GMC အပိုင်း ၁၇

Chapter 17: လက်ရွေးစင်အသင်း၏ အလုပ်အဖွဲ့

ညဆယ်နာရီခွဲ၌ ကျန်းရှောင်ယွီမှာ အိပ်မပျော်သေးဘဲ ကျွီဟန်မှာလည်း အိမ်ပြန်ရန် အလျင်မလိုနေခဲ့ပေ။ ထို့ကြောင့်ယွီမင်ကျန်းသည် သူတို့နှစ်ယောက်အား အစည်းအဝေးအခန်း၏တစ်ဖက်ခြမ်းသို့ စကားပြောရန်နှင့် အမှတ်တရများပြန်ပြောကြရန် ခေါ်သွားခဲ့သည်။

အစ်မယွီသည် ဝမ်းဗိုက်နွေးစေသော Pu’erလက်ဖက်ရည်အား အလွယ်တကူလောင်းထည့်ပေးကာ အပြုံးနှင့်‌ ပြောလိုက်သည်။ “အားယွီ၊ ပါးစပ်ကခုထိကြမ်းတုန်းပဲနော်။ အစ်ကို့ဆီကအဆူခံရပြီးတော့ လူသစ်တစ်ချို့ကငိုတော့မလိုပဲ။ သူတို့ကိုယ့်ကိုယ်ကိုသုံးသပ်စာ ဘယ်လိုရေးရမလဲဆိုတာကို စဉ်းစားရင်းခေါင်းကိုက်နေလောက်ပြီ။ ဒါပေမယ့် ယယ်ကျီကတော့ ခေါင်းစား‌မှာမဟုတ်ဘူး။ သူကဒီနယ်ပယ်မှာ ဆရာကြီးပဲ”

ကျွီဟန်မှာ ရယ်လိုက်သည်။ “ယယ်ကျင်းမင်ကအရင်ကကြမ်းတမ်းခဲ့ဖူးပြီး အားယွီကပဲသူ့ကိုကိုင်တွယ်‌နိုင်တာလေ။ ကလေးတစ်အုပ်ကတော့ သူတို့အားယွီရှေ့မှာ ပြန်တိုက်ဖို့ အင်အားလုံးဝမရှိဘူး”

ကျွီဟန်သည် ဂရုတစိုက်နှင့် ကျန်းရှောင်ယွီ၏ အသင်းအားဦးဆောင်သည့်ပုံစံကို များစွာသဘောတူခဲ့သည်။ သူတို့တကယ်ကစားရကာ ပထမဂိမ်းတွင် လွှမ်းမိုးခြင်းခံရပါက ဒိုင်လူကြီးမှာ သူတို့အားတဖြည်းဖြည်းအဆင်ပြေရန် အချိန်ပေးလိမ့်မည်မဟုတ်ပေ။ ထိုအစား ဒုတိယဂိမ်းမှာ မိနစ်အနည်းငယ်ကြာသောအခါ စတင်လိမ့်မည်။

ကျွမ်းကျင်ကစားသမားများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်မှုအဆင့်မှာ မူလအားဖြင့် အရေးကြီးခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာအရည်အသွေးမှာလည်း ထပ်တူအရေးကြီးနေသည်။

ကျန်းရှောင်ယွီသည် ကျွီဟန်အားကြည့်၍ မမေးခင် လက်ဖက်ရည်နှစ်ငုံသောက်လိုက်သည်။ “ဒုဥက္ကဌကျွီ၊ ဒီလက်ရွေးစင်အသင်းကို ဘယ်လိုရွေးလိုက်တာလဲ”

ကျွီဟန်မှာ ဤမေးခွန်းကြားသောအခါ သူ၏နားထင်ကိုပွတ်လိုက်သည်။ “မင်းကဒီနိုင်ငံမှာမရှိတာကြောင့် ဒီကအခြေ‌အနေကို မင်းသိပ်မသိဘူး။ တကယ်တမ်းတော့ ငါဒါနဲ့ပတ်သက်ပြီး မင်းနဲ့စကားကောင်းကောင်းပြောချင်ခဲ့တာ။အရင်နှစ်တွေတုန်းက ပြည်တွင်းအေအဆင့်လိဂ်က အောင်မြင်သွားပြီး မေဂျာကလပ်တွေကလည်း မြို့တော်ကထောက်ပံ့ခံရတယ်။ သူတို့ကဂိမ်းကနေ လစာအများကြီးရတယ်”

“လိဂ်က ငွေကြေးကိစ္စ‌တွေကို ထည့်တွက်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်က ပြိုင်ပွဲလက်မှတ်တွေနဲ့ တရားဝင်တိုက်ရိုက်ထုတ်လွှင့်မှုတွေကရတဲ့ ပိုက်ဆံတွေက ကလပ်အများစုကို ထောက်ပံ့ဖို့ လုံလောက်ခဲ့တယ်။ ဒါကြောင့် ဘာရလဒ်မှမရတဲ့ ကမ္ဘာ့စီးရီးနဲ့ယှဉ်ရင် မေဂျာကလပ်တွေက ပြည်တွင်းဈေးကွက်ကို ပိုပြီးအာရုံစိုက်ကြတယ်”

“ပြည်တွင်းပြိုင်ပွဲ‌တွေက မြို့ကြီးတွေထဲကျင်းပပြီးတော့ ပြိုင်ပွဲကြည့်ဖို့ နေရာကိုသွားတဲ့ ပရိသတ်တွေက အလိုအလျောက် နေစရာ၊ အစားအသောက်၊ လက်မှတ်တွေနဲ့ ကုန်ပစ္စည်းဝယ်ဖို့လိုမျိုး ဝင်ငွေတွေတိုးလာ‌မယ်။ ဒါက e-sports နယ်ပယ်ကွန်ရက်တစ်ခုလုံးကို ရူးသွပ်စေတယ်။ ဝင်ငွေကမြင့်တာကြောင့် ကလပ်တွေက လက်ရှိအနေအထားကို ကျေနပ်နေကြတယ်။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းဈေးကွက်ရဲ့ အလားအလာကကြီးတယ်။ သူတို့ကိုကျွေးဖို့ လုံလောက်နေရင် ကမ္ဘာ့စီးရီးကရလဒ်‌တွေမကောင်းလည်း ဘာထူးမလဲ။ သူတို့ကဒီတိုင်း လက်ရွေးစင်အသင်းကိုပဲ အပြစ်တင်နိုင်ပြီး ကိစ္စတွေဆက်ပြီးပုပ်သိုးစေတယ်”

ကျွီဟန်သည် သူ၏လက်များအား ဆန့်ထုတ်လိုက်သည်။ “မနှစ်က ပြင်တွင်းအေအဆင့်လိဂ် ဗိုလ်လုပွဲတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုနှုန်းက ကမ္ဘာ့စီးရီးအတွက်နှုန်းထက် နှစ်ဆဖြစ်နေခဲ့တာ”

ကျန်းရှောင်ယွီ: “……”

နှစ်ဆမြင့်နေသည်လား။ ပြည်တွင်းပရိသတ်များမှာ ကမ္ဘာ့စီးရီးနှင့်ပတ်သက်၍ ယုံကြည်မှုများပျောက်ဆုံးနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ ငါးနှစ်ဆက်တိုက် ရလဒ်များမှာ ကျရှုံးပြီးနောက် e-sports ပရိသတ်များမှာ ကမ္ဘာ့စီးရီး၏ တိုက်ရိုက်ထုတ်လွှင့်မှု မကြည့်ချင်လောက်အောင် လက်ရွေးစင်အသင်းအား အလွန်စိတ်ပျက်နေခဲ့သည်။ သူတို့သည်ပြိုင်ပွဲပြီးသောအခါ အင်တာနက်ပေါ်မှရလဒ်များအားကြည့်ကာပြောလိုက်သည်။ “ငါတို့ထပ်ရှုံးပြန်ပြီ”

ဖြစ်နိုင်သည်မှာ လူအများစု၏ မသိစိတ်များထဲတွင် သူတို့သည်ပြည်တွင်းကစားသမားများအား မတိုက်ခိုက်နိုင်ဘဲ ရှုံးနိမ့်သည်မှာ ပုံမှန်ပင်ဖြစ်နေခဲ့သည်။

ဒါကြောင့် ဒီတိုင်း ကိုယ့်နေရာမှာပဲ ကိုယ်ကစားပေါ့။

လူများဤကဲ့သို့ ပိုတွေးလေလေ၊ လက်ရွေးစင်အသင်းအား ရလဒ်ကောင်းထုတ်ပေးရန် ပို၍ခက်ခဲလေဖြစ်သည်။ ကျွမ်းကျင်ကစားသမားများ ‘ရှုံးနိမ့်’သောအခါ သူတို့၏စိတ်‌ဓာတ်ကျဆင်းသွားသည်မှာ ပုံမှန်ဖြစ်နေခဲ့သည်။

၎င်းသည် ဤနှစ်၏ကမ္ဘာ့စီးရီးတွင် အလွန်ထင်ရှားခဲ့သည်။ အမေရိကန်နိုင်ငံနှင့် ပြိုင်ပွဲတွင် နည်းပြကျန်းမှာ ‘ငါတို့သူ့ကိုဘာဖြစ်ဖြစ် မနိုင်နိုင်ဘူး။ ဒီတိုင်းအသင်းသားအသစ်တွေကို ပို့လိုက်’ ဟုတွေးခဲ့သည်။ သူတို့သည်ပြိုင်ပွဲမစတင်ခင်တွင် တိုက်ခိုက်နိုင်ချေရှိသည်ဟု မခံစားရခဲ့လျှင် နိုင်ချေရှိသည်မဟုတ်ပါလား။

ကျန်းရှောင်ယွီသည် မျက်မှောင်ကြုတ်ကာ နက်နက်နဲနဲတွေးရင်း ခေါင်းငိုက်စိုက်နေခဲ့သည်။

လက်ရွေးစင်အသင်း၏ အခြေအနေမှာ သူထင်ထားခဲ့သည်ထက် ပို၍ရှုပ်ထွေးကာ ဆိုးရွားနေခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ သေနတ်ဘုရင်၏ ကမ္ဘာ့စီးရီးတွင် ယုံကြည်ချက်မရှိကာ မေဂျာကလပ်များနောက်ကွယ်မှ မြို့တော်၏ နှောင့်ယှက်မှုမှာ ‌လက်ရွေးစင်အသင်း၏ရွေးချယ်မှုအား ထိန်းချုပ်ထားကာ လှုပ်ရှားရန် ခက်ခဲခဲ့သည်။

သို့သော်ကျန်းရှောင်ယွီသည် နောက်ထပ်လက်ရွေးစင်အသင်းအား ဆက်လက်ပုပ်သိုးစေခွင့်မပြုတော့ပေ။ သူသည်အရှုပ်များရှင်းရန် ဤနေရာသို့ပြန်လာခဲ့သည်။

ကျန်းရှောင်ယွီသည် ထက်မြက်စွာပြောလိုက်သည်။ “ဒါဆို ပဉ္စမမြောက်လက်ရွေးစင်အသင်းက ကလပ်ကတကယ်ရွေးချယ်ခဲ့တာပေါ့ ဟုတ်လား”

ကျွီဟန်သည် ခါးသက်စွာပြုံးလိုက်သည်။ “ဟုတ်တယ်။ လက်ရွေးစင်အသင်းအတွက် စပွန်ဆာတွေက ကလပ်တွေအနောက်က အကြီးအကဲအားလုံးဖြစ်ပြီး သူတို့ကသူတို့ရဲ့ကိုယ်ပိုင်ကစားသမားတွေကို လက်ရွေးစင်အသင်းကို ပို့ကြတယ်။ ကမ္ဘာ့စီးရီးနိုင်သလား ရှုံးသလား သူတို့ဂရုမစိုက်ဘူး။ လက်ရွေးစင်အသင်းထဲဝင်ခွင့်ရပြီး ခရီးတစ်ပတ် နိုင်ငံခြားကိုသွားတာက ကစားသမားတွေကို ထူးခြားတယ်လို ခံစားမိစေတာပဲ”

သူသည် သက်ပြင်းချကာ အသံတိုးလိုက်သည်။ “ဥပမာအားဖြင့် မိုဟန်တျန်းက အကြီးအကဲတွေ ပိုင်တဲ့ ‌သေနတ်ပစ်သမားပဲ။ လုကျင်းယွမ် အနောက်မှာ အရမ်းချမ်းသာတဲ့ TNG ကလပ်ရှိတယ်။ ရှီရှောင်ဘင်းက ကစားတဲ့အခါ အရမ်းသတိကြီးပေမယ့် REDရဲ့ သူဌေးက သူ့မှာအကျင့်ကောင်းပြီး ချစ်စရာကောင်းလို့ သူ့ကိုအရမ်းကြိုက်တယ်။ သူ့ရဲ့မေမေပရိသတ်တွေက တစ်ကမ္ဘာလုံးမှာရှိပြီးတော့ သူ့ထုတ်ကုန်တွေကလည်း အရမ်းနာမည်ကြီးတယ်။ သူ့ရဲ့ခေါင်းအုံးသေးသေးလေးကတောင် တစ်ခုတည်းကို ပုံပွားသန်းပေါင်းများစွာ ရောင်းထွက်သွားတာ”

ကျန်းရှောင်ယွီ: “……”

အမြစ်ထိသို့ပင် အမှန်တကယ် ပုပ်သိုးနေခဲ့သည်။ ဤလူများသည် အခြားသူထက် အဘယ်ကြောင့် ပို၍အားနည်းနေသည်မှာ မထူးဆန်းတော့ပေ။ သူတို့သည် အင်အားကိုအခြေခံကာ လက်ရွေးစင်အသင်းထဲမဝင်ခဲ့သော်လည်း ကလပ်များမှ ထောက်ခံခြင်းခံရသည်လား။

ကျန်းရှောင်ယွီမှာ မျက်မှောင်ကြုတ်သွားခဲ့သည်။ “ငါနောက်ထပ်အသင်းဝင်တွေ ရွေးချယ်ရာမှာ တာဝန်အပြည့်ရှိတယ်။ သူတို့ကောင်းကောင်းမကစားနိုင်ရင် ပြောင်းပစ်မယ်။ငါက ကလပ်တွေက စိတ်ဆိုးသွားမှာကို မကြောက်ဘူး”

ကျွီဟန်မှာ မေးခဲ့သည်။ “ဒီလက်ရွေးစင်အသင်းမှာ မင်းကြိုက်တဲ့ကစားသမားတွေ မရှိတော့ဘူးလား”

ကျန်းရှောင်ယွီသည် သူ၏ခေါင်းအားခါလိုက်သည်။ “အဲ့ဒါလည်း မမှန်ဘူး။ လျိုရှောင်ကျိုးက အတော်ကောင်းတယ်။ မင်းလေ့ကျင့်ပေးခဲ့တဲ့လက်ထောက်က နားလည်နိုင်တဲ့စွမ်းရည်အားကောင်းတယ်။ သူကတည်ငြိမ်ပြီး ထိန်းချုပ်နိုင်တယ်။ သူကအရင်က ခေါင်းဆောင်ကျွီရဲ့ ပုံစံရှိတယ်”

ကျွီဟန်သည် ချီးကျူးခံရပြီးနောက် ပျော်နေခဲ့သည်။ “မင်းလူအများကြီး ရွေးထုတ်ပြီး လောင်လင်းနဲ့ရှောင်းလျူကို ဘာလို့ချန်ထားလဲဆိုတာ မဆန်းပါဘူး။ ဒါက ငါ့အတွက် မျက်နှာပန်းလှစေတာပဲ။ ရှောင်းလျူက အချက်အလက်တွေအရ ပြည်တွင်းလိဂ်ထဲမှာ လက်ရှိအကောင်းဆုံး သေနတ်ပစ်သမားဖြစ်နိုင်တာပဲ”

ကျန်းရှောင်ယွီမှာ ချီးကျူးခဲ့သည်။ “ဟုတ်တယ်။ သူ့မှာ အခြားနိုင်ငံတွေက သေနတ်ပစ်သမားတွေနဲ့ တိုက်နိုင်တဲ့ စွမ်းရည်လည်းရှိတယ်”

ယွီမင်ကျန်းသည် ဝင်ဖြတ်ပြောခဲ့သည်။ “ ACE ကအစ်ကို့ရဲ့ အသင်းဖော်ဟောင်းတွေကရော။ အားယွီ သူတို့ကိုဘယ်လိုထင်လဲ”

“ ငါရှောင်ကျိုးနဲ့ဆို အမြဲအေးဆေးပဲ။ သူကတည်တည်ငြိမ်ငြိမ်ကစားပြီး ဂိမ်းထဲမှာသူ့ရဲ့မှားနိုင်နှုန်းက အရမ်းနိမ့်တယ်။ လောင်လင်းက အနားယူဖို့အဆင်သင့်ဖြစ်နေပြီးတော့ ငါကသူနဲ့အထူးအခြေအနေ‌အကြောင်း ပြောရမယ်။ ယယ်ကျီရဲ့ကိုယ်ပိုင်ပုံစံက အရမ်းသန်မာတာကြောင့် အဓိကအနေနဲ့ ငါကသူ့အတွက် ကင်းထောက်ခြင်းနဲ့ပတ်သက်ပြီး နည်းပညာတွေ တိုးတက်ဖို့လိုတယ်။ သူ့ရဲ့ဓားတိုက်ပွဲတွေနဲ့ လမ်းတိုက်ပွဲက အရမ်းအားသန်ပြီး သူ့မှာသင့်တော်တဲ့အသင်းဖော်တွေရှိရင် အံ့ဩစရာသက်ရောက်မှုဖြစ်အောင် ကစားနိုင်တယ် ”

ကျန်းရှောင်ယွီသည် ထပ်မပြောခင် ရပ်လိုက်သည်။ “ လူသစ်တွေကတော့…သူတို့ဘယ်လိုစွမ်း‌ဆောင်မလဲကြည့်တာပေါ့ ”

နောက်တစ်ခါ လက်ရွေးစင်အသင်းမှာ ပြောင်းလဲမှုကြီးရှိလိမ့်မည့်ပုံပေါ်သည်။

ဤဘူးသီးလေးများအဖွဲ့ဝင်များမှာ အဆုံးတွင် ဘယ်နှစ်ယောက်နေနိုင်ခဲ့မည်ကို မသိရပေ။

ကျွီဟန်သည် သူ၏မေးစေ့အားထိကာ မေးခဲ့သည်။ “အားယွီ လက်ရွေးစင်အသင်းရဲ့ ရွေးချယ်ခြင်းနည်းလမ်းနဲ့ ပတ်သက်တဲ့ အကြံဉာဏ်လေးများရှိသလား။ ငါကြိုပြီး ပြင်ဆင်မှုတွေလုပ်ထားနိုင်တာပေါ့”

ကျန်းရှောင်ယွီသည် ဤအရာအားတွေးထားပြီးဖြစ်ကာ တည်ငြိမ်စွာပြောလိုက်သည်။ “ အရမ်းတော်တဲ့ ပြည်တွင်း e-sports ကစားသမားတွေအားလုံး ပရော်ဖက်ရှင်နယ်လိဂ်မှာ ကစားတေကြတယ်။ နောက်လိဂ်ရာသီစတာနဲ့ ငါသူတို့ကိုပြိုင်ပွဲက စွမ်းဆောင်ရည်ကို အာရုံစိုက်မယ်။ ငါသူတို့ကို ကိုယ်တိုင်သွားစုံစမ်းဖို့ မေဂျာကလပ်တွေကိုသွားပြီး သူတို့ရဲ့နေ့တိုင်းလေ့ကျင့်တဲ့ ဗီဒီယိုတွေကိုလည်းကြည့်မယ်။ နောက်ပြီးရင်ငါက နားလည်နိုင်မှုအမှတ်အရ လက်ရွေးစင်အသင်းကိုဝင်ဖို့ လူတစ်ချို့ကိုရွေးမယ်”

ကျွီဟန်သည် သဘောတူခဲ့သည်။ “ စုံစမ်းဖို့အတွက် ကလပ်ကိုသွားတာက တကယ်လိုအပ်တယ်။ သူတို့ကျော်ကြားမှုကမမြင့်တာဖြစ်ဖြစ် သူတို့ရဲ့ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးသိပ်မကောင်းတဲ့ ကလပ်ရဲ့ထောက်ခံမှုမရတဲ့ အားကောင်းတဲ့ ကစားသမားတွေလည်း ရှိနေနိုင်တာပဲ ”

ကျန်းရှောင်ယွီမှာ ခေါင်းငြိမ့်ခဲ့သည်။ “ငါလည်းအဲ့လိုပဲထင်တယ်။ ငါသူတို့လေ့ကျင့်ရေးပွဲတွေကိုကြည့်ဖို့ ကိုယ်တိုင်ကလပ်ကိုသွားပြီး အင်အားကောင်းပေမယ့် ကျော်ကြားမှုနည်းတဲ့ အဲ့ဒီကစားသမားတွေ မဖုံးကွယ်သွားအောင် ကြိုးစားမယ်။ နောက်ပြီး လူမှုအပိုင်းမှာ အလားအလာရှိတဲ့လူတစ်ချို့လည်း သေချာပေါက်ရှိနေလိမ့်မယ်။ ငါက နောက်နှစ်လေးလပိုင်းမှာ အဲ့လူတွေကိုအခွင့်အရေးပေးဖို့ ‘တက်သစ်စကြယ်ပွင့်ဖလား’ကို ကျင်းပဖို့စီစဉ်ထားတယ်”

ယွီမင်ကျန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ “လူသစ်တွေပဲကစားနိုင်တဲ့ တက်သစ်စကြယ်ပွင့်ဖလားလို့ ဆိုလိုတာလား။ ကျွမ်းကျင်ကစားသမားတွေက ပြိုင်ဖို့ခွင့်မပြုဘူးလား”

“ဟုတ်တယ်။ ငါကကလပ်ကနေတစ်ဆင့် ကျွမ်းကျင်ပညာရှင်တွေအကြောင်း လေ့လာနိုင်ပေမယ့် လူသစ်တွေဖြစ်တဲ့ အလားအလာရှိတဲ့သူတွေကို ရှာဖွေဖို့နည်းလမ်းလိုတယ်။ e-sports မှာ စိတ်မဝင်စားပေမယ့် အသင်းတွေဆီမရှိတဲ့သူတွေလည်း ဒီပွဲကနေတစ်ဆင့် ကစားနိုင်တယ်”

ယွီမင်ကျန်းသည် လူတစ်ယောက်အား တွေးမိသောကြောင့် စိတ်လှုပ်ရှား‌နေခဲ့သည်။ သူသည် e-sports ကစားသမားမဖြစ်ခဲ့ကာ ကလပ်ဖိတ်ကြားမှုများအား ငြင်းဆန်ခဲ့သော အားယွီ၏ကိုယ်ပိုင်အလုပ်သင် ပိုင်ဖန်းဖြစ်သည်။

ထိုအချိန်၌ ပိုင်ဖန်းသည် မေဂျာကလပ်များအားလုံးကို စိတ်ဆိုးသွားကာ သူ၏အလုပ်အကိုင်လမ်းကြောင်းအား လုံးဝဖျက်တောက်ပစ်ခဲ့သည်။ သူသည် တက်သစ်စကြယ်ပွင့်ဖလားမှတစ်ဆင့် လက်ရွေးစင်အသင်းဆီသို့ လက်မှတ်တစ်ခုလည်း ရနိုင်သည်လား။

ကျန်းရှောင်ယွီသည် စားပွဲပေါ်မှ ပြက္ခဒိန်အားကြည့်လိုက်ကာ မေးခဲ့သည်။ “လက်ရွေးစင်အသင်းရဲ့ခွဲတမ်းက ပရော်ဖက်ရှင်နယ်လိဂ်ပြီးတဲ့နောက် မတိုင်မချင်း ဆုံးဖြတ်တာလား။ အသင်းလေ့ကျင့်ရေးအချိန်က ဘယ်လောက်ကြာမလဲ”

ယွီမင်ကျန်းသည် အသိစိတ်ဝင်ကာ အမြန်ပြန်ဖြေလိုက်သည်။ “အေအဆင့်လိဂ်က အောက်တိုဘာမှာပြီးပြီး လက်ရွေးစင်အသင်းက နိုဝင်ဘာမှာ တရားဝင်ချပြမယ်။ ကမ္ဘာ့စီးရီးမပြိုင်ခင် အသင်းက တစ်လလေ့ကျင့်မယ်။ နှစ်တိုင်းလိုမျိုးပါပဲ”

ကျန်းရှောင်ယွီသည် မျက်မှောင်ကြုတ်ခဲ့သည်။ “အသင်းအတွက် လေ့ကျင့်ရေးအချိန်က အရမ်ူတိုတယ်။ နင့်မှာ အားကောင်းတဲ့ကစားသမား ငါးယောက်ကို ဂိမ်းအတူကစားဖို့ထည့်ထားရင်တောင် မနိုင်နိုင်ဘူး။ အသင်းကစားပွဲတွေမှာ သူတို့ရဲ့ပူးပေါင်းရေးနဲ့ နည်းပညာနားလည်မှုတွေက ပိုအရေးကြီးတဲ့အရာတွေပဲ။ သူတို့ရဲ့ပူးပေါင်းမှုက လေ့ကျင့်ရေးပွဲမှာ အရမ်း‌ဆိုးတာ မဆန်းတော့ပါဘူး။ သူတို့ဘာသာသူတို့ဆော့နေကြပြီး တော်တော်စုတ်ပြတ်တယ်။ သူတို့ရဲ့နည်းပညာတိုးတက်မှုက လုံးဝမတိုးလာသေးဘူး”

သူတို့အားလုံးမှာ လက်ရွေးစင်အသင်းအတွက် ယာယီရွေးချယ်ခံထားရသည်။ သူတို့သည် တစ်လအတွင်း သူတို့၏နည်းပညာနားလည်မှုအား မည်သို့မြှင့်တင်မည်နည်း။

လက်ရွေးစင်အသင်းတွင် အတော်ဆိုးရွားစွာ ကစားခဲ့သော မိုဟန်တျန်းနှင့် ရှီရှောင်ဘင်းကဲ့သို့ လူများကိုမကြည့်နှင့်။ သူတို့သည်ရင်းနှီးသည့်အသင်းသားများနှင့် သူတို့၏ကိုယ်ပိုင်အသင်းတွင် ကစားခဲ့လျှင် သူတို့၏ပြည်တွင်းလိဂ်ထဲမှ စွမ်းဆောင်ရည်မှာ အမှန်တကယ်ကောင်းနေခဲ့သည်။

‌လက်ရွေးစင်အသင်းတွင် သူတို့နားမှအသင်းဖော်များမှာ မရင်းနှီးဘဲ စည်းချက်မှာ လုံးဝကွာခြားနေခဲ့သောကြောင့်ဖြစ်သည်။

မတူညီသည့်ကလပ်များမှ ကစားသမားများအား နည်းပညာကြွယ်ဝသောအသင်းအဖြစ်ပြောင်းရန် မလွယ်ကူလှပေ။

ကျန်းရှောင်ယွီမှာ ပြောလိုက်သည်။ “ဒီတစ်ခါ ငါကြိုပြီး လက်ရွေးစင်အသင်းအတွက် ပြိုင်ပွဲဝင်တွေကို ဆုံးဖြတ်ထားပြီး အနည်းဆုံးလေ့ကျင့်ရေးအချိန်သုံးလမှာ ဘေးဖယ်ထားမယ်”

ကျွီဟန်သည် ခေါင်းငြိမ်ခဲ့သည်။ “အဓိပ္ပာယ်ရှိတယ်။ ငါတို့ကမ္ဘာ့စီးရီးမှာ ရလဒ်တွေရနိုင်တာက အချင်းချင်းပိုပူးပေါင်းမှုရှိပြီး လိုက်လျောညီထွေရှိပြီးနောက်မှပဲ”

ယွီမင်ကျန်းသည် ထိုအတွေးများနောက်လိုက်ကာ ပြောလိုက်သည်။ “ဒါနဲ့ လက်ရွေးစင်အသင်းမှာ လုပ်ဖော်ကိုင်ဖက်တစ်ချို့ရှိသေးတယ်။ သူတို့ကိုမနက်ဖြန် အစ်ကို့ကိုလာတွေ့စေချင်လား။ ခန့်ခွဲသူတစ်ယောက်နဲ့ သင်ကြားရေးလက်ထောက်နှစ်ယောက်ပဲ။ အစ်ကိုအကူအညီလိုတာရှိရင် သူတို့ကိုကူညီဖို့ မေးလို့ရတယ်”

ကျန်းရှောင်ယွီသည် ခေါင်းငြိမ့်ခဲ့သည်။ “ကောင်းပြီ။ မနက်ဖြန်ငါ့ရုံးခန်းကို မနက်ကိုးနာရီလာခိုင်းလိုက်”

လက်ရွေးစင်အသင်းကြီးမှာ ကျန်းရှောင်ယွီအား ညွှန်ကြားသူအနေနှင့်သာ မရှိနိုင်ပေ။ သူသည်ဒီည စခန်းသို့သာရောက်ခဲ့ကာ ကစားသမားများနှင့် တိုက်ရိုက်တွေ့ဆုံခဲ့သည်။ သူသည် ဤလုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံရန် အချိန်မရှိခဲ့ပေ။

သူသည်မနက်ဖြန်မှ တရားဝင်ရုံးထိုင်မည်ဖြစ်သောကြောင့် သူသည်လည်း နည်းပြရေးဝန်ထမ်းကို ဂရုစိုက်သင့်သည်။

နောက်တစ်နေ့၌ ကျန်းရှောင်ယွီသည် မနက်စာအတွက်စောစော ကော်ဖီဆိုင်သို့သွားခဲ့သည်။ ထို့နောက်သူသည် e-sportsပန်းခြံတစ်ဝိုက် သို့သို့အားခေါ်သွားခဲ့သည်။

တရုတ်နိုင်ငံသို့ပြန်ရောက်ပြီးနောက် သို့သို့အား လမ်းလျှောက်ထွက်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည်ပတ်ဝန်းကျင်အသစ်နှင့်ရင်ဆိုင်ခဲ့ကာ စိတ်လှုပ်ရှားစွာ ပြေးလွှားနေခဲ့သည်။

‌ရှားလီသည် ပြတင်းပေါက်အပြင်ဘက်သို့ကြညိည့်ကာ အားကစားကွင်းပြင်‌ပေါ် နည်းပြကျန်း ခွေးထိန်းနေသည်ကို မြင်ခဲ့သည်။ သူမကြောင်သွားကာ လက်ရွေးစင်အသင်း၏ ‘အသစ်လေးများအဖွဲ့’သို့ အမြန်စာပို့လိုက်သည်: နည်းပြကျန်းအစော‌ကြီးထတယ်။ သူ့မှာခွေးလေးတစ်ကောင်လည်းရှိတယ်ဟ။

ကစားသမားများမှာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ခဲ့သည်။

သူတို့သည် ရိုးရှင်း‌‌သည့် အဖြူရောင်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီများဝတ်ဆင်ထားသော အရပ်ရှည်သည့်လူငယ်တစ်ယောက်အား တွေ့ခဲ့သည်။ သူသည်သူ၏လက်ထဲခွေးကြိုးကို ဆွဲထားကာ အားကစားကွင်းပြင်ပေါ် အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။ ရွှေရောင်အလင်းတန်းမှာ ထိုလူပေါ်တောက်ပနေကာ ခွေးကလေးနှင့်ဤမြင်ကွင်းမှာ ‌နွေးထွေးမှု အမျိုးအစားအား အမှန်တကယ်ပေးခဲ့သည်။

မထင်မှတ်ဘဲနှင့် နည်းပြကျန်းသည် ဂရုစိုက်တတ်သောသူဖြစ်ကာ ချစ်စရာကောင်းသော ခွေးတစ်ကောင်ရှိနေခဲ့သည်။ သူသည် ခွေးအပေါ် ကြမ်းတမ်းစွာ စကားပြောလိမ့်မည်လား။ သူသည်၎င်းအား အရူးဟုခေါ်လိမ့်မည်လား။

အဖွဲ့မှာ စိတ်ရှုပ်သွားခဲ့သည်။

မိုဟန်တျန်း၏စိတ်ပြန်လည်လာကာ အဖွဲ့ထဲတွင်မေးခဲ့သည်: ရှားလီ၊ အစောကြီးနိုးနေပါ့လား။ ခုမှခုနစ်နာရီပဲရှိသေးတယ်။

ရှားလီ: ဘယ်လိုလုပ်ပြီး အစောကြီးနိုးတာဖြစ်နိုင်မလဲ။ ငါတစ်ညလုံးမအိပ်ရသေးဘူး။ [မူးနောက်.jpg]

ရှီရှောင်ဘင်း: ငါလည်း မအိပ်‌ရသေးဘူး။ ကိုယ့်ကိုယ်ကိုအပြစ်တင်တာအတွက် စာလုံးရေနှစ်ရာမှာပဲရှိသေးပြီး သည်းခံဖို့ကြိုးစား‌‌နေတယ်။ [ခြေကားယား.jpg]

လုကျင်းယွမ်: ငါအခုမှစာရိုက်ထားတာကို တည်းဖြတ်ပြီးလို့ လက်နဲ့ပြန်ကူးတော့မလို့။

တန်ကိုင်း: ငါလည်းအခုထိတိုတိုလေးပဲရှိသေးတယ်။ အားတင်းထားကြဦး။

လူတိုင်းသူတို့၏မို့မောက်နေသည့် မျက်လုံးများအား ပွတ်သပ်နေကာ မိမိကိုယ်ကိုအပြစ်တင်ခြင်းရေးရန် သူတို့၏ခေါင်းများ ဆက်ငုံ့ထားခဲ့သည်။

ကျန်းရှောင်ယွီသည် မနေ့ညကအလွန်ကောင်းမွန်စွာ အိပ်ခဲ့ကာ မနက်တွင် လန်းဆန်းစွာ နိုးထလာခဲ့သည်။

မနက်ကိုးနာရီတွင် အစ်မယွီသည် သူမ၏လုပ်ဖော်ကိုင်ဖက်များအား နည်းပြရူံခန်းသို့ ရိုသေစွာတွေ့ဆုံရန် ခေါ်သွားခဲ့သည်။

လက်ရွေးစင်အသင်း၏ ခန့်ခွဲသူမှာ ကျင်းဘိုဖြစ်ကာ သူသည်ကွန်ပျူတာသိပ္ပံဌာနမှ ဘွဲ့ရတစ်ဦးဖြစ်သည်။ သူသည် အနက်ရောင်သန်းသည့်မျက်မှန်အားဝတ်ကာ ချည်အင်္ကျီအကွက်ကို ဝတ်ဆင်ထားခဲ့သည်။ ၎င်းသည် ပရိုဂရမ်ရေးဆွဲသူ၏ သာမန်ဝတ်စားပုံဖြစ်သည်။ သူသည် e-sports အားချစ်မြတ်နိုးမှုကြောင့် လက်ရွေးစင်အသင်းသို့ လာခဲ့သည်။

သူ၏လက်ထဲ ကမ္ဘာတစ်ဝှမ်းလုံးမှ ကစားသမားများ၏ တိကျသောအချက်အလက်နှင့် ကစားသမားတစ်ယောက်ချင်းစီ၏ အင်အားကိာ ကျယ်ပြန့်စွာ ဆုံးဖြတ်နိုင်သော ဂရပ်များနှင့်ဇယားများစွာ ရှိနေခဲ့သည်။ ထို့ပြင် လက်ရွေးစင်အသင်း၏ အင်ထရာနက် ‌လေ့ကျင့်ရေးပ‌လက်ဖောင်းနှင့် လေ့ကျင့်ရေးဆော့ဖ်ဝဲမျိုးစုံမှာ သူ့ကြောင့်တိုးတက်လာခဲ့သည်။

သင်ကြားရေးအကူနှစ်ယောက်ထဲမှ တစ်ယောက်မှာ အန်နာဖြစ်ကာ သူမသည် နိုင်ငံခြားဘာသာဌာန၏ ထိပ်တန်းကျောင်းသူတစ်ဦးဖြစ်ခဲ့သည်။ သူမသည်ဘာသာစကားများစွာ ကျွမ်ူကျင်ပြီး ခေါင်းဆောင်နည်းပြ၏ သက်တမ်းတစ်လျှောက်လက်ထောက်ဖြစ်ခဲ့သည်။ သူမသည်လည်း ပြည်ပတွင် ကစားရသောအခါ အင်တာဗျူးများနှင့် ဘာသာပြန်များအတွက်တာဝန်ယူရသည်။

နောက်တစ်ယောက်မှာ အသက်လေးဆယ်အရွယ် လက်ထောက်နည်းပြ လောင်ကျွီဖြစ်သည်။ သူ့တွင်အလွန်ကြွယ်ဝသည့် နည်းပြအတွေ့အကြုံရှိခဲ့ကာ e-sports စက်ဝန်းတွင် ဝါရင့်တစ်ယောက်ဖြစ်ခဲ့သည်။ သူသည်နေ့စဥ်လေ့ကျင့်ရေး ကစားသမားများ၏ ချုံငုံသုံးသပ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကုထုံးယူခြင်းအတွက် တာဝန်ယူသည်။

လူတစ်ချို့သာဖြစ်သော်လည်း သူတို့အားလုံးထူးချွန်ကြသည်။

ဤလက်ထောက်များတွင် သူတို့၏ကိုယ်ပိုင် လက္ခဏာများရှိနေကာ သူတို့၏စွမ်းရည်များမှာ အတော်အားကောင်းသည်။

ကျန်းရှောင်ယွီသည် သူတို့နှင့် လက်ဆွဲအရင်နှုတ်ဆက်ခဲ့သည်။ “နောက်ပိုင်းကျ ကျွန်တော့်ကိုအများကြီးကူပေးပါဦး။ လက်ရွေးစင်အသင်းကို အတူစီမံကြတာပေါ့”

သူတို့သည်တစ်ပြိုင်တည်း ပြန်‌ဖြေခဲ့သည်။ “အားလုံးကို နည်းပြကျန်း စီမံပါ”

ကျန်းရှောင်ယွီသည် လက်ထောက်များနှင့် အစည်းအဝေးပြီးသွားခဲ့ကာ အသင်းဆရာဝန်အား သီးသန့်ခေါ်လိုက်သည်။ သူသည်သူ၏ဆေးမှတ်တမ်းနှင့် များစွာသော ထပ်ပေါင်းတားဆေးများကို ကမ်းပေးလိုက်သည်။ “ဒေါက်တာကျွီ၊ ကျွန်တော့်ရဲ့ဖယ်ရိုမုန်းရောဂါက အချိန်အတော်ကြာ တားဆေးတွေနဲ့ထိန်းချုပ်ဖို့ လိုအပ်နေခဲ့တယ်။ နောက်ပိုင်းကျွန်တော်တို့သွားတဲ့အခါ ဆေးသေတ္တာထဲကို ခင်ဗျားနဲ့အတူ ဒီတားဆေးတွေယူလာ‌ပေးပါ။ကျွန်‌တော်ယူဖို့ မေ့သွားတာဖြစ်ဖြစ် တစ်ခုခုများဖြစ်ခဲ့ရင် ခင်ဗျားဒါကိုအရေးပေါ် အပိုဆေးကိုသုံးနိုင်တာပေါ့”

ဒေါက်တာကျွီသည် သူ၏လက်မောင်းသေးသေးလေးပေါ်တွင် အပ်ထိုးရာများအား တွေ့ခဲ့ကာ အနည်းငယ်သနားမိခဲ့သည်။ နေ့စဉ်တားဆေးများထိုးခြင်းသည် ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသည့် ဆိုးရွားသောသက်ရောက်မှုရှိနေခဲ့သည်။ သို့သော် သူမ၏‌အရှေ့တွင်ရှိသော အိုမီဂါမှာ သန်မာ၍တည်ငြိမ်ကာ ဝမ်းနည်းစရာအဖြစ်အပျက်များအား လုံးဝမမြင်နိုင်ပေ။ သူမသည်တားဆေးများကိုယူကာ သူမ၏လက်တွင်ဆောင်လေ့ရှိ‌သည့်‌ ဆေးဘူးထဲထည့်လိုက်သည်။ သူမသည်သူ့အား နူးညံ့စွာပြောခဲ့သည်။ “ကျွန်မနားလည်ပါတယ် နည်းပြကျန်း။ ရှင့်ရဲ့အခြေအနေက အရမ်းထူးခြားပြီး ကျွန်မဒါကိုအထူးသတိထားပါမယ်။ စိတ်မသက်မသာဖြစ်ရင် ကျွန်မကိုဖုန်းခေါ်လို့ရတယ်။ ကျွန်မဖုန်းကတစ်နေ့ကို ၂၄နာရီအဆင့်သင့်ဖြစ်နေမှာပါ”

ကျန်းရှောင်ယွီသည် ခေါင်းငြိမ့်လိုက်သည်။ “ဒီကိစ္စကို လျှို့ဝှက်ချက်အနေနဲ့ထားမယ်လို့ မျှော်လင့်ပြီး ကစားသမားတွေကိုတော့ မပြောပါနဲ့။ ကျွန်တော်ညီမယွီနဲ့ ဒုဥက္ကဌကျွီကိုတော့ ပြောပြီးပါပြီ”

ဒေါက်တာကျွီသည် ချက်ချင်းကတိပေးခဲ့သည်။ “ကျွန်မနားလည်ပါတယ်။ ဘာမှမ‌ပြောပါဘူး”

ကျန်းရှောင်ယွီသည် WeChat အဖွဲ့ဖွဲ့ကာ ဤလက်ထောက်များအားလုံးကို ဆွဲထည့်ခဲ့သည်။ အဖွဲ့အား ဆဌမလက်ရွေးစင်အသင်း၏ နောက်ကွယ်မှအလုပ်လုပ်သူများအဖွဲ့ဟု အမည်ပေးခဲ့သည်။

လက်ရွေးစင်အဖွဲ့အသစ်အတွက် ပြင်ဆင်မှုများမှာ ယနေ့တရားဝင်‌စတင်ခြေလှမ်းခဲ့သည်။

GMC
Author: GMC
Private: ရွှေအဆင့်နည်းပြ

Private: ရွှေအဆင့်နည်းပြ

GMC, Our Omega Coach is Gold-Class, 金牌教练(电竞)
Score 9
Status: Ongoing Type: Author: , Artist: , Released: 2022 Native Language: Chinese
အညွှန်း တရုတ်ပြည်နယ်တွင် သေနတ်ဘုရင်အတွက် ပရိုလိဂ်‌တွင် ပါဝင်ခဲ့သော Wing ဟုအမည်ရသည့် ဂန္တဝင်ကစားသမားတစ်ဦး ရှိခဲ့သည်။ သူသည် သေစေလောက်သော တိကျသေချာမှုနှင့် ယုံကြည်ချက်အပြည့်ဖြင့် သူ၏ရိုက်ချက်များဆီသို့ ကျရောက်ခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် အသေးစားလိဂ်ရှိ အဆင့်နိမ့်အသင်းတစ်သင်းမှာ မေဂျာလိဂ်သို့ တက်ရောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် နှစ်စဉ်ချန်ပီယံဆုအား ဆွတ်ခူးခဲ့ပြီး သမိုင်းတစ်လျှောက် အသန်မာဆုံးမြင်းနက်တစ်ကောင် ဖြစ်လာခဲ့သည်။ သို့သော် Wingမှာ ချန်ပီယံဆုအားရယူပြီးနောက် အနားယူလိုက်ကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။ အင်တာနက် သုံးစွဲသူများစွာမှာ သူ၏အနားယူခြင်းအတွက် အကြောင်းပြချက်များအပေါ် ထင်ကြေးပေးခဲ့ကြသည်။ သူသည် “ဖယ်ရိုမုန်းရောဂါ”အား ခံစားနေရသော အိုမီဂါတစ်ဦးဖြစ်နေသည်ကို မည်သူမျှမသိခဲ့ပေ။ ငါးနှစ်ကြာပြီးနောက် တရုတ်လက်ရွေးစင်အသင်းသည် သေနတ်ဘုရင်ကမ္ဘာ့ချန်ပီယံရှစ် ပထမအဆင့်တွင် ပြုတ်သွားခဲ့သည်။ နိုင်ငံအသင်းနည်းပြမှာ ဖိအားများအောက် ချက်ချင်းနှုတ်ထွက်ခဲ့သည်။ အကျပ်အတည်းကာလတွင် Wingဟု တစ်ချိန်က လူသိများခဲ့သော ကျန်းရှောင်ယွီသည် တရုတ်နိုင်ငံသို့ ပြန်လာပြီး နိုင်ငံအသင်းနည်းပြ ရာထူးကို အပ်နှင်းခံရသည်။ လက်ရွေးစင်အသင်းမှာ တစ်ဦးနှင့်တစ်ဦး လုံးဝမသင့်မြတ်သော ကစားသမားကောင်းများနှင့် ဆိုးသောကစားသမားများတို့ဖြင့် ရောနှောနေခဲ့သည်။ အထူးသဖြင့် တွေ့ဆုံသည့်အခိုက်အတန့်၌ စကားများရန်ဖြစ်သည့် အယ်လ်ဖာများအတွက် အထူးမှန်ကန်သည်။ လက်ထောက်မှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။ “ဒီဘုရင်တွေကို ဘယ်လိုမှ ထိန်းလို့မရဘူး” ကျန်းရှောင်ယွီ: “ရတယ်။ သူတို့လေ့ကျင့်ဖို့ကို ငါ့လက်ထဲသာအပ်လိုက်” ထို့ကြောင့် နည်းပြကျန်းသည် သူ၏ဆိုးရွားစွာပြောတတ်သည့်ပုံစံကို စတင်ခဲ့သည်။ “ဒါကလက်ရွေးစင်အသင်းမှာရှိတဲ့ ကစားသမားတစ်ယောက်ရဲ့အဆင့်အတန်းလား” “မင်းတို့နဲ့ကစားဖို့ ဇာတ်ညွှန်းတွေတောင် လိုသေးရဲ့လား။ ပေါ့ပေါ့ပါးပါးဆော့ရင်တောင် ငါမင်းတို့ကိုနိုင်နိုင်တယ်” “မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးနေတာလား။ တစ်ယောက်ပြီးတစ်ယောက် အလကားသေပေးနေကြတာလား” “မင်းတို့အခြားသူတွေကိုမနိုင်နိုင်ရင်လည်း ဂိမ်းကိုသာဖျက်လိုက်တော့” အခြားသူများအား လေ့ကျင့်ပေးသောအခါ ဘယ်သောအခါမှ ကျိန်ဆိုလေ့မရှိတတ်သော စကားပြောချိုသာသည့် နည်းပြကျန်းသည် သူတို့၏စိတ်အခြေအနေများ မပြိုလဲမချင်း တစ်သင်းလုံးကို ဆူပူခဲ့သည်။ ဤသည်မှာ သူတို့သည် နည်းပြကျန်းမှ သူ့ကိုယ်သူအိုမီဂါတားဆေးများ တိတ်တဆိတ်ထိုးသွင်းနေသည့်မြင်ကွင်းအား မြင်တွေ့ခဲ့သည့်တစ်နေ့မတိုင်ခင်အထိပင်ဖြစ်သည်။ အားလုံးမှာ တစ်စုတစ်စည်းထဲ မှင်တက်သွားခဲ့သည်။ “အဲ့ဒီကြမ်းတမ်းပြီး ရက်စက်တဲ့နည်းပြက တကယ့်ကို အိုမီဂါလား” “သူက အိုမီဂါဆိုရင်တောင် အသင်းလိုက် တိုက်ရင်တောင် အနိုင်ယူလို့ မရနိုင်တဲ့ သူဌေးမျိုးပဲ” ဂိမ်းနတ်ဘုရား: “အကူအညီ‌ တောင်းချင်လို့ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့ စာစီစာကုံး စာလုံးရေ 1000ကို ဘယ်လိုရေးရမလဲ” ကျော်ကြားသည့် တိုက်ရိုက်ထုတ်လွှင့်သူ: “ဒီနေ့ ကျွန်တော် တိုက်ရိုက်မလွှင့်ဘူး။ နံရံကိုပဲ မျက်နှာမူနေပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်မယ်” အပျော်တမ်းဘုရင်တစ်ပါး: “ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။ ငါ ဘာလို့ ဂိမ်းတွေကို ကစားနေရတာလဲ။ ငါ့ဘဝကို တကယ် သံသယဖြစ်မိတယ်” အယ်လ်ဖာလူငယ်: “အိုမီဂါဆီက မျက်ရည်ကျရလောက်အောင် အဆူခံရတဲ့အတွေ့အကြုံက ဘာလဲ။ ငါတို့ ပိုငိုလေလေ ပိုပြီးနေသားကျလေလေပဲ” အင်တာနက်သုံးစွဲသူများ: “???” ဘာလို့ ဒီနှစ်လက်ရွေးစင်အသင်းက အဆင်မပြေ ဖြစ်နေရတာလဲ။ +++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset