GMC အပိုင်း ၃

Chapter 3: အခြေအနေအား ထိန်းသိမ်းသည့်နည်းလမ်း

တရုတ်ပြည်သေနတ်ဘုရင် e-sports မိတ်ဖက်၏ ဌာနချုပ်ရုံးခန်းထဲရှိ အစည်းအဝေးခန်းမ။

ယွီမင်ကျန်းသည် သူ၏ဖုန်း‌အားဘေးတွင်ချကာ သူမ၏ဘေးတွင်ရှိသော အယ်လ်ဖာအား ပျော်ရွှင်မှုများပြည့်နေသည့် မျက်လုံးများနှင့် ကြည့်ခဲ့သည်။ “ဒုဥက္ကဌ ကျွီ၊ သူသဘောတူခဲ့ပြီ”

ကျွီဟန်သည် လှိုက်လှိုက်လှဲလှဲ ရယ်မောခဲ့သည်။ “သူဘောတူလိမ့်မယ်ဆိုတာ ငါထင်သားပဲ။ သူနှစ်ပေါင်းများစွာကြာ သေနတ်ဘုရင်ကို အာရုံစိုက်နေခဲ့ပြီး တရုတ်ပြည်မှာ သူစိတ်ချလို့မရသေးတဲ့ လူတွေရှိနေတုန်းပဲ။ မင်းစိတ်ပိုင်းဆိုင်ရာကတ်ကို ကောင်းကောင်းကစားခဲ့တယ်။ သူပြန်လာတာနဲ့ အားလုံးအဆင်ပြေသွားလိမ့်မယ်”

ယွီမင်ကျန်းသည် မျက်မှောင်ကြုတ်လိုက်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။ “ဒါပေမယ့် အားယွီတောင်းဆိုတဲ့ အချက်တွေက သူ့မှာနည်းပြပါဝါအပြည့်ရှိရမယ်။ သူကပဲလက်ရွေးစင်အသင်းကို ဘယ်လိုရွေးရမလဲနဲ့ အစပိုင်းနဲ့အစားထိုးကစားသမားတွေရဲ့ ရွေးချယ်စီမံမှုတွေကို နောက်ဆုံးပြောရေးဆိုခွင့်ရှိရမယ်တဲ့။ အထက်ကလူတွေက သဘောတူပါ့မလား။ ဒါကအကျိုးစီးပွား အငြင်းပွားမှုအများကြီး ပါဝင်လာနိုင်တယ်မလား”

ကျွီဟန်၏မျက်လုံးထဲတွင် အေးစက်မှုအပိုင်းအစများ တွေ့ခဲ့ရသည်။ “ငါဒါကိုလုပ်ဖို့ နည်းလမ်းရှာလိုက်မယ်။ လက်ရွေးစင်အသင်းမှာ ပြဿနာအများကြီးရှိနေပြီး ဒါတွေကိုဂရုစိုက်ဖို့အချိန်ပဲ။ အရင်ရာသီမှာတုန်းက စပွန်ဆာတွေက သူတို့ရဲ့ကြယ်ပွင့်တွေ အသင်းထဲဝင်ခွင့်ရဖို့ ပိုက်ဆံတွေသုံးခဲ့ကြတယ်။ ရလဒ်ကရော။ ကစားပွဲကစုတ်ပြတ်သွားပြီး အရမ်းရှက်ဖို့ကောင်းတယ်”

ယွီမင်ကျန်း: “……”

ကျွီဟန်ပြောသော ‘အသင်းထဲဝင်ရောက်ရန် ပိုက်ဆံသုံး’ခဲ့သောသူမှာ ယခင်လက်ရွေးစင်အသင်း၏ အဓိကသေနတ်ပစ်သူ မိုဟန်တျန်းဖြစ်သည်။ သူသည် ပြည်တွင်းအေအဆင့်လိဂ်တွင် အကောင်းဆုံးတက်သစ်စဆု၏ အနိုင်ရသူဖြစ်ခဲ့ကာ သူ၏ပရော်ဖက်ရှင်နယ်လိဂ် မှတ်ပုံတင်မှာ ‘Devil’ ဖြစ်သည်။ ဤသည်မှာ အင်္ဂလိပ်ဘာသာစကားဖြင့် နတ်ဆိုးဘုရင်ဟု ဆိုလိုသည်။ ပရိသတ်များမှာ သူ့အား ‘စနိုက်ပါနတ်ဆိုးဘုရင်’ဟူ၍လည်း ခေါ်ခဲ့ကြသည်။

မိုဟန်တျန်းသည် အယ်လ်ဖာဖြစ်ကာ အသက်၁၈နှစ်သာရှိသေးသည်။ သူသည်ရုပ်ရည်ချောမောကာ Weibo ပရိသတ်သန်းပေါင်းများစွာ ရှိခဲ့သည်။ သူ၏နောက်တွင် နောက်ကွယ်ငွေကြေးထောက်ပံ့သူ များစွာရှိနေခဲ့ပြီး ကလပ်မှာ သူ့အားဖော်ပြရန် ငွေကြေးမြောက်များစွာ သုံးရန်ဆန္ဒရှိခဲ့ကြသည်။ ကြီးမားသည့်ထောက်ပံ့မှုပမာဏရရှိပြီးနောက် လိဂ်သည် ‘ e-sports ကစားသမားများ၏ ပုံရိပ်ကောင်းအား ချပြ’ ချင်သောကြောင့် သူတို့သည် သူ့အား ‘သေနတ်ဘုရင် ပုံရိပ်သံအမတ်’ ဖြစ်စေကာ ကြော်ငြာများစွာရိုက်ကူးခဲ့သည်။

မိုဟန်တျန်းသည် တစ်ခဏတာ မီးမောင်းထိုးပြခံရခဲ့သည်။ သူ၏ပိုစတာများမှာ လမ်းမပေါ်ရှိနေရာတိုင်းတွင်ရှိနေခဲ့ကာ ထိပ်တန်းကြယ်ပွင့်များထက် ပို၍ပင်နာမည်ကျော်ကြားနေခဲ့သည်။ ရလဒ်အနေနှင့် သူသည်ကမ္ဘာ့စီးရီးများတွင် အနိုင်ပိုင်းခံလိုက်ရသည်။ သူ၏စွမ်းရည်များမှာ ဆိုးရွားသောကြောင့်မဟုတ်ဘဲ သူ၏စိတ်ပိုင်းဆိုင်ရာ အားနည်းလွန်းသောကြောင့်ဖြစ်သည်။ သူ့အားနေ့တိုင်းပရိသတ်များမှ ထောက်ပံ့ကြကာ မောက်မာလာခဲ့သည်။ သူသည်အမှန်တကယ်ပင် ကောင်းလွန်းသည်ဟု ထင်ခဲ့ကာ ကစားပွဲနှစ်ပွဲရှုံးသွားပြီးနောက် သူ၏စိတ်ဓာတ်ပြိုလဲသွားခဲ့သည်။

တရုတ်အသင်းမှာ သူတို့၏သေနတ်ပစ်သမားသည် ကိုင်တွယ်၍မရတော့‌သောကြောင့် ကမ္ဘာ့အုပ်စုအဆင့်တွင် ရုန်းကန်ခဲ့ရသည်။

နောက်ဆုံးတွင် နည်းပြကျန်းမှာ အပြစ်တင်ခံခဲ့ရသည်။

နည်းပြကျန်းသည်လည်း ခက်ခဲစွာကျော်ဖြတ်ခဲ့ရသည်။ သူသည်ကစားသမားများအား လုံးဝမထိန်းချုပ်နိုင်ဘဲ နှုတ်ထွက်ကာတောင်းပန်ရသည့် အခြေအနေအထိ အင်တာနက်သုံးစွဲသူများမှ ဆူပူခြင်းခံခဲ့ရသည်။

e-sports ကစားသမားအများစု အထူးသဖြင့် သန်းပေါင်းများစွာသော ပရိသတ်များနှင့် သူတို့၏သာမန် နေ့စဥ်ပို့စ်များ‌အ‌ပေါ် မရေမတွက်နိုင်သော မှတ်ချက်များနှင့် ကြိုက်နှစ်သက်မှုများရနေသော ကြယ်ပွင့်ကစားသမားများသည် ငယ်ရွယ်၍တက်ကြွကြသည်။ အချိန်အတော်ကြာ ချီးကျူးခံရပြီးသည့်နောက် သူတို့၏စိတ်ပိုင်းဆိုင်ရာလွင့်မျောသွားကာ သူတို့သည် e-sports ကစားရခြင်း၏နောက်ကွယ်မှ မူလရည်ရွယ်ချက်ကိုပင် မေ့သွားခဲ့သည်။

ဤအုပ်စုအား ထိန်းချုပ်ရန် အားကောင်းသောနည်းပြတစ်ဦး လိုအပ်နေခဲ့သည်။

ယခင်ရာသီများမှ နည်းပြများမှာ စိတ်ပျော့လွန်းကာ သူတို့နည်းပြကိုယ်တိုင်မှာ e-sports ၌ မကောင်းလွန်းခဲ့ကြပေ။ ‌ပရော်ဖက်ရှင်နယ်ကစားသမားအချို့မှာ ၎င်းအားမဖော်ပြသော်လည်း သူတို့၏စိတ်ထဲ၌ တွေးကြလိမ့်မည်။ ‘ဂိမ်းဆော့တာတောင် အရမ်းညံ့နေတာ။ နင်ဘယ်လိုလုပ်ပြီး နည်းပြနိုင်မလဲ’

သူတို့သည် ပြည်ပမှနည်းပြအား ခန့်အပ်ခဲ့လျှင် ဘာသာစကားအဟန့်အတား၊ မြင့်မား‌သောလစာ၊ အဆင့်ကောင်းများမှာ နိုင်ငံခြားနည်းပြထံသို့ ချီးမြှင့်ခံရကာ သူတို့အား နိုင်ငံခြားမီဒီယာမှ လှောင်ပြောင်ခံရလိမ့်မည်။

ထို့ကြောင့် ကျွီဟန်နှင့် ယွီမင်ကျန်းကြား သီးသန့်ဆွေးနွေးမှုပြီးသည့်နောက် သူတို့တွေးမိခဲ့သောလူမှာ လိဂ်သမိုင်းကြောင်းတွင် အားအကောင်းဆုံး မြင်းနက်အသင်းအား ကိုယ်တိုင်ယူဆောင်လာသော ခေါင်းဆောင်နှင့်နည်းပြဖြစ်သည့် ကျန်းရှောင်ယွီပင်ဖြစ်သည်။ သူ၏အမည် ACE-Wingမှာ ပရော်ဖက်ရှင်နယ်လိဂ်၏ ဂုဏ်ယူရသောတံတိုင်းပေါ်ထွင်းထားဆဲဖြစ်သည်။

သူသည် e-sports ရပ်ဝန်းမှ ထွက်သွားခဲ့သည်မှာ ငါးနှစ်ကြာခဲ့ပြီဖြစ်သော်လည်း သူ့တွင်ကြီးမား‌သော လွှမ်းမိုးမှုရှိနေကာ မရေမတွက်နိုင်သော ကစားသမားဟောင်းများ၏ စံပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။

သူသည်နှစ်ပေါင်းများစွာကြာ အနားယူခဲ့သော်လည်း နိုင်ငံတကာဆာဗာမှ သူ၏အဆင့်အားလေ့လာကြည့်သည့်အခါ သူ၏ကစားသည့်စွမ်းရည်မှာ ပြည်တွင်းကျွမ်းကျင်ကစားသမားများအချို့ထက် ပို၍ပင်မြင့်နေသေးသည်။ နည်းပြအနေနှင့် သူ၏တည်ရှိမှုမှာ ကျွမ်းကျင်ကစားသမားများအား စည်းရုံးသိမ်းသွင်းရန် လုံလောက်လိမ့်မည်။

သူ့တွင်ကလပ်‌နောက်ခံမရှိသည်မှာ တစ်ခုတည်းသော စိုးရိမ်စရာပင်ဖြစ်သည်။ ACE အသင်းကိုယ်တိုင်ကပင် အောက်ခြေအသင်းဖြစ်ခဲ့ကာ လက်ရွေးစင်အသင်းနည်းပြ၏ရာထူးမှာ အရင်းအနှီးများစွာ ပါဝင်နေခဲ့သည်။ သူ့အားရုတ်တရက် အလုပ်ခန့်ရန် ခက်ခဲလိမ့်မည်။

ယွီမင်ကျန်းသည် ကျန်းရှောင်ယွီ၏လက်ခံမှုအား ရယူရန် အရင်ဖုန်းခေါ်ဆိုခဲ့ကာ ကျန်ရှိသည့်အရာများအား ကျွီဟန်ကိုင်တွယ်ရန် ချန်ထားခဲ့သည်။

ယွီမင်ကျန်းသည် ကျန်းရှောင်ယွီမှာ ACE အား ချန်ပီယံရှစ်ဖလားရယူရန် ဦးဆောင်ခဲ့သည့်အတိတ်အား ပြန်တွေးကြည့်ခဲ့ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ယုံကြည်မှုရှိရှိကြေငြာလိုက်သည်။ “အားယွီသာ လက်ရွေးစင်အသင်းရဲ့နည်းပြ ဖြစ်မယ်ဆိုရင် နောက်ထပ်လက်ရွေးစင်အသင်းက ကမ္ဘာ့စီးရီးမှာ မြင်းနက်ဖြစ်လာနိုင်ချေရှိတယ်လို့ ကျွန်မအာရုံရနေတယ်”

ကျွီဟန်သည် ပြုံးလိုက်သည်။ “ငါလည်းအဲ့လိုပဲထင်တယ်။ စိတ်မပူနဲ့။ နောက်ထပ်အခက်အခဲတွေကို ဖြေရှင်းဖို့ ငါနည်းလမ်းရှာလိုက်မယ်။ တကယ်မဖြစ်နိုင်ဘူးဆိုရင် ငါ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ကို စပွန်ဆာအနေနဲ့ ရှေ့ထွက်လာဖို့ တောင်းဆိုပြီး ငါတို့မှာပိုပြီး ပြောပိုင်ခွင့်ရှိသွားလိမ့်မယ်”

တရုတ်ပြည်တွင် မနက်စောစောရောက်လာပြီဖြစ်သည်။ သူတို့နှစ်ယောက်လုံးမှာ နောက်ထပ်အစီအစဉ်အား ဆွေးနွေးခဲ့ကြပြီး မိတ်ဖက်ဌာနချုပ်မှ တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြသည်။

ကျွီဟန်သည် ပထမထပ်ပေါ်မှ ဂုဏ်ယူရသောတံတိုင်းနား ဖြတ်သွားခဲ့ကာ နံရံပေါ်တွင် လွန်ခဲ့သောငါးနှစ်က ကပ်ထားခဲ့‌သော ဓာတ်ပုံတစ်ပုံအား ‌တွေ့ခဲ့သည်။

ပုံထဲမှကောင်လေးမှာ ဆုအားကိုင်ထားရင်း အေးစက်စက်မျက်လုံးများနှင့် တည်တံ့သောအမူအရာရှိနေခဲ့သည်။ သူသည်လူများဝန်းရံခံရကာ ဓာတ်ပုံအရိုက်ခံရသည်ကို မကြိုက်သည့်အလား ဖြစ်နေခဲ့သည်။

ကျွီဟန်သည် တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။ ကျန်းရှောင်ယွီသည် တစ်ချိန်က သူ၏အားအကောင်းဆုံးပြိုင်ဘက်တစ်ယောက် ဖြစ်ခဲ့သည်။

ထိုနှစ်က ဗိုလ်လုပွဲတွင် ACE နှင့် BM အဖွဲ့တို့တွေ့ဆုံခဲ့ကာ လွန်စွာပြင်းထန်နေခဲ့သည်။ အရေးကြီးသည့်ဆုံးဖြတ်သူများတွင် သူတို့၏အသင်းဖော်များမှာ သေဆုံးသွားကာ သေနတ်ပစ်သမားသာလျှင် နှစ်ဖက်လုံး၌ကျန်ရစ်ခဲ့သည်။

သူတို့နှစ်ယောက်လုံးမှာ လျင်မြန်စွာရွေ့လျားကာ အခြားသူ၏တည်နေရာအား ဂရုတစိုက်ရှာဖွေရင်း လမ်းတစ်လျှောက် ပုန်းခိုသည့်နေရာများ လဲလှယ်နေခဲ့ကြသည်။ ရှုပ်ထွေးလှသော နယ်မြေနှင့် လမ်းများနှင့်လမ်းကြားများမှာ အခက်အခဲများနှင့် ပြည့်နေခဲ့သည်။ သူတို့သည် ဂရုမစိုက်ပါက ပြိုင်ဘက်မှ အပစ်ခံရမည်ဖြစ်သည်။ နောက်ဆုံးတွင် နှစ်ယောက်လုံးမှာ တစ်ချိန်တည်း၌ အခွင့်အရေးရှာတွေ့ခဲ့သော်လည်း ကျွီဟန်သည် ကျန်းရှောင်ယွီထက် 0.1စက္ကန့်နောက်ကျ၍ ပစ်ခဲ့သည်။ ကျန်းရှောင်ယွီသည် သူ့အားခေါင်းသို့ချိနိပစ်ခဲ့သည်။

ကျွီဟန်မှာ ဤအရာနှင့်ပတ်သက်၍ လေးနက်စွာတွေးတောနေခဲ့ကာ နောက်ရာသီ၌ ပြန်လည်ယှဉ်ပြိုင်မှုအား လိုချင်နေခဲ့သည်။

ရလဒ်အနေနှင့် ကျန်းရှောင်ယွီမှာ အလုပ်နားခဲ့သည်။ သူတို့နှစ်ဦးကြား အနိုင်ရသူသို့မဟုတ်ရှုံးနိမ့်သူအား ပြောရန်နည်းလမ်းမရှိတော့ပေ။

ထိုအချိန်၌ ကျန်းရှောင်ယွီသည် အသက်၁၈နှစ်သာရှိသေးကာ ကျွီဟန်မှာ အသက်၂၁နှစ် ဝါရင့်ကစားသမားတစ်ယောက် ဖြစ်သွားခဲ့သည်။ သူသည်မကြာမီအနားယူသွားခဲ့ကာ လိဂ်ဌာနချုပ်များ၌ အလုပ်လုပ်ရန်သွားခဲ့ပြီး သူ၏လက်ရှိရာထူးဖြစ်‌သောဒုဥက္ကဌနေရာအား တဖြည်းဖြည်းတက်လာခဲ့သည်။ သူ၏လိဂ်ထဲရှိ လုပ်ပိုင်ခွင့်မှာ ကန့်သတ်ထားသော်လည်း သူသည် e-sports ကစားသမားတစ်ယောက်ဖြစ်ခဲ့သော လိဂ်၏စီနီယာအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်နေခဲ့သည်။ သူသည် အချို့ကိစ္စရပ်များအတွက် စကားပြောပိုင်ခွင့်ရှိသေးသည်။

ကျန်းရှောင်ယွီထွက်သွားပြီးနောက် သေနတ်ဘုရင်ကစားပွဲမှာ ကမ္ဘာ့စီးရီးအား ကျင်းပရန်စတင်ခဲ့သည်။

လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်ပြည်ရှိ အေအဆင့်လိဂ်မှာ အလွန်အသက်ဝင်နေခဲ့ကာ ထူးချွန်သောတက်သစ်စများစွာ ပေါ်ထွက်လာခဲ့သည်။ သို့သော် နှစ်စဉ် ကမ္ဘာ့စီးရီးတွင် လက်ရွေးစင်အသင်း၏ စွမ်းဆောင်ရည်မှာ ကျေနပ်စရာမကောင်းခဲ့ပေ။

ကျွီဟန်သည် ဤကဲ့သို့သော ပဋိပက္ခအခြေအနေအား ပြောင်းလဲရန် စိတ်အားထက်သန်နေခဲ့သည်။

ကျန်းရှောင်ယွီသည် အန္တရာယ်များသော လှုပ်ရှားမှုတစ်ခုဖြစ်နေခဲ့သည်။

ပျက်စီးမှုမရှိဘဲ ‌တည်ဆောက်မှုရှိလိမ့်မည်မဟုတ်ပေ။ ကျန်းရှောင်ယွီ၏ပြန်လည်ရောက်ရှိမှုမှာ လက်ရှိပိတ်ဆို့မှုအား လုံးဝဖြိုခွဲနိုင်မည်ဟု မျှော်လင့်နေခဲ့သည်။

ကျွီဟန်သည် ဂုဏ်ယူရ‌သောတံတိုင်းပေါ်မှ ဓာတ်ပုံအား မော့ကြည့်လိုက်ကာ တီးတိုးပြောခဲ့သည်။ “မင်းထပ်ပြီး အံ့ဩစရာကိုဖန်တီးနိုင်လိမ့်မယ်လို့ ငါယုံတယ်။ ငါမင်းကိုအမြဲ အားအကောင်းဆုံးပြိုင်ဘက်အနေနဲ့ သတ်မှတ်ထားခဲ့တာ အချည်းနှီးမဟုတ်ဘူးဆိုရင် မင်းဘာပြောမလဲ”

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်။

လမ်းမများပေါ်မှနှင်းများသည် လုံးဝမပျော်ဝင်ခဲ့ပေ။ ကျန်းရှောင်ယွီ၏ကားသည် အလွန်နှေးကွေးစွာ မောင်းနှင်ခဲ့ပြီး ဆယ့်တစ်နာရီရှိနေပြီးဖြစ်ကာ သူအိမ်သို့ရောက်လာသောအခါ နေ့လယ်ဘက်သို့နီးကပ်နေပြီဖြစ်သည်။ သူသည်တံခါးကိုဖွင့်၍ ချစ်စရာကောင်းသော ခွေးညိုကလေးမှာ သူ့အနားသို့ တရင်းတနှီးပြေးလာခဲ့သည်။

ဤခွေးကလေးမှာ ကျန်းရှောင်ယွီ ကယ်လီဖိုးနီးယားသို့လာခဲ့သောနှစ်တွင် မွေးစားခဲ့သည်။ သူသည် ဆံပင်ကောက်ကောက်နှင့် မွှေးပွရုပ်နှင့်တူသော အညိုရောင်မွှေးပွခွေးရုပ်တစ်ကောင် ဖြစ်နေခဲ့သည်။ သူ၏အမြီးမှာနေ့တိုင်း သူ့နောက်တွင် လှုပ်ယမ်းနေကာ သူသည်ချစ်စရာကောင်းလွန်းပြီး တပူးပူးကပ်နေတတ်သည်။ သူ၏မျက်လုံးများမှာ ပဲစေ့မည်းနှစ်လုံးနှင့်တူပြီး ကျန်းရှောင်ယွီသည် သူ့အားကျန်းသို့သို့ဟု ခေါ်ခဲ့သည်။ (သို့=ပဲစေ့များ)

သူသည်ကယ်လီဖိုးနီးယားတွင် ငါးနှစ်ကျော်ကြာရှိနေခဲ့ပြီး သို့သို့သည် သူနှင့်အတူ ကြီးပြင်းလာခဲ့သည်။ ယခုသူသည်ငါးနှစ်တိတိရှိပြီဖြစ်သည်။

ကျန်းရှောင်ယွီသည် သို့သို့အားပွေ့ချီကာ သူ၏ခေါင်းအားကိုင်လိုက်ပြီး သူ့အားအစာကျွေးရန်သွားခဲ့သည်။

ကျန်းရှောင်ယွီ၏ဦးလေးမှာ ကယ်လီဖိုးနီးယားတွင် အလုပ်လုပ်ခဲ့သည်။ အလုပ်ထွက်ပြီးနောက် ကျန်းရှောင်ယွီသည် သူ၏ဖခင်ဖြစ်သူစီမံမှုများ၌ သူ့ဦးလေးနှင့်ပူးပေါင်းရန် ကယ်လီဖိုးနီးယားသို့သွားခဲ့သည်။ လွန်ခဲ့သည့်နှစ်များအတွင်း သူသည်သူ၏ဦးလေးဖြစ်သူအိမ်၌ ပျင်းရိစွာနေခဲ့သည်။ သူသည်အပတ်စဉ်ပုံမှန် ဆရာဝန်နှင့်တွေ့ရန် ဆေးရုံသို့သွားခဲ့ပြီး ဂိမ်းများကစား၍ ခွေးနှင့်လမ်းလျှောက်ကာ သက်တော့သက်သာဘဝအား နေထိုင်ခဲ့သည်။

ယွီမင်ကျန်း၏ သူ့အားရုတ်တရက်ဖုန်းခေါ်ဆိုမှု မဟုတ်ခဲ့လျှင် မူလအစီအစဉ်မှာ ရာသီဥတုကောင်းမွန်လာသောအခါ သို့သို့အား ခရီးသွားရန် ခရီးသွားယာဉ်ပေါ်ခေါ်သွားရန်ဖြး်သည်။ ယခုမူ သူ၏ခရီးသွားမည့် အစီအစဉ်များမှာ ရပ်ဆိုင်းထားရတော့မည့်ပုံရသည်။

သူသည်တတ်နိုင်သမျှမြန်မြန်သူ၏ကိစ္စရပ်များအား စီစဉ်ပြီး သို့သို့နှင့်အတူတရုတ်နိုင်ငံသို့ ပြန်ရမည်။

ကျန်းရှောင်ယွီသည် ဤအတွေးရှိနေခဲ့ပြီး အခြေအနေအားရှင်းပြရန် သူ၏ဦးလေးအား အရင်ဖုန်းခေါ်ခဲ့သည်။ ထို့နောက်ဆရာဝန်ကျိုးအား ခေါ်လိုက်သည်။

ကျိုးယန်သည် စိုးရိမ်တကြီးမေးခဲ့သည်။ “အားယွီ၊ ဘာကိစ္စရှိလို့လဲ”

ကျန်းရှောင်ယွီသည်ပြောခဲ့သည်။ “ဆရာကျိုး ငါမနက်ဖြန်ဆေးရုံကိုထပ်လာချင်တယ်။ ငါ့အတွက် တားဆေးတွေပိုပြီးပေးလို့ရမလား။ ငါတစ်နှစ်စာထိုးဆေးလိုပြီး တရုတ်ပြည်ကို ပြန်ယူသွားမလို့”

သူလက်ရှိအသုံးပြုနေသော အိုမီဂါတားဆေးမှာ ခဏတာသာသက်ရောက်မှုရှိသော ထိုးဆေးဖြစ်သည်။ ၎င်းမှာတစ်ရက်လျှင် တစ်ကြိမ်ထိုးရပြီး ထိုးသွင်းမှုတစ်ခါစီတွင် ပမာဏ တစ်မီလီလီတာမျှသာရှိသည်။ ဤသည်မှာ ဈေးကွက်ပေါ်တွင် ပုံမှန်တစ်နှစ်စာထိုးဆေးများထက် ပို၍အားပြင်းသည်။ ဆေးထိုးပြွန်အား ထုတ်လုပ်သူမှ အထူးပြုလုပ်ထားကာ အပ်မှာအလွန်ပါးလွှာနေခဲ့သည်။ ကြွက်သားအတွင်းသို့ ထိုးသွင်းခြင်းမှာ ပြုလုပ်ရန် အလွန်အဆင်ပြေနေခဲ့သည်။

ဤသည်မှာ သူ၏ဖယ်ရိုမုန်းများအပေါ် အခြေခံပြီး သူ့အားကုသပေးသော ကျွမ်းကျင်သူများအဖွဲ့မှ ထုတ်လုပ်ထားပြီး ၎င်းကိုအခြားဆေးရုံများမှ မဝယ်နိုင်ပေ။ ထို့ကြောင့် သူသည်တစ်ခါတည်း တစ်နှစ်စာလုံလောက်သော တားဆေးများအား ပြန်ယူသွားရန် ကြံစည်ကာ လေယာဉ်ပျံဖြင့် တရုတ်ပြည်သို့ ပို့မည်ဖြစ်သည်။

ကျိုးယန်သည် ဤအရာအားကြားသောအခါ အလွန်အံ့ဩသွားခဲ့သည်။ “တရုတ်ပြည်ကို ပြန်‌သွားတော့မှာလား။ ဘာလို့ရုတ်တရက်ကြီး တရုတ်ပြည်ကို ပြန်လာချင်ရတာလဲ”

“ငါရှင်းစရာကိစ္စလေးတွေရှိလို့” ကျန်းရှောင်ယွီသည် မေးခဲ့သည်။ “ဆေးရုံမှာ ငါသုံးတဲ့‌တားဆေးအကျန်လေးတွေ လောလောဆယ်ရှိသေးလား”

“ရှိတယ်။ အရင်ကလပဲ တစ်ထုပ်လုံးပို့ထားသေးတယ်” ကျိုးယန်သည် ဆက်မပြောခင် ရပ်တန့်နေခဲ့သည်။ “မင်းတရုတ်ပြည်ပြန်ချင်ရင်တော့ ငါမတားနိုင်ပါဘူး။ ဒါပေမယ့် တရုတ်ပြည်မှာ ပိုတော်တဲ့ဖယ်ရိုမုန်း ကျွမ်းကျင်သူတွေကို ရှာရမယ်။ မင်းရဲ့ဆေးမှတ်တမ်းတွေကို သူတို့ဆီယူသွားပြီး နောက်ပိုင်းမှာ ပုံမှန်စစ်‌ဆေးမှုမျိုး သေချာလုပ်ရမယ်”

“ငါသိတယ်။ တရုတ်ပြည်ထဲမှာ ငါနဲ့ရင်းနှီးတဲ့ ဆရာဝန်တွေရှိတယ်” ကျန်းရှောင်ယွီသည် လေးနက်စွာမပြောခင်တွင် ခဏတာတိတ်ဆိတ်နေခဲ့သည်။ “ဆရာကျိုး၊ လွန်ခဲ့တဲ့နှစ်တွေအတွင်း ငါ့ကိုစောင့်ရှောက်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်”

“ရပါတယ်” ကျိုးယန်သည်ပြုံးကာပြောလိုက်သည်။ “င့ါကိုတွေ့ဖို့ မနက်ဖြန်နေ့လယ် ဆေးရုံကိုလာခဲ့။ ငါကြိုပြီး ဆေးဝါးဌာနက တားဆေးတွေကို ယူထားပေးမယ်။ မင်းတခြားအကူအညီလိုရင်တော့ ငါ့ကိုပြောပါ”

“ကောင်းပြီ။ ငါဆေးယူဖို့ မနက်ဖြန်သုံးနာရီလောက် ဆေးရုံလာခဲ့မယ်”

ကျန်းရှောင်ယွီသည် ဖုန်းချလိုက်ကာ ကွန်ပျူတာရှေ့၌ ထိုင်ခဲ့သည်။ သူသည်အင်တာနက်အားဖွင့်ပြီး နောက်အပတ် အိမ်သို့ပြန်ရန် လက်မှတ်ဖြတ်ခဲ့သည်။ ထို့နောက် သူသည်နောက်သို့လှည့်ပြီး ဟင်းချက်ရန်မီးဖိုချောင်သို့ သွားခဲ့သည်။

သူသည်‌ နေ့တိုင်း နေ့လယ်ပိုင်းတွင် အလွန်ရိုးရှင်းသည့် တစ်စုံတစ်ခုကိုစားခဲ့သည်။ သူသည် ခေါက်ဆွဲတစ်ချို့ပြုတ်ကာ ကြက်ဥပြုတ်အားခွဲပြီး ဟင်းသီးဟင်းရွက်စိမ်းအချို့နှင့် သုံးဆောင်ခဲ့သည်။ မကြာသေးမီက တားဆေးများ၏ဘေးထွက်ဆိုးကျိုးများမှာ သူ၏အစာအိမ်အား အလွန်အားနည်းစေခဲ့ကာ သူသည်အများကြီးစားပါက အစာမခြေနိုင်ပေ။

ကျန်းရှောင်ယွီသည် ခေါက်ဆွဲအားအမြန်ပြုတ်ကာ စားပွဲပေါ်တွင်ဖြည်းဖြည်းစားရန် ထိုင်ချခဲ့သည်။ သို့သို့သည် ပန်းကန်လုံးထဲမှ အရိုးများအား ကိုက်ရင်း သူနှင့်အတူအဖော်ပြုနေခဲ့သည်။

လူတစ်ယောက်နှင့်ခွေးတစ်ကောင်၏ ရိုးရှင်းသောဘဝမှာ ဤကဲ့သို့ငါးနှစ်ကြာ ကုန်ဆုံးသွားခဲ့သည်။

ကံမကောင်းစွာနှင့် ဤအေးချမ်းသောဘဝမှာ နောက်ဆုံး၌ ပြိုကွဲသွားခဲ့သည်။

ကျန်းရှောင်ယွီသည် သို့သို့အားကြည့်လိုက်ကာ ညင်သာစွာပြောခဲ့သည်။ “စိတ်မပူနဲ့။ ငါမင်းကိုမချန်ထားခဲ့ပါဘူး။ နောက်အပတ်မင်းကို ငါနဲ့အတူတရုတ်ပြည်ကို ခေါ်သွားမယ်။ နောက်ပိုင်းကျ ငါတို့နဲ့နေမယ့် လူအများကြီး ရှိလာလိမ့်မယ်။ မင်းလိမ္မာရမယ်နော်။ ခုန်ပေါက်ပြီးတော့ လက်ရွေးစင်အသင်းရဲ့အိမ်ကို မဖျက်ဆီးနဲ့”

သို့သို့မှာ နားလည်သည်လား မလည်သလားမသိနိုင်သော်လည်း သူသည်နှစ်ကြိမ်ဟောင်ခဲ့သည်။

ကျန်းရှောင်ယွီသည် အေးစက်သည့်သဘောထားရှိနေခဲ့ကာ အခြားသူများအပေါ် မထူးခြားခဲ့ပေ။ သူသည် သူ၏ခွေးကလေးအပေါ်သာ နူးညံ့ညင်သာမှုအချို့သာ ပြနိုင်လိမ့်မည်။ ဤခွေးကလေးမှာ သူနှင့်အလွန်ရင်းနှီးကာ သူ့အားဖခင်အဖြစ် ယူဆထားမည်လား။

The corners of Jiang Shaoyu’s mouth curve up as he lightly rubbed the puppy’s head. He quickly cleaned up the dining table and returned to the computer. He opened the official website of Gun King, found the ‘China Region Server’ and clicked to download. ကျန်းရှောင်ယွီ၏ ပါးစပ်ထောင့်များမှာ ခွေးကလေး၏ခေါင်းအား တဖွဖွပုတ်နေရင်း မြင့်တက်သွားခဲ့သည်။ သူသည် ညစာစားပွဲအား အမြန်ရှင်းလင်းကာ ကွန်ပျူတာဆီသို့ ပြန်သွားခဲ့သည်။ သူသည်သေနတ်ဘုရင်၏ တရားဝင်ဝက်ဘ်ဆိုဒ်အားဖွင့်ကာ ‘တရုတ်ပြည်ဆာဗာ’အားတွေ့ပြီး ဒေါင်းလုဒ်ဆွဲရန် နှိပ်လိုက်သည်။

သူသည်နည်းပြအဖြစ် တရုတ်ပြည်သို့ ပြန်သွားတော့မည်ဖြစ်သောကြောင့် လက်ရှိကစားပွဲဝန်းကျင်နှင့် တရုတ်ပြည်တွင် နာမည်ကြီးနေသော ကစားသည့်ပုံစံများအား အရင်နားလည်ထားရမည်။

လွန်ခဲ့သောနှစ်များအတွင်း သူသည်နိုင်ငံတကာဆာဗာနှင့်သာ ဆော့နေခဲ့ကာ ဂိမ်းအတွင်းပိုင်းမှာ အားလုံးအင်္ဂလိပ်ဘာသာဖြစ်နေခဲ့သည်။ သူသည်အချိန်အတော်ကြာ တရုတ်ပြည်ဆာဗာအား မဝင်ရောက်ခဲ့ပေ။ ဤအချိန်တွင် သူသည်ဒေါင်းလုဒ်မျက်နှာပြင်ပေါ်ရှိ တရုတ်လက်ကွက်များကိုတွေ့ကာ ၎င်းမှာ ပို၍နီးစပ်ကာ ရင်းနှီးနေခဲ့သည်။

ဂိမ်းမှာ GBများစွာရှိ‌သောကြောင့် ကျန်းရှောင်ယွီသည် ကွန်ပျူတာအား အလိုအလျောက်ဒေါင်းလုဒ်ဆွဲခိုင်းခဲ့သည်။ သူသည်နောက်သို့လှည့်ထွက်ကာ ပစ္စည်းများထုပ်ပိုးရန် သူ၏အိပ်ရာထဲသို့သွားခဲ့သည်။ သူ၏ပိုင်ဆိုင်မှုများထုပ်ပိုးပြီး ကွန်ပျူတာဆီသို့ ပြန်လာသောအချိန်တွင် ဂိမ်းမှာအဆင့်မြှင့်ပြီးသားဖြစ်နေခဲ့သည်။

ကျန်းရှောင်ယွီသည် နိုင်ငံတကာဆာဗာတွင် သူအသုံးပြုခဲ့သော အခြားအကောင့်များအား ပြန်တွေးကြည့်ကာ အကောင့်များထဲမှတစ်ခုမှာ အီးမေးလ်နှင့် စာရင်းသွင်းထားခဲ့သည်ကို သတိရခဲ့သည်။ သူသည်အကောင့်အားဝင်ရောက်ပြီး သေချာသည်မှာ ပြည်တွင်းဆာဗာနယ်ပယ်ထဲသို့‌ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ခဲ့သည်။

ဖန်သားပြင်မှာ သူ၏အရှေ့တွင် ပေါ်ထွက်လာကာ နည်းပညယအသိနှင့် အပြာရောင်စနစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

[တိုက်ပွဲနေရာကနေ ‘‌‌ Casually ‘ကို ပြန်လည်ကြိုဆိုလိုက်ပါတယ်။ သင်ထွက်သွားပြီးကတည်းက ရက်ပေါင်း၁၈၁၅ရက်ရှိသွ

ားခဲ့ပြီး အဖွဲ့ခေါင်းဆောင်များက သင့်ကို ပြန်လည်ရောက်ရှိထားတဲ့ အကျိုးအမြတ်ကို ပေးအပ်ခဲ့ပါတယ်။ ကျေးဇူးပြုပြီး ခင်ဗျားရဲ့စာတိုက်ပုံးကို စစ်ဆေးပေးပါ။]

GMC
Author: GMC
Private: ရွှေအဆင့်နည်းပြ

Private: ရွှေအဆင့်နည်းပြ

GMC, Our Omega Coach is Gold-Class, 金牌教练(电竞)
Score 9
Status: Ongoing Type: Author: , Artist: , Released: 2022 Native Language: Chinese
အညွှန်း တရုတ်ပြည်နယ်တွင် သေနတ်ဘုရင်အတွက် ပရိုလိဂ်‌တွင် ပါဝင်ခဲ့သော Wing ဟုအမည်ရသည့် ဂန္တဝင်ကစားသမားတစ်ဦး ရှိခဲ့သည်။ သူသည် သေစေလောက်သော တိကျသေချာမှုနှင့် ယုံကြည်ချက်အပြည့်ဖြင့် သူ၏ရိုက်ချက်များဆီသို့ ကျရောက်ခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် အသေးစားလိဂ်ရှိ အဆင့်နိမ့်အသင်းတစ်သင်းမှာ မေဂျာလိဂ်သို့ တက်ရောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် နှစ်စဉ်ချန်ပီယံဆုအား ဆွတ်ခူးခဲ့ပြီး သမိုင်းတစ်လျှောက် အသန်မာဆုံးမြင်းနက်တစ်ကောင် ဖြစ်လာခဲ့သည်။ သို့သော် Wingမှာ ချန်ပီယံဆုအားရယူပြီးနောက် အနားယူလိုက်ကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။ အင်တာနက် သုံးစွဲသူများစွာမှာ သူ၏အနားယူခြင်းအတွက် အကြောင်းပြချက်များအပေါ် ထင်ကြေးပေးခဲ့ကြသည်။ သူသည် “ဖယ်ရိုမုန်းရောဂါ”အား ခံစားနေရသော အိုမီဂါတစ်ဦးဖြစ်နေသည်ကို မည်သူမျှမသိခဲ့ပေ။ ငါးနှစ်ကြာပြီးနောက် တရုတ်လက်ရွေးစင်အသင်းသည် သေနတ်ဘုရင်ကမ္ဘာ့ချန်ပီယံရှစ် ပထမအဆင့်တွင် ပြုတ်သွားခဲ့သည်။ နိုင်ငံအသင်းနည်းပြမှာ ဖိအားများအောက် ချက်ချင်းနှုတ်ထွက်ခဲ့သည်။ အကျပ်အတည်းကာလတွင် Wingဟု တစ်ချိန်က လူသိများခဲ့သော ကျန်းရှောင်ယွီသည် တရုတ်နိုင်ငံသို့ ပြန်လာပြီး နိုင်ငံအသင်းနည်းပြ ရာထူးကို အပ်နှင်းခံရသည်။ လက်ရွေးစင်အသင်းမှာ တစ်ဦးနှင့်တစ်ဦး လုံးဝမသင့်မြတ်သော ကစားသမားကောင်းများနှင့် ဆိုးသောကစားသမားများတို့ဖြင့် ရောနှောနေခဲ့သည်။ အထူးသဖြင့် တွေ့ဆုံသည့်အခိုက်အတန့်၌ စကားများရန်ဖြစ်သည့် အယ်လ်ဖာများအတွက် အထူးမှန်ကန်သည်။ လက်ထောက်မှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။ “ဒီဘုရင်တွေကို ဘယ်လိုမှ ထိန်းလို့မရဘူး” ကျန်းရှောင်ယွီ: “ရတယ်။ သူတို့လေ့ကျင့်ဖို့ကို ငါ့လက်ထဲသာအပ်လိုက်” ထို့ကြောင့် နည်းပြကျန်းသည် သူ၏ဆိုးရွားစွာပြောတတ်သည့်ပုံစံကို စတင်ခဲ့သည်။ “ဒါကလက်ရွေးစင်အသင်းမှာရှိတဲ့ ကစားသမားတစ်ယောက်ရဲ့အဆင့်အတန်းလား” “မင်းတို့နဲ့ကစားဖို့ ဇာတ်ညွှန်းတွေတောင် လိုသေးရဲ့လား။ ပေါ့ပေါ့ပါးပါးဆော့ရင်တောင် ငါမင်းတို့ကိုနိုင်နိုင်တယ်” “မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးနေတာလား။ တစ်ယောက်ပြီးတစ်ယောက် အလကားသေပေးနေကြတာလား” “မင်းတို့အခြားသူတွေကိုမနိုင်နိုင်ရင်လည်း ဂိမ်းကိုသာဖျက်လိုက်တော့” အခြားသူများအား လေ့ကျင့်ပေးသောအခါ ဘယ်သောအခါမှ ကျိန်ဆိုလေ့မရှိတတ်သော စကားပြောချိုသာသည့် နည်းပြကျန်းသည် သူတို့၏စိတ်အခြေအနေများ မပြိုလဲမချင်း တစ်သင်းလုံးကို ဆူပူခဲ့သည်။ ဤသည်မှာ သူတို့သည် နည်းပြကျန်းမှ သူ့ကိုယ်သူအိုမီဂါတားဆေးများ တိတ်တဆိတ်ထိုးသွင်းနေသည့်မြင်ကွင်းအား မြင်တွေ့ခဲ့သည့်တစ်နေ့မတိုင်ခင်အထိပင်ဖြစ်သည်။ အားလုံးမှာ တစ်စုတစ်စည်းထဲ မှင်တက်သွားခဲ့သည်။ “အဲ့ဒီကြမ်းတမ်းပြီး ရက်စက်တဲ့နည်းပြက တကယ့်ကို အိုမီဂါလား” “သူက အိုမီဂါဆိုရင်တောင် အသင်းလိုက် တိုက်ရင်တောင် အနိုင်ယူလို့ မရနိုင်တဲ့ သူဌေးမျိုးပဲ” ဂိမ်းနတ်ဘုရား: “အကူအညီ‌ တောင်းချင်လို့ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့ စာစီစာကုံး စာလုံးရေ 1000ကို ဘယ်လိုရေးရမလဲ” ကျော်ကြားသည့် တိုက်ရိုက်ထုတ်လွှင့်သူ: “ဒီနေ့ ကျွန်တော် တိုက်ရိုက်မလွှင့်ဘူး။ နံရံကိုပဲ မျက်နှာမူနေပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်မယ်” အပျော်တမ်းဘုရင်တစ်ပါး: “ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။ ငါ ဘာလို့ ဂိမ်းတွေကို ကစားနေရတာလဲ။ ငါ့ဘဝကို တကယ် သံသယဖြစ်မိတယ်” အယ်လ်ဖာလူငယ်: “အိုမီဂါဆီက မျက်ရည်ကျရလောက်အောင် အဆူခံရတဲ့အတွေ့အကြုံက ဘာလဲ။ ငါတို့ ပိုငိုလေလေ ပိုပြီးနေသားကျလေလေပဲ” အင်တာနက်သုံးစွဲသူများ: “???” ဘာလို့ ဒီနှစ်လက်ရွေးစင်အသင်းက အဆင်မပြေ ဖြစ်နေရတာလဲ။ +++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset