသီးအရသာကို တွေးနေစဉ် ပြောနေသူက သွားရည်များ မထိန်းနိုင်တော့ချေ။
“ငါကြားခဲ့တာတော့ သူက အသီးတွေအားလုံးကို မြို့က စူပါမားကတ်ကြီးမှာ ရောင်းတာတဲ့ ”
“ဒါက သာမန်ပဲလေ၊ လျိုစန်းရဲ့မိသားစုက ကလေးက အသီးစားရတာ မကြိုက်ဘူးလေ၊ ဒါပေမဲ့ သူက အဲဒီဆီးသီးတွေနဲ့ မက်မွန်သီးတွေကို စားရတာ အရမ်း ကြိုက်တယ်တဲ့၊ ဟုန်မိန်ရဲ့မိသားစုကလည်း အသီးတွေကို ချီးမွမ်းနေကြတာ ” ထိုမိသားစုက သူတို့အဖိုးတန်လေး၏ ပြဿနာကို ဖြေရှင်းနိုင်သောကြောင့် မည်မျှ ပျော်ရွှင်နေမည်နည်း။
“နင် မပြောနဲ့၊ ငါ့ယောက္ခမက အရမ်း ဇီဇာကြောင်တယ်၊ သူကတောင် ဆီးသီးတွေ အရမ်းအရသာရှိတာလို့ ထင်နေတာ ” ၎င်းက ရိုးရှင်းသည့်ပင်ကိုစရိုက်နှင့် ယောက်ျားတစ်ယောက်ကို ရှာတွေ့ခဲ့သည့် ရွာထဲရှိ ဒုတိယမြောက်မိန်းကလေး ဖြစ်သည်။ သို့သော် သူမယောက်ျား၏အမေက ဇီဇာကြောင်သည်။ ကြက်ဥထဲက အရိုးကိုတောင် လိုက်ဖယ်တတ်သည်။ (TN: စိတ်ကူးတစ်ခုဖြ စ်နေလျှင်တောင် အရာရာတိုင်းမှာ အမှားရှာရတာကြိုက်သည်။ )
တစ်စုံတစ်ခုက ကောင်းမွန်စွာ ဘယ်လိုပင် ပြီးသွားပါစေ ကိစ္စမရှိပေ။ ဒုတိယမြောက်မိန်းကလေး၏ ယောက္ခမက အမှားတစ်ခု၊ နှစ်ခု၊ သုံးခုကို ရှာပြလိမ့်မည်။
ဒုတိယမြောက်မိန်းကလေးက လောဘကြီးသည်။ မနေ့က တံခါးနားရှိလူများသည် ရှင်းယွမ်ရှန်၏ ဆီးသီးများက အရသာရှိသည်ဟု ပြောနေသည်ကို သူမက ကြားခဲ့သည်။ ထို့ကြောင့် သူမ အနည်းငယ် ဝယ်ခဲ့သည်။ ပြန်ရောက်လာသောအခါ သူမက ဆီးသီးများသည် အမှန်တကယ် အရသာရှိကြောင်း တွေ့ရှိသွားသည်။
သူမက ပျော်ရွှင်စွာ စားသောက်နေသည်ကို သူမ၏ယောက္ခမက မြင်သွားခဲ့သည်။
ရွာရှိလူအများစုက ဆီးသီးများ စိုက်ပျိုးကြပြီး ထိုမိနိးကလေး၏ မိသားစုသည်လည်း ခြွင်းချက် မဟုတ်ပေ။ ထို့ကြောင့် ထိုအခိုက်အတန့်တွင် သူမ၏ယောက္ခမက အနည်းငယ် မပျော်မရွှင် ဖြစ်သွားပြီး ငွေများကို လက်လွတ်စပယ် သုံးဖြုန်းနေသည်ဟု ခံစားလိုက်ရသည်။
ထိုအချိန်မှာ ဒုတိယမြောက်မိန်းကလေးက စိတ်ဝင်စားမနေဘဲ သူမယောက္ခမကို ဆီးသီးတစ်လုံး ထိုးကျွေးလိုက်သည်။
သူမ၏ယောက်ျားကို လက်ထပ်ပြီးကတည်းက သူမ၏ယောက္ခမ ထိတ်လန့်သွားသည်ကို သူမ မြင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ပြီးနောက် ထိုမိန်းကလေး၏ယောက္ခမက သူမဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူတို့နှစ်ယောက်လုံးက ဆီးသီးတစ်ကတ်တီကို တစ်ထိုင်ထဲ စားလိုက်ကြတော့သည်။
စားပြီးနောက် ထိုမိန်းကလေး၏ ယောက္ခမက မကျေမနပ်ပြောနေဆဲ ဖြစ်သည်။
“ဘာလို့ နည်းနည်းလေး ဝယ်လာတာလဲ ” ပုံမှန်ဆို ဒုတိယမြောက် မိန်းကလေးက ကုန်စုံဆိုင်သွားပြီး ပစ္စည်းများ ဝယ်လာချိန်တွင် အဆူခံရသည်။
ထိုအချိန်တွင် မိန်းကလေးက အလွန် အံ့အားသင့်သွားခဲ့သည်။
လူတိုင်းက ရှင်းယွမ်ရှန်၏ ဆီးသီးများသည် အရသာရှိကြောင်း ပြောဆိုနေကြပြီး ရုတ်တရက် နားဝင်မချိုသည့် အသံတစ်ခုက ပြောလိုက်သည်။
“လူတိုင်းက တစ်ရွာတည်းမှာ နေကြတာပဲ၊ မြေကလည်း တူတူပဲ၊ ဘာလို့ ရှင်းယွမ်ရှန်ရဲ့ ဆီးသီးတွေက အရမ်းအရသာရှိနေရတာလဲ။ ငါတို့စိုက်တာတွေကျတော့ ဒီအရသာ မဟုတ်ဘူး”
ထိုစကားများ ပြောပြီးပြီးချင်း တစ်စုံတစ်ယောက်က နောက်မှ လိုက်ပြောလိုက်သည်။
“မှန်တယ်၊ ဘာလို့ သူ့ရဲ့အသီးတွေ ပိုပြီး အရသာရှိနေရတာလဲ၊ ဘာလို့ စူပါမားကတ်ကြီးမှာ တင်ရောင်းနိုင်ရတာလဲ ”
“ရှင်းယွမ်ရှန်က နှစ်အကြာကြီး မစိုက်ပျိုးဘဲထားတာကြောင့် ဖြစ်နိုင်တယ် ”
တခြားသူများကလည်း ပြောလိုက်သည်။ “ဘယ်သူမှ မစိုက်ဖူးဘူး။ ဒီမြေက သန့်စင်တယ်လို့တော့ ပြောနိုင်တယ်၊ ဒါပေမဲ့ အရသာက အရမ်းကြီး ကွာခြားလွန်းနေတာတော့ ငါမပြောတတ်ဘူး”
“မင်း ဘာကြောင့် ဒီလို ပြောတာလဲ ”
“ငါမသိဘူး၊ ဒီဆီးသီးက မရိုးရှင်းဘူးလို့ ငါ အမြဲတမ်း ခံစားနေရတယ်၊ အဲထဲကို ဟော်မုန်းလိုမျိုးဟာတွေ ထည့်ထားတာ ဖြစ်နိုင်တယ် ”
“ငါလည်း ကြားခဲ့သေးတယ်၊ အခု လူအများစုက အသီးတွေကို ရင့်မှည့်စေတဲ့ဆေးတွေ သုံးကြတယ်တဲ့၊ အသီးတွေ ကြည့်ကောင်းအောင်လုပ်ဖို့ သူတို့က ဆိုးဆေးနဲ့ ဆေးသကြားတွေ ပေါင်းထည့်ကြတယ်တဲ့ ”
လူတချို့ကတော့ ဒေါသတကြီး ပြန်ပြောလိုက်ကြသည်။
“ဒါပေမဲ့ ဆီးသီးတွေက အရမ်းအရသာရှိတာနော်၊ ငါက အခွံတောင်နွှာပြီး အကုန်လုံးကို စားလိုက်တာ၊ ငါတော့ ဘာထူးဆန်းတဲ့ အရသာမှ မရပါဘူး ”
“ဟုတ်တယ်၊ ငါလည်း အခွံတစ်ခုပဲချန်ပြီး ဟိုးအူတိုင်ထဲထိ အကုန်လုံး စားလိုက်တာ၊ အဲ့အသီးတွေက မွှေးကြိုင်ပြီး ကြွပ်ဆတ်နေတာပဲ ”
” ငါကတော့ အဲဒါကို သတိရှိရှိစောင့်ကြည့်တာ ပိုကောင်းမယ်လို့ ထင်တာပဲ ”
ဘာပဲဖြစ်ဖြစ် ထိုစကားဝိုင်းက ယနေ့ ရှန်းထင်ရွှမ်းကို ဝယ်သူအများအပြား ရရှိသွားစေပြီး ရှန်းထင်ရွှမ်း အားသည်ထိ ရှောင်ဖုန်းက အချိန်အတော်ကြာ စောင့်နေခဲ့ရသည်။
…
စာရေးသူမှာ ပြောစရာရှိနေပါသည်။
အို့… နောက်ဆုံးတော့ ဒီအခန်းကို အစားထိုးနိုင်ခဲ့ပြီ။
…