Chapter 24: ဆရာနှင့်တပည့် ဆက်ဆံရေး
ပိုင်ဖန်းမှာ သူ၏ဆရာမှ အကဲဖြတ်သောကြောင့် ‘ဆိုးရွားစွာကစားခြင်း’မှ ‘ကောင်းမွန်စွာကစားခြင်း’သို့ရောက်ရှိရန် နှစ်လအပြည့်အချိန်ကြာခဲ့သည်။
လူငယ်ပိုင်ဖန်းမှာ သေနတ်ဘုရင်နှင့် ထိတွေ့ပြီးနောက် သူကြည့်ခဲ့သည့် ပထမဆုံးကစားပွဲမှာ ဒုတိယလိဂ်တွင် အသင်းတစ်သင်းနှင့် ACE အသင်းတို့၏ယှဉ်ပြိုင်မှုဖြစ်သည်။ သူ၏အသင်းသားများအားလုံး သေသွားသည့်အခြေအနေတွင် နတ်ဘုရား Wing သည် တစ်ယောက်ငါးယောက် အခြေအနေအား ပြောင်းပြန်လှန်ကာ ငါးယောက်သတ်ဖြတ်မှုကို သပ်သပ်ရပ်ရပ်ရရှိခဲ့သည်။
ငယ်ရွယ်သော ပိုင်ဖန်း၏နှလုံးသားမှာ ဆူပွက်နေသောသွေးများနှင့် ပြည့်နေပုံပေါ်သည်။ သူသည် “ဒီလူကအရမ်းချောတာပဲ” ဟု မပြောဘဲမနေနိုင်ခဲ့ပေ။
ထိုအချိန်ကတည်းက သူသည် ACE အဖွဲ့ဝင် Wing ၏ရာသက်ပန် ပရိသတ်တစ်ယောက်ဖြစ်ကာ ACE ၏ကစားပွဲများနောက်လိုက်ခဲ့သည်။ သူသည် ကစားပွဲတိုင်းကြည့်ရန် နှိုးစက်ထားကာ ဒုတိယလိဂ်တွင် မည်သူမှ အလေးပေးခြင်းမခံရသော ‘အောက်ခြေ’အသင်းမှာ ပရော်ဖက်ရှင်နယ်လိဂ်သို့သွားရန် အားလုံးကို တိုက်ခိုက်ကာ အေအဆင့်လိဂ်အတွက် အရည်အချင်းပြည့်မီခြင်း ရရှိခဲ့သည်ကို စောင့်ကြည့်ခဲ့သည်။
ထို့နောက်ပိုင်ဖန်းသည် သူ့ကိုယ်သူမိတ်ဆက်ရန် ACE အသင်း၏အခြေစိုက်စခန်းသို့ ရဲတင်းစွာပြေးသွားခဲ့သည်။
ထိုနေ့မှာ သူသည်ဒဏ္ဍာရီလာနတ်ဘုရား Wing အား အနီးကပ်မြင်သည်မှာ ပထမဆုံးဖြစ်သည်။ ကင်မရာများ၏ရှေ့တွင် သူ၏မျက်လုံးများမှာ လက်ရာမြောက်ကာလှပသောလည်း သူ၏မျက်နှာမှာ ကြောက်မက်ဖွယ် အေးစက်နေ ခဲ့သည်။ သူ၏အေးစက်စက်မျက်လုံးများမှာ ‘ငါ့ကိုလာမရှုပ်နဲ့’ဟူသည့် တင်းမာသောအရှိန်အဝါရကာ သူ၏နှုတ်ခမ်းထောင့်မှ အနီရဲရဲမှဲ့မှာ သူ၏မျက်နှာအသွင်အပြင်များအား ရှင်းလင်းတောက်ပစေခဲ့သည်။
ပိုင်ဖန်းသည် ကလေးသဖွယ်ပြောခဲ့သည်။ “နတ်ဘုရား Wing။ ကျွန်တော်ကအစ်ကို့ကို အရမ်းသဘောကျတဲ့ ပရိသတ်ပါ။ ကျွန်တော်အစ်ကို့ကိုဆရာအနေနဲ့ကိုးကွယ်ချင်ပြီး သေနတ်ပစ်သမားတစ်ယောက်ဘယ်လိုဖြစ်ရမလဲဆိုတာကို သင်ယူချင်ပါတယ်”
ကျန်းရှောင်ယွီသည် သူ့အားအလန့်တကြား ကြည့်လိုက်ကာ မျက်ခုံးပင့်လိုက်သည်။ ထို့နောက်သူသည် နောက်သို့လှည့်ပြီး ယယ်ကျင်းမင်အား မယုံနိုင်လောက်အောင်မေးလိုက်သည်။ “ဒီကလေး ဘယ်ကနေလာတာလဲ”
အစ်မယွီသည် ပေါ့ပေါ့ပါးပါးရယ်ခဲ့သည်။ “သူကအရင်စခန်းကိုလာရှာပြီး အစ်ကို့ကိုဆရာအနေနဲ့ကိုးကွယ်ဖို့ ခေါင်းမာနေတယ်လေ။ သူပြောတာရတော့ အစ်ကိုသူ့ကိုတပည့်အနေနဲ့ လက်ခံဖို့ငြင်းမယ်ဆိုရင် သူကအစ်ကိုလက်မခံမချင်း စခန်းရဲ့တံခါးနား ဒူးထောက်နေမယ်တဲ့”
ကျန်းရှောင်ယွီ: “……”
ထိုနေ့က ရာသီဥတုမှာ ပူပြင်းလွန်းကာ ပူခြစ်တောက်နေသည့်နေမှာ သူတို့၏ခေါင်းများပေါ်အမြင့်သို့ရောက်နေခဲ့သည်။ ကျန်းရှောင်ယွီသည် ချွေးထွက်နေသော ဆယ်ကျော်သက်အား အပေါ်မှအောက်သို့ ကြည့်နေခဲ့သည်။ ကျန်းရှောင်ယွီသည် စိတ်သဘောထားနူးညံ့ကာ သူ့အားတပည့်အဖြစ်လက်ခံချင်လောက်သည်ဟု ပိုင်ဖန်းတွေးမိသောအခါ သူသည်အခြားလူမှ အေးစက်စွာ မေးလိုက်သည်ကို ကြားခဲ့သည်။ “မင်း တီဗီဒရာမာတွေ အများကြီးကြည့်ရာက အလယ်တန်းဒုတိယနှစ်ရောဂါများ ရခဲ့သလား”
ပိုင်ဖန်း, “……?”
သူကြိုက်နှစ်သက်သောသူ၏ ရက်စက်သောစကားမှာ ပိုင်ဖန်းအားတစ်ခဏတာ အေးစက်သွားစေခဲ့သည်။ ဤကိစ္စ၏တိုးတက်မှုမှာ သူ၏ထင်မှတ်မှုများနောက် ရှိနေခဲ့သည်။
အစ်မယွီသည် တစ်ဖက်တွင် အရယ်မရပ်တေ့ာပေ။ “ရှောင်းပိုင်၊ တပည့်တစ်ယောက်ကို လက်ခံတာက သာမန်ကိစ္စမဟုတ်ဘူးလေ။ သူကနှစ်ရက်ကြာ ဒူးထောက်ရင်တောင် နင့်ကိုလက်မခံဘူး။ e-sports ကစားတာက နင်ထင်သလို မရိုးရှင်းဘူး…မဟုတ်ရင်လည်း အားယွီ သူကဒီအထိတောင်လာခဲ့ရတာပဲ။ သူ့ကို ဒီနေရာအလကား လာခိုင်းလို့မရဘူးလေ။ သူ့ကိုဘာလို့ စာမေးပွဲမစစ်တာလဲ”
ကျန်းရှောင်ယွီသည် ခေါင်းငြိမ့်ကာ ပိုင်ဖန်းအား စာမေးပွဲစစ်ရန် ခေါ်လိုက်သည်။
ပိုင်ဖန်းသည် အနက်ရောင်အခန်းငယ်လေးနောက် ကျန်းရှောင်ယွီနောက်သို့ လိုက်ကာ e-sports ကစားသမား၏တုံ့ပြန်နိုင်စွမ်းစစ်ဆေးမှုတစ်ချို့အား အောင်မြင်ခဲ့သည်။
သူ၏ရလဒ်များအားလုံးမှာ အမှတ်ပြည့်ပင်ဖြစ်သည်။
ကျန်းရှောင်ယွီသည် ပြောလိုက်သည်။ “မင်းရဲ့စွမ်းရည်က အဆင်ပြေတယ်။ မင်းအချိန်တစ်ခုလောက် ဒီမှာနေ။ တစ်ပတ်လောက် ACE မှာမင်းနေပြီး မထွက်သွားချင်ရင်တော့ ငါမင်းကိုတပည့်အနေနဲ့ တရားဝင်လက်ခံမယ်”
ဤသည်မှာ ဒဏ္ဍာရီလာ အကြိုတပည့်စစ်ဆေးမှုလား။ ဤသည်မှု တီဗီဒရာမာများတွင် လုပ်ခဲ့သည့်အရာဖြစ်သည်။
ပိုင်ဖန်းသည် စိတ်လှုပ်ရှားစွာ သဘောတူခဲ့သည်။ “ကျွန်တော်လုပ်နိုင်တယ်။ တစ်ပတ်ကိုမေ့လိုက်။ တစ်ရက်ဆိုရင်တောင် ACE ထဲမှာ တစ်ရက်နေနိုင်တယ်”
သူတွေးခဲ့သည်။ ‘တစ်ပတ်လောက်တောင့်ခံရမယ့်အချက်က ဘာလို့လဲ။ ACE ကလူတွေကိုစားနိုင်လား’
သို့သော် သူ့အတွက် ကျန်းရှောင်ယွီစီစဉ်ခဲ့သော မကောင်းဆိုးဝါးပုံစံ လေ့ကျင့်မှုမှာ အလွန်ကြောက်စရာကောင်းသည်။
ပထမနေ့၌ ကျန်းရှောင်ယွီသည် သူ့အားပြိုင်ပွဲနေရာတွင် ရွေ့လျားနေသည့်ပစ်မှတ်အား ပစ်ခိုင်းသည်။ လျင်မြန်စွာရွေ့လျားနေသော ပစ်မှတ်မှာ သူ့အားမူးနောက်စေကာ သူသည်မပစ်နိုင်ပေ။ နောက်တစ်ခါတွင် ကျပန်းပစ်မှတ်မှာ လေထဲတွင် ၃၆၀ဒီဂရီပေါ်လာခဲ့ကာ သူသည် လေ့ကျင့်ရေးအဆုံးသတ်ရန် ပစ်မှတ်အားလုံးကို ပစ်ရန်လိုသည်။ ပစ်မှတ်များမှာ နေရာတိုင်းတွင်ရှိကာ သူသည်ပြောင်းအားအမြန်လှည့်လျှင်ပင် အားလုံးကို မပစ်နိုင်ပေ။ ပိုင်ဖန်း၏မျက်လုံးများ ကန်းတော့မလိုပင်ဖြစ်သည်။ တတိယနေ့မှာ မြေပုံနေရာယူခြင်းလေ့ကျင့်မှုဖြစ်ကာ ပိုင်ဖန်းသည် ကြယ်ငါးပွင့်အဆင့်ခက်ခဲမှုနှင့် မြေပုံကြောင့် လုံးဝကြောင်သွားခဲ့သည်။
သူ၏မူးဝေမှုမှာ သုံးရက်ဆက်ကြာသွားခဲ့သည်…
စတုတ္ထနေ့တွင် ကျန်းရှောင်ယွီသည် သူ့အား တိုက်ပွဲနေရာသို့ ဆွဲခေါ်သွားကာ သူနှင့်ယယ်ကျီအား ထိပ်တိုက်တွေ့ခိုင်းသည်။ သူသည်အနည်းဆုံးအကြိမ်၅၀ ယယ်ကျီ၏ Scarlet Blade ကြောင့် သေသွားခဲ့သည်။
ပဉ္စမနေ့တွင် သူသည် ရှောင်းကျိုးမှ AK-47ဖြင့် အကြိမ်၆၀ အသတ်ခံရသည်။
ဆဌမနေ့တွင် သူသည် လောင်လင်းမှ စက်သေနတ်ဖြင့် ပျားလပို့အဖြစ် အပစ်ခံခဲ့ရသည်။
ပိုင်ဖန်းသည် ပြန်မတိုက်နိုင်သည်အထိ အနိုင်ကျင့်ခံခဲ့ရသည်။ သူသည်ဆက်တိုက်သေနေသော တက်သစ်စနှင့်တူသည်။
ဤသည်မှာ စိတ်ဆင်းရဲရန် လုံလောက်သည်ဟု ပိုင်ဖန်းတွေးနေချိန် မြင့်မြတ်သောမကောင်းဆိုးဝါးဘုရင် နတ်ဘုရား Wing မှာ ကိုယ်တိုင်ပေါ်လာခဲ့သည်။ သူသည်စနိုက်ပါရိုင်ဖယ်သေနတ်ကိုထုတ်ကာ ပိုင်ဖန်းအား အကြိမ်၁၀၀ဆက်တိုက်ပစ်ရန် ‘ခေါင်းပစ်ချက်’နည်းလမ်းကို အသုံးပြုခဲ့သည်—၎င်းသည် အတိအကျအကြိမ်၁၀၀ဖြစ်နေခဲ့သည်။
အဆုံးတွင် ပိုင်ဖန်းသည် သေရသည်ကို ထုံသွားခဲ့သည်။ သူသည် အသိစိတ်ပျောက်ဆုံးသွားကာ ဆန္ဒရှိသလောက်ရိုက်နိုင်သော အရုပ်နှင့်တူနေခဲ့သည်။
သနားစရာကောင်လေးမှာ ယုံကြည်ချက်ပျောက်ဆုံးကာ ဘဝကိုသံသယဖြစ်ပြီး ဂိမ်းအား ဖျက်ချင်သည့်အထိ ကြီးမြတ်သောမကောင်းဆိုးဝါးဘုရင် နတ်ဘုရား Wing မှ နှိပ်စက်ခံခဲ့ရသည်။
သူသည် ကြောင်တောင်တောင်မျက်လုံးများအဖြစ်ပြောင်းသွားကာ သူ၏ဝိညာဉ် ကွန်ပျူတာဖန်သားပြင်အား ကြောင်ကြည့်နေကာ ခန္ဓာကိုယ်မှ ထွက်သွားခဲ့သည်။
ထို့နောက် ကျန်းရှောင်ယွီသည် သူ့အား တည်ငြိမ်စွာမေးလိုက်သည်။ “မင်းငါ့ကိုဆရာအနေနဲ့ ကိုးကွယ်ချင်တုန်းပဲလား”
ပိုင်ဖန်းစိတ်များ ပြန်လည်လာသည်။ သူသည် တင်းတင်းကျပ်ကျပ်ခေါင်းငြိမ့်ကာ သူ၏မျက်လုံးများထဲ မျက်ရည်များရှိနေခဲ့သည်။ “ကျွန်တော်ကိုးကွယ်ချင်တယ်။ ကျွန်တော်သေနတ်ပစ်သမား ဘယ်လိုဖြစ်ရမလဲဆိုတာ သင်ချင်တယ်”
ကျန်းရှောင်ယွီသည် မျက်ခုံးပင့်လိုက်သည်။ “မင်းနေ့တိုင်းအနာဂတ်မှာ ငါတို့ဆီကအနိုင်ကျင့်ခံရရင်တောင်လား”
ပိုင်ဖန်းသည် အံကြိတ်ထားသည်။ “ရပါတယ်။ ကျွန်တော်သေရင်တောင် ထပြီးတော့ ဆက်သေဦးမှာပါ”
ကျန်းရှောင်ယွီသည် တစ်ပတ်လောက် အနိုင်ကျင့်ခံရကာ လက်လျှော့ရန်ငြင်းဆန်နေဆဲဖြစ်သော လူငယ်လေးအား ကြည့်ကာ သူ၏အသံမှာ ပို၍နူးညံ့သွားခဲ့သည်။ “ကောင်းပြီ။ ဒါဆိုငါ့ကိုဆရာလို့ခေါ်”
ပိုင်ဖန်းသည် သူ့အားမျက်လုံးပြူးကြည့်နေခဲ့သည်။
ယယ်ကျီသည် ဘေးမှပြောလိုက်သည်။ “နတ်ဘုရားယွီက မင်းကိုတပည့်အနေနဲ့ လက်ခံလိုက်တာ။ မင်းသူ့ကို လက်ဖက်ရည်မတိုက်တော့ဘူးလား”
လောင်လင်းသည် သူ၏ခေါင်းအား ပုတ်လိုက်သည်။ “ဘာလို့မင်းကြောင်နေရတာလဲ”
ရှောင်းကျိုးသည် ကြိုတင်၍ လက်ဖက်ရည်ထည့်ပေးကာ စားပွဲပေါ်တင်လိုက်သည်။
နောက်ဆုံး ပိုင်ဖန်းတုံ့ပြန်ကာ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေခဲ့သည်။ သူသည်လက်ဖက်ရည်တစ်ခွက်ယူလာကာ ကျန်းရှောင်ယွီ၏အရှေ့တွင် ရိုသေစွာကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ “ဆရာ”
ကြည်လင်သောအသံမှာ အမြဲမထူးခြားသော ကျန်းရှောင်ယွီ၏နှုတ်ခမ်းထောင့်များအ အနည်းငယ်မြင့်တက်သွားစေခဲ့သည်။
သူသည် လက်ဖက်ရည်ကိုယူကာ မပြောခင်တွင် အနည်းငယ်သောက်လိုက်သည်။ “မင်းပြောင်မြောက်တဲ့ သေနတ်ပစ်သမားဖြစ်ချင်ရင် ခိုင်မာတဲ့စိတ်ဓာတ်ရှိရမယ်။ မင်းကရန်သူဆီက ခေါင်းတည့်တည့်အပစ်ခံရရင်တောင် ချက်ချင်း ခံစားချက်တွေကို ညှိနှိုင်းပြီး နောက်တစ်ချီကို အကောင်းဆုံးအခြေအနေမှာ စရမယ်။ ဒါကငါမင်းကိုပေးမယ့် ပထမဆုံးသင်ခန်းစာပဲ”
“ရှုံးရမှာကို မကြောက်နဲ့။ လဲကျသွားရင်တောင် ပြန်ထ”
“မင်းလုပ်နိုင်ခဲ့ပြီ ရှောင်းပိုင်”
ပိုင်ဖန်းသည် သူ၏အရှေ့ရှိလူအား ကြောင်ကြည့်နေခဲ့သည်။
လွန်ခဲ့သည့်ရက်များအတွင်း ဆရာမှာဖိအားကို ခံနိုင်ရည်ရှိရန် သူ၏စွမ်းရည်ကို စမ်းသပ်နေခဲ့ခြင်းဖြစ်သည်။
သူ၏ယုံကြည်မှုမှာ ဖျက်ဆီးခံရကာ ထွက်ချင်နေပါက ကျန်းရှောင်ယွီသည် သူ့အားတပည့်အဖြစ် လက်ခံလိမ့်မည်မဟုတ်ပေ။
ကျွမ်းကျင်ကစားသမား၏ အသက်မွေးဝမ်းကြောင်းမှာ မကောင်းခဲ့ပေ။ နေ့တိုင်းသည် ပျင်းစရာကောင်းသည့် လေ့ကျင့်ရေးမျိုးပါဝင်သည်။ တစ်ခါတစ်ရံတွင် သူတို့အား ရန်သူများမှ အရိုက်ခံရလိမ့်မည်ဖြစ်ကာ အင်တာနက်သုံးစွဲသူများမှလည်း အဆူခံရလိမ့်မည်။ သူတို့စိတ်ဓာတ်ပြိုလဲသွားရန် လွယ်ကူသည်…
သို့သော်လည်း ကျရှုံးမှုတိုင်းပြီးနောက် သူတို့သည် ထ၍ဆက်သွားရမည်။
ဤသည်မှာ ကျွမ်းကျင်မှုဖြစ်သည်။
ပိုင်ဖန်းသည် ဆရာဘာဆိုလိုသည်ကို နားလည်သည်။
ထိုနေ့မှစ၍ သူသည် ကျန်းရှောင်ယွီနောက် အလေးအနက်လေ့လာရန် လိုက်ခဲ့သည်။
အစပိုင်းတွင် သခင်မှာ အပေါက်ဆိုးကာ သူသည်လမ်းလျှောက်ရင်းအိပ်ပျော်သကဲ့သို့ ရွေ့လျားကာ သတိမရှိဘဲ ပစ်ခတ်နေခြင်းအတွက် အဆူခံခဲ့ရသည်…
ပိုင်ဖန်းသည် အချိန်တိုင်း အဆူခံရ၊ အနှိပ်စက်ခံရကာ အသတ်ခံရသည်။ သူသည်တဖြည်းဖြည်းနှင့် သူ့ဆရာ၏အပေါက်ဆိုးမှုကို နေသားကျကာ လျင်မြန်စွာ တိုးတက်လာသည်။
တစ်လကြာပြီးနောက် သခင်သည်သူ့အားသိပ်မဆူတော့ပေ။
နှစ်လကြာပြီးနောက် သူသည်သခင်နှင့် ထိပ်တိုက်ပြိုင်ပွဲတွင် အနိုင်ကလုနီးပါးဖြစ်ကာ ကျန်းရှောင်ယွီ၏သုံးသပ်ချက်ဖြစ်သည့် ‘အဆင်ပြေတယ်’အား လက်ခံရရှိခဲ့သည်။
ပိုင်ဖန်းသည် အလွန်စိတ်လှုပ်ရှားသောကြောင့် သူသည် မီးရှူးမီးပန်းများလွှတ်ရန် သွားတော့မလိုပင်ဖြစ်သည်။
၎င်းမှာ အဆင်ပြေနေခဲ့သည်။
အမြဲတမ်း အပေါက်ဆိုးသည့် ကျန်းရှောင်ယွီအတွက် အဆင်ပြေတယ် အပြောခံရခြင်းမှာ တကယ်တမ်းတွင် သူအရမ်းတော်သည်ဟု ဆိုလိုခြင်းဖြစ်သည်ကို သူသိနေခဲ့သည်။
သူ၏ဆရာမှာ အေးစက်စက် သဘောထားရှိကာ ရယ်ရသည်ကို မကြိုက်သော်လည်း သူသည်ပိုင်ဖန်းအပေါ်အမြဲကောင်းခဲ့သည်။
တိကျသည့်စိတ်ဓာတ်မှ အလွန်မိုက်သော စစ်ဆေးရေးစွမ်းရည်များနှင့် ပြောင်မြောက်သော ကွင်းပြင်သတိရှိမှာအထိ ဆရာသည်သူ့အား ရှုထောင့်အားလုံးကို သင်ကြားပေးကာ နည်းနည်းနှင့်တစ်ဆင့်ချင်းဆီသင်ပေးပြီး သူ၏များစွာသောပြဿနာလေးများအား စိတ်ရှည်လက်ရှည်ရှင်းပြနေခဲ့သည်။
သူသည် ပိုင်ဖန်းအား ချန်လှပ်ထားခြင်းမရှိဘဲ ပေးခဲ့သည်။
ပိုင်ဖန်းသည်ဤကဲ့သို့ ဆရာကောင်းနှင့်တွေ့ရန် မည်ကဲ့သို့ ကံကောင်းနေသနည်း။
ပိုင်ဖန်း၏စိတ်မှာ ရုတ်တရပ် ဤမေ့မရသော အတိတ်အဖြစ်အပျက်များကိုတွေးမိရင်း အလွန်ရှုပ်ထွေးသည့် စိတ်ခံစားချက်များနှင့် ပြည့်နေခဲ့သည်။
သူ့အတွက် ကျန်းရှောင်ယွီမှာ သူ၏ဆရာဖြစ်ကာ သူ၏စိတ်ထဲ၌ အလေးစားဆုံး လူတစ်ယောက်ဖြစ်သည်။
ကျန်းရှောင်ယွီသည် လူတိုင်းသူ့ကိုတားသည့်ကြား ရုတ်တရက် အနားယူသွားကာ ဤနှစ်များအတွင်း သတင်းများမရှိခဲ့သော်လည်း ပိုင်ဖန်းအမြဲခံစားခဲ့သည်မှာ…
ဆရာပြန်လာလိမ့်မည်။
သူသည် လေ့ကျင့်ရေး အခိုက်အတန့်တစ်ခုကိုပင် မဖြုန်းတီးရဲပေ။
နေ့တိုင်းတိကျသည့်အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအပြင် သူသည်ကျန်ရှိနေသည့်အချိန်အား ကျန်ပျူတာပေါ်တွင် ‘ ACE ၏အနက်ရောင်အခန်းငယ်လေး ‘ ဟုခေါ်သည့် ဆော့ဖ်ဝဲပေါ်နှိပ်ရန် အသုံးပြူလိမ့်မည်။
၎င်းသည် ကစားသမားများအားလုံး ACE အချိန်အတောအတွင်း ကစားသမားအားလုံး နေ့တိုင်းပြုလုပ်ခဲ့သော အခြေခံလေ့ကျင့်ရေးလေ့ကျင့်ခန်းများဖြစ်သည်။
ဆက်တိုက် လှုပ်ရှားခြင်း၊ပစ်ခတ်ခြင်း၊ရှောင်ရှားခြင်း…
နေ့တိုင်း ပိုင်ဖန်းသည် ကျွမ်းကျင်ကစားသမားများသာ လုပ်နိုင်သည့် ငြီးငွေ့ကာပျင်းစရာကောင်းသည့် လေ့ကျင့်ခန်းများအား လုပ်ရန် သူ့ကိုယ်သူတွန်းအားပေးခဲ့သည်။
သူသည် တစ်နေ့တွင် သူ၏သခင်ပြန်လာ၍ သူအားနည်းနေပါက သူ၏ဆရာမှာသူ့အားမကြိုက်တော့မည်လားဟု ဆက်တိုက်တွေးနေခဲ့အိသည်။ ထို့နောက်သူ၏သခင်မှာ “ငါသင်ပေးခဲ့တဲ့တပည့်က ဒီအဆင့်ပဲလား’ဟုပြောလိမ့်မည်။
ထိုသို့ဆိုလျှင် သူသည်ဆရာအား ထပ်တွေ့ရန် မည်သည့်မျက်နှာ လုပ်ရမည်နည်း။
သူသည် တိုက်ရိုက်ထုတ်လွှင့်သူဖြစ်လျှင်ပင် သူ့ကိုယ်သူ ကျွမ်းကျင်ကစားသမားများကဲ့သို့ တူညီသည့်အဆင့်အတန်း၌ သူ့ကိုယ်သူထိန်းထားဆဲဖြစ်သည်။
—ဤသည်မှာ သူသည် နတ်ဘုရား Wing ၏တပည့်ဖြစ်နေသောကြောင့်ဖြစ်သည်။
သူသည် သူ၏ဆရာအား စိတ်မပျက်စေချင်သလို သူ၏ဆရာလေ့ကျင့်ရေးအတိုင်းနေရန် မကျရှုံးနိုင်ပေ။
ပိုင်ဖန်းသည် အသက်ပြင်းပြင်းရှူကာ သူ၏မျက်လုံးထဲမှ မျက်ရည်ပူများအ ထိန်းထားခဲ့သည်: သူဌေး၊ သူငယ်ချင်းအနေနဲ့ အပ်လို့ရမလား။
ကျန်းရှောင်ယွီသည် သိပ်မတွေးဘဲ သူ၏ WeChatIDအား သီးသန့်ပို့ခဲ့သည်။
ပိုင်ဖန်း၏အကောင့်မှာ မူလတစ်ခုသာ ဖြစ်နေဆဲဖြစ်ကာ ပုံစံမှာ သူကိုယ်တိုင်ရေးဆွဲခဲ့သော ချစ်စရာကောင်းသည့် ‘Fred’ စာလုံးလေးများဖြစ်သည်။
ကျန်းရှောင်ယွီ၏ WeChat သူပြည်ပသွားပြီးနောက် ပြောင်းသွားခဲ့သည်။ ယခုသူသည် နံပါတ်အသစ်ကိုသုံးကာ သူ၏ပုံစံမှာ သူ၏ခွေူကလေးဖြစ်သည်။
ပိုင်ဖန်းသည် ခွေးပုံအား တွေ့သောအခါ ကြောင်သွားခဲ့ကာ WeChat တွင်မေးလိုက်သည်: ဟာ သူဌေး။ ဒီပုံက ခင်ဗျားခွေးလား။
ကျန်းရှောင်ယွီ: ဟုတ်တယ်။ ဒါကမွေးပွခွေးကလေး။
ပိုင်ဖန: အရမ်းချစ်ဖို့ကောင်းတာပဲ~
ဆရာသည် ယခင်က အိမ်မွေးတိရစ္ဆာန်မမွေးခဲ့ဖူးပေ။ ဤသည်မှာ သူတို့မတွေ့ခဲ့ရသည့် ငါးနှစ်အတွင်း အသစ်တစ်ကောင်မဟုတ်လား။
သူသည် Moments ဆီသို့နှိပ်လိုက်သည်။ ‘ဤသူငယ်ချင်းမှာ လွန်ခဲ့သည့်သုံးရက်အတွင်း Moments များကိုသာပြသည်’ဟူသည့် စာတစ်စောင်ရှိနေသော်လည်း ဘာမှမရှိပေ။ အရင်ကနှင့်အတူတူပင်ဖြစ်သည်။
ကျန်းရှောင်ယွီသည် မည်သည့် Moments ကိုမှ ပို့စ်မတင်ခဲ့ပေ။
ပိုင်ဖန်းသည် တည်ငြိမ်စွာမမေးခင် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်: သူဌေး၊ ခင်ဗျားက နိုင်ငံတကာဆာဗာပေါ်ပဲကစားတယ်။ နိုင်ငံခြားကလား။ နောက်ပိုင်း အချိန်ကွာခြားချက်ကို ညှိဖို့လိုရင် အမှတ်တွေရဖို့ ကျွန်တော်ခင်ဗျားကို ခေါ်သွားဖို့အချိန်ယူနိုင်တယ်။
ကျန်းရှောင်ယွီ: ဒါကိုညှိဖို့မလိုပါဘူး။ ငါကတရုတ်မှာပဲလေ။
ပိုင်ဖန်း: “……”
သူတကယ် ပြန်လာခဲ့ပြီ။
ယယ်ကျီ၊အစ်ကိုကျိုးနှင့် လောင်လင်းတို့၏ တုံ့ပြန်မှုများကို ခန့်မှန်းကြည့်သည့်အရ သူတို့သုံးယောက်လုံးမှာ ဆရာပြန်လာမည့်အကြောင်း ထင်ရှားစွာ သိနေခဲ့သလား။
ယယ်ကျင်မင်းသည် နေ့တိုင်းနောက်ကျမှ အိပ်တတ်ချိန်တွင် ယနေ့အလွန်လျင်မြန်စွာ စာပြန်နေရခြင်း အကြောင်းအရင်းမှာ အခြားဘာရှိနိုင်မည်နည်း။ e-sports စက်ဝန်းတွင် နတ်ဘုရား Wing သာလျှင် ယယ်ကျင်းမင်အား ထိန်းချုပ်နိုင်သည်။
သူသည် အဘယ်ကြောင့် သူ၏ဆရာမှာ သူ့အား တိုက်ရိုက်မရှာဘဲ အခြားသရုပ်တစ်ခုနှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ လက်ဆောင်များပို့ရန် လာနေခြင်းကိုမသိခဲ့ပေ။
ဆရာသည် အထူးအကြောင်းပြချက်တစ်ခုကြောင့် လုပ်ခြင်းဖြစ်မည်။
သို့သော် ပိုင်ဖန်းသည် မစောင့်ချင်ခဲ့ပေ။
သူသည်သူ၏ဆရာအား အလွန်သတိရနေခဲ့သည်။
သူသည်နှစ်ပေါင်းများစွာကြာ သူ၏သခင်ပြန်လာမည်ကို စောင့်နေခဲ့သည်။ ACE အဖွဲ့ပျက်သွားရခြင်းမှာ သူ၏စိတ်ထဲတွင် ဘယ်သောအခါမှ ဖျက်ပစ်၍မရနိုင်သော နောင်တတစ်ခုဖြစ်နေခဲ့သည်။ ၎င်းသည် ACE အဖွဲ့ပြန်လည်တည်ဆောက်ခြင်းလား သို့မဟုတ် အဖွဲ့အသစ်ပြန်လည်တည်ဆောက်ခြင်းပင် ဖြစ်စေကာမူ ပိုင်ဖန်းသည် ချက်ချင်း အရာအားလုံးကို လွှင့်ပစ်နိုင်ပြီး သူ၏ဆရာစကားတစ်ခွန်းဆိုသည်နှင့် ထပ်မံ၍ ကျွမ်းကျင်ကစားသမားဖြစ်နိုင်သည်။
သူသည်ဤအရာအတွက် အမြဲပြင်ဆင်ထားခဲ့သည်။
ယခုသူသည် မြို့တော်အား မကြောက်တော့ပေ။
သူသည် သူ၏သခင်အားကူညီရန်နှင့် သူ၏နောင်တများအားလုံးကို ပြန်လည်တည်ဆောက်ရန် လုံလောက်သည့်စွမ်းရည် ရှိနေခဲ့သည်။
ပိုင်ဖန်းသည် အသက်ဝဝရှူကာ ဖုန်းအက်ပလီကေးရှင်းကို အမြန်ဖွင့်ခဲ့သည်။ သူသည် ဘိုကင်စာမျက်နှာပေါ်တွင် မနက်ဖြန်မြို့တော်သွားမည့် လေယာဉ်ကို ကြိုတင်စာရင်းပေးလိုက်သည်။
သူသည်ကျန်းရှောင်ယွီအား တွေ့ကာ ကိုယ်တိုင်မေးချင်နေခဲ့သည်။
—
ကျန်းရှောင်ယွီသည် သူ၏သရုပ်မှန် ဖော်ထုတ်ခံရသည်ကို မသိခဲ့ပေ။
သူသည် ပိုင်ဖန်းဆီစာပို့ခဲ့သည်: မင်းတိုက်ရိုက်ထုတ်လွှင့်မှုဆက်လုပ်ပါ။ ငါဒီမှာရှင်းစရာကိသ္စလေးတွေရှိတယ်။
ပိုင်ဖန်း: ဟုတ်ပြီ။ မနက်ဖြန်တွေ့မယ်နော် သူဌေး~~
သူသည် ‘မနက်ဖြန်တွေ့မယ်’ ပြောခဲ့ပြီး ၎င်းသည် သူ့အားမနက်ဖြန်တကယ်တွေ့ခြင်းဖြစ်သည်။ လေယာဉ်မှာ မနက်ဖြစ်ကာ သူသည်နေ့လယ်ဘက်၌ မြို့တော်သို့ရောက်လိမ့်မည်။ထို့နောက်သူသည် ACE အသင်းမှသူ၏ သူငယ်ချင်းဟောင်းများနှင့်တွေ့ရန် လက်ရွေးစင်အသင်းသို့သွားလိမ့်မည်။
ပိုင်ဖန်း၏ ပြတ်သားသည့် အပြုအမူများမှာလည်း သူ၏ဆရာဆီမှစစ်မှန်သည့် အမွေဆက်ခံမှုလည်းဖြစ်သည်။
ဤအချိန်၌ လက်ရွေးစင်အသင်း၏ နည်းပြရုံးခန်းတွင် ကျန်းရှောင်ယွီသည် သူ၏ကင်မရာကိုပိတ်ကာ မော့ကြည့်လိုက်သည်။ “ဝင်လာခဲ့”
အတိအကျသုံးနာရီတွင် ဘူးသီးလေးများ၏ ကိုယ့်ကိုယ်ကို သုံးသပ်မှုစာများ ရောက်လာခဲ့သည်။
လူငါးယောက်မှာ တန်းစီကာ သူတို့၏ခေါင်းများငုံ့ထားရင်း လျှောက်လာခဲ့သည်။ သူတို့သည် စာသင်ကြားခြင်း ဒါရိုက်တာဆီမှ အပြစ်တင်ခံရရန် ရုံးခန်းသို့သွားကြသော အလယ်တန်းကျောင်းသားများနှင့်တူသည်။
ဦးဆောင်သော မိုဟန်တျန်းသည် ကြောက်ရွံ့ကာ ပြောခဲ့သည်။ “န-နည်းပြ။ ကျွန်တော်တို့ စစ်ဆေးဖို့အတွက် ကိုယ့်ကိုယ်ကို သုံးသပ်စာတွေ လာထပ်တာပါ”
ကျန်းရှောင်ယွီသည် သူတို့၏စာများယူကာ ဂရုတစိုက်ကြည့်လိုက်သည်။
မိုဟန်တျန်း၏ စကားလုံးများမှာ တစ္ဆေသင်္ကေတများဖြစ်နေကာ သူ့အတွက် စာလုံးရေ၁၀၀၀ရောက်ရန် အလွန်ခက်ခဲနေခဲ့သည်။ ရှီရှောင်ဘင်း၏လက်ရေးမှာ အလွန်သေသပ်ကာ တစ်လုံးချင်းစီမှာ စာရိုက်ထားသကဲ့သို့ဖြစ်သည်။ ၎င်းသည်မျက်လုံးထဲ ကြည့်ပျော်ကှုပျော်ရှိလွန်းကာ သူသည်သူ၏အမှားများကို လေးနက်သည့်စစ်ဆေးမှု လုပ်ခဲ့သည်။ အရေးအသားမှာ မဆိုးပေ။
ရှားလီသည် ရဲရင့်ကာ ထိန်းချုပ်မှုကင်းမဲ့သော မိန်းကလေးဖြစ်ကာ သူမ၏ရှုပ်ထွေး၍ကောက်ကွေးနေသည့် အရေးအသားမှာ စာမျက်နှာကျော်သွားတော့မလိုပင် ဖြစ်နေခဲ့သည်။ အများစုမှာ နားမလည်နိုင်ပေ။
လုကျင်းယွမ်နှင့်တန်ကိုင်းတို့မှာ သူတို့စာများအား ဂရုတစိုက်ရေးခဲ့ကြသည်။ သူတို့သည် ကွန်ပျူတာပေါ်တွင်အရင်ရေးကာ မှန်ကန်ချက်များပြုလုပ်ပြီးနောက် လက်ဖြင့်ကူးသည်ကို သက်သေပြနေသော အပြောင်းအလဲမျိုးမရှိပေ။ ဤအတွေ့အကြုံမှာ ယယ်ကျင်းမင်မှ သင်ထားခြင်းဖြစ်နိုင်သည်။
ကျန်းရှောင်ယွီသည် မိမိကိုယ်ကိုနှိမ့်ချသည့် စာပါသည့်ဖိုင်တွဲများကို ချလိုက်ကာ သူ့အရှေ့ရှိလူငါးယောက်ကိုကြည့်လိုက်သည်။ “မင်းတို့က ငါ့ကိုအရမ်းစိတ်ပျက်စေခဲ့လို့ ငါဒီတစ်ခါ မင်းတို့ကိုဆူလိုက်တာပဲ။ အခုသုံးသပ်စာရေးပြီး မင်းတို့အမှားတွေ သိပြီးပြီဆိုတော့ အရင်ကိစ္စကို မပြောတော့ဘူး။ ဒီနေ့ကစပြီး ကျွမ်းကျင်ကစားသမားတစ်ယောက်ရဲ့ သဘောထားကို ချပြရမယ်။ နားလည်ကြလား”
လူငါးယောက်မှာ တညီတညွတ်တည်း ခေါင်းငြိမ့်လိုက်သည်။ “ကြားပါတယ်”
ကျန်းရှောင်ယွီမှာ ပြောခဲ့သည်။ “နောက်ထပ်လက်ရွေးစင်အသင်းကို ရွေးချယ်ဖို့နည်းလမ်းက နည်းပြအဖွဲ့ဝင်တွေ ဆုံးဖြတ်မယ်။ မင်းတို့ဒီရာသီထဲ အသင်းကိုဘယ်လိုဝင်လာလဲ ငါဂရုမစိုက်ဘူး။ နောက်နှစ်ဆို ကစားသမားတိုင်း တိကျတဲ့ပုံနဲ့ဝင်လာရမယ်။ အသင်းထဲဝင်ဖို့ မကျရှုံးချင်ရင် မင်းတို့အလေးအနက် လေ့ကျင့်သင့်တယ်”
လူငါးယောက်မှာ ထုထောင်းခံရသော ကြက်သွန်ဖြူကဲ့သို့ ခေါင်းငြိမ့်လိုက်ကာ သူတို့၏ လှုပ်ရှားမှုများမှာ အလွန်သပ်ရပ်နေခဲ့သည်။
ကျန်းရှောင်ယွီမှာ မပြုံးဘဲမနေနိုင်ပေ။ “သွားကြတော့”
ကလေးငါးယောက်မှာ ချက်ချင်းပြေးသွားကြသည်။
ကျန်းရှောင်ယွီသည် ထွက်ပြေးသွားသောနောက်ကျောများကို ကြည့်ကာ သက်ပြင်းချခဲ့သည်။
နောက်ရာသီတွင် ဘူးသီးလေးများ မည်မျှကျန်ခဲ့မည်နည်း။ သူတို့၏ဆက်တိုက်စွမ်းဆောင်ရည်အပေါ်သာ မူတည်လိမ့်မည်။
ဤအခိုက်အတန့်တွင် ကျန်းရှောင်ယွီ ဂရုအစိုက်ဆုံးမှာ ပိုင်ဖန်းဖြစ်သည်။ ယနေ့ဆက်သွယ်မှုအရ ပိုင်ဖန်းသည် ကျွမ်းကျွမ်းကျင်ကျင်ကစားရန် စွမ်းအားရှိသည့်အပြင် ကစားပွဲ၏ပြောင်မြောက်သော ခြုံငုံသုံးသပ်မှုနှင့် အမိန့်ပေးသည့်အသိတို့ရှိနေခဲ့သည်။ ပိုင်ဖန်းသာ ဆန္ဒရှိလျှင် ကျန်းရှောင်ယွီသည် သူ့အား ကမ္ဘာ့စီးရီး၏ အဓိကခေါင်းဆောင်ဖြစ်ရန် လေ့ကျင့်ပေးချင်ခဲ့သည်။
သို့သော် သူသည်ရှောင်းပိုင်းအပေါ် ဖိအားပေးရန် ဆရာအဖြစ် သူ၏ရာထူးကို အသုံးမပြုချင်ခဲ့ပေ။
သူသည် ထပ်ကြည့်ရလိမ့်မည်။
တကယ်တမ်းတွင် ရှောင်ပိုင်း၏ တိုက်ရိုက်ထုတ်လွှင့်သူအဖြစ် လက်ရှိဘဝမှာ အလွန်ကောင်းသည်။ သူသည်ရှောင်ပိုင်းအား ဖိအားများပြေး၍ ခံစားရန် သူ၏လက်ရှိ သက်တောင့်သက်သာဖြစ်ကာ အေးဆေးသောဘဝကို လက်လျှော့စေရန် အကြောင်းပြချက်မရှိပေ။
ကျန်းရှောင်ယွီသည် လေ့ကျင့်ရေးခန်းထဲသို့ လှည့်ကာ လျှောက်မသွားခင် သူ၏နားထင်များအား ပွတ်သပ်နေခဲ့သည်။