အခန်း ၅
မော့ယွီစန်း မျက်ခုံးပင့်လိုက်သည်။ သူသည် အန်းရှအား သံသယနှင့်ကြည့်လိုက်သည်။ အန်းရှသည် ကလေးထိန်းသိမ်းမှုနှင့် သူ့အား ယှဉ်ပြိုင်ကာ ကလေးနှင့် ခြိမ်းခြောက်ချင်သလား။
သူ၏မျက်လုံးများ ပို၍အေးစက်လာခဲ့သည်။
“ကျားရှုရဲ့ ထိန်းသိမ်းခွင့်။ မင်း အဲ့အကြောင်း တွေးတောင်မတွေးနဲ့။ သူကငါ့ရဲ့…. သားပဲ”
သို့သော် မော့ယွီစန်းမှာ ဤတစ်ကြိမ်တွင် အတွေးလွန်သွားခဲ့ပုံရသည်။
“ဟုတ်တယ် ဟုတ်တယ်။ သူက ရှင့်သားပါ။ ကျွန်မ မလုပ်ပါဘူး။ မလုပ်ပါဘူး…” အန်းရှ ချက်ချင်းပြန်ပြောခဲ့သည်။
ရယ်စရာပင်။ သူမသည် အရံဇာတ်ကောင်အဖြစ် ကူးပြောင်းခံလာရသည်။
သားလေးမှာ မူလပိုင်ရှင်မှ မွေးပေးခဲ့လျှင်ပင်ဖြစ်သည်။ သူသည် အမျိုးသမီးဇာတ်ဆောင်ဘက်အခြမ်းတွင် ရပ်တည်ခဲ့သည်။
သူမသည် သူမသားအား မူလပိုင်ရှင်ဆီမှ လုယူချင်ပါက ဤသည်မှာ ပြဿနာဖြစ်လိမ့်မည်မဟုတ်လား။
ဤကဲ့သို့ အပေါစားသားကို သူမလိုချင်ခဲ့ပါ။
ထို့ပြင် သူမသည် အသက်၁၈နှစ်သာ ရှိသေးသည်.. .သူမမည်ကဲ့သို့ ကလေးမွေးနိုင်မည်နည်း…
အား။ တွေ့ကြည့်လျှင်ပင် ခေါင်းခဲရသည်။
အသက်၁၈နှစ်အရွယ်တွင် ဖျားနာသောအမျိုးသမီးငယ် အန်းရှသည် သူမ၏အတွေးများကို သူမမျက်နှာပေါ် ဖော်ပြခဲ့သည်။
သူမမျက်နှာတွင် ခုခံမှုနှင့် နာကျည်းမှုရှိနေခဲ့သည်။ တစ်ခဏတာ မော့ယွီစန်းမှာ ဘာပြောရမှန်းမသိခဲ့ပေ။
သူ၏အရင်ဇနီးမှာ သူတို့သားအား စွန့်ပစ်မည်လား။
ဤအမျိုးသမီးမှာ အပြင်ဘက်တွင် တခြားတစ်ယောက်ရှိနေသလား။ သို့သော် ဤအမျိုးသမီးသည် သူ့အားချစ်သည်ဟု မပြောခဲ့ဘူးလား။ ၎င်းမှာမဖြစ်သင့်ပေ….
“မို မော့ယွီစန်း” ထိုလူ၏ထူးခြားသောစိုက်ကြည့်မှုကို ကြည့်နေကာ အန်းရှသည် တံတွေးမျိုချကာ ထိုလူ၏အမည်အား တီးတိုးပြောလိုက်သည်။
မော့ယွီစန်းသည် အသိစိတ်ပြန်ဝင်လာခဲ့သည်။
သူသည် အန်းရှအား စိတ်ထဲ၌များစွာထားမိနေသည်ကို သတိပြုမိခဲ့သည်။
သူသည် အသက်ပြင်းပြင်းရှူလိုက်သည်။ မော့ယွီစန်းသည် အန်းရှနှင့်မည်သည့် ချုပ်နှောင်မှုမျိုးမှ မရှိချင်တော့ပေ။
“မနက်ဖြန် ကွာရှင်းဖို့အစီအစဉ်တွေအတွက် ငါတစ်ယောက်ယောက်ကို ခေါ်ဖို့လွှတ်လိုက်မယ်။ ကောင်းကောင်းနားနေ။ ငါပိုင်ဆိုင်မှုတွေနဲ့မင်းကို ရက်ရက်စက်စက် မဆက်ဆံပါဘူး”
မည်သို့ပင်ဆိုစေကာမူ ဤအမျိုးသမီးသည် သူ့သား၏မိခင်ဖြစ်သည်။
သူသည်သူမအားမုန်းသော်လည်း သူမသည်သူ့အား သားတစ်ယောက် မွေးပေးခဲ့သည်။
ထိုကဲ့သို့ပြောကာ မော့ယွီစန်းသည် နောက်ထပ်ထိုနေရာတွင် မနေချင်တော့ပေ။ သူသည်အန်းရှအပေါ် အချိန်များစွာဖြုန်းခဲ့သည်။
ထို့ကြောင့် အရာအားလုံးစီစဉ်ပြီးနောက် သူသည်နောက်လှည့်မကြည့်ဘဲ ဆေးရုံဝင်းမှ ထပ်မံထွက်သွားခဲ့သည်။
ဤသည်မှာလည်း အန်းရှအား နောက်တစ်ကြိမ်ထပ်ခါထပ်ခါ ခရမ်းနီရောင် အလင်းအား တွေးကာ စိတ်သက်သာရာရသည့် သက်ပြင်းချစေခဲ့သည်။
“ဒါဆိုခုနက ပန်းခရမ်းရောင်အလင်းက ဘာလဲ”
ထို့ပြင် အဘယ်ကြောင့် သူမ၏ခန္ဓာကိုယ်မှာ ယခုအလွန်သက်တောင့်သက်သာဖြစ်နေသနည်း…
မျက်တောင်ခတ်ပြီးနောက် အန်းရှသည် သူနာပြုမလေး သူ့အားထပ်မံလောင်းထည့်ပေးခဲ့သော ဆေးဖက်ဝင်ဆေးရည်တစ်ခွက်အပေါ် စိုက်ကြည့်နေခဲ့သည်။
သူမသည် သူမ၏လက်ထိပ်များနှင့် ခွက်ကိုထိလိုက်ပြီး သူမရှေ့ထပ်မံပေါ်လာသော ရင်းနှီးသည့် ခရမ်းနီရောင်အလင်းအား မြင်ခဲ့သည်။
အား။
ပန်းခရမ်းရောင်အလင်းမှာ ထပ်မံ၍ သူမ၏ခန္ဓာကိုယ်ထဲ ဝင်လာသောကြောင့် အန်းရှသည်အော်လိုက်ကာ အံ့ဩတကြီးကြည့်နေခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် သူမသည် ထပ်မံ၍ သတိမမေ့သွားခဲ့ပေ။
ထိုအစားသူမသည် အားပြင်းသောပန်းရေမွှေးနံ့ရကာ သူမ၏ခြေလက်များမှာ နွေးထွေးနေခဲ့သည်။
၎င်းသည် နွေးထွေးသော ရေစီးကြောင်းမှာ သူမ၏ခန္ဓာကိုယ်တစ်လျှောက် ကူးခတ်နေကာ နောက်ဆုံးသူမ၏ဗိုက်အောက်ပိုင်းသို့ ရောက်သွားသကဲ့သို့ဖြစ်သည်။
ဤတစ်ကြိမ်တွင် အန်းရှသည် သူမရှေ့၌ မှန်တစ်ချပ်ရှိနေကာ သူမ၏ဖျော့တော့သော အသားအရေမှာ ပန်းရောင်သမ်းသွားသည်ကို မြင်နိုင်ခဲ့သည်။
သူမ၏ထိန်းသိမ်းမှုမှာ အလွန်ကောင်းသော်လည်း မျက်လုံးတစ်ဝိုက်တွင် သေးငယ်သောမျဉ်းကြောင်းများတစ်ချို့ရှိနေသေးသည်။ ထိုမျဉ်းကြောင်းများမှာလည်း ပို၍ဖျော့တော့လာခဲ့သည်။
ဘုရား ဘုရား အဲ့ဒီပန်းခရမ်းအလင်းကဘာလဲ။
“မစ္စမို၊ ဒါကဒေါက်တာလီရှင့်အတွက် ဆေးဝါးဌာနကမှာထားတဲ့ ရိုးရာတရုတ်ဆေးဝါးပါ”
အန်းရှမှာ သူမတွင်ဘာဖြစ်နေသည်ကို တွေးနေသောအခါ သူမအားတရုတ်ဆေးနှင့်ဝင်လာခဲ့သော ငယ်ရွယ်သည့်သူနာပြုမှ နှောင့်ယှက်ခံခဲ့ရသည်။
သူနာပြုငယ်လေးလက်ထဲတွင် အနက်ရောင်ပန်းကန်လုံးရှိနေခဲ့သည်။ သူမသည် မည်သည့်တရုတ်ဆေးကိုမျှ မမြင်ခဲ့ပေ။
“မစ္စမို၊ ပူတုန်းသောက်ရင် ပိုပြီးသက်တောင့်သက်သာ ဖြစ်ပါလိမ့်မယ်”
အန်းရှသည် စကားမပြောသောကြောင့် သူနာပြုမှာ သူမမှာ တရုတ်ဆေးမသောက်ချင်သည်ဟု ထင်သောကြောင့် သူမအား နှစ်သိမ့်ပေးခဲ့သည်။
သို့သော် အန်းရှမှာငယ်စဉ်က ဆေးအလွန်သောက်ခဲ့ရသည်။ သူမမသောက်ရသေးသော အနောက်တိုင်းဆေးနှင့် တရုတ်ဆေးများ ဘာရှိသေးသနည်း။ သူမသည်ဆေးများ၏မနှစ်မြို့ဖွယ် အရသာများအား နေသားကျနေပြီဖြစ်သည်။
သူမစကားမပြောသည့်အကြောင်းအရင်းမှာ မှော်ဆန်သည့်ဖြစ်နိုင်ချေကြောင့်ဖြစ်သည်။ ထိုအရာမှာ-
အန်းရှသည် သူနာပြုထံမှ တရုတ်ဆေးတစ်ခွက်သောက်ပြီးနောက် သူမသည်အသက်ပြင်းပြင်းရှူကာ စိတ်ထဲတီးတိုးပြောနေခဲ့သည်။ ‘ဒီတရုတ်ဆေး ပန်းကန်လုံးလည်း လင်းမှာလား။ ဒါကလည်း ခန္ဓာကိုယ်က စုပ်ယူမှာလား’
အန်းရှ၏တုန်လှုပ်နေသော မျက်လုံးများရှေ့ အညိုရင့်ရောင်အလင်းပေါ်လာကာ သူမ၏ခန္ဓာကိုယ်ထဲသို့လည်း ထိုးဖောက်သွားခဲ့သည်။
တစ်ခဏတာ ပို၍နွေးထွေးကာ ပို၍သက်တောင့်သက်သာရှိသော စီးကြောင်းတစ်ခုမှာ သူမ၏ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းနေခဲ့သည်။
ထို့ပြင် သူမ၏နှာခေါင်းထဲတွင် တရုတ်ဆေးမျိုးစုံ အနံ့ကိုလည်း ဖျော့တော့တော့ရခဲ့သည်…
“ဟယ် ဒီတရုတ်ဆေးက တကယ်အလုပ်ဖြစ်တာပဲ။ မစ္စမို၊ ရှင့်ရဲ့မျက်နှာက ပိုပြီးကြည့်ကောင်းလာပြီ”
အန်းရှ၏မျက်လုံးများ ဝိုင်းစက်စွာ စိုက်ကြည့်နေကာ သူမ၏ခန္ဓာကိုယ်ထဲ သက်တောင့်သက်သာရှိသော နွေးထွေးသည့်စီးကြောင်းကို ခံစားခဲ့ရသည်။
ထိုအလင်းမှာ ဘာကိုဆိုလိုသည်နှင့် ဘာအသုံးဝင်မှုရှိသည်ကို သူမသိချင်ခဲ့သည်။