DBFFL အပိုင်း ၂၀

အခန်း ၂၀

အန်းရှသည် သူမ အစာ အဆိပ်သင့်နေသည်ဟုတော့ မထင်ပါ။

ထိုအရာသည် ရိုးတွင်းခြင်ဆီအတွင်း သန့်စင်သွားစေခြင်းလား။

သို့သော် အဘယ်ကြောင့် ဝမ်းလျောနေရသနည်း။ ဝတ္ထုဇာတ်လမ်းထဲတွင် ရိုးတွင်းခြင်ဆီ သန့်ရှင်းသွားချိန်တွင် ခန္ဓာကိုယ် အ​ရေပြားမှ အရည်များ ယိုစီးစွန်းထင်းသွားခြင်း ဖြစ်သည်။

အန်းရှသည် အံ့သြစွာဖြင့် မျက်တောင်တစ်ချက် ခပ်လိုက်လေသည်။

ထိုအရာသည် သူမ စားသောက်ခဲ့သည့် အရာများကြောင့်ပေလား။

သူမစားသောက်ခဲ့သော ဟင်းလျာများသည် အလွန်အရသာ ကောင်းမွန်လှသော်လည်း အာဟာရဓာတ်များသည်တော့ မပြောပလောက်အောင် နည်းပါးလေသည်။

သူမသည် ဆေးရုံတွင် ရှိနေစဉ်တုန်းက အနည်းငယ်မျှသာ စားသောက်ခဲ့လေသည်။

သို့သော် ယခင်နေ့ရက်များတွင် သူမသည် များပြားလှသော အမျိုးမျိုးသော အစားအသောက်များကို စားသောက်ခဲ့သည်။ ထိုအစားအသောက်များမှာ ဓာတ်စာများ၊ အဆာပြေစာများ၊ နို့လက်ဖက်ရည်…

ထိုအစားအသောက်များကြောင့် ခန္ဓာကိုယ်၏ တုံ့ပြန်မှုမှာ ဆိုးရွား၍ အနံ့အသက် ဆိုးဝါးနေခြင်းပေလား။

သူမ၏ လက်ရှိအစွမ်းဖြင့် အစားအသောက်များမှ အာဟာရဓာတ်များကို သူမ၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် စုပ်ယူနေခြင်းဖြစ်သည်။ ထိုအခါ အာဟာရမရှိသော အစားအသောက်များကို စားသောက်လိုက်သောအခါ ထိုအစွမ်းသည် သူမ၏ ခန္ဓာကိုယ်တွင် အညစ်အကြေးများ ရောက်ရှိခြင်းမှ ကာကွယ်လိုက်ခြင်းလည်း ဖြစ်နိုင်လေသည်။

ထိုကဲ့သို့သာ ဖြစ်မည်ဆိုလျှင် သူမသည် အလွာ်တကူနှင့် နေထိုင်မကောင်း မဖြစ်နိုင်တော့ပါ။

သူမသည် သတင်းအစီအစဉ်များ ကြည့်၍ သန့်ရှင်းမှုမရှိသော အစားအသောက် ပြုလုပ်မှုများအား သိရှိရလေသည်။ ထိုအရာများထဲတွင် လူ့ခန္ဓာကိုယ်ကို အဆိပ်အတောက် ဖြစ်စေတတ်သော စွန့်ပစ်ဆီများ၊ အနီရောင် အစာဆိုးဆေးများ၊ မယ်လမင်းဓာတ်များ စသဖြင့် ဖြစ်သည်။

သူမရရှိထားသော အစွမ်းဖြင့်သာဆိုလျှင် အစားအသောက်များကြောင့် ဖြစ်စေတတ်သော အဆိပ်အတောက်များကို ကြောက်နေစရာပင် မလိုတော့ပါ။

မည်သို့ပင်ဆိုစေကာမူ အာဟာရဓာတ် မပါဝင်သော အရာများကို သူမ၏ ခန္ဓာကိုယ်မှ စွန့်ထုတ်ပစ်လိုက်မည်ဖြစ်ပြီး၊ သူမ၏ ခန္ဓာကိုယ်သည်လည်း စုပ်ယူမည် မဟုတ်ပါ။

ထိုအစွမ်းသည် အလွန် ကောင်းမွန်လှသော်လည်း သူမ၏ ခန္ဓာကိုယ်တွင်းမှ စွန့်ထုတ်ပစ်လိုက်သော အညစ်အကြေးများသည် အနံ့အသက် ဆိုးဝါးလှလေသည်။

ထိုအနံ့ကို သူမကိုယ်တိုင်ပင် သည်းမခံနိုင်ပေ။

အန်းရှသည် နှာခေါင်းရှုံ့လိုက်ရင်း စိတ်ထဲတွင် တီးတိုးရေရွတ်နေလိုက်သည်။ သူမ ခန့်မှန်းလိုက်သော အကြောင်းအရာများသည် မှန်နေခဲ့မည်ဆိုလျှင် နောက်အခါများတွင် သူမသည် အရသာနှင့် အာဟာရပါမကျန် ပြည့်စုံ၍ ကျန်းမာရေးနှင့်ညီညွတ်စေမည့် အစားအသောက်များကိုသာ စားသောက်တော့မည် ဖြစ်သည်။

သို့မဟုတ်လျှင် သူမသည် တစ်နေ့တွင် အနံ့အသက်ဆိုးဝါးမှုကြောင့် သေဆုံးသွားနိုင်လေသည်။

အန်းရှသည် သူမ၏ မနက်စာနှင့် နေ့လယ်စာများကို စူးစမ်းကြည့်လိုက်သောအခါ ထိုစားစရာများသည် ရသာမွန်များ​ဖြင့်သာ ပြည့်စုံ​​နေ၍ ​အာဟာရဓာတ်မပါဝင်ခဲ့ပါ။

ညနေစောင်းသောအခါ အန်းရှသည် ချန်ရွှယ်မင်နှင့်အတူ ညစာစားသောက်ရန် စားသောက်ဆိုင်တစ်ခုဆီကို သွားရောက်ကြလေသည်။

ထိုသို့ဖြင့် နောက်တစ်နေ့မနက်တွင်တော့ အန်းရှသည် သူမ၏ ခန့်မှန်းချက်က မှန်ကန်မှုရှိကြောင်း သိလိုက်ရတော့သည်။

သူမ၏ ခန္ဓာကိုယ်သည် မလိုအပ်သော အညစ်အကြေးများကို လုံးဝ စွန့်ပစ် ဖယ်ရှားပစ်နေသည် ဖြစ်သည်။

ဤသို့ဖြင့် အန်းရှသည် သူမ၏ အစွမ်းကို လေ့လာကြည့်ပြီးနောက်တွင် ထိုအစွမ်းများကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သူမ နားလည် ကျွမ်းကျင်သွားတော့သည်။

နောက်နေ့များတွင်တော့ အန်းရှသည် သူမ၏ နေ့ရက်တိုင်းကို စားခြင်း၊ သောက်ခြင်း၊ ချက်ပြုတ်ခြင်း၊ ရေပူဖောင်းများထဲတွင် ရေစိမ်ချိုးခြင်း၊ သူမ၏ ခန္ဓာကို ထိန်းသိမ်းခြင်း၊ အင်တာနက် အသုံးပြုခြင်းတို့ဖြင့်သာ ကုန်ဆုံးနေလေတော့သည်။

သူမကို အဆင်မပြေဖြစ်စေသည့် အကြောင်းတစ်ခုမှာတော့ ချန်ရွှယ်မင်သည် ကုမ္ပဏီကိစ္စများကြောင့် ပြည်ပသို့ ခရီးထွက်ရမည် ဖြစ်သဖြင့် ယခုရက်ပိုင်းအတွင်းတွင် အန်းရှကို အဖော်မပြုပေးနိုင်တော့ပေ။

ထိုသို့ ချန်ရွှယ်မင် အိမ်သို့ ပြန်မရောက်သေးခင် အတောအတွင်းတွင် အန်းရှသည် သူမတစ်ဦးတည်းသာလျှင် မြို့တွင်းရှိ အရသာကောင်းမွန်လှသော အစားအသောက်များကို သွားရောက် စားသောက်ရတော့မည် ဖြစ်လေသည်။

ဈေးကြီးလှသော စားသောက်ဆိုင်များဖြစ်ကြသည့် မီရှဲလင်း စားသောက်ဆိုင်များ၊ ပုဂ္ဂလိကပိုင် စားသောက်ဆိုင်များမှ စ၍ အစားအသောက်တန်းများ၊ တရုတ်အစားအစာ၊ အနောက်တိုင်း အစားအစာ၊ ဂျပန် အစားအစာ၊ ထိုင်း အစားအစာ၊ အချိုပွဲများ၊ ကိတ်မုန့်များနှင့် အနုပညာရှင်များ ဖွင့်လှစ်ထားသော စားသောက်ဆိုင်များ အထိပင်။ ထိုအစားအစာများသည် အရသာ ကောင်းမွန်လှသည့်အလျောက် အန်းရှအနေဖြင့် လက်လွှတ်လိမ့်မည် မဟုတ်ပါ။

မည်သို့ပင်ဖြစ်ဖြစ် သူမသည် ယခုအချိန်တွင် ငွေကြေးနှင့် အားလပ်ချိန်များ ပေါများနေလေသောကြောင့် ပေါ့ပေါ့ပါးပါး ဖြုန်းတီးနေနိုင်လေသည်။

ထို့အပြင် ယခုကဲ့သို့ အလွန်အကျွံ စားသောက်နေရခြင်းမှာလည်း အကြောင်းအရင်းရှိနေသောကြောင့်ပင် ဖြစ်လေသည်။

ထိုအရာသည် သူမ၏ အချက်အပြုတ်စွမ်းရည်ကို တိုးတတ်စေခြင်းလည်း ဖြစ်ပေသည်။ သူမကိုယ် သူမ အထောက်အကူဖြစ်စေရန် ခွင့်ပြုထားသကဲ့သို့ပင်။

ထိုအရာသည် အကြောင်းပြချက်တစ်ခုသာ ဖြစ်နေသည် ဆိုပေမဲ့လည်း အန်းရှသည် ချက်ပြုတ်ခြင်းကို လေ့လာရာတွင် ငြီးငွေ့သွားခြင်း မရှိပါ။

သူမသည် အချက်အပြုတ်သင်တန်းတွင် စားရင်ပေးသွင်းခဲ့ရုံမျှမက နေ့စဉ်နေ့တိုင်း အစားအသောက်များ စားသောက်ပြီး​နောက် အိမ်ပြန်ရောက်သောအခါတွင် သူမ၏ နေ့စဉ်စားသောက်မှုများကို စမ်းစစ်လေသည်။

အန်းရှသည် ရှိနေပြီးသော ဟင်းလျာများကို မမှီငြမ်းဘဲ ဟင်းလျာတစ်ပွဲကို သူမ၏ စမ်းသစ်တီထွင်မှုဖြင့်သာ ဖန်တီးလေသည်။

အခြေခံ ချက်ပြုတ်ခြင်းကိုတောင် မသိထားသောအန်းရှသည် ရွှေရောင်လက်ချောင်လေး၏ အကူအညီဖြင့် လျင်လျင်မြန်မြန် တိုးတတ်လာလေတော့သည်။

အရသာသည် အံသြဖွယ်ကောင်းလောက်အောင် ထူးခြား ကောင်းမွန်လှလေသည်။

ဤသို့ဖြင့် တစ်လတာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

အန်းရှသည် မူလပိုင်ရှင်၏ မွေးရပ်မြေသို့ ပြန်ရန် သူမ၏ပစ္စည်းများကို ထုတ်ပိုး ပြင်ဆင်နေလေသည်။ သူမသည် ဤတစ်လအတွင်းတွင် များစွာ ပြောင်းလဲသွားသည်ကို သတိပြုလိုက်မိသည်။

သူမသည် ခရီးဆောင်အိတ်ကိုဆွဲ၍ လုံခြုံမှုစစ်ဆေးရန် သွားရောက်ချိန်တွင် တစ်စုံတစ်ယောက်သည် သူမကို တားဆီးလိုက်လေသည်။

“မိန်းကလေး…မင်း မကြာခင်က မျက်နှာကို ခွဲစိပ်ပြုပြင်မှုများ လုပ်လိုက်သေးတာလား”။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset