GMC အပိုင်း ၁‌၂

Chapter 12: နည်းပြအသစ်

ကားတစ်စီးသည် e-sports လိဂ်၏ဌာနချုပ်များဆီသို့ လျင်မြန်စွာ မောင်းနှင်သွားခဲ့သည်။ကျွီဟန်သည် ကျန်းရှောင်ယွီနှင့် အခန်းတံခါးရိုတွန်းဖွင့်လိုက်ကာ ပြုံးပြခဲ့သည်။ “‌ဆရာတို့ အကြာကြီးစောင့်ခိုင်းမိလို့ တောင်းပန်ပါတယ်။ ဒါကကျွန်တော်ပြောဖူးတဲ့ ကျန်းရှောင်ယွီပါ။ အားယွီ၊ ဒါက e-sports လိဂ်ရဲ့ ဥက္ကဌလီနဲ့ ဥက္ကဌကျန်းပါ”

ကျန်းရှောင်ယွီသည် ရှေ့သို့ယဉ်ကျေးစွာ တိုးလာကာ ခေါင်းဆောင်များနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။

ဥက္ကဌကျန်းသည် အသက်၄၀အရွယ် လူလတ်ပိုင်းတစ်ယောက်ဖြစ်သည်။ သူသည် အမြဲပြုံးနေကာ စကားပြောရအဆင်ပြေမည့်ပုံပေါ်သည်။သူသည် ကျန်းရှောင်ယွီအား ထိုင်ခိုင်းကာ စိတ်အားထက်သန်စွာ ပြောခဲ့သည်။ “ACE အဖွဲ့ရဲ့ Wing ဟုတ်တယ်မလား။ ငါရှောင်ကျွီမင်းအကြောင်းပြောတာကြားဖူးတယ်။ ဒါကအရမ်းမိုက်တာပဲ။ ငါကအထူးတလည်ဘာမှမရှိဘဲ ဂိမ်းတွေနဲ့ပတ်သက်ပြီးလည်း ဘာမှမသိဘူး။ ငါတို့မင်းကို သေနတ်ဘုရင်ရဲ့လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်ဖို့ဆုံးဖြတ်လိုက်တာကြောင့် ငါတို့ မင်းကို လက်ရွေးစင်အသင်းကို ယုံကြည်ချက်ရှိရှိ လွှဲပေးလိုက်မယ်”

ကျန်းရှောင်ယွီသည် ခေါင်းငြိမ့်လိုက်သည်။ “လက်ခံပေးလို့ ကျေးဇူးပါ ဥက္ကဌ။ ကျွန်တော် လက်ရွေးစင်အသင်းကို ဦးဆောင်ဖို့ အစွမ်းကုန် ကြိုးစားမှာပါ”

အစပိုင်း၌ ခေါင်းဆောင်များမှာ သူတို့အား ကျွီဟန်ပြောပြသော ဂန္တဝင်ပုံပြင်မှာ ဇာတ်လမ်းအားချဲ့ကားရန် အသေးစိတ်ထပ်ထည့်နေခြင်းသာဖြစ်သည်ဟု ခံစားမိခဲ့သည်။ သူသည် e-sports ကစားသမားမျှသာဖြစ်သည်။ သူသည်ချန်ပီယံရှစ်ဖလားအားအနိုင်ရရန် သူ၏အသင်းအားဦးဆောင်နိုင်လျှင်ပင် သူ့တွင် လက်ရွေးစင်အသင်းအား ထိန်းချုပ်နိုင်စွမ်းရှိမည်လား။

ထို့နောက် လူအားကိုယ်တိုင်တွေ့ဆုံပြီးနောက် လူတိုင်း၏အတွေးများ ပြောင်းလဲသွားခဲ့သည်။

ဤကျန်းရှောင်ယွီသည် တည်ငြိမ်လွန်းသည်။ သူသည် လမ်းလျှောက်စက်ရုပ်ကဲ့သို့ တည်ငြိမ်လှသည်။ ဤသည်မှာအလွန်ခေါင်းမာသော အားကောင်းသည့်လူတစ်ယောက်ဖြစ်ပုံပေါ်သည်။

သူ၏နောက်တွင် ဥက္ကဌလီသည် ပြုံးခဲ့သည်။ “နည်းပြကျန်း၊ ကျွန်တော်တို့ဆွေးနွေးပွဲလုပ်ပြီး မင်းပြောတဲ့အချက်တွေကို အလေးအနက် ဆွေးနွေးခဲ့တယ်။ ခင်ဗျား အဖွဲ့ဝင်ရွေးချယ်တာ၊ နေ့စဉ်တာဝန်နဲ့ ပြိုင်ပွဲစီစဉ်မှုတွေအတွက် အပြည့်အဝ တာဝန်ယူနိုင်ပါတယ်။ လစာအနေနဲ့…ရိုးရိုးသားသား‌ ပြောရရင် ကျွန်တော်တို့မှာ ငွေကြေးကန့်သတ်မှုရှိနေတယ်။ ဆယ်သန်းလောက်ဆို ဘယ်လိုထင်လဲ။ နည်းပြတစ်ယောက်အတွက် ကန့်သတ်ထားတဲ့ ငွေကြေးက ဒီပမာဏလောက်ပဲရောက်နိုင်တယ်”

ကျန်းရှောင်ယွီသည် သူတို့အားတည်ငြိမ်စွာပြောလိုက်သည်။ “ကျွန်တော် လစာမလိုဘူး။ ကျွန်တော့်အစားအသောက်၊ နေစရာနဲ့ သွားလာဖို့ပဲလိုတာပါ”

ရှိနေသည့်လူများမှာ ကြောင်သွားကာ သူတို့နားကြားမှားခဲ့သလားဟု တွေးခဲ့သည်။

ဥက္ကဌလီသည် သူ့အား မယုံကြည်နိုင်သောကြောင့် စိုက်ကြည့်ခဲ့သည်။ “လ-လစာမယူဘူးလား”

“ဒါက အလုပ်လုပ်ဖို့ တရုတ်ကိုပြန်လာတဲ့ ကျွန်တော့်ရဲ့ လုပ်အားပေး ဆုံးဖြတ်ချက်ပါ။ နောက်ပြီး ကျွန်တော့်မှာ အသင်းကို တရားဝင်နည်းပြတာနဲ့ပတ်သက်လို့ အတွေ့အကြုံမရှိပါဘူး။ ကျွန်တော်ဘာရလဒ်မှမရရင် လခအနေနဲ့အဲ့လောက်ပိုက်ဆံယူဖို့ အရမ်းရှက်မိပါလိမ့်မယ်။ လက်ရွေးစင်အသက်းက ကမ္ဘာ့စီးရီးမှာ ဆုမရသေးသရွေ့ လစာအနေနဲ့ ကျွန်တော်ဘာမှ လက်မခံဘူး”

ကျန်းရှောင်ယွီ၏ သဘောထားမှာ လေးနက်နေခဲ့သည်။ “ကျွန်တော်တို့ဆုရတဲ့အခါ ဘောနပ်စ်အနေနဲ့ ကျွန်တော်နဲ့ထိုက်တန်တာကို ပေးနိုင်ပါတယ်။ အဲ့ကျကျွန်တော့်အတွက်ပိုအဆင်ပြေပါလိမ့်မယ်”

ဥက္ကဌကျန်းသည် အံ့ဩမှုကြောင့် မျက်ခုံးပင့်သွားခဲ့သည်။ “ဆုယူမှာလား။ ခင်ဗျားအရမ်းယုံကြည်မှုရှိလား”

ကျန်းရှောင်ယွီသည် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်။ ကျွန်တော်သာလျှင် ရွေးချယ်ပြီး အသင်းကိုဦးဆောင်မှာမို့ ရလဒ်တွေရနိုင်မယ်လို့ ကျွန်တော်ယုံကြည်မှုရှိတယ်။ နောက်နှစ် ဗိုလ်လုပွဲတက်ပြီး ဆုယူလာခဲ့မယ်။ ကျွန်တော်မှတ်မိတာမှန်တယ်ဆိုရင် လက်ရွေးစင်အသင်းက ကမ္ဘာ့စီးရီးမှာ ‌အခုထိဆုမရသေးဘူး။ ကျွန်တော်တို့ တတ်နိုင်သမျှ ‘ဆုရတဲ့‌ အောင်မြင်မှု’ ကိုရယူမယ်”

ခေါင်းဆောင်များမှာ အချင်းချင်းစိုက်ကြည့်လိုက်ကာ ပျော်သွားခဲ့ကြသည်။

လက်ရွေးစင်အသင်းမှာ ကမ္ဘာ့စီးရီးတွင် ဆုတစ်ဆုမှမရ‌သေးသည်မှာ မှန်သည်။ သူတို့သည် ဤ ‘ဆုရသည့်အောင်မြင်မှု’အား နှစ်ပေါင်းများစွာကြာ စောင့်မျှော်နေခဲ့သည်။

ဤလူသည် အာမခံသည့်စာတစ်စောင် ထုတ်ပြန်ရဲသည်။ သူသည်ကြွားဝါခြင်း သို့မဟုတ် အမှန်တကယ် တတ်နိုင်သောကြောင့် မဆိုင်ပေ။ ဤသတ္တိတစ်ခုတည်းသည် ရှားပါးသည်။ နောက်ဆုံးလက်ရွေးစင်အသင်းမှာ အကြိုဗိုလ်လုပွဲသို့ပင် မရောက်သွားခဲ့ပေ။ ဤကဲ့သို့အသင်းအတွက် ဆုရရန်မလွယ်ကူလှပေ။ သူသည်အလွန်ယုံကြည်မှုရှိနေခဲ့သည်။ သူသည်အခြားမြင်းနက်အသင်းတစ်ခု ယူလာနိုင်မည်ဟုကြည့်ရန် သူ့အားကြိုးစားခွင့်ပြုမည်။

သူတို့သည် အကြည့်ချင်းဖလှယ်ကာ ကျန်းရှောင်ယွီ၏အခြေအနေများအား ပျော်ရွှင်စွာသဘောတူခဲ့ကြသည်။

သူတို့သည် စာချုပ်ချုပ်ဆိုကာ လိဂ်တွင် ကျန်းရှောင်ယွီအတွက် အကြိုပါတီအား ကျင်းပခဲ့သည်။ အစာစားပြီးနောက် ကျန်းရှောင်ယွီသည် လက်ရွေးစင်အသင်း၏အခြေစိုက်စခန်းသို့ ညီမယွီနှင့် ကျွီဟန်တို့ နောက်လိုက်ခဲ့သည်။

သူသည် S3ရာသီပြီးသည့်‌နောက် အနားယူခဲ့သည်။ သူ၏အနားယူသည့်နှစ်တွင် သေနတ်ဘုရင်သည် ကမ္ဘာ့စီးရီးအား မကျင်းပရသေး‌ပေ။ လက်ရွေးစင်အသင်းကဲ့သို့သော အရာမရှိသေးပေ။ သူတို့မှာ ‌အထူးကလပ်များ၏ အသင်းများအားလုံးဖြစ်သည်။ S4ရာသီတွင် ပထမဆုံးကမ္ဘာ့စီးရီးသည် တရားဝင်ချပြခဲ့ပြီး လိဂ်မှာ လက်ရွေးစင် e-sports နယ်ပယ်အား တည်ထောင်ခဲ့သည်။

e-sports ပန်းခြံမှာ မြို့တော်၏ မြို့စွန်ထဲတွင် တည်ရှိသည်။ ၎င်းသည် ပန်းခြံတွင်ရှိနေသည့်အလား လှပသောရှုခင်းနှင့် ကြီးမားသောနေရာဖြစ်သည်။ ကစားသမား၏အဆောင်၊ ကော်ဖီဆိုင်၊ လေ့ကျင့်ရေးအခန်းနှင့် အစည်းအဝေးခန်းကဲ့သို့ အရေးကြီးသည့်နေရာများအပြင် ပန်းခြံတစ်ခုလုံးတွင် ပြေးခြင်းနှင့်အားကစားခန်းမ၊ ရေကူးကနါနှင့် အခြားနေရာများအတွက် ခြံအကျယ်ကြီးလည်း ရှိနေခဲ့သည်။ ၎င်းတွင် အလွန်ပြည့်စုံသော ပစ္စည်းများနှင့် အထူးကလပ်များ၏အခြေအနေများထက် ပို၍ကောင်းသည်။

ကားသည် e-sports ပန်းခြံထဲသို့ ကားမောင်းဝင်သွားကာ အဆောင်ခန်းရှေ့၌ ရပ်လိုက်သည်။

ကျန်းရှောင်ယွီသည် သူ၏အရှေ့တွင်ရှိသော လေးထပ်တိုက်အား စိုက်ကြည့်ကာ မေးလိုက်သည်။ “ကစားသမားအားလုံး ဒီမှာနေတာလား”

ယွီမင်ကျန်းသည် ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။ ကစားသမားတွေနဲ့ ဝန်ထမ်းတွေက သပ်သပ်နေကြတယ်။ အခုလက်ရှိ လက်ရွေးစင်အသင်းရဲ့ ကစားသမား၁၁ယောက်လုံး ဒီမှာနေတယ်။ အစ်ကို့အခန်းက စတုတ္ထထပ်ရဲ့ ထောင့်နားမှာပဲ”

ကျန်းရှောင်ယွီသည် ခေါင်းငြိမ့်လိုက်သည်။ “လက်ရွေးစင်အသင်းက အသင်းဆရာဝန်နဲ့ ချိတ်ဆက်ထားလား”

“ဒါပေါ့။ အသင်းဆရာဝန်က ကျွီဝေလို့ခေါ်တဲ့ အမျိုးသမီးဘီတာလေ။ သူကမြို့တော်ရဲ့ ဆေးတက္ကသိုလ်က အောင်လာပြီး ဘွဲ့ရကျောင်းသားအနေနဲ့ ဖယ်ရိုမုန်းကိုလည်း လေ့လာခဲ့တယ်။ ‌လက်ရွေးစင်အသင်းက ကစားသမားတော်တော်များများက ငယ်ပြီး ခွဲခြားမှုပြီးတဲ့နောက် မငြိမ်မသက်ဖြစ်တဲ့အခြေအနေကို ရင်ဆိုင်နိုင်တယ်လေ။ ညီမတို့အဲ့ဒါကိုထည့်စဉ်းစားပြီး အသင်းဆရာဝန်ရှာတဲ့အခါ နားလည်နိုင်စွမ်းရည်မြင့်တဲ့ ဆရာဝန်ကိုခန့်လိုက်တာ”

အမျိုးသမီး ဘီတာတဲ့လား။

အယ်လ်ဖာများနှင့် အိုမီဂါများအတွက် ဘီတာများမှာ ဖယ်ရိုမုန်းသက်ရောက်မှုများ မထုတ်လွှတ်သည့် အလွန်ရင်းနှီးချင်စရာကောင်းသည့် လိင်အမျိုးအစားဖြစ်သည်။

ကျန်းရှောင်ယွီသည် စိတ်သက်သာရာရသွားသည်။ ဤနည်းဖြင့် သူသည်ဆရာဝန်ဆီသို့ တစ်ယောက်တည်းသွားစရာမလိုတော့ပေ။ ပြဿနာတစ်ခုခုဖြစ်ပါက သူသည် ဖြေရှင်းရန် အသင်းဆရာဝန်ဆီသို့ တိုက်ရိုက်ရှာရလိမ့်မည်။ သူသည်မပြောခင်တွင် ခဏတာစဉ်းစားလိုက်သည်။ “ဆရာဝန်ကျွီရဲ့ ဆက်သွယ်ဖို့အချက်အလက် ငါ့ကိုပေးထား။ ငါသူ့ကိုမေးခွန်းတစ်ချို့ ဆွေးနွေးဖို့ နောက်နေ့ကိုယ်တိုင်သွားရှာမယ်”

ယွီမင်ကျန်းသည် ခေါင်းငြိမ့်လိုက်ကာ သူ့အား အသင်းဆရာဝန်၏ဆက်သွယ်မှု အချက်အလက်အားပို့လိုက်သည်။

လူသုံးယောက်သည် အခန်းနံပါတ် 404သို့ ရောက်သွားခဲ့သည်။ ယွီမင်ကျန်းသည် မိတ်ဆက်ရင်းနှင့် သော့ဖြေရန် လျှို့ဝှက်နံပါတ်ကိုနှိပ်လိုက်သည်။ “ဒါက အိပ်ခန်း၊ဧည့်ခန်း၊အစားစားခန်း၊ မီးဖိုချောင်နဲ့ သီးခြားရေချိုးခန်းနဲ့ တစ်ယောက်သုံးအခန်းပါ။ တံခါးသော့ရဲ့ လျှို့ဝှက်နံပါတ်က 66ပါ။ အစ်ကိုဒါကိုပြန်ပြောင်းဖို့ ဖုန်းသုံးလို့ရတယ်။ အိပ်ရာခင်းနဲ့စောင်အခင်းတွေအားလုံးကို အစားထိုးလိုက်ပြီ”

ကျန်းရှောင်ယွီသည် ရှင်းလင်းသပ်ရပ်သောအခန်းအား လေ့လာနေခဲ့သည်။ ယွီမင်ကျန်းသည် သူ့အတွက်သန့်ရှင်းရေးလုပ်ရန် အလုပ်သမားများအား ခွင့်ပြုခဲ့သည်။ အခန်းမှာ ကျယ်ပြန့်ကာ ဧည့်ခန်းထဲတွင် ဆို‌ဖာပျော့ပျော့ရှိနေခဲ့သည်။ အိပ်ရာခင်းနှင့်စောင်များမှာ သူနှစ်သက်သော အပြာရင့်ရောင်ဖြစ်သည်။ သူသည်လှည့်ကြည့်ရင်း သူ၏စိတ်မှာအနည်းငယ် နွေးထွေးသွားသည်။ “ကျေးဇူးနော် ညီမလေးယွီ”

ယွီမင်ကျန်းသည် ညင်သာစွာပြုံးပြခဲ့သည်။ “ဘာလို့ယဉ်ကျေးနေတာလဲ။ နောက်ကျ လိုအပ်တာမျိုးရှိရင် ညီမကိုသာ အေးဆေးဆက်သွယ်လိုက်”

ကျန်းရှောင်ယွီသည် ရုတ်တရက် ACE အသင်းမှသူ၏အချိန်များကို သတိရသွားခဲ့သည်။ ယွီမင်ကျန်းသည် အသင်းခေါင်းဆောင်ဖြစ်နေပြီး ထောက်ပံ့ရေးတာဝန်ခံဖြစ်သည်။ ဤမိန်းကလေးသည် အလွန်သတိရှိကာ သူတို့ပြိုင်ပွဲဝင်သည့်အချိန်တိုင်း ဟိုတယ်၊ ခရီးစဉ်နှင့် အစားအသောက်အား အချိန်တိုင်း သေချာစီစဉ်လိမ့်မည်။ အဖွဲ့ခေါင်းဆောင်ယွီမင်ကျန်းမှာ ACE အသင်း၏ရလဒ်များနှင့်ပတ်သက်လျှင် မရှိမဖြစ်ပင်ဖြစ်သည်။

နောက်ကွယ်မှာ အလုပ်သမားများမှာ လူမသိကြသော်လည်း သူတို့သည် သူတို့နှစ်‌သက်သည့် e-sports နယ်ပယ်အား အကျိုးပြုရန် ကြိုးစားကြသည်။

လက်ရွေးစင်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ယွီမင်ကျန်းရှိနေသောကြောင့် ကျန်းရှောင်ယွီမှာ အလွန်စိတ်သက်သာရာရခဲ့သည်။

သူသည် သို့သို့အားနေရာချကာ အစာတစ်ချို့ကျွေးခဲ့သည်။ ထို့နောက်သူသည် လှည့်ထွက်သွားကာ ဧည့်ခန်းထဲသို့ သွားခဲ့သည်။

ဧည့်ခန်းနံရံပေါ်တွင် နာရီတစ်ခုချိတ်ဆွဲထားကာ အချိန်မှာ ည၉နာရီကိုညွှန်ပြနေခဲ့သည်။ ကျွီဟန်သည် အကြံပေးလိုက်သည်။ “အားယွီ၊ မင်းလေယာဉ်ပေါ်ဆယ်နာရီကျော်ကြာ ရှိခဲ့ပြီးတော့ တရုတ်နိုင်ငံပြန်လာပြီးနောက် စာချုပ်ချုပ်ဖို့ ဌာနချုပ်ကိုသွားခဲ့တာ။ မင်းအရမ်းပင်ပန်းနေပြီ။ ပင်ပန်းတာတွေဖြေဖျောက်ပြီး အနားယူလိုက်။ တခြားကိစ္စတွေကို မနက်ဖြန်ပြောလို့ရတယ်”

ကျန်းရှောင်ယွီသည် သူ့အားပြောခဲ့သည်။ “မဟုတ်ဘူး။ ငါလေယာဉ်ပေါ်အိပ်ထားပြီး အိပ်မငိုက်ဘူး”

သူသည်ကျွီဟန်အား တည်ငြိမ်စွာစိုက်ကြည့်ခဲ့သည်။ “လူတိုင်းကိုအစည်းအဝေးခန်းထဲခေါ်လိုက်ရင် အချင်းချင်းသိနိုင်တာပေါ့”

ကျွီဟန်နှင့် ယွီမင်ကျန်း: “……”

သူသည် စခန်းသို့ယခုလေးတင် ရောက်လာခဲ့သော်လည်း ကစားသမားအားလုံးကို ညနေတွင် အစည်းအဝေးအတွက် စုဝေးစေခဲ့သည်။ ကျန်းရှောင်ယွီသည် သူတို့မှတ်မိထားသည့်အတိုင်း ပြတ်သားလှသည်။

ယွီမင်ကျန်းသည် သူမဖုန်းအားထုတ်လိုက်ကာ အဖွဲ့ထဲသို့ ကြေငြာချက်ထုတ်ပြန်လိုက်သည်: [@အဖွဲ့ဝင်အားလုံး။ နည်းပြအသစ်ရောက်လယပြီ။ ချက်ချင်း လေ့ကျင့်ရေးအခန်းထဲလာခဲ့ပါ။ ညကိုးနာရီခွဲမှာ အစည်းအဝေးရှိတယ်]

ဤအချိန်တွင် လက်ရွေးစင်အသင်း၏ ကစားသမားအများစုမှာ လေ့ကျင့်ရေးခန်းထဲ၌ လေ့ကျင့်နေခဲ့ကြသည်။

နည်းပြလင်းသည် ရက်အနည်းငယ်အတွင်း နည်းပြအသစ်ရောက်လာမည်ဟု သူတို့အားပြောခဲ့သည်။ သူတို့သည်နည်းပြအသစ်ရှေ့၌ ကောင်းကောင်းပြုမူသင့်ကာ သူ့အပေါ် မှင်သက်မှုကောင်းကောင်းပေးသင့်သည်။

နည်းပြအသစ်မှာ သူတို့အား ညတွင်းချင်းရှာလိမ့်မည်မဟုတ်ဟု သူတို့ထင်ခဲ့သော်လည်း အကယ်၍များ။

၎င်းမှာ သူတို့သည် ညဘက်စာလုပ်ကြကာ အတန်းပိုင်ဆရာအသစ်မှာ ရုတ်တရက် စစ်ဆေးရန် အခန်းထဲလာခဲ့ခြင်းနှင့်တူသည်။ သူတို့သည်အလေးအနက် အိမ်စာလုပ်နေလျှင်အဆင်ပြေသည်။ သို့သော် သူတို့သည်ဆိုးသွမ်းနေချိန်၊ အိပ်ခြင်းသို့မဟုတ် စကားပြောနေသည်ကိုမိသွားပါက အနာဂတ်တွင် သူတို့အချိန်ကောင်းရှိလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် နည်းပြအသစ်ရောက်လာတော့မည့် နှစ်ရက်အတွင်း အလေးအနက်လေ့ကျင့်သည်မှာ မှန်သည်။

အစ်မယွီမှ ပို့လိုက်သည့် ကြေငြာချက်အာူ မြင်ပြီးနောက် စိတ်မသက်မသာဖြစ်နေသော လူသစ်များမှာ မိုဟန်တျန်းမှ သီးသန့်ဖွဲ့ထားသော ‘လက်ရွေးစင်အသင်း အသစ်လေးများ’ ထဲအမြန်စာရိုက်ခဲ့ကြသည်။

TKTK: [နည်းပြကိုခေါ်လာတဲ့ ကားတစ်စီး ပန်းခြံထဲကိုမောင်းလာတာ ငါခုနကတွေ့လိုက်တယ်။ နည်းပြကမနားဘူးလား။ ညဘက်ကြီးကို အစည်းအဝေးလုပ်ဖို့ တိုက်ရိုက်ခေါ်နေတာလား။]

Refined and Courteous: [သူတိုက်ရိုက်ပဲ အဖွဲ့ဖျက်ကြောင်း ကြေငြာပြီး မနက်ဖြန်အိမ်ပြန်ဖို့ လက်မှတ်တွေစီစဉ်ပေးမှာလား T_T] (Pinyin သည် Binbinyouli ဖြစ်သောကြောင့် ဤလူမှာ ရှီရှောင်ဘင်းဖြစ်သည်)

Xia Xia’s Summer: [မင်းတို့ဘာကိုကြောက်နေတာလဲ။ နည်းပြအသစ်က လူကိုမကိုက်စားပါဘူး။ သူအဖွဲ့ဖျက်မယ်ဆိုလည်း ဖျက်ခိုင်းလိုက်ပေါ့။ ငါတို့နောက်‌တစ်ခေါက်လာနိုင်တာပဲ။]

Xiao Lu: [ပြည်တွင်းကလပ်ရဲ့ နည်းပြက လက်ရွေးစင်အသင်းရဲ့ နည်းပြနေရာကို ဘယ်သူလက်ခံလိုက်လဲဆိုတဲ့အကြောင်း သတင်းမကြားမိဘူး။ သူတို့ပြည်ပအကူအညီခေါ်လိုကိတာလား။]

Xia Xia’s Summer: [မသိဘူး။ ရှောင်းလူ၊ဒါကိုစုံစမ်းဖို့ မင်းမှာအဆက်အသွယ်များရှိလား။]

Xiao Lu: [ငါလည်းမသိဘူး။]

မိုဟန်တျန်း အဖွဲ့စကားပြောခန်းမှ စာများအား တွေ့ခဲ့ပြီး သူ၏ရင်ထဲ၌ ပြင်းထန်သော စိတ်မသက်မသာဖြစ်မှုမှာ ရုတ်တရက်မြင့်တက်လာခဲ့သည်။

နည်းပြအသစ်မှာ အခြေချရန် စခန်းသို့အမြန်လာကာ သူရောက်သည်နှင့် အားလုံးကို အစည်းအဝေးခေါ်ခဲ့သည်။ ဤသည်မှာ ယခင်ကနူးညံ့၍ကြင်နာတတ်သော နည်းပြကျန်းန‌ှင့် ကွာခြားသည်။

လိဂ်သည်အမှန်တကယ်ပင် နောက်တစ်ခေါက် လက်ရွေးစင်အသင်းအတွက် တာဝန်အပြည့်ယူခိုင်းရဲသည်။ လက်ရွေးစင်အသင်းမှာ ပြောင်းလဲမှုကြီး ဖြစ်တော့မည့်ပုံပေါ်သည်။

လူများတစ်ယောက်‌ပြီးတစ်ယောက် တတိယထပ်မှ အစည်းအဝေးခန်းထဲသို့ လမ်းလျှောက်ဝင်သွားကာ သူတို့၏ထိုင်ခုံများနေရာယူခဲ့သည်။

ညနေ ကိုးနာရီခွဲ၌ ဒုဥက္ကဌကျွီနှင့် အစ်မယွီတို့ အစည်းအဝေးခန်းထဲသို့ အခြားလူတစ်ယောက်နှင့် အချိန်မှန်ရောက်လာခဲ့သည်။

လူတိုင်းသည် ထောင့်ဘက်တွင် သူစိမ်းတစ်ယောက်လမ်းလျှောက်လာသည်ကို မြင်ကာ သူတို့၏မျက်လုံးများတောက်ပသွားခဲ့သည်။ သူကအရမ်းချောတာပဲ။ ဤသည်မှာ လက်ရွေးစင်အသင်းသမိုင်းကြောင်းတွင် အချောဆုံးနည်းပြဖြစ်သည်မလား။

သူသည်လည်း အလွန်ငယ်သည်။ သူသည်အရပ်ရှည်ကာ အသားဖြူပြီး နူးညံ့သော အသွင်အပြင်များရှိနေသည်။ သူ၏မျက်လုံးများမှာ အေးစက်လွန်းသောကြောင့်…သူတို့သည် ကြောက်စရာကောင်းသည့်အခြေအနေရှိပုံပေါ်နေသလား။

လူသစ်အဖွဲဲ့မှာ သူ့အား တိတ်တခိုးစိုက်ကြည့်နေခဲ့ကာ မည်သူမျှ စကားမပြောရဲခဲ့ပေ။

ထိုအချိန်တွင် လင်းဟောင်ရန်သည် ထိတ်လန့်မှုကြောင့် ပါးစပ်ဟနေခဲ့သည်။ သူသည်ထိုလူအား မယုံနိုင်လောက်အောင် ကြည့်နေခဲ့သည်။ သူ၏မျက်လုံးများအား ကြမ်းတမ်းစွာ ပွတ်သပ်ကာ အသံတိုးတိုးပြောလိုက်သည်။ “သေစမ်းကွာ”

လင်း၏ဘေးတွင်ထိုင်နေသောလူမှာလည်း နည်းပြအသစ်ကိုမြင်သောအခါ အနည်းငယ်လန့်သွားခဲ့သည်။ သူသည်ချက်ချင်းမတ်မတ်ထိုင်ကာ သူ၏နောက်ကျောမှာ ရုပ်တုကဲ့သို့ မတ်‌နေခဲ့သည်။

ယွီမင်ကျန်းမှာ ပြုံးလိုက်သည်။ “မိတ်ဆက်မှုလေးလုပ်ပါရစေ။ ဒါက လက်ရွေးစင်အသင်းရဲ့ နည်းပြအသစ် ကျန်းရှောင်ယွီပါ။ သူ့မှာ Wing လို့ခေါ်တဲ့နောက်နာမည်တစ်မျိုးလည်းရှိသေးတယ်။ မင်းတို့အားလုံးကြားဖူးမှာပဲ မဟုတ်လား။ သူက ACE အသင်းရဲ့ ခေါင်းဆောင်ဟောင်းဖြစ်ပြီး S3ရာသီရဲ့ အထူးပုဂ္ဂိုလ် နတ်ဘုရား Wing ပါ”

ကျွီဟန်သည် အရင်လက်ခုပ်တီးခဲ့သည်။ “အားလုံးပဲ။ နည်းပြအသစ်ကို လက်ခုပ်တီးကြိုဆိုကြပါ”

လူသစ်များ: “……”

အိုး ဘုရားရေ။

သူတို့သည် ဤ‌တည်ထောင်သူအဆင့် လူကြီးအား ဖိတ်ကြားခဲ့သည်လား။

နတ်ဘုရား Wing။ သူသည်ဗိုလ်လုပွဲတွင် ကျွီဟန်အား တစ်ချိန်က ခေါင်းပစ်ချက်ဖြင့် သတ်ခဲ့သော တရုတ်နိုင်ငံ၏ ဒဏ္ဍာရီလာနံပါတ်တစ် သေနတ်ပစ်ကစားသမားဖြစ်ခဲ့ကာ အောက်ခြေအသင်း၏ ဒဏ္ဍာရီအား အေအဆင့်ချန်ပီယံရှစ်ဖလားအနိုင်‌ရစေခဲ့သည်။ သူသည်သေနတ်ဘုရင် e-sportsစက်ဝန်းတွင် လူတိုင်းသိနေခဲ့သော ဒဏ္ဍာရီလာပုံရိပ်တစ်ခုဖြစ်သည်။ ဤနေရာရှိ လူတစ်ချို့မှာ နတ်ဘုရား Wing ၏အလွန်ကြိုက်နှစ်သက်သော ပရိသတ်တစ်ယောက်ပင်ဖြစ်သည်။

မိုဟန်တျန်း၏ မျက်လုံးများတောက်ပသွားကာ သူ၏ပါးများနီလာခဲ့သည်။ သူသည်သေနတ်ပစ်သမားနေရာအား နတ်ဘုရား Wing‌ ကြောင့်ကစားခဲ့သည်။ လွန်ခဲ့သောငါးနှစ်က သူသည်ကလေးတစ်ယောက်ဖြစ်ကာ သူ၏အနှစ်သက်ဆုံးကစားသမားမှာ Wingဖြစ်သည်။ သူသည် ACE ၏ကစားပွဲများနောက် လိုက်ခဲ့ဖူးကာ ACE အဖွဲ့ပျက်သောအခါ ငိုခဲ့သည်။

မထင်မှတ်ဘဲနှင့် နတ်ဘုရား Wing မှာ မလှုပ်ရှားသည့်အချိန်ပြီးနောက် ပြန်ပေါ်လာခဲ့ပြီး နည်းပြဖြစ်ရန် လက်ရွေးစင်အသင်းဆီသို့ လာခဲ့သည်။

အခုအချိန်လက်မှတ်တောင်းဖို့ ပြေးသွယးရင်အရမ်းအလျင်လိုမိနေမလား။ ဒါမှမဟုတ် လက်မှတ်ကိုတိတ်တိတ်လေးတောင်းဖို့ အသည်းအဝေးမပြီးမချင်း စောင့်နေတာ ပိုကောင်းမလား။

မိုဟန်တျန်းသည် စိတ်လှုပ်ရှားမှုကြောင့် ပျော်ရွှင်နေစဉ် ကျန်းရှောင်ယွီသည် ဓားသွားကဲ့သို့ ချွန်ထက်သော မျက်လုံးများနှင့် သူတို့အားလုံးကို ဝေ့ကြည့်လိုက်သည်။ စူးရှသည့်အကြည့်မှာ ဆယ်ကျော်သက်အဖွဲ့များအား ချက်ချင်းမတ်မတ်ထိုင်မိစေကာ သူတို့၏လက်ခုပ်မှာ စိတ်လှုပ်ရှားမှုနှင့် ပြည့်နေခဲ့သည်။

လက်ခုပ်သံရပ်သွားပြီး ကျန်းရှောင်ယွီမှာ အေးဆေးမေးလိုက်သည်။ “လူတိုင်းဒီမှာမရှိဘူးလား”

အစည်းအဝေးခန်းထဲတွင် လူဆယ်ယောက်ရှိနေခဲ့သည်။ သေချာသည်မှာ လူတစ်ယောက်ပျောက်နေသည်။

ယွီမင်ကျန်းသည် ရောက်နေ‌သည့်လူတိုင်းအား သေချာစောင့်ကြည့်ကာ သံသယစိတ်နှင့် မေးလိုက်သည်။ “ယယ်ကျီရော”

လောင်လင်းသည် ချောင်းဟန့်ကာ ကိစ္စများအဆင်ပြေစေရန် အမြန်ပြောလိုက်သည်။ “သူအဖွဲ့ထဲက ကြေငြာချက်ကိုမမြင်တဲ့ပုံပဲ”

သူသည် WeChat စာတစ်စောင်အား တိတ်တဆိတ်ပို့ရန် သူ၏ဖုန်းကိုထုတ်လိုက်သည်။ ထို့နောက် ကျန်းရှောင်ယွီသည် သူ့အားရုတ်တရက်ကြည့်လိုက်ကာ အမိန့်ပေးလိုက်သည်။ “သူ့ကိုခေါ်ပြီး စပီကာဖွင့်လိုက်”

လောင်လင်းသည် အားတင်းကာ စပီကာဖွင့်လိုက်ရသည်။

ထူးဆန်းသော ‘Do you love me or not, love me or not’ ဟူသည့် Divine Comedy ဖုန်းမြည်သံပြီးနောက် ခေါ်ဆိုမှုမှာ ကိုင်ခြင်းခံရသည်။ ၎င်းနောက် ယခုထိမနိုးထသေးပုံရ‌သော လူငယ်လေး၏ နိမ့်ကာပျင်းရိနေသည့်အသံထွက်လာခဲ့သည်။ “ဟေး ဘာလဲ လောင်လင်း။ မင်းငါ့အိပ်မက်ကို နှောင့်ယှက်လိုက်တာပဲ”

လောင်လင်းသည် မျက်နှာမှုန်မှုန်နှင့် အသံတိုး‌တိုးပြောလိုက်သည်။ “မြန်မြန်လုပ်ပြီး အစည်းအဝေးကိုလာခဲ့။ နည်းပြအသစ်ရောက်နေပြီ”

ထိုလူမှာ သမ်းကာ ပျင်းရိစွာပြန်ဖြေလိုက်သည်။ “ငါ့အတွက် ပျက်ကွက်ယူပေး။ ငါဆိုင်းငံ့ခံထားရပြီး နောက်ရာသီလည်းမကစားနိုင်ဘူး။ ဘာလို့အစည်းအဝေးတက်မှာတုန်း။ လက်‌ရွေးစင်အသင်းက ငါနဲ့ဘာမှမဆိုင်ဘူး။ နည်းပြအသစ်အဖွဲ့ဖျက်မလားလို့ မေးလိုက်။ အဲ့ဒါဆိုငါလက်မှတ်ဝယ်ပြီး အိမ်အမြန်ပြန်နိုင်ပြီ”

ကျန်းရှောင်ယွီသည် ဖုန်းအားစူးစိုက်၍ကြည့်လိုက်သည်။

‌ချွေးများလောင်လင်း၏နဖူးမှာ စီးကျလာသောကြောင့် အစည်းအဝေးခန်းမှာ တိတ်ဆိတ်နေခဲ့သည်။

ညီငယ်လေးရေ မင်းတော့ မင်းသေတွင်းမင်းတူးလိုက်တာပဲ။ ငါတကယ်မင်းကိုမကယ်နိုင်ဘူး။

ကျန်းရှောင်ယွီသည် လောင်လင်း၏ဖုန်းကို ထုတ်လိုက်သည်။ သူ၏အေးစက်စက်အသံမှာ ဆောင်းရာသီ၏ရေအေးကြောင့် ဆေးကြောခံထားရပုံပေါ်သည်။ သူသည်စကားလုံးတိုင်းကို ရှင်းလင်းစွာ အသံထွက်နေပြီး အမူအရာမဲ့နေခဲ့သည်။

“ယယ်ကျင်းမင်။”

“ဆိုင်းငံ့ခံထားရတာ ဂုဏ်ယူစရာလား။”

“မင်းကို အစည်းအဝေးတက်ဖို့ သယ်မယ့်သူရှစ်ယောက်လောက်နဲ့ ဝေါယာဉ်သုံးပြီး ဆိုင်းတွေဗုံတွေ တီးစေချင်တာလား။”

ယယ်ကျင်းမင်: “?????”

ဤအေးစက်သည့်အသံနှင့် စကားပြောပြတ်သည်မှာ အဘယ်ကြောင့်ရင်းနှီးနေရနည်း။ ၎င်းသည် ငယ်ရွယ်စဉ်က ‌နေ့တိုင်းသူ့အားဆူနေသော ACE အဖွဲ့၏ ခေါင်းဆောင်ဟောင်းနှင့်အနည်းငယ် ဆင်တူသည်။

GMC
Author: GMC
Private: ရွှေအဆင့်နည်းပြ

Private: ရွှေအဆင့်နည်းပြ

GMC, Our Omega Coach is Gold-Class, 金牌教练(电竞)
Score 9
Status: Ongoing Type: Author: , Artist: , Released: 2022 Native Language: Chinese
အညွှန်း တရုတ်ပြည်နယ်တွင် သေနတ်ဘုရင်အတွက် ပရိုလိဂ်‌တွင် ပါဝင်ခဲ့သော Wing ဟုအမည်ရသည့် ဂန္တဝင်ကစားသမားတစ်ဦး ရှိခဲ့သည်။ သူသည် သေစေလောက်သော တိကျသေချာမှုနှင့် ယုံကြည်ချက်အပြည့်ဖြင့် သူ၏ရိုက်ချက်များဆီသို့ ကျရောက်ခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် အသေးစားလိဂ်ရှိ အဆင့်နိမ့်အသင်းတစ်သင်းမှာ မေဂျာလိဂ်သို့ တက်ရောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် နှစ်စဉ်ချန်ပီယံဆုအား ဆွတ်ခူးခဲ့ပြီး သမိုင်းတစ်လျှောက် အသန်မာဆုံးမြင်းနက်တစ်ကောင် ဖြစ်လာခဲ့သည်။ သို့သော် Wingမှာ ချန်ပီယံဆုအားရယူပြီးနောက် အနားယူလိုက်ကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။ အင်တာနက် သုံးစွဲသူများစွာမှာ သူ၏အနားယူခြင်းအတွက် အကြောင်းပြချက်များအပေါ် ထင်ကြေးပေးခဲ့ကြသည်။ သူသည် “ဖယ်ရိုမုန်းရောဂါ”အား ခံစားနေရသော အိုမီဂါတစ်ဦးဖြစ်နေသည်ကို မည်သူမျှမသိခဲ့ပေ။ ငါးနှစ်ကြာပြီးနောက် တရုတ်လက်ရွေးစင်အသင်းသည် သေနတ်ဘုရင်ကမ္ဘာ့ချန်ပီယံရှစ် ပထမအဆင့်တွင် ပြုတ်သွားခဲ့သည်။ နိုင်ငံအသင်းနည်းပြမှာ ဖိအားများအောက် ချက်ချင်းနှုတ်ထွက်ခဲ့သည်။ အကျပ်အတည်းကာလတွင် Wingဟု တစ်ချိန်က လူသိများခဲ့သော ကျန်းရှောင်ယွီသည် တရုတ်နိုင်ငံသို့ ပြန်လာပြီး နိုင်ငံအသင်းနည်းပြ ရာထူးကို အပ်နှင်းခံရသည်။ လက်ရွေးစင်အသင်းမှာ တစ်ဦးနှင့်တစ်ဦး လုံးဝမသင့်မြတ်သော ကစားသမားကောင်းများနှင့် ဆိုးသောကစားသမားများတို့ဖြင့် ရောနှောနေခဲ့သည်။ အထူးသဖြင့် တွေ့ဆုံသည့်အခိုက်အတန့်၌ စကားများရန်ဖြစ်သည့် အယ်လ်ဖာများအတွက် အထူးမှန်ကန်သည်။ လက်ထောက်မှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။ “ဒီဘုရင်တွေကို ဘယ်လိုမှ ထိန်းလို့မရဘူး” ကျန်းရှောင်ယွီ: “ရတယ်။ သူတို့လေ့ကျင့်ဖို့ကို ငါ့လက်ထဲသာအပ်လိုက်” ထို့ကြောင့် နည်းပြကျန်းသည် သူ၏ဆိုးရွားစွာပြောတတ်သည့်ပုံစံကို စတင်ခဲ့သည်။ “ဒါကလက်ရွေးစင်အသင်းမှာရှိတဲ့ ကစားသမားတစ်ယောက်ရဲ့အဆင့်အတန်းလား” “မင်းတို့နဲ့ကစားဖို့ ဇာတ်ညွှန်းတွေတောင် လိုသေးရဲ့လား။ ပေါ့ပေါ့ပါးပါးဆော့ရင်တောင် ငါမင်းတို့ကိုနိုင်နိုင်တယ်” “မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးနေတာလား။ တစ်ယောက်ပြီးတစ်ယောက် အလကားသေပေးနေကြတာလား” “မင်းတို့အခြားသူတွေကိုမနိုင်နိုင်ရင်လည်း ဂိမ်းကိုသာဖျက်လိုက်တော့” အခြားသူများအား လေ့ကျင့်ပေးသောအခါ ဘယ်သောအခါမှ ကျိန်ဆိုလေ့မရှိတတ်သော စကားပြောချိုသာသည့် နည်းပြကျန်းသည် သူတို့၏စိတ်အခြေအနေများ မပြိုလဲမချင်း တစ်သင်းလုံးကို ဆူပူခဲ့သည်။ ဤသည်မှာ သူတို့သည် နည်းပြကျန်းမှ သူ့ကိုယ်သူအိုမီဂါတားဆေးများ တိတ်တဆိတ်ထိုးသွင်းနေသည့်မြင်ကွင်းအား မြင်တွေ့ခဲ့သည့်တစ်နေ့မတိုင်ခင်အထိပင်ဖြစ်သည်။ အားလုံးမှာ တစ်စုတစ်စည်းထဲ မှင်တက်သွားခဲ့သည်။ “အဲ့ဒီကြမ်းတမ်းပြီး ရက်စက်တဲ့နည်းပြက တကယ့်ကို အိုမီဂါလား” “သူက အိုမီဂါဆိုရင်တောင် အသင်းလိုက် တိုက်ရင်တောင် အနိုင်ယူလို့ မရနိုင်တဲ့ သူဌေးမျိုးပဲ” ဂိမ်းနတ်ဘုရား: “အကူအညီ‌ တောင်းချင်လို့ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့ စာစီစာကုံး စာလုံးရေ 1000ကို ဘယ်လိုရေးရမလဲ” ကျော်ကြားသည့် တိုက်ရိုက်ထုတ်လွှင့်သူ: “ဒီနေ့ ကျွန်တော် တိုက်ရိုက်မလွှင့်ဘူး။ နံရံကိုပဲ မျက်နှာမူနေပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်မယ်” အပျော်တမ်းဘုရင်တစ်ပါး: “ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။ ငါ ဘာလို့ ဂိမ်းတွေကို ကစားနေရတာလဲ။ ငါ့ဘဝကို တကယ် သံသယဖြစ်မိတယ်” အယ်လ်ဖာလူငယ်: “အိုမီဂါဆီက မျက်ရည်ကျရလောက်အောင် အဆူခံရတဲ့အတွေ့အကြုံက ဘာလဲ။ ငါတို့ ပိုငိုလေလေ ပိုပြီးနေသားကျလေလေပဲ” အင်တာနက်သုံးစွဲသူများ: “???” ဘာလို့ ဒီနှစ်လက်ရွေးစင်အသင်းက အဆင်မပြေ ဖြစ်နေရတာလဲ။ +++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset