GMC အပိုင်း ၅

Chapter 5: နည်းပြ၏ ပြောရေးဆိုခွင့်

ကျန်းရှောင်ယွီသည် လွန်ခဲ့‌သောငါးနှစ်အတွင်း ကယ်လီဖိုးနီးယားတွင် နေလာခဲ့ကာ နိုင်ငံတကာဆာဗာ၏ အပိုင်း 2500ထဲတွင် အရည်အချင်းစစ်ဆေးမှုများအား ဆော့ခဲ့ပြီးဖြစ်သည်။ သူတွေ့ကြုံခဲ့ရသော အသင်းသားများနှင့် ရန်သူများအားလုံးမှာ ကမ္ဘာ့အဆင့် သခင်ကြီးများဖြစ်သည်။ နိုင်ငံတကာဆာဗာမှ ကစားသမားများမှာ နိုင်ငံတစ်ဝှမ်းမှရောက်လာခဲ့ကြသောကြောင့် ဘာသာစကား အဟန့်အတားရှိနေခဲ့သည်။ သူတို့စကားပြောသောအခါ အချင်းချင်းတားမလည်နိုင်ဘဲ သူတို့၏ဆက်သွယ်ရေးမှာ အများအားဖြင့် ရိုးရှင်းသောအင်္ဂလိပ်စာရိုက်ခြင်းနှင့် ဂိမ်းထဲရှိ အချက်ပြအမှတ်ပေးခြင်းကိုသာ အားထားခဲ့ရသည်။ အသံချန်နယ်မှာ အလွန်တိတ်ဆိတ်ကာ အားလုံးနီးပါး စကားမပြောခဲ့ပေ။

ထိုစဉ် ပြည်တွင်းဆာဗာမှာ ကွာခြားသည်။ လူတိုင်းမှာ တရုတ်လူမျိုးများဖြစ်ကာ ဘာသာစကားအဟန့်အတားလည်းမရှိပေ။ ဤသည်မှာ အဘယ်ကြောင့် Classmate Doudou မှာ အသံချန်နယ်ထဲတွင် စကားပြောရန် မိုက်ခရိုဖုန်းအားဖွင့်ထားခဲ့သည့် ရည်ရွယ်ချက်ဖြစ်သည်။ သူ၏အသင်းသားများမှာ မိုက်ခရိုဖုန်းဖွင့်ထားသရွေ့ နားလည်နိုင်လိမ့်မည်။

ဤ Classmate Doudou မှာတက်ကြွလွန်းကာ စာငှက်တစ်ကောင်ကဲ့သို့ တတွတ်တွတ်ပြောနေသောကြောင့်သာဖြစ်သည်။

၎င်းသည် အမှန်တကယ်ပင် ‘အားထုတ်မှုအားလုံးသည် အော်ဟစ်ခြင်းပေါ်မူတည်သည်’ ဟူသော စိတ်အားထက်သန်သည့် ဥပမာတစ်ခုဖြစ်သည်။

ကျန်းရှောင်ယွီသည် အမြင့်တစ်နေရာတွင်ရှိနေကာ သူသည်လမ်းကျဉ်းလေးထဲတွင် ကြုံတွေ့ရမှုအား ရှင်းလင်းစွာမြင်နိုင်သည်။ Classmate Doudou သည် အားကောင်းသောစက်သေနတ်အား သယ်လာကာ မခွဲမခြားပစ်ခတ်ခဲ့သည်။ ကျည်ဆန်များမှ ထွက်လာသောမီးတောက်များမှာ နံရံကိုထိမှန်ခဲ့သည်။ ၎င်းသည်အလွန်ကြမ်းတမ်းသော်လည်း တကယ်တမ်းတွင် မည်သူ့ကိုမှ မထိခဲ့ပေ။ ကျည်ဆန်များအား စိတ်လှုပ်ရှားစွာပစ်ခတ်နေခဲ့သော်လည်း သူသည်သူ၏ရန်သူများ၏အဝတ်အစားထောင့်ကိုသာ ထိမှန်ခဲ့သည်။ သူ့အား ‘ခန္ဓာကိုယ်ခြေရာခံခြင်းအရှင်’ ဟူ၍ခေါ်နိုင်သည်။ (ဆိုလိုသည်မှာ ပစ်ခတ်သည့်ကစားပွဲများတွင် ရန်သူအားလုံးဝမထိနိုင်လောက်အောင် လက်စွမ်းအလွန်ညံ့သော ကစားသမားများအား လှောင်ပြောင်နေခြင်းဖြစ်သည်)

ကျန်းရှောင်ယွီသည် အခြားသူအားခေါင်းဖြတ်ရန် အချိန်မီသူ၏ရိုင်ဖယ်အား ချက်ခြင်းပစ်လိုက်သည်။ ထိုအချိန်၌ Classmate Doudou သည် ချက်ချင်းရွှေ့သင့်သော်လည်း သူသည်ထိုနေရာ၌သာ ကြောင်ကာရပ်နေခဲ့သည်။ ဤသည်မှာသူ့အား အလံမှလာသော ချေမှုန်းသူထံမှ အပစ်ခံခဲ့ရခြင်းဖြစ်သည်။

တစ်ဖက်အသင်းမှ လူငါးယောက်မှာ ပျက်စီးသွားသောကြောင့် ပထမအချီအဆုံးသတ်သွားခဲ့သည်။

အနီရောင်စာလုံးများဖြစ်သော ‘ဒုတိယအချီ’မှာ ဖန်သားပြင်ပေါ် ထွက်လာခဲ့သည်။

နှစ်ဖက်လုံးမှ ကစားသမားများသည် မြေပုံ၏နှစ်ဖက်စွန်းပေါ်မှ သက်ဆိုင်ရာ ပြန်လည်ပေါ်ပေါက်လာသည့်နေရာများ၌ ပြန်ပေါ်လာခဲ့ကြသည်။

ဒုတိယအချီတွင် ကျန်းရှောင်ယွီသည် အချိန်နှင့်လမ်းကြောင်းအား တွက်ချက်နေသေးသည်။ သူသည်အမြန်နှုန်းနှင့် အမြင့်တစ်နေရာအား ဆုပ်ကိုင်ကာ ပုန်းနေသည့်နေရာတွင် MSG စနိုက်ပါရိုင်ဖယ်အား တပ်ဆင်နေခဲ့သည်။

တစ်ဖက်အသင်းမှကစားသမားများမှာ ဘယ်နှင့်ညာမှ ပြေးထွက်လာခဲ့ကြသည်။ ကျန်းရှောင်ယွီသည် သူတို့၏နေရာများအားလေ့လာရန် သူ၏ရှုထောင့်ကိုပြောင်းလိုက်သည်။

တိုင်းတာ၍ ချိန်လိုက်ကာပစ်ခတ်ခဲ့သည်။

တိုင်းတာ၍ ချိန်လိုက်ကာ အဆက်မပြတ် ပစ်ခတ်ခဲ့သည်။

သေနတ်၏ကြည်လင်ပြတ်သားသောအသံမှာ ပျက်စီးနေသောစက်ရုံအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

ကျန်းရှောင်ယွီမှာ နှစ်ယောက်သတ်လိုက်သောအခါ သေတ္တာနောက်ကွယ်မှ တစ်ဖက်ကစားသမားများ ထွက်ပေါ်လာခဲ့သည်။ ရန်သူသေနတ်ပစ်သမားမှာ သူ၏တည်နေရာအားတွေ့ရှိကာ သူ့အားချက်ချင်းပစ်လိုက်သည်။ ကျန်းရှောင်ယွီသည် ရန်သူမှပစ်လိုက်သော ကျည်ဆန်များမှာ ရှောင်လိုက်ကာ သေနတ်ပစ်သမားအား သတ်ရန် အခွင့်အရေးအားရှာဖွေခဲ့သည်။ ထို့နောက်သူသည် အမြင့်နေရာမှ ပစ်ခတ်ရန် နေရာအားအခွင့်ကောင်းယူကာ တစ်ကြိမ်လျှင်ရန်သူတစ်ယောက်ကို ရှင်းပစ်ခဲ့သည်။

ဖန်သားပြင်အလယ်တွင် စာငါးစောင်မှာ အတန်းလိုက်ပေါ်လာခဲ့သည်။

စနစ်: [‘Casually’ သည် ‘I am the Biggest Hidden Bomb’အား ခေါင်းသို့ပစ်မှတ်ထားသတ်ရန် MSG-Auroraအား အသုံးပြုခဲ့သည်]

စနစ်: [‘Casually’ သည် ‘Five Consecutive Kneeling in Qualifiers’ အား ခေါင်းသို့ပစ်မှတ်ထားသတ်ရန် MSG-Auroraကို အသုံးပြုခဲ့သည်။]

စနစ်: [‘Casually’ သည် ‘Happy Respectu’ အား ခေါင်းသို့ပစ်မှတ်ထားသတ်ရန် MSG-Auroraကို အသုံးပြုခဲ့သည်]

စနစ်: [‘Casually’ သည် ‘Dragon War Eight Wastelands’ အား ခေါင်းသို့ပစ်မှတ်ထားသတ်ရန် MSG-Auroraကို အသုံးပြုခဲ့သည်]

စနစ်: [‘Casually’ သည် ‘I am the Brother Rui’ အား ခေါင်းသို့ပစ်မှတ်ထားသတ်ရန် MSG-Auroraကို အသုံးပြုခဲ့သည်]

—ဉာဏ်ကြီးရှင်ပဲ

[စောင့်ရှောက်သူအသင်းမှာ ဖျက်ဆီးခံလိုက်ရပါပြီ]

သူ၏အသင်းသားများ: “……”

ဒါကလဲချလိုက်ပြီးအနိုင်ရသွားတယ်လို့ ခံစားနေရတာလဲ။ လူတိုင်းမှာအနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

သတ်ပစ်လိုက်သော စာငါးစောင်မှာ ဖန်သားပြင်အား ဆက်တိုက်ပြည့်လာခဲ့သည်။

ဤသည်မှာ ပုံမှန် ‘အမြင့်တစ်‌နေရာမှသေနတ်ပစ်သမား၏ရှင်းလင်းရေး’ ကစားကွက်ဖြစ်နေသလား။

အမြင့်တစ်နေရာရှင်းလင်းရေးဟုခေါ်သည်မှာ ထူးချွန်ပြောင်မြောက်သောသတိနှင့် သေနတ်ပစ်သမားမှာ အမြန်နှုန်းနှင့် နေရာ၏အမြင့်အမှတ်အား ရယူနိုင်ခြင်းဖြစ်သည်။ ထို့နောက် ပြောင်မြောက်သောတိကျမှုရိုက်ခတ်နှုန်းအား တစ်ဖက်အသင်းမှ လူငါးယောက်အား ပစ်သတ်ရန် သုံးသည်။ ဤသည်မှာ သခင်ကြီးမှ အားနည်းသည့်ကစားသမားများအား အနိုင်ကျင့်ရာတွင်သာ ပေါ်လာလေ့ရှိသည်။

ပစ်ခတ်သည့်ကစားပွဲမှာ ရိုးရှင်းကာ ဗဟုသုတများစွာ မလိုအပ်ပေ။ အသုံးပြုရန် စွမ်းရည်များစွာလည်း မလိုအပ်ပေ။ ကစားသမားများမှာ ပစ်ခတ်ရန်သာ လိုအပ်သည်။ ကျည်ဆံများပစ်ခတ်မှုမှာ ရန်သူ၏လက်မောင်း၊ နောက်ကျောနှင့် အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများအား ထိမှန်နိုင်ကာ ဤသည်မှာ သူတို့အား အသက်ဆုံးရှုံးနိုင်လိမ့်မည်။ ထို့ပြင် ‘တစ်ချက်တည်း ခေါင်းသို့ပစ်ချက်’သည် သူတို့အားချက်ချင်း သေစေနိုင်လိမ့်မည်။

သို့သော် ဂိမ်းထဲမှကစားသမားများမှာ တည်ငြိမ်သောပစ်မှတ်များမဟုတ်ဘဲ လျင်မြန်စွာရွေ့လျားခဲ့ကြသည်။ ၎င်းသည် လျင်မြန်စွာရွေ့လျားသောပစ်မှတ်အား မှန်ကန်စွာ ပစ်မှတ်ထားကာ တစ်ချက်တည်းနှင့် ရန်သူ၏ဦးခေါင်းအား ပစ်ခတ်ရန် မလွယ်ကူလွန်းလှပေ။ Brother Rui သည် ငါးကြိမ်‌ဆက်တိုက် ‘ဦးခေါင်းပစ်ချက်’အား မြင်သွားကာ အလွန်ကြောက်သွားခဲ့သည်။ “သေစမ်း ဒီလိုပစ်ချက်ကြီးက ဘယ်ကလာတာလဲ”

သေနတ်ပစ်သမားလည်းဖြစ်နေခဲ့သော Respectuမှာ အံ့ဩသွားခဲ့သည်။ “သူ့တုံ့ပြန်မှုက အရမ်းမြန်တာပဲ”

Dragon War Eight Wastelands မှာမေးခွန်းထုတ်ခဲ့သည်။ “သူ့ရဲ့ပစ်မှတ်တွေက မှန်လွန်းတယ်။ ဒါကသူခိုးထားတာမျိုး ဖြစ်နိုင်လား”

Brother Rui မှာ ငြင်းပယ်ခဲ့သည်။ “ခိုးတာတွေရဲ့ စုံစမ်းစစ်ဆေးမှုက တင်းကျပ်လွန်းတယ်။ဘယ်သူမှအရမ်းလောဘကြီးပြီးအလိုအလျောက်ပစ်မှတ်ထားပြီး ခိုးတာမျိုးတော့ မလုပ်ရဲဘူးလေ ဟုတ်တယ်မလား”

အားလုံး: “…ဟုတ်တယ်.”

ကစားပွဲဝန်းကျင်အား ကာကွယ်ရန် သေနတ်ဘုရင်၏တာဝန်ရှိသူများမှာ အလွန်ပြင်းထန်စွာ ပြင်ပခိုးယူမှုများအား ဖျက်ချထားခဲ့သည်။ တွေ့ရှိသည်နှင့်တစ်ပြိုင်နက် သူတို့အား ထာဝရပိတ်ပင်ခံရလိမ့်မည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် ရန်သူမှာမည်သည့်နေရာ၌ပုန်းနေသည်ကိုကြည့်ရန် ‘မြင်ကွင်းခိုးယူမှု’အား အသုံးပြုခဲ့သော လူများလည်းရှိနေသေးသည်။ ရန်သူ၏ဦးခေါင်းအား အလိုအလျောက်ပစ်မှတ်ထားကာ တစ်ချက်တည်းနှင့်သတ်နိုင်သော ‘အလိုအလျောက် ပစ်မှတ်ထားခြင်း’ ခိုးယူမှုလည်းရှိနေသေးသည်။

နောက်ပိုင်းတွင် တိကျသောစစ်ဆေးမှုအချိန်တစ်ခုရှိခဲ့ကာ ယနေ့ကစားပွဲပတ်ဝန်းကျင်တွင်မူ ခိုးမှုများမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့သည်။

Respectu သည် ခါးသက်သည့်အမူအရာနှင့် ပြောခဲ့သည်။ “ငါတို့သခင်ကြီးနဲ့ကြုံသွားတာနေမယ်။ ဒီကစားပွဲကို ငါတို့မတိုက်နိုင်ဘူး။ တစ်ဖက်မှာက စနိုက်ပါသခင်ကြီးရှိနေပြီး ငါသူ့ကိုသတ်လို့မရဘူး”

Brother Ruiသည် တီးတိုးပြောလိုက်သည်။ “Casually တဲ့လား။ အဲ့နာမည်ကအရမ်းပုံမှန်ဆန်လွန်းတယ်။ တစ်ချက်တည်းနဲ့ ဒါကနောက်အကောင့်တစ်ခုမှန်းသိတယ်”

“ကျွမ်းကျင်ကစားသမားတစ်ယောက်ရဲ့ နောက်အကောင့်တစ်ခုများလား”

“ဖြစ်နိုင်တယ်။ ငါမဲပေးလိုက်ပြီ”

ငါးချီတွင် သုံးချီအနိုင်ရသည့်စနစ်တွင် ရန်သူမှာ နှစ်ပွဲနောက်ကျရှုံးနေခဲ့သောကြောင့် သူတို့သည် အရှုံးပေးရန် တိုက်ရိုက်နှိပ်လိုက်သည်။

သူတို့သည် တတိယအချီ မကစားချင်တော့ပေ။

စနစ်၏‌သတိပေးချက်မှာ ‌ကျန်းရှောင်ယွီ၏ ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့သည်။

[ဂုဏ်ယူပါတယ် ပိုက်ဆံပြုလုပ်သူ။သင်ဟာ တိုက်ပွဲမှာ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ သင်ကဒီကစားပွဲမှာ S+အဆင့်ရခဲ့ပြီး အမှတ်80ရရှိခဲ့ပါတယ်။ သင့်မှာယခု အမှတ် 1580ရှိနေပါပြီ။ ဆက်လက်ပြီးကြိုးစားပါ]

သေနတ်ဘုရင်၏အမှတ်ပေးစနစ်မှာ လူတစ်ယောက်ချင်းစီ၏ စွမ်းဆောင်ရည်အပေါ်မူတည်ကာ မတူညီသည့် ဆုအမှတ်များပေးသည်။ ပုံ့မှန်အခြေအနေများတွင် ဂိမ်းတစ်ပွဲအနိုင်ရခြင်းသည် အမှတ်50ရသည်။ ကောင်းမွန်စွာကစားထားသော အထူးပုဂ္ဂိုလ်မှာမူ အမှတ် 80ရကာ အဆင့်မြင့်နှုန်းသည်လည်း အလွန်မြန်လိမ့်မည်။

ကျန်းရှောင်ယွီသည် အခန်းမှထွက်လိုက်ကာ Classmate Doudou ဆီမှ ညာဘက်အောက်ထောင့်နားတွင် စာတစ်စောင်ပေါ်လာသည်ကို တွေ့ခဲ့သည်။ [အရမ်းတော်တဲ့ နတ်ဘုရား။ ခင်ဗျားမှာဦးနှောက်မရှိတဲ့ ပရိသတ်တွေ လိုနေသေးလား။ ကျွန်တော်ခင်ဗျားရဲ့ နံပါတ်တစ် သစ္စာရှိတဲ့ပရိသတ်တစ်ယောက် ဖြစ်ပေးနိုင်တယ်။ ကျွန်တော့်ကိုခေါ်ပြီး ခင်ဗျားရဲ့သူငယ်ချင်းဖြစ်ခွင့်ရမလား]

ကျန်းရှောင်ယွီသည် ကမ်းလှမ်းမှုအား လက်ခံရန် အလွယ်တကူနှိပ်လိုက်သည်။

သူသည်စကားပြောကာ ရလဒ်အတွက် အော်ဟစ်ခြင်းတွင်သာ လုံးဝအားကိုးနေသော အသင်းသားများအား မကြိုက်ပေ။ သူ၏အသင်းသားအမည်မှာ သူ၏ခွေးကလေး ကျန်းသို့သို့နှင့် တူသောကြောင့်သာဖြစ်သည်။ ကံကြမ္မာပင်မဟုတ်ပါလား။ မည်သို့ပင်ဆိုစေကာမူ သူသည်အပိုင်း1500တွင် ပေါ့ပေါ့ပါးပါးကစားနိုင်ကာ သူနှင့်အတူ လူတစ်ယောက်ခေါ်သွားလျှင်ပင်ကိစ္စမရှိပေ။

သူငယ်ချင်း လက်ခံလိုက်ပြီးနောက် ကျန်းရှောင်ယွီသည် Classmate Doudou အား သူငယ်ချင်း၏အသင်းခန်းထဲသို့ ထည့်လိုက်သည်။

Classmate Doudou: အရမ်းတော်တဲ့နတ်ဘုရားပဲ ဟားဟားဟား။

Classmate Doudou: ခုနကငါးယောက်သတ်လိုက်တာက အရမ်းမိုက်တယ်။

Classmate Doudou: အရမ်းတော်တဲ့နတ်ဘုရား။ ခင်ဗျားမှာ သေနတ်အဆင့်မြင့်ထားတဲ့ပုံစံ မရှိတာမျိူးရှိလား။ ကျွန်တော်ခင်ဗျားကို အဆင့်မြင့်ထားတဲ့ပုံစံပေးမှာမို့ ကျွန်တော့်ကို အပိုင်း 2000ကို ခေါ်သွားပေးလို့ရမလား။ ကျွန်တော်တစ်လနီးပါးလောက် ကျွမ်းကျင်ပညာရှင်အပိုင်းမှာ ပိတ်‌မိနေတယ် Q_Q

Doudou၏ အသံမှာ လူငယ်ကျောင်းသားတစ်ယောက်နှင့်တူသည်။ ကျန်းရှောင်ယွီသည် သူ့အားအလွယ်တကူခေါ်လာကာ မည်သည့်လစာမျိုးမှ မရရှိခဲ့ပေ။

Casually: ငါအဆင့်မြင့်ထားတဲ့ ပုံစံတွေမသုံးဘူး။

Casually: မင်းသခင်ကြီးနေရာကို ရောက်ချင်တာလား။

Classmate Doudou: ဟုတ်တယ်။ ကျွန်တော့်အခန်းဖော်တွေအားလုံးက သခင်အဆင့်ရောက်နေပြီး ကျွန်တော်တစ်ယောက်တည်းသာ ကျွမ်းကျင်အဆင့်မှာ ကျန်နေခဲ့တုန်းပဲ။

Classmate Doudou: ကျွန်တော်အားနည်းတာကြောင့် ဖြစ်မှာပါQ_Q

Casually: ယုံကြည်မှုရှိပြီး ‘ဖြစ်မှာပါ’ဆိုတာကို ဖယ်လိုက်။

Classmate Doudou: ???

အရမ်းတော်တဲ့နတ်ဘုရား ခင်ဗျားစကားပြော အရမ်းရိုင်းတာပဲ။

Casually: မင်းရဲ့စက်သေနတ်က မင်းဘယ်လိုသုံးတာလဲအပေါ်မူတည်ပြီး ပြဿနာကြီးရှိနေတာ။ မင်းကလမ်းတွေဆီပြေးဝင်ပြီး ပစ်ပြီးရင် သက်ရှိပစ်မှတ်ကြီးလိုမျိုး ရပ်နေတုန်းပဲ။ ကျည်ဆန်လမ်းကြောင်းတွေလည်း လွဲကုန်တယ်။ မင်းလှုပ်ရှားတာကိုလေ့ကျင့်ဖို့ လူနဲ့စက်နဲ့ပြိုင်ဖို့သွားသင့်တယ်။ မြေပုံတစ်ခုချင်းစီက ပုန်းရမယ့်အမှတ်တွေကိုရှာပြီး ရွေ့လျားပြီးပစ်ဖို့ကို သင်ယူကြည့်။ မဟုတ်ရင် မင်းသခင်အဆင့်ရောက်သွားရင်တောင် မကြာခင်ပြန်ပြုတ်ကျမှာပဲ။

အလွန်တော်သောနတ်ဘုရားမှာ အမြန်နှုန်းနှင့်စာရိုက်လိုက်ကာ စာပိုဒ်တစ်ပိုဒ်မှာ စက္ကန့်ပိုင်းအတွင်းပေါ်လာခဲ့သည်။ ၎င်းမှာသူသည်ကူးယူ၍ပြန်ပို့လိုက်သကဲ့သို့ ဖြစ်နေသည်။

Classmate Doudouမှာ အမြန်စာပြန်မရိုက်ခင် ကြောင်နေခဲ့သည်: အရမ်းတော်တဲ့နတ်ဘုရားရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်လေးလေးနက်နက် လေ့ကျင့်ပါမယ်။

ကျန်းရှောင်ယွီသည် ‘အင်း’ ဟုစာရိုက်ကာ ပြင်ဆင်ရန်နှိပ်လိုက်သည်။

အချီတစ်ချို့ဆက်တိုက် ကျော်လွန်သွားခဲ့ကာ သူသည် သူတို့အားလုံးကို ရှင်းလင်းရန် အားပြင်းသည့်စနိုက်ပါအား အသုံးပြုခဲ့သည်။ Doudou သည် ဘာမျှမလုပ်ခဲ့ရပေ။ သူသည် ‘မိုက်တယ်ဟေ့’ ဟုသာအော်၍ အသာအနိုင်ရခဲ့သည်။

အချိန်မှာလျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ တစ်နေ့လယ်ခင်းတွင် ကျန်းရှောင်ယွီသည် အပိုင်း2000သို့ ရောက်သွားခဲ့ကာ ‘သခင် ပိုက်ဆံပြုလုပ်သူ’ အဆင့်သို့တက်သွားခဲ့သည်။

Classmate Doudou သည် မူလက အမှတ် 1600ရှိခဲ့သည်။ ထို့နောက်သူသည် ဤကြီးမြတ်သောသခင်နောက်လိုက်၍ ကစားပွဲတစ်ခုချင်းစီတွင် အမှတ်50ရရှိခဲ့သည်။ ဤသည်မှာ သူ့အားလည်း အမှတ် 2000ရရှိစေခဲ့သည်။

[ဂုဏ်ယူပါတယ်၊ ပိုက်ဆံပြုလုပ်သူ။ သင်ဟာ ‘သခင် ပိုက်ဆံပြုလုပ်သူ’ အဖြစ်သို့အဆင့်တက်သွားခဲ့ပါတယ်။ ကျေးဇူးပြုပြီး ဆက်လက်ကြိုးစားပါ]

Classmate Doudou မှာငိုတော့မလိုဖြစ်ခဲ့သည်။

သူသည် တစ်လကျော် ကစားနေခဲ့ကာ နေ့တိုင်းကစားပွဲနှစ်ပွဲအား အနိုင်ရပြီး နှစ်ပွဲရှုံးနေခဲ့သည်။ သူ၏အမှတ်များသည် တက်လိုက်ကျလိုက်ဖြစ်ကာ 1600ဝန်းကျင်တွင်သာ အမြဲထိန်းထားခဲ့သည်။ သူသည်မတိုးတက်နိုင်ခဲ့ပေ။

ရလဒ်‌အနေနှင့် သူသည်ယနေ့ ကံကောင်းမှုကြီးအား ကြုံတွေ့ခဲ့ရသည်။ သူသည် သေနတ်ပစ်ဘုရင်နှင့် တွေ့ကာ တိုက်ရိုက်အဆင့်မြင့်သွားခဲ့သည်။

သူ၏အဆင့်မှာ ဒုံးကျည်ကဲ့သို့ ထိုးတက်သွားကာ နာရီပိုင်းအနည်းငယ်အတွင်း သခင်ဖြစ်လာခဲ့သည်။

အဆင်ပြေပြေအနိုင်ရသည့် ခံစားချက်မျိုးမှာ အလွန်ဆန်းသစ်လှသည်။

Classmate Doudou: ကျေးဇူးပါ အရှင်!!!

သူသည်သူ၏အတွင်းပိုင်းစိတ်လှုပ်ရှားမှုအား ဖော်ပြရန် အာမေဋိတ်အမှတ်သုံးခုအား အသုံးပြုခဲ့သည်။

ကျန်းရှောင်ယွီသည် အချိန်ကိုကြည့်ကာ တည်ငြိမ်စွာ စာရိုက်လိုက်သည်: ငါညစာစားတော့မယ်။

တစ်ညလုံးဂိမ်းဆော့နေခဲ့သော Classmate Doudoမှာ သူ၏အိပ်ငိုက်နေသောမျက်လုံးများအား ပွတ်သပ်နေခဲ့သည်။ သူသည်ကွန်ပျူတာ၏ ညာဘက်အောက်ထောင့်မှ ဖော်ပြထားသော မနက်၉နာရီကိုတွေ့သောအခါ ‌ကြောင်နေခဲ့သည်။ “ည-ညစာလား။ ဟာ ခင်ဗျားမနက်အစောကြီးကို ညစာစားတာလား”

ကျန်းရှောင်ယွီ: ငါကအမေရိကမှာမို့ အချိန်ကွာခြားမှုရှိနေတာ။

Doudou သည် တုံ့ပြန်ခဲ့သည်: အိုး ဒါဆိုခင်ဗျားသွားစားပါ။ ကြီးမြတ်တဲ့အရှင် တာ့တာနော်။ ကျွန်တော့်ကို အဆင်ပြေပြေနဲ့အနိုင်ရဖို့ ခေါ်သွားပေးလို့ ကျေးဇူးပါ။

ကျန်းရှောင်ယွီသည် အလွန်လျင်မြန်စွာ လိုင်းပေါ်မှဆင်းသွားခဲ့သည်။ Doudou ၏စကားများ ပို့လိုက်သောအခါ သူသည် ‘သင်၏သူငယ်ချင်းမှာ လိုင်းပေါ်တွင်မရှိပါ’ ဟူသည့်အခြေအနေသို့ရောက်နှင့်ပြီးဖြစ်သည်။ Doudou သည် သူ၏ခေါင်းအား သံသယစိတ်နှင့် ကုတ်နေခဲ့သည်။ ဘာလို့ အမေရိကက ဒီကြီးမြတ်တဲ့အရှင်က အမေရိကန်ဆာဗာနဲ့မဆော့ဘဲ ပြည်တွင်းဆာဗာနဲ့ လာဆော့ရတာလဲ။ အရမ်းဝေးလွန်းတယ်လေ။ လိုင်းနောက်ကျတာမျိုးမရှိဘူးလား။

တက်သစ်စများသည် ကြီးမြတ်သောအရှင်များ၏ကမ္ဘာကို နားမလည်ကြပေ။

Doudouသည် သူ၏ဆက်တိုက်အနိုင်ရရှိမှာအား ကြည့်လိုက်ကာ ကျေနပ်နေသည့်အမူအရာနှင့် အိပ်ရာဝင်သွားခဲ့သည်။

ကယ်လီဖိုးနီးယားတွင် ကျန်းရှောင်ယွီသည် ဂိမ်းကိုပိတ်ကာ ညစာချက်ရန် မီးဖိုချောင်ထဲသို့ သွားခဲ့သည်။

ယနေ့နေ့လယ်စာမှာ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များပါသော ခေါက်ဆွဲဖြစ်ကာ ညစာမှာ ပုစွန်နှင့် ပင်လယ်စာဆန်ပြုတ်ဖြစ်သည်။ မကြာခင်က အိုမီဂါတားဆေး၏ ဘေးထွက်ဆိုးကျိုးများမှာ ပို၍ထင်ရှားလာခဲ့သည်။ သူ၏အစာအိမ်မှာ မကောင်းဘဲ သူသည်ချွဲကျိကျိအရာများမှ ဗိုက်အောင့်နေတတ်သည်။ သူသည် ပေါ့ပါးကာအစာကြေလွယ်သော အစားအသောက်ကိုသာ စားနိုင်သည်။ အသားများ၏အရိုးများအား သို့သို့ဆီသို့ ပေးသည်။

ညစာစားပြီးနောက် ကျန်းရှောင်ယွီသည် သို့သို့အား အပြင်ခဏခေါ်သွားကာ ည၇နာရီမတိုင်ခင်အထိ အိမ်သို့ပြန်မလာခဲ့ပေ။

လက်ရှိ ကယ်လီဖိုးနီးယားသည် ဆောင်းရာသီဖြစ်ကာ တရုတ်ပြည်မှာ ကယ်လီဖိုးနီးယားထက် ၁၆နာရီ ပို၍စောသည်။ အချိန်အားခန့်မှန်းခြင်းဖြင့် ဟိုနေရာတွင် ၁၁နာရီရှိနေလိမ့်မည်။ သူသည်ဖုန်းထပ်မြည်လာသောအခါ ဤအရာကိုတွေးနေခဲ့သည်။ ခေါ်ဆိုသူမှာ ယွီမင်ကျန်းဟု ပြသနေခဲ့သည်။

ကျန်းရှောင်ွယွီသည် ဖုန်းကိုင်လိုက်ကာ သူ၏နားထဲမှာ အမျိုးသမီးအသံမှာ ညင်သာလွန်းလှသည်။ “အားယွီ၊ နည်းပြရဲ့ပြောရေးဆိုခွင့်နဲ့ပတ်သက်ပြီး အစ်ကိုပြောခဲ့တဲ့ အရင်ကိစ္စကို ခေါင်းဆောင်တွေက ဆွေးနွေးမှုတစ်ချို့ပြီးတော့ သဘောတူခဲ့ကြတယ်။ အစ်ကိုအိမ်ပြန်လာတာနဲ့ လက်ရွေးစင်အသင်းရဲ့နည်းပြအနေနဲ့ စာချုပ်ချက်ချင်းချုပ်လို့ရပြီ”

သူမသည် အသက်ပြင်းပြင်းရှူကာ အလေးအနက်ပြောလိုက်သည်။ “အစ်ကိုက နောက်လက်ရွေးစင်အသင်းအတွက် တာဝန်အပြည့်အဝယူရလိမ့်မယ်လို့ ခေါင်းဆောင်တွေပြောတယ်”

ကျန်းရှောင်ယွီသည် အနည်းငယ် အံ့ဩသွားသည်။ “အရမ်းမြန်မြန်ကြီး ဆုံးဖြတ်ပြီးတာလား”

ယွီမင်ကျန်းသည် ပျော်ရွှင်စွာပြောလိုက်သည်။ “ဟုတ်တယ်။ ဒီမနက်အစည်းအဝေးမှာ ဒုဥက္ကဌက အစွမ်းကုန်ကြိုးစားခဲ့တယ်။ နောက်ပြီး e-sports လိဂ်ကလည်း သူတို့ခေါင်းဆောင်တွေကို‌ ပြောင်းလိုက်ပြီလေ။ လူတိုင်းက ငါးနှစ်လောက်အဆူခံနေရပြီး သူတို့အားလုံးက လက်ရွေးစင်အသင်းကို ရလဒ်ကောင်းရ‌‌စေချင်ကြတယ်။ အစ်ကို့အကြောင်းကြားပြီးတော့ အစ်ကို့မှာ လက်ရွေးစင်အသင်းရဲ့ ကစားသမားတွေကို ဖိနှိပ်နိုင်တဲ့အင်အားရှိမယ်လို့ ခေါင်းဆောင်တွေထင်ကြတယ်။ သူတို့က အစ်ကိုအသင်းကိုနည်းပြဖို့ တရုတ်ပြည်ပြန်လာမှာကို မျှော်လင့်နေကြပြီလေ”

၎င်းသည် ဤလောက်မရိုးရှင်းသည်မှာ သေချာသည်။

လက်ရွေးစင်အသင်းနည်းပြမှာ စာကြောင်းနှစ်ကြောင်း သို့မဟုတ်သုံးကြောင်းနှင့် ဆုံးဖြတ်၍မရပေ။ ဒုဥက္ကဌမှာ နောက်ကွယ်တွင် အားစိုက်မှုများစွာ လုပ်ခဲ့ရမည်မဟုတ်လား။

ကျန်းရှောင်ယွီသည် အံ့ဩနေခဲ့သည်။ “ဒုဥက္ကဌက ဘယ်သူလဲ”

ယွီမင်ကျန်းသည် ဖြေလိုက်သည်။ “အစ်ကို့ရဲ့ မိတ်ဆွေဟောင်းပဲ။ BM အသင်းရဲ့ နည်းပြဟောင်း ကျွီဟန်လေ။ သူ့ကိုမှတ်မိလား”

“ခေါင်းဆောင်ကျွီလား” ကျန်းရှောင်ယွီသည် ဤပုဂ္ဂိုလ်အား အလိုအလျောက်မှတ်မိနေခဲ့သည်။ BMအသင်း၏ နည်းပြဟောင်းမှာ အလွန်တော်သော နည်းပြဖြစ်သည်။ ACE နှင့်BMတို့ ထိုနှစ်က ဗိုလ်လုပွဲတွင်တွေ့ကာ အဆုံးအဖြတ်ပေးသည့် ပစ်ချက် ကွာခြားမှုမှာ ၀.၁စက္ကန့်သာဖြစ်သည်။ ကျန်းရှောင်ယွီသည် ကျွီဟန်အား ပစ်သတ်ရာတွင် ဦးဆောင်ခဲ့ကာ ချန်ပီယံရှစ်အား စိတ်လှုပ်ရှားဖွယ် အနိုင်ရခဲ့သည်။

ကျွီဟန်သည် အနားယူပြီးနောက် လိဂ်ထဲအလုပ်ဝင်လုပ်ခဲ့ပုံပေါ်ကာ သူသည်ယခု သေနတ်ဘုရင်လိဂ်၏ ဒုဥက္ကဌဖြစ်နေခဲ့သည်။ သူသည်ကျန်းရှောင်ယွီအား နည်းပြအနေနှင့် ရုတ်တရက်ဆွဲခေါ်ချင်သည်မှာ မထူးဆန်းတော့ပေ။ သူသည် ကျန်းရှောင်ယွီ၏ နည်းပညာသတိနှင့် ကိုယ်ပိုင်ခွန်အားကို ကောင်းစွာသတိထားမိနေခဲ့သည်။

“ငါ့အစားသူ့ကို ကျေးဇူးတင်ပေး” ကျန်းရှောင်ယွီသည်သူမအားပြောခဲ့သည်။ “ငါသဘက်ခါကျ တရုတ်ပြည်ပြန်လာပြီး မြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တိုက်ရိုက်ပြန်လာမယ်”

“ကောင်းတာပေါ့။ ညီမအစ်ကို့ကို လေဆိပ်မှာလာကြိုမယ်” ယွီမင်ကျန်းသည် မပြောခင် ရပ်နေသေးသည်။ “ဒါနဲ့ WeChat မှာ အချင်းချင်း သူငယ်ချင်းလုပ်ထားရအောင်လေ။ အစ်ကို့ကို နောက်ဆုံးလက်ရွေးစင်အသင်းရဲ့ စာရင်းနဲ့အချက်အလက်ကို ပို့လိုက်မယ်။ အသ်ကို တရုတ်ပြည်ကိုပြန်လာတဲ့အခါ ဆဌမရာသီရဲ့ ကစားသမားတွေက ဘယ်သူနဲ့ဘယ်လို‌ရွေးမလဲဆိုတဲ့အကြောင်း ပြောကြတာပေါ့”

“ကောင်းပြီ” ကျန်းရှောင်ယွီသည် ဖုန်းချလိုက်ကာ ယွီမင်ကျန်း၏ WeChat အား အရင်သွားအပ်လိုက်သည်။

မကြာခင်တွင် ညီမယွီသည် ပဉ္စမလက်ကွေးစင်အသင်း၏ အချက်အလက်များပါဝင်သောလဖိုင်တွဲကို ‌ပို့လိုက်သည်။ ၎င်းတွင် ကစားသမားများအားလုံး၏ နာမည်များနှင့်လိင်များ၊ သူတို့၏အရပ်နှင့်ကိုယ်အလေးချိန်၊ သူတို့၏ပရော်ဖက်ရှင်နယ်လိဂ် မှတ်ပုံတင်ကတ်၊ သူတို့တော်သောနေရာ၊ ဂိမ်းများမှဒေတာများအစရှိသည်တို့ဖြစ်သည်။ ၎င်းသည်အလွန်အသေးစိတ်သည်။

ကျန်းရှောင်ယွီသည် ရင်းနှီးသောနာမည်များစွာကို မြင်ခဲ့သည်။

—သူတို့မှာ ACE အဖွဲ့မှ သူ၏အဖွဲ့ဝင်ဟောင်းများဖြစ်သည်။

GMC
Author: GMC
Private: ရွှေအဆင့်နည်းပြ

Private: ရွှေအဆင့်နည်းပြ

GMC, Our Omega Coach is Gold-Class, 金牌教练(电竞)
Score 9
Status: Ongoing Type: Author: , Artist: , Released: 2022 Native Language: Chinese
အညွှန်း တရုတ်ပြည်နယ်တွင် သေနတ်ဘုရင်အတွက် ပရိုလိဂ်‌တွင် ပါဝင်ခဲ့သော Wing ဟုအမည်ရသည့် ဂန္တဝင်ကစားသမားတစ်ဦး ရှိခဲ့သည်။ သူသည် သေစေလောက်သော တိကျသေချာမှုနှင့် ယုံကြည်ချက်အပြည့်ဖြင့် သူ၏ရိုက်ချက်များဆီသို့ ကျရောက်ခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် အသေးစားလိဂ်ရှိ အဆင့်နိမ့်အသင်းတစ်သင်းမှာ မေဂျာလိဂ်သို့ တက်ရောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် နှစ်စဉ်ချန်ပီယံဆုအား ဆွတ်ခူးခဲ့ပြီး သမိုင်းတစ်လျှောက် အသန်မာဆုံးမြင်းနက်တစ်ကောင် ဖြစ်လာခဲ့သည်။ သို့သော် Wingမှာ ချန်ပီယံဆုအားရယူပြီးနောက် အနားယူလိုက်ကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။ အင်တာနက် သုံးစွဲသူများစွာမှာ သူ၏အနားယူခြင်းအတွက် အကြောင်းပြချက်များအပေါ် ထင်ကြေးပေးခဲ့ကြသည်။ သူသည် “ဖယ်ရိုမုန်းရောဂါ”အား ခံစားနေရသော အိုမီဂါတစ်ဦးဖြစ်နေသည်ကို မည်သူမျှမသိခဲ့ပေ။ ငါးနှစ်ကြာပြီးနောက် တရုတ်လက်ရွေးစင်အသင်းသည် သေနတ်ဘုရင်ကမ္ဘာ့ချန်ပီယံရှစ် ပထမအဆင့်တွင် ပြုတ်သွားခဲ့သည်။ နိုင်ငံအသင်းနည်းပြမှာ ဖိအားများအောက် ချက်ချင်းနှုတ်ထွက်ခဲ့သည်။ အကျပ်အတည်းကာလတွင် Wingဟု တစ်ချိန်က လူသိများခဲ့သော ကျန်းရှောင်ယွီသည် တရုတ်နိုင်ငံသို့ ပြန်လာပြီး နိုင်ငံအသင်းနည်းပြ ရာထူးကို အပ်နှင်းခံရသည်။ လက်ရွေးစင်အသင်းမှာ တစ်ဦးနှင့်တစ်ဦး လုံးဝမသင့်မြတ်သော ကစားသမားကောင်းများနှင့် ဆိုးသောကစားသမားများတို့ဖြင့် ရောနှောနေခဲ့သည်။ အထူးသဖြင့် တွေ့ဆုံသည့်အခိုက်အတန့်၌ စကားများရန်ဖြစ်သည့် အယ်လ်ဖာများအတွက် အထူးမှန်ကန်သည်။ လက်ထောက်မှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။ “ဒီဘုရင်တွေကို ဘယ်လိုမှ ထိန်းလို့မရဘူး” ကျန်းရှောင်ယွီ: “ရတယ်။ သူတို့လေ့ကျင့်ဖို့ကို ငါ့လက်ထဲသာအပ်လိုက်” ထို့ကြောင့် နည်းပြကျန်းသည် သူ၏ဆိုးရွားစွာပြောတတ်သည့်ပုံစံကို စတင်ခဲ့သည်။ “ဒါကလက်ရွေးစင်အသင်းမှာရှိတဲ့ ကစားသမားတစ်ယောက်ရဲ့အဆင့်အတန်းလား” “မင်းတို့နဲ့ကစားဖို့ ဇာတ်ညွှန်းတွေတောင် လိုသေးရဲ့လား။ ပေါ့ပေါ့ပါးပါးဆော့ရင်တောင် ငါမင်းတို့ကိုနိုင်နိုင်တယ်” “မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးနေတာလား။ တစ်ယောက်ပြီးတစ်ယောက် အလကားသေပေးနေကြတာလား” “မင်းတို့အခြားသူတွေကိုမနိုင်နိုင်ရင်လည်း ဂိမ်းကိုသာဖျက်လိုက်တော့” အခြားသူများအား လေ့ကျင့်ပေးသောအခါ ဘယ်သောအခါမှ ကျိန်ဆိုလေ့မရှိတတ်သော စကားပြောချိုသာသည့် နည်းပြကျန်းသည် သူတို့၏စိတ်အခြေအနေများ မပြိုလဲမချင်း တစ်သင်းလုံးကို ဆူပူခဲ့သည်။ ဤသည်မှာ သူတို့သည် နည်းပြကျန်းမှ သူ့ကိုယ်သူအိုမီဂါတားဆေးများ တိတ်တဆိတ်ထိုးသွင်းနေသည့်မြင်ကွင်းအား မြင်တွေ့ခဲ့သည့်တစ်နေ့မတိုင်ခင်အထိပင်ဖြစ်သည်။ အားလုံးမှာ တစ်စုတစ်စည်းထဲ မှင်တက်သွားခဲ့သည်။ “အဲ့ဒီကြမ်းတမ်းပြီး ရက်စက်တဲ့နည်းပြက တကယ့်ကို အိုမီဂါလား” “သူက အိုမီဂါဆိုရင်တောင် အသင်းလိုက် တိုက်ရင်တောင် အနိုင်ယူလို့ မရနိုင်တဲ့ သူဌေးမျိုးပဲ” ဂိမ်းနတ်ဘုရား: “အကူအညီ‌ တောင်းချင်လို့ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့ စာစီစာကုံး စာလုံးရေ 1000ကို ဘယ်လိုရေးရမလဲ” ကျော်ကြားသည့် တိုက်ရိုက်ထုတ်လွှင့်သူ: “ဒီနေ့ ကျွန်တော် တိုက်ရိုက်မလွှင့်ဘူး။ နံရံကိုပဲ မျက်နှာမူနေပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်မယ်” အပျော်တမ်းဘုရင်တစ်ပါး: “ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။ ငါ ဘာလို့ ဂိမ်းတွေကို ကစားနေရတာလဲ။ ငါ့ဘဝကို တကယ် သံသယဖြစ်မိတယ်” အယ်လ်ဖာလူငယ်: “အိုမီဂါဆီက မျက်ရည်ကျရလောက်အောင် အဆူခံရတဲ့အတွေ့အကြုံက ဘာလဲ။ ငါတို့ ပိုငိုလေလေ ပိုပြီးနေသားကျလေလေပဲ” အင်တာနက်သုံးစွဲသူများ: “???” ဘာလို့ ဒီနှစ်လက်ရွေးစင်အသင်းက အဆင်မပြေ ဖြစ်နေရတာလဲ။ +++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset