GMC အပိုင်း ၁၀

Chapter 10: ဘူးသီးလေးများအဖွဲ့

ကျန်းရှောင်ယွီသည် လက်ရွေးစင်အသင်း၏ အသေးစိတ်အချက်အလက်နှင့် ဤကမ္ဘာ့စီးရီးတွင် တရုတ်လက်ရွေးစင်အသင်း၏ စွမ်းဆောင်ရည်အား မြင်ပြီးဖြစ်သည်။ ဤလက်ရွေးစင်အသင်း၏ ဂုဏ်ပုဒ်အား ဆက်လက်ထိန်းသိမ်းနိုင်သူမှာ အနည်းငယ်အတွေ့အကြုံရှိပြီး‌သော ဝါရင့်ကစားသမားများဖြစ်သည်။ လူသစ်များမှာ ပြည်တွင်းပြိုင်ပွဲတွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်သော်လည်း သူတို့သည် ကမ္ဘာ့စီးရီးတွင် အမှားများလုပ်ခဲ့သည်။

ဆယ်ကျော်သက် လူသစ်များသည် ပြိုင်ပွဲ၏ရှုံးနိမ့်ခြင်းအတွေ့အကြုံကို တစ်ခါမျှမခံစားဖူးဘဲ ပထမအကြိမ်ပြည်ပသို့ သွားရောက်ရ‌သောအခါ အလွန်တုန်လှုပ်နေခဲ့သည်။ သူတို့ထံမှ ပြည်တွင်းပရိသတ်များ ပို၍မျှော်လင့်လေလေ သူတို့၏စိတ်ပိုင်းဆိုင်ရာဖိအားများလေလေဖြစ်သည်။ ပြိုင်ပွဲအတွင်း သူတို့သည်စွမ်းဆောင်ရည်ပြရန် စိတ်အားထက်သန်လွန်းကာ သည်းမခံနိုင်ခဲ့ပေ။ ထို့နောက် ဂိမ်းနှစ်ပွဲဆက်တိုက်ရှုံးသွားပြီးနောက် သူတို့၏စိတ်ဓာတ်မှာ လုံးဝပြိုလဲသွားခဲ့သည်။

ဤဆယ်ကျော်သက်များ လျင်မြန်စွာကြီးထွားရန် စိတ်ဓာတ်မြှင့်တင်ပေးရန် လိုအပ်နေခဲ့သည်။

Casually: ငါအလုပ်များတယ်။ ခဏနေကျ အပြင်သွားရမယ်။

Casually: မင်းတို့ထဲက ဘယ်သူအရင်ထွက်လာမလဲ။

ကျန်းရှောင်ယွီသည် စကားအားတုံးတိပြောလိုက်ကာ စကားလုံးတစ်လုံးချင်းစီမှာ စိတ်အားနှိုးဆွပေးသည်။ သူသည် ဤလူငယ်အဖွဲ့၏‌ ဒေါသကိုအမှန်တကယ်ပင် နှိုးဆွပေးလိုက်သည်။

SS777: ကျွန်မလာမယ်။

SS777: ကျွန်မရှင့်ကို ဒီနေ့မနိုင်ရင် ရှင့်ရဲ့မျိုးရိုးနာမည်ကို ယူမယ်။

Casually: ငါ့မျိုးရိုးနာမည်နဲ့ လူနှစ်‌ယောက်ရှိနှင့်ပြီးသားပဲ။

Casually: ဟန်တျန်းက ပထမကလေး။ ရှောင်ဘင်းက ဒုတိယကလေး။ မင်းကတတိယကလေးဖြစ်ချင်တာလား။

လူတိုင်း: “……”

ဤ ‘ဘူးသီးလေးများအဖွဲ့’၏ နာမည်ပြောင်မှာ ပယ်ဖျက်၍မရနိုင်တော့ပေ။ Casually သာ်သူတို့အား နံပါတ်ပင်တပ်လိုက်ကာ တတိယနေရာသို့ပင် ရောက်နှင့်သွားသလား။

‘တတိယကလေး’ ဟုခေါ်ခြင်းခံရသော ရှားလီမှာမျက်လုံးပြူးသွားကာ သူမသည်နောက်လှည့်ကာမေးလိုက်သည်။ “ငါဒီလိုအဆိပ်ပြင်းတဲ့လူမျိုးမမြင်ဖူးဘူး။ သူကတကယ်အားသန်တာလား”

ဖျက်ဆီးခြင်းခံရသော ဒုတိယကလေး ရှောင်းဘက်မှာ သူ၏ခေါင်းကိုကုတ်ကာ စိတ်ဓာတ်ကျသည့်အသံနှင့်ပြောလိုက်သည်။ “သူတကယ်အားသန်တယ်။ နင်သူ့ကိုပေါ့ပေါ့လေးမတွေးနဲ့”

ရှားလီသည်သူ၏အင်္ကျီလက်အား ခေါက်တင်ကာ အမြန်ရိုက်လိုက်သည်: အပိုတွေမပြောဘဲ သေချာတိုက်ပါ။ ပစ္စတိုသေနတ်ပဲယူလာရဲလား။

Casually:ကောင်းပြီ။ မင်းမြေပုံရွေးလိုက်။

ရှားလီသည် : မျှော်လင့်ခြင်းဆိပ်ကမ်းဟူသော မြေပုံကိုရွေးလိုက်သည်။

ဤသည်မှာမတူညီသောအမြင့်အမျိုးမျိုး၏ ကွန်တိန်နာသေတ္တာမြောက်များစွာနှင့် စွန့်ပစ်ခံထားရသော လူ့ကုန်တင်ဆိပ်ကမ်းဖြစ်သည်။ ထိုကဲ့သို့ဖြစ်နေသောကြောင့် ကြီးမားသည့် ကွန်တိန်နာသေတ္တာ ဝင်္ကပါကဲ့သို့ ဖုံးကွယ်ထားသော အခက်အခဲများနှင့် ပြည့်နေခဲ့သည်။ ၎င်းမှာအုပ်စုလိုက် ကစားသမားများအတွက် အလွန်သင့်တော်သည်။

တိုက်ပွဲသို့ ပစ္စတိုသေနတ်သာယူလာရန် လိုအပ်သောကြောင့် ကျန်းရှောင်ယွီသည် ပူးပေါင်းကာ သူ၏လက်နက်အားပြောင်းလဲခဲ့သည်။ သူသည် သူ၏အဓိကလက်နက်အား Sand Eagle သို့ပြောင်းလိုက်သည်။

မြေပုံထဲသို့ဝင်လာသည်နှင့် ကျန်းရှောင်ယွီသည် အမြန်ပြေးလွှားနေတော့သည်။

ရှားလီသည် မနီးမဝေးမှ ခြေသံကြားပြီး ထိုဦးတည်ချက်ဆီ ပြေးသွားခဲ့သည်။

ကြည့်နေသော ကြည့်ရှုသူများသည် ကွန်တိန်နာသေတ္တာများကြား သူတို့နှစ်ယောက်အချင်းချင်း လိုက်ဖမ်းနေကြသည်ကိုမြင်နိုင်သည်။ သေနတ်သံအား ရံဖန်ရံခါကြားရပြီး ပြင်းထန်သည့်အခြေအနေမှာ ကုန်တင်ဆိပ်ကမ်းထဲရှိ ရဲနှင့်အပြစ်သားများကြား နောက်ဆုံးပွဲကြီးနှင့်တူသည်။

ရှားလီသည် လက်ရွေးစင်အသင်း၏ချေမှုန်းသူဖြစ်ကာ သူမ၏အခြေခံမှာ အတော်ကောင်းသည်။ သူမသည် ပစ္စတိုသေနတ်ဖြစ်သော အသုံးအများဆုံးလက်နက်အား အလွန်ကျွမ်းကျင်လှသည်။ ကွန်တိန်နာသေတ္တာများကြား လူနှစ်ယောက် ပြင်းထန်စွာတိုက်ခိုက်ခြင်းနှင့် သေနတ်ပစ်သံများကို ကြားနေရသည်။

သူတို့နှစ်ယောက်လုံးမှာ အလွန်လျင်မြန်စွာ ရှောင်ရှားခဲ့သောကြောင့် ပစ်လိုက်သောကျည်ဆန်များသည် တစ်ဖက်လူအား မထိမှန်ခဲ့ပေ။ သူတို့သည် ကွန်တိန်နာသေတ္တာများပေါ်တွင် ကျည်ဆံရာများစွာ ချန်ထားခဲ့သည်။

ကြည့်ရှုသူများမှာ စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြသည်။

ရုတ်တရက် အနောက်ညာဘက်မှ သေနတ်သံတစ်ခုကြားခဲ့ကာ ရှားလီသည် ၎င်းအားရှောင်ရှားရန် အမြန်ထိုင်ချလိုက်သည်။ ကျည်ဆံမှာ လွှင့်ထွက်လာပြီး သူမ၏ခေါင်းအား ထိုးဖောက်လုနီးပါးဖြစ်ကာ သူမအား ချွေးစေးထွက်သွားစေခဲ့သည်။ ကံကောင်းစွာနှင့် သူမသည် လျင်မြန်စွာပုန်းခဲ့သောကြောင့် မဟုတ်ပါက ခေါင်းထဲသို့ ထိမှန်သွားနိုင်သည်။

ရှားလီသည် သူမမှာသူ၏တည်နေရာကို ဖော်ထုတ်မိသည်ဟု သိသွားခဲ့ကာ အမြန်နောက်ဆုတ်သွားခဲ့သည်။ သူမသည် တစ်မီတာမြင့်သော ကွန်တိန်နာသေတ္တာအနောက် အမြန်ပုန်းလိုက်ကာ သူမ၏နားထဲမှ လှုပ်ရှားမှုကို ဂရုတစိုက်နားထောင်နေခဲ့သည်။

ဘေးဘက်အခြမ်းမှ ခြေသံဖျော့ဖျော့များ ကြားနေရသည်။ ရှားလီသည် သူ၏ရန်သူ၏ တည်နေရာအား ကြိုတင်ခန့်မှန်းကာ ကျည်ဆန်နှစ်တောင့်ဆက်တိုက် ပြတ်ပြတ်သားသားပစ်ရန် ခုန်လိုက်သည်။

ဒိုင်း ဒိုင်း။

[SS777 သည် Casually အား the Titan-Twin Starsဖြင့် ပစ်ခဲ့သည်။]

[SS777 သည် Casually အား the Titan-Twin Starsဖြင့် ပစ်ခဲ့သည်။]

ဘယ်နှင့်ညာလက်နှစ်ဖက်လုံးဖြင့် တစ်ပြိုင်နက်နှစ်ချက်ပစ်ခဲ့သည်။

ခုန်၍ပစ်ခြင်းမှာ အတော်ခက်သောစွမ်းရည်တစ်ခုဖြစ်သည်။ ခုန်နေစဉ်ပစ်လိုက်ခြင်းနှင့် ကျည်ဆန်များ၏လမ်းကြောင်းအား တွက်ချက်ခြင်းဖြစ်သည်။ ကျည်ဆန်များလွဲရန် လွယ်ကူလှသည်။ အားသာချက်တစ်ခုမှာ သူမသည် ပစ်ခတ်ပြီးနောက် သေတ္တာအနောက်ဘက်သို့ပြန်ကျနိုင်သောကြောင့် သူမ၏ကိုယ်ပိုင်လုံခြုံမှုအား သေချာစေနိုင်သည်။

ရှားလီ၏ လုပ်ဆောင်ချက်များမှာ မြန်ဆန်၍တိကျနေခဲ့သည်။ ကျည်ဆန်နှစ်ခုလုံးမှာ Casually ၏ခန္ဓာကိုယ်အား ထိမှန်ခဲ့သော်လည်း ကံမကောင်းစွာနှင့် ကိုယ်ထည်ကိုသာ ထိခဲ့သည်။ သူ့အား သွေးသာထွက်စေခဲ့သည်။ ဤအချက်၌ Casually တွင် အသက် 30%သာ ကျန်ခဲ့ကာ နောက်ထပ်ကျည်ဆံတစ်ထောင့်နှင့် သေနိုင်သည်။

ရှားလီသည် ရှေ့သို့အမြန်ချီတက်ကာ ပြေး၍တိုက်ခိုက်နေခဲ့သည်။

သူမ၏လက်ထဲရှိ ပစ္စတိုသေနတ်မှ ပစ်လိုက်သော ကျည်ဆန်များကြောင့် မီးမွှားများသည် ကျန်းရှောင်ယွီဖြတ်သွားသည် လမ်းကြောင်းတစ်လျှောက် ရှင်းလင်းပြတ်သားသည့် ကျည်ဆန်အရာအတန်းလိုက် ဖန်တီးပေးခဲ့သည်။

ဘေးပတ်လည်ရှိ ကွန်တိန်နာသေတ္တာများမှာ အလွန်ရှုပ်ထွေးလှသောကြောင့် ရှားလီသည် ကျန်းရှောင်လီအား စက်ဝိုင်းကြီးသဖွယ် ပတ်ဖမ်းကာ တစ်ဖက်လူအား ထိမှန်ရန် ရှုံးနိမ့်နေဆဲဖြစ်သည်။

ထို့နောက် ခြေသံများရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ရှားလီသည် ကွန်တိန်နာသေတ္တာနှစ်ခုကြား နေရာလွတ်တွင် ချက်ချင်းပုန်းလိုက်ကာ ဘေးပတ်ဝန်းကျင်အား ကြည့်ရှုရင်း ဂရုတစိုက်နားထောင်နေခဲ့သည်။

သူဘယ်မှာလဲ။ အသက်နည်းသွားလို့ ပုန်းနေပြီး ကိုယ်ထင်မပြရဲတာလား။

ရှားလီသည် ဤအရာအား တွေးတောနေချိန် ကြည်လင်ပြတ်သားသော သေနတ်သံမှာ သူမ၏ခေါင်းပေါ်မှ ထွက်လာခဲ့သည်။

ဒိုင်း

[Casually သည် kill SS777အား ခေါင်းသို့ပစ်ချက်ဖြင့် သတ်ရန် Sand Eagle-Blue Dragon ကိုအသုံးပြုခဲ့သည်။]

ဤလူသည် သူမမြင်ကွင်း၏ မမြင်နိုင်သော နေရာရှိ သူမ၏ဦးခေါင်းပေါ်မှ ကွန်တိန်မာသေတ္တာ‌ပေါ် အမှန်တကယ်ပင် ခုန်တက်သွားကာ အမြင့်နေရာမှ သူမအားပစ်ခတ်ခဲ့သည်။

ရှားလီသည် မီးခိုးရောင် ဖန်သားပြင်အား ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့သည်။ .

ကြည့်ရှုသူများလည်း မယုံနိုင်ခဲ့‌ပေ။ “ဒါကဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ”

“ဘယ်တုန်းက သူတက်သွားတာလဲ”

အဖွဲ့ထဲတွင် ဆွေးနွေးမှုပေါင်း မြောက်များစွာ ရှိနေခဲ့သည်။

Casually: မင်း ရှုံးသွားပြီ။

Casually: နောက်တစ်ယောက်။

ရှားလီ၏မျက်နှာမှာ နီရဲနေခဲ့သည်။ သူမ၏ရင်ဘတ်ထဲတွင် အသက်ရှူကျပ်နေသကဲ့သို့ ခံစားနေခဲ့ရသော်လည်း သူမသည်ရှူမထုတ်နိုင်ခဲ့ပေ။ လက်ရွေးစင်အသင်းမှ ကျန်ရှိနေသူများမှာ ‘ကဲ့ရဲ့တတ်သည့်သခင်’ ကြောင့် စိတ်တိုသွားကာ တစ်စုံတစ်ယောက်မှာ ပစ်ခြင်းလေ့ကျင့်ရေးကွင်းသို့ ဝင်လာခဲ့သည်။

TKTK: ဒီသခင်ရဲ့ ဓားနဲ့တိုက်ခိုက်နိုင်စွမ်းရည်အကြောင်း ကျွန်တော်သင်ပါရ‌စေ။

Casually: ကောင်းပြီ။ မင်းမြေပုံကိုရွေး။

TKTKသည် လက်ရွေးစင်အသင်း၏ အစားထိုးကင်းထောက်ဖြစ်သော တန်ကိုင်း၏ အကောင့်နောက်တစ်ခုဖြစ်သည်။

သူသည် ဂန္တဝင်ဓားတိုက်ပွဲမြေပုံဖြစ်သော စိမ့်မြေနက်ကို ရွေးချယ်ခဲ့သည်။

စိမ့်မြေနက်မှာ ကစားသမားတစ်ယောက် အသက်အောင့်ကာ ရေထဲသို့ဒိုင်ဗင်ဆင်းနိုင်‌သည့် ရေမြေပုံတစ်ခုဖြစ်သည်။ ကစားသမားသည် ရေအောက်သို့ငုံ့ပြီးနောက် သူတို့၏ခေါင်းပေါ် အောက်ဆီဂျင်ဘားတစ်ခု ပေါ်လာလိမ့်မည်။အောက်ဆီဂျင်ဘားပျောက်သွားသည့်အခိုက်အတန့်တွင် သူတို့ရေနစ်သွားလိမ့်မည်။ ရေငုပ်ခြင်းနှင့် ရေထဲမှထွက်လာခြင်း အချိန်တို့မှာ ကောင်းစွာဆုပ်ကိုင်ထားရမည် သို့မဟုတ်ပါက ရေနစ်ရန်လွယ်ကူသွားလိမ့်မည်။ ဤသည်မှာ ကျွမ်းကျင်ကစားသမားများ၏ အခြေခံစွမ်းရည်ဖြစ်သည်။

စိမ့်မြေနက်သည် အနည်းငယ်မှောင်မိုက်သည်။သေနတ်များအား ဤနှစ်ယောက်ပြိုင်ပွဲတွင် ခွင့်မပြုဘဲ ဓားများသာခွင့်ပြုထားသည်။

ဓားတိုက်ပွဲသည် ကင်းထောက်တစ်ယောက်၏ ပုန်းအောင်းကာ လုပ်ကြံသတ်ဖြတ်ခြင်းစွမ်းရည်ကို စစ်ဆေးခဲ့သည်။

စိမ့်မြေထဲ‌ပေါလောပေါ်နေသော ပုပ်သိုးနေသည့် ကြာရွက်များမှာ ပုန်းခိုခြင်းအတွက် အသုံးပြုနိုင်သည်။ သူတို့နှစ်ယောက်လုံးမှာ စိမ့်မြေမှိန်မှိန်ထဲ ပုန်းအောင်းနေကာ သူတို့ရန်သူ၏တည်နေရာကို ဂရုတစိုက် ရှာဖွေနေခဲ့သည်။

ကျယ်လောင်သော သေနတ်သံများနှင့် ပေါက်ကွဲသံများမှ ခြားနားနေခဲ့သည်။ မြေပုံတစ်ခုလုံးမှာ ဓားတိုက်ပွဲအတွင်း အပ်တစ်ချောင်းမကျသည့်အလား တိတ်ဆိတ်‌နေခဲ့သည်။ တိတ်ဆိတ်နေသော စိမ့်မြေထဲတွင် ရန်သူ၏လည်ပင်းအားအချိန်မရွေး ကိုက်နိုင်သော ပုန်းခိုနေသည့် ရက်စက်ကြမ်းကြုတ်သော မိကျောင်းတစ်ကောင်ရှိနေသကဲ့သို့ဖြစ်သည်။

အချိန်မှာ မိနစ်လိုက် တိတ်ဆိတ်စွာ ကုန်ဆုံးလာခဲ့သည်။ စောင့်ကြည့်နေသူများမှာ ချွေးစေးများထွက်လာကာ ဂိမ်းဆော့နေသော တန်ကိုင်းအား တစ်ယောက်တည်းထားခဲ့သည်။

သူသည် တစ်ဖက်လူအား မရှာနိုင်ခဲ့ပေ။ သူသည် စေ့စပ်သေချာသော စစ်ဆေးမှုမှတစ်ဆင့် Casually ၏တည်နေရာအား မရှာနိုင်ခဲ့ပေ။

ကစားပွဲတွင် ကင်းထောက်၏ အခန်းကဏ္ဍမှာ ရန်သူအားရှာဖွေကာ ဖြစ်နိုင်လျှင် သတ်ပစ်ပြီး သူသည်ရန်သူအားမသတ်နိုင်လျှင် သူ၏အသင်းသားများအား အချက်အလက်နှင့်တည်နေရာကို ပြောပြပေးခြင်းဖြစ်သည်။

သူသည် ရန်သူအား မရှာနိုင်ပါက တိုက်ပွဲတွင် အလကားပင်ဖြစ်သည်။

ကောင်လေးသည် ရင်းနှီးပြီးသား မြေစိမ့်အား စေ့စေ့စပ်စပ်ဆက်လက်ရှာဖွေကာ သူ၏မျက်နှာမှာ ဖျော့တော့လာခဲ့သည်။

ထို့နောက် သူ၏အောက်ဆီဂျင်ဘား ပျောက်တော့မည်ဖြစ်ကာ လေရှူရန်ရေထဲမှ သူ၏ခေါင်းထွက်လာချိန်တွင် ဓားချွန်တစ်ခုမှာ အလင်းတန်းတစ်ခုနှင့်ထွက်လာကာ ရုတ်တရက်သူ့အား အနောက်မှထိုးလိုက်သည်။

တစ်ချက်၊ နှစ်ချက်။

၎င်းသည် တုံ့ဆိုင်းမှုမရှိသော သေစေနိုင်သည့် လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်သည်။

[Casually သည် TKTK အား the Blood Bladeဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်။]

အားလုံး: “……”

Casually: နောက်တစ်ယောက်။

လူတိုင်းမှာ အစားထိုးအားဖြည့်သူ လုကျင်းယွမ် အားတစ်စုတစ်စည်းတည်း ကြည့်လိုက်ကြသည်။ သူ၏အသင်းသားများအကြည့်အောက် လူငယ်လေးမှာ မျက်မှောင်ကြုတ်ကာ စိန်ခေါ်မှုအား လက်ခံရန်စာရိုက်ခဲ့သည်။

This is a Side Account: ကျွန်တော်လာမယ်။

လုကျင်းယွမ်သည် အပိုစကားမပြောပေ။ သူသည် ဂိမ်းထဲသို့ဝင်ရန် သေနတ်ရွေးချယ်ခြင်းမြေပုံကို ချက်ချင်းပြောင်းလိုက်သည်။

သူရွေးချယ်ခဲ့သော မြေပုံမှာ တောနက်ထဲမှ ဖြစ်သည်။

လက်ရွေးစင်အသင်းမှာ အားဖြည့်သူသုံးယောက်အား ခေါ်လာခဲ့သည်။ ‌ရှီရှောင်ဘင်းနှင့် လုကျင်းယွမ်သည် လုံးတမတူညီသော ကစားပုံများနှင့် လူသစ်နှစ်ယောက်ဖြစ်သည်။ ပထမတစ်ယောက်မှာ သတိထားတတ်၍ဂရုစိုက်တတ်ကာ ဒုတိယတစ်ယောက်မှာ သွေးဆူ၍ကြမ်းတမ်းသည်။ ရှီရှောင်ဘင်းသည် ကမ္ဘာ့စီးရီးတွင် တစ်ကြိမ်သာ ပါဝင်မှုရှိခဲ့သည်။ လုကျင်းယွမ်မှာမူ အစားထိုးဖြစ်ပြီး တစ်ကြိမ်ပင်ကစားခွင့်မရှိဖူးပေ။

သူသည် ရှီရှောင်ဘင်းထက် မညံ့ကြောင်း သက်သေပြချင်စိတ် ပြင်းပြနေခဲ့သည်။

လုကျင်းယွမ်သည် အဓိကလက်နက်အဖြစ် the Uzi MAC-Fanaticကို အသုံးပြုခဲ့သည်။

စက်‌သေနတ်များ၏ Uzi စီးရီးများတွင် အလွန်မြန်ဆန်သော ပစ်ခတ်နှုန်းရှိသည်။ ၎င်းသည် တစ်မိနစ်အတွင်း ကျည်ဆံ၆၀၀အား ပစ်နိုင်သည်။ ကြမ်းတမ်းကာလှပသော မျက်မြင်သက်ရောက်မှုများရှိကာ ၎င်းသည်ချက်ချင်းပင် အလွန်ပြင်းထန်သည့်မီးစွမ်းအားကို ပြသခဲ့သည်။ ဆိုးကျိုးမှာ ကျည်ဆံတစ်ခုချင်းစီ၏ ထိခိုက်မှုမှာ နည်းပါးသည်။ ရန်သူအားသတ်ပစ်ရန် ထိချက်ပေါင်းများစွာလိုသည်။

ကျန်းရှောင်ယွီသည် သူ၏အဓိကလက်နက်အား the Thomson-Flames အဖြစ်ထပ်မံပြောင်းလိုက်သည်။

သူတို့နှစ်ယောက်လုံးမှာ တောနက်ထဲမှာဟူသော မြေပုံတွင် ရင်ဆိုင်ခဲ့ကြသည်။

ကစားပွဲအစပိုင်းတွင် ပြင်းထန်သော သေနတ်သံများသည် တောအုပ်ထဲ ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။

လုကျင်းယွမ်သည် တကယ်တမ်းတွင် ပို၍ကြမ်းတမ်းစွာ တိုက်ခိုက်ချင်နေခဲ့သည်။ သူတို့သည်အရှေ့သို့ ပြင်းထန်စွာပစ်ခတ်သောအခါ ကျည်ဆန်များမှာ သူတို့ပိုက်ဆံမလိုချင်သကဲ့သို့ အက်ကွဲသွားခဲ့သည်။

ပြင်းထန်သော မီးစွမ်းအားဖိနှိပ်ခြင်းပုံစံမှာ ကျန်းရှောင်ယွီအား တစ်ခဏတာ နီးစပ်၍မရနိုင်ခဲ့ပေ။

ကျန်းရှောင်ယွီသည် တောအုပ်ထဲသို့ ရိုးရှင်းစွာသွားခဲ့သည်။ သူသည်သူ့ကိုယ်သူ သစ်ပင်ကြီးနှင့် ကာထားကာ အက်စ်ပုံသဏ္ဍာန်ရွေ့လျားမှုဖြင့် ဆက်တိုက်‌ရှောင်ရှားနေခဲ့သည်။ သူသည်အလွန်လျင်မြန်စွာ ပြေးနေခဲ့ရာကာ သွက်လက်သည့် ယုန်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ လုကျင်းယွမ်မှ ကြမ်းတမ်းစွာပစ်လိုက်‌‌သည့် ကျည်ဆန်များမှာ သူ၏အဝတ်အစားထောင့်များကိုသာ ထိခဲ့သည်။

[This is a Side Account သည် Casually အား the Uzi MAC-Fanaticဖြင့် ပစ်ကာထိခဲ့သည်။]

[This is a Side Account သည် Casually အား the Uzi MAC-Fanaticဖြင့် ပစ်ကာထိမှန်ခဲ့သည်။]

ဆက်တိုက်ပေါ်လာခဲ့သော စနစ်သတိပေးချက်မှာ လုကျင်းယွမ်အား ယုံကြည်ချက်အပြည့် ဖြစ်စေခဲ့သည်။ ဆယ်ကျော်သက်၏မျက်လုံးများမှာ တိုက်ခိုက်ရင်းရှေ့တိုးနေသောကြောင့် နီရဲလာခဲ့သည်။

အနည်းငယ်သာ ထပ်ဆော့လျှင် သူသည်ဤလူအား သတ်နိုင်လိမ့်မည်။

သူသည် Casually ကိုသတ်ရန်သာ လိုအပ်နေကာ နည်းပြအသစ်မှာ ၎င်းအား‌သိရှိကောင်းသိရှိနိုင်မည်။ ထို့နောက်သူသည် နောက်ပြိုင်ပွဲ

တွင် အစကစားသမားအဖြစ် ယှဉ်ပြိုင်ခွင့်ရလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ လက်ရွေးစင်အသင်း၏ အဓိကအားဖြည့်သူမှာ အနားယူတော့မည်။ နောက်ထပ်ရာသီတစ်ခု စတင်မည့်ကစားသမားမှာလည်း မရေရာသေးပေ။

ကျည်ကဒ်တစ်ခု၏ ကျည်ဆံများမှာ မျက်စိတစ်မှိတ်အတွင်း ကုန်သွားခဲ့သည်။ လုကျင်းယွမ်သည် ကျည်ကဒ်အားပြောင်းရန် သစ်ပင်အနောက် ချက်ချင်းပုန်းလိုက်သည်။

ကျစ်။

ကျည်ကဒ်များလဲသည့် ရှင်းလင်းသောအသံမှာ သူ၏နားထဲဝင်လာခဲ့သည်။

တစ်ချိန်တည်းတွင် နဂါးတစ်ကောင်ဟိန်းသံကဲ့သို့ ပြင်းထန်သည့်သေနတ်သံ ပေါ်လာခဲ့သည်။

[Casually သည် This is a Side Account အား the Thomson-Flamesဖြင့် ပစ်ခဲ့သည်။]

ကျန်းရှောင်ယွီ၏ အချိန်မှာ ကိုက်ညီခဲ့သည်။ အခြားသူမှာ သူ၏ကျည်ကဒ်လဲ‌သည့် စက္ကန့်ပိုင်းအတွင်း သူသည်ပုန်းနေရာမှ ထွက်ပေါ်လာကာ ဆက်တိုက်သေနတ်ပစ်ခြင်းမှာ လုကျင်းယွမ်၏အသက်ကို ချက်ချင်းကုန်သွားစေခဲ့သည်။

လုကျင်းယွမ်၏တုံ့ပြန်ချက်မှာလည်း အတော်မြန်ဆန်လှသည်။ သူသည်သူ၏ကိုယ်ထည်အားဖုံးကွယ်ရန် သစ်ပင်နောက်ပြေးသွားရန် Zပုံသဏ္ဍာန်‌ ရွေ့လျားမှုကို အသုံးပြုခဲ့သည်။ ထို့နောက်သူသည် နောက်သို့လှည့်ကာ ပြန်ပစ်ခဲ့သည်။

သူအလွန်တွေးနေသည်မှာ နှမြောစရာပင်ဖြစ်သည်။ e-sports တွင် သေနတ်ပစ်ခတ်ခြင်း၏ ထင်ယောင်ထင်မှားဖြစ်ခြင်း သုံးခုရှိသည်။ သူငါ့ကိုသဘောကျတယ်။ ငါ့နောက်မှာဘယ်သူမှမရှိဘူး နှင့် ငါပြန်တိုက်နိုင်တယ်တို့ဖြစ်သည်။ သူထွက်လာသည့်အခိုက်အတန့်တွင် ကျည်ဆန်မိုးများ သူ့အားရိုက်ခတ်သွားခဲ့သည်။

[Casually သည် This is a Side Account အား the Thomson-Flamesဖြင့် ပစ်သတ်ခဲ့သည်။]

ကြည့်ရှုသူများ: “……”

တစ်ခါတစ်ရံတွင် ကျွမ်းကျင်သူများအချင်းချင်းတိုက်ခိုက်သည့်အခါ 0.1စက္ကန့်တုံ့ပြန်မှုမှာ ကွာခြားမှုဖြစ်စေသည်။ လုကျင်းယွမ်သည် ပြန်တိုက်ချင်‌သော်လည်း ကံမကောင်းစွာနှင့် ရန်သူမှာ သူ့ထက်‌ခြေတစ်လှမ်းစောကာ ပစ်ခဲ့သည်။ ထို့ကြောင့် သေသွားသူမှာ သူ‌ဖြစ်နေခဲ့သည်။

Casually: နောက်တစ်ယောက်။

လေ့ကျင့်ရေးခန်းထဲတွင် တိတ်ဆိတ်မှုတစ်ခု ကျရောက်သွားခဲ့သည်။

အဖွဲ့၏မျက်နှာများမှာ ဖျော့တော့နေခဲ့သည်။ တစ်ခဏကြာ သူတို့ဘာပြောရမည်ကို မသိခဲ့ပေ။ နောက်ထပ်မရှိတော့ပေ။ တိုက်ခိုက်သည့်အဖွဲ့မှာ ကုန်သွားခဲ့သည်။ သူတို့သည် ဆေးအကူအား ဆက်သွားခွင့်မပြုနိုင်သည်မဟုတ်ပါလား။

အစပြုသူ မိုဟန်တျန်းသည် အိုး၏အောက်ခြေကဲ့သို့ မှုန်မှိုင်းနေသည့်မျက်နှာ ရှိနေခဲ့သည်။ လူတစ်စုအားခေါ်လိုက်ခြင်းမှာ ဤလူဆိုးအား ဂိမ်းမဆော့ချင်တော့သည်အထိ အနိုင်ကျင့်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ ရလဒ်မှာသူတို့သည် အမှန်တကယ်ပင် ဘူးသီးလေးများဖြစ်လာခဲ့သည်။ သူတို့သည်သူတို့ကိုယ်သူတို့ တစ်ယောက်ပြီးတစ်ယောက်လွှတ်ကာ သေသွားခဲ့သည်။

Casually: ပို့ဆောင်မှုပြီးသွားကြပြီလား။

အားလုံး: “………”

သူတို့ပွဲဦးထွက်ကတည်းက ဤလူသစ်များမှာ ‘’အလားအလာ‌အကောင်းဆုံး လူသစ်များ’၊ ‘မနက်ဖြန်၏ တက်သစ်စကြယ်ပွင့်များ’ နှင့် ‘XXအသင်း၏‌ မျှော်လင့်ချက်’ အဖြစ်ကောက်ချက်ချခံခဲ့ရသည်။ သူတို့အားလုံးသည် ပရိသတ်များနှင့်နည်းပြများမှ အားလုံးဂရုစိုက်ကာ မွေး‌ဖွားလာခဲ့ခြင်းဖြစ်သည်။ သူတို့သည် တရုတ်နိုင်ငံအတွက် ဂိမ်းပွဲရှုံးနိမ့်သောအခါ ကီးဘုတ်တိုက်ခိုက်သူများမှ အဆူခံရနိုင်သော်လည်း လူသစ်များမှာ အမြဲတိုးတက်လာရမည် မဟုတ်ပါလား။

သူတို့သည် ဤမျှလောက် စိတ်မွန်းကျပ်မှုအား တစ်ခါမျှမခံစားခဲ့ရပေ။ သူတို့အဖွဲ့မှာ ဤ Casually ကိုပင် မကိုင်တွယ်နိုင်သည်လား။ Casually မှသူတို့အား တစ်ယောက်ပြီးတစ်ယောက် ချေမှုန်းနိုင်သည်မှာ အဓိပ္ပာယ်ရှိသလား။ လက်ရွေးစင်အသင်း၏ဂုဏ်သိက္ခာမှာ သူတို့ကြောင့် ညှိုးနွမ်းကုန်သည်။

Casually: ‌ကျွမ်းကျင်ကစားသမားတစ်ယောက်ရဲ့ သော့ချက်က ‘ကစားသမား’ မဟုတ်ဘဲ ‘ကျွမ်းကျင်မှု’ပဲ။

Casually: မင်းတို့ဆေးကြောပြီး အနားယူသင့်ပြီ။ မင်းတို့ရဲ့ ‘ကျွမ်းကျင်မှု’ကို ငါလုံးဝမမြင်ရဘူး။

ကျန်းရှောင်ယွီသည် တိုက်ပွဲအခန်းမှ ရိုးရိုးရှင်းရှင်း သပ်သပ်ရပ်ရပ်မထွက်လာခင် ဤနောက်ဆုံးကဲ့ရဲ့မှုကို လုပ်ခဲ့သည်။

လေ့ကျင့်ရေးအခန်းထဲတွင် လူတစ်ချို့မှာ ကီးဘုတ်အား ဒေါသတကြီးရိုက်ချကာ လူတစ်ချို့က မျက်နှာထားတည်နေပြီး လူအချို့မှာ ငိုတော့မည့်အလား မျက်လုံးများနီရဲနေခဲ့သည်။

သူတို့သည် မည်ကဲ့သို့ပင် အတိအကျ ကျွမ်းကျင်သူများ ဖြစ်လာရသနည်း။ သူတို့သည် အွန်လိုင်းဂိမ်းထဲရှိ လူတစ်ယောက်ကိုပင် မနိုင်နိုင်ခဲ့ပေ။ သူတို့သည်လူတစ်ယောက်မှ အလွယ်တကူရှုံးနိမ့်ခံရချိန်တွင် လက်ရွေးစင်အသင်း၏ကစားသမားများဟု မည်ကဲ့သို့ပြောနိုင်သနည်း။

ဘူးသီးလေးများအဖွဲ့မှာ စိတ်ပျက်နေချိန် တစ်စုံတစ်ယောက်မှာ တံခါးအားရုတ်တရက် တွန်းဖွင့်လိုက်သည်။ သူသည် ဆယ်ကျော်သက်အဖွဲ့များ သူတို့၏ခေါင်းငိုက်စိုက်ကျ‌သည်ကို မြင်ခဲ့ကာ လက်ရွေးစင်အသင်း၏‌ ခေါင်းဆောင်ဖြစ်သူ လောင်လင်းမှာ ခဏကြောင်သွားခဲ့သည်။ ထို့နောက်သူပြုံးလိုက်သည်။ “ဟာ မင်းတို့အခုထိ အတော်အလေးအနက်ဖြစ်နေတုန်းလား။ ဒီနေ့လေ့ကျင့်ရေးတာဝန်မရှိဘူးလို့ ငါမှတ်မိတယ်။ အွန်လိုင်းဂိမ်းထဲက အားနည်းသူကိုမင်းတို့အနိုင်ကျင့်တော့မှာလား”

အားလုံး: “……”

သူတို့သည်အားနည်းသူအား အနိုင်ကျင့်ချင်ခဲ့သည်။ ရလဒ်အနေနှင့် သူတို့မှာ အနိုင်ကျင့်ခံရသူများ ဖြစ်ခဲ့ကြသည်။

GMC
Author: GMC
Private: ရွှေအဆင့်နည်းပြ

Private: ရွှေအဆင့်နည်းပြ

GMC, Our Omega Coach is Gold-Class, 金牌教练(电竞)
Score 9
Status: Ongoing Type: Author: , Artist: , Released: 2022 Native Language: Chinese
အညွှန်း တရုတ်ပြည်နယ်တွင် သေနတ်ဘုရင်အတွက် ပရိုလိဂ်‌တွင် ပါဝင်ခဲ့သော Wing ဟုအမည်ရသည့် ဂန္တဝင်ကစားသမားတစ်ဦး ရှိခဲ့သည်။ သူသည် သေစေလောက်သော တိကျသေချာမှုနှင့် ယုံကြည်ချက်အပြည့်ဖြင့် သူ၏ရိုက်ချက်များဆီသို့ ကျရောက်ခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် အသေးစားလိဂ်ရှိ အဆင့်နိမ့်အသင်းတစ်သင်းမှာ မေဂျာလိဂ်သို့ တက်ရောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် နှစ်စဉ်ချန်ပီယံဆုအား ဆွတ်ခူးခဲ့ပြီး သမိုင်းတစ်လျှောက် အသန်မာဆုံးမြင်းနက်တစ်ကောင် ဖြစ်လာခဲ့သည်။ သို့သော် Wingမှာ ချန်ပီယံဆုအားရယူပြီးနောက် အနားယူလိုက်ကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။ အင်တာနက် သုံးစွဲသူများစွာမှာ သူ၏အနားယူခြင်းအတွက် အကြောင်းပြချက်များအပေါ် ထင်ကြေးပေးခဲ့ကြသည်။ သူသည် “ဖယ်ရိုမုန်းရောဂါ”အား ခံစားနေရသော အိုမီဂါတစ်ဦးဖြစ်နေသည်ကို မည်သူမျှမသိခဲ့ပေ။ ငါးနှစ်ကြာပြီးနောက် တရုတ်လက်ရွေးစင်အသင်းသည် သေနတ်ဘုရင်ကမ္ဘာ့ချန်ပီယံရှစ် ပထမအဆင့်တွင် ပြုတ်သွားခဲ့သည်။ နိုင်ငံအသင်းနည်းပြမှာ ဖိအားများအောက် ချက်ချင်းနှုတ်ထွက်ခဲ့သည်။ အကျပ်အတည်းကာလတွင် Wingဟု တစ်ချိန်က လူသိများခဲ့သော ကျန်းရှောင်ယွီသည် တရုတ်နိုင်ငံသို့ ပြန်လာပြီး နိုင်ငံအသင်းနည်းပြ ရာထူးကို အပ်နှင်းခံရသည်။ လက်ရွေးစင်အသင်းမှာ တစ်ဦးနှင့်တစ်ဦး လုံးဝမသင့်မြတ်သော ကစားသမားကောင်းများနှင့် ဆိုးသောကစားသမားများတို့ဖြင့် ရောနှောနေခဲ့သည်။ အထူးသဖြင့် တွေ့ဆုံသည့်အခိုက်အတန့်၌ စကားများရန်ဖြစ်သည့် အယ်လ်ဖာများအတွက် အထူးမှန်ကန်သည်။ လက်ထောက်မှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။ “ဒီဘုရင်တွေကို ဘယ်လိုမှ ထိန်းလို့မရဘူး” ကျန်းရှောင်ယွီ: “ရတယ်။ သူတို့လေ့ကျင့်ဖို့ကို ငါ့လက်ထဲသာအပ်လိုက်” ထို့ကြောင့် နည်းပြကျန်းသည် သူ၏ဆိုးရွားစွာပြောတတ်သည့်ပုံစံကို စတင်ခဲ့သည်။ “ဒါကလက်ရွေးစင်အသင်းမှာရှိတဲ့ ကစားသမားတစ်ယောက်ရဲ့အဆင့်အတန်းလား” “မင်းတို့နဲ့ကစားဖို့ ဇာတ်ညွှန်းတွေတောင် လိုသေးရဲ့လား။ ပေါ့ပေါ့ပါးပါးဆော့ရင်တောင် ငါမင်းတို့ကိုနိုင်နိုင်တယ်” “မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးနေတာလား။ တစ်ယောက်ပြီးတစ်ယောက် အလကားသေပေးနေကြတာလား” “မင်းတို့အခြားသူတွေကိုမနိုင်နိုင်ရင်လည်း ဂိမ်းကိုသာဖျက်လိုက်တော့” အခြားသူများအား လေ့ကျင့်ပေးသောအခါ ဘယ်သောအခါမှ ကျိန်ဆိုလေ့မရှိတတ်သော စကားပြောချိုသာသည့် နည်းပြကျန်းသည် သူတို့၏စိတ်အခြေအနေများ မပြိုလဲမချင်း တစ်သင်းလုံးကို ဆူပူခဲ့သည်။ ဤသည်မှာ သူတို့သည် နည်းပြကျန်းမှ သူ့ကိုယ်သူအိုမီဂါတားဆေးများ တိတ်တဆိတ်ထိုးသွင်းနေသည့်မြင်ကွင်းအား မြင်တွေ့ခဲ့သည့်တစ်နေ့မတိုင်ခင်အထိပင်ဖြစ်သည်။ အားလုံးမှာ တစ်စုတစ်စည်းထဲ မှင်တက်သွားခဲ့သည်။ “အဲ့ဒီကြမ်းတမ်းပြီး ရက်စက်တဲ့နည်းပြက တကယ့်ကို အိုမီဂါလား” “သူက အိုမီဂါဆိုရင်တောင် အသင်းလိုက် တိုက်ရင်တောင် အနိုင်ယူလို့ မရနိုင်တဲ့ သူဌေးမျိုးပဲ” ဂိမ်းနတ်ဘုရား: “အကူအညီ‌ တောင်းချင်လို့ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့ စာစီစာကုံး စာလုံးရေ 1000ကို ဘယ်လိုရေးရမလဲ” ကျော်ကြားသည့် တိုက်ရိုက်ထုတ်လွှင့်သူ: “ဒီနေ့ ကျွန်တော် တိုက်ရိုက်မလွှင့်ဘူး။ နံရံကိုပဲ မျက်နှာမူနေပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်မယ်” အပျော်တမ်းဘုရင်တစ်ပါး: “ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။ ငါ ဘာလို့ ဂိမ်းတွေကို ကစားနေရတာလဲ။ ငါ့ဘဝကို တကယ် သံသယဖြစ်မိတယ်” အယ်လ်ဖာလူငယ်: “အိုမီဂါဆီက မျက်ရည်ကျရလောက်အောင် အဆူခံရတဲ့အတွေ့အကြုံက ဘာလဲ။ ငါတို့ ပိုငိုလေလေ ပိုပြီးနေသားကျလေလေပဲ” အင်တာနက်သုံးစွဲသူများ: “???” ဘာလို့ ဒီနှစ်လက်ရွေးစင်အသင်းက အဆင်မပြေ ဖြစ်နေရတာလဲ။ +++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset