AAML အပိုင်း ၁

အပိုင်း (၁)

ယဲ့ရှောင်းယန်က အသိဝင်လာသောအခါ သူဟာ ကျယ်ပြောသော စာဖတ်ခန်းတစ်ခုအတွင်း ထိုင်နေကြောင်း မြင်လိုက်ရသည်။ စားပွဲခုံပေါ်တွင်လည်း မျက်စိအေးစေသော အလင်းကို လွှင့်ထုတ်နေသည့် ကွန်ပျူတာကို ဖွင့်ထားသလို ကီးဘုတ်နှင့်မောက်စ်မှ အပြာရောင်အလင်းများကို လွှင့်ထုတ်နေခြင်းအားဖြင့် အလွန်အဆင့်မြင့်ကြောင်း သိသာစေသည်။

ဂိမ်း၏မျက်နှာပြင်ကို LCDမျက်နှာပြင်တွင် ပြသနေသည်။ ဖန်သားပြင်၏ အောက်ခြေနားတွင်လည်း စာတစ်ကြောင်းကို ထိုးထားသည်။ ..

Loading လုပ်နေပါတယ် …

ယဲ့ရှောင်းယန်က သံသယနှင့် စိတ်ရှုပ်ထွေးမှုရောထွေးသော မျက်နှာထားမျိုးဖြင့် ဆက်ကြည့်နေမိသည်။

“ဒါက သူရဲ့ကွန်ပျူတာ မဟုတ်ပါဘူး”

သူ၏ ကီးဘုတ်နှင့်မောက်စ်ကို အဖွဲ့၏စပွန်ဆာတစ်ခုက ထောက်ပံ့ပေးထားခြင်း ဖြစ်ပြီး သူ၏ကို ယ်ပိုင်ပစ္စည်းတိုင်းတွင်လည်း GDအသင်း၏ Logoကို printထုတ်ကာ က ပ်ထားသလို သူ၏ဂိမ်းထဲမှ IDနာမည်လဲပါသည်။ ထို့ပြင် သူ၏ပစ္စည်းများက ထိုသို့ တဖြတ်ဖြတ် လက်နေသော အလင်းမျိုးကို မလွှင့်ထုတ်ချေ။ ထို့ပြင် သူ၏ကွန်ပျူတာနှင့် မော်နီတာက လဲ ယခုလိုပုံစံမျိုး မဟုတ်သေးပေ။

ဘာတွေ ဖြစ်နေတာလဲ။

သူ အိပ်မက် မက်နေတာလား။

ထိုအချိန်တွင် Loading လုပ်နေသော ဘားက 100%ပြည့်သွားပြီး ကွန်ပျူတာ၏ monitarက တောက်ပလာသည်။ ထိုသို့ဖြင့် ယဲ့ရှောင်းယန်၏ နားဖုံးနားကြပ်မှ တက်ကြွသော အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

“Gods Warကို ဝင်ရောက်လာတဲ့အတွက် ကြိုဆိုပါတယ်”

ယဲ့ရှောင်းယန်က မျက်တောင်တစ်ချက် ခတ်လိုက်သည်။ မဟုတ်သေးပါဘူး…

“ဒဏ္ဏာရီတို့ရဲ့အဖွဲ့ချုပ်ကို ကြိုဆိုပါတယ်ဆိုပြီး ဖြစ်ရမှာ မဟုတ်ဘူးလား”

“Gods War ဆိုတာက သောက်ကျိုးနည်းကို ဘာကြီးလဲ”

ယဲ့ရှောင်းယန်က မှင်တက် အံ့ဩမှုအပြည့်နှင့် ဖန်သားပြင်၏ ညာဘက်အောက်ခြေနားသို့ ကြည့်လိုက်သည်။ ထို့နောက် ဖန်သားပြင်၏ ညာဘက်တစ်ခြမ်းလုံး ဖြတ်သန်းနေသော အဖြူရောင်နှင့် ပေါ်လာသည့် ကျည်ဆံများလို ကောမန့်ပေါင်းများစွာကို အပြည့် မြင်လိုက်ရသည်။

[ငါ ဒီနေရာကို လာပြီး လှပတဲ့NOOPလေး အသေခံတာကို လာကြည့်တာ]

[ဒီ Streamerက အရင်တစ်ခေါက်က (၆)ကြိမ် ဆက်တိုက်သေသွားတယ် ၀/၆ အချိုးနဲ့တောင် သေသွားတာနော် တက ယ်ကို လျှို့(၆) ဖြစ်လွန်းတယ်] (TN: တရုတ်ပြည်မှာ 6 ဆိုတာကို အရမ်းမိုက်တယ် ဆိုတာမျိုးမှာ ဗန်းစကားအနေနဲ့ သုံးလေ့ ရှိပါတယ်)

[အသစ်လေးတွေကို ကြေငြာပေးတဲ့စာမျက်နှာက ထောက်ပံ့ပေးလိုက်လို့ ငါ ဒီနေရာကို ရောက်လာတာ ဒီကောင်လေးက ဘယ်လို streamerလဲ ဆိုတာ တစ်ယောက်ယောက် ငါ့ကို ပြောပြပေးလို့ရမလား သူက သူ့ရဲစွမ်းရည်ကို ကြွားမှာလား သူ့ရဲရုပ်ရည်ကို ကြွားမှာလား ဒါမှမဟုတ်ရင် ရယ်စရာကောင်းတာကို ပြချင်တာလား]

[သူက ဒီစွမ်းရည်မရှိတာကို ကြွားချင်တာ ဖြစ်လောက်တယ် ဟား.. ဟား.. ဟား… သူက လူသစ်streamerတွေထဲမှာ အဆိုးဆုံး ကစားသမားဘဲ streaming လောက ကို တောင် ပြိုလဲကျစေနိုင်တဲ့ စွမ်းရည်မျိုးပဲ]

ထိုကောမန့်ပေါ်လာပြီး ချက်ချင်းလိုလို လောကမှ အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက်က ရွှေရောင်ဖြင့် ပေါ်စေသော တောက်ပသည့် ကောမန့်ကို ပို့လာသည်..

[ရန်သူဖက်က ဂျန်ဂဲလ်လာ(Jungler တောတိုးသူ).. တစ်ဖက်က ရန်သူ့ဂျန်ဂဲလ်လာက ဖန်းရှင်းရဲ့အရံအကောင့်လေ သွားပြီ ပြီးသွားပြီ ငါတို့ရဲ့တင်ဆက်သူက ဒီတစ်လှည့်ရှုံးပြီးရင် ဒီဂိမ်းကို uninstall တော့မှာ သေချာနေတယ်]

(TN: Jungler-ဂျန်ဂဲလ်လာ ဆိုတာက ဂိမ်းအတွင်း အသုံးပြုကစားရတဲ့ ဟီးရိုးကာရိုက်တာ Roleတစ်ခု ဖြစ်ပါတယ်။ ဂျန်ဂဲလ်လာဆိုတာက တောထဲက အကောင်တွေကို လိုက်သတ်ပြီးတော့ Damage (အဖျက်စွမ်းအား) ပြင်းထန်အောင် လုပ်ရတဲ့ ကာရိုက်တာမျိုး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဂျန်ဂဲလ်လာလို့ပဲ သုံးသွားပါမယ်နော်)

[ရှင်းနတ်ဘုရားနဲ့တောင် ရင်ဆိုင်တယ် ဟုတ်လား တင်ဆက်သူရေ ဘုရားမှာ ဆုတောင်းနေပါတော့]

[ဒီတစ်ကြိမ်လည်း ထပ်ပြီးတော့ ငါတို့ရဲ့တင်ဆက်သူက (၆)ကြိမ်ဆက်တိုက် ရှုံးမယ်လို့ ငါလောင်းတယ်]

[ငါကတော့ (၈)ကြိမ်ပဲ]

ယဲ့ရှောင်းယန်ကမူ ထိုကောမန့်များကို ကြည့်လေ ပို၍စိတ်ရှုပ်လာလေလေ ဖြစ်လာသည်။

သူ၏စိတ်ထဲတွင် ဒီအခုလေးတင် က စားနေသော ဂိမ်းနှင့်သာ အတွေးများက ပြည့်နှက်နေလေသည်။

GDအဖွဲ့၏ ခေါင်းဆောင်တစ်ယောက် အနေနှင့် သူဟာ သူ၏အဖွဲ့ကို သုံးနှစ်ကြာအောင် ပရော်ဖက်ရှင်နယ်လိဂ် မှာတောင် အဖွဲ့ကို ဦးဆောင်ပြီး က စားနေခဲ့တဲ့သူလေ။

အဲ့ဒီနှစ်က သူတို့၏လမ်းမှာ ပိတ်ထားသမျှ ဆူးညှောင့်ခလုတ်တိုင်းကို ရှင်းလင်းပစ်ပြီးတဲ့နောက်မှာ နောက်ဆုံး က မ္ဘာ့ချန်ပီယံ ဖိုင်နယ်ပွဲကို ဝင်သွားခဲ့သည်။ မူလက တော့ သူတို့၏အောင်မြင်မှုက လက်တစ်က မ်းအထိ နီးက ပ်လာသည်။ သို့သော် မမျှော်လင့်ထားဘဲ အဲဒီseasonမှာ ချန်ပီယံရှစ် ရနိုင်တယ်ဆိုပြီး မျက်နှာသာ အပေးခံနေရတဲ့ TIPနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။

နှစ်ဖွဲ့လုံးက နောက်ဆုံးfinal အဆုံးအဖြတ်ပွဲအထိ သရေကျနေခဲ့သေးသည်။ အရေးကြီးတဲ့တိုက်ပွဲတစ်ခုမှာ GDရဲ့ထောက်ပံ့သူက ကံဆိုးစွာနဲ့ နေရာယူမှားသွားလို့ ရန်သူက သုတ်သင်တာကို ခံလိုက်ရသည်။ GDက တစ်ဖွဲ့လုံး ရှင်းလင်းပစ်ခံလိုက်ရပြီး ရန်သူက သူတို့၏ ဗဟိုတိုင်အထိ ဆက်တိုက် ဖျက်ဆီးပစ်ရန် ချီတက်သွားခဲ့သည်။

ထိုသို့ဖြင့် တစ်နှစ်လုံးနီးပါး ကြောက်စရာကောင်းလောက်အောင် ရုန်းက န်ရပြီးနောက် GDက က မ္ဘာ့ချန်ပီယံများနှင့် ပုခုံးချင်းတိုက်ကာ ယှဉ်ပြိုင်ခဲ့ပြီး မည်သည့်အောင်မြင်မှုကိုမှ မရရှိခဲ့ချေ။

ထိုမှတ်ဉာဏ်ကတင် ဖျက်ဆီးချင်စိတ်ကို ဖြစ်စေသည်။

GDအဖွဲ့က သရော်စကားလုံးများ Haters များနှင့် စတင်ထိပ်တိုက်ဆုံတွေ့ခဲ့ရသည်။ ယဲ့ရှောင်းယန်အနေနှင့် သူတို့ကို ပြန်လှည့်ကာ တံတွေးထွေးချင်ခဲ့သည့် အချိန်တိုင်းလိုလို အရေးကြီးတဲ့အချိန်တိုင်း တစ်စုံတစ်ယောက်က်က ထထဖောက်နေခဲ့သည်။ သူ ဘာလို့အမြဲတမ်း ချန်ပီယံရှစ်နဲ့ ဆံချည်တစ်မျှင်လောက် က ပ်က ပ်လွဲနေရတာလဲ။

ယဲ့ရှောင်းယန်က မှတ်ဉာဏ်များအတွင်း နှစ်မြှုပ်နေချိန်တွင် သူ၏နားဖုံးနားကြပ်မှတစ်ဆင့် သက်လတ်ပိုင်း လူတစ်ယောက်၏ ခပ်ကြမ်းကြမ်းအသံကို ကြားလိုက်ရသည်။

“ဒီအောက်လမ်းက မာ့ခ်မန်း(Markman-ပစ်ခတ်သူ)က ဘာလုပ်နေတာလဲ။ အချိန်အထိ သလင်းကျောက်နေရာမှာပဲ ရှိနေတုန်းပဲလား။ အဲ့နေရာကနေ ချောင်းကြည့်ဖို့ ခေါင်းမထုတ်လာရင် ပိုကောင်းမယ် ဟုတ်ပြီလား”

(TN: Markman – မာ့ခ်မန်း ကလည်း ဂိမ်းကစားတဲ့နေရာမှာ အသုံးပြုရတဲ့ နောက်ထပ် ကာရိုက်တာရိုးတစ်ခု ဖြစ်ပါတယ်။ ကာကွယ်သူ ဒါမှမဟုတ် တိုက်ခိုက်သူတွေ အနောက်ကနေ ပစ်ခတ်ပေးရတဲ့ ဟီးရိုးတွေကို ပြောပါတယ်။ မာ့ခ်မန်းလို့ပဲ နောက်ကျရင် ဆက်သုံးသွားပါမယ်နော်)

ယဲ့ရှောင်းယန်က အသိပြန်ဝင်လာချိန်တွင် ကွန်ပျူတာမော်နီတာကို တစ်ချက်ပြန်ကြည့်လိုက်သည်။

သူ့ရဲ့အသင်းဖော်က သူ့အတင်း ပြောနေတာ ဟုတ်လောက်တယ်။

လက်ရှိတွင် မည်သည့်ကြွက်သားကိုမှ မလှုပ်ဘဲ သလင်းတုံးတစ်ခုနားတွင် ရပ်နေသော ရေခဲအပြာရောင် လေးတစ်လက်ကို ကိုင်ထားသည့် လှပသော အမျိုးသမီးတစ်ယောက်ကို မြင်ရသည်။ သူမ၏ကစားသမားပုံစံအရ AFK (Away From Keyboard – ဆော့တဲ့သူ မရှိတော့နဲ့ အနေအထား) ဖြစ်တော့မည့် အနေအထားရှိလာသည်။ ယဲ့ရှောင်းယန်က သူ၏မောက်စ်ကို အလျင်စလို ကိုင်လိုက်ပြီး ကလစ်.. ကလစ် ဆက်တိုက်နှိပ်လိုက်သည်။ လေးသည်တော်အမျိုးသမီးက ထိုသို့ဖြင့် အောက်လမ်းနားသို့ စတင်ကာ ရွေ့လျားတော့သည်။

သူ၏ကာရိုက်တာ(Character-ဇာတ်ကောင်)ကို လေ့လာနေချိန်တွင် ယဲ့ရှောင်းယန်က သူ၏နှလုံးသားထဲမှ မေးခွန်းသံကိုလဲ ရေရွတ်နေမိသည်။

(TN: Character-ကာရိုက်တာ ဆိုတာက ကစားရတဲ့ ဟီးရိုးတွေရဲ့ အချက်အလက်တွေကို ပြောချင်တာပါ။ ဇာတ်ကောင်လို့ သုံးလို့ ရပေမဲ့ ကာရိုက်တာလို့ပဲ နောက်ပိုင်းကျ ဆက်သုံးသွားပါ့မယ်နော်)

“တကယ်ပဲ ဒါဟာဘာဂိမ်းလဲ”

“ဘာလို့ ဒီအပေါ်ပိုင်းဘယ်ဘက်ထောင့်က မြေပုံက အရမ်းထူးဆန်းနေတာလဲ နောက်ပြီး ဒီမြေပုံထဲက‌ တောအုပ်ရဲ့တည်နေရာ မြေပုံရဲ့အတွင်းမျက်နှာပြင် နောက်ပြီး ဒီ skin icon တွေ အားလုံးက ဘာတွေလဲ”

မည်သည့်အရာကမျှ ယဲ့ရှောင်းယန်နှင့် မရင်းနှီးနေချေ။

တစ်ခုတည်း သူ သိသည့်အရာက သူက တစ်ဖက်စီတွင် လမ်းကြောင်းသုံးခုပါသော အပေါ်လမ်း၊ အလယ်လမ်၊ အောက်လမ်းဆိုပြီး ရှိသည့်ဂိမ်းမျိုးကို ကစားနေခြင်းဖြစ်သည်။ သူက လက်ရှိချိန်တွင် အောက်ဖက်လမ်းနားမှာ ရှိနေတာ ဖြစ်သည်။

အသေးစား မြေပုံလေးမှတစ်ဆင့် အောက်ခြေလမ်းနားတွင် သူ့ကို စောင့်နေသော အသင်းဖော်တစ်ယောက်ကို မြင်လိုက်သည်။

ဒါက သူ့ရဲ့စပို့ထ်(support-ထောက်ပံ့သူ)လား။ ဂျန်ဂဲလ်လာအတွက်မူ သူက ရင်းနှီးနေသော ဂျန်ဂဲလ်လာပုံစံမျိုးနှင့် လုံးဝကွာခြားနေသည် သူ့အနေဖြင့် ထိုကာရိုက်တာများကို စစ်ဆေးနေရန် အချိန်မရှိချေ။

(TN: Support – စပို့ထ် ကလည်း နောက်ထပ် ဟီးရိုးကာရိုက်တာ Roleတစ်ခုပါပဲ။ သူကကျ သွေးဖြည့်ပေးတာ။ ကာဗာပေးတာ။ တုံ့ဆိုင်းအောင် လုပ်တာ စသဖြင့် ကိုယ့်အသင်းကိုယ် ထောက်ပံ့ပေးရတာပါ။ နောက်ပိုင်းကျရင် စပို့ထ် ဆိုပြီးပဲ ဆက်သုံးသွားပါမယ်နော်)

ယဲ့ရှောင်းယန်က နှစ်ဖွဲ့၏ပိုင်နက်နယ်မြေများ ဆုံသောနေရာတွင် ရှိနေသည့် အောက်ခြေလမ်းနေရာသို့ ဦးတည်လိုက်သည်။

ထိုနေရာရှိ မျှော်စင်အောက်တွင် အတောင်ပံ တဖျပ်ဖျပ်ခတ်နေသော ချစ်စရာ မှင်စာကလေးရှိပြီး အနီးအနားတွင် မီနီယမ်လေးများ(minion) ရှိနေသည်။ ဂိမ်း၏ချက်ဘောက် (Chat Box)မှလည်း စာတစ်စောင် ပေါ်လာသည်။

(TN: Chat Box – ချက်ဘောက် ဂိမ်းထဲမှာ စကားပြောလို့ ရတဲ့ နေရာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ချက်ဘောက်လို့ပဲ သုံးသွားပါမယ်နော်။ Minions – မီနီယမ် ဆိုတာက စစ်သားအသေးလေးတွေကို ပြောတာပါ။ ဟီးရိုးက အဲဒါလေးတွေကို သတ်လိုက်ရင် Item ဝယ်ဖို့ ငွေရပါတယ်။ နောက်ပိုင်းကျ မီနီယမ်လို့ သုံးပါမယ်နော်။ Item ဆိုတာကတော့ ဂိမ်းထဲက ဟီးရိုးစွမ်းအား တက်လာဖို့ ဆက်ရတဲ့ အသုံးအဆောင်ကို ပြောတာပါ။ တချို့ဂိမ်းတွေမှာ ဆိုရင် Equipment ဆိုပြီး ပါပါတယ်။ အထူးသဖြင့် နတ်ဘုရားဂိမ်းတွေမှာ ဆိုရင်ပေါ့။ နောက်ထပ် ပါလာခဲ့ရင် ထပ်ရှင်းပြပါ့မယ်)

“ငါ့အနောက်ကို လိုက်ခဲ့ပါ မာ့ခ်မန်း ငါ မင်းကို ကာကွယ်ပေးမယ်”

ဒါက မှင်စာလေးပဲ။

ယဲ့ရှောင်းယန်လည်း ကြောင်သွားသည်။ ယခုဖြစ်ပျက်သမျှ အားလုံးက နားလည်ရ ခက်ခဲလွန်းနေသည်။ သူက ချန်ပီယံရှစ် ပွဲစဉ်များ၏ နောက်ဆုံးပွဲတွင် ရှုံးနိမ့်ပြီးနောက် ကစားသမားများနှင့်အတူ အမှိုက်ပုံးထဲသို့ ဆွဲချခံရကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူတို့၏မန်နေဂျာက သူတို့ကို ညစာစားရန် အပြင်သို့ ခေါ်ထုတ်သွားခြင်း ဖြစ်သည်။ ထို့နောက် ယဲ့ရှောင်းယန်က မြစ်ကမ်းဘေးတွင် တစ်ယောက်တည်း လမ်းလျှောက်နေပြီး သူ့စိတ်ကို တည်ငြိမ်အောင် လုပ်သည်။ သို့သော် အဆုံးတွင် နောက်တစ်နေရာသို့ လှည့်လိုက်ရုံဖြင့် အရှိန်နှုန်းမြန်စွာ ပြေးဝင်လာသော ပြိုင်ကားနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

ထိုကားက ထိန်းချုပ်မှု လွန်ကဲသလို ဘရိတ်မမိသလို ဖြစ်နေပြီး သူထံသို့ တည့်တည့်တိုးဝင်လာခြင်း ဖြစ်သည်။

ထို့ကြောင့် သူ့အနေဖြင့် အချိန်မီ မရှောင်ရှားနိုင်တော့ချေ။ ထိုကားက သူ့ကို ဝင်ဆောင့်တိုက်လာပြီး သူက လွှင့်ထွက်သွားသည်။ ရှင်းလင်းစွာဖြင့်ပင် တိုက်မိချိန်တွင် ပြင်းထန်သည့် နာကျင်မှုကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သို့သော် သူက နိုးထလာသောအခါ ကွန်ပျူတာရှေ့သို့ ရောက်နေပြီး သူ မသိသော ဂိမ်းကို မြင်လိုက်ရသည်။

သူ၏ လျှို့ဝှက်ဆန်းကျယ်သော ကိစ္စက သူ့ကိုယ်သူ စမ်းကြည့်မိသည့်တိုင် မည်သည့်အရာကိုမျှ ရှာမတွေ့ခြင်း ဖြစ်သည်။ သူက အရှိန်နှုန်းမြန် ပြိုင်ကားဖြင့် ဝင်တိုက်ခဲ့သောကိစ္စက အိပ်မက်တစ်ခုလို ဖြစ်နေသည်။

ယဲ့ရှောင်းယန်၏ခေါင်းက အချိန်မရွေး ပေါက်ထွက်တော့မလို ပြင်းထန်စွာ ကိုက်ခဲလာသည်။ သူက လက်ကို မြှောက်ပြီး သူ၏ခေါင်းကို ဖိကိုင်ထားရသည်။ ထိုအချိန်တွင် ဂိမ်းအတွင်း လေးသည်တော် အမျိုးသမီး၏ခေါင်းပေါ်တွင် အနီရောင်အမှတ်အသားတစ်ခု ပေါ်လာသည်။ တစ်စက္ကန့်လောက် ကြာပြီးနောက် မျက်နှာဖုံးနှင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် လုပ်ကြံသတ်ဖြတ်သူ (Assassin-အဆက်စင်)က ထိုလေးသည်တော်၏ နောက်တွင် ဖြတ်ခနဲ ပေါ်လာသည်။ ပြီးနောက် ထက်ရှသောဓားက တောက်ပလာပြီး…

First blood

(TN: Assassin – အဆက်စင် ဟီးရိုးကာရိုက်တာ Role နောက်တစ်ခုပါပဲ။ လုပ်ကြံသတ်ဖြတ်ရတဲ့ Role ပါ။ လုပ်ကြံသတ်ဖြတ်သူ လို့ပဲ နောက်ပိုင်းကျရင် ဆက်သုံးသွားပါမယ်နော်။ အဆက်စင် ဆိုရင် တစ်မျိုးကြီး ခေါ်လို့လည်း မကောင်းလို့ပါ။ အစပိုင်း ဂိမ်းကို နားမလည်မှာ စိုးလို့ သေသေချာချာလေး ရှင်းပြနေတာမို့ အပိုစာသားတွေ များသလို ဖြစ်နေတာပါ။ နောက်ပိုင်းကျရင် အပိုစာသားတွေ မပါလောက်တော့ပါဘူးနော်။ လျှောက်ထည့်တယ်လို့ ထင်မှာ စိုးလို့ပါ)

လုပ်ကြံသတ်ဖြတ်သူက နှစ်စက္ကန့်ထဲနှင့် skillတစ်ခုကို ထုတ်သုံးလိုက်သည်။ ယဲ့ရှောင်းယန်က ထိုအချိန်တွင် systemမှ ကြေငြာသော အသံကို ကြားလိုက်ပြီး အသိပြန်ဝင်လာသည်။

Double kill

သူ့၏ဘေးနားမှ စပို့ထ် မှင်စာလေးကလည်း အသတ်ခံလိုက်ရသည်နှင့် တူသည်။

Double kill ကို ထုတ်သုံးသွားသော မျက်နှာဖုံးနှင့် လုပ်ကြံသတ်ဖြတ်သူက လျင်မြန်စွာဖြင့် အနီးအနားရှိ တောအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

အဖွဲ့အတွင်း အသံလိုင်းဖြင့် သက်လတ်ပိုင်းလူက စတင်ကာ အော်တော့သည်။

“သောက်ကျိုးနည်း.. အောက်လမ်းကစားသမားတွေက ဘာဖြစ်နေတာလဲ။ ဂိတ်ဝအထိ တိုက်ရိုက်ပေးချင်လွန်းလို့ Double Kill တောင် ပေးလှူလိုက်သေးတယ်ပေါ့လေ။ အဲဒီ လုပ်ကြံရေးသမားက Lv 4 ကျရင် မင်းတို့ဆီ ပြန်လာမှာ သေချာတယ်။ မင်းတို့တွေ ဘယ်အချိန် နောက်ဆုတ်ရမလဲ မသိကြဘူးလား။ ကန်းနေကြတာလား”

(Lv 4 ဆိုတာက ပုံမှန်အားဖြင့် Skill နောက်ဆုံးတစ်ခုပွင့်တဲ့ အချိန်ကို ပြောတာ ဖြစ်ပါတယ်)

ဒေါသထွက်နေသော ဦးလေးကြီးက ကျယ်လောင်စွာ အော်နေသည်။ ယဲ့ရှောင်းယန်က သူ၏အော်သံကြောင့် နားကန်းတော့မည်ဟုပင် ခံစားလိုက်ရသည်။

အလယ်လမ်းရှိ မှော်ဆရာ (Mage-မေ့ချ်)နေရာမှ ကစားနေသော ကောင်မလေးက ဝင်ပြောလာသည်။ (TN: Mage – မှော်ဆရာ ဟီးရိုးကာရိုက်တာ Role နောက်တစ်ခု ဖြစ်ပါတယ်။ အလယ်လမ်းမှာ အထိုင်ချလေ့ ရှိတာမျိုးပါ။ ကစားတဲ့ဗျူဟာပေါ်မှာ မူတည်ပါတယ်။ မေ့ချ် ဆိုတာလေးကို သုံးချင်ပါတယ်။ ဆက်သုံးသွားမယ်နော်)

“ဆဲမနေစမ်းနဲ့ Streamကို ကြည့်နေတဲ့ ငါလည်း မြင်တယ်။ ဟုတ်ပြီလား။ တခြားဖက်က ဂျန်ဂဲလ်လာက ဖန်ရှင်းရဲ့ အပိုအကောင့်လေ ဒီတော့.. လူသစ်လေးတွေ အသတ်ခံရတာက ပုံမှန်ပဲ မဟုတ်လား”

စပို့ထ်နေရာမှ ကစားသည့် ကောင်မလေးကလည်း ဝင်ပြောသည်။

“ဘယ်သူက ဖန်ရှင်းလဲ”

“ဒီနှစ်ရဲ့ လေ့ကျင့်ရေးစခန်းက အဆင့်အမြင့်ဆုံး လူသစ်လေးလေ”

အလယ်လမ်းကစားသမားက ဝင်ပြောသည်။

“ခေါင်းဆောင်ချီက သူ့ရဲ့လက်ထောက်အဖြစ် ကိုယ်တိုင်ကိုယ်ကျ ခေါ်ထားတာ သူက ထျန်းဟွမ်အဖွဲ့နဲ့တောင် လက်မှတ်ထိုးပြီးသွားပြီ။ နောက်seasonမှာ သူက သေချာပေါက် တရားဝင် စကစားလိမ့်မယ်”

ထိုစပို့ထ်၏အသံဖြင့် စိတ်လှုပ်ရှားမှုက ပြည့်နက်နေသည်။

“ခေါင်းဆောင်ချီ ဟုတ်လား အား.. ခေါင်းဆောင်ချီက ငါ့ရဲ့ခေါင်းထဲမှာ ငှားခမလိုဘဲ နေနေတယ်”

ဒေါသထွက်နေသည့် ဦးလေးကြီး အပါအဝင် ယဲ့ရှောင်းယန်အဖွဲ့မှ အခြားသော အဖွဲ့ဝင်သုံးယောက်ကလည်း ချက်ချင်းဆိုသလို အော်ဟစ်ကြပြီး global စကားပြောချန်နယ်တွင် ချီးကျူးစကားများ အသားကုန် ပို့လွှတ်ကျသည်။

“ရှောင်ရှင်း ရှိနေတာလား ငါ ရှောင်ရှင်းရဲLive streamကို တစ်ချိန်လုံးကြည့်နေတာ”

“ငါတို့တွေ ကြုံရာပွဲကစားရင်း ရှောင်ရှင်းလေးနဲ့ ပြေးတွေ့တာပဲ တိုက်ဆိုင်လိုက်တာ”

“ရှောင်ရှင်း အလယ်လမ်းနားမှာ အတူတူ အဖွဲ့လိုက်ဓာတ်ပုံရိုက်ရင် မကောင်းဘူးလား”

‘Starry Lights’ IDမှ စာပြန်လာသည် …

“ငါက ငါ့ရဲ့အဆင့်နိမ့်အကောင့်နဲ့ ကစားနေတာ အားလုံးပဲ တွေ့ရတာ ဝမ်းသာပါတယ်”

ဒီနေ့လေ့ကျင့်ရေးစခန်းက အဆင့်အမြင့်ဆုံးလူသစ်ဖန်ရှင်းဟုတ်လား

ယဲ့ရှောင်းယန်က ပြည်တွင်းE-sportလောကတွင် ထိုနာမည်ကို မကြားဖူးချေ။ သူ၏နှလုံးသားထဲတွင် ရှိသော စိတ်ရှုပ်ထွေးမှုများကို ယာယီ ဖိနှိပ်ထားနိုင်ပြီးနောက် အောက်ခြေလမ်းမှတစ်ဆင့် အလယ်မီနီယမ်များ ရှိရာဖက်သို့ ပြန်သွားကြည့်လိုက်သည်။

ထိုသို့ဖြင့် သူ၏မြင်ကွင်းထောင့်တစ်နေရာနားတွင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်လေးက ပေါ်လာသောအခါ ထိုမီနီယမ်အုပ်ကလည်း မျှော်စင်နားသို့ ရောက်သွားပြီဖြစ်သည်။ မျက်နှာဖုံးဖြင့် လုပ်ကြံသတ်ဖြတ်သူက ယဲ့ရှောင်းယန်၏ လေးသည်တော်နောက်တွင် ပေါ်လာပြန်သည်။ ထိုလုပ်ကြံသတ်ဖြတ်သူက သူ၏ဓားမြှောင်ကို မြှောက်လိုက်ပြီး ယဲ့ရှောင်းယန်၏ခေါင်းကို ချောမွေ့စွာ ယူလိုက်ပြီးနောက် တစ်ဖန်စပို့ထ်၏အသက်ကို ပြန်မထွက်သွားခင် ဖြတ်ယူသွားသည်။

double kill

နောက်ထပ် double kill..

ယဲ့ရှောင်းယန်၏ streaming အခန်းထဲတွင် နောက်ထပ် ကောမန့်များက ဖန်သားပြင်တစ်ခုလုံးကို လွှမ်းမိုးတော့မလို

ရူးသွပ်စွာ ပေါ်ထွက်လာပြန်သည်။

[ဒီတင်ဆက်သူက အရမ်းကို ညံ့လွန်းတယ် ငါတို့ တွေ့ရာကြောင်တွေ ခွေးတွေကိုလဲ streamခိုင်းရတော့မှာလား]

[တင်ဆက်သူ ခြေထောက်နဲ့များ ဂိမ်းကစားနေတာလား ဒါမှမဟုတ် ကီးဘုတ်ပေါ် ကြောင်တစ်ကောင်ကို တက်ခုန်

ခိုင်းလိုက်တာလား ဖြစ်နိုင်မလား]

[ဒါက တစ်ချို့ လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့လူ ဖြစ်မယ်ထင်တာ တကယ်တော့ noobလေး ဖြစ်နေတာကို..

တင်ဆက်သူ ငါ့ကို အနိုင်ရသွားပြီ subscribe လုပ်လိုက်ပြီ]

[ဒီတင်ဆက်သူက အကြာကြီး ကစားနေတာပဲ။ ဒီနေ့ခေတ်မှာ အံ့ဩဖို့ကောင်းတဲ့ တင်ဆက်သူတွေ အများကြီးပဲ။ ဒါကိုမှ သူက တမင်သက်သက် ဒီလိုမျိုး သနားစရာကောင်းအောင် ကစားပြီး နာမည်ရအောင် လုပ်တာက နည်းလမ်းသစ် ထွင်တာ မဟုတ်ဘူးလား]

[သူ့ရဲ့Skill တွေက ကြေးအဆင့်ပဲ မဟုတ်ဘူးလား။ သူက မီနီယမ်တွေကိုတောင် ဘယ်လို တိုက်ခိုက်ရမှန်း မသိဘူးလား ဖူး..]

တစ်ချိန်တည်းတွင်ပင် ဖန်ရှင်း၏Live streaming အခန်းထဲတွင် …

[ငါတို့ရဲ့ရှင်းရှင်းက သူ့ရဲ့ပေါက်ကွဲစွမ်းအား အယ်လ်ဖာစွမ်းအားတွေကို ကြွားတော့မယ်]

[ဖန်ရှင်းရဲ့တိုက်ခိုက်ရေးစွမ်းအားက တဖြည်းဖြည်းနဲ့ အသီးတွေလှီး သလို အရွက်တွေ ခုတ်သလို လွယ်ကူလာတာပဲ]

[ပြိုင်ဘက်တွေက ဂိမ်းအပေါ်မြင်နိုင်တဲ့ စွမ်းရည်တစ်စက်မှမရှိဘူး သူတို့အရမ်းကို စိတ်ရူးပေါက်ပြီး ဂိမ်းကို uninstallတော့မှာများလား]

Streaming လုပ်နေသော လူငယ်က ကင်မရာကို ကြည့်ပြီး ပြုံးလိုက်သည်။

“‘ဝေါ်အိုက်ဖန်းရှင်း’ကို ကျေးဇူးတင်ပါတယ်။ ဒုံးပျံဆုချတဲ့အတွက် အွန်လိုင်းပေါ်က အချောဆုံးအယ်လ်ဖာကိုလဲ ကျေးဇူးတင်ပါတယ် ကျွန်တော်က ဒီအဆင့်နိမ့်အကောင့်ကို ဒီနေ့အတွက်ပဲ ဖန်တီးပြီးတော့ ကစားခဲ့တာပါ။ ဒီကနေ ပြီးရင် ကျွန်တော့်ဆရာနဲ့အတူတူ အဆင့်မြှင့်ရမှာပါ။ ဘယ်သူမဆို သဘောကျတဲ့ဟီးရိုးတစ်ကောင်ကောင်နဲ့ ဆော့ခိုင်းစေချင်ရင် ကျည်ဆံကောမန့်မှာ မက်ဆေ့ ချန်ထားနိုင်ပါတယ်”

ထိုသို့ဖြင့် ကျဉ်ဆံကောမန့်တစ်သုတ် ထပ်ပေါ်လာပြီး ဖန်သားပြင်တစ်ခုလုံးကို လွှမ်းမိုးသွားပြန်သည်။ သုံးသန်းကျော်သော လူများက ထိုstreamကို ကြည့်နေကြသည်။

လူသုံးရာကျော် ကြည့်ရှုခံနေရသော ယဲ့ရှောင်းယန်ကမူ အတွေးကြားညပ်နေသည်။

သူ၏ကွန်ပျူတာမှ ဖော်ပြနေသောဂိမ်းက Honor of Kings, League of Legends ကဲ့သို့သော MOBA အမျိုးအစားဖြစ်သည်။ ၎င်းတို့က တစ်ဖက် ငါးယောက်စီ ဆော့ရသော တာဝါအခြေပြုဂိမ်းများ ဖြစ်သည်။ သို့သော် မြေပုံ၊ ကာရိုက်တာနှင့် စွမ်းရည်များအားလုံးက ဂိမ်းတစ်ခုနှင့်တစ်ခု ကွာခြားလေသည်။

ဂိမ်းနာမည်က Gods War ဟု ခေါ်ပုံရသည်။ ထို့ပြင် မည်သည့်ကုမ္ပဏီက ထုတ်လုပ်ခဲ့ကြောင်းလည်း မသိရသေးချေ။ ယဲ့ရှောင်းယန်အနေဖြင့် တစ်ခါမှလည်း မကြားဖူချေ။ သူ၏အသင်းဖော်များက သူတို့၏ အခြေစိုက်စခန်းနားတွင် ဆက်လက်၍ စကားပြောနေကြသည်။ ယဲ့ရှောင်းယန်က သူတစ်ယောက်တည်း အနိုင်ရ အောင်မြင်နိုင်မည် မဟုတ်ဟု တွေးတောပြီးနောက် သူက ဂိမ်း၏မြေပုံမှတစ်ဆင့် တောထဲသို့ ဝင်လိုက်ပြီး နားလည်နိုင်စွမ်း မြင့်မားအောင် ကြိုးစားကြည့်လိုက်သည်။

သူက ထိုသို့ဖြင့် တောထဲလျှောက်သွားနေချိန်တွင် ရုတ်တရက် သူ၏အနီးအနားတွင် အေးစက်သော လှုပ်ရှားနေသည့် အလင်းက လှုပ်ရှားလာပြီး ရုတ်တရက် သူ့အသက်ကို နှုတ်ယူသွားသည်။

ယဲ့ရှောင်းယန်က ပြန်လည်အသက်ရှင်မည့် အချိန်ကို စောင့်နေလိုက်သည်။ ထို့နောက်တစ်ဖန် သူက တောထဲဝင်ပြီး ရှာဖွေပြန်သည်။ ရလဒ်အနေဖြင့် သူ၏stream အခန်းမှ ကြည့်ရှုသူများကမူ လှပသော တင်ဆက်သူလေးက ရန်သူထံ လည်စင်းပေးနေသော မြင်ကွင်းကို ထိုင်ကြည့်နေကြရသည်။ သူက အောက်ခြေလမ်းနားမှ အဝေးသို့ ဦးတည်နေသည်။ တဖြည်းဖြည်းချင်း အလယ်လမ်းနှင့်အထက်လမ်းထံရောက်လာသည်။

[ငါတို့ရဲ့ တင်ဆက်သူက တိုးဂိုက် လုပ်နေတာများလား သူက ဒီတိုင်း ခရီးထွက်နေတယ် ထင်နေတာလား]

[တင်ဆက်သူက တကယ်ကို လျို့လျို့လျို့ပဲ (666) ဒီတိုင်း ခေါင်းကို အလကားပေးနေသလိုပဲ]

[တင်ဆက်သူရဲ့ အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်ကို လက်ခုပ်ဩဘာ ချီးမြှင့်လိုက်ကြရအောင်]

[အောက်ခြေလမ်းကနေ အပေါ်လမ်းအထိ သွားနေတဲ့ ဒီမာ့ခ်မန်းက … တကယ်ကို လှလှလေး ရူးနေတဲ့လူပဲ။ ဒါမှမဟုတ် တော်တော်လေးကို ဦးနှောက်မကောင်းတဲ့ မာ့ခ်မန်း ဖြစ်လောက်တယ် ငါ မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံးပဲ]

global chat တွင် ‘Starry Light’ အမည်ရသော IDရှိသည့် ကစားသမားက စာထပ်ပို့လာသည်။

[ငါ ဘယ်နေရာကို သွားသွား မင်းလိုက်လာတယ်။ မင်းက ငါ့ကို အမြဲတမ်း အလကား သတ်ခိုင်းနေသလိုပဲ။ ငါ့ကိုများ ကြိုက်နေတာလား]

ယဲ့ရှောင်းယန်က အလင်းလို မြန်ဆန်သောအရှိန်တို့ဖြင့် ပြန်ငြင်းလိုက်သည် .. [မဟုတ်ဘူး။ ဒီဖေဖေက မင်းကို နောက်တစ်ကြိမ် ဘယ်လိုသတ်ရမလဲ တွေးနေတာ”

‘Starry Light’က တိတ်ဆိတ်သွားသည်။

သူ၏ကိုယ်ပိုင်live stream အခန်းထဲတွင် ရှိနေသော ချန်းရှင်းက သောက်ထားသော ကော်ဖီများကို မှုတ်ထုတ်မိမတတ် ဖြစ်သွားသည်။

“ဖေဖေဟုတ်လား ဟား.. ဟား.. ဒီဖေဖေဆိုတဲ့လူက နောက်တစ်ခါကျ ငါ့ကိုသတ်မယ်လို့ ပြောလိုက်တာလား အို ငါ ကြောက်လိုက်တာ”

သူ၏streamingအခန်းထဲမှ ကြည့်ရှုသူများက အရယ်မရပ်တော့ပေ။

[သူက (၈)ကြိမ် ဆက်တိုက် သေပြီးသွားပြီ ဒါတောင် သူက ပေါက်ကရ စကားကြီးစကားကျယ် ပြောရဲတုန်းဘဲလား]

[ဒီကောင်က ကိုယ့်စွမ်းရည်ကိုယ် နားမလည်တဲ့ပုံဘဲ သူက သူ့ကိုယ်သူတောင် ဖေဖေလို့ ခေါ်ရဲသေးတယ်”

[ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ ဒါက သေချာပေါက် အယ်လ်ဖာအိုကြီး ဖြစ်လောက်တယ် ဖန်ရှင်း မြန်မြန်လေး သူ့ကို ထပ်သတ်လိုက်ပါအုံး]

[မြေပုံတောက်လျှောက် လျှောက်သွားနေပြီး သူ့ရဲ့ခေါင်းကို ဖန်ရှင်းဆီ အလကား ထိုးကျွေးနေတာ … ကောင်းပြီ

ဒီအတွေးကိုလဲ ထည့်တွက်ရမယ် ဒါက ဖန်ရှင်းကို တိတ်တိတ်လေးချစ်နေတဲ့ unti-fan လည်း ဖြစ်လောက်တယ် မဟုတ်လား]

ချန်းရှင်းကမူ သူ၏ပြိုင်ဘက်အတွေးကို မသိနိုင်တော့ချေ။ သူက ရယ်ကာပြောသည်။

“ဒီအသစ်လေးက ဘယ်လိုကစားရမယ်ကို မသိတာလဲ ဖြစ်နိုင်တာဘဲ”

ထို့နောက် သူက သူ၏ပြိုင်ဘက်ကို အာရုံစိုက်မနေတော့ဘဲ သူ၏မီနီယမ်များကိုသာ ဦးဆောင်၍ ရန်သူအဖွဲ့၏ အခြေစိုက်စခန်းသို့ သွားလိုက်သည်။

Defeat..

သူ၏ဖန်သားပြင်ပေါ် ရှုံးနေကြောင်း ကြေညာသံ ထွက်လာသည်နှင့် ယဲ့ရှောင်းယန်က အသက်ပြင်းပြင်း ရှူထုတ်လိုက်ကာ သူ၏ခေါင်းမှ နားဖုံးနားကြပ်ကို ချွတ်လိုက်သည်။

သူက မြေပုံတစ်ခုလုံး သွားထားပြီး ဂိမ်းမှ မြေပုံတစ်ခုလုံးက ယခင်က ကစားဖူးသော ဂိမ်းတိုင်းထက် ပို၍ ရှုပ်ထွေးကြောင်းကို သိလိုက်ရသည်။ ပို၍ များပြားသော အခြေအနေများ ပြောင်းလဲသွားသော်လည်း ဂိမ်းထဲမှ နေထိုင်ရသော အခြေအနေများက တူတူပင်ဖြစ်သည်။ MOBAတွင် အဓိက အသက်သွေးကြောဖြစ်သော မျှော်စင် ရှိသည်။ ကစားသမားများက မီနီယမ်များကို သိမ်းရမည် ဖြစ်သလို တောကောင်များကိုလည်း သတ်ရမည် ဖြစ်သည်။ ဤသို့ဖြင့် ရွှေများစုဆောင်းကာ နောက်ပိုင်းပစ္စည်းများကို ဝယ်ယူရမည်။ ပိုကောင်းသော ပစ္စည်းများကို လဲလှယ်ပြီးနောက် ရန်သူကစားသများကို ရင်ဆိုင်ပြီး ရန်သူ့မျှော်စင်များကို ဖျက်ဆီးကာ ရန်သူ့အခြေစိုက်စခန်းရှိ သလင်းကျောက်တိုင်ကို ဖျက်ဆီးနိုင်ခြင်းဖြင့် အနိုင်ရရှိမည် ဖြစ်သည်။

ဖန်သားပြင်၏ ညာဘက်အောက်ခြမ်းတွင် ရှိသော ကောမန့်များက မရပ်တန့်တော့ချေ။ သူတို့က သူ့ကို လှောင်နေကြသည်။ ရှုတ်ချနေကြသည်။ သူ့ကို ဂိမ်းအား uninstall လုပ်စေရန် တိုက်တွန်း ကြိုးစားနေကြသည်။

ယဲ့ရှောင်းယန်က သူတို့အားလုံးကို လျစ်လျှူရှုထားသည်။

သူက ကွန်ပျူတာကို ပိတ်ပြီးနောက် မတ်တပ်ထရပ် လိုက်သည်။

ကားတိုက်ခံရပြီးနောက် သူက ထူးဆန်းသောအခန်းတစ်ခုတွင် ရောက်ရှိသွားသည်။ ပြီးတော့ သူက ထူးဆန်းသော ဂိမ်းပင် ကစားလိုက်ရသေး၏။

ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို အမြန်ဆုံး အဖြေရှာရပေမည်။

စာရေးသူ၏မှတ်စုများ

ABO အားကောင်းသန်မာသော အယ်လ်ဖာ၊ သန်မာပြီး လိုက်ဖက်ညီသော အိုမီဂါ gong shou တို့က ချိုမြိန်လန်းဆန်းလတ်ဆတ်သော အချစ်မှာ ကျရှုံးသွားကြပါမည်။

ဂိမ်းရဲ့ စည်းမျဉ်းများက Honor of King, Le

ague of Legends များနှင့် ဆင်တူပါသည်။ ဆက်တင်အရ အိုမီဂါများ ဂိမ်းဆော့တာက တကယ့်ကို ထူးဆန်းပါသည်။

ဖန်ရှင်းရဲ့ နာမည်အရင်းက ချန်ရှင်း ဖြစ်ပါတယ်။ ဖန်ရှင်းဆိုတာက ပရိုကစားသမားရဲ့ နာမည် ဖြစ်ပါတယ်။ ရှင်းဆိုတာက ကြယ်ဖြစ်ပါတယ်။ သူ့ဂိမ်းID မှာလည်း ကြယ် ဆိုပြီးတော့ ပါပါတယ်။

aaml
Author: aaml
Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Mid Lane All-Rounder, Quánnéng Zhōng Dān, 全能中单
Score 9.6
Status: Ongoing Type: Author: , Artist: , Released: 2021 Native Language: Chinese
အညွှန်း ကားတိုက်မှုမှ နိုးထလာပြီးနောက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင် esport ကစားသမား ယဲ့ရှောင်းယန်က သူဟာ သူကိုယ်တိုင်ပင် မရှင်းလင်းသေးသော ABO လောကဆိုသည့် နေရာတစ်ခုသို့ အမှိုက်တင်ဆက်သူတစ်ယောက်ကိုယ်ထဲသို့ ကူးပြောင်းလာကြောင်း သိလိုက်ရသည်။ ဒီဘဝတွင် သူ့ကိုယ်သူ ထောက်ပံ့ရန်အလို့ငှာ ယဲ့ရှောင်းယန်က အလုပ်ဟောင်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး esport လောကတွင် နေရာတစ်ခု ရအောင် အဆင့်မြင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ထူးချွန်ပြောင်မြောက်သော ပါရမီကြောင့် လျင်မြန်စွာဖြင့် အောင်မြင်ကျော်ကြားသော ကလပ်တစ်ခုနှင့် စိတ်ချရသည့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် သူက အဖွဲ့သစ်နှင့် ပထမဆုံး ကြုံရသော အချိန်တွင်ပင် မမျှော်လင့်ထားစွာပင် အသင်းခေါင်းဆောင် ချီရှို့၏ အရှေ့တွင် အိုမီဂါတစ်ယောက်၏ အခွင့်အရေးကို ကိုယ်စားပြုသူ တစ်ယောက် ဖြစ်သွားခဲ့ရသည်။ ချီရှို့က သူ၏အသင်းဖော်အသစ်ကို တစ်ကိုယ်လုံးကို စစ်ဆေးပေးဖို့ ဆေးရုံသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ထိုကောင်လေးက သူ့ကို အနည်းငယ် အရည်လဲ့နေပြီး တောက်ပသည့် မျက်ဝန်းဖြင့် မော့ကြည့်လာသည်။ သူ့၏မျက်ဝန်းထောင့်များက နီရဲနေပြီး အသံကလည်း အနည်းငယ် ဩရှနေသည်။ “ခေါင်းဆောင် ဆရာဝန်ပြောတဲ့စကားအရ ကျွန်တော်က ဖိနှိပ်ဆေးတွေနဲ့ မတည့်ဘူး ဒါကြောင့် ခေါင်းဆောင်က ကူညီပေးလို့ ရမလား” “… မင်းကို ဘယ်လို ကူညီရမှာလဲ” ချီရှို့က ပြန်မေးလိုက်သည်။ ယဲ့ရှောင်းယန်က ချီရှို့ကို ချက်ချင်း ကျောပေးလိုက်ပြီးနောက် ပြောသည်။ “ကျွန်တော့်ကို ယာယီအမှတ်အသားပြု လိုက်ပါ။ ဒီနေရာကို တစ်ချက်လောက် ကိုက်လိုက်.. ကျေးဇူးပါပဲ” ချီရှို့၏အမူအရာကမူ ချက်ချင်းလိုလို ကွဲကြေမွ ပျက်စီးသွားရသည်။ ဒီအိုမီဂါက ဘာဖြစ်တာလဲ။ ဒီလို ကိုက်ပြီး အမှတ်အသားပေးတယ်ဆိုတာမျိုးက အလွယ်တကူ လုပ်လို့ ရတာမျိုးလား။ ပြည်သူများ.. [ငါ ကြားတာတော့ ထျန်းဟွမ်အသင်းရဲ့ အဖွဲ့ဝင်အသစ်က အိုမီဂါ ဆိုပဲ] [သူက support အနေနဲ့ ကစားတော့မှာလား အားလုံးပဲ ကိုယ့်ရဲ့ ချိုမြိန်ပြီး ချစ်ဖို့ကောင်းတဲ့ အိုမီဂါ အသစ်လေးကို support အနေနဲ့ လုပ်မယ်ဆိုတာ သေချာပြီလား] ထိုသို့ဖြင့် အင်တာနက်တွင် ပွက်လောရိုက်နေခဲ့ပြီး ယဲ့ရှောင်းယန်က သူ၏ လက်ဗလာဖြင့် ပြိုင်ပွဲအတွင်း ပြိုင်ပွဲအတွင်း ငါးကြိမ်ဆက်တိုက် သတ်ဖြတ်နိုင်သော စွမ်းရည်ကို သူ၏ပေါက်ကွဲလွယ်သော အင်အားဖြင့် ထုတ်ပြပြီးနောက်တွင် ငြိမ်သက်သွားစေခဲ့သည်။ သူတို့၏ ပြိုင်ဘက်များ.. [ချိုမြိန်ပြီး ချစ်စရာကောင်းတယ် ဟုတ်လား၊ ဒါက မိစ္ဆာအရှင်ဆိုတာ သေချာနေတာပဲ မဟုတ်ဘူးလား] [သူက ငါ့ကို သတ်တာက ငါ့ဦးနှောက် ပြုတ်ဖို့တောင် လုံလောက်နေပြီ။ ငါ ဒီဂိမ်းကို uninstall လုပ်ချင်သွားပြီ] [ငါတို့ ဒီပြိုင်ပွဲမှာ ရှုံးရမယ် ဆိုရင်တောင်မှ ယဲ့ရှောင်းယန်က သေချာပေါက် သေရမယ်] [ဒီအိုမီဂါကို ပစ်မှတ်ထားကြစမ်းပါ။ ညှာတာစရာ မလိုဘူး] ဒီအိုမီဂါက ထူးခြားစွမ်းရည်ရှိတာကို သိသွားကြတော့သည်။ [ဒီအိုမီဂါတွေက နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ဘယ်သူ သိထားခဲ့တာလဲ။ ဒီအိုမီဂါက လိဂ်တစ်ခုလုံးကိုပေါက်ကွဲစေဖို့ လုံလောက်နေပြီ] +++++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset