GMC အပိုင်း ၂၁

Chapter 21: အားကောင်းသည့်ရန်သူအား တွေ့ကြုံရခြင်း

ပိုင်ဖန်း၏ အထူးပုဂ္ဂိုလ်ဆုနှင့် ‘တစ်‌ယောက်မှာ ငါးယောက်အား သတ်ပစ်ခြင်း’၏ အဓိကသော့ချက်မှာ မြေပုံအားသာမှုကြောင့်ဖြစ်သည်။Ghost Castle မြေပုံမှာ ယခင်ကတည်းက စောင့်ရှောက်သူများဘက်အတွက် ပို၍အားသာနေခဲ့သည်။ ရန်သူမှာ နေရာပုံစံအား ထိန်းသိမ်းရန် သေနတ်တပ်ဆင်ခြင်းအား အသုံးပြုခဲ့ပါက အခြားတစ်ဖက်မှာ သေနတ်ပစ်သမားအား ဖြေရှင်းရန် ကောင်းမွန်စွာ မပူးပေါင်းနိုင်လျှင် အောင်မြင်စွာထိုးဖောက်ရန် အခြားတစ်ဖက်မှာ ခက်ခဲနေလိမ့်မည်။

ပိုင်ဖန်းသည် နည်းပညာနားလည်မှုနှင့် ကျွမ်းကျင်အသင်းတစ်သင်းအား တွေ့ကြုံခဲ့ရလျှင် အလွန်လွယ်ကူစွာ အနိုင်ရနိုင်လိမ့်မည်မဟုတ်ပေ။

သူသည် ရန်သူများအား ထွက်လာရန်ဦးဆောင်ကာ သူတို့အား သီးခြားစီသတ်ရန် တစ်ဖက်အသင်းမှာ ပူးပေါင်းမှုလစ်ဟာခြင်းနှင့် ဖြတ်သွားသူများ၏ ဖြတ်လမ်းများကို အခွင့်ကောင်းယူခဲ့သည်။

ကျန်းရှောင်ယွီ၏ ‘ပြေပါတယ်’ မှာ အတော်အဓိပ္ပာယ်ရှိသော သုံးသပ်ချက်ဖြစ်သည်။

သူတို့သည် ညီတူညီမျှ အားကောင်းသည့်ရန်သူနှင့် မတွေ့ရမချင်း တစ်ဖက်အသင်းနှင့် တိုက်ခိုက်ရာတွင် သူသည် ပိုင်ဖန်း၏အားသာချက်ကို မမြင်နိုင်ပေ။

နိုင်ငံတကာဆာဗာ၏ ထပ်တိုက်တွေ့ဆုံခြင်းဖြစ်စဉ်မှာ အနိုင်ရသည့်ရာခိုင်နှုန်းနှင့် ဖုံးကွယ်ထားသောရလဒ်အပေါ်တွင် မူတည်နေခဲ့သည်။သူတို့နှစ်ယောက်သည် အသင်းဖွဲ့ကာ ပြိုင်ပွဲကို အနိုင်ရခဲ့သည်။ ဤသည်မှာသူတို့သည် နောက်ပြိုင်ပွဲတွင် ပို၍အားကောင်းသည့်ရန်သူနှင့် တွေ့နိုင်ချေပိုများသည်။ ကျန်းရှောင်ယွီသည် ဤသည်ကိုတွေးမိပြီး နောက်တစ်ကြိမ်ဟု ရိုက်ရင်း အဆင်သင့်ခလုတ်ကို နှိပ်လိုက်သည်။

ပိုင်ဖန်းသည်လည်း အဆင်သင့်ခလုတ်ကို နှိပ်လိုက်သည်။

ပြိုင်ပွဲမှာ မကြာခင်စတင်ခဲ့သည်။ သူတို့နှစ်ယောက်လုံးမှာ သူတို့အသင်းသားများအားအခြားနေရာများ ချန်ထားပေးရင်း သေနတ်ပစ်သမားနှင့် ကင်းထောက်နေရာများကို ဆက်လက်အသုံးပြုဆဲဖြစ်သည်။

ကျပန်းရွေးချယ်ခံထားရသည့် မြေပုံ…

၎င်းမှာ တကယ်တမ်းတွင် ကြယ်လေးပွင့် ခက်ခဲမှုအဆင့်နှင့် အပြည့်သေနတ်ပစ်မြေပုံဖြစ်‌သည့် Skyscraper ဖြစ်သည်။

[ဒါက နာမည်အကြီးဆုံး ‘လမ်းပျောက်မြေပုံ’ မဟုတ်ဘူးလား။]

[ကမ္ဘာ့စီးရီးရဲ့ တရုတ်နဲ့အမေရိကန်ပြိုင်ပွဲမှာ အမေရိကန်အသင်းက ဒီမြေပုံကို ရွေးလိုက်တဲ့ပုံပဲမလား။]

[တစ်ယောက်ယောက်က တကယ့်ကို ကမ္ဘာ့စီးရီးကြည့်ခဲ့တာလား။ မင်းတကယ် တရုတ်လက်ရွေးစင်အသင်း အထုအထောင်းခံရတာကို မြင်ချင်နေတာလား။]

[ဟုတ်တယ်။ Fred အဆင့်တွေတက်အောင်ဆော့တာကို ကြည့်ရတာပိုကောင်းသေး။ လက်ရွေးစင်အသင်းရဲ့ တက်သစ်စတွေကို မျက်လုံးထဲမှာ ကြည့်ရတာ မလွယ်ပါဘူး။]

[ရန်ပွဲမစနဲ့ဟေ့။ တိုက်ရိုက်ထုတ်လွှင့်သူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက မတူဘူး။ မင်းဆူချင်ရင် ဆူဖို့ လက်ရွေးစင်အသင်းရဲ့ တရားဝင် Weibo ကိုသွား‌။]

အခန်းမန်နေဂျာမှာ ရန်စနေသောသူအား အမြန်နှုတ်ပိတ်လိုက်သည်။

ပိုင်ဖန်းသည် အင်တာနက်ပေါ်တွင် နာမည်အကြီးဆုံး တိုက်ရိုက်ထုတ်လွှင့်သူဖြစ်သည်။ သူ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ရောနေလိမ့်မည်မှာ ရှောင်လွှဲ၍မရပေ။ အချို့မုန်းတီးသည့် ပရိသတ်များမှာ တိုက်ပွဲစတင်ရန် လက်ရွေးစင်အသင်းကို တမင်ဆူခဲ့ကြသည်။

တကယ်တမ်းတွင် ပိုင်ဖန်းအား အချိန်အတော်ကြာ follow လုပ်ထားခဲ့သော ပရိသတ်များမှာ ပိုင်ဖန်းနှင့် လက်ရွေးစင်အသင်းထဲတွင် ဆက်ဆံရေးကောင်းသော ကစားသမားများစွာ ရှိနေသည်ကို သိခဲ့ကြသည်။ သုတို့မှာ ယယ်ကျီ၊ လောင်လင်းနှင့် ခေါင်းဆောင်ကျိုးတို့ဖြစ်ကြသည်။ သုံးယောက်လုံးမှာ ACE ၏အသင်းသားဟောင်းများဖြစ်ကြသည်။ ပိုင်ဖန်းသည် ကမ္ဘာ့စီးရီးအား ဘယ်သောအခါမျှ တိုက်ရိာက်ထုတ်လွှင့်မှုမလုပ်ခြင်း သို့မဟုတ် သူတို့ရှုံးသောအခါ ဆိုးရွားသည့်သုံးသပ်ချက်မျိုးမပေးခြင်းမှာ လက်ရွေးစင်အသင်းတွင် ဤလူများရှိနေသောကြောင့်ပင်ဖြစ်သည်။

မြေပုံပေါ်လာကာ ကျန်းရှောင်ယွီနှင့်ပိုင်ဖန်းတို့မှာ သူတို့၏လက်နက်များကို မလဲခဲ့ကြပေ။

တိုက်ပွဲမှာ ချက်ချင်းစတင်ခဲ့သည်။

Skyscraper မြေပုံမှာ ကစားရန် အလွန်ရှုပ်ထွေးလှသည်။ မြေပုံထဲရှိ အဟန့်အတားများနှင့် ခွကြားများကြောင့် ပါဝင်သည့်ကစားသမားငါးယောက် ပူးပေါင်းရန် ခက်ခဲနေခဲ့သည်။ ဤအချီတွင် သူတို့သည် ပုန်းသူများဘက်သို့ ကျပန်း‌နေရာချခံရပြီး ကစားခြင်း၏ပုံမှန်နည်းလမ်းမှာ ဘယ်၊အလယ်နှင့်ညာတို့ကို ခွဲဖြာခြင်းဖြစ်သည်။

အားဖြည့်သူမှာ ဘယ်ဘက်သို့သွားသည်။ ချေမှုန်းသူနှင့်ဆေးအကူမှာ ညာဘက်သို့သွားသည်။ ပိုင်ဖန်းသည်အလယ်ရှိ သေနတ်ပစ်မှတ်တွင် သေနတ်တပ်ဆင်ကာ မည်သည့်လှုပ်ရှားမှုကိုမဆို ဂရုတစိုက်စောင့်ကြည့်နေခဲ့သည်။

မကြာခင်တွင် ‌အရှေ့ဘယ်ဘက် နာရီလက်တံ၁၁ဘက်ရှိ ဦးတည်ချက်မှ သေနတ်သံများပေါ်လာခဲ့သည်။ ပိုင်ဖန်းသည် တစ်ဖက်အခြမ်းတည်နေရာအား ကြိုတင်ခန့်မှန်းကာ သူ၏ပြောင်းဝကိုရွှေ့ပြီး ချိန်ဆရန်မှန်ပြောင်းကို အမြန်ဖွင့်လိုက်သည်။

[’Sniper002’ သည်Balot-Jungle Hunter အား ‘Seven777’ ကိုခေါင်းသို့ ပစ်သတ်ရန် အသုံးပြုခဲ့သည်။]

တစ်ဖက်အသင်းအားဖြည့်သူပေါ်လာသည်နှင့် သူသည် ပိုင်ဖန်း၏ကျည်ဆံများထဲမှ တစ်ခုကိုလက်ခံရရှိကာ အမြန်လဲကျသွားခဲ့သည်။

တစ်ချိန်တည်းတွင် ညာဘက်မှ ပြင်းထန်သော သေနတ်သံ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ချေမှုန်းရိုင်ဖယ်၏ ပြတ်သားသည့်အသံတစ်ခုဖြစ်သည်။ သူတို့အသင်း၏ချေမှုန်းသူနှင့် တစ်ဖက်အသင်းချေမှုန်းသူတို့မှာ အချင်းချင်း တိုက်မိသွားခဲ့သည်။ နှစ်ဖက်လုံးမှာ မီးစွမ်းအား လှိုင်းလုံးကြီးကို ဖလှယ်ခဲ့ကြသည်။ သူတို့အသင်း၏ချေမှုန်းသူမှာ အရင်လဲကျသွားပြီး ‌ဆေးအကူမှာ သူ့ကိုကူရန် ကျည်ကာအလင်းတန်းဒိုင်းဖြင့် ရှေ့သို့‌ချီတက်သွားသည်။

သို့သော် တစ်ဖက်အသင်းချေမှုန်းသူမှာ သူ့အားဤလူကိုကယ်တင်ရန် အခွင့်အရေး‌မပေးခဲ့ပေ။ သူသည် ပြင်းထန်သည့် မီးစွမ်းအားဖိနှိပ်မှုကိုအသုံးပြုကာ ကျည်ဆံများစွာမှာ ကျည်ကာအလင်းတန်းဒိုင်းဆီသို့ ပေါက်ထွက်လာခဲ့သည်။

သူတို့အသင်း၏ဆေးအကူမှာ ဂိမ်းကစားသည့်အမြင်ကောင်းကာ ရှေးဦးသူနာပြုစုခြင်းသုံးရန် ‌အဆောက်အဦးအနောက်သို့ ပြင်းထန်စွာ အနာတရဖြစ်နေသော အသင်းသားကို ဆွဲခေါ်သွားခဲ့သည်။

ရှေးဦးသူနာပြုစုခြင်းမှာ သက်ရောက်မှုရှိရန် နှစ်စက္ကန့်လိုကာ ၎င်းသည် သူတို့၏အသင်းသားများ ချက်ချင်းအသက်ပြည့်စေလိမ့်မည်။

ကယ်ဆယ်ရေး အောင်မြင်တော့မည့်အချိန်တွင် အဝေးတစ်နေရာမှ သေနတ်သံနှစ်ချက်ထွက်ပေါ်လာခဲ့သည်။

ဒိုင်း ဒိုင်း။

[’Robert444’ သည် FR-Scarlet အား ‘koko’ ကို ခေါင်းသို့ပစ်သတ်ရန် အသုံးပြုခဲ့သည်။]

[’Robert444’ သည် FR-Scarlet အား ‘momo’ ကို ခေါင်းသို့ပစ်သတ်ရန် အသုံးပြုခဲ့သည်။]

တစ်ဖက်အသင်းမှ သေနတ်ပစ်သမားမှာ သူတို့ဘက်မှ ခေါင်းနှစ်လုံးကို ချက်ချင်းယူသွားခဲ့သည်။

ကစားသမားနှစ်ယောက်ဖြစ်သည့် koko နှင့် momo တို့မှာ အတူတကွအတွဲလိုက် ကစားမည့်ပုံပေါ်သည်။ သူတို့၏ပုံစံများမှာ အချိုးညီသည့်ရွှေငါးနှစ်ကောင်ဖြစ်ကာ သူတို့၏နာမည်စီစဦထားမှုမှာ တူညီနေခဲ့သည်။ သူတို့သည်တစ်ချိန်လုံး အချင်းချင်းစောင့်ရှောက်ခဲ့ကြသော်လည်း ရလဒ်အနေနှင့် သူတို့အား တစ်ဖက်အသင်းသေနတ်ပစ်သမားမှ သေတွင်းသို့ပို့ပေးလိုက်သည်။

ပိုင်ဖန်းသည် တစ်ခုခုမှားနေသည်ကို သတိပြုမိပြီး အမြန်ရှောင်လိုက်သည်။

သေချာသည်မှာ သူသည်နောက်တစ်ခဏတွင် သေနတ်သံကို ကြားခဲ့သည်။

ကျည်ဆံမှာ သူ၏နားရွက်အား ဖြတ်သွားကာ သူ၏အနောက်ရှိ အဆောက်အဦးထဲ ရှင်းလင်းသော သေနတ်အပေါက်တစ်ခုဖြစ်ရန် ပစ်ခတ်လိုက်သည်။

တစ်ဖက်အသင်းမှ ဆရာတစ်ယောက်ရှိနေခဲ့ကာ သူသည် အလွန်အားကောင်းသည့် သေနတ်ပစ်သမားတစ်ဦးဖြစ်သည်။

ပိုင်ဖန်းသည် လေးလံသော Balotအား အမြန်ဖယ်လိုက်ကာ မီးခိုးဗုံးကိုပစ်ပြီး သေနတ်ပစ်မှတ်မှ ခုန်ချသွားခဲ့သည်။ သူသည် နောက်ထပ်သေနတ်ပစ်မှတ်အား ရှာဖွေရန် အဆောက်အဦးအရှုပ်အထွေးထဲသို့ ခိုဝင်သွားသည်။

သူ့အား တွေ့ရှိသွားပြီ။

သေနတ်ပစ်သမားတစ်ယောက်၏ အကြီးမားဆုံးကြောက်ရွံ့မှုမှာ သူတို့၏တည်နေရာ ဖော်ထုတ်ခံရခြင်းဖြစ်သည်။

သူသည် တစ်ဖက်အသင်းမှ သေနတ်ပစ်သမားမှာ မည်သည့်နေရာ၌ ပုန်းနေသည်ကို မသိသော်လည်း ဤလူမှာ သူ့အားရှာတွေ့ကာ ပစမခဲ့သည်။

သူသည် မြန်မြန်မရွှေ့လိုက်ပါက ခုနကထိုနေရာတွင် အသက်ဆုံးရှုံးသွားလိမ့်မည်။

ပိုင်ဖန်းသည် မြေပုံငယ်လေးအားကြည့်ရင်း အမြန်ရွေ့လျားနေခဲ့သည်။

အားဖြည့်သူမှာ အသက် ၂၀%နှင့် ဘယ်ဘက်ထောင်ဖြတ်၌ အဆောက်အဦးအနောက်တွင် ပုန်းနေစဉ် သူတို့ချေမှုန်းသူနှင့် ဆေးအကူမှာ လုံးဝ‌ သေသွားခဲ့သည်။ ကင်းထောက်သူဌေး၏ အသက်မှာ အတော်ကျန်းမာနေသည်။ သူဌေးမှာ ဆက်ပြီးလှည့်ပတ်နေကာ နာရီလက်တံ၂နာရီ ဦးတည်ရာသို့ သွားနေခဲ့သည်။

ပိုင်ဖန်းသည် အဆောက်အဦးနောက်ပုန်းကာ သူ၏အနားမှာ လှုပ်ရှားမှုများကို သတိတကြီးနားထောင်နေခဲ့သည်။

ထို့နောက် သတင်းဆိုးမှာ ဖန်သား‌ပြင်ပေါ် ထွက်ပေါ်လာခဲ့သည်။

[’Robert444’ သည် FR-Scarlet အား ‘Ulrica’ ကို ခေါင်းသို့ပစ်သတ်ရန် အသုံးပြုခဲ့သည်။]

သူတို့၏အသက်နည်းသော အားဖြည့်သူရွေ့လိုက်သည်နှင့် သူသည်တစ်ဖက်အခြမ်းမှ သေနတ်ပစ်သမားကြောင့် အပစ်ခံခဲ့ရသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ မှတ်ချက်ပုံစံမှာ တဖြည်းဖြည်းပြောင်းသွားသည်။

[တစ်ဖက်အသင်းက‌ သေနတ်ပစ်သမားက အရမ်းမိုက်တာပဲ။ Fredဒီဂိမ်းမှာ အဖိခံရမလား။]

[ယခု နှစ်ယောက်လေးယောက်ဖြစ်နေပြီ။သူအဖိခံသွားရနိုင်ချေမြင့်တယ်။]

[တစ်ချီရှုံးပြီး နိုင်ငံတကာဆာဗာမှာ လှည့်ပြောင်းအဖြစ်အပျက်ကို ပြပေးလို့ တိုက်ရိိုက်ထုတ်လွှင့်သူကို ဂုဏ်ယူကြောင်းပါ။]

[သူဌေးပြောမယ်: တိုက်ရိိုက်ထုတ်လွှင့်သူက အရမ်းအားနည်းတာလား။ မင်းတကယ်ရှုံးတာလား။ ငါ့ပိုက်ဆံတွေ အမြန်ဆုံး ငါ့ဆီပြန်ပေး။]

[သူဌေးက ဆင်းရဲသားလား။ အပြင်အဆင်ကို နည်းနည်းပြောင်းလိုက်။]

ကျန်းရှောင်ယွီသည် အားဖြည့်သူအသတ်ခံရသည်ကို မြင်သောအခါ သူ၏မျက်လုံးများ အနည်းငယ်မှေးသွားခဲ့သည်။

တစ်ဖက်အသင်းမှ Robert444 အလွန်ရင်းနှီးနေသည်။ သူအသုံးပြုသည့်လက်နက်မှာ တိကျသောပစ်ခတ်နှုန်းနှင့် စနိုက်ပါရိုင်ဖယ်သေနတ်ဖြစ်သော FR-Scarletဖြစ်သည်။ သေနတ်ကိုယ်ထည်မှာ သွေးဆာနေသော မကောင်းဆိုးဝါးကဲ့သို့ အနီရဲရဲ ဆေးခြယ်ထားခဲ့သည်။

ဤသေနတ်နှင့် ရင်းနှီးသည့်နာမည်…

ဤသည်မှာ အမေရိကန်အသင်း၏ သေနတ်ပစ်သမား ရောဘတ်ဖြစ်နိုင်သလား။

သေနတ်ပစ်သမားရောဘတ်တွင် အလွန်ကြမ်းတမ်းသည့် ပုံစံရှိနေခဲ့သည်။ သူသည် လူသတ်ပွဲကစားဟန်နှင့် ‘ရန်သူအားစ’ရသည်ကိုကြိုက်သည်။ ရန်သူမှာ ခေါင်းရသွားပြီးနောက် သူသည်ရန်သူ၏တည်နေရာကို ပစ်မှတ်ထားကာ ရန်သူကိုတိုက်ခိုက်ပြီး တစ်ကွင်းလုံးကို မမျှော်လင့်ဘဲ ရှင်းပစ်မည်။

‌ဤကမ္ဘာ့စီးရီးတွင် သူသည်‌အမေရိကန်အတွက် အစားထိုးအဖြစ်နှစ်ကြိမ်ကစားခဲ့ကာ သူ၏စွမ်းဆောင်ရည်မှာ အလွန်မျက်စိကျစရာဖြစ်သည်။

ယခုသည် ဒီဇင်ဘာလလယ်ဖြစ်သည်။ S8ရာသီပြီးဆုံးကာ ကမ္ဘာ့စီးရီးမှာ ပြီးသွားခဲ့ပြီ။ အမေရိကန်သေနတ်ဘုရင် လက်ရွေးစင်အသင်း မရှိတော့သည်မှာဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့သည် အဆင့်တက်ခြင်းကစားရန် နိုင်ငံတကာဆာဗာသို့သွားပြီး သေနတ်ဘုရင်ခေါင်းစဉ်ကို ရယူကြသည်။

တိုက်ဆိုင်မှုတစ်ခုပင်။

ကျန်းရှောင်ယွီသည် ပိုင်ဖန်း၏အဆင့်အား သာမန်လူတစ်ယောက်နှင့် မြင်နိုင်လိမ့်မည်မဟုတ်ဟု ထင်ခဲ့သည်။ ထို့နောက် ကမ္ဘာ့အဆင့်ရန်သူ ရောက်လာခဲ့သည်။

ပိုင်ဖန်း၏အသံမှာ သူ၏နား‌ထဲဝင်လာခဲ့သည်။ “သူဌေး၊ နှစ်ယောက်လေးယောက်ဖြစ်နေပြီ။ ပူးပေါင်းချင်လား”

နှစ်ယောက်လေးယောက်ဖြစ်နေခဲ့သည်။ ပိုင်ဖန်းအတွက် ကမ္ဘာ့အဆင့်မီ သေနတ်ပစ်သမားအား တစ်ယောက်တည်းရင်ဆိုင်ရန် အနည်းငယ်ခပ်ခဲနေသည်မှာ မှန်သည်။

ကျန်းရှောင်ယွီသည် စာမရိုက်ခင် ခဏတာတွေးနေခဲ့သည်: ကောင်းပြီ။ ငါသွားပြီးအခြားသူတွေကို ကြည့်ထားလိုက်မယ်။

ကျန်းရှောင်ယွီ စာရိုက်ပြီးသည်နှင့် သူသည်လေကဲ့သို့ အဆောက်အဦးအရှုပ်အထွေးထဲ ချက်ချင်းတိုးဝင်သွားခဲ့သည်။ သူသည်ဤကစားပွဲ၌ ကင်းထောက်နေရာကစားခဲ့ကာ သူ၏အပြုအမူများမှာ သွက်လက်လွန်းသည်။တစ်ခဏချင်းတွင် သူသည် Sပုံသဏ္ဍာန် အနေအထားနှင့် ဘေးသို့ပတ်သွားခဲ့သည်။ သူသည် ရန်သူဆေးအကူပုန်းနေသည်ကို တွေ့ကာ တစ်ဖက်လူအား ဓားနှင့်ဖြေရှင်းလိုက်သည်။

ဆေးအကူမှာ တစ်ဖက်အခြမ်းမှ ချေမှုန်းသူနှင့် မလှမ်းမကမ်းပင်။

ကျန်းရှောင်ယွီသည် အမြန်လှုပ်ရှားကာ ရန်သူချေမှုန်းသူ၏ ချေမှုန်းရိုင်ဖယ်မှ ‌ကျည်ဆန်များကို ရှောင်ရှားရင်း မောင်းကိုဆွဲလိုက်သည်။

ဒိုင်း ဒိုင်း။

တိကျသည့် နှစ်ချက်ဆက်တိုက်ပစ်ခတ်မှု ရှိနေခဲ့ကာ ချေမှုန်းသူမှာ ကျန်းရှောင်ယွီကြောင့် လွှင့်ထွက်သွားခဲ့သည်။

[’7766501’ သည် ‘Angel’ အား Scarlet Bladeဖြင့် ထိုးသတ်ခဲ့သည်။]

[’7766501’ သည် Sand Eagle-Blue Dragon အား ‘Gavin’ ကို ခေါင်းသို့ပစ်သတ်ရန် အသုံးပြုခဲ့သည်။]

ဤကဲ့သို့ သပ်ရပ်သန့်ရှင်းသော နှစ်ခါသတ်ဖြတ်မှုမှာ တိုက်ရိုက်ထုတ်လွှင့်မှုကြည့်နေသော ပရိသတ်များအား ကြောင်သွားစေခဲ့သည်။

သူဌေးက အပိုင်း၂၅၀၀မှာ တက်သစ်စလေးမဟုတ်ခဲ့ဘူးလား။ သူအရင်ကစားပွဲမှာ ဘာမှမလုပ်ဘဲနိုင်သွားပေမယ့် သူကဒီတစ်ခေါက်တော့ အရမ်းကောင်းနေပါလား။

သူကခုနကသူ့အင်အားကို ဖုံးကွယ်နေခဲ့တာများလား။

[သူဌေး အရမ်းမိုက်တယ်။ သူဌေးက အရမ်းတော်တာပဲ။]

[Fred ငါစိတ်လှုပ်ရှား‌နေပြီ။ ဒီသူဌေးကို အရမ်းကြိုက်တယ်။ အခုကစပြီး ငါသူဌေးရဲ့ပရိသတ်ဖြစ်ပြီလို့ ကြေငြာလိုက်တယ်~]

[သူငယ်ချင်း ငါ့ပြဿနာမင်းချက်ချင်းရှင်းပေးနိုင်မလား။]

[သူဌေးမှာ တောက်တိုမယ်ရအလုပ်သမားလိုနေသေးလား။ ကလေးထိန်း၊ အိမ်အကူ၊ ကားဆရာ ကျွန်တော်လုပ်နိုင်တယ်။]

[သွားစမ်း။ ငါက သူဌေးရဲ့ ခါးဆွဲသီးဖြစ်ချင်တယ်။]

မှတ်ချက်နေရာမှာ ရူးသွပ်နေကြသည်။ ဤသည်မှာ ပရိသတ်များ ဤကဲ့သို့ထက်မြက်သော သူဌေးကို မြင်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ပိုင်ဖန်းသည်လည်း အနည်းငယ် အံ့ဩသွားခဲ့သည်။ သူဌေးသည် သူလုပ်လိမ့်မည်ဟာ ‌ပြောခဲ့ကာ တုံ့ဆိုင်းမှုမရှိဘဲ သူသည်တစ်ဖက်အခြမ်းမှ လူနှစ်ယောက်ကို ချက်ချင်းသတ်ပစ်လိုက်သည်။

မူလ နှစ်ယောက်လေးယောက်ပြိုင်ပွဲမှာ နှစ်ယောက်နှစ်ယောက်ဖြစ်သွားခဲ့သည်။

ထို့နောက် အဝေးမှ မီးခိုးထူထူများ ပေါ်လာခဲ့သည်။ တစ်ဖက်အခြမ်းမှ ကင်းထောက်မှာ ကျန်းရှောင်ယွီ၏ လှုပ်ရှားမှုများကို ရှာဖွေတွေ့ရှိခဲ့ကာ သူ့အားတိုက်ခိုက်ရန် လမ်းလွှဲသွားခဲ့သည်။ မီးခိုထူထူ၏လုပ်ဆောင်မှုမှာ တစ်ဖက်အသင်းသေနတ်ပစ်သမားမှ အပစ်ခံရခြင်းကို ရှောင်ရှားရန် သူ၏ခန္ဓာကိုယ်ကိုဖုံးကွယ်ထားရန်ဖြစ်သည်။

ပိုင်ဖန်းသည် ချက်ချင်း သူ၏သေနတ်ကိုပြောင်းကာ တစ်ဖက်အသင်းကင်းထောက်၏ ချီတက်လာမှုလမ်းကြောင်းကို တားဆီးရန် ချက်ချင်းကာရင်း ကျည်ဆံများစွာအား ဆက်တိုက်ပး်လိုက်သည်။

တစ်ချိန်တည်းတွင် သူသည်သတိပေးခဲ့သည်။ “သူဌေး၊ နောက်ဆုတ်တော့”

ကျန်းရှောင်ယွီသည် ပိုင်ဖန်း၏ အကွာအဝေးရှည်သော မီးစွမ်းအား ကာကွယ်မှုအောက် အမြန်နောက်ဆုတ်ခဲ့သည်။

တစ်ခဏကြာသောအခါ ပိုင်ဖန်းသည်ချက်ချင်း သေနတ်ပစ်မှတ်မှ ခုန်ချလိုက်သည်။

သေချာသည့်အရာတစ်ခုမှာ ကျည်ဆံသည် သူ၏ခေါင်းအားဖြတ်သွားခဲ့သည်။

ဆန့်ကျင်ဘက်အသင်းမှ ကင်းထောက်နှင့်သေနတ်ပစ်သမားမှာ အတူတူတိုက်ခိုက်နေကြသည်။ ပိုင်ဖန်းသည် သူဌေးအား ကာကွယ်ခဲ့လျှင် သူသည်ဦးဆောင်ကာ ပစ်ရလိမ့်မည်။ ထို့နောက် တစ်ဖက်အသင်းမှာ သေနတ်ပစ်သမားမှာ သူ၏တည်နေရာအား ချက်ချင်းအတည်ပြုကာ သတ်နိုင်သည်။ သို့သော် ကာကွယ်ပေးခြင်းမရှိပါက သူဌေးသည် အသတ်ခံရကာ တစ်ယောက်နှစ်ယောက်ဖြစ်သွားလိမ့်မည်။

အခြားတစ်ဖက်မှ ကင်းထောက်နှင့် သေနတ်ပစ်သမား၏ တည်နေရာများမှာ အစီအစဉ်ချထားသည်မှာ ထင်ရှားသည်။ သူတို့နှစ်ယောက်မှာ အားကောင်းသည့် သတိရှိသည်။

တစ်ဖက်အသင်းမှ သေနတ်သမားမှာ ကစားပွဲအစပိုင်းတွင် လူသုံးယောက်အား လျင်မြန်စွာ သတ်နိုင်သည်မှာ အဆန်းမဟုတ်ပေ။ ကင်းထောက်မှာ သူ့အားပြီးပြည့်စုံသော မြင်ကွင်းပြောပြရန် အဆောက်အဦးအရှုပ်အထွေးထဲ ပုန်းနေခြင်းဖြစ်သည်။

အားကောင်းသော ကင်းထောက်နှင့် သေနတ်ပစ်သမား ပူးပေါင်းခြင်။ ဤသည်မှာ တိုက်ခိုက်ရန် မလွယ်ကူလှပေ။

ပိုင်ဖန်းသည် မျက်ခုံးပင့်ကာ သူ၏လက်ထဲမှလက်နက်အား ပေါ့ပါးသည့် စနိုက်ပါရိုင်ဖယ်အဖြစ် ပြောင်းလိုက်သည်။ ထို့နောက်သူသည် အခွင့်အရေးကိုစောင့်ရန် အဆောက်အဦးအနောက်တွင် အကာအကွယ်ယူထားခဲ့သည်။

ထို့နောက် စာတစ်စောင်မှာ ဖန်သားပြင်ပေါ်မှ ထပ်မံပေါ်လာခဲ့သည်။

7766501: အခုက နှစ်ယောက်နှစ်‌ယောက်ပဲ။ ပူးပေါင်းပြီးကစားရအောင်။

ပိုင်ဖန်းသည် အနည်းငယ်အံ့ဩသွားသော်လည်း သူသည် တုံ့ပြန်ခဲ့သည်။ “ဟုတ်ပြီ သူဌေး။

ကျန်းရှောင်ယွီသည် အခြားကင်းထောက်အား ဖြေရှင်းပြီး သေနတ်ပစ်သမားနှစ်ယောက်ဖြစ်သော ပိုင်ဖန်းနှင့်ရောဘတ် တိုက်ခိုက်သည်ကို ကြည့်ရန်စဉ်းစားနေခဲ့သည်။ သာမန်လူအား အနိုင်ကျင့်ရန် အဓိပ္ပာယ်မရှိပေ။ ကမ္ဘာ့အဆင့်မီဆရာနှင့် တစ်ယောက်ချင်းတိုက်ခိုက်မှသာလျှင် သူသည် ပိုင်ဖန်း၏စွမ်းအားကိုမြင်နိုင်မည်။

သူမျှော်လင့်မထားသော အရာမှာ တစ်ဖက်အသင်းမှ ဆရာတစ်ယောက်ထပ်ပိုနေခြင်းဖြစ်သည်။

တစ်ဖက်အသင်းမှ ကင်းထောက် ‘Killer’ မှာ တောင်ကိုရီးယားကစားသမား ကင်မင်ဂျီ၏ နောက်ထပ်အကောင့်တစ်ခုဖြစ်လိမ့်မည်။ သူသည် သူ၏ ကောက်ကျစ်မှုနှင့်ယုတ်မာမှုတို့ကြောင့် လူသိများသော နံပါတ်တစ်ကင်းထောက်ဖြစ်သည်။

ဤလူသည် သရဲတစ်ကောင်ကဲ့သို့ မြေပုံပေါ်ပုန်းခိုနေကာ ကျန်းရှောင်ယွီပင်လျှင် သူ၏တည်ရှိမှုကို သတိမထားမိခဲ့ပေ။ ထိုစဉ် ရောဘတ်သည် သူ၏အသင်းသားများအား မြေပုံ‌အသေးပေါ်တွင် မြင်နိုင်သည်။ ထို့ကြောင့် မတူညီသည့်နိုင်ငံများမှ ကျွမ်းကျင်ကစားသမားနှစ်ယောက်မှာ နည်းပညာနားလည်မှုနှင့် ပူးပေါင်းခဲ့ကြသည်။

ဆရာများကြား ဘာသာစကား ဆက်သွယ်မှုမလိုပေ။ သူတို့သည် နေရာချမှုနှင့် အချက်ပေးမှုများကြည့်ရင်းနှင့် နားလည်နိုင်သည်။

သေနတ်ဘုရင်သည် တစ်ယောက်တည်းဆော့ရသော ကစားပွဲတစ်ခု ဘယ်သောအခါမှ မဟုတ်ခဲ့ပေ။

၎င်းသည် အသင်းတိုက်ပွဲတစ်ခု အရေးအကြီးဆုံးမှာ ပူးပေါင်းနိုင်စွမ်းဖြစ်သည်။

ဆရာနှင့်တပည့်ပူးပေါင်းမှုမှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် အမေရိကန်နှင့်တောင်ကိုရီးယားမှ ကျွမ်းကျင်ကစားသမားများအား အနိုင်ယူနိုင်မည်လား။

ကျန်းရှောင်ယွီသည် မသေချာခဲ့ပေ။

ထိုသို့ဆိုလျှင်ပင် သူသည်ကြိုးစားကြည့်ချင်သေးသည်။ ပိုင်ဖန်း၏ပူးပေါင်းမှုနှင့် စည်းချက်မှာ အမှီလိုက်နိုင်မည်လား သူ့အားမြင်ခွင့်ပေးလိမ့်မည်။

ကျန်းရှောင်ယွီသည် ကီးဘုတ်ပေါ်စာရိုက်ရင်း နေရာအမြန်ယူလိုက်သည်။

7766501: အရှေ့တောင် ဦးတည်ချက်၊ အပြိုင်ရှာဖွေမှု။

ပိုင်ဖန်းသည် သူဌေးဆီမှ ညွှန်ကြားချက်လေးများမြင်ကာ ကြောင်သွားခဲ့သည်။

အပြိုင်ရှာဖွေမှုမှာ ကင်းထောက်နှင့်သေနတ်ပစ်သမားကြား လက်ရာအမြောက်ဆုံး လှုပ်ရှားမှုညှိနှိုင်းနည်းဗျူဟာဖြစ်သည်။

ကင်းထောက်မှာ အရှေ့တွင်ရှိနေစဉ် သေနတ်ပစ်သမားမှာ အနောက်တွင်ရှိနေသည်။ သေနတ်ပစ်သမား၏ အကွာအဝေးသည် သေနတ်ပစ်သမား၏ တည်နေရာအား ကာပေးနိုင်ကာ ကင်းထောက်အား အသတ်ခံရခြင်းအား ကာကွယ်ပေးနိုင်သည်။ ကင်းထောက်၏တည်နေရာမှာ သေနတ်ပစ်သမားအတွက် ‌မြေပုံမြင်ကွင်းပြောပြနိုင်ကာ ရန်သူ၏ လှုပ်ရှားမှုများအား လေ့လာနိုင်သည်။

သူတို့နှစ်ယောက်လုံးမှာ ခိုင်မာသော အကြိမ်ရေနှင့် စည်းချက်ကို ထိန်းသိမ်းနိုင်ရန် လိုအပ်သည်။

မင်းရှေ့တိုးရင် ငါချက်ချင်းရှေ့တိုးမယ်။ မင်းပုန်းရင်တော့ ငါချက်ချင်းပုန်းမယ်။

တစ်ယောက်ပြီးတစ်ယောက်၊ တစ်ယောက်မှာနီးကပ်ကာ တစ်ယောက်မှာ ဝေးကွာသည်။

ပြိုင်တူလှုပ်ရှားကာ အချင်းချင်းတုံ့ပြန်မည်။

၎င်းသည် တစ်ချိန်တည်း မျဉ်းပြိုင်နှစ်ကြောင်း ရွေ့နေသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် ၎င်းအား အပြိုင်ရှာဖွေမှုဟု ခေါ်ဆိုခြင်းဖြစ်သည်။

အတူတကွ သူတို့နှစ်ယောက်မှာ ရန်သူအား သတ်ဖြတ်နိုင်ခြင်း သို့မဟုတ် သေနတ်ပစ်သမားမှာ တစ်ဖက်အသင်းမှ အဓိကပစ်မှတ်အား မသတ်ပစ်မချင်း ရာပေါင်းများစွာသော မီတာအကွာအဝေးအတွက် ပြီးပြည့်စုံသော ရှာဖွေမှုလုပ်ရလိမ့်မည်။

ဤကဲ့သို့ လက်ရာမြောက် နှစ်ဆပူးပေါင်းမှုမှာ ပရော်ဖက်ရှင်နယ်လိဂ်တွင်သာ ပေါ်နိုင်သည်။

တစ်ချိန်က ACE အသင်း၏ ယယ်ကျင်းမင်နှင့် ကျန်းရှောင်ယွီကြား ‘နှစ်ဆ အပြိုင် ရှာဖွေမှု’ နည်းပညာမှာ ပရော်ဖက်ရှင်နယ်လိဂ်တွင် မရေမတွက်နိုင်‌သော ပထမတန်းကစားသမားများအား သတ်ပစ်ခဲ့သည်။

ယယ်ကျင်းမင်မှ သတ်ဖြတ်ကာ ကျန်းရှောင်ယွီမှ ပစ်ခြင်းခံခဲ့ရသော မရေမတွက်နိုင်သည့်လူများ ရှိနေခဲ့သည်။ ဤအနီးကပ်နှင့် အကွာအဝေး၏ ပေါင်းစည်းမှုမှာ လူနည်းသော အဆုံးသတ်ကစားပွဲ အခြေအနေတွင် အသုံးပြုရန် အလွန်သင့်တော်သည်။ ၎င်းသည် အသင်းများစွာ၏ ‌နည်းပြများအတွက် ခေါင်းကိုက်စေခဲ့သည်။

သူနှင့်သူဌေးသည် ယနေ့ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ သူတို့သည် ဤကဲ့သို့ခက်ခဲသော ပူးပေါင်းမှုအ လုပ်ဆောင်နိုင်မည်လား။

ပိုင်ဖန်းသည် သူ၏စိတ်ထဲရှုပ်ထွေးနေခဲ့ကာ ဤသူဌေးမှာ အနည်းငယ်ထူးဆန်းနေသည်ဟု အမြဲခံစားမိခဲ့သည်။

ပထမကစားပွဲ၌ သူသည်ဘာမှမလုပ်သော်လည်း အနိုင်ရခဲ့သည်။

ဒုတိယကစားပွဲတွင် သူကအစကမလှုပ်သော်လည်း တစ်ဖက်အခြမ်းမှ ဆရာများရှိနေသည်ကို မြင်ပြီးနောက်မှသာ တိုက်ခိုက်ခဲ့သည်။ သူသည်အနောက်ဘက်အား လှည့်ပတ်ရန် အံ့ဩဖွယ်လှုပ်ရှားမှုများ ပြသခဲ့ကာ နှစ်ကြိမ်ဆက်တိုက်သတ်ဖြတ်မှုကို ပြီးမြောက်စေပြီး နှစ်ယောက်လေးယောက် အခြေအနေအား နှစ်ယောက်နှစ်ယောက်အဖြစ်ပြောင်းပေးလိုက်သည်။ သူသည်အမှန်တကယ်ပင် သန်မာလွန်းသည်ကို မြင်နိုင်သည်။

သူသည် တစ်စုံတစ်ယောက်အား သူ့ကိုတွဲခေါ်ရန် လိုနေသေးသည်လား။

ပိုင်ဖန်းသည် သူဌေးကအချက်ပြသည်ကို မြင်ကာ အရှေ့မြောက်ဘက်သို့ ရွေ့လျား၍ ချက်ချင်းတည်သွားခဲ့သည်။

အယ်လ်ဖာ၏အကြည့်မှာ အာရုံစိုက်လွန်းနေခဲ့သည်။

သူသည် ရွေ့လျားတိုက်ခိုက်မှုအတွက် သင့်တော်သော MSG-Aurora အဖြစ်ပြောင်းလိုက်သည်။ သူသည် သူဌေးဆီမှ အကွာအဝေးကောင်းထားကာ တူညီသည့်ဦးတည်ချက်ဖြင့် အမြန်ရှေ့တိုးခဲ့သည်။

GMC
Author: GMC
Private: ရွှေအဆင့်နည်းပြ

Private: ရွှေအဆင့်နည်းပြ

GMC, Our Omega Coach is Gold-Class, 金牌教练(电竞)
Score 9
Status: Ongoing Type: Author: , Artist: , Released: 2022 Native Language: Chinese
အညွှန်း တရုတ်ပြည်နယ်တွင် သေနတ်ဘုရင်အတွက် ပရိုလိဂ်‌တွင် ပါဝင်ခဲ့သော Wing ဟုအမည်ရသည့် ဂန္တဝင်ကစားသမားတစ်ဦး ရှိခဲ့သည်။ သူသည် သေစေလောက်သော တိကျသေချာမှုနှင့် ယုံကြည်ချက်အပြည့်ဖြင့် သူ၏ရိုက်ချက်များဆီသို့ ကျရောက်ခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် အသေးစားလိဂ်ရှိ အဆင့်နိမ့်အသင်းတစ်သင်းမှာ မေဂျာလိဂ်သို့ တက်ရောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် နှစ်စဉ်ချန်ပီယံဆုအား ဆွတ်ခူးခဲ့ပြီး သမိုင်းတစ်လျှောက် အသန်မာဆုံးမြင်းနက်တစ်ကောင် ဖြစ်လာခဲ့သည်။ သို့သော် Wingမှာ ချန်ပီယံဆုအားရယူပြီးနောက် အနားယူလိုက်ကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။ အင်တာနက် သုံးစွဲသူများစွာမှာ သူ၏အနားယူခြင်းအတွက် အကြောင်းပြချက်များအပေါ် ထင်ကြေးပေးခဲ့ကြသည်။ သူသည် “ဖယ်ရိုမုန်းရောဂါ”အား ခံစားနေရသော အိုမီဂါတစ်ဦးဖြစ်နေသည်ကို မည်သူမျှမသိခဲ့ပေ။ ငါးနှစ်ကြာပြီးနောက် တရုတ်လက်ရွေးစင်အသင်းသည် သေနတ်ဘုရင်ကမ္ဘာ့ချန်ပီယံရှစ် ပထမအဆင့်တွင် ပြုတ်သွားခဲ့သည်။ နိုင်ငံအသင်းနည်းပြမှာ ဖိအားများအောက် ချက်ချင်းနှုတ်ထွက်ခဲ့သည်။ အကျပ်အတည်းကာလတွင် Wingဟု တစ်ချိန်က လူသိများခဲ့သော ကျန်းရှောင်ယွီသည် တရုတ်နိုင်ငံသို့ ပြန်လာပြီး နိုင်ငံအသင်းနည်းပြ ရာထူးကို အပ်နှင်းခံရသည်။ လက်ရွေးစင်အသင်းမှာ တစ်ဦးနှင့်တစ်ဦး လုံးဝမသင့်မြတ်သော ကစားသမားကောင်းများနှင့် ဆိုးသောကစားသမားများတို့ဖြင့် ရောနှောနေခဲ့သည်။ အထူးသဖြင့် တွေ့ဆုံသည့်အခိုက်အတန့်၌ စကားများရန်ဖြစ်သည့် အယ်လ်ဖာများအတွက် အထူးမှန်ကန်သည်။ လက်ထောက်မှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။ “ဒီဘုရင်တွေကို ဘယ်လိုမှ ထိန်းလို့မရဘူး” ကျန်းရှောင်ယွီ: “ရတယ်။ သူတို့လေ့ကျင့်ဖို့ကို ငါ့လက်ထဲသာအပ်လိုက်” ထို့ကြောင့် နည်းပြကျန်းသည် သူ၏ဆိုးရွားစွာပြောတတ်သည့်ပုံစံကို စတင်ခဲ့သည်။ “ဒါကလက်ရွေးစင်အသင်းမှာရှိတဲ့ ကစားသမားတစ်ယောက်ရဲ့အဆင့်အတန်းလား” “မင်းတို့နဲ့ကစားဖို့ ဇာတ်ညွှန်းတွေတောင် လိုသေးရဲ့လား။ ပေါ့ပေါ့ပါးပါးဆော့ရင်တောင် ငါမင်းတို့ကိုနိုင်နိုင်တယ်” “မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးနေတာလား။ တစ်ယောက်ပြီးတစ်ယောက် အလကားသေပေးနေကြတာလား” “မင်းတို့အခြားသူတွေကိုမနိုင်နိုင်ရင်လည်း ဂိမ်းကိုသာဖျက်လိုက်တော့” အခြားသူများအား လေ့ကျင့်ပေးသောအခါ ဘယ်သောအခါမှ ကျိန်ဆိုလေ့မရှိတတ်သော စကားပြောချိုသာသည့် နည်းပြကျန်းသည် သူတို့၏စိတ်အခြေအနေများ မပြိုလဲမချင်း တစ်သင်းလုံးကို ဆူပူခဲ့သည်။ ဤသည်မှာ သူတို့သည် နည်းပြကျန်းမှ သူ့ကိုယ်သူအိုမီဂါတားဆေးများ တိတ်တဆိတ်ထိုးသွင်းနေသည့်မြင်ကွင်းအား မြင်တွေ့ခဲ့သည့်တစ်နေ့မတိုင်ခင်အထိပင်ဖြစ်သည်။ အားလုံးမှာ တစ်စုတစ်စည်းထဲ မှင်တက်သွားခဲ့သည်။ “အဲ့ဒီကြမ်းတမ်းပြီး ရက်စက်တဲ့နည်းပြက တကယ့်ကို အိုမီဂါလား” “သူက အိုမီဂါဆိုရင်တောင် အသင်းလိုက် တိုက်ရင်တောင် အနိုင်ယူလို့ မရနိုင်တဲ့ သူဌေးမျိုးပဲ” ဂိမ်းနတ်ဘုရား: “အကူအညီ‌ တောင်းချင်လို့ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့ စာစီစာကုံး စာလုံးရေ 1000ကို ဘယ်လိုရေးရမလဲ” ကျော်ကြားသည့် တိုက်ရိုက်ထုတ်လွှင့်သူ: “ဒီနေ့ ကျွန်တော် တိုက်ရိုက်မလွှင့်ဘူး။ နံရံကိုပဲ မျက်နှာမူနေပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်မယ်” အပျော်တမ်းဘုရင်တစ်ပါး: “ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။ ငါ ဘာလို့ ဂိမ်းတွေကို ကစားနေရတာလဲ။ ငါ့ဘဝကို တကယ် သံသယဖြစ်မိတယ်” အယ်လ်ဖာလူငယ်: “အိုမီဂါဆီက မျက်ရည်ကျရလောက်အောင် အဆူခံရတဲ့အတွေ့အကြုံက ဘာလဲ။ ငါတို့ ပိုငိုလေလေ ပိုပြီးနေသားကျလေလေပဲ” အင်တာနက်သုံးစွဲသူများ: “???” ဘာလို့ ဒီနှစ်လက်ရွေးစင်အသင်းက အဆင်မပြေ ဖြစ်နေရတာလဲ။ +++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset