GMC အပိုင်း 8

Chapter 8: စိတ်ဓာတ်ပြိုလဲခြင်း

အရည်အသွေးပြည့်မီသူများ၏ သွေးစွန်းတိုက်ပွဲပုံစံမှာ ၅ပွဲပြိုင်ရမည်ဖြစ်သည်။ ကျန်းရှောင်ယွီသည် ပထမပွဲပြီးနောက် အများသူငှာချန်နယ်ပေါ်တွင် စာတစ်စောင်ပို့ခြင်းဖြင့် ပြိုင်ဘက်အား ကဲ့ရဲ့ခြင်းမှာ တမင်တကာပင်ဖြစ်သည်။ မိုဟန်တျန်းသည် ညံ့သောကစားသမား မဟုတ်သော်လည်း သူ၏စိတ်ပိုင်းဆိုင်ရာမှာ ပြိုလဲရန်လွယ်ကူသည်။ ကျန်းရှောင်ယွီသည် ဤလူငယ်လေး၏စိတ်ဓာတ် မည်မျှပြိုလဲနိုင်သည်ကို မြင်ချင်နေခဲ့သည်။

မိုဟန်တျန်းသည် အံကြိတ်ကာ အသက်ပြင်းပြင်းရှူပြီး ကွန်ပျူတာမောက်စ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

သူသည် Casually ထံမှာ ခေါင်းအနောက်ဘက်အပစ်ခံရသောအခါ နမော်နမဲ့ဖြစ်သွားခဲ့သည်။သူသည်ဒုတိယပွဲတွင် ၎င်းအားပြန်ရနိုင်သည်။သူသည် သေချာပေါက် ထပ်တူပြန်လုပ်မည်။ သူသည် Casually အား စက္ကန့်ပိုင်းအတွင်း ခေါင်းကိုပစ်ကာ အခြားသူများအား လက်ရွေးစင်အသင်းမှ သေနတ်ပစ်သမား၏အင်အားကို သိစေရမည်။

ပုန်းသူများဘက်တွင် သူ၏အဖွဲ့သားများမှာ ကျန်းရှောင်ယွီ၏ထက်မြက်သော စစ်‌ဆင်ရေးအား တွေ့ပြီးနောက် ပြင်းထန်သောချီးကျူးမှုများနှင့် ပြည့်နေခဲ့သည်။ အထူးသဖြင့် အရှုံးပေးမည်အားနှိပ်ခဲ့‌သည့် လူသုံးယောက်မှာ သူတို့၏စိတ်ထဲ၌ ရှက်နေမိခဲ့ကြသည်။

Fruit Pie သည် ဤသို့မပြောဘဲမနေနိုင်ခဲ့ပေ။ “ကြီးမြတ်တဲ့အရှင်၊ ခင်ဗျားကအရမ်းအားသန်တာပဲ။ ခင်ဗျားကနောက်ကစားပွဲရဲ့ ကြီးကြပ်ရေးမှူးဖြစ်လိုက်။ ကျွန်တော်တို့ကို ဘာလုပ်စေချင်လဲ”

Pudding Jelly သည်အမြန်သဘောတူခဲ့သည်။ “ဟုတ်တယ် ကျွန်တော်တို့ ခင်ဗျားနဲ့ပူးပေါင်းမယ်”

သူ၏အသင်းသားများမှာ ပူးပေါင်းချင်စိတ်ရှိ‌ကြသောကြောင့် ကျန်းရှောင်ယွီသည် လုံးဝယဉ်ကျေးမနေတော့ဘဲ တည်ငြိမ်စွာပြောလိုက်သည်။ “နောက်တစ်ပွဲမှာ ငါတို့လူစုခွဲပြီး ရန်သူကိုအဆောက်အဦးအပြင်ဘက်ကို ထွက်လာအောင် တိုက်ရမယ်။ Fruit Pieက ဘယ်ဘက်သွား၊ Puddingကအလယ်၊ Gun King No. 77က အရှေ့တောင်ဘက်ထောင့်နားက နေရာအမြင့်ကိုယူလိုက်။ Doudou ကတော့ ငါ့နောက်ဆက်လိုက်နေ”

သူ၏အသင်းသားများမှာ နောက်လိုက်‌များကဲ့သို့ ချက်ချင်းခေါင်းငြိမ့်ခဲ့သည်။ “ဟုတ်ပြီ”

ခွဲခြားနေရာချခြင်းမှာ ရှုပ်ထွေးသောဝင်္ကပါအား ဖြတ်သန်းရန်အတွက် အသုံးပြုသော ဗျူဟာများထဲမှတစ်ခုဖြစ်သည်။

ဤသည်မှာ ပြန့်ကျဲနေသည့်သဲများကဲ့သို့ ပြန့်ကျဲမှုမှာ မများသောကြောင့်ဖြစ်သည်။

အသင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် အကွာအဝေးတစ်ခုရှိကာ အချင်းချင်းပူးပေါင်းပြီး အချိန်မီပံ့ပိုးမှု ပေးရမည်။ ဤသည်မှာ ကြီးကြပ်သူတစ်ဦး၏ ပူးပေါင်းမှုနှင့်လဖြန့်ဝေမှုစွမ်းရည်အား စစ်ဆေးခြင်းဖြစ်သည်။

ကစားပွဲအစတွင် မိုဟန်တျန်းသည် တစ်စုံတစ်ခုမှာ မှားယွင်းနေသည်ကို အကင်းပါးစွာ သတိထားမိခဲ့သည်။

တစ်ဖက်အခြမ်းမှ လူများမှာ အဆောက်အဦးအရှုပ်ထွေးများကြား ဝင်သွားခဲ့ကြသည်။ သူသည် လူတစ်ဦးတစ်ယောက်မှ မမြင်နိုင်သော်လည်း မကြာမီသေနတ်ပစ်သံများ ကြားခဲ့သည်။

သေနတ်ပစ်သံများမှာ အရှေ့မြောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ သူသည်ချက်ချင်းပင် ချိန်ရွယ်ရန် မှန်ပြောင်းဖွင့်လိုက်သော်လည်း သူရှင်းလင်းစွာမမြင်နိုင်ခင်တွင် အနောက်မြောက်ဘက်မှ အခြားဖရိုဖရဲ ပေါက်ကွဲမှုပစ်ခတ်သံများ ရှိနေခဲ့သည်။ မိုဟန်တျန်းသည် ‌သေနတ်ပြောင်းဝအား လျင်မြန်စွာ ပြောင်းရွှေ့လိုက်သည်။ ရလဒ်အနေနှင့် အလယ်လမ်းမှ အခြားဖရိုဖရဲပေါက်ကွဲသံအား ကြားခဲ့သည်။ ဤသည်မှာ မီးခိုးဗုံးနှင့် မြင့်တက်လာသောမီးခိုးများ ရောနှောနေခဲ့သည်။

နေရာတိုင်းတွင် သေနတ်သံများရှိနေခဲ့သည်။

ထို Casually သည် လျှောက်ပတ်သွားကာ သူ၏ခေါင်းအနောက်ဘက်အား ထပ်မံပစ်ခတ်မည်လား။

မိုဟန်တျန်းသည် ဖန်သားပြင်အား စိတ်လှုပ်ရှားစွာကြည့်နေခဲ့သည်။ သူ၏မြင်ကွင်းအား ချက်ချင်းပြောင်းလိုက်ကာ သူသည် တည်နေရာအား အမြန်ကြည့်ရှုရန် အမြင့်တစ်နေရာသို့ အခွင့်ကောင်းယူတက်လိုက်သည်။

သို့သော် သေနတ်ပစ်သမားတွင် မျက်လုံးတစ်စုံသာရှိသည်။ သူသည်အမြင့်တစ်နေရာတွင် ရှိနေနိုင်သော်လည်း တစ်ချိန်တည်းတွင် ၃၆၀ဒီဂရီ မြင်ကွင်း၏လှုပ်ရှားမှုအား ကြည့်ရှုရန်မဖြစ်နိုင်ပေ။

ကျန်းရှောင်ယွီသည် သေနတ်ပစ်သမားနေရာတွင် ကစားခဲ့သည်။ သေနတ်ပစ်သမားများ အား ဖြေရှင်းရမည့်နည်းလမ်းလား။ သူသည်ထိုအရာအား အလိုအလျောက် အတွေ့အကြုံရနေခဲ့သည်။

ကျန်းရှောင်ယွီ၏အသံအား ထပ်ကြားခဲ့သည်။ “Fruit Pie၊ ဘယ်ဘက်တည့်တည့်သွားပြီး လူတွေကိုခေါ်ထုတ်ဖို့ ပစ်လိုက်။ Pudding က နာရီလက်တံနှစ်နာရီနားသွား”

ဦးလေးနှစ်ယောက်မှာ ချက်ချင်းပူးပေါင်းခဲ့ကြသည်။

သူခန့်မှန်းထားသည့်အတိုင်းဖြစ်သည်။ တစ်ဖက်အသင်းမှ ကစားသမားမှာ Fruit Pie၏‌ သေနတ်သံကြောင့် ဘယ်ဘက်သို့ ဆွဲဆောင်ခံလိုက်ရသည်။ Pudding လျှောက်သွားနေချိန် သူသည်ရန်သူနှစ်ဦး၏နောက်ကျောအား တွေ့ခဲ့သည်။ Pudding သည် ချက်ချင်းပစ်ကာ တစ်ဖက်အသင်းမှ လူနှစ်ယောက်အားပစ်ခဲ့သည်။ Fruit Pieမှာ မတော်တဆသေသွားနိုင်သော်လည်း နှစ်ယောက်တစ်ယောက်သာဖြစ်သည်။ ဆုံးရှုံးမှုမျိုးမရှိပေ။

ကျန်းရှောင်ယွီသည် ဆက်လက်ပြီး အကြံများပေးနေခဲ့သည်။ “No. 77၊ မြောက်ဘက်ကိုကြည့်”

Gun King No. 77 သည် သူတို့အသင်းမှ သေနတ်ပစ်သမားဖြစ်ခဲ့သည်။ အရင်တစ်ခေါက်တွင် သူသည်တစ်ချက်လေးမှပင် မပစ်နိုင်ခဲ့ပေ။မိုဟန်တျန်းသူ့အား စက္ကန့်ပိုင်းအတွင်း သတ်ပစ်လိုက်ချိန် သူသည်ယခုမှပေါ်လာဆဲပင်ဖြစ်သည်။ ‌ဤအကြိမ်တွင်သူသည် မြင့်မြတ်သောအရှင်၏ အမိန့်ကိုကြားကာ မြောက်ဘက်သို့ မှန်ပြောင်းအားလှည့်လိုက်သည်။

ထိုနေရာတွင် သေနတ်သံများပေါ်လာခဲ့သည်။လက်ပစ်ဗုံးမှာပေါက်ကွဲသွားကာ ထူထပ်‌သည့်မီးခိုးဖြူမှာ တက်လာခဲ့သည်။ သူသည်ဂရုတစိုက်ကြည့်နေခဲ့သည်။ မီးခိုးများကင်းစင်သွားသည်နှင့် ရန်သူမှာရုတ်တရက်ပေါ်လာခဲ့သည်။ No.77သည် သေ‌နတ်မောင်းကို‌ဆွဲကာ ခေါင်းကိုပစ်လိုက်သည်။

မိုဟန်တျန်း၏တုံ့ပြန်မှုမှာ လျင်မြန်လွန်းသည်။ သူသည် စက္ကန့်ပိုင်းအတွင်း သေနတ်ပစ်သမား Gun King No. 77ကို ချက်ချင်းပစ်လိုက်သည်။

ကျန်းရှောင်ယွီ၏ အသံအမိန့်ပေးမှုအောက် သူ၏အသင်းသားများမှာ မြေပုံပေါ်သွက်လက်စွာရွေ့လျားကာ ‘ရန်သူအား ပုန်းနေရာမှ ခေါ်ထုတ်ခြင်း’ နည်းလမ်းအား အသုံးပြုခြင်းဖြင့် စောင့်ရှောက်သူဘက်မှ တစ်စုတစ်စည်းတည်းရှိနေသော ကစားသမားများအား လျင်မြန်စွာ ဖယ်ရှားပစ်ခဲ့သည်။ သူတို့သည် တစ်ဖက်အခြမ်းမှ လူလေး‌ယောက်အားသတ်ရန် လူနှစ်ယောက်ကို အနစ်နာခံခဲ့သည်။ ဤသည်မှာ ထိုက်တန်သည့်အကျိုးအမြတ်တစ်ခုဖြစ်သည်။

လူသွားလမ်းမြေပုံမှာ အထူးရှုပ်ထွေးနေကာ လမ်းများ၊ သေနတ်ပစ်သမားများအတွက် မမြင်ရသည့်နေရာများ ဖန်တီးထားသော ထောင့်များနှင့် ‌အဆောက်အဦးများရှိနေခဲ့သည်။ မိုဟန်တျန်းသည် သူ၏မှန်ပြောင်းအား အမြန်လွှဲလိုက်ကာ အခြားသူအားကျည်ဆန်ပေးရန် သူ့အားလှောင်ပြောင်ခဲ့သည့် Casually အား ကြိုးစားရှာဖွေခဲ့သည်။

ရလဒ်အနေနှင့် နေရာတိုင်းတွင် သေနတ်ပစ်သံများရှိနေကာ သူသည် Casually အားလုံးဝရှာမတွေ့ခဲ့ပေ။

သူ၏အသင်းသားများအားလုံးမှာ ခဏလေးအတွင်း သေသွားခဲ့သည်။ သူသည် စောင့်ရှောက်သူဘက်တွင်ကျန်ခဲ့သော တစ်ဦးတည်းသောသူဖြစ်သည်။

မိုဟန်တျန်းသည် တစ်ခုခုမှားနေသည်ကို သတိပြုမိကာ သူ၏လက်နက်အား MSG light sniper rifle အဖြစ်သို့ပြောင်းရင်း အဆောက်အဦးပေါ်မှ ချက်ချင်းခုန်ချသွားသည်။ MSG မှာရွေ့လျားတိုက်ခိုက်ခြင်းအတွက် အလွန်အသုံးဝင်သည်။ ၎င်းသည် ACE အဖွဲ့၏ ခေါင်းဆောင်နှင့် ယခင်သေနတ်ပစ်ဘုရင်ဖြစ်သည့် Wing၏ နှစ်သက်သောလက်နက်ဖြစ်သည်။

မိုဟန်တျန်းသည် အဆောက်အဦးမှ ခုန်ဆင်းလာကာ အဆောက်အဦးအရှုပ်‌အထွေးများထဲသို့ အမြန်ခိုးဝင်သွားခဲ့သည်။ သူသည် ပြောက်ကျားစစ်ဆင်ရေးမှတစ်ဆင့် အခြားတစ်ဖက်မှ ကျန်ရှိနေသည့် လူသုံးယောက်အား သတ်ချင်နေခဲ့သည်။ သူသည်အမြန်ရွေ့လျားကာ ဂရုတစိုက်လေ့လာနေခဲ့သည်။ အနောက်ရောင်ပြောင်းဝမှာ ရုတ်တရက်သူ၏နဖူးအား ချိန်လိုက်သောအခါ သူသည် နောက်ထပ်ပုန်းကွယ်နေသောနေရာဆီသွားရန် ထောင့်တစ်ဝိုက်တွင် လျှောက်သွားနေခဲ့သည်။

ဒိုင်း

[Casuallyသည် Devil333အား ခေါင်းသို့ပစ်ချက်နှင့်သတ်ရန် Sand Eagle-Blue Dragon ကိုအသုံးပြုခဲ့သည်]

Mo Hantian: “……”

သေစမ်းကွာ။

အရင်တစ်ခေါက်မှာ သူ၏ခေါင်းအနောက်သို့ ပစ်ချက်ဖြစ်သည်။ ယခုတစ်ကြိမ်မှာ အရှေ့မှ သပ်ရပ်သည့် ခေါင်းသို့ပစ်ချက်ဖြစ်သည်။

မိုဟန်တျန်း၏ စိတ်ပိုင်းဆိုင်ရာမှာ ချက်ချင်းပြိုလဲသွားခဲ့သည်။

မျက်နှာတည့်တည့် အပစ်ခံရသည့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုမှာ နောက်ကွယ်မှခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုထက် ပို၍ပင်စိတ်ဓာတ်ကျစရာကောင်းသည်။

သေနတ်ဘုရင်၏အကြည့်သက်ရောက်မှုများမှာ ယုတ္တိရှိလွန်းသည်။ သေနတ်သည် သူထောင့်သို့လှည့်လိုက်သည့် အခိုက်အတန့်တွင် မိုဟန်တျန်း၏ဦးခေါင်းအားချိန်ထားခဲ့သည်။ သူ၏နားထဲပြတ်သားသောသေနတ်ပစ်သံကြားသောအခါ တုံ့ပြန်ရန်အချိန်ပင်မရှိခဲ့ပေ။ ထိုအရာ၏နောက် ကျည်ဆံသည် သူ၏ခေါင်းထဲဝင်သွားခဲ့သည်။သူ၏ခေါင်းမှာ ပေါက်ကွဲသွားပြီး သူ၏ရှေ့တွင်ရှိသော ဖန်သားပြင်မှာ သွေးများဖုံးလွှမ်းသွာူခဲ့သည်။

ပန်းထွက်လာသောသွေးမှာ သူ့အတွက် သိသာထင်ရှားသော သရော်မှုတစ်ခုကဲ့သို့ဖြစ်သည်။

သူသည် သွေးအိုင်ထဲလဲလျောင်းနေသော သူ့ကိုယ်သူကြည့်ကာ ဆဲဆိုမိခဲ့သည်။ “မင်း ရှုထောင့်ခိုးကြည့်ရေးအစီအစဉ်ကို ဖွင့်ထားခဲ့တာလား”

Casually: ငါမင်းကိုပစ်ဖို့ ခိုးချဖို့လိုလို့လား။

Casually: ငါဘယ်တိုက်ပွဲကိုမဆိုနိုင်နိုင်တယ်။

Mo Hantian: “……”

Doudouသည်အသံချန်နယ်ထဲတွင် ကြီးမြတ်သောအရှင်အတွက် ဆက်လက်အားပေးနေခဲ့သည်။ “ကြီးမြတ်တဲ့အရှင်က အရမ်းကောင်းလွန်းတယ်။ သူဒီလမ်းရွေးမယ်ဆိုတာ ခင်ဗျားတကယ် ခန့်မှန်းနိုင်ခဲ့တာပဲ”

Classmate Doudou သည်ဆက်ပြောခဲ့သည်။ “လက်ရွေးစင်အသင်းက အရမ်းအားနည်းနေတာလား”

သူ၏အသင်းသားများမှာ Doudou၏ရှင်းလင်းပြတ်သားသည့်အသံအား ကြားကာ ဆွံ့အသွားခဲ့သည်။ လက်ရွေးစင်အသင်းမှာ အားနည်းလွန်းသောကြောင့် မဟုတ်ဘဲ သူတို့၏အရှင် Casually မှာကောင်းလွန်းသောကြောင့်ဖြစ်သည်။

အွန်လိုင်းဂိမ်းထဲတွင် ကျွမ်းကျင်သူများရှိနိုင်‌သော်လည်း နှစ်ပွဲဆက်တိုက် လက်ရွေးစင်အသင်း၏ ကစားသမားများအား အနိုင်ကျင့်နိုင်‌သည့် ကစားသမားများများစားစားမရှိပေ။ပြိုင်ဘက်များမပူးပေါင်းချိန်တွင် သူတို့ပူးပေါင်းခဲ့ကြသည်။ ဤသည်မှာအနိုင်ရခြင်း၏သော့ချက်ဖြစ်သည်။ မည်သိုပင်ဆိုစေကာမူ နတ်ဘုရား Casually ၏ မြေပုံနေရာချထားမှုအပေါ် ခန့်မှန်းချက်နှင့် သူ၏လက်စွမ်းမှာ အထူးထက်မြက်လှသည်ကို သူတို့ဝန်ခံရမည်။

မိုဟန်တျန်း၏ စိတ်ပိုင်းဆိုင်ကာမှာ လုံးဝပြိုလဲသွားသည်ဟု ခန့်မှန်းနိုင်သည်။

Fruit Pieသည် မမေးဘဲမနေနိုင်ခဲ့ပေ။ “အစ်ကိုကြီး Casually၊ မင်းကဘယ်က အရှင်လဲ။ မင်းကကျွမ်းကျင်ကစားသမားများလား”

ကျန်းရှောင်ယွီမှာ ပြန်မဖြေခဲ့ပေ။

Pudding Jelly သည် ကိစ္စများအဆင်ပြေစေရန် အမြန်ဝင်ဖြတ်ပြောလိုက်သည်။ “အရမ်းကောင်းတယ်လို့ အော်ဖို့အချိန်ကောင်းပဲ။ မင်းမသိသင့်တဲ့အရာတွေကို သိချင်မနေနဲ့”

Fruit Pieသည် ချက်ချင်းပူးပေါင်းကာ အော်ခဲ့သည်။ “ရိုက်ချက်ကောင်းပဲဟေ့ အရမ်းကောင်းတယ်”

တတိယအချီတွင်…

ပြိုင်ဘက်များမှာ အရှုံးပေးသည်ကို နှိပ်ခဲ့သည်။ မိုဟန်တျန်းသည် အရှုံးမပေးချင်ခဲ့ပေ။ ကျွမ်းကျင်ကစားသမားများမှာ မည်သည့်ပွဲစဉ်ကိုမှ အရှုံးမပေးနိုင်ပေ။ ဤသည်မှာ လိဂ်၏စည်းမျဉ်းဖြစ်သည်။ သို့သော် သူ၏အခြားအသင်း‌ဖော်လေးယောက်မှာ ၎င်းအားမဲပေးခဲ့သည်။ လူလေးယောက်အရှုံးပေးရန်မဲပေးခဲ့ပါက စနစ်မှာအလိုအလျောက်ပင် အရှုံးသမားအဖြစ် သူတို့အားသတ်မှတ်လိမ့်မည်။

[စောင့်ရှောက်သူအသင်း အရှုံးပေးလိုက်ပါပြီ]

[ပုန်းသူများ သုံးပွဲပြတ်နှင့် အနိုင်ရရှိခဲ့သည်]

မိုဟန်တျန်းသည် သူ၏လက်အား စားပွဲနှင့်ရိုက်ပစ်လိုက်ပြီး သူတို့အားဆူခဲ့သည်။ “ဒီအရူးတစ်သိုက်က လုံးဝမပူးပေါင်းဘူး။ သူတို့ကတစ်ယောက်ပြီးတစ်ယောက် သေနေပြီးတော့မှ ရှက်ပြီး အရှူံပေူသွားကြတယ်။ တောက်”

ကစားပွဲပြီးသောအခါ လူတိုင်းအလိုအလျောက် အခန်းမှထွက်သွားခဲ့သည်။

မိုဟန်တျန်း၏သွေးပေါင်မှာ အမြန်ဆောင့်တရ်လာကာ သူ၏ခေါင်းထိပ်ဆီသို့ ဒေါသလှိုင်းများ ပြေးတက်လာသည်ကို ခံစားမိခဲ့သည်။ သူ၏နား‌ထင်များမှာ ပေါက်ကွဲတော့မည့်အလား အပြင်းအထန် ထိုးနေခဲ့သည်။ သူသည်အသက်ပြင်းပြင်းရှူခဲ့သော်လည်း သူ၏ရင်ထဲမှ မွန်းကျပ်လှသောဒေါသအား မဖြေလျှော့နိုင်ခဲ့‌ပေ။ ဤသည်မှာ သူ့အားအသက်ရှူကျပ်စေကာ သူ၏မျက်နှာမှာနီနေခဲ့သည်။

ဤအချိန်တွင် တစ်စုံတစ်ယောက်မှ တံခါးဖွင့်၍ ဝင်လာခဲ့သည်။

ထိုလူမှာ မိုဟန်တျန်းအားမြင်သောအခါ ထိတ်လန့်သွားခဲ့သည်။ “အစ်ကိုကြီးမို၊ လေ့ကျင့်ရေးခန်းထဲ ဘာလုပ်နေတာလဲ”

မိုဟန်တျန်းမှာ အံကြိတ်ထားခဲ့သည်။ “အဆင့်တက်အောင် ဆော့နေတာ”

အခြားလူမှာကြောင်နေခဲ့သည်။ သူ၏ဆလသံအရ သူသည်အဆင့်တက်ရန် ဆော့‌နေပုံမရသော်လည်း…ရန်သူအား တိုက်ခိုက်နေခဲ့သည်။

မိုဟန်တျန်းသည် ဒေါသတကြီးအော်ဟစ်ခဲ့သည်။ “ဟိုဘက်အသင်းကလူက ခိုးကြည့်တဲ့အစီအစဉ်မျိုး ဖွင့်ထားတာပဲ။ ခိုးကြည့်တာကို တရားဝင်စစ်ဆေးတာက အရမ်းတင်းကျပ်ပေမယ့် မမြင်ရနိုင်တဲ့ အဆင့်မြင့်နည်းပညာ ခိုးကြည့်တာမျိုး အမြဲရှိတယ်။ နှစ်ပွဲဆက်တိုက် ငါ့ကို ပစ်နိုင်ပြီး ငါ့နေရာရှာနိုင်တဲ့အတွက် တခြားရှင်းပြချက်ကဘာရှိဦးမလဲ”

ရှီရှောင်ဘင်းသည် ကွန်ပျူတာအား သိချင်စိတ်နှင့်ကြည့်လိုက်သည်။ “အစ်ကိုပြောတာက သူကရှုထောင့်ခိုးယူမှုနဲ့ ပစ်မှတ်ခိုးယူမှုကို တစ်ချိန်တည်းမှာဖွင့်လိုက်တာလား”

မိုဟန်တျန်း: “……”

ဤသည်မှာ ပိုသွားလွန်းသည့်ပုံပေါ်သည်။ တာဝန်ရှိသူများမှာ ဤကဲ့သို့အားကောင်းသည့် ညစ်မှုအား ရှာမတွေ့နိုင်လျှင် လူတိုင်းကစားစရာမလိုတော့ပေ။ အထူးသဖြင့် တရားမျှတမှုသည် ယှဉ်ပြိုင်ခြင်းပွဲစဉ်များတွင် အရေးအကြီးဆုံးအရာဖြစ်သည်။ စက္ကန့်ပိုင်းအတွင်း ပြိုင်ဘက်များအားသတ်ရန် ပရိုဂရမ်အား အသုံးပြုခြင်းမှာ ဂိမ်း၏ပတ်ဝန်းကျင်ကို ကြီးမားစွာထိခိုက်စေလိမ့်မည်။

မိုဟန်တျန်း၏ နှလုံးတုန်သွားခဲ့သည်။ ဒါကညစ်တာမဟုတ်ဘူးလား။

ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်ရတာလဲ။

အခြားသူမှာ သူ့အားကောင်းစွာသိသည်။ သူသည် မိုဟန်တျန်းယူမည့်လမ်းကိုခန့်မှန်းနိုင်၍ သူ့ပစ်ချက်၏အချိန်ကို တွက်ချက်နိုင်သည်။ ဤလူမှာသူ၏စိတ်ထဲရှိနေသကဲ့သို့ ဖြစ်သည်။

သူ၏ခေါင်းအနောက်မှာ ပထမအချီတွင် အပစ်ခံရပြီး ဒုတိယအချီတွင် သူ၏မျက်နှာအား အပစ်ခံခဲ့ရသည်။ ၎င်းသည် ‘အရှက်ခွဲသည့် ကစားကွက်’မျိုးဖြစ်သောကြောင့် တစ်ဖက်လူမှာ သူ့အပေါ်အငြိုးအတေးများ ရှိနေသည်လား။

မိုဟန်တျန်းသည် အသက်ပြင်းပြင်းရှူကာ မတ်မတ်ထိုင်ပြီးပြောလိုက်သည်။ “သူညစ်လားမညစ်လား ပြဿနာမရှိဘူး။ ငါသူနဲ့ တစ်ယောက်ချင်းတိုက်မယ်။ တကယ်လို့ နည်းပညာမြင့်မြင့်ခိုးချတာမျိုးဆိုရင် ငါတိုက်ရိုက်တာဝန်ရှိသူတွေကိုတိုင်ပြီး အကျိူးအမြတ်တစ်ချို့ယူမယ်”

ဂိမ်းထဲတွင် ကျန်းရှောင်ယွီသည် Devil333ထံမှစာတစ်စောင်ရသောအခါ ကျန်းရှောင်ယွီမှာ အခန်းထဲမှထွက်လာခဲ့သည်: မင်းမှာတစ်ယောက်ချင်းချရဲနဲ့ သတ္တိရှိလား။

ကျန်းရှောင်ယွီသည် အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ သူသည် ကွန်ပျူတာရှေ့တွင် လူငယ်လေးတစ်ယောက် ‌ဒေါသတကြီးစိတ်တိုနေသည်ကို သူပုံဖော်နိုင်သည်။ သူသည် လုံလောက်စွာ မရှုံးသေးသည်ပုံပေါ်နေသည်လား။

ကျန်းရှောင်ယွီသည် သူငယ်ချင်းတောင်းဆိုမှုအား လက်ခံခဲ့သည်။

မိုဟန်တျန်းသည် ထ၍သူ၏ဘေးရှိအသင်းဖော်အား သူ့နေရာမပေးခင်တွင် စဉ်းစားမိခဲ့သည်။ “ရှောင်းဘင်း၊ မင်းသူနဲ့ကစားဖို့ ငါ့အကောင့်ကိုယူထား။ သူကအားဖြည့်သူနေရာကစားတာလေ။ လက်ရွေးစင်အသင်းရဲ့အားဖြည့်သူက ဘယ်လိုမျိုးလဲဆိုတာ သူ့ကိုပြလိုက်စမ်းပါ”

ရှီရှောင်ဘင်း၏ စိတ်ဝင်စားမှုမြှင့်တက်သွားကာ သူသည်ထိုင်ချလိုက်သည်။ “အစ်ကိုကြီးမို၊ ဒီလူကဂိမ်းထဲ အစ်ကို့ကိုလှောင်တဲ့သူလား”

မိုဟန်တျန်းသည် အေးစက်စွာပြန်ပြောခဲ့သည်။ “ဟုတ်တယ်။ သူကငါ့ကိုနိုင်ဖို့ အေးဆေးကစားဖို့ပဲလိုတယ်လို့ပြောတာလေ”

ရှီရှောင်ဘင်းမှာ ကြောင်သွားခဲ့သည်။ “သူ့စကားတွေကအရမ်းကြမ်းတာပဲ။ ကြွားတာရဲ့အကျိုးဆက်ကို သူမကြောက်ဘူးလား။ ကျွန်တော်သူနဲ့တိုက်မယ်”

ဂိမ်းထဲတွင် Devil333 သည် Casually အား ပစ်ခြင်းလေ့ကျင့်ရေးကွင်းသို့ ဖိတ်ခေါ်ခဲ့သည်။

Gun King၏ ‘ပစ်ခြင်းလေ့ကျင့်ရေးကွင်း’မှာ ကစားသမားများသည် သူတို့၏ကိုယ်ပိုင်မြေပုံ၊ အသင်းဖော်များနှင့် ပြိုင်ဘက်များအား လေ့ကျင့်ရန် ရွေးချယ်နိုင်သော စိတ်ကြိုက်ပုံစံဖြစ်သည်။

Devil333သည် သူလေ့ကျင့်ရေးကွင်းထဲသို့ဝင်လာသောအခါ စာတစ်စောင်ရိုက်လိုက်သည်: ဟယ်လို၊ ကျွန်တော် လက်ရွေးစင်အသင်းရဲ့အားဖြည့်သူ ရှီရှောင်ဘင်းပါ။ ကျေးဇူးပြုပြီး အကြံဉာဏ်တွေပေးပါဦး။

ကျန်းရှောင်ယွီ၏ပါးစပ်များ အနည်းငယ်ပြုံးသယောင်ဖြစ်သွားသည်။

သူသည် ရှီရှောင်ဘင်းအား အလိုအလျောက်သိနေခဲ့သည်။ သူသည် လက်ရွေးစင်အသင်း၏ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်သည်။ ရှီရှောင်ဘင်းမှာ လူငယ်လေ့ကျင့်ရေးသမား ဖြစ်နေချိန် သူသည် တစ်နှစ်ကြာ ကျင်းမြို့တော်လူငယ်လေ့ကျင့်ရေးအခြေစခန်းတွင် မိုဟန်တျန်းနှင့် အခန်းဖော်များဖြစ်နေခဲ့သည်။ သူတို့နှစ်ယောက်လုံးမှာ ကောင်းမွန်သည့်ဆက်ဆံရေးရှိကာ သူတို့သည်မကြာသေးမီနှစ်များက ပြည်တွင်းလိဂ်တွင် အထူးချွန်ဆုံးလူသစ်များလည်း ဖြစ်နေခဲ့သည်။

မျက်လုံးများ မြင့်လွန်းကာ ထိခိုက်လွယ်သော စိတ်ရှိသည့် မိုဟန်တျန်းနှင့်မတူဘဲ ရှီရှောင်ဘင်းမှာ အနည်းငယ်ချစ်စရာကောင်းက ယဉ်ကျေးနေခဲ့သည်။ သူ၏ကိုယ်ရည်ကိုယ်သွေးမှာ အလွန်သတိထားနေတတ်သောကြောင့်ဖြစ်သည်။ သူသည်ဂိမ်းပွဲအတွင်း ပေါ့ပေါ့ပါးပါး မတိုက်ခိုက်ရဲပေ။

ကျန်းရှောင်ယွီမှာ မေးခဲ့သည်: ရှောင်းမိုက မင်းကိုဒီနေရာခေါ်လာခဲ့တာလား။

မိုဟန်တျန်းသည် ဤစာကြောင်းအားမြင်ကာ သူ၏မျက်လုံးများပြူးသွားခဲ့သည်။ “ရှောင်းမိုတဲ့လား။ ငါ့ကိုအရမ်းတယုတယနဲ့ခေါ်နေတာပဲ။ ငါသူနဲ့ရင်းနှီးလို့လား”

ရှီရှောင်ဘင်းသည် စိတ်တိုနေသောမိုဟန်တျန်းအား ကြည့်လိုက်ကာ အမြန်စာရိုက်လိုက်သည်: လက်ရွေးစင်အသင်းရဲ့ စွမ်းဆောင်ရည်တွေက မကောင်းနိုင်ပေမယ့် ခင်ဗျားကအေးဆေးတိုက်လို့ရတယ်ဆိုပြီး လှောင်စရာတော့မလိုဘူးထင်တယ်။

Devil333: ဒါတကယ်ရိုင်းပျတယ်။

Devil333: ခင်ဗျားက အားဖြည့်သူနေရာ ကစားနေတာကြောင့် ကျွန်တော်ခင်ဗျားကို တိုက်ရိုက်ခံစားခွင့်ပေးမယ်။

‘မင်းငါ့သူငယ်ချင်းကို လှောင်တာမို့ ငါမင်းကိုပြန်အနိုင်ကျင့်မယ်’ ဟူသောစကားမှာ အလွန်ယဉ်ကျေးစွာ ပြောလိုက်ကာ မတိုက်ခိုက်ခင်တွင် အသေးစိတ်အကြောင်းပြချက်များအား စာရင်းပြုစုရန် လိုအပ်နေသေးသည်။ သူ့အား ‘ရှီရှောင်ဘင်း’ဟု‌ ခေါ်သည်မှာ အံ့ဩစရာမဟုတ်ပေ။

သို့သော် ကျန်းရှောင်ယွီသည် အသိစိတ်အတိုင်း လုံးဝမပြုမူခဲ့ပေ။

သူသည် ယဉ်ကျေးသောကလေးငယ် ရှီရှောင်ဘင်းအား မျက်နှာချင်းဆိုင်၍ စာသုံးကြောင်းအား တုံ့ဆိုင်းမနေဘဲပို့လိုက်သည်။

Casually: ငါမင်းကိုလှောင်ပြီး ရိုင်းတယ်လို့ မင်းတို့ထင်နေတာလား။

Casually: မင်းတို့အရမ်းဆိုးဆိုးဝါးဝါးတိုက်ခဲ့တာ အမှန်တရားပဲလေ။ ငါကမင်းတို့ကို အရမ်းမိုက်တယ်ဆိုပြီး ချီးကျူးစေချင်သေးတာလား။

Casually: မင်းက မင်းရန်သူကိုယ်ထည်ကို ခြေရာခံဖို့ အရမ်းမိုက်တဲ့ကိုယ်ဟန်နဲ့ စက်သေနတ်ကို ကိုင်မြှောက်ထားတယ်။ ဒါကခြေရာခံတဲ့သခင်နဲ့ဆို ယှဉ်စရာပဲမဟုတ်လား။

Mo Hantian and Shi Xiaobin: “………”

ရှီရှောင်ဘင်းသည် သူ၏မျက်နှာအမူအရာအား မထိန်းချုပ်နိုင်ခဲ့ပေ။

အမြဲကောင်းမွန်စွာပြုမူတတ်ကာ ယဉ်ကျေးသောလူသစ်လေးမှာ ပထမဆုံးအကြိမ်ဆဲလိုက်သည်။ “-ီး”

“ကျွန်တော်တို့ လက်ရွေးစင်အသင်းကို အလေးအနက်မထားတဲ့ဒီလူက ဘယ်သူလဲ။ ကျွန်တော့်ကို ‌ခြေရာခံသခင်လို့ တကယ်ပြောနေတာပဲ”

ရှီရှောင်ဘင်းသည် ဒေါသတကြီးမျက်စောင်းထိုးလိုက်သည်။ “ငါသူ့ကိုနှိပ်စက်ပြီး သူဂိမ်းဖျက်လိုက်တဲ့အခါ နောက်ကျရင် သူ့မျိုးရိုးနာမည်ကိုငါယူပြမယ်”

GMC
Author: GMC
Private: ရွှေအဆင့်နည်းပြ

Private: ရွှေအဆင့်နည်းပြ

GMC, Our Omega Coach is Gold-Class, 金牌教练(电竞)
Score 9
Status: Ongoing Type: Author: , Artist: , Released: 2022 Native Language: Chinese
အညွှန်း တရုတ်ပြည်နယ်တွင် သေနတ်ဘုရင်အတွက် ပရိုလိဂ်‌တွင် ပါဝင်ခဲ့သော Wing ဟုအမည်ရသည့် ဂန္တဝင်ကစားသမားတစ်ဦး ရှိခဲ့သည်။ သူသည် သေစေလောက်သော တိကျသေချာမှုနှင့် ယုံကြည်ချက်အပြည့်ဖြင့် သူ၏ရိုက်ချက်များဆီသို့ ကျရောက်ခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် အသေးစားလိဂ်ရှိ အဆင့်နိမ့်အသင်းတစ်သင်းမှာ မေဂျာလိဂ်သို့ တက်ရောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် နှစ်စဉ်ချန်ပီယံဆုအား ဆွတ်ခူးခဲ့ပြီး သမိုင်းတစ်လျှောက် အသန်မာဆုံးမြင်းနက်တစ်ကောင် ဖြစ်လာခဲ့သည်။ သို့သော် Wingမှာ ချန်ပီယံဆုအားရယူပြီးနောက် အနားယူလိုက်ကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။ အင်တာနက် သုံးစွဲသူများစွာမှာ သူ၏အနားယူခြင်းအတွက် အကြောင်းပြချက်များအပေါ် ထင်ကြေးပေးခဲ့ကြသည်။ သူသည် “ဖယ်ရိုမုန်းရောဂါ”အား ခံစားနေရသော အိုမီဂါတစ်ဦးဖြစ်နေသည်ကို မည်သူမျှမသိခဲ့ပေ။ ငါးနှစ်ကြာပြီးနောက် တရုတ်လက်ရွေးစင်အသင်းသည် သေနတ်ဘုရင်ကမ္ဘာ့ချန်ပီယံရှစ် ပထမအဆင့်တွင် ပြုတ်သွားခဲ့သည်။ နိုင်ငံအသင်းနည်းပြမှာ ဖိအားများအောက် ချက်ချင်းနှုတ်ထွက်ခဲ့သည်။ အကျပ်အတည်းကာလတွင် Wingဟု တစ်ချိန်က လူသိများခဲ့သော ကျန်းရှောင်ယွီသည် တရုတ်နိုင်ငံသို့ ပြန်လာပြီး နိုင်ငံအသင်းနည်းပြ ရာထူးကို အပ်နှင်းခံရသည်။ လက်ရွေးစင်အသင်းမှာ တစ်ဦးနှင့်တစ်ဦး လုံးဝမသင့်မြတ်သော ကစားသမားကောင်းများနှင့် ဆိုးသောကစားသမားများတို့ဖြင့် ရောနှောနေခဲ့သည်။ အထူးသဖြင့် တွေ့ဆုံသည့်အခိုက်အတန့်၌ စကားများရန်ဖြစ်သည့် အယ်လ်ဖာများအတွက် အထူးမှန်ကန်သည်။ လက်ထောက်မှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။ “ဒီဘုရင်တွေကို ဘယ်လိုမှ ထိန်းလို့မရဘူး” ကျန်းရှောင်ယွီ: “ရတယ်။ သူတို့လေ့ကျင့်ဖို့ကို ငါ့လက်ထဲသာအပ်လိုက်” ထို့ကြောင့် နည်းပြကျန်းသည် သူ၏ဆိုးရွားစွာပြောတတ်သည့်ပုံစံကို စတင်ခဲ့သည်။ “ဒါကလက်ရွေးစင်အသင်းမှာရှိတဲ့ ကစားသမားတစ်ယောက်ရဲ့အဆင့်အတန်းလား” “မင်းတို့နဲ့ကစားဖို့ ဇာတ်ညွှန်းတွေတောင် လိုသေးရဲ့လား။ ပေါ့ပေါ့ပါးပါးဆော့ရင်တောင် ငါမင်းတို့ကိုနိုင်နိုင်တယ်” “မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးနေတာလား။ တစ်ယောက်ပြီးတစ်ယောက် အလကားသေပေးနေကြတာလား” “မင်းတို့အခြားသူတွေကိုမနိုင်နိုင်ရင်လည်း ဂိမ်းကိုသာဖျက်လိုက်တော့” အခြားသူများအား လေ့ကျင့်ပေးသောအခါ ဘယ်သောအခါမှ ကျိန်ဆိုလေ့မရှိတတ်သော စကားပြောချိုသာသည့် နည်းပြကျန်းသည် သူတို့၏စိတ်အခြေအနေများ မပြိုလဲမချင်း တစ်သင်းလုံးကို ဆူပူခဲ့သည်။ ဤသည်မှာ သူတို့သည် နည်းပြကျန်းမှ သူ့ကိုယ်သူအိုမီဂါတားဆေးများ တိတ်တဆိတ်ထိုးသွင်းနေသည့်မြင်ကွင်းအား မြင်တွေ့ခဲ့သည့်တစ်နေ့မတိုင်ခင်အထိပင်ဖြစ်သည်။ အားလုံးမှာ တစ်စုတစ်စည်းထဲ မှင်တက်သွားခဲ့သည်။ “အဲ့ဒီကြမ်းတမ်းပြီး ရက်စက်တဲ့နည်းပြက တကယ့်ကို အိုမီဂါလား” “သူက အိုမီဂါဆိုရင်တောင် အသင်းလိုက် တိုက်ရင်တောင် အနိုင်ယူလို့ မရနိုင်တဲ့ သူဌေးမျိုးပဲ” ဂိမ်းနတ်ဘုရား: “အကူအညီ‌ တောင်းချင်လို့ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့ စာစီစာကုံး စာလုံးရေ 1000ကို ဘယ်လိုရေးရမလဲ” ကျော်ကြားသည့် တိုက်ရိုက်ထုတ်လွှင့်သူ: “ဒီနေ့ ကျွန်တော် တိုက်ရိုက်မလွှင့်ဘူး။ နံရံကိုပဲ မျက်နှာမူနေပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်မယ်” အပျော်တမ်းဘုရင်တစ်ပါး: “ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။ ငါ ဘာလို့ ဂိမ်းတွေကို ကစားနေရတာလဲ။ ငါ့ဘဝကို တကယ် သံသယဖြစ်မိတယ်” အယ်လ်ဖာလူငယ်: “အိုမီဂါဆီက မျက်ရည်ကျရလောက်အောင် အဆူခံရတဲ့အတွေ့အကြုံက ဘာလဲ။ ငါတို့ ပိုငိုလေလေ ပိုပြီးနေသားကျလေလေပဲ” အင်တာနက်သုံးစွဲသူများ: “???” ဘာလို့ ဒီနှစ်လက်ရွေးစင်အသင်းက အဆင်မပြေ ဖြစ်နေရတာလဲ။ +++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset