EQGY အပိုင်း ၇/ ၈

­

အပိုင်း (၇) မင်းက တကယ်ပဲ ဘယ်သူများလဲ

သွားပါပြီ။ သူ့ပုံက အရမ်းကို ဆိုးနေပြီ။ ဒီထက်ဆိုးတာက သူ သွေးတွေလည်း အများကြီး ဆုံးရှုံးထားတယ်။ ငါနည်းနည်းလေး စုပ်လိုက်တာနဲ့ သူသေသွားတော့မှာပဲ….

သို့သော် ဖြူဆုတ်နေသည့် မျက်နှာတစ်ခုနှင့် ထိုနေရာတွင် သတိလစ်ကာ ထိုင်နေသည့် သူ့ကို မြင်လိုက်ရသောအခါ သူ့ဆီမှ အကျိုးအမြတ်ရထားသည့် ကုချင်းယွီသည် ဒီအတိုင်း မထားခဲ့နိုင်တော့ပေ။

ဟုတ်ပါတယ်လေ။ ဒီကိစ္စရဲ့အမှန်တရားက တကယ်တော့ ငါလေးကို စွမ်းအင်တွေ ထောက်ပံ့ပေးနိုင်တဲ့ ဧရာမရင်းမြစ်ကြီးကို ထားခဲ့ဖို့ နည်းနည်းလေး တွန့်ဆုတ်နေမိတာပဲ။

ထိုယောက်ျားလက်ပေါ်က ဒဏ်ရာကိုစိုက်ကြည့်ရင်း သူမသည် ထိုသို့စဥ်းစားလိုက်ပြီး သူမ၏လက်ကို ဆန့်ထုတ်လိုက်ကာ သူ့ဒဏ်ရာအတွင်းသို့ သူမ၏စွမ်းအင်ကို ထည့်ပေးလိုက်လေသည်။ ထိုအခိုက်အတန့်တွင် ထိုယောက်ျားသာ သတိရှိနေသေးလျှင် သူ့ဒဏ်ရာသည် သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အမြန်နှုန်းဖြင့် အမှန်တကယ် ကုသမှုခံယူနေသည်ကို သိသွားကာ ရှော့ခ်ရသွားပေလိမ့်မည်။

သို့သော်ငြား သည်ဒဏ်အရာအပြင် သူ့ခန္ဓာကိုယ်ပေါ်တွင် တခြားဒဏ်ရာများလည်းရှိနေသေး၏…

ကုချင်းယွီသည် ထိုအခြင်းအရာကို မျှော်လင့်မထားသည်ဖြစ်ရာ စွမ်းအင်များကို အကုန်သုံးလိုက်တော့သည်။

ကုချင်းယွီသည် သူမ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားရင်း ဒဏ်ရာရနေဆဲဖြစ်သည့် ဒူးခေါင်းကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တော့သည်။

ငါ့မှာ နောက်ဆုံးမှ စွမ်းအင်တချို့ကို စုပ်ယူထားခဲ့ရတာ ဒါပေမဲ့ တစ်ဝက်ကို သူ့အတွက် သုံးလိုက်ရတယ်တဲ့ တကယ်ပါပဲ….

အင်းလေ။ ဘာပဲဖြစ်ဖြစ် စမ်းအင်ရင်းမြစ်က သူ့ဆီကလာတာဆိုတော့ သူ့ဒဏ်ရာတွေကို ကုဖို့ကူညီလိုက်တာ ကျေးဇူးတရားလို့ မှတ်လို့ရပါတယ်။

နှမြောစရာပဲ။ စွမ်းအင်တွေက ဒီခန္ဓာကိုယ်ကို ကုလို့ရနိုင်တယ်လေ အထူးသဖြင့် ဒူးက ဒဏ်ရာကိုပေါ့…

ထားလိုက်ပါမယ်လေ။ ငါလေ ဒဏ်ရာလေးတစ်ခုနဲ့ ပြန်သွားဖို့လိုတာပဲ။ ဒါမှ အနည်းဆုံးတော့ ပြစရာတစ်ခုလောက် ရှိမှာ…

ကုချင်းယွီသည် သူမ၏မျက်လုံးကို လှည့်ပတ်လိုက်ပြီးနောက် သူမ၏ခြေထောက်ကို ကုရန်လည်း အလျင် မလိုတော့ချေ။ သူမ၏အဖေသည် သည်ဒဏ်ရာကို မြင်ရပေမည်။ နောက်ဆုံးတွင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် သူမ၏အဖေသည် သနားတတ်ပြီး သူဘက်မှ ရပ်တည်ပေးလိမ့်မည်။

ငယ်ငယ်ကတည်း အရွယ်ရောက်လာတဲ့အထိ ကုချင်းချန်းနဲ့ သူမရဲ့မိထွေးက နည်းနည်းငိုပြလိုက်တာနဲ့ ကုဝမ်ချန်က သူတို့ဘက်မှာ ရပ်တည်ခဲ့တာပဲ။ ဒီအကြောင်းကြောင့်ပဲ မူလခန္ဓာကိုယ်ပိုင်ရှင်က နစ်နာမှုတွေအများကြီး ခံစားခဲ့ရတယ်။

မူလန္ဓာကိုယ်ပိုင်ရှင်က ကြီးလာတာနဲ့အမျှ ပိုပိုပြီး ချောလှလာလို့သာ ကုဝမ်ချန်က သူမကို လက်ထပ်ဖို့ပစ္စည်းတစ်ခုလို့ တွေးပြီး မစ္စစ်ကုရဲ့ အလွန်အကျွံ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာကနေ သူမကို ကာကွယ်ပေးခဲ့တာပဲ။ မူလခန္ဓာကိုယ်ပိုင်ရှင်က သေချာပေါက် ဆိုးဝါးတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့တာပဲ။

ဒီဒဏ်ရာသေးသေးလေးနဲ့… သူမကို ကောင်းကောင်းတန်ဖိုးထားတတ်အောင် သူမရဲ့အဖေဆီကနေ ပြန်ရယူရလိမ့်မယ်။ အနည်းဆုံးတော့ သူ့သမီးနောက်တစ်ယောက်က ယောက်ျားတစ်ယောက်အတွက် သူမကို ဘာလုပ်ခဲ့လဲဆိုတာကိုတော့ သူသိအောင် လုပ်ပေးရမယ်…

သူမသည် သစ်သားတုတ်တစ်ချောင်းကို ချိုင်းထောက်အဖြစ် သုံးရန် လှမ်းဆွဲလိုက်ပြီးနောက် စွန့်ပစ်စက်ရုံထဲမှ ခက်ခက်ခဲခဲ လမ်းလျှောက်ကာ ထွက်လာခဲ့၏။

နှစ်လှမ်းခန့်လျှောက်ပြီးနောက်တွင် သူမ၏ဒူးဆီမှ နာကျင်မှုကို ခံစားလိုက်ရပြီ’ တုတ်ချောင်းကို ကိုင်ထားသည့် လက်အရေပြားတို့သည် တုတ်ချောင်း၏ ကြမ်းတမ်းသည့်မျက်နှာပြင်ကြောင့် အနည်းငယ် ပွန်းပဲ့သွားတော့သည်။ စပ်ဖျင်းဖျင်းနာကျင်မှုတစ်ခု ဖြစ်သွား၏။

လူသားတွေရဲ့ခန္ဓာကိုယ်အားလုံးက အရမ်းကိုနူးညံ့တာပဲလားဟယ်။ ဒါမှမဟုတ် ဒီခန္ဓာကိုယ်ကပဲ ဖြစ်နေတာလား။

သူမသည် နီရဲနေသည့်လက်ဖဝါးကို ငေးကြည့်ရင်း စိတ်ရှုပ်စွာဖြင့် ကိုယ့်ဟာကိုယ် ရေရွတ်နေလိုက်တော့သည်။

“ အားလေးနည်းနည်းသုံးလိုက်တာနဲ့ အရေပြားကို ပွန်းသွားတယ်တဲ့…”

ဒါသည်အရင်ကတည်းက ဖြစ်နေသည်လား ဒါမှမဟုတ် သူမ သည်ခန္ဓာကိုယ်ထဲဝင်လာပြီးနောက်ပိုင်းမှ သူမစုဆောင်းထားတဲ့ စွမ်းအင်နည်းနည်းလေးနဲ့ ဒါကို ပြောင်းလဲခဲ့၍ သည်လိုဖြစ်သွားသည်လားကိုနော့ သူမ မသိတော့ပေ….

သည်ခန္ဓာကိုယ်က နာကျင်မှုကို အထူးမခံစားနိုင်သည်ကိုတော့ သူမ ရှင်းရှင်းလင်းလင်း သိထား၏။ သူမ၏ဒူးမှခံစားခဲ့ရသည့် နာကျင်မှုသည် အလွန်ပြင်းထန်ရာ နာကျင်မှုကြောင့် မေ့မျောသွားမတတ်ပင်။ သူမစုဆောင်းထားသည့် စွမ်းအင်ကို နာကျင်မှုသက်သာရန် အသုံးမပြုခဲ့လျှင် သူမသည် မတ်တတ်ပင် ရပ်နိုင်မည်မဟုတ်ချေ။

ကုချင်းယွီသည် မျက်မှောင်ကျုံးထားပြီး သက်ပြင်းချလိုက်ကာ လှည့်ထွက်ရန် ပြင်လိုက်စဥ် ထိုယောက်ျား၏ မောဟိုက်သံသည် နောက်မှ ရုတ်တရက်ထွက်လာလေသည်။

“မင်း.. တကယ်ပဲ မင်းဘယ်သူများလဲ”

သူသည် စင်စစ် သတိရနေပြီဖြစ်၏။ မတ်တတ်ရပ်ဖို့ ရုန်းကန်လိုက်ရင်း သူ့နှုတ်ခမ်းထောင့်က သွေးများကို သုတ်လိုက်ကာ ပင့်သက်ရှိုက်လိုက်ပြီး သူ၏မချမ်းမြေ့ဖွယ်အသွင်ဖြင့် သူကိုကြည့်နေ၏။

“ မင်းဘာလို့ ငါ့ကို ကူညီတာလဲ”

ကုချင်းယွီသည် သူ့ကို လှည့်ကြည့်လိုက်ပြီး သူမ၏မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်လေသည်။

“ရှင့်မှာ ပိုက်ဆံရှိလား”

သူမ၏သည်ခန္ဓာကိုယ်သည် အနည်းငယ်ဆာလောင်နေသယောင် သူမ၏အစာအိမ်သည် ဆက်တိုက် ဆန္ဒပြနေတော့သည်။

အပိုင်း (၈) ကျွန်မကို ညစာဝယ်ကျွေး

“…”

ထိုယောကျ်ားသည် စက္ကန့်အနည်းငယ် နှုတ်ဆိတ်သွားပြီးနောက် သိပ်မဝေးလှသည့်မြေကြီးပေါ်ရှိ သူကျခဲ့သည့်ဖုန်းကို တွေ့သွားလေသည်။ သူသည် စမ်းဖွင့်ကြည့်လိုက်ပြီး အဆင်ပြေသွားသည်ကို မြင်လိုက်ရာ ခေါင်းညိတ်ပြလိုက်၏။

“အင်း”

“ကျွန်မကို ညစာဝယ်ကျွေး”

သူ့ရှေ့က ထိုမိန်းမသည် ပြန်ပြောလာ၏။

….

“ဟဲ့ ရှင်… ကျွန်မကို ထူပေးပါအုံး”

ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ကုချင်းယွီသည် ချွေးအေးများ ထွက်လာပြီး မူးနောက်နောက် ဖြစ်သွားတော့သည်။ သူမသည် နောက်တစက္ကန့်တွင် နာကျင်မှုကြောင့် သတိလစ်သွားတော့မည်ဟု ခံစားလိုက်ရ၏။

သေလိုက်ပါတော့ ဒီဒူးက ဘာလို့ အဲလောက်နာနေရတာလဲဟယ်…

သူမသည် နူးညံ့သိမ်မွေ့သောကြောင့် လုံးဝမဟုတ်ပေ။ သူမသည် သည်အရာထက် ဆယ်ဆပိုပြင်းထန်သည့် ဒဏ်ရာများကိုလည်း ခံစားခဲ့ဖူး၏။ ထိုအချိန်က နာကျင်မှုသည် သူမအပြုံးကို ပျော်ရွှင်တည်ငြိမ်အောင် လုပ်နိုင်ခဲ့သော်လည်း သည်ခန္ဓာကိုယ်ကတော့ဖြင့် နာကျင်မှုကို အလွန်ဆတ်ဆတ်ထိမခံပေ။ သူမ၏ဒူးမှနာကျင်မှုသည် အာရုံကြောအားလုံးသို့ ပျံ့သွားပြီး သူမလှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် သူမ၏ခန္ဓာကိုယ်ကို အပ်ပေါင်းများစွာဖြင့် ထိုးစိုက်နေသလို ခံစားနေရတော့သည်။

ထို့ကြောင့် သူမသည် သူမထက် ပိုထိခိုက်ထားသည်ထိုယောက်ျားဘက်သို့ လှည့်ကြည့်လိုက်လေသည်။

အနည်းဆုံးတော့…

သူ့ခြေထောက်တွေက ဒဏ်ရာမရထားလေဘူး။

မူရွှမ်ချင်သည် တောင့်တင်းသွားတော့သည်။ သူသည် တခြားလူသားများနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု လုပ်ရသည်ကို မကြိုက်ပေ။ သူ၏တော်တော် အေးစက်စက် အကျင့်စရိုက်အပြင် နောက်ထပ်အရေးကြီးသည့်အကြောင်းအရင်းကရှိနေ၏။

သူ့ခန္ဓာကိုယ်ကို ပြုပြင်ထားရာ သာမန်လူများနှင့် ကွာခြားလေသည်။ တစ်ယောက်ယောက်က အရမ်းနီးကပ်လာလျှင် ထူးခြားမှုကို အလွယ်တကူ သတိထားမိပေလိမ့်မည်။

ထို့ကြောင့် သူသည် သူ၏မိသားစုများကိုပင် ရှောင်နေခဲ့၏။ အတိအကျပြောရလျှင် အပြင်လောက၏အမြင်တွင် သူသည် ဒဏ်ရာပြင်းထန်စွာရခဲ့ပြီးနောက် အိမ်တော်သို့ ပြန်ရောက်လာသည့် မသန်စွမ်းသည့် လူငယ်လေးတစ်ယောက်၊ မုအိမ်တော်ဟောင်းတွင်သာ နေထိုင်ပြီး အပြင်လုံးဝမထွက်ဘဲ အလွန်ထူးဆန်းသည့်စိတ်နေစိတ်ထားရှိသူတစ်ယာက် သာဖြစ်လေသည်။

သို့ရာတွင် သူ့ရှေ့ကမိန်းမသည် သူ့အသက်ကို ကယ်ခဲ့သူဖြစ်နေ၏။ ထို့အပြင် သူသည် သူမကို တစ်ကြိမ်ထိခဲ့ပြီး ဖြစ်လေသည်။ အရေးပေါ်အခြေအနေကြောင့်ဖြစ်သော်ငြား ထိုတိုတောင်းလှသည့် အထိအတွေ့ကာလအတွင်း သူသည် တစ်ခုခု၏ ဆွဲဆောင်ခြင်းခံခဲ့ရသောကြောင့် ထင်သည်။ သူသည် အဆင်မပြေသည့်ခံစားချက်မျိုးလုံးဝ မခံစားခဲ့ရပေ။

သူ့ကိုယ်သူ ထိုသို့ နှစ်သိမ့်လိုက်ပြီးနောက် စကားပြောမည်ပြင်လိုက်စဥ် နောက်တစ်စက္ကန့်အတွင်း၌ ကုချင်းယွီ၏ လက်မောင်းသည် သူ့လည်ပင်းကို ချက်ချင်း ဖက်တွယ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးနီးပါးသည် သူ့အား မှီထားတော့သည်။

“သွားတော့လေ”

“…”

မုရွှမ်ချင် ရှူထုတ်လိုက်သည့်လေသည် လည်ချောင်းတွင် ပိတ်မိနေသော်လည်း မကြာလိုက်ပေ ထိုအစပိုင်း တောင့်တင်းမှုဖြစ်သွားပြီးနောက် သူ့ခန္ဓာကိုယ်သည် အေးဆေးသက်သာဖြစ်နေသည်ကို သတိထားမိသွားတော့သည်။ ခုနကလိုပင် အဆင်မပြေတာ မခံစားရသလို သူ့ခန္ဓာကိုယ်ကလည်း တွန်းကန်မှုများလုံးဝမလုပ်ချေ။

သူ့ဘေးက မိန်းမကို ထောက်ပံ့ပေးထားရင်းက သူ့မျက်လုံးကို နိမ့်လိုက်ကာ သူ့စိတ်ထဲတွင်တော့ သံသယတချို့ရှိနေသည်။ ဤမျှနီးကပ်သည့်အကွာအဝေးတွင် သူမ၏နူးညံ့သည့်အသားအရေပေါ်က မွှေးညှင်းနုနုလေးများကိုပင် မြင်နေရ၏။ သူမ၏အသားအရေသည် အလွန်ဖြူဆွတ်ပြီး အင်မတန်နူးညံ့ကာ ချွေးပေါက်လေးတစ်ခုပင် မတွေ့ရပေ။ သို့သော် သူမ၏အသားအရောင်မှာ အလွန်ဆိုးရွားနေ၏။ နာကျင်မှုသည် သူမသည်းခံနိုင်သည့်အနေအထားထက် ကျော်လွန်နေသည့်နှယ် ချွေးသီးချွေးပေါက်များသည် သူမ၏နှဖူးပေါ်မှာ စီးကျနေလေသည်။

သူမသည် အလွန်ပုံပျက်နေသည်မှာ သိသာလှသော်လည်း သူ့ရှေ့ကမိန်းမသည် အင်မတန်လှပသည်ဟု ခံစားလိုက်ရလေသည်။

သူမကို တောင့်တောင့်တင်းတင်း ထိန်းထားပေးရင်း သူတို့သည် မလှမ်းချင့်လှမ်းချင်နှင့် ဆက်လျှောက်သွားလိုက်၏။ ညင်သာသော လေပြေလေးသည် တိုက်ခတ်သွားပြီး သူမ၏ခန္ဓာကိုယ်ဆီမှာ ခပ်ဖျော့ဖျော့ ရနံ့လေးသည် သူ့မျက်နှာကို ဖြတ်သန်းသွားလေသည်။ အလင်းတစ်ခုသည် သူ့မျက်လုံးထဲတွင် ဖျတ်ခနဲ လင်းလက်သွားလေသည်။

ဒီမိန်းမက တကယ့်ကိုပဲ….

ဆွဲဆောင်မှုအပြည့်နဲ့ မွေးဖွားလာတာပဲ။ သူ့ခန္ဓာကိုယ်ကလည်း နူးညံ့ပျော့ပြောင်းနေတာပဲ။ သူမရဲ့ကိုယ်သင်းနံ့ကတောင် သူကို စွဲလမ်းသွားအောင် လုပ်နေတာ အရမ်းကို ချိုမြိန်နေရော….

သူမက နူးညံ့ပြီး ရွှမ်းစိုနေမလားလို့ တစ်ချက်လောက် ကိုင်ချင်စိတ်ဖြစ်အောင်လုပ်နေတာပဲလို့ စိတ်ကူးနေရင်း…..

သူ့ခန္ဓာကိုယ်သည် အနည်းငယ် ပူလောင်လာတော့သည်။

သူမသည် အပြင်းအထန် ဒဏ်ရထားတာ မဟုတ်လျှင် သူမသည် သူ့သရုပ်မှန်ကို သိထားပြီး သူမကို မြူဆွယ်ရန် တမင်ကြိုးစားနေသည်ဟု ထင်မိမှာအမှန်ပင်…

သူ့အသက်ရှုနှုန်းသည် အနည်းငယ် မြန်ဆန်လာ၏။

ကုချင်းယွီသည် သူ့ကို လှည့်ကြည့်လိုက်၏။

ကျွတ် လူသားတွေရဲ့ခန္ဓာကိုယ်က တကယ်နုဖတ်နေတာပဲ။ ငါလေးကို တစ်လှမ်းနှစ်လှမ်းလောက်ပဲ တွဲကူရသေးသည် သူ့အသက်ရှူနှုန်းတွေက အရမ်းကို မြန်လာပြီ…

သူမလို စွမ်းအားကြီးတဲ့အလည်လာသူ ဂြိုဟ်သားက ‘နုဖတ်နေတဲ့’လူသားတစ်ယောက်ကို အနိုင်မကျင့်နိုင်တော့ပါဘူးလေ။

ထို့သို့ စဥ်းစားလိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်ကို ပြင်လိုက်ကာ မုရွှမ်ချင်အား သူ့ခန္ဓာကိုယ်ပေါ်တွင် ရောက်နေသည့် အလေးချိန်ကို လျော့သွားသည်ကို ရုတ်တရက်ခံစားမိအောင် လုပ်ပေးလိုက်လေတော့သည်။

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset