GMC အပိုင်း ၁၄

Chapter 14: ကမ္ဘာ့အဆင့်မီ သေနတ်ပစ်သမား

ကျန်းရှောင်ယွီသည် ဂိမ်းထဲမှ the MSG-Aurora ဟူသည့် သူ၏အဓိကလက်နက်ကို ရွေးလိုက်သည်။

ဤသည်မှာ သူအကျွမ်းကျင်ဆုံးဖြစ်သော ပေါ့ပါးသည့် စနိုက်ပါရိုင်ဖယ်‌သေနတ်ဖြစ်ကာ Aurora အဆင့်မြင့်ပုံစံမှာ သူS3ရာသီတွင် အထူးချွန်ဆုံးပုဂ္ဂိုလ်ဆု ရရှိပြီးနောက် သူ့အတွက် အထူးထုတ်လုပ်ပေးထားခြင်းဖြစ်သည်။

မနေ့က ကျန်းရှောင်ယွီသည် ဘူးသီးလေးများအဖွဲ့အား သူ၏ Casually အကောင့်နှင့် အနိုင်ကျင့်ခဲ့သောအခါ သူသည်အားဖြည့်သူနှစ်ယောက်အားသတ်ရန် စက်သေနတ်၊ ချေမှုန်းသူအားသတ်ရန် ပစ္စတိုသေနတ်နှင့် ကင်းထောက်အား ဓားမြှောင်ဖြင့် အသေထိုးသတ်ခဲ့သည်။ ဤသည်မှာ ‘မည်သည့်တိုက်ပွဲမဆို အလွယ်တကူ အနိုင်ရနေခြင်း’ ဟူသည်မှာ အမှန်တကယ်ပင်ဖြစ်သည်။

ယခု နတ်ဘုရား Wing သည် သူအကျွမ်းကျင်ဆုံးဖြစ်သည့် စနိုက်ပါရိုင်ဖယ်သေနတ်အား ယူဆောင်လာခဲ့သည်။

သူသည် သူတို့အား ကမ္ဘာ့အဆင့်မီ သေနတ်ပစ်သမားမှ လွှမ်းမိုးခံရသည့် ကြောက်ရွံ့မှုအား မြည်းစမ်းစေချင်သည်လား။

ဆယ်ကျော်သက်များသည် အကြည့်ချင်းဖလှယ်ကြကာ သူတို့၏အမူအရာများမှာ ပို၍ပင်ရုပ်ဆိုးလာခဲ့သည်။

ယယ်ကျင်းမင်တွင် MSG စနိုက်ပါရိုင်ဖယ်သေနတ်အပေါ် စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးတစ်ခု ရှိနေခဲ့သည်။ သူသည် ACE အသင်း၌ရှိနေချိန်အတွင်း ကျန်းရှောင်ယွီသည် မြေပုံများလဲကာ သူ့အားအနိုင်ကျင့်ရန် လေ့ကျင့်ရေးကွင်းထဲသို့ ဤပေါ့ပါးသည့် စနိုက်ပါရိုင်ဖယ်သေနတ်အား နေ့တိုင်းယူသွားလိမ့်မည်။ ဤသည်မှာ သူ့အားလျင်မြန်စွာ တိုးတက်စေရန်ဖြစ်သည်။ ယယ်ကျင်းမင်၏ နောက်ပိိုင်းအလွန်ပြင်းထန်သည့် နေရာယူခြင်းမှာ ကျန်းရှောင်ယွီမှ အနိုင်ကျင့်ခံရခြင်းကြောင့်ဖြစ်သည်။

ယယ်ကျင်းမင်သည် သူ၏စိတ်ထဲမှ အတိတ်ဆိုးကို ‌ဖယ်ထုတ်ပစ်ကာ သူ၏လက်များအား ကီးဘုတ်ပေါ်တွင်တင်ခဲ့သည်။ သူသည်သူ၏အကောင့်အား စာရိုက်ကာ သူ၏အကောင့်ဖြစ်သော ‘Leaf Ye Zi‘ ထဲသို့ဝင်ခဲ့သည်။ သူသည် Casually အားသူငယ်ချင်းအဖြစ် ပေါင်းထည့်လိုက်ပြီး ပစ်ခြင်းလေ့ကျင့်ရေးကွင်းအား နှိပ်လိုက်ကာ ပြင်ဆင်သည့်ခလုတ်အား အမြန်နှိပ်လိုက်သည်။

ကျန်းရှောင်ယွီသည် သူ့အားပြောခဲ့သည်။ “ဒါကဆယ်မိနစ်ကန့်သတ်ထားတဲ့ ပြိုင်ပွဲပဲ။ မြေပုံကတော့ Skyscraper”

လူတိုင်းသည် ဤစကားများအား ကြားသောအခါ လန့်သွားခဲ့ကြသည်။

Skyscraperလား။ ဒီမြေပုံက ကမ္ဘာ့စီးရီးမှာ တရုတ်နဲ့ အမေရိကန်ပြိုင်ပွဲအတွက် အမေရိကန်အသင်းက ရွေးထားတာမဟုတ်လား။

Skyscraperသည် သေနတ်အပြည့်ပစ်မြေပုံဖြစ်သည်။ ‘သေနတ်အပြည့်ပစ်မြေပုံ’ဟု ခေါ်ရခြင်းမှာ မြေပုံပေါ်တွင် ဖြန့်ချိထားသော သေနတ်ပစ်မှတ်များစွာ ရှိနေ‌သောကြောင့်ဖြစ်သည်။ ဤသည်မှာ ရန်သူအသင်းအတွက် ချုံခိုတိုက်ခိုက်ရန် သေနတ်ပစ်သမားများအတွက် အသုံးဝင်သည်။ ဥပမာအားဖြင့် မြေပုံ Skyscraperတွင် ချုံခိုတိုက်ခိုကိခြင်းအတွက် သေနတ်ပစ်အမှတ်၂၀နီးပါးရှိသည်။ မြေပြင်တပ်သားများသည် သေနတ်ပစ်သမားအား မဖြေရှင်းပါက တိုက်ခိုက်ရန် အလွန်ခက်ခဲလိမ့်မည်။

ထိုအချိန်၌ တရုတ်အသင်းမှာ အမေရိကန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည်။ အမေရိကန်အသင်း၏သေနတ်ပစ်သမားများမှာ သန်မာလွန်းကာ သူတို့ဘက်အား အမြန်သတ်ပစ်ခဲ့သည်။

ကျန်းရှောင်ယွီသည် ဤမြေပုံအား တိုက်ခိုက်ရန်ရွေးချယ်ခဲ့ကာ လူတိုင်းအား ကမ္ဘာ့စီးရီးတွင် အမေရိကန်အသင်းမှ အနိုင်ယူခြင်းခံရသော အိပ်မက်ဆိုးအား ပြန်လည်အမှတ်ရစေရန် ကူညီပေးပုံရသည်။

ယယ်ကျင်းမင်သည် ကြက်သီးမွှေးညင်းများ ထသွားသော်လည်း သူသည်မြေပုံပြောင်းခြင်းအားပြောရန် အလွန်ရှက်နေခဲ့သည်။ သူသည် သတ္တိကိုသာမွေး၍ သူ၏လက်နက်အား အမြန်တပ်ဆင်ခဲ့သည်။ သူ၏အဓိကလက်နက်မှာ ပစ္စတိုသေနတ် Sand Eagle-Phantom၊ ဒုတိယလက်နက်မှာ ဓားမြှောင်ချွန် Rose Bladeနှင့် သူ၏ပစ်ခတ်ခြင်းလက်နက်မှာ မီးခိုးဗုံးများဖြစ်သည်။

ကင်းထောက်တစ်ယောက်သည် သေနတ်ပစ်စမားအား တိုက်ခိုက်ရာတွင် အရေးကြီးသည့်အချက်မှာ ကောက်ကျစ်သည့်အပြုအမူနှင့် လျှောက်ပတ်သွားခြင်း၊ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုနှင့် အနိုင်ရမည့်အခွင့်အရေးရရန် ပေါ့ပါး၍ဖျက်လတ်သော တပ်ဆင်မှုတို့ဖြစ်သည်။

ပေါ့ပါးသည့် စနိုက်ပါ‌ရိုင်ဖယ်သေနတ်ဖြစ်သည့် the MSG-Auroraအပြင် ကျန်းရှောင်ယွီသည် လေးလံသော စနိုက်ပါ‌ရိုင်ဖယ်သေနတ် Balot-Adjudicationနှင့် ပစ္စတိုသေနတ် Sand Eagle-Blue Dragonတို့ကိုလည်း ယူဆောင်လာခဲ့သည်။

သေနတ်သုံးခု၏ စစ်မှန်သောထုတ်လွှတ်မှုနည်းလမ်းမှာ…ယယ်ကျီအား အလဲထိုးတိုက်ခိုက်နိုင်မည်လား။

မြေပုံသည် စပေါ်လာကာ ကစားပွဲမှာ တရားဝင်စတင်ခဲ့သည်။

လူတိုင်းမှာ ဖန်သားပြင်မှာ စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေခဲ့သောကြောင့် လေ့ကျင့်ရေးခန်းမှာ တိတ်ဆိတ်နေခဲ့သည်။

ယယ်ကျင်းမင်၏နေရာယူမှုမှာ ပါးနပ်လွန်းသည်။ အစပိုင်း၌သူသည် သူ၏ပြိုင်ဖက်အား စိတ်ရှုပ်ထွေးစေရန် မီးခိုးဗုံးများကို အသုံးပြုခဲ့သည်။ ထူထပ်သောမြူခိုးဖြူများကြောင့် ကျန်းရှောင်ယွီသည် သူ၏တည်နေရာအား မခွဲခြားနိုင်ဘဲ သူသည်အဆောက်အဦးအရှုပ်‌အထွေးဆီသို့သာ ပုန်းဝင်နိုင်သည်။ သူသည်ကျန်းရှောင်ယွီအားရှာဖွေရန် အမြန်လှည့်ပတ်‌နေခဲ့သည်။

ကျန်းရှောင်ယွီသည်လည်း အလွန်ပေါ့ပါးစွာ ကစားခဲ့သည်။ သူသည်အစကအကွာ‌အဝေးရှည်သော သေနတ်ပစ်မှတ်အား ပိုင်ဆိုင်ထားကာ သူ၏လက်ထဲမှ လေးလံသည့် စနိုက်ပါရိုင်ဖယ်သေနတ်မှ ပစ်ချက်တစ်ချက်ကို ပစ်ခတ်ခဲ့သည်။ ‌ပြတ်သားလှသည့် သေနတ်သံမှာ တိတ်ဆိတ်နေသည့် မြို့တော်လမ်းများတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။

ကျွမ်းကျင်ကစားသမားများ၏ အ‌ခြေခံစွမ်းရည်မှာ တည်နေရာအား ခွဲခြားရန် အသံနားထောင်ခြင်းဖြစ်သည်။

ယယ်ကျင်းမင်သည် သေနတ်သံအားကြားကာ ကျန်းရှောင်ယွီ၏ယေဘုယျနေရာကို ချက်ချင်းပစ်မှတ်ထားခဲ့သည်။ ထို့နောက်သူသည်ဘေးဘက်မှ လှည့်ပတ်နေခဲ့သည်။

သူတို့နှစ်ယောက်အနောက်တွင် ကြည့်နေသော ကစားသမားများမှာ လက်ချွေးပြန်နေခဲ့ကြသည်။

ဤကစားပွဲအခြေအနေမှာ လွန်စွာပြင်းထန်သည်။ ယယ်ကျင်းမင်သည် ကျန်းရှောင်ယွီ၏တည်နေရာအား အကြိမ်ပေါင်းများစွာ ရှာတွေ့လုနီးပါးဖြစ်ခဲ့သည်။ အမှတ်တစ်နေရာတွင် လူနှစ်ယောက်ကြားအကွာအဝေးမှာ လမ်းထောင့်တစ်ခုသာခြားကာ ယယ်ကျင်းမင်သည် သူလှည့်လိုက်သည်နှင့် ကျန်းရှောင်ယွီအား ဓားဖြင့်ထိုးနိုင်သည်။

ကျန်းရှောင်ယွီ၏ ဖျက်လတ်သော ပစ်ခြင်းပုံစံနှင့် အခြားတစ်နေရာသို့ ရွှေ့ပြောင်းသွားခုင်းတို့မှာ ရေနက်ထဲကငါးတစ်ကောင်ကဲ့သို့ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သူ့အားဖမ်းရန်ခက်ခဲသည်။

MSG မှာမူလက ရွေ့လျားတိုက်ပွဲအတွက် သင့်တော်သော ပေါ့ပါးသည့်စနိုက်ပါရိုင်ဖယ်သေနတ်ဖြစ်ခဲ့သည်။ ကျန်းရှောင်ယွီသည် ဤလက်နက်အား ကိုင်ဆောင်ကာ အဆောက်အဦးများကြား အမြန်ရွေ့လျားခဲ့သည်။ ဤမြေပုံပေါ်တွင် သေနတ်ပစ်မှတ်အရေအတွက်များစွာသည် သူ၏လုံခြုံမှုကိုစိတ်ချနိုင်သရွေ့ သူသည်ပုန်းကွယ်နေသည့်နေရာများအား အလွယ်တကူရှာဖွေနိုင်သည်ဟု ဆိုလိုသည်။

သူတို့နှစ်ယောက်မှာ အဆောက်အဦးများကြား တစ်ယောက်နောက်တစ်ယောက်လိုက်ကာ လျင်မြန်စွာ ရွေ့လျားခဲ့ကြသည်။ ပြင်းထန်သည့်တိုက်ပွဲမှာ ခုနစ်မိနစ်အတိရှိနေကာ မြေပုံသည် ယယ်ကျင်းမင်ဆီမှ မီးခိုးထူထူနှင့် ကျန်းရှောင်ယွီဆီမှ သေနတ်ရာများနှင့် ပြည့်နေခဲ့သည်။

အနောက်မှကြည့်နေသော လူသစ်များမှာ နတ်ဘုရား Wing ၏အပြုအမူများအား ပထမလူ၏နေရာမှကြည့်ပြီးနောက် ပို၍ပင် ထိတ်လန့်သွားခဲ့ကြသည်။

သူတို့သည် ကွန်ပျူတာပေါ်မှာပုံရိပ် အရူးအမူးလှုပ်ခါနေသည်ကိုသာ မြင်နိုင်သည်။ ၎င်းမှာ ရှစ်ဆအမြန်လုပ်ထားသော ရုပ်ရှင်ကဲ့သို့ လျင်မြန်စွာပြောင်းလဲနေခဲ့သည်။ ၎င်းသည် e-sports အခြေခံအတွက်သာမဟုတ်ခဲ့လျှင် သူတို့ဤအရာကိုကြည့်ရင်းနှင့် မူးနောက်နေလိမ့်မည်။

ရုတ်တရက် တိတ်ဆိတ်သွားပြီး အဝေးတစ်နေရာမှ မီးခိုးတိမ်ထူထူတစ်ခု တက်လာခဲ့သည်။

ယယ်ကျင်းမင်သည် ကျန်းရှောင်ယွီ၏တည်နေရာအား နောက်ဆုံးတွင် ပိတ်ထားနိုင်ခဲ့သည်။ သူသည်အကာအကွယ်အဖြစ် မီးခိုးဗုံးကိုသုံးကာ ကျန်းရှောင်ယွီတစ်ဝိုက် ပတ်နေခဲ့သည်။

သူတို့နှစ်ယောက်ကြားအကွာအဝေးမှာ မီတာ၅၀မျှသာရှိကာ ကျန်းရှောင်ယွီသည် ယွီမင်ကျန်း၏ ပစ္စတိုသေနတ်ကြောင့် ကျဆုံးမလိုဖြစ်နေခဲ့သည်။

သူသည်ရုတ်တရက် ခုန်လိုက်ကာ ကင်မရာအား ၁၈၀ဒီဂရီလှည့်လိုက်ချိန် နတ်ဘုရား Wing မှာ ယယ်ကျီကြောင့် သေသွားလိမ့်မည်ဟု လူတိုင်းထင်နေခဲ့သည်။ သူသည်မှန်ဘီလူးအားဖွင့်ကာ တစ်ချက်တည်းချိန်ပစ်လိုက်သည်။

စနစ်: [‘Casually’ သည် ‘Left Ye Zi’အား ခေါင်းသို့ပစ်သတ်ရန် the MSG-Aurora ကိုအသုံးပြုခဲ့သည်။]

ယယ်ကျင်းမင်: “………”

သူသည် စက္ကန့်ပိုင်းအနည်းငယ် နှေးကွေးနေသေးကာ ကျန်းရှောင်ယွီကြောင့် သေသေသပ်သပ် အသတ်ခံခဲ့ရသည်။

မုဆိုးတစ်ယောက်မှာ အဝေးမှပုန်းကာ သူ၏သားကောင်အား လှည့်ပတ်သွားနေသောကြောင့် အေးစက်စက်မျက်လုံးများနှင့် ကြည့်နေသကဲ့သို့ ခံစားခဲ့ရသည်။ သူမြင်၍လုံလောက်သွားသောအခါ သူသည်သူ၏သားကောင်အား ‌အသေသတ်ပစ်လိုက်သည်။

သူအချိန်အတော်ကြာ မခံစားခဲ့ရသော အေးစက်မှုမှာ သူ၏စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။ သူတို့သည် နှစ်ပေါင်းများစွာကြာ မမြင်ခဲ့ရသော်လည်း Wing မှာယခုထိ သန်မာလွန်းဆဲဖြစ်သည်။ ဤလူသည် မကောင်းဆိုးဝါးများလား။

ယယ်ကျင်းမင်၏ အမူအရာမှာ အကျည်းတန်နေကာ သူ၏အသံခပ်ဩဩမှာ အနည်းငယ်အလိုမကျမှုနှင့် ပြည့်နေခဲ့သည်။ “…ငါရှုံးပြီ”

ကျန်းရှောင်ယွီသည် သူ့အားအေးဆေးပြောလိုက်သည်။ “မင်းနေ့တိုင်းအိပ်နေပြီး လေ့ကျင့်ရေးကို ပစ်ထားတယ်လေ။ မင်းမရှုံးရင်တော့ ဒါထူးဆန်းတာပဲ”

ယယ်ကျင်းမင်: “……”

အစ်ကိုကြီးရယ် ကျွန်တော် ကိုယ့်ကိုယ်ကိုသုံးသပ်မှုသွားရေးပါ့မယ်။ ကျွန်တော့်ကို အပြစ်တင်တာရပ်ပေးနိုင်မလား။ ကျွန်တော့်မှာအရှက်လည်းမရှိတော့ဘူး T_T

ယယ်ကျင်းမင်သည် ခေါင်းငိုက်စိုက်ကျကာ သူ၏နေရာမှ ထွက်သွားခဲ့သည်။

ကျန်းရှောင်ယွီသည် မေးလိုက်သည်။ “နောက်တစ်ယောက် ဘယ်သူလဲ”

မည်သူမျှ မတုံ့ပြန်ရဲပေ။ မနေ့က အနိုင်ကျင့်ခံခဲ့‌ရသည့် ဆယ်ကျော်သက်အုပ်စုမှာ မသိမသာ ခြေတစ်လှမ်းဆုတ်ခဲ့သည်။

ကျန်းရှောင်ယွီသည် သူ၏ခေါင်းကိုလှည့်ကာ လောင်လင်း၏အနောက်တွင်ပုန်းနေသော လက်ထောက်အား ကြည့်လိုက်သည်။ “ရှောင်ကျိုး၊ မင်းလာခဲ့”

ကျိုးယီရန်ဟု အမည်ရသူမှာ တောင့်တင်းသွားခဲ့သည်။ ထို့နောက်သူသည် နှေးကွေးစွာလျှောက်လှမ်းသွားကာ ယယ်ကျင်းမင်ထိုင်နေသော‌ နေရာတွင်ထိုင်ချခဲ့သည်။

ကျိုးယီရန်ပြိုင်ပွဲအတွက် အသုံးပြုခဲ့သော မှတ်ပုံတင်မှာ ‘AK Zhou’ဖြစ်ကာ သူ၏နာမည်ပြောင်မှာ ရှောင်ကျိုးဖြစ်သည်။ သူသည် ACE ၏ချေမှုန်းသူအဟောင်းဖြစ်ကာ သူ၏အကောင်းဆုံးလက်နက်မှာ the AK series assault rifleဖြစ်သည်။

ကျိုးယီရန်သည် ချောမောကာ ပညာတတ်သည်။ သူသည်အမြဲညင်သာစွာပြုံးနေသောကြောင့် သူသည် ပရိသတ်များကြား ‘မင်းသား AK’ဟု လူသိများကြသည်။

သူ၏လက်ထဲရှိ AK-47 ချေမှုန်းရိုင်ဖယ်သေနတ်မှာ အလွန်ကောင်းသည်။ ၎င်းသည် အလယ်အလတ်အကွာအဝေး မီးစွမ်းအင်ဖိနှိပ်ခြင်း သို့မဟုတ် ပျောက်ကျားစစ်ဆင်ရေးတွင် မြန်ဆန်သည့်ပေါက်ကွဲမှုပစ်ခတ်ခြင်းနှင့် မဆိုင်ပေ။ ကျိုးယီရန်၏လက်စွမ်း ပစ်ခတ်နှုန်းမှာ လိဂ်၏ထိပ်တန်းသုံးယောက်ချေမှုန်းသူများထဲတွင် ခိုင်မာစွာနေရာယူထားရာ သူ၏ပြိုင်ပွဲများတွင် အမှားလုပ်နှုန်းမှာ လွန်စွာနိမ့်လွန်းသည်။ ယ

ACE အဖွဲ့ကာလအတွင်း အနည်းဆုံးအဆူခံရသူမှာ ရှောင်ကျိုးဖြစ်သည်။ ‌ကျိုးယီရန်သည် အရည်အချင်းရှိကာ ကြိုးစားသည်။ သူသည်ကစားပွဲများတွင် အဓိကအမှားမျိုး မကျူးလွန်ခဲ့ပေ။ ကျန်းရှောင်ယွီသည် သူ့အားအပြစ်မတင်နိုင်ဘဲ တစ်ယောက်တည်းလုံးဝမဆူခဲ့ပေ။

ထိုသို့ပင်ဆိုစေကာမူ ကျိုးယီရန်သည် သူ၏ခေါင်းဆောင်အား အလွန်ကြောက်သည်။ ၎င်းသည် ဆယ်ကျော်သက်အနေနှင့် သူ၏အိပ်မက်ဆိုးဖြစ်နေခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ဂိမ်းအားဖျက်ပစ်ချင်သည်အထိ အနိုင်ကျင့်ခံရသည့်စိတ်မှာ သူ၏စိတ်ထဲ စွဲမြဲနေခဲ့သည်။

သူ၏အသင်းဖော်ဟောင်းအားလုံးမှာ ဤမကောင်းဆိုးဝါးကြီးအား ရင်ဆိုင်ရသောအခါ တည်တံ့သွားခဲ့ကြသည်။

ကစားပွဲမြေပုံမှာ Skyscraperဖြစ်နေဆဲပင်။ ကျိုးယီရန်သည် အသက်ပြင်းပြင်းရှူကာ သူ၏အကောင့် ‘Xiao Xiao Zhou’ထဲဝင်ပြီး လက်နက်များအမြန်ပြောင်းလိုက်သည်။

သူ၏အဓိကလက်နက်မှာ သူအကျွမ်းကျင်ဆုံးဖြစ်သည့် AK-47-Thousand Changes ဖြစ်သည်။ သူ၏ဒုတိယလက်နက်မှာ AK-12-Dark Nightဖြစ်ကာ လက်ပစ်ဗုံးများသည် သူ၏နောက်ဆုံးအကန့်တွင် နေရာယူခဲ့သည်။

သူသည် AK series ချေမှုန်းရိုင်ဖယ်နှစ်ခုနှင့် လက်ပစ်ဗုံးများအား ယူလာခဲ့သည်။ ဤပုံစံမှာပြင်းထန်ကာ ကြမ်းတမ်းသောကြောင့် သူသည်ကျန်းရှောင်ယွီနှင့်တိုက်ခိုက်ရန် ကြံစည်နေသည်မှာ သိသာလှသည်။

ကျန်းရှောင်ယွီသည် မျက်ခုံးပင့်လိုက်ကာ အဆင်သင့်ဖြစ်သည့်ခလုတ်ကို နှိပ်ခဲ့သည်။

ဂိမ်းပွဲစတင်ခဲ့ကာ သူတို့နှစ်ယောက်မှာ အဆောက်အဦးအရှုပ်‌အထွေးထဲသို့ အမြန်တိုးဝင်သွားခဲ့သည်။

ကျိုးယီရန်သည် ကျန်းရှောင်ယွီအား တတ်နိုင်သမျှအမြန်သတ်ရန် Zပုံသဏ္ဍာန် အရှေ့အနောက်ရွေ့လျားနေခဲ့သည်။ သူ၏နားထဲ ကျယ်လောင်သောသေနတ်သံများ မကြားခင် သိပ်မကြာခဲ့ပေ။

[’Xiao Xiao Zhou’ သည် ‘Casually’ AK-47-Thousand Changesဖြင့် ပစ်ခဲ့သည်။]

[’Casually’ သည် ‘Xiao Xiao Zhou’ အား MSG-Auroraဖြင့် ပစ်ခဲ့သည်။]

သေနတ်သံများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ ပစ်ခတ်ခြင်းနှင့်ပတ်သက်သည့် အချက်အလက်များမှာ ဖန်သားပြင်ပေါ် ဆက်တိုက်တက်လာခဲ့ကာ စောင့်ကြည့်သူများမှာ စိတ်လှုပ်ရှားစွာနှင့် အသက်အောင့်ထားခဲ့ကြသည်။

ဤသည်မှာ ဆရာများကြား သေနတ်တိုက်ပွဲအစစ်အမှန်ဖြစ်သည်။ ၎င်းသည် ချေမှုန်းသူနှင့် သေနတ်ပစ်သမားကြား သွေးထွက်သံယိုစိတ်လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ၎င်းသည် ကြမ်းတမ်းသည့်စစ်သည်နှင့် အားပြင်းသောပစ်ခတ်သမားဖြစ်သည်။

သူတို့နှစ်ယောက်ကြားအကွာအဝေး ကျဉ်းမြောင်းလာကာ လှုပ်ရှားခြင်းထိန်းချုပ်မှုနှင့် အသံပါဝင်မှုမှာ စာသင်ကြားသည့်ဌာနနှင့်တူအောင် ပြုလုပ်ထားသော အံ့ဩဖွယ်စွမ်းရည်များဖြစ်သည်။

လူသစ်များမှာ ဖန်သားပြင်အား မျက်လုံးပြူးပြူးစိုက်ကြည့်နေပြီး သူတို့သည် စက္ကန့်ပိုင်းပင်လွဲချော်သွားမည်ကို ကြောက်နေကြသည်။

ရှောင်ကျိုးသည် ACE တွင်ကျန်းရှောင်ယွီ အသိအမှတ်အပြုဆုံးကစားသမားဖြစ်ရန် ထိုက်တန်သည်။ သူ၏ပြိုင်ပွဲဝငါအတွေ့အကြုံနှစ်များစွာနှင့် သူ၏တည်ငြိမ်သည့် စိတ်ပိုင်းဆိုင်ရာအခြေအနေမှာ သူသည် ကျန်းရှောင်ယွီနှင့်လတစ်ယောက်ချင်း ယှဉ်ပြိုင်နေသည့်အခါ လက်ရွေးစင်အဖွဲ့ဝင်များကဲ့သို့ ထိုက်တန်အောင်ကစားခဲ့သည်ဟုဆိုလိုသည်။

လက်ရွေးစင်အသင်းထဲရှိ လူတိုင်းမှာ အသုံးမဝင်ဘဲ မယှဉ်ပြိုင်ချင်ကြသည့်ပုံမပေါ်ပေ။

ကျန်းရှောင်ယွီသည် အမြန်ခုန်လိုက်ကာ အဟန့်အတားအား ဖြတ်သန်းရင်း အနည်းငယ်ပြုံးလိုက်သည်။

ကျိုးယီရန် ပစ်လိုက်သည်။ AK‌ ချေမှုန်းရိုင်ဖယ်၏ ပြင်းထန်သောမီးစွမ်းအင်မှာ ကျန်းရှောင်ယွီအနောက်သို့ မီးတောက်သဖွယ် လိုက်နေခဲ့သည်။ ကျည်ဆန်များမှာ မိုးသီးကဲ့သို့ ပြေးထွက်နေကာ ကျန်းရှောင်ယွီ၏အနောက်တွင် အနက်ရောင်မီးခိုးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နူးညံ့ညင်သာပုံပေါ်သော ကျိုးယီရန်မှာ ကစားပွဲထဲတွင် အလွန်တည်ငြိမ်ကာ ကြမ်းတမ်းလှသည်။ သူသည်ချေမှုန်းသူ၏ နီးကပ်သောတိုက်ပွဲဝင်စွမ်းရည်၏ ကောင်းကျိုးများအား အဆုံးအထိအသုံးပြုခဲ့သည်။

ကျန်းရှောင်ယွီတွင် အသက်30%သာကျန်တော့သည်။ ကျိုးယီရန်သည် ကျည်ဆန်ကြောင့် ပခုံးထိသွားကာ သူ၏အသက်တစ်ဝက်သာကျန်တော့သည်။

သူတို့နှစ်ယောက်အချင်းချင်းတိုက်နေသည့်မြင်ကွင်းမှာ အသင်းသားများ၏သွေးများအားဆူစေခဲ့သည်။ သူတို့အားလုံးသည် ကျိုးယီရန်မှာ နတ်ဘုရားယွီအား သတ်နိုင်သည်ဟုထင်ခဲ့သည်။ သို့သော်လည်း ရလဒ်မှာ…

ခေါင်းဆောင်မှာ ခေါင်းဆောင်ဖြစ်နေဆဲပင်။

စနစ်: [‘Casually’ သည် MSG-Auroraအား ’Xiao Xiao Zhou’ အား ခေါင်းသို့ပစ်သတ်ရန် အသုံးပြုခဲ့သည်။]

ကျန်းရှောင်ယွီသည် ပြီးပြည့်စုံသော အခွင့်အရေးကို ရှာတွေ့ခဲ့သည်။

သူသည် ကျိုးယီရန်မြင်ကွင်း၏ မမြင်ရသောနေရာတွင် ပုန်းနေခဲ့ကာ အခက်အခဲတစ်ခုကျောါဖြတ်ပြီးနောက် ဘေးဘက်ပေါ်ရှိ သေနတ်ပစ်အမှတ်မှ ချက်ချင်းချုံခိုတိုက်ခိုက်ခဲ့သည်။ ကျိုးယီရန်ဘေးမှ လှည့်ပတ်နေချိန် သူသည်မှန်ဘီလူးကိုဖွင့်ကာ ပစ်ခဲ့သည်။

တစ်ချက်တည်းပစ်သတ်ခြင်း

အစ်ကိုကျိုးလည်း ရှုံးသွားတာပဲလား။ အစ်ကိုကျိုးက ဒီကမ္ဘာ့စီးရီးမှာ အကောင်းဆုံးစွမ်းဆောင်ခဲ့တဲ့သူပဲလေ။

ချွေးများသည်ဆယ်ကျော်သက်များ၏ နှဖူး‌များပေါ်တွင် ပေါ်လာခဲ့သည်။

ကျိုးယီရန်သည် ကီးဘုတ်ပေါ်မှ သူ၏လက်များဖယ်ရှားရင်း သက်တောင့်သက်သာနှင့် ပြုံးကာပြောလိုက်သည်။ “ကျွန်တော်အစ်ကို့ကို မနိုင်နိုင်သေးဘူး”

ကျန်းရှောင်ယွီမှာပြောလိုက်သည်။ “ဒါကသေနတ်အပြည့်ပစ်နိုင်တဲ့ မြေပုံလေ။ မြေပုံပြောင်းလိုက်ရင် ဖြစ်နိုင်တယ်”

ဤသည်မှာ စကားပြောကြမ်းသည့်နည်းပြမှ ကစားသမားတစ်ယောက်အား အကြီးဆုံးအသိအမှတ်ပြုခြင်း ဖြစ်ခဲ့ပြီးဖြစ်သည်။

ကျိုးယီရန်သည် မတ်တပ်ရပ်ကာ လောင်လင်းနှင့် ယယ်ကျီဘေူ လျှောက်သွားခဲ့သည်။

ယယ်ကျင်းမင်သည် သူ၏ပခုံးအားပုတ်ကာ တီးတိုးပြောလိုက်သည်။ “ရှုံးလည်းဘာမှမဖြစ်ဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တဲ့စာရေးစရာမလိုဘူးပေါ့”

ကျိုးယီရန်သည် ပြောလိုက်သည်။ “သူကမင်းကို သုံးသပ်စာရေးခိုင်းပေမယ့် မင်းကအခုထိ ကိုယ့်ကိုယ်ကို မသိသေးဘူးလား”

ယယ်ကျင်းမင်: “……”

ကျန်းရှောင်ယွီ၏ အကြည့်မှာအဖွဲ့အား ကြည့်နေခဲ့သည်။ “နောက်တစ်ယောက် ဘယ်သူလဲ”

အဖွဲ့မှာ အတန်းထဲမှ ဆရာမက မေးခွန်းမေးနေသကဲ့သို့ သူတို့၏ခေါင်းများအား ငုံ့ထားခဲ့သည်။ သူတို့သည် တိတ်တဆိတ် ‘ငါ့ကိုမခေါ်နဲ့၊ ငါ့ကိုမခေါ်နဲ့’ဟု တွေးနေကြသည်။

အသက်ကြီးနေသော လင်းမှာ တွေးလိုက်သည်။ ‘ငါသွားသင့်လား’

မည်သို့ပင်ဆိုစေကာမူ ယယ်ကျီနှင့်ရှောင်ကျိုးနှစ်ယောက်လုံးမှာ ရှုံးသွားခဲ့သည်။ သူတို့၏အရင်ကခေါင်းဆောင်အား ရှုံးခြင်းနှင့်ပတ်သက်၍ ရှက်စရာမရှိပေ။

ကျန်းရှောင်ယွီ၏အကြည့်မှာ အနောက်သို့ဆုတ်သွားသောအဖွဲ့တွင်ရပ်သွားစဉ် သူသည်အရှေ့တိုး၍ စကားပြောတော့မလိုဖြစ်သည်။ သူဩ်ပေါ့ပေါ့ပါးပါးခေါ်လိုက်သည်။ “ဘူးသီးလေးများအဖွဲ့‌ရော ဘယ်လိုလဲ။ အကြီးဆုံးကလေးအရင်ထွက်လာရင်ရော ဘယ်လိုလဲ”

ဆယ်ကျော်သက်များ ငါးယောက်: “……”

လောင်လင်း၊ယယ်ကျီနှင့် ရှောင်ကျိုးတို့မှာ ဇဝေဇဝါဖြစ်နေစဉ် ဒုဥက္ကဌကျွီနှင့် အစ်မယွီတို့မှာလည်း အကြည့်ချင်းဖလှယ်နေခဲ့ကြသည်။

ဒုဥက္ကဌကျွီသည် အသံတိုးတိုးနှင့်မေးလိုက်သည်။ “ဘူးသီးလေးများအဖွဲ့က ဘာလဲ”

ယယ်ကျင်းမင်သည် ငိုရမလား ရယ်ရမလားမသိပေ။ “ငါလည်းမသိဘူး။ အားယွီရဲ့အကြည့်အရ ရှောင်မိုကိုခေါ်လိုက်တဲ့ပုံများလား”

ယယ်ကျီသည် ပြုံးကာ စနောက်လိုက်သည်။ “ရှောင်မိုကတော့ ဒီသခင်ကိုရန်စခဲ့တဲ့ပုံပဲ”

အခြားသူများ စိတ်ရှုပ်ထွေးကာ ပွဲကြီးပွဲကောင်းကြည့်နေစဉ် မိုဟန်တျန်းမှာ ရှက်ရှက်နှင့်လျှောက်လာခဲ့သည်။ သူသည်ယနေ့ကဲ့သို့ တစ်ခါမျှ အရှက်မရခဲ့ဖူးပေ။ သူ၏ကြိုက်နှစ်သက်သည့်လူအား လက်မှတ်တောင်းရန် မေ့ပစ်လိုက်ပြီ။ ဤအခိုက်အတန့်တွင်သူသည် မြေကြီးထဲတွင်းတူးကာ မိမိကိုယ်ကို မြုပ်ထားချင်တော့သည်။

သူသည် ဘူးသီးလေးများအဖွဲ့၏ အကြီးဆုံးကလေးမဟုတ်ပါလား။ သူသည်ဤအရာဖြစ်စေသူမဟုတ်ပါလား။ သူသည်ကစားပွဲတွင် ဆရာနှင့်တွေ့ကာရှုံးသွားပါက ရှုံးပါစေ။ သူသည်ရန်သူအား အနိုင်ကျင့်ရန် အဖွဲ့လိုက်ကို မိုက်မဲစွာခေါ်ခဲ့သည်။ ရလဒ်အနေနှင့် သူတို့မှာအနိုင်ကျင့်ခံရသူဖြစ်ကာ တစ်ယောက်ပြီးတစ်ယောက် အပို့ခံခဲ့ရသည်။ .

ကျန်းရှောင်ယွီသည် သူခေါင်းငုံ့၍လျှောက်လာသည်ကို မြင်ကာ မေးခဲ့သည်။ “မင်းကိုယ်တိုင်ငါ့ကိုကြည့်လိုက်ပြီ။ ငါခိုးတယ်လို့ သံသယဝင်တုန်းပဲလား”

မိုဟန်တျန်းမှာ ငိုတော့မလိုဖြစ်ကာ တုန်လှုပ်နေသည့်အသံနှင့် ပြန်‌ဖြေလိုက်သည်။ “မ-မဟုတ်ပါဘူး။ ကျွန်တော်သံသယမဝင်ပါဘူး”

ကျန်းရှောင်ယွီသည် ညွှန်ကြားခဲ့သည်။ “ထိုင်တော့။ Skyscraperက သေနတ်အပြည့်ပစ်လို့ရတဲ့မြေပုံပဲ။ မင်းက လက်ရွေးစင်အသင်းရဲ့ သေနတ်ပစ်သမားလေ။ မင်းဘယ်လိုကစားမလဲကြည့်ကြတာပေါ့”

ရှီရှောင်ဘင်း၊ ရှားလီနှင့်အခြားသူများမှာ မိုဟန်တျန်းအတွက် သူတို့၏စိတ်ထဲ၌ ဖယောင်းတိုင်မီးထွန်းကာ ဆုတောင်းပေးနေခဲ့ကြသည်။

သူတို့သည်လည်း သူတို့ကိုယ်သူတို့အတွက် ဆုတောင်းနေခဲ့ကြသည်။

ဘူးသီးလေးများအဖွဲ့: သေဆုံး။

နောက်တစ်နှစ်တွင် ဤနေ့သည် သူတို့၏ အောက်မေ့သတိရဖွယ်‌နေ့ ဖြစ်နေလိမ့်မည်လား။

GMC
Author: GMC
Private: ရွှေအဆင့်နည်းပြ

Private: ရွှေအဆင့်နည်းပြ

GMC, Our Omega Coach is Gold-Class, 金牌教练(电竞)
Score 9
Status: Ongoing Type: Author: , Artist: , Released: 2022 Native Language: Chinese
အညွှန်း တရုတ်ပြည်နယ်တွင် သေနတ်ဘုရင်အတွက် ပရိုလိဂ်‌တွင် ပါဝင်ခဲ့သော Wing ဟုအမည်ရသည့် ဂန္တဝင်ကစားသမားတစ်ဦး ရှိခဲ့သည်။ သူသည် သေစေလောက်သော တိကျသေချာမှုနှင့် ယုံကြည်ချက်အပြည့်ဖြင့် သူ၏ရိုက်ချက်များဆီသို့ ကျရောက်ခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် အသေးစားလိဂ်ရှိ အဆင့်နိမ့်အသင်းတစ်သင်းမှာ မေဂျာလိဂ်သို့ တက်ရောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် နှစ်စဉ်ချန်ပီယံဆုအား ဆွတ်ခူးခဲ့ပြီး သမိုင်းတစ်လျှောက် အသန်မာဆုံးမြင်းနက်တစ်ကောင် ဖြစ်လာခဲ့သည်။ သို့သော် Wingမှာ ချန်ပီယံဆုအားရယူပြီးနောက် အနားယူလိုက်ကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။ အင်တာနက် သုံးစွဲသူများစွာမှာ သူ၏အနားယူခြင်းအတွက် အကြောင်းပြချက်များအပေါ် ထင်ကြေးပေးခဲ့ကြသည်။ သူသည် “ဖယ်ရိုမုန်းရောဂါ”အား ခံစားနေရသော အိုမီဂါတစ်ဦးဖြစ်နေသည်ကို မည်သူမျှမသိခဲ့ပေ။ ငါးနှစ်ကြာပြီးနောက် တရုတ်လက်ရွေးစင်အသင်းသည် သေနတ်ဘုရင်ကမ္ဘာ့ချန်ပီယံရှစ် ပထမအဆင့်တွင် ပြုတ်သွားခဲ့သည်။ နိုင်ငံအသင်းနည်းပြမှာ ဖိအားများအောက် ချက်ချင်းနှုတ်ထွက်ခဲ့သည်။ အကျပ်အတည်းကာလတွင် Wingဟု တစ်ချိန်က လူသိများခဲ့သော ကျန်းရှောင်ယွီသည် တရုတ်နိုင်ငံသို့ ပြန်လာပြီး နိုင်ငံအသင်းနည်းပြ ရာထူးကို အပ်နှင်းခံရသည်။ လက်ရွေးစင်အသင်းမှာ တစ်ဦးနှင့်တစ်ဦး လုံးဝမသင့်မြတ်သော ကစားသမားကောင်းများနှင့် ဆိုးသောကစားသမားများတို့ဖြင့် ရောနှောနေခဲ့သည်။ အထူးသဖြင့် တွေ့ဆုံသည့်အခိုက်အတန့်၌ စကားများရန်ဖြစ်သည့် အယ်လ်ဖာများအတွက် အထူးမှန်ကန်သည်။ လက်ထောက်မှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။ “ဒီဘုရင်တွေကို ဘယ်လိုမှ ထိန်းလို့မရဘူး” ကျန်းရှောင်ယွီ: “ရတယ်။ သူတို့လေ့ကျင့်ဖို့ကို ငါ့လက်ထဲသာအပ်လိုက်” ထို့ကြောင့် နည်းပြကျန်းသည် သူ၏ဆိုးရွားစွာပြောတတ်သည့်ပုံစံကို စတင်ခဲ့သည်။ “ဒါကလက်ရွေးစင်အသင်းမှာရှိတဲ့ ကစားသမားတစ်ယောက်ရဲ့အဆင့်အတန်းလား” “မင်းတို့နဲ့ကစားဖို့ ဇာတ်ညွှန်းတွေတောင် လိုသေးရဲ့လား။ ပေါ့ပေါ့ပါးပါးဆော့ရင်တောင် ငါမင်းတို့ကိုနိုင်နိုင်တယ်” “မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးနေတာလား။ တစ်ယောက်ပြီးတစ်ယောက် အလကားသေပေးနေကြတာလား” “မင်းတို့အခြားသူတွေကိုမနိုင်နိုင်ရင်လည်း ဂိမ်းကိုသာဖျက်လိုက်တော့” အခြားသူများအား လေ့ကျင့်ပေးသောအခါ ဘယ်သောအခါမှ ကျိန်ဆိုလေ့မရှိတတ်သော စကားပြောချိုသာသည့် နည်းပြကျန်းသည် သူတို့၏စိတ်အခြေအနေများ မပြိုလဲမချင်း တစ်သင်းလုံးကို ဆူပူခဲ့သည်။ ဤသည်မှာ သူတို့သည် နည်းပြကျန်းမှ သူ့ကိုယ်သူအိုမီဂါတားဆေးများ တိတ်တဆိတ်ထိုးသွင်းနေသည့်မြင်ကွင်းအား မြင်တွေ့ခဲ့သည့်တစ်နေ့မတိုင်ခင်အထိပင်ဖြစ်သည်။ အားလုံးမှာ တစ်စုတစ်စည်းထဲ မှင်တက်သွားခဲ့သည်။ “အဲ့ဒီကြမ်းတမ်းပြီး ရက်စက်တဲ့နည်းပြက တကယ့်ကို အိုမီဂါလား” “သူက အိုမီဂါဆိုရင်တောင် အသင်းလိုက် တိုက်ရင်တောင် အနိုင်ယူလို့ မရနိုင်တဲ့ သူဌေးမျိုးပဲ” ဂိမ်းနတ်ဘုရား: “အကူအညီ‌ တောင်းချင်လို့ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့ စာစီစာကုံး စာလုံးရေ 1000ကို ဘယ်လိုရေးရမလဲ” ကျော်ကြားသည့် တိုက်ရိုက်ထုတ်လွှင့်သူ: “ဒီနေ့ ကျွန်တော် တိုက်ရိုက်မလွှင့်ဘူး။ နံရံကိုပဲ မျက်နှာမူနေပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်မယ်” အပျော်တမ်းဘုရင်တစ်ပါး: “ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။ ငါ ဘာလို့ ဂိမ်းတွေကို ကစားနေရတာလဲ။ ငါ့ဘဝကို တကယ် သံသယဖြစ်မိတယ်” အယ်လ်ဖာလူငယ်: “အိုမီဂါဆီက မျက်ရည်ကျရလောက်အောင် အဆူခံရတဲ့အတွေ့အကြုံက ဘာလဲ။ ငါတို့ ပိုငိုလေလေ ပိုပြီးနေသားကျလေလေပဲ” အင်တာနက်သုံးစွဲသူများ: “???” ဘာလို့ ဒီနှစ်လက်ရွေးစင်အသင်းက အဆင်မပြေ ဖြစ်နေရတာလဲ။ +++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset