PTH အပိုင်း ၂၂

အပိုင်း ၂၁ အာအိုးယာမာသို့ ဓားကို ပြန်လည်ပို့ဆောင်ခြင်း

အနက်ရောင်ဝတ်လူအိုကြီး ရပ်လိုက်ပြီး ကျင်းကျူးကို လှည့်ကြည့်လိုက်သည်။ အံ့အားသင့်နေသည့် အမူအရာတစ်ခု သူ့မျက်နှာအပေါ် ပေါ်လာပြီး ပြောလိုက်၏။
“ငါ အဲဒါကို အချိန်အကြာကြီး အသုံးမပြုခဲ့တာကြောင့် မသေချာဘူး။”

“ကျွန်တော် တစ်ခေါက်လောက် ကြိုးစားကြည့်လို့ရမလား။”
ကျင်းကျူး ပြောလိုက်၏။

ဤအရာကိုကြားသည်နှင့် လင်းဝုကျိ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ယွမ်ရှင်းတောင်ထွတ်အစောင့်များနှင့် တပည့်များသည်လည်း သူ့ကို ကြည့်လာခဲ့ကြသည်။

အနက်ရောင်ဝတ်လူအိုကြီး သူ့ကို ကြည့်‌လိုက်ပြီး အချိန်အကြာကြီး တိတ်ဆိတ်နေသည်။ ထို့နောက် သူ ပြောလိုက်၏။
“ကောင်းပြီ၊ မင်း ဘာလုပ်နိုင်သလဲ ကြည့်ကြတာပေါ့။”

ထို့နောက် ဓားတောင်ဆီသို့ သူ ဆက်လျှောက်သွားလိုက်သည်။

လင်းဝုကျိ ကျင်းကျူးကို ကြည့်လိုက်ပြီး တပည့်များသည်လည်း ထူးဆန်းနေကြ၏။

‘အခုလေးတင် အဲဒီဆရာသခင်ဦးလေးက မေးခွန်းတစ်ခု မေးလိုက်တဲ့အခါ မင်းမဖြေခဲ့ဘူး။ အခု အဲဒီဆရာသခင်က ထွက်သွားတော့မို့ လုပ်တဲ့အခါ မင်းက ဒီလိုမျိုးအရာတစ်ခုကို ပြောချင်ခဲ့တယ်။ မင်း ဘာကို ဆိုလိုတာလဲ။’

အနက်ရောင်ဝတ်လူအိုကြီး ခေါင်းမော့လိုက်ပြီး တိမ်တိုက်ထဲရှိ ဓားတောင်ကို ကြည့်လိုက်သည်။

ဓားမြည်သံတစ်သံက ထွက်ပေါ်လို့လာ၏။

ဓားအလင်းရောင်သည် တောင်ခြေရှိ ချောက်ကမ်းပါးကို လင်းထိန်သွားစေခဲ့သည်။

အနက်ရောင်ဝတ်လူအိုကြီး သူ့ဓားကို စီးနင်းလိုက်ပြီး လေနှင့်အတူ အ‌ပေါ်ကို ပျံသန်းသွားသည်။ သူ့ခန္ဓာကိုယ်သည် ကိုင်းမနေတော့ဘဲ ယခုလေးတင် အာအိုးယာမာဂိုဏ်းကို ဝင်ရောက်လာခဲ့သည့် တပည့်ကဲ့သို့ အလွန်အမင်း ဖြောင့်တန်းနေခဲ့သည်။

တခဏကြာပြီးနောက် သူ့ပုံရိပ်သည် တိမ်တိုက်များထဲ ပျောက်ကွယ်သွားပြီး မမြင်ရတော့ပေ။

***

မရေမတွက်နိုင်သော ဓားမြည်သံများ တောင်တန်းများထဲ ထွက်ပေါ်လာ၏။

တပည့်များ ဘာဖြစ်နေသည်ကို မသိကြသော်လည်း သူတို့ အံ့အားသင့်ထိတ်လန့်သွားကြပြီး ဆွံ့အသွားကြသည်။

ယွမ်ရှင်းတောင်ထွတ်၏ အစောင့်များ ပြောလိုက်ကြသည်။
“ဆရာသခင်ဦးလေးမိုရဲ့ဓားက အာအိုးယာမာကို ပြန်လာခဲ့ပြီ။”

အာအိုးယာမာ၏ တပည့်များအားလုံး တုံ့ပြန်လိုက်ကြ၏။
“အာအိုးယာမာကို ဓားပြန်လည်ပို့ဆောင်ခြင်းအတွက် အကြီးအကဲမိုကို ဂုဏ်ပြုပါတယ်။”

ဓားတစ်လက်၏ မြည်သံက ထျန်းကွမ်တောင်ထွတ်မှ ထွက်ပေါ်လာသည်။

ရှိုင်းတောင်ထွတ်၏ ရှေးကျသော ခေါင်းလောင်းက မြည်လာ၏။

ချင်းရောင်တောင်ထွတ်ပေါ်တွင် အဖြူရောင်တိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းနေသည်။

****

“စီနီယာဆရာသခင်မိုက ရှီးယွီတောင်ထွတ်ပေါ်မှာ နှစ်တစ်ရာကျော်လောက် စာအုပ်တွေကို စုစည်းနေခဲ့တယ်။ ဒီနေ့…”

ဓားတောင်ကို ကြည့်ကာ လင်းဝုကျိ သူ့စကားကို အဆုံးမသတ်ခဲ့ပေ။ သူ့မျက်လုံးများက အနည်းငယ် စိုစွတ်နေခဲ့၏။

ကျင့်ကြံသူများသည် သူတို့၏ ခံစားချက်များကို ဖြတ်တောက်ပစ်ရမည်ဟု ဆိုကြသော်လည်း သူတို့ ဘယ်လောက်များများက ၎င်းကို ပြုလုပ်နိုင်ကြပါသနည်း။ ထို့အပြင် အာအိုးယာမာဂိုဏ်းသည် တာအိုကို မကျင့်ကြံဘဲ ဓားကို ကျင့်ကြံသည်။

ဓားသမားတစ်ယောက်အနေဖြင့် အနာဂတ်တွင် သူ နောက်တစ်ကြိမ် ပြန်မဆုံနိုင်တော့ပါက ဝမ်းမနည်းဘဲ ဘယ်နေလိမ့်မည်နည်း။

ထို့နောက်မှသာ တပည့်များ ဘာဖြစ်သွားသည်ကို သိလိုက်ကြသည်။ သူတို့ကို နွေးထွေးစွာ စကားပြောနေခဲ့သည့် ထိုဆရာသခင်ဦးလေးမိုသည် အမှန်တကယ်တွင်… ကွယ်လွန်သွားပြီဖြစ်၏။

ဓားတောင်ကို သူလာခဲ့သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ အာအိုးယာအာသို့ သူ့ဓားကို ပြန်လည်ပို့‌ဆောင်ရန် ဖြစ်သည်။

သူသည် အနာဂတ်တပည့်များထဲမှ တစ်ယောက်က သူ့ဓားကို ဆက်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့၏။

ဓားတောင်ကို ကြည့်ကာ တပည့်များ သူ့တို့၏ စိတ်နှလုံးသားထဲတွင် ရှင်းပြ၍မရနိုင်သော ခံစားချက်အချို့ကို ခံစားလိုက်ကြရသည်။ ၎င်းက အနည်းငယ် လေးလံ၏။

ဤသည်မှာ အားအိုးယာမာရှိ ပထမဆုံးသင်ခန်းစာဖြစ်နိုင်သည်။

သူတို့ ကျင်းကျူးကို လှည့်ကြည့်လိုက်ကြ၏။

သူက ဦးလေးမိုကို သူ သူ့ဓားကို မည်သို့ အသုံးပြုရမည်ဆိုသည်ကို သိသည်ဟု ပြောလိုက်ချိန် ကျင်းကျူး ဘာကို ဆိုလိုခဲ့ပါသနည်း။ ထိုသည်က ၎င်းဆိုလိုသည့်အရာလော။

လင်းဝုကျိ ကျင်းကျူးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဆရာသခင်ဦးလေးမိုက သူ့ဓားကို အာအိုးယာမာဆီ ပြန်ပို့တော့မယ်ဆိုတာကို မင်း ဘယ်လိုခန့်မှန်းမိသွားသလဲ ငါ မသိဘူး။ သူ့ကို နှစ်သိမ့်ဖို့ ဒါမှမဟုတ် သူ့ကို စိတ်ကျေနပ်စေဖို့နဲ့ သူ့ဓားကို နိမ့်တဲ့နေရာမှာ ထားစေဖို့ အဲဒီစကားတွေ မင်းပြောခဲ့တာလား ဆိုတာကိုလည်း ငါမသိဘူး။ ဒါပေမယ့် မင်းက စီနီယာအစ်ကိုမိုရဲ့ နောက်ဆုံးဂုဏ်ယူမှုလေးကို နိုးထသွားစေခဲ့တယ်လို့ပဲ ငါ မင်းကို ပြောချင်တယ်။ အဲဓားရဲ့နေရာက တောင်ထိပ်နဲ့ အရမ်းနီးကပ်တယ်။”

“အဲဒီတော့..”
ကျင်းကျူး မေးလိုက်၏။

လင်းဝုကျိ သူ့မျက်လုံးထဲ စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းက ကတိပေးပြီးပြီမို့ မင်း အဲဒါကို လုပ်ရမယ်။ ဒီလိုမှမဟုတ်ရင် မင်းက ဘယ်တောင်ထွတ်က ဖြစ်နေပါစေ ဓားဆက်ခံခြင်းပြိုင်ပွဲမှာ ငါ မင်းကို ပါဝင်ခွင့်ပြုမှာမဟုတ်ဘူး။”

ဤအရာကိုကြားသည်နှင့် တပည့်များအားလုံး အံ့ဩသွားကြကာ သနားနေသည့် မျက်လုံးများဖြင့် ကျင်းကျူးကို ကြည့်လိုက်ကြသည်။

ဓားတောင်သည် ကြောက်မက်ဖွယ်ကောင်းသည့် ဓားစိတ်‌ဆန္ဒများဖြင့် ပြည့်နှက်နေပြီး ပိုမြင့်လာလေလေ ထိုဓားစိတ်ဆန္ဒများက သိပ်သည်းလာလေလေဖြစ်သည်။ တောင်ထိပ်သည် တိမ်တိုက်အနက်ပိုင်းတွင်ဖြစ်၏။ သူတို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်များဖြင့် သူတို့ ထိုနေရာကို မည်သို့ ရောက်နိုင်မည်နည်း။

“စကားအများကြီးပြောတာ၊ သံယောဇဉ်တွယ်တာ၊ ဝင်စွက်ဖက်တာတွေက မကောင်းဘူး။”

ဤအရာကို ပြောလိုက်ပြီးနောက် လင်းဝုကျိ သူ့ဓားကို စီးနင်းလိုက်ပြီး ထွက်ခွာသွား၏။

ဤမှတ်ချက်သည် ကျင်းကျူးကိုလည်း ရည်ညွှန်းပြီး ရှီးယွီတောင်ထွတ်ရှိ ဦလေးမို မသေဆုံးမီ သူ့အပြုအမူများကိုလည်း ရည်ညွှန်းသည်။

ယခုအခါ တပည့်များသည် လင်းဝုကျိက ကျင်းကျူးကို မုန်းတီးနေခဲ့ခြင်းမဟုတ်ဘဲ သူ့ကို အရမ်းမျှော်လင့်ထားကြောင်း နားလည်သွားကြသည်။

ယွမ်ရှင်းတောင်ထွတ်၏ အစောင့်တစ်ယောက်က တပည့်တစ်ဒါဇဉ်ကို ဓားကတ်ပြားများ ဝေပေးလိုက်ပြီး ပြောလိုက်သည်။
“ဓားတောင်ပေါ်မှာ အရင်ဆရာသခင်တွေ ချန်ထားခဲ့တဲ့ ဓားတွေ ရှိကြ‌တာကြောင့် သူတို့ကို ရှာဖွေတဲ့အခါ မင်းတို့ရဲ့ အပြုအမူတွေကို ဂရုစိုက်ကြရမယ်၊ ဆူညံ့စွာ ပြေးလွှားနေတာကို ရှောင်ကြရမယ်။ ဒါပေါ့ ဒီနေရာမှာ ပိုင်ရှင်မဲ့ဓားတွေ အများကြီး ရှိကြတယ်။ ဘယ်လိုဓားကိုပဲ မင်းတို့ ရှာပါစေ အဲဓားက မင်းတို့ရဲ့ ခေါ်သံကို တုံ့ပြန်တာနဲ့ အောင်မြင်တာပဲ။ မင်းတို့ လမ်းပျောက်သွားရင်၊ ထိခိုက်မိရင်၊ မတော်တဆမှု တစ်ခုခုဖြစ်ရင် ဒီဓားကတ်ပြားကို မင်းတို့ ချိုးလိုက်ဖို့ပဲလိုတယ်။ တစ်စုံတစ်ယောက်က မင်းတို့ကို ကယ်ဆယ်ဖို့ လာလိမ့်မယ်။”

ချောက်ကမ်းပါး နံရံများကို ကြည့်ကာ တပည့်တစ်ယောက် မေးလိုက်၏။
“ဒါပဲလား”

အပြင်စည်းတွင် သူတို့၏ ခန္ဓာကိုယ်များကို လေ့ကျင့်ပြီးနောက် အတွင်းစည်းတပည့်များ၏ ခန္ဓာကိုယ်များသည် သာမန်လူများထက် များစွာ သန်မာလာခဲ့ကြသည်။ သူတို့သည် ပေဒါဇင်ချီ အကွာအဝေးကို အလွယ်တကူ ခုန်နိုင်ပြီး သူတို့၏ သက်လုံကလည်း အလွန်ကြာရှည်၏။

ဓားတောင်သည် မတ်စောက်သော်လည်း သူ မည်သည့်အချိန်တွင်မဆို တက်နိုင်သည်ဟု ထိုတပည့် တွေးလိုက်သည်။ ဓားစိတ်ဆန္ဒများသည် အားကောင်းကြသော်လည်း သူ သူ့စိတ်စွမ်းအားအပေါ် မှီခိုနိုင်သေးသည်။ တမ်များဖုံးလွှမ်းနေသည့် နေရာကို သူ မဝင်ရောက်ခဲ့သရွေ့ သူ လွတ်လပ်စွာ တက်ဆင်းနိုင်သည်ကို ယုံကြည်ချက်ရှိပေသည်။

ယွမ်ရှင်းတောင်ထွတ်၏ အစောင့် ဘာမှမပြောခဲ့ပေ။ သူ ထိုတပည့်ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက မြင့်တက်သွားကြကာ ခန့်မှန်းမရသည့် အပြုံးတစ်ခုကို လှပ်ပြလိုက်သည်။

အတွင်းစည်းကို ဝင်ရောက်နိုင်ကြသည့် တပည့်များအားလုံးတို့သည် အလွန်ဉာဏ်ကောင်းသော လူငယ်များဖြစ်ကြသောကြောင့် ထိုအပြုံး၏ အဓိပ္ပာယ်ကို သူတို့ နားလည်လိုက်ကြသည်။

ထိုတပည့်၏ မျက်နှာ အနည်းငယ် ဖြူလျော်သွား၏။ သူ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အကြံအနည်းငယ်ပေးပါ အစ်ကိုကြီးခင်ဗျ”

အာအိုးယာမာဂိုဏ်း၏ အပြင်စည်းအစောင့်များသည် စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်ကို မချိုးဖောက်နိုင်ခဲ့ကြသည့် တပည့်များဖြစ်ကြပြီး တောင်ထွတ်ကိုးခုရှိ အတွင်းစည်း၏ အစောင့်များသည် ဓားဆက်ခံခြင်းပြိုင်ပွဲတွင် ရွေးချယ်မခံခဲ့ကြရသည့် တပည့်များဖြစ်ကြသည်။ ထို့ကြောင့် သူ့အတွက် သူတို့အား အစ်ကိုကြီးဟု ခေါ်ဝေါ်သည်မှာ ကျိုးကြောင်းဆီလျော်ပေ၏။

“မင်းတို့က စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်မှာ ရှိနေကြသေးတာကြောင့် မင်းတို့မှာ ဓားတွေကို ရှာတွေ့ဖို့ မျှော်လင့်ချက်မရှိဘူး။ မင်းတို့ သဘောပေါက် နားလည်ခြင်းအဆင့်ကို အရင်ဆုံး ဝင်ရောက်သင့်တယ်။”

ယွမ်ရှင်းတောင်ထွတ်၏ အစောင့်များ ပြောလိုက်ကြသည်။
“မင်းတို့က ဓားတွေကို ရှာတွေ့ခဲ့ရင်တောင် ဓားတွေက ‌မင်းတို့နောက် လိုက်ပါ့မလား။”

တပည့်တစ်ယောက် မေးလိုက်၏။
“ဓားတွေရဖို့က အချိန်ဘယ်လောက်ကြာမှာလဲ။”

“သာမန်တပည့်တစ်ယောက်အတွက် သူတို့ရဲ့ ကိုယ်ပိုင်ဓားပျံတွေ ရရှိဖို့ ပျမ်းမျှ အချိန် သုံးနှစ်လောက်ကြာတယ်။ ပါရမီရှိပြီး ကံကောင်းတဲ့လူတွေက မြန်မြန်ပိုရနိုင်တယ်။”

ယွမ်ရှင်းတောင်ထွတ်၏ အစောင့်များ တိမ်တိုက်ထဲရှိ ဓားတောင်ကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
“အစ်မကျောင်းက သုံးလကြာခဲ့တယ်။ မင်းတို့က ဘယ်လောက်ကြာမလဲဆိုတာ စဉ်းစားကြည့်ပါ။”

ဤအရာကို ပြောပြီးနောက် တောင်ခြေရှိ အဆောက်အဦငယ်သို့ သူ ပြန်သွားခဲ့ကာ ဒါဇင်ကျော် လူငယ်တပည့်များကို ချန်ရစ်ထားခဲ့သည်။

ဒါဇင်ကျော်သော တပည့်ငယ်များသည် ဆွံ့အစွာ အချင်းချင်းကြည့်လိုက်မိကြပြီး နောက်ထပ် ဘာလုပ်ရမလဲ မသိကြပေ။

ကျောင်းလေးယုသည် ဒုတိယမျိုးဆက် တပည့်များကြား ပါရမီအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး သူမက ဤတပည့်သစ်များ၏ အသည်းစွဲဖြစ်သည်။ သူတို့ မဆိုထားနှင့် တူညီသော ရလဒ်ကို အောင်မြင်ရန် သူမအတွက် သုံးလကြာမြင့်ခဲ့သည်။

ထို့အပြင် သူတို့၏ လက်ရှိ စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်ဖြင့် ဓားတောင်ကို ဝင်ရောက်သည်မှာ အဓိပ္ပာယ်မဲ့သည်ဟု ထိုအစောင့်က ရှင်းရှင်းလင်းလင်း ပြောခဲ့ပေသည်။

“ဒါက ဂိုဏ်းက ပေးတဲ့ ပထမဆုံးသင်ခန်းစာဖြစ်တာမို့ ငါတို့ လက်လျှော့လိုက်လို့မရဘူး။”

မျိုးရိုးနာမည် ဇူးဖြင့် တပည့်တစ်ယောက်က ပြတ်သားသည့် အမူအရာကို ဖော်ပြလိုက်ပြီး လူများကို ကြည့်ကာ လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။
“ဓားတွေက ဘယ်နေရာမှာလဲဆိုတာကို ငါတို့ မခံစားနိုင်ရင်တောင် ငါတို့ကိုယ်ငါတို့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင်လုပ်ဖို့နဲ့ အနာဂတ်အတွက် ပြင်ဆင်ဖို့ ဓားတောင်ကို ငါတို့ အရင်သွားကြည့်လို့ရတယ်။”

“ဟုတ်တယ်၊ ယွမ်ရှင်းတောင်ထွတ်ရဲ့ အဲဒီအစောင့်က ဓားကတ်ပြားတွေ ငါတို့ကို ပေးခဲ့တယ်။”

အမျိုးသမီးတပည့်တစ်ယောက် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“ဓားတောင်က လူတစ်ယောက်ရဲ့ စိတ်ကို လေ့ကျင့်ပေးနိုင်တယ်လို့ ဆရာသခင်လင်းက ပြောခဲ့တယ်။ သူနဲ့ တခြားဆရာသခင်တွေက ကျွန်‌မတို့ကို လျှို့ဝှက်စောင့်ကြည့်နေတာဖြစ်နိုင်တယ်။ ဘာလို့ ကျွန်မတို့ မသွားရမှာလဲ။”

တပည့်များ ဤစကားများကြောင့် သိမ်းသွင်းခံလိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက် သူတို့နှင့်အတူ သွားရန် အော်ဟစ်လိုက်ကြသည်။ သူတို့ အလွန်စိတ်လှုပ်ရှားနေပုံရ၏။

ကျင်းကျူး ဘာမှမပြောခဲ့ပေ။ သူ ထိုနေရာတွင်သာ တိတ်ဆိတ်စွာ ရပ်နေ၏။

မျက်လုံးများစွာ သူ့အပေါ် တစ်ချိန်တည်း ကျရောက်လာခဲ့သည်။

သူက သူ့ပျင်းရိမှုကြောင့် ကျော်ကြားသည်ကို တပည့်များ သိကြသော်လည်း သူက အတွင်းစည်းကို ဝင်ရောက်နိုင်ခဲ့သောကြောင့် သူ ပြောင်းလဲသွားခဲ့နိုင်သည် ဟု သူတို့ တွေးထင်ခဲ့ကြသည်။

ဆရာသခင်လင်း သူ့ကို ပြောခဲ့သည့်အရာက အလွန်ခက်ထန်ပုံရသော်လည်း သူ့အတွက် အားကောင်းသော မျှော်လင့်ချက်လည်း ပါဝင်သည်။

ကျင်းကျူး လူအုပ်ကြီးကို ခေါင်းညိတ်ပြလိုက်ပြီး လှည့်လိုက်ကာ ဓားတောင်မှ ထွက်လာခဲ့သည်။

တပည့်များ ထိုအခါမှ သူ ထွက်သွားတော့မည်ကို နားလည်လိုက်ကြ၏။

ဇူးမျိူးရိုးနာမည်ဖြင့် တပည့်က တုန်လှုပ်စွာ ပြောလိုက်သည်။
“မင်းက ဆရာသခင်မိုရဲ့ဓားကို ယူတော့မယ်လို့ မပြောခဲ့ဘူးလား။”

တခြားတပည့်များသည်လည်း မှင်သက်သွားကြပြီး ဤလူက  တကယ့်ကို ကောလဟလများအတိုင်းဖြစ်သည်ဟု တွေးလိုက်ကြသည်။

ဤအခိုက်တွင် လူတစ်စုသည် ဓားတောင်၏ အနောက်အရပ်ရှိ တောထဲမှနေ၍ ထွက်လာခဲ့ကြသည်။

ခေါင်းဆောင်သည် ဝတ်စုံပြောင်ဝတ် ခပ်ချောချော လူငယ်တစ်ယောက်ဖြစ်၏။ သူ့မျက်ခုံးများက ဓားများအလား ဖြစ်ကြပြီး သူ့မျက်နှာက ရေခဲအလား အေးစက်နေသည်။ သူ့တွင် တမူထူးခြားသော အရှိန်အဝါတစ်ခုရှိ၏။

ပို၍ အံ့အားသင့်စရာကောင်းသည့်အရာမှာ သူသည် သူ့ကျောပေါ်တွင် ဓားတစ်လက်ကို မသယ်ဆောင်ထားခဲ့ပေ။ သူသည် ထိုမျှ ငယ်ရွယ်သော အသက်အရွယ်တွင် ဓားဆေးလုံး၏ အဆင့်အမြင့်အဆင့်ကို ရောက်ရှိပြီး မရှုံးနိမ့်နိုင်သော အဆင့်ကို ဝင်ရောက်သွားခဲ့ပြီမှာ ဖြစ်နိုင်၏လော။

ယွမ်ရှင်းတောင်ထွတ်၏ အစောင့်များက သူ့ဆီသွားလိုက်ပြီး စကားအနည်းငယ်ပြောလိုက်သည်။ ထို့နောက် လူအုပ်ကြီးသည် ဤလူက ဂုဟန်ဖြစ်ပြီး ဓားဆေးကြောခြင်းစံအိမ်၏ ဆရာများထဲမှ တစ်ယောက်ဖြစ်သည်ကို နားလည်လိုက်သည်။

ဂုဟန်တွင် နောက်ထပ်အရေးကြီးသော ရာထူးလည်းရှိ၏။

သူသည် လျန်းဝမ်တောင်ထွတ်၏ တတိယအစ်ကိုဖြစ်သည်။

အာအိုးယာမာဂိုဏ်း၏ ပါရမီအရှိဆုံး တပည့်ငယ်များက လျန်းဝမ်တောင်ထွတ်တွင် စုဝေးနေကြသည်ဟု ပြော၍ရသည်။ ဂုဟန်သည် တတိယချိတ်ပြီး ၎င်းက သူ့ဓားကျင့်ကြံခြင်း မည်မျှ အားကောင်းသည်ကို ပြသနေပေသည်။

ဂုဟန်ကို ကြည့်ကာ တပည့်များ၏ မျက်နှာများအပေါ် ကြောက်ရွံ့ရိုသေမှုများ ပေါ်လာခဲ့သည်။

ကျင်းကျူး ဂုဟန်ကို မကြည့်ခဲ့ပေ။ သူ ဂုဟန်ဘေးရှိ လူကိုသာ တိတ်တဆိတ်ကြည့်နေ၏။

ဂုဟန်ဘေးတွင် ရပ်နေသည့် ဆယ်ကျော်သက်တစ်ယောက်ရှိသည်။

ရွာဝင်ပေါက်တွင် သူတို့ ဆုံခဲ့ကတည်းက သုံးနှစ်ရှိသွားပြီဖြစ်ပြီး သူ အသက်ဆယ့်သုံးနှစ် ရှိလာခဲ့ပြီဖြစ်သည်။

သူသည် ယခုအခါ ‌ဆယ်ကျော်သက်တစ်‌ယောက်ဖြစ်ပြီဖြစ်သော်လည်း သူ့မျက်ခုံးများက ဖြောင့်တန်းနေကြသေးပြီး သူ့မျက်လုံးများက ကြည်လင်ပြီး အပြစ်ကင်းစင်နေကြသေးကာ သူ့မျက်နှာက မဲနေသေးသည်။

တောင်ထွတ်ကိုးခုတွင် တစ်နှစ်တာကျင့်ကြံပြီးနောက် လီရှီရှူး ပို၍ ရင့်ကျက်လာ၏။ သူသည် တည်ငြိမ်ပြီး သူ့အမူအရာက တည်ကြည်နေသည်။

သူ ခေါင်းရှုပ်နေသည့် အမူအရာဖြင့် တစ်နေရာကို ကြည့်လိုက်ပြီး မကြာမီ အံ့အားသင့်သွားသည်။

“အာ”

*************************************

Swae Nyoe
Author: Swae Nyoe
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset