GMC အပိုင်း ၁၈

Chapter 18: ACE၏ အတိတ်

နေ့လယ် ၁၂နာရီ၌ လက်ရွေးစင်အသင်း၏ ကစားသမားများ ကော်ဖီဆိုင်သို့ လာခဲ့ကြသည်။ မိမိကိုယ်ကိုသုံးသပ်သည့်စာကို ရေးခဲ့သည့် လူသစ်များမှာ နည်းပြကျန်းကို မြင်ကာ ကြောင်တစ်ကောင်အားတွေ့သော ကြွက်တစ်ကောင်ကဲ့သို့ အမြန်လှည့်ပြေးသွားခဲ့သည်။ သူတို့သည် အဖမ်းခံရကာ အဆူခံရမည်ကို ကြောက်နေခဲ့ကြသည်။

ထိုစဉ်ယယ်ကျင်းမင် ရောက်လာခဲ့သည်။ သူသည် မိမိကိုယ်ကိုသုံးသပ်စာများ ရေးရာတွင် အလွန်ကျွမ်းကျင်လှသည်။ သူသည် မနေ့ညက သုံးနာရီ၌ ရေးခြင်းပြီးသွားကာ ၁၁နာရီမတိုင်မချင်း အိပ်နေခဲ့သည်။ သူသည်မုတ်ဆိတ်မွေးရိတ်ကာ ရေချိုးခေါင်းဖြီးပြီး သန့်ရှင်းသောအဝတ်အစားများအဖြစ် လဲလိုက်သည်။

မနေ့ညက သူသည်လောင်လင်း၏ဖုန်းကို ဖြေခဲ့ကာ ‌ကျန်းရှောင်ယွီ၏အေးစက်စက် အသံကြောင့် နိုးလာခဲ့သည်။ သူသည်အလျင်လိုနေခဲ့သောကြောင့် မျက်နှာပင်မသစ်ဘဲ သူတောင်းစားအုပ်စု၏ ခေါင်းဆောင်ကဲ့သို့ သွားခဲ့သည်။

ယခုသူသည် ပြင်ဆင်ပြီးကာ အလွန်ချောမောနေခဲ့သည်။

ယယ်ကျင်းမင်တွင် ချစ်ခြင်းမေတ္တာပြည့်နေသော မက်မန်းရောင်တောက်ပသည့် မျက်လုံးများရှိနေခဲ့သည်။ သူသည်လူများအား ညင်သာစွာ ပြုံးပြလိုက်‌သောအခါ နူးညံ့သွားစေရန်လွယ်ကူသည်။ သို့သော် ကျန်းရှောင်ယွီသည် ဤလူ၏ အရေထူထူကို နားလည်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူသည် ယယ်ကျင်းမင် အပြုံးနှင့်အနားကပ်လာသည်ကိုမြင်ကာ ချက်ချင်းစားပွဲကို သူ၏တူများနှင့် ရိုက်လိုက်သည်။ “ဝေးဝေးမှာထိုင်နေ”

ယယ်ကျင်းမင်သည် ဝမ်းနည်းသည့်ပုံ ဟန်ဆောင်နေစဉ် ဘေးသို့ရွှေ့လိုက်သည်။ “အစ်ကို့ရဲ့အသင်းသားဟောင်းအပေါ် အရမ်းရက်စက်လွန်းတာလား။ ကျွန်တော်က ပိုးမွှားလည်းမဟုတ်ဘူး”

ကျန်းရှောင်ယွီသည် သူ့အားပုံမှန်သာပြောခဲ့သည်။ “မင်းစားလို့ပြီးတာနဲ့ ရုံးခန်းကိုလာခဲ့”

ယယ်ကျင်းမင်သည် မျက်တောင်ခတ်နေခဲ့သည်။ “အတိတ်ကအကြောင်းတွေ ပြန်ပြောဖို့လား”

“ကိုယ့်ကိုယ်ကို သုံးသပ်တဲ့စာ ထပ်ဖို့”

ယယ်ကျင်းမင်: “……”

ကျန်းရှောင်ယွီမှာ ဆက်ပြောခဲ့သည်။ “နောက်ပြီး မင်းဘာလို့ ဆိုင်းငံ့ခံရလဲဆိုတဲ့အကြောင်း ပြောရအောင်”

ယယ်ကျင်းမင်: “………”

ဤလူသည်သူ့အား ထပ်မံဆူရန် ဆန္ဒရှိနေသလား။

ကျိုးယီရန်နှင့်လောင်လင်းသည် ‘ယယ်ကျီပညာပေးခံနေရ’သည့် ရင်းနှီးသည့်မြင်ကွင်းကိုတွေ့ကာ ပြုံး၍လမ်းလျှောက်သွားခဲ့သည်။ သူတို့သည် မူလက အတိတ်နှင့်ပတ်သက်‌သော သူတို့၏သူငယ်ချင်းဟောင်းများ‌အကြောင်း ပြောချင်နေခဲ့သည်။ နောက်ဆုံးတွင် ကျန်းရှောင်ယွီသည် သူတို့အားမော့ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။ “လောင်လင်း၊ ရှောင်းကျိုး မင်းတို့လည်း စားပြီးရင် ငါ့ဆီရုံးခန်းမှာလာတွေ့”

လူနှစ်ယောက်: “……”

အဘယ်ကြောင့် သူတို့သည် သေနတ်၏ပြောင်းဝထိသွားသည့် မကောင်းသည့်ခံစားချက်မျိုး ရှိနေရသနည်း။

သူတို့သုံးယောက်မှာ စား၍ပြီးကာ ကျန်းရှောင်ယွီအားသွားရှာခဲ့ကြသည်။

လေ့ကျင့်ရေး အဆောက်အဦး၏ ထပ်ဆုံးအထပ်ထောင့်တွင် ရုံးခန်းတစ်ခန်းရှိနေခဲ့သည်။ ဝင်ပေါက်တွင် ‘လက်ရွေးစင်အသင်း၏နည်းပြ’ဟူသည့် ဆိုင်းဘုတ်တစ်ခုရှိနေခဲ့သည်။ အနာဂတ်တွင် ဤသည်မှာ လက်ရွေးစင်အသင်းကစားသမားများ လာရန်အကြောက်ဆုံးဖြစ်မည့် နေရာတစ်နေရာဖြစ်နိုင်သည်ဟု ခန့်မှန်းနိုင်သည်။

လောင်လင်းသည် တံခါးခေါက်လိုက်ကာ အထဲမှ အေးစက်စက်အသံကို ကြားခဲ့သည်။ “ဝင်လာခဲ့”

သူတို့သုံးယောက်မှာ တစ်ယောက်ပြီးတစ်ယောက် အခန်းထဲဝင်သွားခဲ့သည်။

ကျန်းရှောင်ယွီရုံးခန်းရောက်သည့် ပထမနေ့တွင် သူသည်သူ၏ရုံးခန်းအား အားပါးတရရှင်းလင်းထားခဲ့သည်။

နေရာကျယ်သည့် စားပွဲခုံပေါ်တွင် ကွန်ပျူတာနှစ်လုံး ရှိနေခဲ့သည်။ တစ်ခုမှာ အဆင့်မြင့် ဒက်စ်တော့ ကွန်ပျူတာဖြစ်ကာ အခြားတစ်ခုမှာ ပါးလွှာပေါ့ပါးသည့် လက်ပ်တော့တစ်လုံးဖြစ်သည်။ သူ၏အနောက်တွင် အတန်းလိုက် သပ်ရပ်စွာစီထား‌သည့် နံရံပေါ်မှ စာအုပ်စင်တစ်ခုရှိသည်။ မှတ်သားထားမှုများအရ လက်ရွေးစင်အသင်းကစားသမားများနှင့် မေဂျာကလပ်များနှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်နေခဲ့သည်။

သူသည်လည်း မှတ်စုမှတ်သားရန်အတွက် သူ‌၏ဘေးရှ်ိ အနက်ရောင်အဖုံးနှင့် မှတ်စုကိုလည်း ဆောင်ထားခဲ့သည်။

နောက်ပိုင်းတွင် အမှားလုပ်သူမည်သူမဆို ဤစာအုပ်ကလေး‌တွင် ရေးချခံရလိမ့်မည်…

ထို့နောက်သူတို့သည် ကောင်းချီးများစွာအတွက် တောင်းခံရလိမ့်မည်။

သူတို့သုံးယောက်လုံးမှာ သူတို့၏သင်ကြားရေးနည်းပြကို ရှာနေသည့် ကျောင်းသားများကဲ့သို့ လေးနက်သည့်မျက်နှာထားများနှင့် အချင်းချင်းဘေးကပ်ရပ်နေခဲ့ကြသည်။ သူတို့သည် တညီတညာတည်း “နည်းပြကျန်း”ဟူ၍ပြောခဲ့သည်။ သူတို့သည် ဦးညွတ်တော့မလိုပင်ဖြစ်သည်။

သူတို့သုံးယောက်မှာ ယခုထိပ်တန်းအသင်းများ၏ အဓိကကစားသမားများဖြစ်နေသည်။ သူတို့၏ကိုယ်ပိုင်အသင်းများတွင် အသင်းဝင်များသည် သူတို့စကားနားထောင်ကာ ‘အစ်ကို’ဟု တရိုတသေ ခေါ်ကြလိမ့်မည်။ သို့သော်လည်း ကျန်းရှောင်ယွီ၏အရှေ့တွင် သူတို့သည် ညီငယ်လေးများပင်ရှိနေသေးသည်။

ကျန်းရှောင်ယွီသည် သူ၏ဘေးရှိဆို‌ဖာပေါ် လက်ညှိုးထိုးလိုက်သည်။ “ထိုင်‌လေ။ ဓါကဆူမယ့်အစည်းအဝေးမဟုတ်လို့ အရမ်းလေးနက်နေစရာမလိုပါဘူး။ ငါမင်းတို့ကိုခေါ်တာက စကားကောင်းကောင်းပြောချင်လို့ပါ”

သူတို့သုံးယောက် ဆိုဖာပေါ်မထိုင်ခင် အကြည့်ချင်းဖလှယ်ခဲ့ကြသည်။

ကျန်းရှောင်ယွီသည် မနေ့ကလူများစွာရှေ့တွင် ရှိနေခဲ့သောကြောင့် မျက်နှာသာပေးရန် သူ့အတွက်မကောင်းလှပေ။ ယယ်ကျီနှင့်ကိစ္စမှာ ယယ်ကျီကိုယ်တိုင်ကြောင့်လည်း ပြီးသွားခဲ့သည်။ ယခုသူသည် အသင်းဖော်ဟောင်းများနှင့် သီးသန့်စကားပြောနေကာ နည်းပြဟူသည့်အာဏာ ပြစရာမလိုအပ်ပေ။

သူသ်ညမတ်တပ်ရပ်ကာ သူတို့အတွက် လက်ဖက်ရည်ငှဲ့ပေးနေခဲ့သည်။ ထို့နောက်သူသည် ယယ်ကျင်းမင်ကိုကြည့်ကာ မေးခဲ့သည်။ “ဘာလို့ ယယ်ကျီကဆိုင်းငံ့ခံထားရတာလဲ။ ငါခုနက လိဂ်ကိုဖုန်းခေါ်ပြီး ဒုဥက္ကဌကျွီငါ့ကိုပြောတာကတော့ မင်းနိုင်ငံခြားအင်တာဗျူးဖြေတုန်းက သတင်းထောက်နဲ့ ရန်ဖြစ်ခဲ့တယ်ဆိုတဲ့ အဖြေရတယ်။ မင်းတစ်ယောက်ယောက်ရဲ့ ကင်မရာကို လွှင့်ပစ်ပြီး သက်ရောက်မှုက အရမ်းဆိုးတယ်တဲ့။ အကြောင်းအရင်းကဘာလဲ”

ယယ်ကျင်းမင်သည် လက်ဖက်ရည်ခွက်ကိုယူကာ ခါးသက်သည့်အမူအရာနှင့် သူ၏ခေါင်းကိုကုတ်ခဲ့သည်။ သူသည်မည်ကဲ့သို့ဖြေရမည်ကို မသိသည့်ပုံပေါ်နေသည်။

လောင်လင်းသည် သူ့အတွက်စတင်ပြောပေးခဲ့သည်။ “တကယ်တော့ ယယ်ကျီကို ဒီကိစ္စအတွက် လုံးလုံးအပြစ်တင်လို့မရဘူး။ သတင်းထောက်ရဲ့စကားတွေက နားထောင်ဖို့ အရမ်းဆိုးတယ်”

ကျန်းရှောင်ယွီသည် မျက်ခုံးပင့်လိုက်သည်။ “အိုး ဘယ်လောက်တောင်ကြားရတာ ခက်လို့လဲ”

လောင်လင်းသည် အနည်းငယ်ချောင်းဟန့်ကာ တံတွေးမျိုချပြီး ယုတ္တိရှိကာညင်သာသည့် အပြုအမူနှင့် စကားပြောခဲ့သည်။ “ACE ကထွက်လာတဲ့သူတွေ အားလုံးက ဒီအဆင့်ပဲလား။ မင်းတို့ပြိုင်ဘက်ရဲ့ အဝတ်အစားတွေကိုတောင် မှန်အောင် မပစ်နိုင်ဘူး။ ဒါက နတ်ဘုရား Wing မင်းတို့ကိုသင်ခဲ့တာလား။ စောစောအနားယူပြီး မင်းတို့ရဲ့ ခေါင်းဆောင်ဟောင်း နတ်ဘုရား Wing နဲ့ပြန်ပူးပေါင်းဖို့ကိုရော တွေးဖူးလား”

ကျန်းရှောင်ယွီ: “……”

ယယ်ကျင်းမင်သည် သူ၏ခေါင်းအား အထိန်းအချုပ်မဲ့ ကုတ်နေခဲ့သည်။ “ကျွန်တော်က လောင်လင်းနဲ့ရှောင်းကျိုးတိုနဲ့ အဲ့ဂိမ်းမှာစောင့်နေတာကြောင့် အဲ့လိုဖြစ်သွားခဲ့တာ။ သတင်းထောက်က ACEအသင်းကို မုန်းတီးတဲ့ပရိသတ်ပဲလေ။ ကျွန်တော်အားနည်းတယ်ပြောရင်တောင် သည်းခံနိုင်တယ်။ ကျွန်တော်သည်းမခံနိုင်တာက ACEအသင်းကို လှောင်ပြောင်ပြီး ခေါင်းဆောင်ဟောင်းကို ရေထဲဆွဲနစ်တာကိုပဲ။ အစ်ကိုအနားယူပြီးတာ ဘယ်နှနှစ်ကြာပြီးတာတောင် သူတို့အစ်ကို့ကို အခုထိအလောင်းကိုရိုက်ဖို့ ဆွဲထုတ်နေတာလဲ”

ကျန်းရှောင်ယွီ၏ အသံမှာအေးစက်နေခဲ့သည်။ “ဘာအလောင်းကို ရိုက်တာလဲ။ ငါအခုထိမသေသေးဘူး”

“အဟွတ် အဟွတ်” ယယ်ကျင်းမင်သည် လက်ဖက်ရည်သီးမလိုဖြစ်ကာ ခွက်အားအမြန်ချလိုက်ရသည်။ သူသည် စိတ်ဆိုးသည့် အမူအရာနှင့်ပြောလိုက်သည်။ “ကျွန်တော်ပွဲရှုံးလို့ စိတ်ညစ်နေပြီး ကျွန်တော့်မျက်နှာရဲ့ ပုံတွေရိုက်နေရင်း ဆက်တိုက်စကားပြောနေခဲ့တာလေ။ ကျွန်တော်လည်း ဒေါသထွက်ပြီး သူ့ကင်မရာကို ဖျက်ဆီးလိုက်တယ်…” သူပို၍စကားပြောလာသောအခါ သူ၏အသံမှာပိုတိုးသွားသည်။ သူသည် ယုံကြည်မှုမရှိသည်မှာ ထင်ရှားသည်။

လောင်လင်းသည် သူ၏ဘေးမှ ဖျန်ဖြေပေးသူအဖြစ် ဆောင်ရွက်ပေးသည်။ “ညီလေးယွီ စိတ်မဆိုးပါနဲ့။ ယယ်ကျီက မင်းကို ကာကွယ်ပေးချင်ရုံပါ။ ငါတို့ရဲ့စိတ်တွေထဲမှာ မင်းရဲ့စွမ်းအားက အမြဲ မေးခွန်းထုတ်စရာကိုမလိုဘူး။ သတင်းထောက်က ACE ကိုအပြစ်တင်ပြီး ယယ်ကျီကိုက တစ်ခဏလောက်သူ့ဒေါသကို မထိန်းနိုင်ခဲ့တာပါ။ ကွဲသွားတဲ့ကင်မရာကို ပြန်လျော်ပြီး သူ့ကိုတစ်နှစ်လောက် ဆိုင်းငံ့လိုက်တယ်။ယယ်ကျီလည်း အပြစ်ဒဏ်ကို လက်ခံလိုက်ပါတယ်”

‌ကျန်းရှောင်ယွီသည် တည်ငြိမ်စွာပြောလိုက်သည်။ “ACE အသင်းက အရင်ကတည်းက မကြိုက်တဲ့ ပရိသတ်တွေရှိပြီး မင်းကဒါကိုကျင့်သားရနေပြီလို့ ထင်ခဲ့တာ။ ယယ်ကျင်းမင် မင်းကအရမ်း စိတ်ဆတ်လွန်းတယ်။ မင်းကမီဒီယာ သတင်းထောက်တွေရှေ့ ပြန်တုံ့ပြန်ရင်တော့ သူတို့ သေချာပေါက် မင်းအကြောင်းထပ်ပြီး မကောင်းတာပြောမှာပဲ”

ယယ်ကျင်းမင်သည် ပခုံးတွန့်လိုက်သည်။ “ဘာဖြစ်ဖြစ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကဒီတိုင်း လူမှုရေးနားမလည်တဲ့ ယုတ်မာပြီး အမှားမခံတဲ့ အမှိုက်လိုလူပဲ။ ကျွန်တော်သူတို့ကို ဂရုမစိုက်ဘူး”

ကျန်းရှောင်ယွီသည် စကားလမ်းကြောင်းမလွှဲခင် ခဏတာတိတ်ဆိတ်နေခဲ့သည်။ “မင်းရဲ့‌ ခေါင်းဆောင်ဟောင်းနဲ့ ပြန်ပေါင်းစည်းဖို့ စောစောအနားယူသင့်တယ်လို့ သတင်းထောက်ကမပြောဘူးလား”

လူသုံးယောက်မှာ ကျန်းရှောင်ယွီအားကြည့်ခဲ့သည်။

သူ၏အမူအရာမှာ တည်ငြိမ်လွန်းကာ လုံးဝစိတ်မဆိုးခဲ့ပေ။

ယယ်ကျီသည် ကျန်းရှောင်ယွီပြောသည်ကို ကြားသောအခါ ဤတစ်ကြိမ်သူသည်အဘယ်ကြောင့် အဆူမခံရသည်ကို တွေးနေခဲ့သည်။ “ဒါဆိုမင်းတို့တိုးတက်ဖို့ ဆက်ကြိုးစားပြီး မင်းတို့ခေါင်းဆောင်ဟောင်းနဲ့ ပြန်ပေါင်းစည်းသင့်တယ်”

လူသုံးယောက်မှာကြောင်သွားခဲ့သည်။

ပြန်လည်‌ ပေါင်းစည်းခြင်းလား။ ဘာပြန်လည်ပေါင်းစည်းတာလဲ။

ရှောင်းကျိုးသည် အမြန်တုံ့ပြန်လိုက်သည်။ “အစ်ကိုက…လက်‌ရွေးစင်အသင်းကို ဆိုလိုတာလား”

ကျန်းရှောင်ယွီသည် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်။ မင်းတို့ရဲ့ ခေါင်းဆောင်ဟောင်းက လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်လာပြီ။ မင်းတို့မှာ စွမ်းရည်ရှိရင် နောက်နှစ်လက်ရွေးစင်အသင်းမှာ ဆက်လက်ကစားရလိမ့်မယ်။ ငါတို့လက်ရွေးစင်အသင်းမှာ ပြန်ဆုံရလိမ့်မယ်”

လူသုံးယောက်: “!!!”

ACE အသင်းမှာ ပျက်စီးသွားသည်မှာကြာခဲ့သော်လည်း သူတို့၏လူငယ်အရွယ်တွင် ဖွံ့ဖြိုးလာသော ခံစားချက်များမှာ နက်ရှိုင်းလွန်းသည်။ သူတို့သည် ဘေးချင်းကပ်တိုက်ပွဲဝင်လာခဲ့သော ညီအစ်ကိုကောင်းများပင်မကပေ။ သူတို့သည် ‘မိသားစုနှင့်တူသော’ တည်ရှိမှုဖြစ်နေခဲ့သည်။

လက်ရွေးစင်အသင်းတွင် ပြန်လည်ပေါင်းစည်းခြင်းလား။

ACE အဖွဲ့ဝင်များမှာ အမှန်တကယ်ပင် ပြန်လည်ပေါင်းစည်းနိုင်မည်လား။

လောင်လင်း၏စိတ်မှာ အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ သူသည်လက်သီးများကိုဆုပ်ကာ သူ၏အသံမှာ တုန်လှုပ်နေခဲ့သည်။ “ဒါပေမယ့် င…ငါအနားယူလိုက်ပြီ…”

“ငါဒီ‌နေ့ မင်းလျှောက်လွှာကို ပြန်ယူလာပြီ” ကျန်းရှောင်ယွီသည် နောက်သို့လှည့်လိုက်ကာ အံဆွဲမှ‌ဖောင်ကိုထုတ်ကာ လောင်လင်းအား ကမ်းပေးလိုက်သည်။ “အဖွဲ့က ဒါကို အတည်လည်းမပြုရသေးသလို တံဆိပ်လည်းမထုရသေးတာ‌ကြောင့် လုပ်ထုံးလုပ်နည်းတွေက မပြည့်စုံသေးဘူး။ မင်းကတရားဝင် အနားမယူရသေးဘူး”

လောင်လင်းသည် အံ့ဩမှုများနှင့် သူ၏လျှောက်လွှာကို ယူလိုက်သည်။

သူသည်ကိုယ်တိုင် လက်မှတ်ထိုးထားသော နာမည်အား ကြည့်ခဲ့ကာ တစ်ခဏတာ ဘာပြောရမည်ကို မသိခဲ့‌ပေ။

ကျန်းရှောင်ယွီသည် သူ့ဆီလျှောက်သွားပြီး ပခုံးအား ညင်သာစွာ ပုတ်ပေးခဲ့သည်။ “ငါမင်းရဲ့လေ့ကျင့်ရေး ဗီဒီယိုတွေကို မြင်ပြီးပြီ။ မင်းရဲ့လက်အမြန်နှုန်းနဲ့ တုံ့ပြန်မှုတွေက ဆယ်ကျော်သက်ကစားသမားတွေလောက် မကောင်းပေမယ့် မင်းရဲ့ကောင်းကွက်တွေက တည်ငြိမ်တဲ့စိတ်နဲ့ ကြွယ်ဝတဲ့အတွေ့အကြုံပဲ။ ဂိမ်းကစားတာက လက်အမြန်နှုန်းတစ်ခုတည်းနဲ့မဟုတ်ဘူး။ အတွေ့အကြုံရှိပြီးသား ဝါရင့်တွေမှာလည်း နေရာရှိတယ်”

လောင်လင်းသည် သူ့အားစိတ်လှုပ်ရှားမှုနှင့် ကြည့်ခဲ့သည်။ “မင်းဆိုလိုတာက ငါ့မှာထပ်ပြီး လက်ရွေးစင်အသင်းကို ဝင်ဖို့အခွင့်အရေးရှိသေးတာလား”

ကျန်းရှောင်ယွီမှာ ခေါင်းငြိမ့်ခဲ့သည်။ “အခွင့်အရေးကတော့ သေချာပေါက်ရှိပေမယ့် မင်းဒါကိုဆုပ်ကိုင်နိုင်မှုရှိမရှိအပေါ်မူတည်တယ်။ မင်းကိုမင်းနောက်တစ်နှစ် ကြိုးစားလိုက်။ မင်းဒီနှစ်လည်း မဆိုးပါဘူး ဟုတ်တယ်မလား”

လောင်လင်းမှာအားရပါးရ ခေါင်းငြိမ့်လိုက်သည်။ “ကောင်းပြီ။ ဒါဆိုငါနောက်တစ်နှစ်ဆော့မယ်။ ဟားဟားဟား မင်းသာနောက်ထပ်နည်းပြဖြစ်လာမယ်မှန်း ငါသိရင် ဒီအနားယူတဲ့လျှောက်လွှာကို တင်မှာမဟုတ်ဘူး”

သူသည် နေရာတွင်သာ လျှောက်လွှာကို ထပ်ဝက်ဆုတ်ဖြဲလိုက်သည်။

ယယ်ကျင်းမင်နှင့် ကျိုးယီရန်မှာ အချင်းချင်းကြည့်လိုက်ကြသည်။

လောင်လင်းသည် ယခင်ကအနားယူရန်စီစဉ်ခဲ့ကာ သူတို့၏ဖျောင်းဖျမှုများအားလုံးမှာ အသုံးမဝင်ခဲ့ပေ။ နောက်ဆုံးတွင် အစ်ကိုယွီမှာ သူ၏ပါးစပ်ဟလိုက်ပြီး လောင်လင်းမှာ စကားလုံးအချို့နှင့် ဖျောင်းဖျခံခဲ့ရသည်လား။

ကျန်းရှောင်ယွီသည် သူ၏အသင်းသားသုံးယောက်ကို ကြည့်ကာ တည်ငြိမ်သည့်အသံနှင့်ပြောလိုက်သည်။ “ငါကအခုလက်ရွေးစင်အသင်းရဲ့နည်းပြပဲ။ မင်းတို့ကငါ့ရဲ့ အသင်းဖော်ဟောင်းဆိုပေမယ့် ငါကချစ်ခင်မှုမပြနိုင်ဘဲ လက်ရွေးစင်အသင်းအတွက် မင်းတို့ကိုတိုက်ရိုက်မရွေးနိုင်ဘူး။ မင်းတို့ကဒီတိုင်းအဆူခံရလိမ့်မယ်”

“ နောက်တစ်ခါ လက်ရွေးစင်အသင်းအတွက် နေရာတစ်ခုချင်းစီက ကစားသမားတွေကို မျှမျှတတရွေးချယ်ရလိမ့်မယ် ”

“ ဒါကြောင့်ငါပြောတာက—”

“ မင်းတို့ကိုယ်ပိုင် အစွမ်းအစနဲ့ လာပြီး ငါနဲ့ပြန်ပူးပေါင်းပါ ”

အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော စိတ်အားတက်သန်မှုနှင့် တိုက်ခိုက်ချင်စိတ်မှာ ဤသည်ကိုကြားသောအခါ သူတို့စရင်ထဲ၌ စွဲမြဲသွားခဲ့သည်။

ခွန်အားကတစ်ဆင့် လက်ရွေးစင်အသင်းသို့ လာကာပြန်လည်ပူးပေါင်းရမည်လား။

အတိတ်တွင် ACEအဖွဲ့မှ အစွန်းအထင်းများမှ စတင်ခဲ့ကာ လိဂ်ချန်ပီယံရှစ်ဖလားကို အနိုင်ရခဲ့သည်။ လက်ရွေးစင်အသင်း၏လက်ရှိစွမ်းဆောင်ရည်မှာ နိမ့်ကျလွန်းသည်။ နည်းပြအသစ်ကျန်းရှောင်ယွီ၏ ဦးဆောင်မှုအောက်၌ ထိုနှစ်၏အံ့ဩဖွယ်ကို ထပ်မံဖန်တီးနိုင်မည်လား။

သေချာပေါက် ဖန်တီးနိုင်မည်။

သူတို့သည် သူတို့၏ခေါင်းဆောင်အား အမြဲယုံကြည်ခဲ့သည်။

လောင်လင်း၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် နီနေခဲ့သည်။ သူသည်ရဲရင့်သည့် ကစားသမားတစ်ယောက်ဖြစ်ခဲ့ကာ ဤကဲ့သို့မျက်ရည်များပြသသည်မှာ အချိန်အတော်ကြ ပြီဖြစ်သည်။ သူသည်အားရပါးရ‌ ခေါင်းငြိမ့်ကာ မျက်ရည်များဝဲနေခဲ့သည်။ “ငါနောက်နှစ်သေချာပေါက် လက်ရွေးစင်အသင်းကို ပြန်ဝင်မယ်”

ယယ်ကျီနှင့် ရှောင်းကျိုးတို့လည်း တစ်ပြိုင်နက်အော်လိုက်သည်။ “ငါရောပဲ”

ယယ်ကျီသည် ရုတ်တရက် မျက်မှောင်မကြုတ်ခင် ရပ်တန့်သွားခဲ့သည်။ “ဒါပေမယ့် ရှောင်းချန် သ…သူက တစ်နှစ်လောက်မကစားရဘဲ ဒီနှစ်လက်ရွေးစင်အသင်းကို အရည်အချင်းမပြည့်မီသွားဘူး။ လက်ရွေးစင်အသင်းဝင်ဖို့ သူတို့ကလပ်က ထောက်ခံတဲ့ ဆေးအကူက ကျန်းယွယ်ပဲ”

ထိုသူမှာ လေ့ကျင့်ရေးပွဲတွင် ဓားဖြင့်အသတ်ခံခဲ့ရ‌သည့် ပထမဆုံးဆေးအကူဖြစ်သည်လား။

ကျန်းရှောင်၏ မျက်လုံးများအနည်းငယ် မှေးလိုက်သည်။ “ရှောင်းချန်က TNG ကလပ်ကမလား”

ယယ်ကျီသည် ‌ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်။ TNG မှာ ပိုက်ဆံအများကြီးရှိတယ်။ သူတို့ရှောင်းချန်ကိုဝယ်ခဲ့တုန်းက သူ့ကိုအဓိကဆေးအကူဖြစ်ခွင့်‌ပေးဖို့ ကတိပေးခဲ့တယ်။ နောက်ပိုင်းသူတို့က လူသစ်ကိုပဲထောက်ပံ့ချင်တာကြောင့် သူ့ကိုလူသစ်အတွက် လမ်းဖောက်ပေးဖို့ လက်လျှော့ခိုင်းတယ်။ မင်းရှောင်းချန်ရဲ့စရိုက်ကိုသိတာပဲလေ။ သူကလူတွေနဲ့လည်း စကားမပြောရဲသလို သူ့အတွက်သူလည်း မတိုက်ရဲဘူး။ သူဒီတိုင်းတစ်နှစ်လောက် အေးစက်စက် အရန်ခုံမှာပဲ ထိုင်ခဲ့တာ”

ရှောင်းချန်သည် လူများအား အနည်းငယ်ကြောက်သည်။ သူ၏ ACE ထဲရှိအချိန်အတွင်း သူသည် သူအင်တာဗျူးခံ‌ရ‌သည့်အခါ ကျန်းရှောင်ယွီအနောက်တွင်သာ ပုန်းနေခဲ့သည်။ ကျန်းရှောင်ယွီသည် သူ့အားညီငယ်တစ်ယောက်အဖြစ် အမြဲတွေးခဲ့သည်။‌ ရှောင်းချန်မှာ သူထွက်သွားပြီးနောက် ဝမ်းနည်းမှုများစွာ ခံစားခဲ့ရသည့်ပုံပေါ်သလား။

ကျန်းရှောင်ယွီ၏ အမူအရာမှာ မှိုင်းသွားကာ သူ၏အသံမှာ အေးစက်နေသည်။ “ငါကိုယ်တိုင် ဒီကိစ္စကိုစုံစမ်းဖို့ TNG ကလပ်ကိုသွားမယ်”

သူတို့သုံးယောက်လုံး ပျော်သွားကြသည်။ ရှောင်းချန်သည် အစ်ကိုယွီပြန်လာသည်ကို သိခဲ့လျှင် သူသေချာပေါက်ပျော်ရွှင်မည် မဟုတ်ပါလား။

ကျန်းရှောင်ယွီသည် နောက်မေးခွန်းမမေးခင် စက္ကန့်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ “ပိုင်ဖန်းရော။ ညီမယွီပြောတာကြားတာကတော့ သူလုံးဝ ကျွမ်းကျွမ်းကျင်ကျင် မကစားတော့ဘူးတဲ့။ ဘာတွေဖြစ်ခဲ့တာလဲ”

လူသုံးယောက်၏အမူအရာများမှာ ပိုင်ဖန်းကိုကြားသောအခါ စိတ်ရှုပ်ထွေး‌သွားခဲ့သည်။

ACEအသင်းမှာ ထိုအခါက ကစားသမားခြောက်ယောက်ရှိခဲ့သည်။ အဓိကကစားသမားငါးယောက်အပြင် ထူးခြားသောလူငယ် လေ့ကျင့်သူတစ်ယောက်ရှိခဲ့သည်။ သူသည်အငယ်ဆုံးအဖွဲ့ဝင်ပိုင်ဖန်းဖြစ်ကာ ကျန်း‌ရှောင်ယွီ၏ကိုယ်ပိုင်အလုပ်သင်လည်း ဖြစ်နေခဲ့သည်။

ကျန်းရှောင်ယွီသည် သူတို့တိတ်ဆိတ်နေသည်ကိုမြင်ကာ အကောင်းဆုံးစိတ်ထိန်းချုပ်နိုင်သည့် ကျိုးယီရန်ကိုကြည့်လိုက်သည်။ “‌ ရှောင်းကျိုး မင်းပြော ”

ကျိုးယီရန်သည် သူ၏နှာခေါင်းကိုထိလိုက်ကာ ညင်သာစွာရှင်းပြခဲ့သည်။ “အစ်ကိုယွီ အနားယူပြီးနောက် ခေါင်းဆောင်နေရာကို ပိုင်ထန်းကိုလွှဲပေးခဲ့တယ်မလား။ ကျွန်တော်တို့ ရှောင်းပိုင်ကို အစ်ကို့ရဲ့သေနတ်ပစ်သမားနေရာပေးဖို့ နဂိုကတည်းက စီစဉ်ထားပြီးသား။ ကျွန်တော်တို့လေးယောက်လည်း နေရာမပြောင်းဘဲ လိဂ်မှာဆက်ကစားနိုင်တာပေါ့။ ဒါပေမယ့်… သူဌေးက အဲ့လိုမထင်ဘူး”

“ပိုင်ဖန်းက လူငယ်အကယ်ဒမီမှာ နံပါတ်တစ်ကျောင်းသားဖြစ်ပြီး သူ့ရဲ့အချက်အလက်တွေအားလုံးကလည်း အဆင့်တစ်ပဲ။ သူကအစ်ကို ကိုယ်တိုင်ကိုယ်ကျသင်ခဲ့တဲ့ တပည့်လည်းဟုတ်တယ်။ နယ်ပယ်ထဲကနည်းပြတွေက သူကအစ်ကို့ရဲ့အမွေဆက်ခံသူဆိုပြီး ချန်ပီယံရှစ်ကို နိုင်ဖို့အင်အားရှိတယ်လို့ ထင်ကြတယ်။ ဒါကြောင့် အဲ့အချိန်တုန်းက သူဌေးကလပ်တွေအားလုံးက သူ့ကိုလုယူဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့ကသူ့ကို အလောင်းအစားလုပ်ပြီး ဆယ်သန်းကျော်တဲ့ဈေးပေးတဲ့ ကလပ်သုံးခုရှိခဲ့တယ်”

ကျန်းရှောင်ယွီသည် မျက်ခုံးပင့်လိုက်သည်။ “လူသစ်ကိုခေါ်ဖို့ ပြောင်းရွှေ့ကြေး ဆယ်သန်းတဲ့လား။ သူတို့ရူးနေတာလား”

ဤသည်မှာ ပထမတန်းကစားသမားများအတွက် ပြောင်းရွှေ့ကြေးဖြစ်ခဲ့သည်။ ဤမန်နေဂျာများမှာ ‘Fredက Wing ရဲ့အမွေဆက်ခံသူပဲ’ ဟူသည့်စကားအား ယုံခဲ့ကြပုံပေါ်သည်။ သူတို့သည် ပိုင်ဖန်းကိုရပါက ချန်ပီယံရှစ်ဖလားရနိုင်သည်ဟု ထင်ခဲ့ကြသည်။

ယယ်ကျီသည် ရှင်းပြခဲ့သည်။ “ဟုတ်တယ်မလား။ အဲ့အချိန်တုန်းက ကလပ်မန်နေဂျာတော်တော်များများက ပိုင်ဖန်းပြောင်းရွှေ့ဖို့ နေ့တိုင်း ACE ကိုကြိုးစားဖို့ ဖုန်းခေါ်ခဲ့ကြတယ်။ ကမ်းလှမ်းထားတဲ့ အခြေအနေတွေက ပိုပြီးကောင်းလာတယ်။ သူဌေးကလည်းအမြင်မရှိဘူး။ သူ့ရှေ့မှာ အရင်းအနှီးကြီးကို တွေ့ပြီး ပိုက်ဆံအများကြီးရချင်တော့ ပိုင်ဖန်းကို ပြောင်းရွှေ့နေရာထားဖို့ ဝန်မလေးခဲ့ဘူး”

လောင်လင်းသည် သက်ပြင်းချလိုက်သည်။ “မထင်မှတ်ဘဲ ရှောင်းပိုင်ရဲ့စိတ်က မြည်းလိုပဲခေါင်းမာတယ်။ သူ့အတွက် အသင်းဖော်ရင်းနှီးမှုကိုပဲ ပိုပြီးအရေးကြီးတယ်မြင်တယ်။ သူ့ရဲ့စွမ်းရည်တွေက သူ့ဆရာသင်ပေးပြီး သူက ACE နဲ့ယှဉ်ကစားဖို့ ဘယ်အသင်းကိုမှမသွားချင်သလို ပြိုင်ပွဲမှာ မပစ်ချင်ဘူးလည်းပြောတယ်။ သူက သူဌေးနဲ့ရန်ဖြစ်ပြီး နယ်ပယ်ထဲက မေဂျာကလပ်‌တွေအားလုံးကိုငြင်းခဲ့တယ်”

သူသည် သန်းပေါင်းများစွာတန်သော ပြောင်းရွှေ့ကြေးအား မလိုချင်ခဲ့လေသလား။

တောက်ပသောအနာဂတ်နှင့် အလုပ်အကိုင်မှာ ‘သစ္စာရှိမှု’ နှင့် ‘အရေးကြီးသည့်ခံစားချက်’ ကြောင့် ပျက်စီးသွားခဲ့သည်။

ဤကလေးမှာ တုံးအလွန်းသည်။

အကယ်၍သူသည် ‘ဆရာထွက်သွားပြီးရင် ACE အသင်းကို မင်းဆီလွှဲပေးလိမ့်မယ်’ ဟုအနားမယူခင် မပြောခဲ့လျှင် ပိုင်ဖန်းသည် အသက်စွန့်၍ သို့မဟုတ် သေဆုံးခြင်းရုန်းကန်နေရမှုကြောင့် အလွန်ခေါင်းမာနေမည်မဟုတ်ပေ။

ကျန်းရှောင်ယွီသည် သူ၏နားထင်အား ညင်သာစွာဖိထားခဲ့သည်။ “နောက်တော့ရော”

လောင်လင်းမှာ ပြန်ဖြေခဲ့သည်။ “ပိုင်ဖန်းက အခြားကလပ်တွေမသွားဖို့ တင်းခံနေပြီး ငါတို့လည်း သူဌေးနဲ့ပြဿနာတွေရှိခဲ့တယ်။ ဒါကြောင့် ငါတို့အတူထွက်သွားဖို့ ပြောင်းရွှေ့နေရာကို သွားလိုက်ကြတယ်”

ယယ်ကျီသည် သူ၏လက်များဆန့်လိုက်သည်။ “ ငါတို့အမှတ်မရတဲ့ ACE ကိုဒီတိုင်းမချန်ထားခဲ့ချင်တာကြောင့် အားလုံးထွက်သွားတာက ပိုကောင်းတာပေါ့ ”

ကျန်းရှောင်ယွီဤသည်ကို ကြားခဲ့ကာ သူ၏စိတ်ထဲ အနည်းငယ်စူးရှသွားခဲ့သည်။

သူသည် ဤလူများအား အမြဲအားနာနေခဲ့ကာ သူအဘယ်ကြောင့် တရုတ်နိုင်ငံပြန်လာရသည့် အကြောင်းပြချက်များထဲမှ တစ်ခုဖြစ်နေခဲ့သည်။ ACE တွင် ရင်းနှီးမြုပ်နှံသူများ၊ သူဌေးများနှင့် ဤကစားသမားများမှာ ပြောရေးဆိုခွင့်ရှိရန် အလွန်ငယ်ရွယ်နေခဲ့သည်။

ကျန်းရှောင်ယွီသည် သူထွက်သွားသောအခါ ပိုင်ဖန်းအတွက် ခေါင်းဆောင်နေရာလွှဲယူရန် စီစဉ်ပေးခဲ့သည်။ ပိုင်ဖန်းမှာ သူ၏အမွေဆက်ခံသူဖြစ်ကာ ACE အသင်း၏အဖွဲ့ဝင်များနှင့် အလွန်ရင်းနှီးခဲ့သည်။ သူတို့သည် အချင်းချင်းအလွယ်တကူ ပုးပေါင်းနိုင်ကာ ဤသည်မှာ အကောင်းဆုံးအဆုံးသတ်ဖြစ်ခဲ့သည်။

ဤကမ္ဘာကြီးမှာ ခန့်မှန်း၍မရသည်မှာ နှမြောစရာပင်ဖြစ်ကာ ဤဆယ်ကျော်သက်များမှာ သူတို့၏နောက်ကွယ်မှ အရင်းအနှီးကို မတိုက်နိုင်ပေ။

သူတို့ဆုံးဖြတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ:

ACE ကိုစွန့်ခွာကာ ဤဒဏ္ဍာရီလာအသင်းအား ထာဝရသမိုင်းတင်ခွင့်ပြုခြင်းဖြစ်သည်။

၎င်းသည် ACE အဖွဲ့အား မြေပြင်သို့ထိုးကျသွားအောင်လုပ်ခြင်း သို့မဟုတ် သူကိုယ်တိုင်လေ့ကျင့်ပေးခဲ့သော ကျန်းရှောင်ယွီ၏ တပည့်အား လက်လွှတ်လိုက်ခြင်းထက် ပိုကောင်းသည်။ စွမ်းဆောင်ရည် ကျဆင်းမှုမှာ ရယ်စရာဈေးကွက်တစ်ခုလုပ်နိုင်လိမ့်မည်။

ဤကဲ့သို့ အပြုအမူမျိုးသည် ACE အား e-sports ပရိသတ်များစွာ၏ နှလုံးသားများထံတွင် အဖြူရောင်အလင်းတန်းတစ်ခုဖြစ်အောင် လုပ်ပေးခဲ့သည်။

၎င်းသည် မည်သည့်အသင်းမှ မကျော်လွှားနိုင်သော ဒဏ္ဍာရီလာတည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။

ကျန်းရှောင်ယွီသည် စိတ်ထဲမှသက်ပြင်းချကာ အသံတိုးတိုးမေးလိုက်သည်။ “ပိုင်ဖန်းက ကျွမ်းကျင်ကစားသမားမဟုတ်တော့ သူအခုဘာလုပ်နေမလဲ”

ကျိုးယီရန်မှာ ပြုံးလိုက်သည်။ “မင်းရဲ့တပည့်က အရမ်းကတိတည်တယ်။ သူကကျင်းကွန်ရက်ရဲ့ နာမည်အကြီးဆုံး တိုက်ရိုက်ထုတ်လွှင့်သူဖြစ်နေပြီ။ ပြောင်းရွှေ့ကြေး ဆယ်သန်းကဘာလဲ။ ‌သူ့ဝင်ငွေလေးပုံတစ်ပုံက ဒီနံပါတ်ထက်တောင် များနေသေးတယ်”

ကျန်းရှောင်ယွီသည် အနည်းငယ် အံ့ဩသွားသည်။ “တိုက်ရိုက်ထုတ်လွှင့်သူလား”

သူသည် ကျွမ်းကျင်ကစားသမားမဟုတ်ခဲ့ပေ။ သူသည်တိုက်ရိုက်ထုတ်လွှင့်သူဖြစ်ရန် အလုပ်အကိုင်အား ပြောင်းလိုက်သည်လား။

GMC
Author: GMC
Private: ရွှေအဆင့်နည်းပြ

Private: ရွှေအဆင့်နည်းပြ

GMC, Our Omega Coach is Gold-Class, 金牌教练(电竞)
Score 9
Status: Ongoing Type: Author: , Artist: , Released: 2022 Native Language: Chinese
အညွှန်း တရုတ်ပြည်နယ်တွင် သေနတ်ဘုရင်အတွက် ပရိုလိဂ်‌တွင် ပါဝင်ခဲ့သော Wing ဟုအမည်ရသည့် ဂန္တဝင်ကစားသမားတစ်ဦး ရှိခဲ့သည်။ သူသည် သေစေလောက်သော တိကျသေချာမှုနှင့် ယုံကြည်ချက်အပြည့်ဖြင့် သူ၏ရိုက်ချက်များဆီသို့ ကျရောက်ခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် အသေးစားလိဂ်ရှိ အဆင့်နိမ့်အသင်းတစ်သင်းမှာ မေဂျာလိဂ်သို့ တက်ရောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် နှစ်စဉ်ချန်ပီယံဆုအား ဆွတ်ခူးခဲ့ပြီး သမိုင်းတစ်လျှောက် အသန်မာဆုံးမြင်းနက်တစ်ကောင် ဖြစ်လာခဲ့သည်။ သို့သော် Wingမှာ ချန်ပီယံဆုအားရယူပြီးနောက် အနားယူလိုက်ကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။ အင်တာနက် သုံးစွဲသူများစွာမှာ သူ၏အနားယူခြင်းအတွက် အကြောင်းပြချက်များအပေါ် ထင်ကြေးပေးခဲ့ကြသည်။ သူသည် “ဖယ်ရိုမုန်းရောဂါ”အား ခံစားနေရသော အိုမီဂါတစ်ဦးဖြစ်နေသည်ကို မည်သူမျှမသိခဲ့ပေ။ ငါးနှစ်ကြာပြီးနောက် တရုတ်လက်ရွေးစင်အသင်းသည် သေနတ်ဘုရင်ကမ္ဘာ့ချန်ပီယံရှစ် ပထမအဆင့်တွင် ပြုတ်သွားခဲ့သည်။ နိုင်ငံအသင်းနည်းပြမှာ ဖိအားများအောက် ချက်ချင်းနှုတ်ထွက်ခဲ့သည်။ အကျပ်အတည်းကာလတွင် Wingဟု တစ်ချိန်က လူသိများခဲ့သော ကျန်းရှောင်ယွီသည် တရုတ်နိုင်ငံသို့ ပြန်လာပြီး နိုင်ငံအသင်းနည်းပြ ရာထူးကို အပ်နှင်းခံရသည်။ လက်ရွေးစင်အသင်းမှာ တစ်ဦးနှင့်တစ်ဦး လုံးဝမသင့်မြတ်သော ကစားသမားကောင်းများနှင့် ဆိုးသောကစားသမားများတို့ဖြင့် ရောနှောနေခဲ့သည်။ အထူးသဖြင့် တွေ့ဆုံသည့်အခိုက်အတန့်၌ စကားများရန်ဖြစ်သည့် အယ်လ်ဖာများအတွက် အထူးမှန်ကန်သည်။ လက်ထောက်မှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။ “ဒီဘုရင်တွေကို ဘယ်လိုမှ ထိန်းလို့မရဘူး” ကျန်းရှောင်ယွီ: “ရတယ်။ သူတို့လေ့ကျင့်ဖို့ကို ငါ့လက်ထဲသာအပ်လိုက်” ထို့ကြောင့် နည်းပြကျန်းသည် သူ၏ဆိုးရွားစွာပြောတတ်သည့်ပုံစံကို စတင်ခဲ့သည်။ “ဒါကလက်ရွေးစင်အသင်းမှာရှိတဲ့ ကစားသမားတစ်ယောက်ရဲ့အဆင့်အတန်းလား” “မင်းတို့နဲ့ကစားဖို့ ဇာတ်ညွှန်းတွေတောင် လိုသေးရဲ့လား။ ပေါ့ပေါ့ပါးပါးဆော့ရင်တောင် ငါမင်းတို့ကိုနိုင်နိုင်တယ်” “မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးနေတာလား။ တစ်ယောက်ပြီးတစ်ယောက် အလကားသေပေးနေကြတာလား” “မင်းတို့အခြားသူတွေကိုမနိုင်နိုင်ရင်လည်း ဂိမ်းကိုသာဖျက်လိုက်တော့” အခြားသူများအား လေ့ကျင့်ပေးသောအခါ ဘယ်သောအခါမှ ကျိန်ဆိုလေ့မရှိတတ်သော စကားပြောချိုသာသည့် နည်းပြကျန်းသည် သူတို့၏စိတ်အခြေအနေများ မပြိုလဲမချင်း တစ်သင်းလုံးကို ဆူပူခဲ့သည်။ ဤသည်မှာ သူတို့သည် နည်းပြကျန်းမှ သူ့ကိုယ်သူအိုမီဂါတားဆေးများ တိတ်တဆိတ်ထိုးသွင်းနေသည့်မြင်ကွင်းအား မြင်တွေ့ခဲ့သည့်တစ်နေ့မတိုင်ခင်အထိပင်ဖြစ်သည်။ အားလုံးမှာ တစ်စုတစ်စည်းထဲ မှင်တက်သွားခဲ့သည်။ “အဲ့ဒီကြမ်းတမ်းပြီး ရက်စက်တဲ့နည်းပြက တကယ့်ကို အိုမီဂါလား” “သူက အိုမီဂါဆိုရင်တောင် အသင်းလိုက် တိုက်ရင်တောင် အနိုင်ယူလို့ မရနိုင်တဲ့ သူဌေးမျိုးပဲ” ဂိမ်းနတ်ဘုရား: “အကူအညီ‌ တောင်းချင်လို့ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့ စာစီစာကုံး စာလုံးရေ 1000ကို ဘယ်လိုရေးရမလဲ” ကျော်ကြားသည့် တိုက်ရိုက်ထုတ်လွှင့်သူ: “ဒီနေ့ ကျွန်တော် တိုက်ရိုက်မလွှင့်ဘူး။ နံရံကိုပဲ မျက်နှာမူနေပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်မယ်” အပျော်တမ်းဘုရင်တစ်ပါး: “ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။ ငါ ဘာလို့ ဂိမ်းတွေကို ကစားနေရတာလဲ။ ငါ့ဘဝကို တကယ် သံသယဖြစ်မိတယ်” အယ်လ်ဖာလူငယ်: “အိုမီဂါဆီက မျက်ရည်ကျရလောက်အောင် အဆူခံရတဲ့အတွေ့အကြုံက ဘာလဲ။ ငါတို့ ပိုငိုလေလေ ပိုပြီးနေသားကျလေလေပဲ” အင်တာနက်သုံးစွဲသူများ: “???” ဘာလို့ ဒီနှစ်လက်ရွေးစင်အသင်းက အဆင်မပြေ ဖြစ်နေရတာလဲ။ +++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset