GMC အပိုင်း ၁၆

Chapter 16: လေ့ကျင့်ရေးပြိုင်ပွဲ

ပစ်ခတ်ခြင်း ကစားပွဲဖြစ်သည့် သေနတ်ဘုရင်တွင် အလွန်ကြွယ်ဝသော မြေပုံအမျိုးမျိုးရှိနေခဲ့သည်။ မြို့တော်များ၊ ကျွန်းများ၊ တောအုပ်များ ၊ တောင်တန်းများ…အရွယ်အစားအမျိိုးမျိုးနှင့် ပြိုင်ပွဲမြေပုံမျိုးစုံမှာ ပရော်ဖက်ရှင်နယ်လိဂ်အား ပို၍စိတ်လှုပ်ရှားအောင် ပြုလုပ်ပေးခဲ့သည်။

မြေပုံ၏တရားဝင်ခက်ခဲမှုအား ကြယ်သုံးပွင့်၊ လေးပွင့်နှင့် ငါးပွင့်အဖြစ်သို့ ခွဲခြားနိုင်သည်။

ကြယ်သုံးပွင့်မြေပုံမှာ အွန်လိုင်းဂိမ်း အရည်အချင်းစစ်စာမေးပွဲတွင် မကြာခဏပေါ်လာတတ်သည့် မြေပုံဖြစ်သည်။ သူတို့သည် ဦးတည်ချက်နှင့်လမ်းကြောင်းကို မှတ်မိရန် အကြိမ်တစ်ချို့လေ့ကျင့်ရမည်။ ၎င်းသည် စတင်မည့် အတွေ့အကြုံမရှိသေးသော ကစားသမားများအတွက် သင့်တော်နေခဲ့သည်။

ကြယ်လေးပွင့်မြေပုံများမှာ ပရော်ဖက်ရှင်နယ်လိဂ်တွင် များသောအားဖြင့် အသုံးပြုသည်။ ဥပမာအားဖြင့် သူတို့ကစားလိုက်သော Skyscraper မြေပုံမှာ ကြယ်လေးပွင့်မြေပုံဖြစ်သည်။ ၎င်းတွင် အခက်အခဲမြောက်များစွာနှင့် ကျွမ်းကျင်ကစားသမားများအတွက် လှည့်စား၍ စစ်ဆင်ရန် အဆင်ပြေအောင် ပြုလုပ်ထားသော လမ်းဆုံလမ်းခွများလည်း ရှိနေခဲ့သည်။ နည်းပြများမှာ မြေပုံအမျိုးမျိုးအရ မတူညီသောနည်းပညာများစွာကိုလည်း စီစဉ်နိုင်ခဲ့သည်။

ကြယ်ငါးပွင့်မြေပုံ၏အဓိက အသွင်အပြင်မှာ ရှုပ်ထွေးသော တိုက်ပွဲနယ်မြေနှင့် ပတ်ဝန်းကျင်နှောင့်ယှက်မှုတို့ဖြစ်သည်။ ပတ်ဝန်းကျင်နှောင့်ယှက်မှုများတို့တွင် မိုးသည်းထန်ခြင်း၊ မြူ၊ နှင်း၊ ဟာရီကိန်းများ၊ လှိုင်းလုံးများအစရှိသည်တို့ ပါဝင်သည်။ ၎င်းသည် ပရော်ဖက်ရှင်နယ်လိဂ်တွင် အသုံးပြုခြင်းခံရရန် ရှားပါးလှသည်။

Pirate Baseသည် ကွာခြားမှုတွင် အရှုပ်ထွေးဆုံး ကြယ်ငါးပွင့်မြေပုံများထဲမှ တစ်ခုဖြစ်သည်။

ပင်လယ်၏အလယ်ပိုင်းတွင်‌ ပေါလောပေါ်နေသည့် ပျက်စီးနေသော ပင်လယ်ဓားပြလှေတစ်ခုရှိနေစဉ် နှစ်ဖက်လုံးမှကစားသမားများမှာ သင်္ဘောဦးနှင့်ပဲ့ပိုင်းတွင် အသီးသီးနေရာယူထားခဲ့ကြသည်။ မိနစ်တိုင်းဖြစ်ပွားနေသော လှိုင်းလုံးကြီးများမှာ ကိုယ်ထည်အား ကြမ်းတမ်းစွာလှုပ်ခါလိမ့်မည်ဖြစ်ကာ လှည့်ပြောင်းခံရရန် ကစားသမားများမှ ပစ်လိုက်သော ကျည်ဆန်များအတွက် လွယ်ကူနေခဲ့သည်။ ကစားသမားများမှာ ပုန်းခိုရန် ရေထဲခုန်ဆင်းနိုင်ကာ သူတို့သည် ကုန်းပတ်ပေါ်တိုက်ရိုက်တိုက်ခိုက်နိုင်ပြီး သူတို့သည် ပျောက်ကျားတိုက်ပွဲကစားရန် သင်္ဘောခန်းများထဲတွင် ပုန်းနိုင်သည်။

ကျန်းရှောင်ယွီသည် ဤကဲ့သို့ရှုပ်ထွေးလှသော မြေပုံအား သူတို့၏စွမ်းရည်တိကျမှု၊ သူတို့၏အဖွဲ့လိုက်လုပ်‌နိုင်စွမ်းနှင့် ပြောင်းလဲမှုများအား လိုက်လျောညီထွေဖြစ်ရန် သူတို့၏စွမ်းရည်ကိုကြည့်ရန်အတွက် သူတို့၏လေ့ကျင့်ရေးပွဲအတွက် ရွေးချယ်ခဲ့သည်။

အရေးအကြီးဆုံးအရာမှာ သူတို့၏စိတ်ပိုင်းဆိုင်ရာ အရည်အသွေးဖြစ်သည်။

ကျန်းရှောင်ယွီ၏ မျက်လုံးများထဲမှ စိတ်လောနေမှုမှာ နာမည်ခေါ်ခံရသည့် လူဆယ်ယောက်အား နေရာအမြန်ရှာ၍ထိုင်‌စေခဲ့သည်။

လောင်လင်းသည် ကိုယ်ပိုင်တိုက်ပွဲအခန်းကို ဖန်တီးကာ အခြားသူများအား ဆွဲထည့်ခဲ့သည်။ ကျန်းရှောင်ယွီသည် ဒိုင်လူကြီးအမြင်မှ ပြိုင်ပွဲခန်းထဲဝင်လိုက်ကာ စာရိုက်လိုက်သည်: စတော့။

ကစားပွဲမြေပုံမှာ ပေါ်လာပြီး လူအုပ်ကြီးမှာ သူတို့၏အသက်ရှုသံကို စိတ်လှုပ်ရှားစွာ အောင့်ထားခဲ့ကြသည်။

အသင်းတစ်မှာ အားဖြည့်သူ ရှီရှောင်ဘင်း၊ ချေမှုန်းသူ ရှားလီ၊ သေနတ်ပစ်သမား လျိုရှောင်ကျိုး၊ ကင်းထောက် ယယ်ကျင်းမင်နှင့် ဆေးအကူ ကျန်းယွယ်တို့ဖြစ်သည်။

အသင်းနှစ်မှာ အားဖြည့်သူ လုကျင်းယွမ်၊ ချေမှုန်းသူ ကျိုးယီရန်၊ သေနတ်ပစ်သမား မိုဟန်တျန်းနှင့် ဆေးအကူ မင်ကျီတို့ဖြစ်သည်။

နည်းပြကျန်းသည် အသင်းများအား ခွဲဝေပေးခြင်းနည်းလမ်းမှာ ကျပန်းမဟုတ်ခဲ့ပေ။ အသင်းနှစ်သင်းလုံး၏ အားသာချက်မှာ အမှန်တကယ်ပင် အညီအမျှဖြစ်‌နေခဲ့သည်။

အသင်းတစ်တွင် အားအကောင်းဆုံးလူမှာ လျိုရှောင်ကျိုးဖြစ်သည်။ ရှေ့တန်းရှိ ရှီရှောင်ဘင်းနှင့် ရှားလီတို့မှာ ဘူသီးလေးများအဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြသည်။

အသင်းနှစ်တွင် အားအကောင်းဆုံးသူမှာ ချေမှုန်းသူ ကျိုးယီရန်ဖြစ်နေခဲ့သည်။ ရှောင်းလုနှင့် ရှောင်းတန်တို့မှာ ယခုလေးတင်အဆူခံခဲ့ရသော လူသစ်များဖြစ်နေခဲ့ကြသည်။ မိုဟန်တျန်းမှာမူ… သူ၏မျက်လုံးများနီရဲနေဆဲဖြစ်သည်။

ခြုံငုံကြည့်ပါက အသင်းတစ်သည် အကွယအဝေးတိုက်ပွဲတွင် အားသန်နေခဲ့ကာ အသင်းနှစ်မှာ အစုအဝေးတိုက်ပွဲတွင် အားသာနေခဲ့သည်။

တိုက်ပွဲတွင် အနိုင်ရခဲ့သော အသင်းမှာ အသင်းလိုက်လုပ်ဆောင်နိုင်စွမ်းတွင် မူတည်လိမ့်မည်။

ဤခက်ခဲသည့်မြေပုံမှာ ပရော်ဖက်ရှင်နယ်လိဂ်တွင် မသုံးရသေးသောကြောင့် သူတို့၎င်းအား လုံးဝမလေ့ကျင့်ရသေးပေ။ လူတိုင်းမှာ အတော်မရင်းနှီးသောမြေပုံပေါ် လေ့ကျင့်ရေးပွဲကစားရခြင်းနှင့်ပတ်သက်၍ စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ပေ။

ကစားပွဲသည် အသင်းတစ်မှာ သင်္ဘောနောက်ပိုင်းနှင့် အသင်းနှစ်မှာ သင်္ဘောဦးပိုင်းတွင် စုဝေးကာ စတင်ခဲ့သည်။

ယယ်ကျင်းမင်သည် ပင်လယ်ထဲသို့ တိုက်ရိုက်ဆင်းသွားကာ ကင်းထောက်ခြင်းအတွက် ပင်လယ်တစ်ပတ်ပတ်ရန် ကြိုးစားခဲ့သည်။ အသင်းနှစ်၏တန်ကိုင်းမှာ ထိုကဲ့သို့တွေးကာ ခုန်ချသွားခဲ့သည်။ လူနှစ်ယောက်မှာ တစ်ဖက်တည်းရှိ ပင်လယ်နေရာအား ရွေးချယ်ခဲ့သည်။

သူတို့နှစ်ယောက်လုံးမှာ တိုက်ရိုက်မျက်နှာချင်းဆိုင်တွေ့သောအခါ အချိန်တိုအတွင်း ရေထဲ၌သာ ရေကူးနေခဲ့ကြသည်။ သူတို့အချင်းချင်းတွေ့သောအခါ မျက်လုံးများပြူးသွားခဲ့ကြသည်။ ယယ်ကျင်းမင်သည် တန်ကိုင်းအား ဓားဖြင့်ထိုးရန်တုံ့ဆိုင်းမနေဘဲ တန်ကိုင်းမှာလည်း ခပ်နီးနီးတွင်ရှိနေသည်။ သူ၏လက်ထဲမှ ဓားမြှောင်မှာ ယယ်ကျင်းမင်ဆီသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။

သူသည်ခြေတစ်လှမ်းနောက်ကျနေခဲ့သည်မှာ နှမြောစရာပင်ဖြစ်သည်။

ပင်လယ်မှာ မကြာမီပင် သွေးများစွန်းလာခဲ့သည်။

[’Leaf Ye Zi’ သည် ‘TKTK’ အား the Rose Bladeဖြင့် ထိုးသတ်ခဲ့သည်။]

ဤအကြိမ်၌ ယယ်ကျင်မင်းသည် သူ၏ရန်သူအား သတ်ပြီးကာ အသင်းနှစ်၏ သေနတ်ပစ်သမား မိုဟန်တျန်း၏ တည်နေရာအတွင်းရှိနေခဲ့သည်။

သို့သော် ရှောင်းမိုသည် သူ့အသင်းသား သေဆုံးမှုတည်နေရာအား လုံးဝသတိမထားမိခဲ့ဘဲ သူ၏ရန်သူတည်နေရာအား လွတ်သွားခဲ့သည်။

ပစ်ဖို့ အကောင်းဆုံးအချိန်က လွတ်သွားတယ်လား။ ဒါကတကယ်လွတ်သွားတာလား။

ကျန်းရှောင်ယွီသည် မျက်မှောင်ကြုတ်လိုက်ကာ သူ၏ခေါင်းတွင် မေးခွန်းများစွာ‌ပြည့်နေခဲ့သည်။ သူသည်အေးစက်စက်အမူအရာနှင့် ဆက်ကြည့်နေခဲ့သည်။

အသင်းနှစ်၏ ကင်းထောက်မှာ အစပိုင်း၌ သေသွားကာ သူတို့သည် ဆိုးကျိုးဖြစ်သွားခဲ့သည်။ ကံကောင်းစွာနှင့် အားဖြည့်သူနှင့် ချေမှုန်းသူတို့၏အထွက်တည်နေရာမှာ အလွန်ကောင်းခဲ့သည်။ သူတို့သည် အခြားဖက်ကို ဖိနှိပ်ရန် မီးစွမ်းအားကို အသုံးပြုခဲ့ကာ ကုန်းပတ်ဆီသို့ တိုက်ရိုက်ပြေးသွားခဲ့သည်။

ဆန့်ကျင်ဘက်အနေနှင့် အသင်းတစ်၏အားဖြည့်သူ ရှီရှောင်ဘင်းသည် အလွန်တရာသတိထားမှုပြဿနာမှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူသည် အခွင့်အရေးကိုစောင့်ရန် သင်္ဘောခန်းထဲပုန်းနေခဲ့သည်။ သူသည်အထက်မှလာသော သေနတ်သံများနှင့် ခြေသံများအား ကြားကာ အခွင့်အရေးရသောအခါ တိုက်ခိုက်ချင်နေခဲ့သည်။ ကံဆိုးစွာနှင့် ဤအချီ၌သူ၏အသင်းဖော်မှာ ရှားလီဖြစ်နေခဲ့သည်။

အမျိုးသမီးအယ်လ်ဖာရှားလီမှာ အထိန်းအချုပ်မရှိသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ ကစားနေခဲ့သည်။ သူမသည် ရန်သူလာသည်ကို မြင်ခဲ့ကာ သူမ၏ချေမှုန်းရိုင်ဖယ်အား အပြတ်ရှင်းရန် တိုက်ရိိုက်မြှောက်လိုက်သည်။ ရလဒ်အနေနှင့် သူမသည်တစ်ဖက်မှကျည်ဆံများကြောင့် ‌အသေသတ်ခံလိုက်ရသည်။

ရှီရှောင်ဘင်းသည်လည်း အလျင်စလိုဖြစ်ကာ သေသွားခဲ့သည်။

[’Xiao Lu’ သည် Uzi MAC-Fanatic အား ‘Xia Xia’s Summer’ကိုသတ်ရန် အသုံးပြုခဲ့သည်။]

[’Xiao Lu’ သည် Uzi MAC-Fanatic အား ‘Refined and Courteous’ကိုသတ်ရန် အသုံးပြုခဲ့သည်။]

ကျန်းရှောင်ယွီ၏ မျက်နှာမှာ ပို၍ပင်ရှုံ့သွားခဲ့သည်။

အလွန်ကောင်းခဲ့သည်။ တစ်ခါသတ်ကာ အခြားတစ်ယောက်အား အလကားရခဲ့သည်။ ဤသည်မှာ ရန်သူအား နှစ်ခါဆက်တိုက်သတ်ခြင်းကို တိုက်ရိုက်ပေးလိုက်ခြင်းဖြစ်သည်။

လုကျင်းယွမ်၏ နှစ်ခါသတ်ခြင်းမှာ အဆင်ပြေသော်လည်း ကြွားဝါရန်အတွက် သူသည် ‘လူ့ခေါင်းများကို ဆုပ်ကိုင်ခြင်း’ဟူသည့် ထူးခြားသည့် အပြုအမူကို ပြသခဲ့ကာ အလွန်ဝေးကွာစွာ ရွေ့သွားခဲ့သည်။

သေချာသည်နှင့် အသင်းတစ်၏ လျိုရှောင်ကျိုးမှာ အခွင့်အရေးအား အမိအရဆုပ်ကိုင်ကာ ပစ်သတ်လိုက်သည်။

[’Chief Zong’ သည် FR-Nether အား ‘Xiao Lu’ကို ခေါင်းသို့ပစ်သတ်ရန် အသုံးပြုခဲ့သည်။]

သတ်ခြင်းသတိပေးချက်များ ဖန်သားပြင်ပေါ် ဆက်တိုက်ပေါ်လာခဲ့သည်။ တစ်ခဏချင်းတွင် အသင်းတစ်နှင့် အသင်းနှစ်တစ်သင်းချင်းစီတွင် လူလေးယောက်သေသွားခဲ့သည်။ အားအကောင်းဆုံးကစားသမားများဖြစ်သော လျိုရှောင်ကျိုးနှင့်ကျိုးယီရန်တို့သာလျှင် ထိပ်တိုက်ရင်ဆိုင်မည့်တိုက်ပွဲအတွက် ကျန်ခဲ့သူများသာဖြစ်သည်။

The Pirate Base မြေပုံမှာ ညဘက်မြေပုံဖြစ်ကာ မီးသိပ်မလင်းပေ။ ဤသည်မှာ သေနတ်ပစ်သမားများအတွက် ချိန်ဆရန်ခက်ခဲလှသည်။ လျိုရှောင်ကျိုးသည် သေနတ်ပစ်မှတ်မှ အမြန်ဆင်းချသွားကာ ကျိုးယီရန်နှင့် ပျောက်ကျားတိုက်ပွဲကို စတင်ခဲ့သည်။

သေနတ်သံမှာ ဆက်တိုက်ပင်။ လှိုင်းလူံကြီးတက်လာကာ ပင်လယ်ဓားပြသ‌င်္ဘောမှာ စတင်၍ကြမ်းတမ်းစွာ လှုပ်ခါနေ‌ချိန်တွင် ကျိုးယီရန်မှာ လျိုရှောင်ကျိုးအား မီတော့မလိုပင်ဖြစ်သည်။

ကျိုးယီရန်သည် အခွင့်အရေးကို ရယူခဲ့သည်။သူသည် လှိုင်းလုံးဦးတည်ချက်အတိုင်း ရွေ့လျားကာ တုံ့ဆိုင်းမနဘဲ ပစ်လိုက်သည်။

[’Xiao Xiao Zhou’ သည် the AK-47-Thousand Changes အား‘Chief Liu’ကိုသတ်ရန် အသုံးပြုခဲ့သည်။]

ကျန်းရှောင်ယွီသည် မျက်လုံးများ အနည်းငယ် မှေးထားလိုက်သည်။

အခြား‌သူများ၏ ဆိုးရွားသောပြသမှုမှာ ပြောစရာမလိုသော်လည် လျိုနှင့်ကျိုးတို့မှာ အဆင်ပြေနေခဲ့သည်။

သူသည်နောက်ထပ်တစ်ချီ ဆက်ကြည့်ခဲ့သည်။

ဒုတိယအချီတွင် မည်သည့်ကင်းထောက်မှ ရေထဲသို့ မဝင်ဘဲ ပျောက်ကျားတိုက်ပွဲမှာ သင်္ဘောပေါ်တွင် စတင်ခဲ့သည်။

ယယ်ကျင်းမင်သည် သင်္ဘောခန်းထဲ ခိုးဝင်ကာ အနောက်ပိုင်းသို့ အမြန်ရွေ့လျားခဲ့သည်။ သူသည်သူတို့အပေါ် တိုးတိုးတိတ်တိတ်ဝင်လိုက်ကာ အသင်းနှစ်၏ဆေးအကူကို သတ်ခဲ့သည်။

ဆေးအကူမှာ အစပိုင်း၌အသတ်ခံခဲ့ရကာ အသင်းနှစ်မှာ နောက်တစ်ကြိမ်ထပ်မံ ဆိုးကျိုးဖြစ်သွားခဲ့သည်။

ကံကောင်းစွာနှင့် ကျိုးယီရန်သည် အတော်တည်ငြိမ်သည့်လူဖြစ်ကာ သူနှင့်ယယ်ကျီမှာ အသင်းဖော်ဟောင်းများဖြစ်ကြသည်။ သူသည်ယယ်ကျီ၏လွန်ကဲသော ကင်းထောက်ခြင်းနည်းလမ်းကို သိနေခဲ့ပြီး ချုံခိုတိုက်ခိုက်မှုအတွက် သင်္ဘောခန်းကို စတင်အသုံးပြုခဲ့သည်။ သူသည် ယယ်ကျီဖြတ်လာသောအခါ တစ်ဖက်လူအား ရုတ်တရက်ပစ်လိုက်သည်။

သို့သော်သူသည် အသင်းတစ်၏ သေနတ်ပစ်သမား လျိုရှောင်ကျိုးအား မဖြေရှင်းနိုင်ခဲ့ပေ။ သူသည် သင်္ဘောခန်း၏ သီးခြားအဆောင်တွင်ရှိကာ တစ်ယောက်ပြီးတစ်ယောက်သတ်ရင်း အသင်းနှစ်၏ကစားသမားအားလုံးကို အမြန်သတ်လိုက်သည်။ ကျိုးယီရန်တစ်ယောက်တည်း ကိစ္စများပြောင်းပြန်မလှန်နိုင်ဘဲ နောင်တများနှင့် ရှုံးနိမ့်သွားခဲ့ရသည်။

နှစ်ဖက်လုံးမှာ တစ်ပွဲစီသရေကျနေခဲ့သည်။

တတိယအချီမှာ အရေးကြီးလှသည့် အနိုင်ရရှိသူဆုံးဖြတ်ခြင်းဖြစ်သည်။

နှစ်ဖက်လုံးမှ ကစားသမားများမှာ အချိန်တစ်ခုအထိ အနည်းငယ်တုန်လှုပ်နေသေးသည်။ တကယ်တမ်းတွင် နည်းပြအသစ်ရောက်လာပြီးနောက် လက်ရွေးစင်အသင်း၏ ပထမမြောက် လေ့ကျင့်ရေးတိုက်ပွဲပင်ဖြစ်သည်။ ၎င်းသည် သူတို့အပေါ် နည်းပြအသစ်၏အမြင် သက်ရောက်မှုရှိလိမ့်မည်။

ဘူးသီးလေးများအဖွဲ့ဝင်များမှာ နည်းပြကျန်း၏ရင်ထဲ၌ အလွန်ဆိုးရွားသည့်အမြင် ရှိနှင့်နေပြီးသော်လည်း လူတိုင်းမှာ အနည်းငယ်အား ပြန်လည်တည်ဆောက်ချင်သေးသည်။

ရှီရှောင်ဘင်းသည် သူ၏သတ္တိများစုကာ ရှားလီနှင့် အရှေ့သို့တက်သွားသည်။

မိုဟန်တျန်းသည် နောက်ဆုံးတွင် အိပ်နေရင်းလမ်းလျှောက်နေရာမှ နိုးထလာခဲ့သည်။ သူသည် သေနတ်ပစ်မှတ်အား အမြန်ရှာတွေ့ပြီး ပြေးသွားသော ရှီရှောင်ဘင်းကို ပစ်လိုက်သည်။

ရှီရှောင်ဘင်း: “………”

ရှေ့တိုး၍သေသွားခြင်းထက် ‘ကျုံ့’သွားခြင်းမှာ ပိုကောင်းနေခဲ့သည်။

ရှားလီသည် ဤပွဲတွင် အထူးတလည်ကစားခဲ့သည်။ သူမ၏အး အခြေအနေအတက်အကျမှာ အထွတ်အထိပ်သို့ ထိုးတက်သွားပုံရသည်။ သူမသည် သေနတ်နှစ်လက်ဖြင့် ပစ်ကာ ရန်သူအခြမ်းမှ ရှေ့တန်းအား အသေပစ်လိုက်သည်။

အသင်းတစ်၏သေနတ်သမား လျိုရှောင်ကျိုးသည် ရွက်လှေပေါ်တက်ကာ သူ၏သေနတ်ကိုဆင်ပြီး လူသုံးယောက်အား ဆက်တိုက်ပစ်သတ်ခဲ့သည်။

ရှောင်ကျိုး၏အသင်းဖော်များအားလုံး သေသွားခဲ့ကာ သူ့အား သူ၏အသင်းဖော်ဟောင်း ယယ်ကျင်းမင်မှ ဓားနှင့်ထိုးသတ်ခဲ့သည်။

ပွဲစဉ်ပြီးဆုံးသွားကာ အသင်းတစ်အနိုင်ရခဲ့သည်။

အသင်းတစ်၏ကစားသမားများ အထူးသဖြင့် ရှီရှောင်ဘင်းနှင့် ရှောင်လင်းတို့မှာ ပျော်ရွှင်မှုသိပ်မပြပေ။ သူတို့သည်နိုင်ခဲ့သော်လည်း အစ်ကိုလျိုနှင့် ယယ်ကျီတို့ကြောင့် နိုင်ခဲ့သည်ကို သူတို့သိခဲ့သည်။ သူတို့သည် ဤထဲတွင် မည်သည့်ကဏ္ဍကိုမှ မကစားခဲ့ပေ။

အသင်းနှစ်၏ကစားသမားများမှာ ပို၍စိတ်ရှုပ်သွားခဲ့သည်။ ယခုထိပြုံးနေကာ အလွန်တည်ငြိမ်နေခဲ့သည့် ကျိုးယီရန်မှလွဲ၍ အခြားသူများ၏ခေါင်းများမှာ သူတို့၏ရင်ဘတ်ကိုထိတော့မလိုပင် အလွန်ငုံ့ထားခဲ့သည်။

လောင်လင်းသည် ကျန်းရှောင်ယွီ၏မျက်နှာအား တိတ်တဆိတ်စိုက်ကြည့်လိုက်သည်။

ကျန်းရှောင်ယွီ၏မျက်နှာမှာ တစ်ချိန်လုံးမှောင်မိုက်နေကာ သူ၏ကျုံ့ထားသည့်မျက်ခုံးမှာ တစ်ခဏမျှပင် သက်တောင့်သက်သာမဖြစ်သွားပေ။ နည်းပြကျန်းသည် ဤလေ့ကျင့်ရေးပွဲအား အလွန်စိတ်ကျေနပ်မှုမရှိခဲ့ပေ။ သွားပါပြီ…

သူသည် သူတို့အား ‌ထပ်မံ၍ဆူတော့မည်။

လောင်လင်းထိုသို့တွေးနေစဉ် ကျန်းရှောင်ယွီသည် သူ၏ပါးစပ်ပွင့်လာခဲ့သည်။ သူ၏မျက်လုံးများမှာ ရှိနေသောသူများအား ဝေ့ကြည့်လိုက်ကာ အေးစက်စက်ပြောခဲ့သည်။ “မင်းတို့ အချင်းချင်းကိုက်‌ကြတဲ့ ငညံ့တွေရဲ့ ရှိုးပွဲတစ်ခုကို တင်ဆက်နေတာလား”

အားလုံး: “……”

အချင်းချင်းကိုက်နေကြတဲ့ ငညံ့တွေတဲ့လား။

နည်းပြကျန်းပြောသင့်သည်။ သူ၏ဆူလိုက်ခြင်းမှာ ခေါင်းတွင်သံမှိုစွဲသွားခဲ့သည်။

ကျန်းရှောင်ယွီသည် မျက်မှောင်ကြုတ်ကာ မတ်တပ်ရပ်လိုက်သည်။ “ငါဒါကိုပြန်ကြည့်ဖို့ စိတ်မဝင်စားဘူး။ ဒီရှုပ်ထွေးတဲ့ပြိုင်ပွဲကဘာလဲ။ ငါသာချက်ချင်းမကြည့်ခဲ့ရင် ဒါကလက်ရွေးစင်အသင်းရဲ့အဆင့်ဆိုတာကို တကယ်မယုံနိုင်ဘူး”

လူတစ်စုမှာ တစ်စုတစ်စည်းတည်း ခေါင်းငုံ့နေခဲ့ကြသည်။ ပို၍စွမ်းဆောင်နိုင်သော လျိုရှောင်ကျိုး၊ ရှောင်းကျိုးနှင့် ယယ်ကျီတို့ပင်လျှင် ရှက်သွားခဲ့သည်။ တကယ်တမ်း သူတို့သည် ဤလေ့ကျင့်ရပွဲမှာ အမှန်တကယ်ပင် ကမောက်ကမဖြစ်နေသည်ကို သိနေခဲ့သည်။

သူတို့သည် အလျင်လိုလွန်းကာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခြင်းမရှိခဲ့ပေ။ မြေပုံကိုလည်း မရင်းနှီးပေ။ သူတို့သည် သူတို့စွမ်းရည်အားကျော်လွန်ကာ တစ်ခုခုလုပ်ရန် တွန်းပို့ခံရခြင်းနှင့်တူကာ ဆယ်ကျော်သက်များ၏စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားခဲ့သည်။ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သူတို့မှာအမှန်တကယ်ပင် ‘အချင်းချင်းကိုက်နေကြသော ငညံ့များ’နှင့်တူသည်။

ကျန်းရှောင်ယွီသည် ထောင့်တစ်နေရာတွင် သူ့ကိုယ်သူ တွင်းတူးကာ မြုပ်ပစ်ချင်သော ရှောင်းမိုအား အေးစက်စက်မေးလိုက်သည်။ “မိုဟန်တျန်း၊ မင်းဘာတွေလုပ်နေတာလဲ။ ယယ်ကျီက ရှောင်းတန်ကိုသတ်လိုက်တဲ့ ပထမအချီတုန်းက သူ့နေရာက မင်းရဲ့အကွာအဝေးအတွင်းမှာ ရှိပေမယ့် မင်းမပစ်ခဲ့ဘူး။ မင်းဂိမ်းကစားနေတာလား ဒါမှမဟုတ် အိပ်နေရင်းလမ်းလျှောက်နေတာလား။ မင်းရဲ့အသင်းဖော်သေတဲ့အခါ လက်စားချေဖို့တောင် မကူညီပေးနိုင်ဘူးလား”

“‌ နောက်ပြီးတော့ မင်းရှိတယ် ရှီရှောင်ဘင်း။ မင်းကဂိမ်းကစားတဲ့အခါ အရမ်းကြောက်တတ်တယ်။ ကျည်ဆံကမင်းဂိမ်းကာရိုက်တာကိုထိတာ မင်းကိုထိတာမဟုတ်ဘူး။ မင်းဘာကိုကြောက်နေရတာလဲ။ ဘယ်လို e-sports ကစားသမားအမျိုးအစားက သေဖို့အရမ်းကြောက်ရတာလဲ”

“ ရှားလီ၊ နင့်အသင်းဖော်တွေရဲ့ တည်နေရာကိုမကြည့်ဘဲနဲ့ ဦးနှောက်မရှိရှေ့အရမ်းတိုးမနေနဲ့ ”

“ တန်ကိုင်း မင်းပင်လယ်ထဲမှာ ရန်သူကင်းထောက်နဲ့ကြုံတော့ ကြောင်နေခဲ့တာလား။ မင်းကြောင်သွားတဲ့ စက္ကန့်ပိုင်းကပဲ မင်းကိုဆယ်ခါသတ်လိုက်နိုင်တယ် ”

“ ရှောင်းလူ မင်းကစားတဲ့ပုံက အရမ်းကြမ်းလွန်းပြီး အသေးစိတ်တွေကလည်း ရှုပ်ယှက်ခတ်နေတာပဲ ”

“ ဆေးအကူတွေ မင်းတို့အသင်းဖော်ကိုတောင် မကယ်နိုင်ဘဲ အရင်ဆုံးသေသွားကြတာလား။ မင်းတို့ရဲ့ရှေးဦးသူနာပြုစုတာကို အပျော်တန်းပြဖို့ သုံးနေတာလား ”

“ ပူးပေါင်းဆောင်ရွက်မှုက ပြန့်ကျဲနေတဲ့သဲတွေလိုပဲ။ အားလုံးက ငါ့ကိုမျက်လုံးပြူးစေတယ် ”

အားလုံး: “……”

လေ့ကျင့်ရေးခန်းမှာ တိတ်ဆိတ်နေခဲ့သည်။ လူသစ်များမှာ ကြောက်ရွံ့သွားကာ သူတို့၏ဦးနှောက်များမှာ အဆူခံရခြင်းကြောင့် ထုံသွားခဲ့သည်။

ရှက်တတ်သူများမှာ မျက်ရည်ကျနေစဉ် စိတ်ဓာတ်ခိုင်မာသူများမှာ သူတို့၏ခေါင်းများငုံ့ထားကာ မိမိကိုယ်ကိုသုံးသပ်ခြင်းစာမနား မည်သို့ရေးရမည်ကို စဉ်းစားနေခဲ့သည်။

“ ငါ့စကားလုံးတွေက နားထောင်ရတာကြမ်းပေမယ့် ငါကအမှန်ကိုပြောနေတာပဲ။ ငါလေ့ကျင့်ပေးတဲ့လက်ရွေးစင်အသင်းကို သိုးအုပ်လိုမျိုးနဲ့ ပြန်တိုက်ဖို့တောင်အင်အားမရှိတဲ့အထိဆို နိုင်ငံခြားကိုမသွားစေချင်ဘူး ”

ကျန်းရှောင်ယွီသည် မျက်ခုံးပင့်လိုက်သည်။ “မင်းတို့ကိုအတန်းဆင်းပေးလိုက်ပြီ။ ငါမင်းတို့ကိုယ်ပိုင်စွမ်းရည်ကိုမမြင်ရသလို အဖွဲ့စွမ်းဆောင်မှုကလည်း ကျပန်းအုပ်စုတစ်ခုလိုပဲ။ ပြန်ပြီး ကိုယ့်ကိုယ်ကိုသုံးသပ်စာရေးကြ။ ဘာဖြစ်ဖြစ် မင်းတို့အိပ်နိုင်မှာမဟုတ်လို့ ရေးဖို့နောက်ကျတဲ့အထိနေကြ။ မနက်ဖြန်နေ့လယ် ထပ်ဖို့ တစ်ယောက်ပြီးတစ်ယောက် ငါ့ရုံးခန်းထဲလာခဲ့”

လူတစ်စုမှာ သူတို့၏ကွန်ပျူတာများအား စိတ်ပျက်နေသည့်အမူအရာနှင့်ပိတ်လိုက်ကာ လေ့ကျင့်ရေးခန်းမှတိတ်တဆိတ်ထွက်သွားရန် တန်းစီနေခဲ့သည်။

ညဆယ်နာရီခွဲသာရှိသေးသည်။ လောင်လင်းသည် ကျန်းရှောင်ယွီအားကြည့်ကာ စကားပြောချင်ခဲ့သော်လည်း ချီတုံချတုံသာဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် သက်ပြင်းခိုးချကာ အသင်းနှင့်အတူ လှည့်ထွက်သွားခဲ့သည်။

ဤသည်မှာ လက်ရွေးစင်အသင်းအတွက် လေ့ကျင့်ရေး အစောဆုံးပြီးချိန်ဖြစ်သည်။

ယခင်က သူတို့ကိုယ်သူတို့ မဆော့ခင် ညနေရှစ်နာရီမှ ဆယ့်တစ်နာရီခွဲအထိ လေ့ကျင့်ဖူးခဲ့ကြသည်။ မနက်ပိုင်း နှစ်နာရီသုံးနာရီအထိ ကစားရသည်မှာ ပုံမှန်ပင်။

ယနေ့ ဆယ်နာရီခွဲတွင်ပြီး‌သွား‌သည့်အတွက် မည်သူမျှ မပျော်ခဲ့ပေ။

သူတို့အဆောင်သို့ပြန်သွားကြသောအခါ ကစားကွင်းကွင်းပြင်ကို ဖြတ်သွားကြသည်။ လူတိုင်းသည်စိတ်ပျက်လက်ပျက် ခေါင်းငုံ့နေခဲ့ကာ တိတယတ်တဆိတ်အတန်းလိုက် ရွေ့သွားကြသည်။ သူတို့သည် အကျဉ်းချခံထားရသည့်အကျဉ်းသားများနှင့်တူကာ သူတို့၏မျက်လုံးများထဲ တောက်ပမှုမရှိခဲ့ပေ။

ယယ်ကျီသည် ရယ်လိုက်သည်။ “ ကလေးတွေ ကိုယ့်ကိုယ်ကိုပြန်လည်သုံးသပ်တဲ့ စာလုံးရေ၁၀၀၀ ဘယ်လိုရေးရလဲမင်းတို့သိကြလား ”

ဆယ်ကျော်သက်များ ဤသည်ကိုကြားသောအခါ သူ့အားချက်ချင်းကြည့်လိုက်ကြသည်။

ယယ်ကျင်းမင်သည် လက်ခုပ်တီးကာ ပြုံးလိုက်သည်။ “ငါဒီပြဿနာနဲ့ပတ်သက်ပြီး အတွေ့ကအကြုံရှိတယ်။ ငါ ACE မှာရှိတဲ့အချိန်တုန်းက ငါပဲသုံးသပ်တဲ့စာတွေ အများဆုံး ရေးခဲ့တာလေ”

အားလုံး: “……”

သူ၏အသံကိုနားထောင်ကြည့်တာ သူ့ဘာလို့အခုထိ နည်းနည်းဂုဏ်ယူနေရသေးတာလဲ။

“ ငါမင်းတို့ကို လှည့်ကွက်သင်ပေးမယ်။ မင်းတို့စာပိုဒ်သုံးပိုဒ်ခွဲလို့ရတယ်။ ပထမစာပိုဒ်မှာ ရိုရိုသေသေတောင်းပန်ပြီး မင်းတို့ရဲ့အပြစ်တွေကို ပြန်အမှတ်ရကြည့်။ ဒုတိယစာပိုဒ်မှာ မင်းတို့မှားသွားတဲ့နေရာကို သေချာရှင်းပြပြီး အတိတ်ကိုပြန်တွေးရင်း ဘယ်လောက်တောင်ရင်နာရလဲပြောမယ်။ စာလုံးရေမပြည့်ရင်‌ မင်းတို့လူငယ်လေ့ကျင့်ရေးစခန်းကတည်းက အချိန်တွေ ပြန်တွေးကြည့်။ နောက်ပြီး တတိယစာပိုဒ်မှာ မင်းတို့ရဲ့အနာဂတ်အစီအစဉ်တွေ‌ပြောပြီး ပြောင်းလဲမယ်ဆိုတဲ့စိတ်နဲ့ လူသစ်တစ်ယောက်ဖြစ်လာမယ်ဆိုတာကို ပြောပြရမယ် ”

အားလုံး: “……”

အလွန်ခက်လှသည်။

သူတို့သည် စာလုံးရေ၈၀၀ စာစီစာကုံးကိုပင် မရေးနိုင်ပေ။

မိမိကိုယ်ကို သုံးသပ်ခြင်း စာလုံးရေ၁၀၀၀လား။ တွေးကြည့်ရုံနှင့်ပင် အိပ်မက်ဆိုးဖြစ်နေခဲ့သည်။

ရှီရှောင်ဘင်းသည် အသံတိုးတိုးနှင့် ရိုသေစွာမေးလိုက်သည်။ “ အစ်ကိုယယ် အဲ့ဒါက လက်ရနဲ့လား စာရိုက်ပြီးတော့လား ”

ယယ်ကျင်းမင်သည် မညှာမတာပြောလိုက်သည်။ “ လက်ရေးနဲ့ပဲ။ ဒါမှစိတ်ရင်းအမှန်ပေါ်မှာ နားလည်လား “

ဆယ်ကျော်သက်များ: “……”

လက်နဲ့စာလုံးရေ ၁၀၀၀တဲ့လား။ စိတ်ပျက် x2.

ကျိုးယီရန်သည် ဤအုပ်စုမှလူများ၏ ဝမ်းနည်းကာ ဖျော့တော့နေသောမျက်နှာများကိုမြင်ကာ ရယ်လိုက်သည်။ ထို့နောက်သူသည် အသံတိုးတိုး နှစ်သိမ့်ပေးလိုက်သည်။ “ တကယ်တော့ အစ်ကိုယွီက မကောင်းတဲ့စိတ်မျိုးမရှိပါဘူး။ သူကလက်ရွေးစင်အသင်းတိုးတက်ဖို့နဲ့ ပိုကောင်းတဲ့ရလဒ်တွေရဖို့ပဲ မျှော်လင့်တာပါ။ စိတ်မဆိုးနဲ့။ သူကအမြဲအဲ့လို စိတ်တိုတတ်တယ်။ နောက်ကျအမှားလုပ်ရင် သူကဒီသုံးသပ်တဲ့စာကိုဆက်ရေးခိုင်းနေမှာပဲ”

သူတို့ နောက်ပိုင်းကျ ရေးရဦးမည်လား။

စိတ်ပျက် x3.

လောင်လင်းမှာ သဘောတူခဲ့သည် “ ဟုတ်တယ်။ သူကစကားပြောကြမ်းပေမယ့် စိတ်သဘောထားနူးညံ့တယ်။ ဒီနေ့မင်းတို့ကို နည်းနည်းကြမ်းကြမ်းဆူလိုက်ပေမယ့် စိတ်ထဲမထားနဲ့။ မင်းတို့ကနဂိုကတည်းက အမှားလုပ်တဲ့ သူတွေပဲလေ။ သူကမင်းတို့ကို နည်းပြဖြစ်လာပြီးနောက်ပိုင်း အာဏာနည်းနည်းပြချင်လို့ ဆူခဲ့တာ။ ပိုပြီးအားကောင်းတာတွေလာဖို့ရှိသေးတယ်။ ”

ဘာ။ ပိုအားကောင်းတဲ့စကားတွေ နောက်ထပ်လာဦးမှာတဲ့လား။

စိတ်ပျက် x4.

ACEအဖွဲ့ရဲ့ ဝါရင့်ကစားသမားတွေရယ် ကျွန်တော်တို့ကိုနှစ်သိမ့်ဖို့ ပါးစပ်မဟတာမှ ပိုကောင်းဦးမယ်။

လေ့ကျင့်ရေးခန်းထဲတွင် အသင်းသားများ လမ်းလျှောက်ထွက်သွားသည်နှင့် ကျန်းရှောင်ယွီ၏ တင်းမာသည့်မျက်နှာအမူအရာမှာ ဖြေလျော့သွားခဲ့သည်။

ဒုဥက္ကဌကျွီသည် ပြုံးကာစလိုက်သည်။ “အားယွီ၊ အကြီးအကဲအသစ်တွေက သူတို့စကိုင်တိုင်း မီးသုံးမျိုးထားတယ်တဲ့။ မင်းကပထမဆုံးနေ့မှာတင် လက်ရွေးစင်အသင်းရဲ့ကစားသမားတွေကို တိုက်ရိုက်မီးရှို့ပစ်လိုက်တာပဲ”

ကျန်းရှောင်ယွီသည် သူ့အားတည်ငြိမ်စွာပြောလိုက်သည်။ “နောက်ထပ်ကမ္ဘာ့စီးရီးအခြေအနေက ငါ့ထက်တောင်ပိုဆိုးနေသေးတယ်။ မြောက်အမေရိက၊ ဥရောပနဲ့ တောင်ကိုရီးယား အားလုံးက အားကောင်းတယ်။ ငါသိုးငယ်လေးတစ်အုပ်ကို ‌မြေခွေးတွေ၊ကျားတွေနဲ့ ကျားသစ်တွကို တိုက်ဖို့ ခေါ်သွားလို့မရဘူးမလား”

သူသည် အားကစားကွင်းပြင်ပေါ်တွင် စိတ်ပျက်လက်ပျက်အတန်းလိုက် လျှောက်နေခဲ့သော ကစားသမားများအား ပြတင်းပေါက်အပြင်ဘက်မှကြည့်လိုက်သည်။ “စိတ်ပျက်မှုကိုခံစားရနဲ့သူတွေသာလျှင် အနိုင်ခံရပြီးနောက် ချက်ချင်းပြန်ထပြီး နောက်တစ်ခေါက်ကမ္ဘာမှာ ကစားဖို့ပြန်ထနိုင်မယ် — သူတို့သာလျှင် ကမ္ဘာ့စီးရီးရဲ့ ကွင်းပြင်ပေါ်မှာ မတ်တပ်ရပ်နိုင်ဖို့ အရည်အချင်းပြည့်မီတဲ့သူတွေပဲ”

“ ပထမအဆင့် စစ်ဆင်ရေး၊ သန်မာတဲ့စိတ်ဓာတ်၊ တိုက်ခိုက်ရဲတဲ့သတ္တိနဲ့ ရှင်းလင်းတဲ့တွေးခေါ်မှု။ သူတို့တွေက အားသန်တဲ့ရန်သူဖြစ်ဖြစ် ရှုံးနိမ့်မှုကိုဖြစ်ဖြစ် မကြောက်ကြဘူး “

“ ဒါကငါဘယ်လို လက်ရွေးစင်အသင်းရဲ့ အဖွဲ့ဝင်တွေကို ရွေးချယ်မလဲဆိုတာပဲ ”

ဒုဥက္ကဌကျွီနှင့် ယွီမင်ကျန်းတို့ အလွန်တရာစိတ်လှုပ်ရှားစွာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

အားယွီပြောသည်မှာ မှန်သည်။ သူပြန်လာခဲ့သည်မှာ ကံကောင်းနေခဲ့သည်။ သူသည်နည်းပြဖြစ်ခဲ့ပါက လက်ရွေးစင်အသင်းအား လုံးဝပြောင်းလဲနိုင်စွမ်းရှိသည်။

သူတို့သည် နတ်ဘုရား Wing မှ ဦးဆောင်သော ဆဌမမြောက် လက်ရွေးစင်အသင်းအား အမှန်တကယ် မျှော်လင့်နေခဲ့သည်။ ၎င်းမှာလူတိုင်းအား အံ့အားသင့်သွားစေမည်မှာ သေချာသည်။

GMC
Author: GMC
Private: ရွှေအဆင့်နည်းပြ

Private: ရွှေအဆင့်နည်းပြ

GMC, Our Omega Coach is Gold-Class, 金牌教练(电竞)
Score 9
Status: Ongoing Type: Author: , Artist: , Released: 2022 Native Language: Chinese
အညွှန်း တရုတ်ပြည်နယ်တွင် သေနတ်ဘုရင်အတွက် ပရိုလိဂ်‌တွင် ပါဝင်ခဲ့သော Wing ဟုအမည်ရသည့် ဂန္တဝင်ကစားသမားတစ်ဦး ရှိခဲ့သည်။ သူသည် သေစေလောက်သော တိကျသေချာမှုနှင့် ယုံကြည်ချက်အပြည့်ဖြင့် သူ၏ရိုက်ချက်များဆီသို့ ကျရောက်ခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် အသေးစားလိဂ်ရှိ အဆင့်နိမ့်အသင်းတစ်သင်းမှာ မေဂျာလိဂ်သို့ တက်ရောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် နှစ်စဉ်ချန်ပီယံဆုအား ဆွတ်ခူးခဲ့ပြီး သမိုင်းတစ်လျှောက် အသန်မာဆုံးမြင်းနက်တစ်ကောင် ဖြစ်လာခဲ့သည်။ သို့သော် Wingမှာ ချန်ပီယံဆုအားရယူပြီးနောက် အနားယူလိုက်ကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။ အင်တာနက် သုံးစွဲသူများစွာမှာ သူ၏အနားယူခြင်းအတွက် အကြောင်းပြချက်များအပေါ် ထင်ကြေးပေးခဲ့ကြသည်။ သူသည် “ဖယ်ရိုမုန်းရောဂါ”အား ခံစားနေရသော အိုမီဂါတစ်ဦးဖြစ်နေသည်ကို မည်သူမျှမသိခဲ့ပေ။ ငါးနှစ်ကြာပြီးနောက် တရုတ်လက်ရွေးစင်အသင်းသည် သေနတ်ဘုရင်ကမ္ဘာ့ချန်ပီယံရှစ် ပထမအဆင့်တွင် ပြုတ်သွားခဲ့သည်။ နိုင်ငံအသင်းနည်းပြမှာ ဖိအားများအောက် ချက်ချင်းနှုတ်ထွက်ခဲ့သည်။ အကျပ်အတည်းကာလတွင် Wingဟု တစ်ချိန်က လူသိများခဲ့သော ကျန်းရှောင်ယွီသည် တရုတ်နိုင်ငံသို့ ပြန်လာပြီး နိုင်ငံအသင်းနည်းပြ ရာထူးကို အပ်နှင်းခံရသည်။ လက်ရွေးစင်အသင်းမှာ တစ်ဦးနှင့်တစ်ဦး လုံးဝမသင့်မြတ်သော ကစားသမားကောင်းများနှင့် ဆိုးသောကစားသမားများတို့ဖြင့် ရောနှောနေခဲ့သည်။ အထူးသဖြင့် တွေ့ဆုံသည့်အခိုက်အတန့်၌ စကားများရန်ဖြစ်သည့် အယ်လ်ဖာများအတွက် အထူးမှန်ကန်သည်။ လက်ထောက်မှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။ “ဒီဘုရင်တွေကို ဘယ်လိုမှ ထိန်းလို့မရဘူး” ကျန်းရှောင်ယွီ: “ရတယ်။ သူတို့လေ့ကျင့်ဖို့ကို ငါ့လက်ထဲသာအပ်လိုက်” ထို့ကြောင့် နည်းပြကျန်းသည် သူ၏ဆိုးရွားစွာပြောတတ်သည့်ပုံစံကို စတင်ခဲ့သည်။ “ဒါကလက်ရွေးစင်အသင်းမှာရှိတဲ့ ကစားသမားတစ်ယောက်ရဲ့အဆင့်အတန်းလား” “မင်းတို့နဲ့ကစားဖို့ ဇာတ်ညွှန်းတွေတောင် လိုသေးရဲ့လား။ ပေါ့ပေါ့ပါးပါးဆော့ရင်တောင် ငါမင်းတို့ကိုနိုင်နိုင်တယ်” “မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးနေတာလား။ တစ်ယောက်ပြီးတစ်ယောက် အလကားသေပေးနေကြတာလား” “မင်းတို့အခြားသူတွေကိုမနိုင်နိုင်ရင်လည်း ဂိမ်းကိုသာဖျက်လိုက်တော့” အခြားသူများအား လေ့ကျင့်ပေးသောအခါ ဘယ်သောအခါမှ ကျိန်ဆိုလေ့မရှိတတ်သော စကားပြောချိုသာသည့် နည်းပြကျန်းသည် သူတို့၏စိတ်အခြေအနေများ မပြိုလဲမချင်း တစ်သင်းလုံးကို ဆူပူခဲ့သည်။ ဤသည်မှာ သူတို့သည် နည်းပြကျန်းမှ သူ့ကိုယ်သူအိုမီဂါတားဆေးများ တိတ်တဆိတ်ထိုးသွင်းနေသည့်မြင်ကွင်းအား မြင်တွေ့ခဲ့သည့်တစ်နေ့မတိုင်ခင်အထိပင်ဖြစ်သည်။ အားလုံးမှာ တစ်စုတစ်စည်းထဲ မှင်တက်သွားခဲ့သည်။ “အဲ့ဒီကြမ်းတမ်းပြီး ရက်စက်တဲ့နည်းပြက တကယ့်ကို အိုမီဂါလား” “သူက အိုမီဂါဆိုရင်တောင် အသင်းလိုက် တိုက်ရင်တောင် အနိုင်ယူလို့ မရနိုင်တဲ့ သူဌေးမျိုးပဲ” ဂိမ်းနတ်ဘုရား: “အကူအညီ‌ တောင်းချင်လို့ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့ စာစီစာကုံး စာလုံးရေ 1000ကို ဘယ်လိုရေးရမလဲ” ကျော်ကြားသည့် တိုက်ရိုက်ထုတ်လွှင့်သူ: “ဒီနေ့ ကျွန်တော် တိုက်ရိုက်မလွှင့်ဘူး။ နံရံကိုပဲ မျက်နှာမူနေပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်မယ်” အပျော်တမ်းဘုရင်တစ်ပါး: “ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။ ငါ ဘာလို့ ဂိမ်းတွေကို ကစားနေရတာလဲ။ ငါ့ဘဝကို တကယ် သံသယဖြစ်မိတယ်” အယ်လ်ဖာလူငယ်: “အိုမီဂါဆီက မျက်ရည်ကျရလောက်အောင် အဆူခံရတဲ့အတွေ့အကြုံက ဘာလဲ။ ငါတို့ ပိုငိုလေလေ ပိုပြီးနေသားကျလေလေပဲ” အင်တာနက်သုံးစွဲသူများ: “???” ဘာလို့ ဒီနှစ်လက်ရွေးစင်အသင်းက အဆင်မပြေ ဖြစ်နေရတာလဲ။ +++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset