EGQY အပိုင်း ၁၅/၁၆

အပိုင်း (၁၅) ဝေ့ပေါ် ပေါ်မှာပေါက်ကွဲသွားတယ်

ကုချင်းချန်နှင့်ယှဥ်လျှင် ကုချင်းယွီ၏လက်ရှိခန္ဓာကိုယ်သည် သဘာဝအလျောက် ပိုလှပကာ ပိုကောင်းသည့် ရုပ်သွင်တစ်ခု ဖြစ်၏။

ကုချင်းချန်သည် ရှန်ချန်း၏ရည်ရွယ်ချက်ကို သတိပြုမိသွားချိန်၌ သူမသည် ကုချင်းယွီကိုရရန် သူ့အား ကူညီပေးမည်ဟု အမှန်ပင်ပြောခဲ့ပြီး ‘ကုချင်းယွီ’နာမည်နှင့် WeChatအကောင့်တစ်ခုကို သူနှင့် မိတ်ဆက်ပေးခဲ့ပြီး အကောင့်၏ရုပ်ပုံနှင့် အချက်အလက်များသည် မှန်ကန်နေ၏။ ထိုမိန်းမသည် သူမနှင့် တစ်ထေရာထဲ တူသော်လည်း သူမ မဟုတ်သည်က ရှင်းလင်းလှပေသည်။

ကုချင်းယွီသည် တခစ်ခစ်ရယ်လိုက်၏။

တကယ်စိတ်ဝင်စားစရာကောင်းတာပဲဟယ်….

ဒီတော့ ကုချင်းချန်က ငါနဲ့တစ်ထပ်ထဲတူတဲ့တစ်ယောက်ကို ဘယ်ကရှာတွေ့ခဲ့တာပါလိမ့်။ အဲဒီမိန်းမကို ငါလေးလို ဟန်ဆောင်ခိုင်းပြီး ရှန်ချန်းနဲ့တောင် ဒိတ်လုပ်ခွင့်ရအောင် လုပ်ပေးလိုက်သေးသတဲ့လား။

ရှန်ချန်းသည် ဗီဒီယိုရိုက်ထားပြီး အွန်လိုင်းပေါ် တင်လိုက်ပြီးနောက် ထိုမိန်းမသည် သိသိသာသာ ကြောက်လန့်သွားသော်လည်း အွန်လိုင်းပေါ်က လူအားလုံးက ဗီဒီယိုထဲက ‘သူမ’ကို ကုချင်းယွီဟု ထင်သွားကြသောအခါ သူမ၏စိုးရိမ်မှုများသည် အဖျားရှူးသွားပြီး တဖြည်းဖြည်း စိတ်အေးသွားတော့သည်။

ကုချင်းယွီသည် တဲ့တိုးသမား ဖြစ်လေသည်။ သူမသည် ကွေ့ဝိုက်သွားရသည့် နည်းလမ်းမျိုး သုံးရခြင်းကို စိတ်မရှည်တတ်ချေ။ သူမသည် သူတို့စကားများအားလုံးကို ချက်ချင်း စခရင်ရှောတ့်ကာ သိမ်းလိုက်ပြီး သူမနှင့်တစ်ပုံစံထဲ ခွဲစိတ်ထားသည့် လင်းဟန်ကျောက်၏ ပလက်စတစ်ဆာဂျရီ မှတ်တမ်းကိုလည်း သိမ်းထားလိုက်ပြီးနောက်….

သက်သေအားလုံးလို ဝေ့ပေါ် ပေါ်တွင် အိပ်သွန်ဖာမှောက်ချပြလိုက်တော့သည်။

ထိုအချိန်တွင် အားလုံးသည် အိပ်ရာနိုးစဖြစ်ပြီး ကုချင်းယွီသည် နည်းပညာကိုသုံးကာ ဝေ့ပေါ်ကို တိုက်ရိုက်ဟက်လိုက်ပြီး သူမ၏ဝေ့ပေါ်ကို ရှာဖွေမှုအများဆုံး နံပါတ်တစ်ဖြစ်အောင်လုပ်လိုက်ပြီး နာမည်အကြီးဆုံး အကြံပြုသတင်းများတွင် နံပါတ်တစ်ဖြစ်အောင်လုပ်ထားလိုက်လေသည်။

အိပ်ရာနိုးသည်နှင့် ဝေ့ပေါ်ကို ကြည့်တတ်ကြသူများသည် ထိုသတင်းကို ချက်ချင်း သတိထားမိသွားတော့သည်။ ကုချင်းယွီသည် မနေ့ကမှ ရှာဖွေမှုအများဆုံးဖြစ်ထားပြီး ဒါသည် စိတ်ဝင်စားမှုအမြင့်ဆုံးအချိန် ဖြစ်နေရာ သူမသည် ဝေ့ပေါ်ပေါ်တွင် ပိုစ့်တင်ထားပြီး ထိုဗီဒီယိုကို ရည်ညွှန်းချက် ပြထားသည်ကို မြင်လိုက်သည်တွင် မနေ့က မတောတဆဖြစ်ရပ်ကို followလုပ်ခဲ့သူများသည် ဝင်ကြည့်လိုက်ကြပြီးနောက် ချက်ချင်းပင် ရှော့ခ်ရသွားကြတော့သည်။

“ ဘုရားရေ ငါ့ကမ္ဘာကြီးရဲ့အမြင်ကို အသိတိုးသွားအောင်လုပ်ပေးလိုက်တာပဲ”

“ယောက်ျားတစ်ယောက်ကို ဒိတ်ဖို့ တခြားတစ်ယောက် ဖြစ်လာအောင် ပလက်စတစ်ဆာဂျရီ လုပ်တဲ့သူက တကယ်ရှိနေတာပဲ… ငါ့သုံးဖက်အမြင်ကတော့ ကွဲကြေရပါပြီ”

“ ‘ချင်းချန်’ရဲ့နာမည်အပြည့်အစုံ mentionက ကုချင်းချန် ဖြစ်နေတာကို သတိထားမိတာ ငါတစ်ယောက်ထဲလား၊ ကုချင်းယွီရဲ့ ညီမလေးမလား၊ ကျွတ် ကျွတ် လူတွေက ပလက်စတစ်ညီအစ်မ1 အကြောင်း အမြဲတမ်းပြောကြပေမဲ့ တကယ့်ပလက်စတစ်အခြေအနေနဲ့ ညီအစ်မကိုတော့ အခုမှ ပထမဆုံးမြင်ဖူးတာပဲ”

“ အံ့ဩစရာတော့မဟုတ်ပါဘူး၊ ကုချင်းယွီနဲ့ ကုချင်းချန်က အမေတစ်ယောက်ထဲက မွေးတာ မဟုတ်ဘူးလေ၊ ငါက Sမြို့ကပဲ၊ ကုမိသားစုက Sမြို့မှာ အချမ်းသာဆုံးလို့ ပြောလို့ရတယ်၊ ဒီတော့ အဲဒီအရှုပ်ထုပ်အကြောင်းကို လူတိုင်း သိတယ်လေ”

“ ဒါဆို ဗီဒီယိုထဲက မိန်းမက တကယ်ပဲ ကုချင်းယွီ မဟုတ်ဘူးပေါ့၊ အဲမိန်းမနာမည်က လင်းဟန်ကျောက်လား၊ သူမ ဘယ်ကလဲဆိုတာ တစ်ယောက်ယောက်များ သိကြလား”

“ကျွတ်ကျွတ် ဒီလင်းဟန်ကျောက်က သူမခန္ဓာကိုယ်ပေါ်မှာ နေရာအခု နှစ်ဆယ်လောက် လုပ်ခဲ့တာပဲ၊ သူ့ရဲ့မျက်နှာတုနဲ့ ရင်အတုတွေက တစ်ခုခုနဲ့ တိုက်မိပြီး ပြုတ်ကျသွားမှာ မစိုးရိမ်ဘူးလား၊ ပြီးတော့ ဒီရှန်ချန်းဆိုတဲ့လူက တကယ့်ကို အစားမရွေးတဲ့ကောင်ပဲ….”

“ တော်ကြပါတော့၊ ရှန်ချန်းသာ လင်းဟန်ကျောက်ရဲ့ ပလက်စတစ်ဆာဂျရီမလုပ်ခင်က ပုံတွေကို မြင်သွားရင် မနေ့ညက သူစားထားသမျှ ပြန်အန်ထွက်တော့မယ်ထင်တယ်”

……

ဝေ့ပေါ်တွင် ရုတ်တရက်ပေါက်ကွဲသွားပြီး ဒါသည် သူတို့မျှော်လင့်ထားသည့်အတိုင်းပင်။ ထိုအချိန်တွင် ရှန်ချန်းသည် အွန်လိုင်းပေါ်က လင်းဟန်ကျောက်၏ပုံများကို မြင်သွားချိန်၌ သူ့မျက်နှာမှာ ပြာနှမ်းသွားတော့၏။ သူသည် ဤမျှရုပ်ဆိုးလှသည့် မိန်းကလေးတစ်ယောက်နှင့် ဆက်ဆံခဲ့သည့်အချက်ကို စဥ်းစားလိုက်ချိန်တွင်တော့ အန်ထွက်လုမတတ်ပင်။

“ကုချင်းချန် မင်း ဒါဘာသဘောလဲကွ၊ မင်း အစ်မနဲ့ ငါ့ကို မိတ်မဆက်ပေးချင်ဘူးဆိုရင်တောင် ငါ့ကို ကစားဖို့ အတုတစ်ယောက်ကိုများ ခေါ်လာရဲသေးသတဲ့လား”

ရှန်ချန်းသည် ကုချင်းချန်ကို ဖုန်းခေါ်ပြီး သူမကို ဒေါသတကြီး မေးခွန်းထုတ်တော့သည်။

သူ့ဒေါသအတွက်လည်း သူ့ကို အပြစ်ပြော၍မရချေ။ အစပိုင်းတွင် သူသဘောကျသူမှာ ကုချင်းချန်ဖြစ်သော်လည်း ကုချင်းချန်ကြိုက်သူက တွမ့်ရှင်းယွမ်ဖြစ်နေ၏။ ထို့ကြောင့် သူမသည် သူ့ကို လုံးဝသတိမထားမိချေ။ ထို့နောက် သူက ကုချင်းယွီကို ကြိုက်သွားသည်ကို မြင်လိုက်ပြီးနောက် သူမသည် သူ့အား ကုချင်းယွီနှင့် မိတ်ဆက်ပေးမည်ဟု ပြောခဲ့လေသည်။ သို့သော် ကုချင်းယွီနှင့် တွမ့်ရှင်းယွမ်တို့သည် တည်ငြိမ်သည့်ဆက်ဆံရေးတစ်ခု ရှိထားပြီး စေ့စပ်ထားပြီးသားဖြစ်သည်ကို သူမကောင်းကောင်းသိထား၏။

ထို့ကြောင့် သူမသည် လင်းဟန်ကျောက်အား သူနှင့် မိတ်ဆက်ပေးလိုက်တော့သည်။

1 . အပေါ်ယံတွင် ဆက်ဆံရေးကောင်းမွန်သော်လည်း နှစ်ဖက်လုံးက အချင်းချင်း မုန်းတီးကြပြီး ယှဥ်ပြို

င်နေသည့်ဆက်ဆံရေး

အပိုင်း (၁၆) ငါ့ကိုအရူးများမှတ်နေလား

ကုချင်းချန်သည် သည်ကိစ္စတွင် အကျိုးအမြတ်များစွာရခဲ့၏။ ရှန်ချန်းနှင့် ‘ကုချင်းယွီ’တို့၏ ဆက်ဆံရေးကို အတည်ပြုပြီးနောက် သူမသည် အကန့်သတ်ထုတ် ဒီဇိုင်နာအိတ်ကို သူမအားပေးခဲ့ပြီး ရှန်ချန်းထံမှ အကျိုးအမြတ်ရခဲ့သည့် လင်းဟန်ကျောက်သည်လည်း သူမကို တစ်ခုခုပြန်ပေးရန် မမေ့လျော့ခဲ့ပေ။

ရှန်ချန်းသည် ‘ကုချင်းယွီ’နှင့် ဆက်ဆံရေးတစ်ခုရှိခဲ့သည်ဟု တွေးလိုက်ပြီး သူသည် ဗီဒီယိုကို တိတ်တိတ်လေး ရိုက်ကူးခဲ့၏။ သူသည် ဥက္ကဋ္ဌတွမ့်၏ ချစ်သူနှင့် ဖောက်ပြားခဲ့သည်ကို ကြွားဝါချင်သည့်အတွက် သူ့အစ်ကိုများထံ ထိုဗီဒီယိုကို တိတ်တဆိတ်ပို့ခဲ့လေသည်။ သို့သော် သူတို့အားကျမှုများတွင် ပျော်ရွှင်နေရင်းမှ သူတို့ထဲက တစ်ယောက်သည် မျှော်လင့်မထားဘဲ ဗီဒီယိုကို အွန်လိုင်းပေါ်သို့ တင်လိုက်တော့သည်။

သူသည် သည်ကိစ္စကို အလေးအနက်မထားဘဲ အနည်းငယ်တောင် စိတ်လှုပ်ရှားမိသေး၏။ သူ စိုးရိမ်သည့် တစ်ခုတည်းသောအရာမှာ သည်ကိစ္စကြောင့် ‘ကုချင်းယွီ’ စိတ်ဆိုးပြီး သူ့ကို ဂရုမစိုက်တော့မှာကိုပင် ဖြစ်သည်။

လင်းဟန်ကျောက်သည် အမှန်ပင် အလွန်ဒေါသထွက်ပြီး စိတ်ပျက်သွားတော့သည်။ အထူးသဖြင့် အွန်လိုင်းပေါ်က လူများက တစ်စတစ်စ ဗီဒီယိုကို အာရုံစိုက်လာကြသည်ကို မြင်လိုက်ပြီးနောက်…..

သို့သော် တစ်ခုကောင်းသည်က သူမသည် ကုချင်းယွီဖြစ်လာပြီး အားလုံးက ဗီဒီယိုထဲကလူက သူမဟု သတ်မှတ်လိုက်သောကြောင့် သူမသည် စိတ်အေးသွားပြီး သည်အခွင့်အရေးတွင် အနည်းငယ် စိတ်ဆိုးပြလိုက်ကာ လျော်ကြေးအနေအဖြင့် သူမအား စျေးဝယ်စင်တာသို့ ခေါ်သွားခိုင်းပြီး သူမစိတ်ကျေနပ်သည်အထိ လုပ်ခိုင်းရမည်ဟု တွေးလိုက်၏။

ထိုအချိန်က ရှန်ချန်းသည် သည်ကုချင်းယွီက အလွန်ကိုင်တွယ်ရ လွယ်ကူသည်ဟုသာ တွေးလိုက်ပြီး အများကြီး မစဥ်းစားခဲ့ချေ။ ယခုမှသာလျှင် သူ သိလိုက်ရသည်က အစမှအဆုံးအထိ သူနှင့်အတူရှိနေသူမှာ ကုချင်းယွီအစစ်မဟုတ်ဘဲ ရုပ်ဆိုးလှသည့် ပလက်စတစ်ဆာဂျရီမွန်းစတား တစ်ယောက် ဖြစ်နေသည်တဲ့။

စခရင်ရှော့တ်ကို ဖတ်ပြီးသွားသည့်နောက် သူသည် ပေါက်ကွဲလုနီးနီး ဖြစ်သွားတော့သည်။

“ မင်း ရှာဖွေမှုအများဆုံးကို ဝယ်ခဲ့တာပေါ့လေ ဟုတ်လား၊ ကုချင်းချန် မင်းက အရမ်းတော်တာပဲ ငါ့ကိုတောင် လက်နက်တစ်ခုလို သုံးလိုက်သေးတယ်”

သူသည် အရူးတစ်ယောက်မဟုတ်ချေ။ ထိုအချိန်က ဗီဒီယိုသည် တချို့သောလျှို့ဝှက်ဖိုရမ်များတွင်သာ လှည့်ပတ်နေခြင်းဖြစ်၏။ တစ်ယောက်ယောက် ကုချင်းယွီးကို မှတ်မိလျှင်တောင် ဝေ့ပေါ်ရှာဖွေမှုအများဆုံး ဖြစ်သွားစရာအကြောင်းမရှိပေ။ ဖြစ်နိုင်ခြေများသည်က တစ်ယောက်ယောက်သည် နောက်ကွက်တွင် လှုပ်ရှားနေခြင်းပင်။

အဲဒီတုန်းက ဒါကို တွမ့်ရှင်းယွမ်ရဲ့ပြိုင်ဘက်ကုမ္ပဏီလက်ချက်လို့ပဲ ထင်လိုက်သေးတယ်။ နောက်ဆုံး ဥက္ကဋ္ဌတွမ့်က လှည့်စားခံရပြီး လှောင်ပြောင်သရော်ခံရမှာ မလွဲဘူး။ သူ့လုပ်ငန်းကိုလည်း ထိခိုက်မှာပဲ။

ကုချင်းယွီက ယဥ်ကျေး သိမ်မွေ့ပြီး ရန်သူလဲမရှိသလောက်ပဲ။ သူမဘက်ကတော့ မဖြစ်နိုင်ဘူး။

အခု သူ ဒီသက်သေတွေကို မြင်လိုက်ပြီးမှ ဘာက သူ့ကို မရှင်းလင်းအောင် လုပ်နိုင်တော့မှာလဲ။

သူ့အစ်မကို ရွံရှာမုန်းတီးနေတဲ့ ကုချင်းချန်က ရှာဖွေမှုအများဆုံးကို ဝယ်ခဲ့တာပဲဖြစ်မယ်။ သူမ ဒီလောက်အကြာကြီး ပြင်ဆင်လာခဲ့တာ သူမရဲ့အစ်မနဲ့ တစ်ပုံစံထဲတူတဲ့သူက သူမရဲ့တည်ရှိမှုကို ဘယ်သူမှအသိမပေးဘဲ သူမနဲ့ ဆက်ဆံရေးကောင်းတစ် ခုရှိနေလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။ ဖြစ်နိုင်တာက လင်းဟန်ကျောက်က ကုချင်းယွီကို ရှင်းထုတ်ဖို့ သူမဖန်တီးထားတဲ့ လက်နက်တစ်ခု ဖြစ်နိုင်တာပဲ။

သို့သော် သူမ ဟုတ်သည် မဟုတ်သည်က အရေးမကြီးပေ။ ရှန်ချန်းကို ဒေါသထွက်စေသည်က ကုချင်းချန်းသည် သူ့အား အရူးတစ်ယောက်လို ဆက်ဆံရဲခဲ့သည်ကိုပင်။

ရှန်ချန်း၏မေးခွန်းကို ရင်ဆိုင်လိုက်ရပြီးနောက် ကုချင်းချန်သည် အကောင်းဆုံး တည်ငြိမ်အောင် ကြိုးစားရင်း

“ အစ်ကိုချန်း နားလည်မှုလွဲနေတာပါ၊ ညီမ အဲလိုဖြစ်အောင် တကယ်မရည်ရွယ်ခဲ့ပါဘူး… လင်းဟန်ကျောက်က အစ်မလို ဟန်ဆောင်နေတာကို တကယ် မသိခဲ့တာပါ၊ အစ်ကိုက အစ်မနဲ့ တူတဲ့လူမျိုးကို ကြိုက်တယ်လို့ပဲထင်ခဲ့တာ၊ လင်းဟန်ကျောက်က အစ်မနဲ့တူတယ်လေ ဒါနဲ့ ညီမ သူမကို အစ်ကိုနဲ့ မိတ်ဆက်ပေးခဲ့တာပါ….”

ရှန်ချန်းသည် အံကြိတ်လိုက်ပြီး

“ ကုချင်းချန် မင်းငါ့ကိုအရူးများမှတ်နေလား”

“အစ်ကိုချန်း ညီမ တကယ်မဟုတ်….”

ကုချင်းချန်၏အသံသည် အနည်းငယ် ဝမ်းနည်းရိပ်သန်းလား၏။

“ သေချာစဥ်းစားကြည့်ပါအုံး အဲဒီတုန်းက ညီမ သူမရဲ့လိပ်စာကတ်ကိုပဲ ပေးခဲ့တာလေ ၊ သူမက ညီမရဲ့အစ်မလို့ မပြောခဲ့ပါဘူး…”

“….”

ရှန်ချန်းသည် နှစ်စက္ကန့်ခန့် ငြိမ်သက်သွားပြီးနောက် ဝေ့ပေါ်ပေါ်တွင် ပျံ့နှံ့နေသည် သူတို့၏ စကားပြောထားသည့်ဟာကို ပြန်ဖွင့်ကြည့်လိုက်ရာ ကုချင်းချန် ပြောထားသလိုသာ တွေ့လိုက်ရပြီး သူမ၏အစ်မပါဟု ပြောထားခြင်းမရှိခဲ့ချေ။

သို့သော် သူသည် သူမ၏အစ်မကို ကြိတ်ကြွေခဲ့သည်ဟု ပြောခဲ့ပြီးမှ သူမသည် သူ့အား လိပ်စာကတ်ကို ပေးခဲ့ခြင်းဖြစ်သည်။ WeChatပေါ်က ရုပ်ပုံသည် ကုချင်းယွီနှင့် ဆင်တူနေ၏။ သာမန်လူတိုင်းက ဒါသည် ကုချင်းယွီ

ဟုသာ ထင်ကြမည်မှာပင်။

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset