FAKE အပိုင်း ၁/၂

အပိုင်း ၁

မီးရောင်စုံများ ထိန်ထိန်လင်းနေတဲ့ ဧည့်ခံပွဲတစ်ခုမှာ ဧည့်သည်များက ပျော်ပျော်ရွင်ရွင်နဲ့ သူတို့ရဲ့အရက်ခွက်တွေကို ကိုင်ထားပြီး စကားစမြည် ပြောနေကြတယ်။

ရှန်းမိသားစုမှာ နောက်ထပ်သမီးလေးတစ်ယောက် ရှိသေးတာကို လူတိုင်းရှေ့မှာ ကြေညာတဲ့ ညစာစားပွဲတစ်ခုပါ။

ဒီရှန်းမိသားစုမှာ နောက်ထပ်သမီးလေးတစ်ယောက်က ဘယ်လိုလုပ်ရှိလာတာလဲ။

“အမျိုးသမီးရှန်း ကလေးမွေးတုန်းက အမြွှာလေးတွေမွေးတာလို့ ကျွန်တော်ကြားဖူးတယ်။ ဒါပေမဲ့ လူကြီးမင်းရှန်းရဲ့ အစွဲအလမ်းကြီးတဲ့ ပရိသတ်က အမျိုးသမီးရှန်းကို မုန်းတီးပြီး အသက်ရှင်ကျန်းမာနေတဲ့ကလေးကို သေသွားတဲ့ကလေးနဲ့ လဲလှယ်ဖို့အတွက် သူရဲ့အနေအထားကို ဖုံးကွယ်ပြီးလုပ်ခဲ့တယ်။ အဲ့အချိန်မှာ လူကြီးမင်းရှန်းက ကလေးသေဆုံးသွားတာကို အမျိုးသမီးရှန်း သိသွားပြီး စိတ်မကောင်းဖြစ်သွားမှာကို စိုးရိမ်ပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက် မွေးဖွားခဲ့တယ်လို့ တစ်ကမ္ဘာလုံးကို ကြေညာခဲ့တယ်။

“ဘုရားသခင်၊ ကြောက်စရာပဲ၊ ဒါဆို ရှန်းမိသားစုက သူတို့သမီးလေး အသက်ရှင်နေသေးတယ်ဆိုတာကို ဘယ်လိုလုပ်သိတာလဲ”

“လူကြီးမင်းရှန်း နေမကောင်းဖြစ်တော့ သူ မသေခင်မှာ ဒီအကြောင်းတွေကို အမျိုးသမီးရှန်းကို အကုန်ပြောပြသွားတာ”

“အင်း ကံကောင်းထောက်မစွာဘဲ၊ သူအသိတရာရခဲ့လို့သာပေါ့။ အဲ့လိုသာမဟုတ်ရင်၊ အဲဒါကတကယ်ဘဲ….”

“တော်တော်ဆိုးရွားတယ်မလား။ ရှန်းမိသားစုရဲ့ သမီးလေးက အနီးအနားက မြို့လေးတစ်ခုမှာ နေတာတဲ့၊ ဒါပေမဲ့ အဲ့မိသားစုက အရမ်းဆင်းရဲလို့ ကျောင်းထားဖို့ကိုမတက်နိုင်ဘူးလို့” ကျွန်တော်ကြားဖူးတယ်။

“လွန်ခဲ့တဲ့ ၁၆နှစ်ကဆို သူမ တော်တော် ဒုက္ခရောက်ခဲ့တာ။ ရှန်းမိသားစုရဲ့ နူးညံ့သိမ်မွေ့တဲ့ မိန်းမငယ်လေးက သူ့မှာ အမြွှာညီအစ်မတစ်ယောက် ရှိနေတယ်ဆိုတာကို သိသွားခဲ့ရင် သူဘယ်လိုများ တုန့်ပြန်မလဲဆိုတာကို ကျွန်တော် တကယ်မသိဘူး”

“ဟား ဟား၊ ရှန်းအန်းရန် အရမ်းပျော်နေမှာ သေချာပါတယ်။ သူမက ရိုးရှင်းပီး ကြင်နာတတ်တဲ့ ကလေးတစ်ယောက်ပါ။ ငါ တစ်ခုပဲ မျှော်လင့်တယ် အခုအပြင်မှာ ကြီးပြင်းလာတဲ့ကလေးက ငါတို့အန်းရန်လေးကို အနိုင်မကျင့်ဖို့ပဲ”

ဧည့်ခံပွဲပိုင်ရှင် ရောက်မလာသေးခင်အချိန်မှာ တက်ရောက်လာကြတဲ့ ဧည့်သည်တွေက ရှန်းမိသားစုရဲ့ အမြွှာကလေးတွေအကြောင်းကို အတင်းအဖျင်း ပြောဆိုနေကြတယ်။

ဒါပေမဲ့ ဒီပွဲရဲ့ အဓိကဇာတ်ဆောင်တွေ ဖြစ်ကြတဲ့ အမြွှာကလေးနှစ်ယောက်ကတော့ လုံးဝ သဟဇာတ ဖြစ်မနေဘူး။

“အစ်မ အန်းရန်၊ အစ်မ ယူလိုက်တဲ့ အဆောင်ပစ္စည်းလေးက ညီမအတွက်ပါ၊ ကျေးဇူးပြုပြီး ညီမကိုပြန်ပေးပါ”

အန်းရန်က မျက်မှောင်ကြုတ်ပြီး သူမကို ခေါင်းယမ်းပြလိုက်တယ်။ သူမရဲ့ လက်ထဲမှာရှိတဲ့ အနက်ရောင်အဝတ်စ အပေါ်မှာ ရွှေမျှင်ကြိုးလေးတွေ ကွန့်ထားသော အဆောင်ပစ္စည်းကို ဖျတ်ခနဲကြည့်လိုက်ပြီးနောက် သူမရဲ့ ဆန့်ကျင်ဘက်မှာရပ်နေတဲ့ မိန်းမငယ်လေးကို မျက်ထောင့်နီးကြီးတွေနဲ့ ကြည့်လိုက်တယ်။

သူမရဲ့ရှေ့တွင် ကောင်မလေးက အရမ်းလှပနေတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး ငယ်ရွယ်နုပျို နေသေးပေမယ့်လည်း အရွယ်ရောက်လာသည်နှင့်အမျှ တောက်ပပြီး ဆွဲဆောင်မှု ရှိလာနိုင်တာကို သူမ မြင်နိုင်တယ်။

“အစ်မ အန်းရန် ကျေးဇူးပြုပြီး ညီမအဆောင်လေးကို ပြန်ပေးပါ။ အဲဒါက ညီမအတွက် အရမ်းအရေးကြီးတယ်”

Miao:

“ကြာပန်းဖြူ” ဖြူစင်ပြီး ကြင်နာတက်သူ။

“လက်ဖက်စိမ်း” အပြစ်ကင်းပြီး အကြံအစည်ရှိသော မိန်းမ။

မူရင်းဝတ္ထုမှာ အမျိုးသမီးအဖော်က ရေနွေးကြမ်းလို့ ယူဆပေမဲ့လည်း ကျွန်ုပ်၏ အန်းရန်ဝတ္ထုကို ကူးပြောင်းလာတဲ့အခါ ကြာပန်းဖြူရဲ့ ဖြူစင်တဲ့ အသွင်အပြင်ကို ရရှိခဲ့တယ်။

ဝတ္ထုများတွင် လူတွေက ကြာပန်းဖြူကို အတုလို့ထင်ပြီး ငေါ့၍ သုံးကြတယ်။ စာရေးသူကတော့ ရွဲ့စောင်းတယ်လို့မထင်ပါဘူး။ မင်းဘယ်လိုထင်ပါလဲ။

စာရေးသူက ဗီလိန်ရဲ့ နူးညံ့သိမ်မွေ့တဲ့ မိခင်ကို ရေးခဲ့သူဖြစ်တယ်။

အပိုင်း ၂

အမျိုးသမီး ဇာတ်ဆောင် ရှန်းရွှယ်ရော့ ပြောတာကို ကြားတော့ သူမက လေးလေးနက်နက် စဥ်းစားပြီး မြန်မြန် ငြင်းလိုက်တယ်။

“ငါ ယူလိုက်ပြီ၊ အဲ့ဒါ နင့်အတွက် မဟုတ်တော့ဘူး”

သူမလက်ထဲမှာရှိတဲ့ အဆောင်က ဝတ္ထုထဲက ရွှေလက်ချောင်းဖြစ်တယ်။ (ရွှေလက်ချောင်းဆိုတာက ဝတ္ထုတစ်ပုဒ်ထဲက ဇာတ်လိုက်တွေ ဇာတ်လိုက်မတွေကို အထူးတလည် ပေးထားတဲ့ စွမ်းအင်တစ်ခုခု ဒါမှမဟုတ် အစွမ်းရှိတဲ့ အရာတစ်ခုခု ဖြစ်ပါတယ်)

ဒီဝတ္ထုထဲက ဇာတ်လိုက်က ပိုမိုချောမောပြီး ဆွဲဆောင်မှုရှိလာစေဖို့အတွက် ဒီရွှေလက်ချောင်းကို အားကိုးအားထား ပြုခဲ့ရတယ်။ သူက အရာရာကို စွမ်းဆောင်ပေးနိုင်တဲ့ နတ်ဘုရားဖြစ်လာပြီး ဇာတ်လိုက်အမျိုးသမီးကို ကူညီပြီး လူဆိုးတွေကို ရင်ဆိုင်ပေးခဲ့ရင်း တစ်လောကလုံးက မောင်းမဆောင်ကြီးကို ဖြည့်သွင်းခဲ့တယ်။

ပါးနပ်တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ သူမက အမျိုးသားဇာတ်ဆောင်ရဲ့ ရွှေလက်ချောင်းကို သိမ်းယူဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက ကမ္ဘာပေါ်မှာ ရမက်ပြင်းတဲ့ အမျိုးသားတစ်ယောက် ဖြစ်မလာဖို့ မျှော်လင့်တယ်။

ဟမ်၊ ဒါက သူမရဲ့ တစ်ကိုယ်ကောင်းဆန်မှု မဟုတ်ပါဘူးနော်။

ဒါကြောင့် ဒီအဆောင်က အမျိုးသမီးဇာတ်လိုက်က သူမမွေးစားမိခင်က ပေးခဲ့ပြီး အရေးကြီးတယ်လို့ ပြောခဲ့ပေမဲ့ သူမက ဘာလို့ ပြန်ပေးရမှာလဲ။

ပြောရရင် မိခင်က ဒီအဆောင်ကို သမီးအရင်းကို ပေးခဲ့တာ ဖြစ်တယ်။ ဒါကြောင့် အဆောင်က သူမအတွက်ဖြစ်တယ်။ ဒါကြောင့် ရွှေလက်ချောင်းက သူမဟာပဲ။

သူမသည် ရွှေလက်ချောင်းကို သိမ်းယူချင်ပြီး သူမနှလုံသားထဲမှာ ခိုးယူရတဲ့ အကြောင်းအရင်း အမျိုးမျိုးကို တိတ်တဆိတ် သိနေခဲ့တယ်။

“အစ်မ အန်းရန် နင် ငါ့အဖေ၊ အမေနဲ့ မောင်လေးဆီက လုယက်ခဲ့တာပဲ။ ငါ့အမေဆီကနေ ငါ့အဆောင်လက်ဖွဲ့ကို နင်ဘာလို့ လုယက်ခဲ့တာလဲ။ ပြီးတော့ အန်တီလင်းက ငါ့ကို လက်ဆောင်ပေးတာ။ နင်ပြန်ပေးပါ”

ရှန်းရွှယ်ရော့က ထိုသို့ပြောင်းလဲသွားမှုကို အန်းရန် တစ်ခါမှ မတွေးဖူးခဲ့ပါဘူး။ သူမက အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး သနားစရာကောင်းကာ ချစ်စရာကောင်းပြီး ရန်လိုခြင်းမရှိပါဘူး။

အန်းရန်က ဖျားနာနေသော ပျိုးပင်လေးလို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မူမရှိတော့ဘဲ ရှန်းရွှယ်ရော့ကို အလိုအလျောက် ဖိမိလိုက်ပြီး မြေပြင်ပေါ်ကို လဲကျသွားတယ်။

“ပြန်ပေးပါ “

“မပေးဘူး”

“ပေးပါ”

“မပေးဘူး”

ငြင်းခုန်မှုဖြစ်ပြီး အဆောင်လက်ဖွဲ့ငယ်ကို သူတို့နှစ်ဦးက စုတ်ပြဲမိခဲ့ပြီး အနက်ရောင်ပုတီးစေ့တလုံး ပြုတ်ကျသွားခဲ့တယ်။

ပုတီးစေ့သည် မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး ဘယ်သူမှ သတိမပြုမိတဲ့ သွေးတစ်စက်ပေါ်ကို လှိမ့်ကျသွားတယ်။

[စနစ်ကို စတင် အသုံးပြုနိုင်ပါပြီ….]

[ အိမ်ရှင်ကိုက်ညီမူများကို ရှာဖွေခြင်း]

ရုတ်တရက် ရှန်းရွှယ်ရော့၏ မြေပြင်နဲ့ ဖိထားခြင်း ခံနေရချိန်မှာ အန်းရန်သည် သူမရဲ့ဦးနှောက်ထဲတွင် စက်ပစ္စည်းဆန်ဆန်အသံကို ကြားလိုက်တယ်။

ဒါက ရင်းနှီးတဲ့ အပြန်အလှန် ဆွေးနွေးမှုဖြစ်တယ်။

[ ရှာဖွေတွေ့ရှိပြီးတဲ့နောက်၊ ဒီစနစ်သည် အိမ်ရှင်နဲ့ ချည်နှောင်ထားသည်]

ဟမ်၊ သူမက အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေလက်ချောင်းကို အောင်မြင်စွာ ယူနိုင်ခဲ့တာလား။

စနစ်က သူမကို ဆက်နွယ် ပတ်သက်နေလား။ အဲ့ဒါက ရိုးရှင်းလား။ ဒဏ္ဍာရီလာ ဇာတ်ဆောင် ရောင်ဝါလက္ခဏာလား။

[ကျောင်းထိပ်တန်းစနစ်သည် ချိတ်ဆက်နေပါတယ်၊ တတီတီမြည်သံ …၊ မင်းရဲ့စွမ်းအင်တွေ ကုန်ခမ်းလာပြီး မင်းငြိမ်နေရတဲ့ အခြေအနေကို ရောက်လာလိမ့်မယ်။ ဒီစနစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျေးဇူးပြုပြီး အိမ်ရှင်ကိုယ်တိုင် လေ့လာဖော်ထုတ်ပါ]

စက်နဲ့ဆိုင်တဲ့အသံတွေ ပျောက်ကွယ်သွားတော့ အန်းရန်က သူမရဲ့ခန္ဓာကိုယ် အတွင်းမှာ နွေးထွေးသော အရာတစ်ခုဖြင့် ပြည့်လျှမ်းသွားတာကို ခံစားလိုက်ရပြီး အလွန် သက်တောင့်သက်သာ ရှိပေမယ့်လည်း နေရခက်နေတယ်။

သူမ ရထားတဲ့ ရွှေလက်ချောင်းအကြောင်းကို သိဖို့ မစောင့်နိုင်တော့ဘဲ အဲ့ဒီခံစားချက်ကို လျစ်လျူရှုဖို့ ကြိုးစားခဲ့တယ်။

ရလဒ်…

အန်းရန်သည် သူမရဲ့စနစ်ကို ပျော်ရွှင်စွာ ဖွင့်လိုက်ချိန်တွင် ရုတ်တရက် မူးလဲသွားတယ်။

“မင်းငါ့ကို နောက်နေတာလား၊ မင်းငါ့ကို ပြန်လှည့်စားနေတာပဲ”

“ဟေး၊ ရှန်းအန်းရန် ရှန်းအန်းရန် ထိခိုက်ချင်ယောင်ဆောင်မနေနဲ့၊ မင်းထိခိုက်ချင်ယောင်ဆောင်နေတာ ငါသိတယ်”

အပြင်းအထန် ကြိုးစားနေဆဲဖြစ်တဲ့ အန်းရန်သည် ရုတ်တရက် သူမ မျက်လုံးတွေ ပိတ်ကာ မေ့လဲသွားခဲ့တယ်။ ရှန်းရွှယ်ရော့သည် သူမရဲ့ အကြံအစည်ဖြင့် လှည့်စားခံရပြန်ပြီလို့ စိတ်ထဲတွင် အော်ဟစ်လိုက်တယ်။

“အဖေနဲ့အမေ လာပါအုန်း၊ ရှန်းရွှယ်ရော့က ဒီမိန်းမဆိုး သူ အစ်မကို တွန်းလိုက်တာ..”

ရှန်းရွှယ်ရော့… ငါမလုပ်ခဲ့ဘူး၊ ငါမလုပ်ခဲ့ဘူး၊ မင်း မဟုတ်တရုတ်တွေ မပြောနဲ့၊ ဒီအကြံအစည်ကောင်မလေးက ငါ့ကို အကွက်ဆင်ဖို့ ကြိုးစားနေတာ ရှင်းပါတယ်။

FAKE
Author: FAKE
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

豪门假千金她跑路啦
Score 7
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အကျဥ်းချုပ်။ အန်းရန်သည် စောစောသေဖို့ ကံဇာတာပါလာတဲ့ အမျိုးသားဇာတ်ဆောင်ရဲ့အချစ်ဦးအဖြစ် ကူးပြောင်းခဲ့တယ်။ သူမရဲ့သတ္တိ အားနည်းခဲ့တယ်။ သူမဟာဆိုရင်ဖြင့် မိသားစုက မြေတောင်မြှောက်ပေးပြီး ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့တဲ့ သနားစရာကောင်းတဲ့ အလှတရားလေးတခုပါ။ သူမက ရှန်းမိသားစုရဲ့ ပုလဲလေးပါ။ဒါပေမဲ့ သူမက အမှားတွေအများကြီး လုပ်မိခဲ့လို့ နှမြောစရာပါဘဲ။ အမျိုးသမီးဇာတ်ဆောင်အစစ် ပြန်ရောက်လာတဲ့အခါမှာ သူမရဲ့အနာဂတ် အိမ်မက်တွေကော၊ သူမရဲ့ဘဝကောပါ အလွန်စိတ်ပျက်စရာ ကောင်းလှပါတယ်။ သူမက ဗီလိန်အတုဖြစ်ပြီး အမြောက်စာဇာတ်ကောင်အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ အန်းရန်ဟာ ဝတ္ထုတစ်ပုဒ်ထဲ ကူးပြောင်းသွားခဲ့တယ်။ ငါ ကြိုးစားလေ့လာပြီး နေ့ရက်တိုင်းမှာ လှပနေစေရမယ်။ အမျိုးသမီးဇာတ်ဆောင်ကို ဂရုစိုက်နေဖို့ ငါ့မှာ အချိန်မရှိဘူး။ သိမ်သိမ်မွေ့မွေ့ရှိတဲ့ အန်းရန်က ဆင်းရဲသားရပ်ကွက်က မိသားစုဆီပြန်လာခဲ့ရတာကို သနားစရာကောင်းတယ်လို့ လူတိုင်းက ခံစားခဲ့ကြရတယ်။ သူမရဲ့ တစ်ဘဝလုံးကို ရွံ့ထဲတွင် ကုန်ဆုံးရတော့မယ်။ သူမရဲ့မိဘတွေက ရက်စက်ကြမ်းကြုတ်ပြီး ပိုက်ဆံမက်တဲ့သူတွေလို့ ဘယ်သူကထင်မှာလဲ။ [သူမရဲ့အဓိကတာဝန်က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ကျော်လွှားပြီး ထိပ်တန်းကျောင်းသားဘွဲ့ဖြင့် နိုင်ငံအတွင်းရှိတဲ့ အကောင်းဆုံးကောလိပ်ကို ဝင်ရောက်တက်ခွင့်ရရန်ဖြစ်ပြီး ပိုပြီးအရေးကြီးတာက ပို၍လှပလာသော ဆုများကို ရရှိရန်ဖြစ်တယ်။] နှစ်သက်စရာအကောင်းဆုံး အလှတရား ဖြစ်တဲ့ သူမရဲ့မျက်နှာက သူမ၏အသက်သွေးကြော ဖြစ်တယ်လို့ အန်းရန်က ပြောတယ်။ သူမရဲ့ အလကားအဖြစ် မှတ်ယူခြင်းခံရတာကို ကယ်တင်နိုင်မှာ ဖြစ်တယ်။  #####   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset