Chapter 15: ရာထူးတစ်ခုရလာသည့်အပေါ် ရဲတင်းသည့်ပြောင်းလဲမှုများ ပြုလုပ်ခြင်း
ကမ္ဘာ့စီးရီးတွင် တရုတ်အသင်းမှာ အုပ်စုအဖွဲ့၏ ပထမပွဲတွင် အမေရိကန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည်။
အမေရိကန်တွင်သေနတ်ဘုရင် ပရော်ဖက်ရှင်နယ်လိဂ်၏အဆင့်မှာ အလွန်မြင့်မားကာ အားကောင်းသည့်အသင်းများစွာ ရှိနေခဲ့သည်။ အသင်းများ၏ကြယ်ပွင့်များ လက်ရွေးစင်အသင်းအတွက် စုဝေးနေချိန် သူတို့သည် ကမ္ဘာ့စီးရီးအားအနိုင်ယူရန် အနှစ်သက်ဆုံးများ ဖြစ်လာခဲ့သည်။
အမေရိကန်အသင်းအား အနိုင်ယူနိုင်သည့် အခွင့်အရေးများများစားစား မရှိသောကြောင့် နည်းပြကျန်းသည် လူသစ်မိုဟန်တျန်းအား ကစားခွင့်ပေးခဲ့သည်။ သူသည် လူသစ်အား ပြီးပြည့်စုံချင်ခဲ့သည်မှာ ထင်ရှားကာ ရှောင်းမိုအား တတ်နိုင်သမျှ ဂိမ်းထဲတွင် တူညီသောအခြေအနေရှိခွင့်ပေးခဲ့သည်။
မထင်မှတ်ဘဲနှင့် ရှောင်းမို၏စိတ်ဓာတ်မှာ ချက်ချင်း မြေပြင်သို့ထိုးစိုက်သွားခဲ့သည်။
အမေရိကန်အသင်းတွင် ဝက်စလေဟုခေါ်သော အားကောင်းသည့်သေနတ်ပစ်သမားရှိသည်။ မိုဟန်တျန်းသည် သူ့အားယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကာ ပြန်မတိုက်နိုင်ခဲ့ပေ။ သူသည်ခေါင်းအားတိုက်ရိုက်ပစ်ခြင်းခံရကာ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးရရှိခဲ့သည်။ ဤသည်မှာ သူ့အား ဆက်တိုက်အချီများတွင် ကောင်းစွာမကစားနိုင်တော့ပေ။
ယနေ့ ကျန်းရှောင်ယွီသည် Skyscraper မြေပုံအား နောက်တစ်ကြိမ်ထပ်ထုတ်ခဲ့သည်။
မိုဟန်တျန်းသည် ကမ္ဘာ့စီးရီး၏မြင်ကွင်းအား ပြန်မတွေးဘဲမနေနိုင်တော့ပေ။
မြေပုံပေါ်လာပြီး ရင်းနှီးသည့်မြင်ကွင်းမှာ မိုဟန်တျန်းအား တောင့်တင်းသွားစေခဲ့သည်။
မည်သည့်နေရာတွင် နတ်ဘုရား Wing သည်ပုန်းနေလိမ့်မည်နည်း။ သူသည်ရုတ်တရက်ပင် ဝက်စလေကဲ့သို့ ပေါ်လာကာ သူ့အားသတ်ပစ်လိမ့်မည်လား။
မိုဟန်တျန်းသည် ကွန်ပျူတာမောက်စ်အား စိတ်လှုပ်ရှားစွာကိုင်လိုက်ကာ အနောက်ဘက်သို့ ဂရုတစိုက်ရွှေ့သွားခဲ့သည်။ သူသည် အဆောက်အဦးများနောက် ပုန်းနေကာ မြင့်မားသော အဆောက်အဦးများကြား လျင်မြန်စွာရွေ့လျားနေခဲ့သည်။ ထို့နောက်သူသည် သေနတ်ပစ်မှတ်အား တွေ့ကာ ပုန်းခိုရန်တက်သွားခဲ့သည်။ သးသည် သူ၏ပတ်ဝန်းကျင်များအား ဂရုတစိုက်ကြည့်ရှုရန် မြင့်မားသည့် နယ်မြေအား အခွင့်ကောင်းယူခဲ့သည်။
နတ်ဘုရား Wing ၏ ခြေရာအား လုံးဝမတွေ့ခဲ့ပေ။ သူသည် နောက်ထပ်သေနတ်ပစ်မှတ်အား ရှာရန် အဆောက်အဦးအောက် မဆင်းသွားခင် နှစ်စက္ကန့်ကြာ ချီတုံချတုံဖြစ်နေခဲ့သည်။
ကျန်းရှောင်ယွီအနောက်တွင် မတ်တပ်ရပ်ကာ ကြည့်နေကြသောသူများပင်လျှင် ချွေးများစိုရွှဲနှင့်ပြီးဖြစ်သည်။
ရှောင်းမို၊ နည်းပြကျန်းက ခုနကမင်းကိုမြင်သွားပြီ။ မင်းပုံကသူ့မှန်ဘီလူးထဲ ဖျတ်ခနဲပေါ်လာပြီး မင်းတည်နေရာကို ပစ်မှတ်ထားလိုက်ပြီ။
သူသည် သတိထားလွန်းနေသည်ဟု မိုဟန်တျန်းသည် ထင်ခဲ့သည်။ တကယ်တမ်း မြေပုံပေါ်တွင် သေနတ်ပစ်မှတ်များစွာ ရှိနေနိုင်သော်လည်း အဓိကအမှတ်နားတွင် သုံးခုသာရှိနေခဲ့သည်။ ကျန်းရှောင်ယွီသည် မိုဟန်တျန်းမည်သည့်နေရာသို့ သွားနိုင်သည်ကို ခန့်မှန်းမိကာ ထောင့်ဖြတ်၌ သေနတ်ပစ်မှတ်ရှာတွေ့ကာ ကြိုတင်၍ချုံခိုတိုက်ခိုက်မှုကို ချမှတ်ခဲ့သည်။
မိုဟန်တျန်းသည် နှစ်စက္ကန့်ကြာ ထိုနေရာ၌ တုံ့ဆိုင်းကာ လျှောက်သွားနေခဲ့သည်။ ကျန်းရှောင်ယွီသည် ကြည့်ရှုရန် မှန်ဘီလူးကို ဖွင့်ပြီး သူ့သေနတ်၏ ထွက်ပေါ်နေသောပြောင်းဝအား အတိအကျချိန်ယူခဲ့သည်။
နောက်ထပ်အဆင့်တစ်ခုမှာ ယုန်တစ်ကောင်အား စောင့်နေခြင်းဖြစ်သည်။
ကျန်းရှောင်ယွီသည် လှုပ်ရှားမှုအချိန်အား တွက်ချက်ကာ နောက်ထပ်သေနတ်ပစ်မှတ်အား လျင်မြန်စွာ လှည့်ပတ်နေခဲ့သည်။
မိုဟန်တျန်းသည် ဒုတိယသေနတ်ပစ်မှတ်ဆီသို့ လာခဲ့ကာ ကြည့်ရှုရန် မှန်ဘီလူးအား ဖွင့်လိုက်သောကြောင့် ပြင်းထန်သည့်သေနတ်ပစ်သံမှာ သူ၏နားထဲဝင်ရောက်လာခဲ့သည်။ ကျည်ဆံအား အနောက်ဘက်မှ သူ့အားစောင့်ဆိုင်းနေခဲ့ရသည့်အလား အလွန်ရှည်သောအကွာအဝေးမှ ထောင့်ဖြတ်ဦးတည်ချက်နှင့် ပစ်လိုက်ကာ ခေါင်းအားထိမှန်သွားခဲ့သည်။
[’Casually’ သည် Balot-Adjudication အ ‘Devil333’ ကို ခေါင်းသို့ပစ်သတ်ရန် သုံးခဲ့သည်။]
Balot မှာပို၍လေးကာ ရွေ့လျားတိုက်ပွဲအတွက် သင့်တော်မှုနည်းသော်လည်း MSGထက် အကွာအဝေးပိုရှည်သည်။ ၎င်းသည် လူတစ်ယောက်၏ခေါင်းအား ထောင်ပေါင်းများစွာသော မီတာအဝေးမှ ချက်ချင်းယူပစ်ခဲ့သည်။
ဤသည်မှာ စစ်မှန်သော သေနတ်ပစ်သမားဖြစ်သည်။
မိုဟန်တျန်းသည် မီးခိုးရောက်ဖန်သားပြင်အား ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့သည်။
သူသည် နတ်ဘုရား Wing ၏တည်နေရာအား လုံးဝမမြင်ခဲ့ပေ။ ဤ ‘ငါရန်သူကိုမမြင်နိုင်ပေမယ့် ရန်သူကြောင့်သေသွားခဲ့တယ်’ ဟူသောခံစားချက်မှာ သခင်တစ်ယောက်မှ အနိုင်ကျင့်ခံရခြင်းကို မျက်နှာချင်းဆို အရှက်ကွဲခံရခြင်းဖြစ်သည်။
မိုဟန်တျန်း၏မျက်လုံးများနီသွားကာ သူ၏လက်များမှာ ကီးဘုတ်အားခွာလိုက်သောကြောင့် တုန်လှုပ်နေခဲ့သည်။ သူသည် နတ်ဘုရား Wing ၏လက်ထဲတွင် သုံးမိနစ်ပင်မရှင်သန်ခဲ့ပေ။
ဤမြေပုံသည် သူ၏အိပ်မက်ဆိုးဖြစ်နေခဲ့သည်မှာ အစစ်အမှန်ပင်။
ကျန်းရှောင်ယွီသည် သူ၏စိတ်ဓာတ်ပြိုလဲကာ ငိုတော့မည့်ပုံပေါ်နေသော ဆယ်ကျော်သက်အရွယ်အားမြင်ခဲ့သော်လည်း ကျန်းရှောင်ယွီသည် ယခင်က နည်းပြကျန်းကဲ့သို့ မနှစ်သိမ့်ပေးခဲ့ပေ။ ထိုအစားသူသည် အေးစက်စက်ပြောလိုက်သည်။ “ငါ့အဆင့်လောက်ရှိတဲ့ အမေရိကန်အသင်းမှာ သေနတ်ပစ်သမားသုံးယောက်ရှိတယ်။ မင်းဘယ်လိုသူတို့ကိုချနိုင်မှာလဲ”
မိုဟန်တျန်း: “……”
“ပြန်သွားပြီး အဲ့ဒါကိုတွေးကြည့်။ မင်းတကယ်သူတို့ကိုမနိုင်နိုင်ရင်တော့ ဒီတိုင်းဂိမ်းသာဖျက်လိုက်”
အားလုံး: “……”
မိုဟန်တျန်းသည် နောက်သို့ဆုတ်သွားကာ ခေါင်းငိုက်စိုက်ကျပြီး လက်သီးများဆုပ်ထားခဲ့သည်။
ဂိမ်းအားဖျက်ရမည်လား။ သူသည်ပွဲဦးထွက်ကတည်းက ပြည်တွင်းနည်းပြများက နှစ်သက်လာခဲ့ကာ ထိုရာသီ၏လူငယ်လေ့ကျင့်ရေးသမားတွင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သည်။ ကလပ်တော်တော်များများမှာ သူနှင့်လက်မှတ်ထိုးချင်ခဲ့ကြကာ မည်သူကမှ သူ့အားဂိမ်းကိုဖျက်ရန်မပြောခဲ့ပေ။
သို့သော် ယခု သူကြိုက်နှစ်သက်သော နတ်ဘုရား Wingမှာ လူအများကြီးရှေ့တွင် ဂိမ်းဖျက်ရန်ပြောခဲ့သည်လား။ ၎င်းမှာ ပါးရိုက်ခံရသကဲ့သို့ဖြစ်ကာ သူ၏ဦးနှောက်မှာ တဝီဝီဖြစ်နေခဲ့သည်။
မေးခွန်းများမှာ မိုဟန်တျန်း၏စိတ်ထဲ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ “ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။ ဘာလို့ဂိမ်းကစားရတာအရမ်းခက်တာလဲ”
ကျန်းရှောင်ယွီသည် အမိန့်ပေးခဲ့သည်။ “နောက်တစ်ယောက် ကိုယ့်ဘာသာကိုယ်ထွက်လာတော့”
ရှီရှောင်ဘင်းသည် တုန်ရီနေသော အမူအရာနှင့် ထွက်လာခဲ့သည်။
သူသည် နည်းပြ၏ ဘူးသီးလေးများအဖွဲ့တွင် ‘ဒုတိယကလေး’ဖြစ်သည်။ မိုဟန်တျန်းသည် သေသွားသောကြောင့် သူ၏အလှည့်ဖြစ်နေခဲ့သည်။
ကျန်းရှောင်ယွီသည် မျက်ခုံးပင့်ထားခဲ့သည်။ သူသည် သူ၏အရှေ့တွင် ကြောက်ရွံ့နေသော လူငယ်လေးအား စိုက်ကြည့်ကာ တွေးနေခဲ့သည်။ “ငါကမင်းတို့ကို ဒီလိုမျိုး လှောင်ရအောင် အရမ်းရိုင်းနေတာလား”
ရှီရှောင်ဘင်း: “……”
ဤသည်တို့မှာ သူ၏မူလစကားများဖြစ်ပြီး နည်းပြကျန်းသည် သူတို့အားသူ့ဆီပြန်ပြောခဲ့သည်။
ကျန်းရှောင်ယွီသည်ဆက်ပြောခဲ့သည်။ “မင်းတို့ဆော့တာဆိုးနေရင် မင်းတို့ကိုအပြစ်တင်နေမယ့်အစား ချီးကျူးပေးစေချင်တာလား။ ဂိမ်းထဲမှာမင်းတို့ရဲ့စွမ်းဆောင်ရည်တွေက ငါ့ကိုအမှားတွေမရှာနိုင်စေရင် အကြောင်းအရင်းမရှိဘဲလမင်းတို့ကို ငါမဆူဘူး။ နားလည်လား”
ရှီရှောင်ဘင်းသည် အားနည်းစွာ ပြန်ဖြေလိုက်သည်။ “နားလည်ပါတယ် နည်းပြ”
“လာပြီး အဆင်သင့်ပြင်တော့။”
ရှီရှောင်ဘင်း: “……”
သူ၏လည်ပင်းမှာပြတ်သွားခဲ့သည်။
မိုဟန်တျန်းသည် ဂိမ်းစတင်ပြီး သုံးမိနစ်အကာတွင် ကျန်းရှောင်ယွီမှ သတ်ခြင်းခံခဲ့ရသည်။
ရှီရှောင်ဘင်းသည် အနည်းငယ်ပိုကြာခဲ့သည်—ငါးမိနစ်ပင်။
သူသည် မိုဟန်တျန်းထက်ပိုတော်သောကြောင့် မဟုတ်ဘဲ မိုဟန်တျန်းထက် ပို၍သူရဲဘောကြောင်သောကြောင့်ဖြစ်သည်။ သူ၏ကိုယ်ရည်ကိုယ်သွေးမှာ အလွန်သတိထားလွန်းသည်။ သူသည်မရွေ့လျားခင် သူ၏ကိုယ်ပိုင်လုံခြုံရေးရှိစေကာ ရွေ့လျားသောအခါ အသေးစိတ်များအား အထူးသတိထားခဲ့သည်။ သို့မဟုတ်လျှင် သူသည်အကာအကွယ်နောက်ပုန်းကာ တစ်ခါတစ်ရံတွင် မိနစ်ဝက်ကြာအောင်ပင် နေသေးသည်။
သို့သော်ပုန်းနေသော်လည်း အသုံးမဝင်ပေ။ ကျန်းရှောင်ယွီသည် သူ့အားအမြန်ရှာတွေ့ကာ သနားညှာတာမှုမပြသခဲ့ပေ။
[’Casually’ သည် Balot-Adjudication အား ‘Refined and Courteous’ ကိုခေါင်းဖြင့်ပစ်သတ်ရန် အသုံးပြုခဲ့သည်။]
ကျန်းရှောင်ယွီသည် သူ့အားတည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ “ရှီရှောင်ဘင်း၊ အားဖြည့်သူတစ်ယောက်က ဘယ်လိုကစားသင့်တယ်လို့ မင်းထင်လဲ”
နောက်ဆုံးတိုက်ပွဲတွင် သူသည်ဤမေးခွန်းအားမေးကာ အိမ်စာအဖြစ်ထားခဲ့သည်။ သူသည် ‘ငါတို့နောက်တစ်ကြိမ်တွေ့ရင် အဖြေကိုစဉ်းစားမိလိမ့်မယ်လို့ ငါထင်တယ်’ ဟုပြောခဲ့သည်။ သို့သော် ရှီရှောင်ဘင်းသည် ထိုအရာအား ဂရုမစိုက်ဘဲ လေးလေးနက်နက်မစဉ်းစားခဲ့ပေ။
ယခုသူသည် နည်းပြကျန်းမှာ ဤမေးခွန်းအားထပ်မေးသည်ကို ကြားသောအခါ မျက်နှာပူသွားကာ အသံတိုးတိုးပြောလိုက်သည်။ “ကျွန်တော့်အထင် အားဖြည့်သူတစ်ယောက်က တိုက်ခိုက်တဲ့အခါ မီးစွမ်းအားကိုဖိနှိပ်ပြီး ရန်သူရဲ့ခုခံမှုကို ထိုးဖောက်သင့်သလို လမ်းတစ်ခုဖွင့်ပေးပြီးလည်း အသင်းဖော်တွေကို ကူညီသင့်တယ်။ ပြန်ဆုတ်နေချိန်မှာ အဆုံးမှာနေခဲ့ပြီး အသင်းဖော်ထွက်ပြေးတာကိုကူညီပေးဖို့ ဖမ်းဆီးမှုကို ကာပေးဖို့ မီးစွမ်းအင်အကာအတွက် ဆက်တိုက်ပစ်ခြင်းရဲ့ စက်သေနတ်လက္ခဏာတွေကိုလည်း သုံးရမယ်။ အခြားဂိမ်းတွေမှာ စစ်သည်နဲ့ အားသန်သူ ပေါင်းစည်းတာနဲ့တူတယ်”
“မင်းရဲ့သီအိုရီနည်းအရ အသိပညာကကောင်းတယ်။ ဒါဆိုတကယ့်တိုက်ပွဲကရော” ကျန်းရှောင်ယွီသည် သူ့အားစိုက်ကြည့်ကာ တုံးတိတိပြောလိုက်သည်။ “နံရံအနောက်မှာပုန်းနေပြီး ထွက်လာဖို့အရမ်းကြောက်လွန်းနေတာ။ ဒါကိုအားဖြည့်သူလို့ခေါ်တာလား။ မင်းနာမည်ကို ပြန်ကျုံ့ဝင်သွားတဲ့ လိပ်လို့ပြောင်းလိုက်”
“…….” ပြန်ကျုံ့ဝင်သွားတဲ့ လိပ်တဲ့လား။ ရှီရှောင်ဘင်းသည် သူ့အားလိပ်တစ်ကောင်အဖြစ် ကစားခဲ့ခြင်းကြောင့် အပြစ်တင်နေသည်သာ သတိမရခင် နည်းပြကျန်းအား ကြောင်ကာစိုက်ကြည့်နေခဲ့သည်။ သူ၏ပါးများနီရဲသွားကာ သူသည် မိုဟန်တျန်းနောက် အမြန်ပုန်းနေလိုက်သည်။
ဆယ်ကျော်သက်ကလေးသည် လိပ်ငယ်လေူကဲ့သို့ သူ၏ခေါင်းအား ကျုံ့ထားခဲ့သည်။
“တတိယတစ်ယောက်။ ငါနင့်ကိုခေါ်ဖို့လိုလား” ကျန်းရှောင်ယွီသည် ရှောင်းလီအားစိုက်ကြည့်ခဲ့သည်။
“လာပါပြီ” တတိယကလေး ရှားလီသည် သူ့အားသေတွင်းဆီသို့ ပြေးသွားခဲ့သည်။
ရှားလီမှာ အမျိုးသမီးအယ်လ်ဖာဖြစ်သည်။
သူမသည် သိပ်မတွေးတောဘဲ လွတ်လွတ်လပ်လပ်နေတတ်သည်။ သူမသည်မကြာခဏဆိုသလိုပင် သူမ၏အသင်းဖော်များနှင့် ကာရံမကိုက်ဘဲ ကစားတတ်သည်။
သူမသည် ထူးချွန်ကာ ကောင်းစွာကစားနိုင်သည်။ သူမပစ္စတိုနှင့် ပစ္စတိုနှစ်ဆ၏ ပစ်ခတ်နှုန်းမှာ အလွန်မြင့်သည်။ ပြဿနာမှာ သူမ၏စွမ်းဆောင်ရည်သည် နမော်နမဲ့နိုင်သည်။ တစ်ခါတစ်ရံသူမသည် အံ့ဩဖွယ်စွမ်းရည်အား ပြသကာ အချို့အချိန်များတွင် ကြေးဝါအပိုင်းမှ တက်သစ်စတစ်ယောက်ကဲ့သို့ ပျော့ညံ့စွာကစားလိမ့်မည်။
ဤသို့ ကမောက်ကမဖြစ်သည့် ကစားသမားအမျိုးအစားမှာ ကိုင်တွယ်ရန်ခက်ခဲလှသည်။ သူမသည် ကောင်းသည့်ပုံစံ သို့မဟုတ် ဆိုးသည့်ပုံစံတွင် ရှိနေမည်လား မသိနိုင်ပေ။ သူမအားအလောင်းအစားလုပ်သကဲ့သို့ သူမအား ကစားပွဲတွင်ထည့်ခြင်းနှင့် အနိုင်ရခြင်းသို့မဟုတ်ရှုံးသွားခြင်းမှာ ကံကြမ္မာပေါ် မူတည်နေခဲ့သည်။
ဤ Skyscraper တိုက်ပွဲတွင် ရှားလီ၏စွမ်းဆောင်ရည်မှာ တက်သစ်စတစ်ယောက်နှင့် တူနေခဲ့သည်။ သူမသည် ခေါင်းမပါသောပျံသန်းမှုကဲ့သို့ ကြမ်းတမ်းစွာ လျှောက်ပတ်သွားနေခဲ့သည်။
[‘Casually’ သည် MSG-Aurora အား ’Xia Xia’s Summer’ ကို ခေါင်းသို့ပစ်သတ်ရန် အသုံးပြုခဲ့သည်။]
ကျန်းရှောင်ယွီသည် သူမအား အလွယ်တကူအသေသတ်နိုင်ခဲ့ကာ သူမ၏စွမ်းဆောင်ရည်အား မှတ်ချက်ပေးရန် မမေ့ခဲ့ပေ။ “နင်လမ်းပျောက်နေတာလား။ ငါနင့်ကိုလမ်းပြပေးဖို့လိုလား”
ရှားလီသည် သူမ၏လက်အား အမြန်ရုတ်လိုက်ကာ ဘေးသို့နောက်ဆုတ်သွားခဲ့သည်။ သူမသည်လမ်းပျောက်နေသောကြောင့် မဟုတ်ပေ။ သူမသည် တုန်လှုပ်လွန်းသောကြောင့် သူမ၏နေရာယူခြင်းမှာ အနည်းငယ် ‘ရှုပ်ထွေး’ နေခဲ့သည်…
ကျန်းရှောင်ယွီသည် တန်ကိုင်းအား စိုက်ကြည့်လိုက်ကာ စတုတ္ထကလေးမှာ လျှောက်သွားခဲ့သည်။ တန်ကိုင်းသည် အတော်တည်ငြိမ်သော ကစားသမားတစ်ယောက်ဖြစ်သည်။ သူသည်ကင်းထောက်တစ်ယောက်ဖြစ်သောကြောင့် သူသည်မြေပုံနှင့် အလွန်ရင်းနှီးနေခဲ့သည်။ သူ၏နေရာယူခြင်းစွမ်းရည်များမှာ အခြားသူများထက် ပို၍တော်သည်။
လူငယ်လေး၏မျက်နှာမှာ သူ၏လက်ထဲမှဓားမြှောင်ဖြင့် လျှောက်ပတ်ကြည့်နေခဲ့သောကြာင့် လေးနက်နေခဲ့သည်။ သူသည်ကျန်းရှောင်ယွီအား အချိန်အတော်ကြာ ပတ်ကြည့်နေခဲ့သည်။ သို့သော် ယယ်ကျင်မင်းသည် တရုတ်နိုင်ငံတွင် နံပါတ်တစ်ကင်းထောက်ဖြစ်ကာ သူသည်ကျန်းရှောင်ယွီအား မနိုင်နိုင်ပေ။ တန်ကိုင်းသည် ယယ်ကျင်းမင်ကဲ့သို့ မတော်ပေ။ သူသည်မည်မျှပတ်နေသည်နှင့် မဆိုင်ပေ။ ၎င်းမှာ အချည်းနှီးသာဖြစ်သည်။
ကျန်းရှောင်ယွီသည် သူ့အားတည့်တိုးပြောခဲ့သည်။ “ဒါကသတိထားမှုပုံစံစီးဆင်းမှုဆိုပေမယ့် မင်းတစ်ယောက်ယောက်ကိုရှာနိုင်ရင် ဆုံးဖြတ်ဖို့ ကံကြမ္မာပေါ်မူတည်ရတယ်မလား”
တန်ကိုင်း: “……”
မည်သို့ပင်ဆိုစေကာမူ အားလုံးမှာ ဤကြမ်းတမ်းသောစကားကြောင့် အပြောခံခဲ့ရသည်။ သူ့ထက်မည်သူမျှမဆိုးတောပေ။
တန်ကိုင်းသည် သူ၏ခုံအား မျက်နှာရဲရဲနှင့် ထွက်သွားခဲ့ရသည်။
လုကျင်းယွမ်သည် အမြန်လျှောက်သွားကာ သူသည်သေဆုံးရန် တန်းစီနေသကဲ့သို့ ထိုင်ချလိုက်သည်။
ကျန်းရှောင်ယွီသည် အနည်းငယ်ပြုံးလိုက်သည်။ “မင်းကတော်တော် သတိထားတာပဲ”
လုကျင်းယွမ်သည် အနည်းငယ် ချောင်းဟန့်ကာ အလေးအနက်ပြောလိုက်သည်။ “ကျွန်တော်က နတ်ဘုရား Wing ကို အကြံဉာဏ်တောင်းဆိုတာပါ။ ကျွန်တော်ကဆရာ့ပရိသတ်ပါ”
“အိုး မင်းဒီဂိမ်းပြီးရင် မုန်းတဲ့ပရိသတ်ဖြစ်သွားနိုင်တယ်”
လုကျင်းယွမ်: “……”
ကျန်းရှောင်ယွီသည် သနားညှာတာမှုမရှိဘဲ ရှောင်းလုအား အနိုင်ကျင့်ခဲ့သည်။
အရင်တစ်ခါက သူတို့သည် Deep Jungle မြေပုံကို အသုံးပြုခဲ့ကာ သူတို့နှစ်ယောက်သည် စက်သေနတ်များကို အသုံးပြုခဲ့သည်။ လုကျင်းယွမ်သည် Casually အား သတ်နိုင်လုနီးပါးဖြစ်ခဲ့သည်။ ယနေ့တွင် သူတို့သည် Skyscraper မြေပုံတွင်ရှိနေခဲ့ကြကာ သူသည် တစ်ဖက်လူအား နီးစပ်နိုင်ရန် အခွင့်အရေးပင်မရှိခဲ့ပေ။
သူသည် အခြားလူ၏တည်နေရာအား လုံးဝမမြင်နိုင်ခဲ့ပေ။
စနိုက်ပါရိုင်ဖယ်သေနတ် အကွာအဝေးမှာ မီတာ၁၀၀၀အမြင့်သွားနိုင်စဉ် သူ၏စက်သေနတ်အကွာအဝေးမှာ မီတာ၂၀၀သာရှိသည်။ သူသည်သုံးမိနစ်သာ တောင့်ခံနိုင်ခဲ့သည်။ သူမနီးကပ်နိုင်ခင် ကျန်းရှောင်ယွီသည် သူ့အားခေါင်းသို့ပစ်သည့်အခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့သည်။
လုကျင်းယွမ်၏မျက်နှာမှာ ဖျော့တော့နေခဲ့သည်။ သူသည်နည်းပြအသစ်ရှေ့တွင် ကောင်းစွာ စွမ်းဆောင်ချင်ခဲ့သော်လည်း သူသည်အနိုင်ကျင့်ခံရရန် တန်းစီနေခဲ့သည်။ သူတို့သည် ရယ်စရာကောင်းသော လူတစ်စုပင်ဖြစ်နေခဲ့သည်။
လုကျင်းယွမ်သည် သူ၏ခေါင်းအားပစ်လိုက်ပြီးနောက် အခြားသူများမှာ အနည်းငယ် သက်ပြင်းချခဲ့သည်။ နောက်ထပ် သတ်ဖြတ်မှုငါးခါပင်။ ဤသည်ကို ‘ဒုတိယ ပြစ်မှုအတွက်အကျဉ်းထောင်သို့သွားခြင်း’ အဖြစ်ယူဆနိုင်သည်။ သူတို့သည် သူတို့ကိုယ်သူတို့ သေတွင်းသို့ပို့ရာတွင် လွန်စွာကျွမ်းကျင်သည်။
ယခင်တစ်ခေါက်က သူတို့သည် ကွန်ပျူတာဖန်သားပြင်မှတစ်ဆင့် အနိုင်ယူခံခဲ့ရသောကြောင့် သူတို့သည် “ဒီလူက ဆော့ဖ်ဝဲခိုးထားတာလား” သို့မဟုတ် “သူကနိုင်ငံခြားက ကျွမ်းကျင်ကစားသမားလား” ဟူသော စကားတစ်ချို့နှင့် သီးသန့်ပြဿနာရှာနိုင်ခဲ့သည်။
ဤအချိန်တွင် သူတို့သည် ဤအရာအား ပြောရန် အလွန်ရှက်သွားခဲ့သည်။ သူတို့သည် နတ်ဘုရား Wing အားရှုံးနိမ့်သွားကာ အားနည်းနေခဲ့သည်။ နည်းပြကျန်းသည် သူတို့အား ဘူးသီးလေးများအဖွဲ့ဟု ခေါ်သည်မှာ မှန်နေခဲ့သည်။ သူတို့သည် ညံ့ဖျင်းသော ဘူးသီးလေးများအစုအဖွဲ့ပင်ဖြစ်သည်။
ကျန်းရှောင်ယွီ၏မျက်လုံးများမှာ အဖွဲ့တစ်ဖွဲ့လုံးကိုကြည့်လိုက်သာည်။
လက်ရွေးစင်အသင်းတွင် ၁၁ယောက်ရှိနေခဲ့ကာ သူသည် ထိုသူတို့ထဲမှ ၇ယောက်အား အနိုင်ယူပြီးဖြစ်သည်။
ကျန်ခဲ့သည့်လေးယောက်တွင် လက်ရွေးစင်အသင်း၏ခေါင်းဆောင်ဖြစ်ခဲ့သည့်လောင်လင်းနှင့် ဒုဥက္ကဌကျွီ၏ ကိုယ်ပိုင်လက်ထောက် လျိုရှောင်ကျိုးတို့ဖြစ်သည်။ နောက်ဆုံးနှစ်ယောက်မှာ ကျန်းယွီနှင့်မင်ကျီဟုခေါ်သည့် ဆေးအကူနှစ်ယောက်လုံးဖြစ်သည်။
ဆေးအကူများအား အနိုင်ကျင့်ရန် မလိုသလို သူသည် လောင်လင်းနှင့်ရှောင်းလျိုအတွက် အခြသူများလေးစားမှုရှိရန် ချန်ထားလိမ့်မည်။
လောင်လင်းသည် ကျန်းရှောင်ယွီသူ့အားကြည့်နေသည်ကိုမြင်ကာ တစ်ဦးချင်းတိုက်ရန် လာတော့မည့်အချိန်တွင် ကျန်းရှောင်ယွီသည် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “မင်းတို့ကိုယ်ပိုင်စွမ်းရည်က အရမ်းနည်းတယ်။ အင်တာနက်သုံးတဲ့သူတွေ မင်းတို့ကိုဆူတာမမှားဘူး။ အထူးတလည်အနေနဲ့ လူတစ်ချို့က ကမ္ဘာ့စီးရီးကို ရှုံးပြီး အနိမ့်ပိုင်းတွေကိုဆော့ဖို့ အွန်လိုင်းဂိမ်းဆီပြေးပြီး အားနည်းတဲ့သူတွေကို အနိုင်ကျင့်နေတာလား”
“လက်ရွေးစင်အသင်းရဲ့ ကစားသမားတွေအနေနဲ့ မင်းတို့ဂိမ်းရှုံးပေမယ့် ဘယ်လိုတိုးတက်အောင်လုပ်ရမလဲမသိဘူး။ ကောင်းကောင်းလေ့ကျင့်ပြီး အတွေ့အကြုံတွေကို လေ့လာကြည့်မယ့်အစား မင်းတို့က ကိုယ့်ကိုယ်ကိုယုံကြည်မှုရှာဖို့ ဖြတ်သွားဖြတ်လာတွေကိုအနိုင်ကျင့်ဖို့အတွက် မှီခိုလိုက်တာလား”
“မင်းတို့ရှက်တတ်သေးရဲ့လား”
အွန်လိုင်းဂိမ်းသို့ အားနည်းသူအား အနိုင်ကျင့်ရန်သွားသည့် လူသစ်ငါးယောက်မှာ အနိုင်ကျင့်ခြင်းခံရကာ သူတို့၏ခေါင်းအား ငုံ့ထားခဲ့သည်။
နည်းပြမှာ မှန်နေခဲ့သည်။ သူတို့သည် ကျွမ်းကျင်ကစားသမားများဖြစ်သည်။ လက်ရွေးစင်အသင်း၏ ဂရုတစိုက်ရွေးချယ်ထားသော အဖွဲ့ဝင်များဖြစ်သည်။
ကစားပွဲတစ်ခု၏ အပိုင်း 2000တွင် ကစားသမားတစ်ယောက်အား အနိုင်ယူရန် မည်သည့်စွမ်းရည်များလိုအပ်သနည်း။ သူတို့သည် တစ်စုံတစ်ယောက်အား အနိုင်မရနိုင်ဘဲ တိုက်ခိုက်ရန် အသင်းဖွဲ့နေသေးသည်လား။ သူတို့သည် ရှက်တတ်သလား။ ကျွမ်းကျင်ဘက်စကတ်ဘော ကစားသမားအဖွဲ့မှာ ပရော်ဖက်ရှင်နယ်ကစားပွဲအား ရှုံးနိမ့်သွားကာ မူလတန်းကျောင်းသားများအား အနိုင်ယူရန်သွားသည့်ပုံနှင့်တူသည်။ သူတို့ကိုလည်း နည်းပြများမှ ရှာဖွေတွေ့ရှိခဲ့ကြသည်။
မိုဟန်တျန်း၏မျက်နှာမှာ ဖျော့တော့နေကာ သူ၏မျက်လုံးများမှာ မျက်ရည်များအပြင် နောင်တတရား၊ မိမိကိုယ်ကိုအပြစ်တင်မှုနှင့် အပြစ်ရှိစိတ်များနှင့် ပြည့်နေခဲ့သည်။ ရှုပ်ထွေးနေသော စိတ်ခံစားချက်များမှာ သူ၏စိတ်အားဖုံးလွှမ်းသွားကာ သူသည်တွင်းတူကာ ကိုယ့်ကိုယ်ကို အရှင်လတ်လတ်မြုပ်ရန် စိတ်အားထက်သန်နေခဲ့သည်။
ရှီရှောင်ဘင်းသည်လည်း သူ၏ခေါင်းကိုငုံ့ထားကာ စကားမပြောရဲခဲ့ပေ။ သူသည်အမြဲအတွေးအမြင်မရှိခဲ့ပေ။ အစ်ကိုကြီးမိုသည်သူ့အား အားနည်းသူအား အနိုင်ကျင့်ရန်ပြောခဲ့ကာ ထိုအကြောင်း များများစားစားမတွေးခဲ့ပေ။ တစ်ဖက်လူမှာ ယဉ်ကျေးမှုမရှိဟူ၍လည်း သူပြောခဲ့သလား။ လက်ရွေးစင်အသင်း၏အဖွဲ့ဝင်များမှာ ကစားပွဲတွင် အားနည်းသူအား အနိုင်ကျင့်သည်မှာ ယဉ်ကျေးသည်လား။
ရှားလီ၊ တန်ကိုင်နှင့် လုကျင်းယွမ်တို့ မျက်နှာမကောင်းဘဲ သူတို့၏ခေါင်းများမှာ သူတို့၏ရင်ဘတ်ဆီသို့ ငိုက်ကျနေခဲ့သည်။
ကျန်းရှောင်ယွီမှာ အမိန့်ပေးခဲ့သည်။ “မင်းတို့တစ်ယောက်ချင်း မိမိကိုယ်ကိုသုံးသပ်တဲ့စာလုံးရေ ၁၀၀၀ရေးပြီး မနက်ဖြန်ည ၉နာရီမတိုင်ခင် တင်ရမယ်”
လူငါးယောက်: “……”
သူတို့ဘေးတွင် ရပ်နေခဲ့သော ယယ်ကျင်းမင်မှာ မရယ်ချင်ဘဲ မနေနိုင်ခဲ့ပေ။
လူတော်ပါလား။ ရုံးတက်သည့် ပထမနေ့တွင် သူသည် ဆယ်ကျော်သက်များအား မျက်ရည်ကျသည်အထိ တိုက်ရိုက်အပြစတင်ခဲ့သည်။
လက်ရွေးစင်အသင်းတွင် မိမိကိုယ်ကိုသုံးသပ်ခြင်းစာများ ရေးရန်လိုအပ်နေသူမှာ လူခြောက်ယောက်ဖြစ်သည်။ ဤသည်မှာ ရက်စက်သည့် နတ်ဘုရားယွီနှင့် အမှန်တကယ်ထိုက်တန်သည်။
လူတိုင်းသည် နည်းပြမှာ ကြမ်းတမ်းပြီးဖြစ်သည်ဟု ထင်ခဲ့သောကြောင့် ထိုသို့ဖြစ်ခဲ့ရသည်။
ကျန်းရှောင်ယွီသည် ရုတ်တရက် သူ၏ဘေးရှိခုံအား လက်ညှိုးထိုးခဲ့သည်။ “မင်းတို့ရဲ့ခံစားချက်တွေထိန်းချုပ်ပြီး လေ့ကျင့်ရေးဂိမ်းကို ကစားကြ။ ငါမင်းတို့ရဲ့တစ်ယောက်ချင်းစွမ်းအင်တွေကို မကြည့်ရဲတော့ဘူး။ အသင်းအနေနဲ့ အတူတူအလုပ်လုပ်ရင် ဘယ်လိုနေမလဲဆိုတာ ကြည့်ကြတာပေါ့”
လူတိုင်း, “????”
လေ့-လေ့ကျင့်ရေး ဂိမ်းလား။ ယခင်က နည်းပြသည် လေ့ကျင့်ရေးဂိမ်းကစားရာတွင် လူတိုင်းအဆင်သင့်ဖြစ်စေရန် တစ်ရက်စာသတိပေးချက်ပေးလိမ့်မည်။ သူသည်သူတို့၏စိတ်ဓာတ်အား ယခုလေးတင်ချေမှုန်းလိုက်ကာ သူတို့အား ညှိနှိုင်းရန်အချိန်သူံမိနစ်ပင် မပေးခဲ့ပေ။ သူသည်လေ့ကျင့်ရေးဂိမ်းထဲသို့ တိုက်ရိုက်သွားခိုင်းသည်လား။
ကျန်းရှောင်ယွီသည် သူ၏မျက်နှာပေါ်အမူအရာကင်းမဲ့ကာ အသင်းများအား အမည်ပေးခဲ့သည်။
“အဖွဲ့တစ်က အားဖြည့်သူ ရှီရှောင်ဘင်း၊ ချေမှုန်းသူ ရှားလီ၊ ကင်းထောက် ယယ်ကျင်းမင်၊ သေနတ်ပစ်သမား လျိုရှောင်ကျိုးနဲ့ ဆေးအကူကျန်းယွယ်တို့ပဲ”
“အဖွဲ့နှစ်က အားဖြည့်သူ လုကျင်းယွမ်၊ ချေမှုန်းသူ ကျိုးယီရန်၊ ကင်းထောက် တန်ကိုင်း၊ သေနတ်ပစ်သမား မိုဟန်တျန်းနဲ့ ဆေးအကူ မင်ကျီတို့ပဲ”
“မြေပုံက ကြယ်ငါးပွင့်အဆင့် ခက်ခဲတဲ့ Pirate Baseပဲ”
“လောင်လင်း၊ အခန်းဖွဲ့ပြီး အားလုံးကိုထည့်လိုက်။ ငါကဒိုင်လူကြီးလုပ်ပေးမယ်”
လူတိုင်းကြောင်သွားခဲ့သည်။
ဤသည်မှာ ဒဏ္ဍာရီလာ ‘မကောင်းဆိုးဝါးပုံစံ’ဖြစ်နိုင်သည်လား။
ရှေးဦးစွာ လူတိုင်းအား စိတ်ဓာတ်ပြိုလဲသည်အထိ အနိုင်ကျင့်ကာ သူတို့ဘဝကိုသံသယမဝင်မချင်း သူတို့အား ပြစ်တင်ပြောဆိုမည်။ ထို့နောက် သူတို့အား တိုက်ပွဲနယ်မြေသို့ခေါ်ကာ ကစားပွဲတစ်ခုလုံးတွင် အခက်ခဲဆုံးမြေပုံကိုရွေးချယ်ရင်းနှင့် ချက်ချင်းဂိမ်းကစားခိုင်းသည်လား။
နည်းပြကျန်းသည် မြေခွေးတစ်ကောင်ဖြစ်သည်မှာ အသေအချာပင်။