GMC အပိုင်း ၉

Chapter 9- ခြေရာခံသခင်

ရှီရှောင်ဘင်းသည် လက်ရွေးစင်အသင်းအတွက် အစားထိုးအားဖြည့်သူဖြစ်နေခဲ့ကာ ကမ္ဘာ့စီးရီးတွင် တစ်ကြိမ်သာ ပေါ်လာခဲ့သည်။ လူငယ်လေးသည် အားကြီးသောစက်သေနတ်ကိုကိုင်ကာ ရှေ့သို့ပြေးထွက်လာခဲ့သည်။ ရလဒ်အနေနှင့် သူသည်အချိန်ကောင်းရောက်လျှင် ရှေ့သို့ချီမတက်ရဲခဲ့ပေ။ သူသည်ပုန်းနေကာ အခြားတစ်ဖက်၏ ချေမှုန်းသူများမှ ဝန်းရံခံရသည့် ဆန့်ကျင်ဘက်ကိုသာစောင့်နေခဲ့သည်။ သူသည် စိတ်လှုပ်ရှားစွာ ပစ်ခတ်ခဲ့ကာ အခြားသူ၏ကိုယ်ထည်ကောက်ကြောင်းအား ခြေရာခံလိုက်သကဲ့သို့ ကျည်ဆံများမှာ နေရာတိုင်းပြန့်ကျဲနေခဲ့သည်။

ကျန်းရှောင်ယွီ၏ စကားစု ‘ခြေရာခံသခင်’မှာ ရှီရှောင်ဘင်း၏ အားနည်းချက်ကို အမှန်နကယ် ထိမှန်ခဲ့သည်။

ချီရှောင်ဘင်းသည် သူ၏ရင်ထဲ၌ စူးရှစွာနာကျင်သွားကာ အသက်ပြင်းပြင်းရှူခဲ့သည်။ သူသည် ကွန်ပျူတာအား အလွန်လေးနက်ကာ အာရုံစိုက်နေသည့်အနေအထားနှင့် စိုက်ကြည့်ကာ လက်နှစ်ဖက်ဖြင့် ကီးဘုတ်ပေါ်စာရိုက်နေခဲ့သည်: ခင်ဗျားကအရမ်းအားကောင်းတာကြောင့် ဒီဂိမ်းအတွက် မြေပုံကိုရွေးနိုင်ပါတယ်။

Casually: မင်းရွေးသင့်တယ်။ မင်းတော်တဲ့နေရာတစ်ခုကို‌ ရွေးပြီးတော့ ငါကြည့်တာပေါ့။

Shi Xiaobin: “………”

မိုဟန်တျန်းသည် ဘေးမှသူ့အားသတိပေးခဲ့သည်။ “ရှောင်ဘင်း အရူးလုပ်မခံနဲ့။ ဒါကစိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးပဲ။ သူကတမင်တကာနင့်ရဲ့စိတ်ဓာတ်ကိုပျက်စီးအောင် ကဲ့ရဲ့မှု‌တွေနဲ့ စနေတာ”

ရှီရှောင်ဘင်းသည် ခေါင်းမငြိမ့်ခင် ကြောင်နေခဲ့သည်။ “အဓိပ္ပာယ်ရှိသားပဲ။ ဒါကစိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေးပဲ”

“အားဖြည့်သူတစ်ယောက်အတွက် ကစားဖို့အသင့်တော်ဆုံး မြေပုံကိုရွေးပြီး တိုက်ရိုက်သူ့ကိုသတ်ပစ်လိုက်”

ရှီရှောင်ဘင်းသည် တိုက်ပွဲမြေပုံတည်နေရာအား အမြန်ဖွင့်လိုက်ကာ ကျောက်တုံးဖြစ်ပေါ်ခြင်းဟူသော မြေပုံအား နှိပ်ထားလိုက်သည်။

ဤသည်မှာ ပုံမှန်အတားအဆီးပေါင်းစုံမြေပုံဖြစ်သည်။ မရေမတွက်နိုင်သော အမြင့်အမျိုးမျိုးနှင့် ထူးဆန်းသည့်‌ ကျောက်တုံးများရှိကာ ဖြန့်ဝေထားခြင်းမှာ ရှုပ်ပွနေသည်။ ကစားသမားများသည် ပျောက်ကျားစစ်ဆေးရေးတိုက်ခိုက်ရန် ကျောက်တုံးများကြား အမြန်‌ရွေ့နိုင်သည်။ ဤမြေပုံမှာ အလွန်ပြီးပြည့်စုံသည်။ ၎င်းသည်မည်သည့်နေရာတွင်ပုန်းရမည်၊ မည်သည့်အချိန်တွင်ပစ်ရမည်နှင့် မည်ကဲ့သို့ရွေ့လျားရမည်ကဲ့သို့ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ကစားသမား၏ဆုံးဖြတ်မှုကို စစ်ဆေးသည်။

ဒီလိုမျိုးရှုပ်ထွေးတဲ့မြေပုံကို ရွေးမလို့လား။ဒီကောင်လေးက အလေးအနက်ထားတဲ့ပုံပဲ။

ကျန်းရှောင်ယွီသည် ပြင်ဆင်ခြင်းခလုတ်အား နှိပ်လိုက်ကာ သူ၏လက်နက်ကို အမြန်ပြောင်းလိုက်သည်။

သူ၏အဓိကလက်နက်မှာ အားကောင်းသောစက်သေနတ်ဖြစ်သည့် the Thomson-Flamesဖြစ်သည်။ သို့သော် သူသည် သူသည် ဂိမ်းထဲတွင် ကျည်ဆန်လေးခုသာရှိသော ပို၍လေးသည့်စက်သေနတ်ဖြစ်သည့် Laser Canon နှင့် သူ၏ဒုတိယလက်နရ်ကို အစားထိုးခဲ့သည်။ သေနတ်ပစ်နေစဉ်ရွေ့လျား၍မရသော်လည်း ထုတ်လွှတ်လိုက်‌သည့် ကျည်တောင့်မှာ လွန်စွာမြင့်မားသော ပျက်စီးအားမြင့်သည့်စွမ်းအင်ရှိနေခဲ့သည်။ ၎င်းသည်မည်သည့်အဆောက်အဦးကိုမဆို ထိမှန်၍ဖျက်ဆီးနိုင်ကာ လမ်းဖြောင့်တွင် ရန်သူများအား ကြောက်စရာကောင်းသည့် နေရာထိခိုက်မှုမျိုးဖြစ်နိုင်သည်။

ထို့ပြင် သူသည် မီးခိုးဗုံးဖြစ်သော လက်ဖြင့်ပစ်နိုင်သည့် လက်နက်များအား ယူဆောင်လာခဲ့သည်။

ကစားသမားတိုင်းသည် အကန့်သုံးခုတွင် မည်သည့်လက်နက်များယူဆောင်လာရန်နှင့်ပတ်သက်၍ သူတို့၏ကိုယ်ပိုင်ပုံစံရှိနေခဲ့သည်။ အားဖြည့်သူ၏ပုံစံမှာ အမှန်တကယ်ပင် ပေါ့ပါးသွက်လက်လွန်းကာ မတူညီသောမြေပုံများအရ မတူညီသောဗျူဟာများကို ရွေးချယ်နိုင်သည်။

ဂိမ်းပွဲမစတင်ခင်တွင် ကျန်းရှောင်ယွီသည် အများသူငှာချန်နယ်တွင် စာရိုက်ရန်အချိန်အား အခွင့်ကောင်းယူကာ‌ မေးခဲ့သည်: ရှီရှောင်ဘင်း၊အားဖြည့်သူတွေ ဘယ်လိုကစားသင့်တယ်လို့ မင်းထင်လဲ။

ရှီရှောင်ဘင်းသည် လန့်သွားကာ စိတ်ရှုပ်ထွေးနေသည့်မျက်နှာနှင့် မိုဟန်တျန်းအား ကြည့်လိုက်သည်။ “အစ်ကိုကြီးမို၊ သူကျွန်တော့်ကိုမေးခွန်းမေးနေတာလား”

မိုဟန်တျန်းသည် ‌မျက်စောင်းထိုးလိုက်သည်။ “သူ့ကိုလျစ်လျူရှုထားလိုက်။ ဒါကအတန်းတက်နေတယ်များထင်နေလား။ ဒါကစိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးပဲ။ သူမင်းရဲ့စိတ်ကိုရှုပ်အောင်လုပ်နေတာလေ”

ရှီရှောင်ဘင်းသည် သဘောတူသည့်‌အနေနှင့် ခေါင်းငြိမ့်လိုက်ကာ စာရိုက်ခဲ့သည်: ငါဒါကိုမင်းကိုရှင်းပြစရာမလိုဘူး။ သွားမယ်။

Casually: ကောင်းပြီဒါဆို တကယ့်တိုက်ပွဲမှာ ရှင်းပြပေါ့။

ဂိမ်းပွဲစတင်ခဲ့သည်။

ပစ်ခြင်းလေ့ကျင့်ရေးမြေပြင်၏ တစ်ယောက်ချင်းတိုက်ပွဲမှာ အလွန်ရိုးရှင်းလှသည်။ နှစ်ဖက်လုံးမှာ လွတ်လပ်စွာ လက်နက်များသယ်ဆောင်လာကာ ရွေးချယ်ထားသည့်မြေပုံအား ဝင်ရောက်၍ အနိုင်ရရန်တစ်ဖက်အသင်းအား သတ်ရမည်။

ဤတစ်ခေါက်တွင် ရှီရှောင်ဘင်းမှ သယ်ဆောင်လာသော အဓိကလက်နက်မှာ MP5-Black Knightဖြစ်သည်။ ၎င်းသည်ကမ္ဘာပေါ်တွင် လူသိအများဆုးနှင့် ဂန္တဝင်စက်‌သေနတ်ဖြစ်သည်။နက်မှောင်သော သေနတ်ကိုယ်ထည်မှာ မှောင်မဲသောညတွင် တိုက်ပွဲအတွက်စောင့်ဆိုင်းနေသော သူရဲကောင်းတစ်ဦးနှင့်တူအောင် ပြုလုပ်ထားခဲ့သည်။ ၎င်းသည်ရိုးရှင်းကာ အန္တရာယ်များသည်။ ၎င်းတွင် လျင်မြန်သော ပစ်ခတ်နှုန်း၊ သန်မာသောပေါက်ကွဲနိုင်အားနှင့် တိကျသော ကျည်ဆန်များရှိသည်။

သူ၏ဒုတိယလက်နက်အတွက် သူသည် the Sand Eagle-Blue Dragon ကိုသယ်ဆောင်လာခဲ့သည်။ ၎င်းသည် အခက်အခဲများစွာနှင့် မြေပုံတွင် ပေါ့ပါးစွာပစ်ခတ်ခြင်းအတွက် သင့်တော်သည့် လူသိများသော ပစ္စတိုသေနတ်ဖြစ်သည်။.

နောက်ဆုံးလက်နက်အကန့်တွင် သူသည်လက်ပစ်ဗုံးဖြစ်သည့် ပစ်၍ရသော လက်နက်တစ်ခုကိုယူခဲ့သည်။ ၎င်းသည် ဖြည့်စွက်ထိခိုက်ရန်နှင့် သူ၏နောက်ဆုတ်ခြင်းအား ကာကွယ်ပေးရန်ဖြစ်သည်။

ဂိမ်းပွဲ စတင်ခဲ့သည်။

ကျောက်တုံးဖြစ်ပေါ်ခြင်းမြေပုံမှာ အခက်အခဲများနှင့် ပြည့်နေခဲ့သည်။ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ကျောက်တုံးများမှာ လူများ၏အမြင်အား ကာကွယ်လိမ့်မည်။ ကစားသမားများသည် ရှုပ်ထွေးနေသည့် ကျောက်တုံးများကြား အရှေ့အနောက်ရွေ့ရန်လိုသည်။ ကျန်းရှောင်ယွီသည် ကျောက်တုံးဖြစတ်ပေါ်ခြင်းဆီသို့ တိုးဝင်သွားကာ လေကဲ့သို့အမြန်‌ ရွေ့လျားခဲ့သည်။ ရှီရှောင်ဘင်းသည်လည်း မြေပုံထဲပြေးဝင်ကာ တစ်ဖက်လူ၏တည်နေရာအတွင် ဂရုတစိုက်ရှာဖွေခဲ့သည်။

ရုတ်တရက် အရှေ့ညာဘက်မှ ခြေသံများပေါ်လာခဲ့သည်။ ရှီရှောင်ဘင်း၏စိတ်ဝိညာဉ်သည် လန်းဆန်းသွားခဲ့သည်။ သူသည်သူ၏လက်ထဲမှ စက်သေနတ်မိုးရွာသွန်းပြီးနောက် ညာဘက်သို့ရွှေ့ပြောင်းသွားခဲ့သည်။ မီးခိုးဖြူများ အရှေ့တွင်ပေါ်လာသောအခါ သူသည်‌ ခြေလှမ်းအချို့သာလှမ်းခဲ့သည်။ ရှီရှောင်ဘင်းသည် ပြိုင်ဘက်ပစ်ခြင်းမှရှောင်ရှားရန် ကျောက်တုံးအနောက်တွင် ချက်ချင်းပုန်းခဲ့သည်။

အချိန်တစ်ခုပြီးနောက် သူ၏နားထဲသို့ အသံကျယ်ကြီးတစ်သံ ရောက်လာခဲ့သည်။

ဘုန်း။

ကျယ်လောင်သောပေါက်ကွဲမှုတစ်ခုဖြစ်ကာ အနီးအနားရှိကျောက်တုံးများ ကြေမွသွားခဲ့သည်။ Laser Canon၏ ကြောက်စရာကောင်းသော ပေါက်ကွဲအားမှာ ရှီရှောင်ဘင်းအ‌နောက်ရှိ ကျောက်တုံးကိုချေမွလိုက်ရုံသာမက မြေပြင်ပေါ် တစ်မီတာကျယ်သော မျဉ်းဖြောင့်အား လောင်ကျွမ်းသွားခဲ့သောကြောင့် အပျက်အစီးများ လေထဲသို့လွှင့်သွားခဲ့သည်။

ရှီရှောင်ဘင်းသည် ချက်ချင်းလှည့်ကာ ထွက်ပြေးသွားခဲ့သည်။

လက်ရွေးစင်အသင်းအတွက် ရွေးချယ်နိုင်သော ကစားသမားများ၏အရည်အသွေးမှာ မဆိုးလှပေ။ သူတို့၏လှုပ်ရှားမှုစွမ်းရည်များမှာ အဆင့်ကောင်းတစ်ခုသို့ရောက်နိုင်သည်။ နှစ်ဖက်လုံးမှာ ကျောက်တုံးဖြစ်ပေါ်ခြင်းတွင် တူတူပုန်းတမ်းစတင်ကစားခဲ့သည်။

ရှီရှောင်ဘင်းသည် လမ်းဆုံ၌ ထပ်မံ၍ ခြေသံများမကြာခင် ကြားခဲ့သည်။

သူသည်ကျောက်တုံးများနောက်ပုန်းနေကာ အလံမှ ပေါ့ပါးသွက်လက်စွာ ကွေ့ကောက်သည့်ပုံအတိုင်း ရွေ့လျားပြီး လမ်းဆုံထဲသို့ ဂရုတစိုက်ပစ်လိုက်သည်။

ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း။

စက်သေနတ်မှ ပစ်လိုက်သော ကျည်ဆံများမှာ အလွန်ပြင်းထန်လှသည်။ ဖြတ်သွား‌သည့် ကျန်းရှောင်ယွီမှာ ကျည်ဆံထိသွားကာ အသက် 50%‌ ဆုံးရှုံးသွားခဲ့သည်။

[Devil333သည် Casuallyအား the MP5-Black Knightဖြင့် ပစ်ကာထိမှန်သွားသည်]

ရှီရှောင်ဘင်း၏မျက်လုံးများ တောက်ပသွားသည်။

ထိသွားပြီကွ။ သူ့ကိုခြေရာခံသခင်အနေနဲ့ လှောင်ပြောင်ရဲရလား။ သူဒီလူဆိုးကို ပျားလပို့အဖြစ်ပြောင်းနိုင်မလား ကြည့်ရအောင်။

ရှီရှောင်ဘင်းသည် သွေးအနည်းငယ်သာကျန်တော့သော ဤ Casually အား ပစ်ချင်သောကြောင့် ရန်သူနောက်သို့ အမြန်လိုက်ခဲ့သည်။

ထို့နောက် ရန်သူသည် မီးခိုးဗုံးကိုပစ်လိုက်ကာ မြင့်တက်‌လာသောမီးခိုးမှာ ရှီရှောင်ဘင်းအား သူ၏အမြင်မှုန်ဝါးသွားစေသည်။

ရှီရှောင်းဘင်း၏ ခြေလှမ်းများ အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။ တစ်ဖက်လူမှာ လျင်မြန်စွာရွေ့လျားနေခဲ့သည်။ သူသည်ယခုလက်ပစ်ဗုံးကို ပစ်လိုက်ပါက ရန်သူအားထိနိုင်လိမ့်မည်မဟုတ်ပေ။ နောက်ထပ်လမ်းဆုံ၌ ရန်သူအားတိုက်ရိုက်ပစ်နိုင်ရန် စက်သေနတ်ကိုသုံးသည်မှာ ပို၍စိတ်ချရမည်လား။

သူသည် ရှင်းရှင်းလင်းလင်း မတွေးနိုင်ခင်တွင် မီးခိုးထူထူမှာ ဘယ်ဘက်အနောက်မှ ထပ်မံမြင့်တက်လာခဲ့သည်။

ရှီရှောင်ဘင်းသည် အမြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် မီးခိုးများမှာ ညာဘက်အနောက်ဘက်တွင်လည်း တက်လာခဲ့သည်။

ဤCasuallyသည် အလွန်လျင်မြန်စွာ ရွေ့လျားနေကာ ကျောက်တုံးများကြားရွေ့လျားနေသော မြွေတစ်ကောင်ကဲ့သို့ဖြစ်နေသည်။

ရှီရှောင်ဘင်းသည် တစ်ခဏအတွင်းတွင် နေရာတိုင်း၌ မီးခိုများရှိရာ သူ၏ရန်သူအားလုံးဝမတွေ့နိုင်သည်ကို သိရှိရသောကြောင့် အံ့ဩသွားခဲ့သည်။

တစ်ချိန်တည်းတွင် သူ၏နားထဲမှ ထပ်မံ၍ ကျယ်လောင်သော ‘ဒိုင်း’ ဟူသည့်အသံအားကြားခဲ့သည်။

Laser Cannon၏ ကျည်ဆံမှာ လွှင့်ထွက်လာပြီး ရှီရှောင်ဘင်းအနားတစ်ဝိုက်ရှိ ကျောက်တုံးများအားလုံးကို အပိုင်းအစများအဖြစ်ပြောင်းလိုက်သည်။

ရှီရှောင်ဘင်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ရန်သူအတွက် မြင်နေရပြီး သက်ရှိပစ်မှတ်ကဲ့သို့ ဖြစ်နေသည်။ ၎င်းနောက်တွင် ပြင်းထန်သည့်သေနတ်ပစ်သံများ ချက်ချင်းထွက်လာခဲ့သည်။

ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း

သေနတ်သံမှာ ကျယ်လောင်နေကာ ထွက်လာသော ကျည်ဆံများမှာ ရှီရှောင်ဘင်း၏ ခန္ဓာကိုယ်အား မိုးသီးကဲ့သို့ပြင်းထန်စွာ ထိ‌မိနေခဲ့သည်။ ကျည်ဆံဒါဇင်လိုက်နှင့် ဆက်တိုက်ပစ်နေခဲ့သည်။ လွဲချော်မှုမရှိဘဲ ရှီရှောင်ဘင်း၏ ခန္ဓာကိုယ်မှာ ချက်ချင်း ကျည်ဆန်များပြည့်သွားခဲ့သည်။

သူသည် ဤကဲ့သို့ပင် Casually ထံမှ သေသွားရမည်လား။

[Casuallyသည် Devil333အားသတ်ရန် the Thomson-Flamesကို အသုံးပြုခဲ့သည်]

ရှီရှောင်ဘင်း: “………”

မိုဟန်တျန်းသည် ‌မျက်နှာမဲ့သွားကာ ဖန်သားပြင်အား စိုက်ကြည့်ရင်း တီးတိုးပြောခဲ့သည်။ “ရ-ရှုံးသွားတာလား”

ရှီရှောင်ဘင်း၏ မျက်လုံးများမှာ နီရဲနေကာ တုန်လှုပ်သွားခဲ့သည်။ “သ-သူ ကျွန်တော့်နားက ကျောက်တုံးတွေကို ဖြိုခွဲဖို့ Laser Canonကိုသုံးခဲ့တယ်”

Laser Cannonကဲ့သို့ လေးလံသည့်လက်နက်မှာ ကျွမ်းကျင်ရာနယ်ပယ်တွင် ပေါ်ပေါက်လာရန် ခက်ခဲလှသည်။

၎င်းသည် လေးသည့်စက်သေနတ်ဖြစ်ကာ ကျည်ဆန်လေးခုသာရှိသည်။ ၎င်းသည် Zombie Siegeသို့မဟုတ် အခြားထောင်ချောက်များကဲ့သို့ ဇာတ်လမ်းဆန်ဆန် တာဝန်များကိုပြီးမြောက်ရန် အွန်လိုင်းဂိမ်းထဲတွင် ကစားသမားများမှ များသော‌အားဖြင့် အသုံးပြုလေ့ရှိသည်။ တစ်ချက်တည်းနှင့် ဇွန်ဘီးအုပ်စုအား ဖောက်ခွဲပစ်နိုင်သည်။

မည်သူသည် ကစားပွဲအတွင်း အမြှောက်အား သယ်လိမ့်မည်နည်း။ သူတို့သာ် လုံးဝပြေးနိုင်မည်မဟုတ်ပေ။ သူတို့အမြှောက်အား တပ်ဆင်လိုက်သည့်အခါ တစ်ဖက်မှသေနတ်ပစ်သမားမှာ သူတို့အား သတ်ပစ်လိုက်ပြီးဖြစ်မည်။ယ

ထို့ကြောင့် ရှီရှောင်ဘင်းသည် အခြားကစားသမားမှာ အသိစိတ်အရ မကစားဘဲ ပြိုင်ပွဲသို့ ‌အမှန်တကယ်ပင် အမြှောက်ယူလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မိုဟန်တျန်းသည်လည်း ကြောင်သွားခဲ့သည်။ “ဒီလိုကစားနည်းက ဘာလဲ။ ဗုံးများတရစပ်ကြဲချခြင်းလား။ အတားအဆီးတွေကို တိုက်ရိုက်ဖြိုခွဲခြင်းလား။ သေစမ်းကွာ”

ရှီရှောင်ဘင်း၏မျက်နှာမှာ ဖျော့တော့နေကာ သူ၏နှုတ်ခမ်းများ အနည်းငယ် တုန်လှုပ်နေခဲ့သည်။ “မဟုတ်ဘူး။ ကျွန်တော်ဒီလိုကစားနိုင်တဲ့ အားဖြည့်သူကို တစ်ခါမှမတွေ့ဖူးဘူး”

ခုနကကစားပွဲမှာ တကယ်ပင်သက်တောင့်သက်သာမရှိခဲ့ပါ။ ရှီရှောင်ဘင်းသည် ‘ကြောင်နှင့်ကြွက်’ ကစားပွဲအား ကစားနေရသည်ဟူ၍ပင် ခံစားခဲ့ရသည်။ သူသည် တစ်ဖက်လူမှစနောက်ခြင်းခံရသော ကြွက်ဖြစ်ကာ အထူးထိန်းချုပ်ခံထားရသည်။

ကမောက်က‌မဖြစ်နေပုံရသော ‘တောရိုင်းဗုံးခွဲမှု’သည် အသေးစိတ်များနှင့် ပြည့်နေခဲ့သည်။

Casuallyသည် ရှီရှောင်ဘင်း၏တည်နေရာ အတိအကျအား ခန့်မှန်းမိပြီးဖြစ်ကာ Laser Canonအားတပ်ဆင်ရန် မီးခိုးများအား အကာအကွယ်အဖြစ် အသုံးပြုခဲ့သည်။ သူသည် ရှီရှောင်ဘင်းအနီးတဝိုက်မှ အခက်ခဲအများအား ဖြိုခွဲကာ ရှီရှောင်ဘင်းအား သူမြင်ရရန် ဖော်လိုက်သည်။ ထို့နောက် Casuallyသည် စက်သေနတ်အား သေချာထုတ်လိုက်ကာ သူ့အားပစ်လိုက်သည်။

ရှီရှောင်ဘင်းသည် မီးခိုးရောင်ဖန်သားပြင်အား စိုက်ကြည့်ကာ သူ၏နောက်ကျောမှ ချွေးစေးကျလာခဲ့သည်။ သူသည်စာတစ်ကြောင်းကို အမြန်ရိုက်လိုက်သည်။

Devil333: ခင်ဗျားက တကယ်ပဲဘယ်သူလဲ။

Casually: အားဖြည့်သူတစ်ယောက် ဘယ်လိုကစားသင့်တယ်လို့ မင်းထင်လဲ။

သူသည် ဤမေးခွန်းအား ထပ်မေးသော်လည်း ရှီရှောင်ဘင်းမှာ မည်ကဲ့သို့ဖြေရမည်ကို မသိခဲ့ပေ။

ဆယ်ကျော်သက်လေးမှာ ဒေါသထွက်သည် သို့မဟုတ် ရှက်နေသည်လား မသိနိုင်သော်လည်း ရှီရှောင်ဘင်း၏ပါးများမှာ နီရဲနေခဲ့သည်။ ဤမြင်ကွင်းမှာ ကြောင်နေသော ရှီရှောင်ဘင်းအား ဂျူနီယာအထက်တန်း‌ကျောင်းသို့ ပြန်ရောက်သွားစေရန် ခံစားမိစေခဲ့သည်။ သူ့အားဆရာမှ အတန်းထဲမေးခွန်းတစ်ခုအား ဖြေဆိုရန် ခေါ်လိုက်ကာ အဆုံးတွင် သူသည်မည်ကဲ့သို့ဖြေရမည်ကို မသိခဲ့ပေ။ သူသည်ထိုနေရာ၌သာ ငိုင်၍ရပ်နေခဲ့သည်။

Casually: စဉ်းစားကြည့်ပါ။ နောက်တစ်ခါငါတို့တွေ့ရင် မင်းမှာအဖြေရှိမယ်လို့ မျှော်လင့်တယ်။

မိုဟန်တျန်းနှင့်ရှီရှောင်ဘင်း: “……”

သူတို့အားနှိပ်စက်ကာ လှောင်ပြောင်ပြီးနောက် ဤလူမှာ အိမ်စာကိုပင်ချန်ပေးချင်နေသလား။

မိုဟန်တျန်းနှင့် ရှီရှောင်ဘင်းမှာ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်ဆုံခဲ့ကြသည်။

မိုဟန်တျန်း၏ စိတ်ပြန်မလည်လာခင် အချိန်ခဏကြာခဲ့သည်။ သူသည်ဤကဲ့သို့ မပြောဘဲမနေနိုင်ခဲ့ပေ။ “ဟမ်။ သူ့ကိုယ်သူဘာထင်နေလဲ။ သူငါတို့ကိုနည်းပြချင်နေတုန်းလား။ ငါလူတွေထပ်ခေါ်လိုက်မယ်။ လက်ရွေးစင်အသင်းက ဘယ်သူကမှသူ့ကို မနိုင်နိုင်တာကို ငါမယုံနိုင်ဘူး”

မိုဟန်တျန်းသည် လက်ရွေးစင်အသင်း၏ နယမည်ကြီးများအား မခေါ်ရဲဘဲ သူသည်လည်း နည်းပြကြောင့် အဆူခံရမည်ကိုလည်း ကြောက်နေခဲ့သည်။ သူသည်ဤအကြောင်းကိုတွေးကြည့်ကာ လက်ရွေးစင်အသင်းအရန်များ၏ သေူငယ်သောအဖွဲ့စာပို့ခန်းထဲသို့ စာပို့ရန် ဖုန်းကိုထုတ်လိုက်သည်: [ငါတို့ကိုစိန်ခေါ်ချင်တဲ့ လူတစ်ယောက်ရှိနေတယ်။ သူကလက်ရွေးစင်အသင်းရဲ့ ကစားသမားတွေကို အထင်သေးနေတာ။ သူ့ကိုအနိုင်ကျင့်ချင်တဲ့သူများရှိမလား]

ရှီရှောင်ဘင်းသည် ဆက်ပြောခဲ့သည်: [ဒီလူကအတော်တော့ အားကောင်းတယ်။ ကျွန်တော့်အထင် လက်ရွေးစင်အသင်းအတွက် အရွေးမခံခဲ့ရတဲ့ ကျွမ်းကျင်ကစားသမားတစ်‌‌ယောက်ရဲ့ နောက်အကောင့်တစ်ခုထင်တယ်။ ကျွန်တော်ရော အစ်ကိုမိုရော ဒီလူကြောင့် အထင်သေးခံနေရပြီ။ သူကလက်ရွေးစင်အသင်းရဲ့ ကစားသမားတွေနဲ့ ပြိုင်တိုင်း အလွယ်တကူနိုင်နိုင်တယ်လို့ ပြောတယ်]

ဤအဖွဲ့ငယ်လေးမှာ သက်တူရွယ်တူဖြစ်‌သည့် လက်ရွေးစင်အသင်း၏ အဖွဲ့ဝင်များစွာမှ သီးသန့်တည်ထောင်ထားခြင်းဖြစ်သည်။

အဖွဲ့ဝင်များ၏ ပျမ်းမျှအသက်မှာ ၁၈နှစ်အောက်ငယ်ကာ သူတို့အားလုံးမှာ လူသစ်များဖြစ်ကြသည်။ လက်ရွေးစင်အသင်းမှလေ့ကျင့်ပေးထားသော မိုဟန်တျန်းမှလွဲ၍ အခြားသူများသည် ကမ္ဘာ့စီးရီးတွင် တစ်ကြိမ်သာ ကစားဖူးကြသော အစားထိုးကစားသမားများ သို့မဟုတ် ကစားရန်အခွင့်အရေးမရှိသူများဖြစ်သည်။

သူတို့သည် အစားထိုးများဖြစ်နိုင်သော်လည်း အားလုံးမှာ အဓိကအသင်းများ၏ အထူးကျော်ကြားသော ကစားသမားများဖြစ်သည်။ သူတို့သည် လက်ရွေးစင်အသင်းထဲသို့ ရောက်လာရခြင်းမှာ အကြောင်းပြချက်ရှိနေခဲ့သည်။

မိုဟန်တျန်း၏ စာမှာ အဖွဲ့သားများ၏အာရုံကို ချက်ချင်းဆွဲဆောင်သွားနိုင်ခဲ့သည်။

[အလွယ်တကူ နိုင်တယ်တဲ့လား။ အရမ်းရိုင်းတာပဲလား။]

[အစ်ကို ကျွန်တော်ပါမယ်။]

[အခန်းနံပါတ်နဲ့ လျှို့ဝှက်နံပါတ်သာ ဂရုထဲပို့လိုက်‌တော့။]

မိုဟန်တျန်း: [ပစ်ခြင်းလေ့ကျင့်ရေးကွင်းရဲ့ အခန်းက7456ပဲ။ လျှို့ဝှက်နံပါတ်မရှိဘူး။]

မကြာခင်တွင် လူတစ်စုမှာ လေ့ကျင့်ရေးအခန်းထဲသို့ ဝင်လာခဲ့ကြသာ်။ သူတို့သည်သူတို့၏ကွန်ပျူတာများဖွင့်ကာ သူတို့၏အကောင့်များထဲ ဝင်လိုက်ကြသည်။ ကစားပွဲတွင် သတိပေးချက်များစွာမှာ အပေါ်ဘယ်ဘက်ထောင့်တွင် စနစ်ပြတင်းပေါက်မှ‌ ပေါ်လာခဲ့သည်။

[TKTK သည်အခန်းထဲသို့ကြည့်ရှုရန် ဝင်ရောက်လာခဲ့သည်။]

[SS777 သည်အခန်းထဲသို့ကြည့်ရှုရန် ဝင်ရောက်လာခဲ့သည်။]

[To Lazy to Take a Name သည်အခန်းထဲသို့ကြည့်ရှုရန် ဝင်ရောက်လာခဲ့သည်။]

[This is a Side Account သည်အခန်းထဲသို့ကြည့်ရှုရန် ဝင်ရောက်လာခဲ့သည်။]

……

ရုတ်တရက်ပင် မူလကလူနှစ်‌‌ဦးသာရှိ‌နေခဲ့သော ပစ်ခတ်ရေးလေ့ကျင့်ကွင်းမှာ ကြည့်ရှုသူအုပ်စုနှင့် ပြည့်နေကာ သူတို့၏နာမည်များမှာ အကောင့်အတုနှင့်ဆင်တူနေသည်။

ကျန်းရှောင်ယွီသည် အနည်းငယ်ပြုံးကာ အမြန်စာရိုက်လိုက်သည်။

Casually: ရှောင်းမိုက လူတွေထပ်ခေါ်လာတာလား။

Casually: ဒါကမင်းခေါ်နေတဲ့ ဘူးသီးလေးများအဖွဲ့လား။

လက်ရွေးစင်အသင်း၏ ကစားသမားများမှာ တစ်‌ယောက်ကိုတစ်ယောက်ကြည့်နေခဲ့ကြသည်။ သူသည်သူတို့အား တကယ်ပင် ဘူးသီးလေးများဟုခေါ်ခဲ့သည်။ သူတို့သာ် မည်သည့်နေရာ၌ ဘူးသီးလေးများနှင့်တူသနည်း။

ရှီရှောင်ဘင်းသည် မှုန်ကုပ်ကုပ်အမူအရာနှင့် မေးလိုက်သည်: ဘူးသီးလေးများအဖွဲ့တဲ့လား။ ဘာကိုဆိုလိုတာလဲ။

Casually: ဘူးသီးလေးတွေက သူတို့အဖိုးတွေကို ကယ်ကြတယ်လေ။

Casually: တစ်ယောက်ပြီးတစ်ယောက်သူတို့ကို ပို့လိုက်တာ။

အားလုံး: “……”

သူဆိုလိုသည်မှာ ‘ဘူးသီးလေးများ’ အုပ်စုမှာ လာရောက်တန်းစီ၍ သေသွားခြင်းလား။ သူသည်အရမ်းယုံကြည်မှုရှိနေသလား။ ‌ဤလူသည် လက်ရွေးစင်အသင်းကိုပင် စိန်ခေါ်ရဲသည်။ အဘယ်ကြောင့်သူသည် နိဗ္ဗာန်သို့မသွားသနည်း။

Casually ၏ အဆိပ်ရှိသောလျှာအား အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုမှာ လူငယ်အုပ်စု၏စိတ်ဓာတ်အား တစ်စုတစ်စည်းတည်း ပြိုလဲသွားစေခဲ့သည်။

သေစမ်း။ သူတို့သည်ဤ Casually အားယနေ့သတ်ရမည်လား သို့မဟုတ် လက်ရွေးစင်အသင်း၏ မျက်နှာမှာ မည်သည့်နေရာတွင် ထားရမည်နည်း။ ‘ဘူးသီးလေးများ’ဟူ‌သည့်အမည်အား လူသိသွားကြပါက သူတို့အား လှောင်ပြောင်ကြမည်လား။

GMC
Author: GMC
Private: ရွှေအဆင့်နည်းပြ

Private: ရွှေအဆင့်နည်းပြ

GMC, Our Omega Coach is Gold-Class, 金牌教练(电竞)
Score 9
Status: Ongoing Type: Author: , Artist: , Released: 2022 Native Language: Chinese
အညွှန်း တရုတ်ပြည်နယ်တွင် သေနတ်ဘုရင်အတွက် ပရိုလိဂ်‌တွင် ပါဝင်ခဲ့သော Wing ဟုအမည်ရသည့် ဂန္တဝင်ကစားသမားတစ်ဦး ရှိခဲ့သည်။ သူသည် သေစေလောက်သော တိကျသေချာမှုနှင့် ယုံကြည်ချက်အပြည့်ဖြင့် သူ၏ရိုက်ချက်များဆီသို့ ကျရောက်ခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် အသေးစားလိဂ်ရှိ အဆင့်နိမ့်အသင်းတစ်သင်းမှာ မေဂျာလိဂ်သို့ တက်ရောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် နှစ်စဉ်ချန်ပီယံဆုအား ဆွတ်ခူးခဲ့ပြီး သမိုင်းတစ်လျှောက် အသန်မာဆုံးမြင်းနက်တစ်ကောင် ဖြစ်လာခဲ့သည်။ သို့သော် Wingမှာ ချန်ပီယံဆုအားရယူပြီးနောက် အနားယူလိုက်ကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။ အင်တာနက် သုံးစွဲသူများစွာမှာ သူ၏အနားယူခြင်းအတွက် အကြောင်းပြချက်များအပေါ် ထင်ကြေးပေးခဲ့ကြသည်။ သူသည် “ဖယ်ရိုမုန်းရောဂါ”အား ခံစားနေရသော အိုမီဂါတစ်ဦးဖြစ်နေသည်ကို မည်သူမျှမသိခဲ့ပေ။ ငါးနှစ်ကြာပြီးနောက် တရုတ်လက်ရွေးစင်အသင်းသည် သေနတ်ဘုရင်ကမ္ဘာ့ချန်ပီယံရှစ် ပထမအဆင့်တွင် ပြုတ်သွားခဲ့သည်။ နိုင်ငံအသင်းနည်းပြမှာ ဖိအားများအောက် ချက်ချင်းနှုတ်ထွက်ခဲ့သည်။ အကျပ်အတည်းကာလတွင် Wingဟု တစ်ချိန်က လူသိများခဲ့သော ကျန်းရှောင်ယွီသည် တရုတ်နိုင်ငံသို့ ပြန်လာပြီး နိုင်ငံအသင်းနည်းပြ ရာထူးကို အပ်နှင်းခံရသည်။ လက်ရွေးစင်အသင်းမှာ တစ်ဦးနှင့်တစ်ဦး လုံးဝမသင့်မြတ်သော ကစားသမားကောင်းများနှင့် ဆိုးသောကစားသမားများတို့ဖြင့် ရောနှောနေခဲ့သည်။ အထူးသဖြင့် တွေ့ဆုံသည့်အခိုက်အတန့်၌ စကားများရန်ဖြစ်သည့် အယ်လ်ဖာများအတွက် အထူးမှန်ကန်သည်။ လက်ထောက်မှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။ “ဒီဘုရင်တွေကို ဘယ်လိုမှ ထိန်းလို့မရဘူး” ကျန်းရှောင်ယွီ: “ရတယ်။ သူတို့လေ့ကျင့်ဖို့ကို ငါ့လက်ထဲသာအပ်လိုက်” ထို့ကြောင့် နည်းပြကျန်းသည် သူ၏ဆိုးရွားစွာပြောတတ်သည့်ပုံစံကို စတင်ခဲ့သည်။ “ဒါကလက်ရွေးစင်အသင်းမှာရှိတဲ့ ကစားသမားတစ်ယောက်ရဲ့အဆင့်အတန်းလား” “မင်းတို့နဲ့ကစားဖို့ ဇာတ်ညွှန်းတွေတောင် လိုသေးရဲ့လား။ ပေါ့ပေါ့ပါးပါးဆော့ရင်တောင် ငါမင်းတို့ကိုနိုင်နိုင်တယ်” “မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးနေတာလား။ တစ်ယောက်ပြီးတစ်ယောက် အလကားသေပေးနေကြတာလား” “မင်းတို့အခြားသူတွေကိုမနိုင်နိုင်ရင်လည်း ဂိမ်းကိုသာဖျက်လိုက်တော့” အခြားသူများအား လေ့ကျင့်ပေးသောအခါ ဘယ်သောအခါမှ ကျိန်ဆိုလေ့မရှိတတ်သော စကားပြောချိုသာသည့် နည်းပြကျန်းသည် သူတို့၏စိတ်အခြေအနေများ မပြိုလဲမချင်း တစ်သင်းလုံးကို ဆူပူခဲ့သည်။ ဤသည်မှာ သူတို့သည် နည်းပြကျန်းမှ သူ့ကိုယ်သူအိုမီဂါတားဆေးများ တိတ်တဆိတ်ထိုးသွင်းနေသည့်မြင်ကွင်းအား မြင်တွေ့ခဲ့သည့်တစ်နေ့မတိုင်ခင်အထိပင်ဖြစ်သည်။ အားလုံးမှာ တစ်စုတစ်စည်းထဲ မှင်တက်သွားခဲ့သည်။ “အဲ့ဒီကြမ်းတမ်းပြီး ရက်စက်တဲ့နည်းပြက တကယ့်ကို အိုမီဂါလား” “သူက အိုမီဂါဆိုရင်တောင် အသင်းလိုက် တိုက်ရင်တောင် အနိုင်ယူလို့ မရနိုင်တဲ့ သူဌေးမျိုးပဲ” ဂိမ်းနတ်ဘုရား: “အကူအညီ‌ တောင်းချင်လို့ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့ စာစီစာကုံး စာလုံးရေ 1000ကို ဘယ်လိုရေးရမလဲ” ကျော်ကြားသည့် တိုက်ရိုက်ထုတ်လွှင့်သူ: “ဒီနေ့ ကျွန်တော် တိုက်ရိုက်မလွှင့်ဘူး။ နံရံကိုပဲ မျက်နှာမူနေပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်မယ်” အပျော်တမ်းဘုရင်တစ်ပါး: “ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။ ငါ ဘာလို့ ဂိမ်းတွေကို ကစားနေရတာလဲ။ ငါ့ဘဝကို တကယ် သံသယဖြစ်မိတယ်” အယ်လ်ဖာလူငယ်: “အိုမီဂါဆီက မျက်ရည်ကျရလောက်အောင် အဆူခံရတဲ့အတွေ့အကြုံက ဘာလဲ။ ငါတို့ ပိုငိုလေလေ ပိုပြီးနေသားကျလေလေပဲ” အင်တာနက်သုံးစွဲသူများ: “???” ဘာလို့ ဒီနှစ်လက်ရွေးစင်အသင်းက အဆင်မပြေ ဖြစ်နေရတာလဲ။ +++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset