DBFFL အပိုင်း ၁

အခန်း ၁

“ကိုယ်ဝန်ကို ဖျက်ချ၊ ဒါမှမဟုတ် ကွာရှင်း..”

အန်းရှက သူမရှေ့မှ အေးစက်စက် အမျိုးသားကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ ထိုတစ်ခဏအတွင်း သူမစိတ်က ဗလာဖြစ်နေပြီး သူမ ဘာဖြစ်နေမှန်း မသိ ဖြစ်နေသည်။

သူမသည် ပထမစက္ကန့်အနည်းငယ်အတွင်း အရေးပေါ်အခန်းအတွင်း ရှိနေသည်မှာ သိသာထင်ရှားပြီး နောက်တစ်စက္ကန့်အတွင်း သူမ မျက်လုံးဖွင့်လိုက်သောအခါ သူမက စိမ်းသက်သော အခန်းနှင့် သူစိမ်းအမျိုးသားကို တွေ့လိုက်ရသည်။

တကယ်ပဲ ဘာတွေဖြစ်သွားတာလဲ..

သူမ အိပ်မက်မက်နေတာလား။

သူမက လက်ကို မြောက်ပြီး မျက်လုံးကို ပွတ်လိုက်သောအခါ သူမ၏လက်များ မဟုတ်ကြောင်းကို ရှာတွေ့သွား၏။

သည်နူးညံ့သော လက်များက ကြက်သွန်မြိတ်များကဲ့သို့ နူးညံ့သိမ်မွေ့ပြီး လက်ချောင်းထိပ်များတွင် သလဲသီးနီရောင် လက်သည်းနီ ဆိုးထားသည်။ အရေပြားက ထူနေလျှင်ပင် ပျော့ပျောင်းပြီး သိမ်မွေ့မှုက လူများ၏ မျက်ဝန်းကို မှေးမှိန်ဖျော့တော့သွားစေနိုင်သည်။

ယင်းက လုံးဝ အပြစ်အနာအဆာမရှိအောင် ထိန်းသိမ်းထားသော ကျောက်စိမ်းလက်တစ်စုံ ဖြစ်ကြောင်း သံသယဝင်ရန် မလိုချေ။

၎င်းက ကျန်းမာရေး ကောင်းမွန်လွန်းတဲ့ လက်တစ်စုံ ဖြစ်သည်။

သို့သော် သူမလက်များ မဟုတ်ချေ။

အကြောင်းမှာ မကြာမီက သူမ၏အခြေအနေက ပိုဆိုးဝါးလာပြီး သူမမိသားစုဝင်များက ဂရုစိုက်ဖို့ ကြိုးစားခဲ့သော်ငြား သူမ၏လက်ဖဝါးများက အားနည်းကာ ခြောက်သွေ့လာခဲ့သည်။

တကယ်တမ်းတွင် သူမ၏ကျန်းမာရေးက တကယ့်ကို ဆိုးဝါးလှသည်။

အန်းရှက ထိတ်လန့်သွား၏။ သူမရှေ့တွင် ရပ်နေသော လူစိမ်းအမျိုးသားကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိသည်။

ထိုလူက ကြည့်ကောင်းသော်လည်း သူ့ကိုယ်မှ ထွက်နေသော ခြားနားသည့်ရောင်ဝါက အန်းရှကို အတော်လေး စိုးရိမ်ကြောင့်ကြစေသည်။

သူမ စကားတစ်လုံးမှ မပြောဘဲ သူ့ကို ထုံအအ ကြည့်နေသည်ကို မြင်ပြီး ထိုလူ၏ မျက်ခုံးက ပင့်တက်သွားသည်။ သူ့မျက်လုံးများက မနှစ်မြို့မှုများဖြင့် ပြည့်နေလေ၏။

“မင်းအပေါ်မှာပဲ မူတည်တယ်”

ထိုစကားကို ပြောပြီးနောက် ထိုလူက သူ၏ရှည်လျားသွယ်လျသော ခြေထောက်များဖြင့် ထွက်ခွာသွားသည်။

ထို့နောက် စိမ်းသက်နေသော အခန်းထဲတွင် အန်းရှတစ်ယောက်တည်း ကျန်ရစ်ခဲ့တော့၏။

အန်းရှက ထိုလူထွက်သွားသည်ကို မြင်ပြီးနောက် မသိလိုက်ဘာသာဖြင့် စိတ်သက်သာရာရသွားသည်။

ထိုနောက် သူမက မည်သို့သော အခြေအနေတွင် ရောက်နေသည်ကို စတင်တွေးတောတော့သည်။

ထို့ကြောင့် သူမက မူလကိုယ်နှင့် သက်ဆိုင်သော အရာကို ရှာဖွေရန် သေတ္တာများကို မွေနှောက်တော့သည်။

သူမသည် ထိုလူ၏ သက်သေခံလက်မှတ်၊ ပက်ပို့စ်၊ ကောလိပ်ဘွဲ့လက်မှတ်နှင့် လက်ထပ်မှတ်ပုံတင်များကို ရှာတွေ့သောအခါ မှင်တက်သွားတော့သည်။

အာ..၊ အာ.. ဟာ..

“ငါက ဝတ္ထုတစ်ပုဒ်ထဲ ကူးပြောင်းလာတာလား”

မှန်ပေ၏။ သူမသည် မူလကိုယ်၏ ကောလိပ်ဘွဲ့လက်မှတ်၊ လက်ထပ်မှတ်ပုံတင်ကို ကြည့်ပြီးနောက် သူမက ဝတ္ထုတစ်ပုဒ်အတွင်း ရောက်နေမှန်း သိလိုက်ရသည်။

သူမ ပျင်းရိနေစဉ်က ဖတ်ရှုခဲ့သော ဝတ္ထုတစ်ပုဒ် ဖြစ်သည်။

ပြီးနောက် ကံဆိုးစွာဖြင့် သူမက ကျန်းမာရေးမကောင်းသော ဇနီးဟောင်း၏ကိုယ်ထဲသို့ ကူးပြောင်းလာခဲ့ခြင်း ဖြစ်ပြီး ဇာတ်လိုက်မကို ဦးဆောင်စေဖို့ စောစီးစွာ သေဆုံးခဲ့ရသည်။

“ဒါက မမှန်ဘူး”

သူမနာမည်နှင့် ဝတ္ထုထဲမှ အမြောက်စာဇာတ်ကောင် ဇနီးဟောင်း၏ အဆုံးသတ်ကို တွေးလိုက်ပြီးနောက် အန်းရှ တုန်လှုပ်သွားမိသည်။

ဝတ္ထုထဲက ဇနီးဟောင်းနာမည်က သူမနာမည်နှင့် တူညီသည့်အတွက် သူမနေမကောင်းစဉ်က ထိုဝတ္ထုကို ဖတ်ဖို့ အခွင့်အရေး ရရှိခဲ့သည်။

သူမ၏ ဝမ်းကွဲက သူမကို ပြဿနာပေးချင်သဖြင့် သူမက သူမထံသို့ ထိုဝတ္ထုကို မိသားစုဝင်များ မသိစေဘဲ ပေးခဲ့သည်။

ပြီးနောက် သူမကလည်း ဝတ္ထုကြောင့် စိတ်ရှုပ်ထွေးခဲ့ရပြီး သူမဝမ်းကွဲကို

နာမည်တူ မျိုးရိုးတူသော ဇာတ်ပို့ဇာတ်ကောင်က သနားဖွယ်ဖြစ်ပြီး ဇာတ်လိုက်မကို လမ်းခင်းပေးရန် အဆုံးတွင် သစ္စာဖောက်ခံရခဲ့ရပြီး သေဆုံးခဲ့ရကာ ဇနီးဟောင်း၏ အဆုံးသတ်က မကျန်းမမာဖြစ်ပြီး သေဆုံးရန် ဖြစ်သည်။

ယင်းက အန်းရှ ဂရုအစိုက်ဆုံး ကိစ္စဖြစ်သည်။

အန်းရှသည် မွေးကတည်းက မကျန်းမမာ ဖြစ်ပြီး ကျန်းမာသောခန္ဓာကိုယ်ကို မရရှိခဲ့ချေ။ ကျန်းမာသော ခန္ဓာကိုယ်ရရှိဖို့ ဘယ်လောက်တောင်မှ သူမ ဆန္ဒရှိသလဲဆိုတာ ဘုရားပင် သိမည်ဖြစ်ပြီး သူမလည်း တစ်ခု ရရန် မျှော်လင့်ခဲ့သည်။

သို့သော် သည်ဝတ္ထုထဲတွင် သူမ စိတ်မသက်မသာအဖြစ်ရဆုံးမှာ မူလဇနီးဟောင်း အမြောက်စာဇာတ်ကောင်သည် ကျန်းမာသောကိုယ် ရှိခဲ့ပြီး အမျိုးသားဇာတ်လိုက်ကြောင့် ပျက်စီးသွားခဲ့ရသည်။

မူလကိုယ်၏ နောက်ဆုံးအတွေးက သူမကို ဝတ္ထုထဲမှ အမြောက်စာနှင့် ပက်သတ်သမျှကို ဂရုတစိုက် သတိပြန်ရစေသည်။

ကံကောင်းစွာဖြင့် အန်းရှ၏ မှတ်ဉာဏ်က မဆိုးလေဘဲ သူမက လွန်ခဲ့သောရက်အနည်းငယ်ကမှ ဖတ်ရှုထားခြင်း ဖြစ်လေရာ စာအုပ်ထဲမှ အမြောက်စာနှင့် ပက်သတ်သော ဇာတ်ကွက်အားလုံးကို ရွေးထုတ်လိုက်နိုင်သည်။

သူမ ကူးပြောင်းလာသော ဝတ္ထုကို “တွဲဖက်ကောင်းရှာဖို့ မွေးဖွားခြင်း” ဟု ခေါ်သည်။

နာမည်အရ ဇာတ်လိုက်မက ပြန်လည်မွေးဖွားလာပြီး မကောင်းတဲ့ကောင်နှင့် အချစ်စစ်ဖြင့် ရိုမန့်ဆန်ဆန် လက်ထပ်ခဲ့သော ဇာတ်လမ်းဖြစ်သည်။

ဝတ္ထုထဲတွင် ဇာတ်လိုက်မနှင့် အမြောက်စာက ကောလိပ်သူငယ်ချင်းများ ဖြစ်ကြပြီး အဆောင်အတူတူ နေကြကာ ကောင်လေးတစ်ယောက်တည်းကို အတူတူ နှစ်သက်ခဲ့ကြသည်။

၎င်းက ဝတ္ထုထဲမှ ဇာတ်လိုက်ကောင်ဖြစ်သည်။

သူက အမြောက်စာဇာတ်ကောင်၏ ခင်ပွန်းဟောင်းလည်း ဖြစ်သည်။

အမြောက်စာဇာတ်ကောင်က အမျိုးသားဇာတ်လိုက်နှင့် လက်ထပ်လိုက်ရသော အကြောင်းပြချက်မှာ ကြင်နာတတ်သော ဇာတ်လိုက်မ၏ သနားတတ်သော အကျိုးကျေးဇူးကြောင့် ဖြစ်လေသည်။

မိသားစုဟူသည့် အကြောင်းပြချက်ကြောင့် ဇာတ်လိုက်မက ‘ဆင်းရဲသော’ ဇာတ်လိုက်ကောင်နှင့် အတူ မရှိနိုင်ချေ။ အဆုံးတွင် ပြင်ပသို့ မဖိတ်စင်စေဘဲ (ပြင်ပလူကို အကျိုးသက်ရောက်မှု မပေးဘဲ) ဇာတ်လိုက်ကောင်နှင့် အမြောက်စာဇာတ်ကောင်ကို အတူတကွ ရှိစေရန် တွဲဖက်ပေးခဲ့သည်။

ပြီးနောက် ဇာတ်လိုက်မသည် ကံခေသော အကြောင်းတရားများကြောင့် စက်ဆုပ်ဖွယ်လူနှင့် လက်ထပ်ခဲ့ရသည်။

ဇာတ်လိုက်မက သူမမိဘများ၏ ကုပ္မဏီကို ဆုံးရှုံးစေခဲ့ပြီး သူမက အဆုံးသတ်ကောင်း မရရှိခဲ့ချေ။ သူမက စက်ဆုပ်ဖွယ်လူ၏ နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ သူမ၏ မိဘများပိုင် ကုပ္မဏီက ဒေဝါလီခံလိုက်ရပြီး စက်ဆုပ်ဖွယ်လူက သူမနှင့် သူမကလေးကို ချန်ထားခဲ့တော့သည်။ နောက်ဆုံးတွင် သူမက သေဆုံးသွားခဲ့၏။

သူမ မသေဆုံးမီတွင်ပင် အမျိုးသားဇာတ်လိုက်က သူမကြောင့်သာ အမြောက်စာဇာတ်ကောင်နှင့် လက်ထပ်လိုက်ရကြောင်းကို သိထားပြီးဖြစ်သည်။ သူက မပျော်ရွှင်ခဲ့ချေ။ အမြောက်စာဇာတ်ကောင်က ရွှေတူးသူ ဖြစ်သည်။ (သိုက်တူး၊ ပစ္စည်းကိုပဲ ရချင်၍ လက်ထပ်သောသူ) အမျိုးသားဇာတ်လိုက်နှင့် လက်ထပ်ပြီးနောက် သူမက သူမသားနှင့် ယောက်ျားကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ချေ။ သူမက ငွေရှိကြေးရှိ အမျိုးသမီးကဲ့သို့ ငွေကို ဘယ်လို သုံးရမည်ကိုသာ သိသောသူ ဖြစ်သည်။

နောင်တများဖြင့် အမျိုးသမီးဇာတ်လိုက်က လွန်ခဲ့သော လေးနှစ်တွင် ပြန်လည်မွေးဖွားလာပြီး အမြွှာတစ်စုံ ရှိလျက် စက်ဆုပ်ဖွယ်လူနှင့် ပြတ်သားစွာ ကွာရှင်းခဲ့ပြီး တိုင်းပြည်သို့ပြန်ကာ အမျိုးသားဇာတ်လိုက်၏ ကုပ္မဏီတွင် အလုပ်ဝင်ခဲ့သည်။

ဇာတ်လိုက်မ ပြန်မွေးဖွားလာပြီးနောက် အမြောက်စာဇာတ်ကောင်က စိတ်သောက ရောက်ခဲ့ရသည်။

ဇာတ်လိုက်မက အမျိုးသားဇာတ်လိုက်ကို ဆွဲဆောင်နိုင်ရုံသာမက သူမသားကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။ အမျိုးသားဇာတ်လိုက်က ဇာတ်လိုက်မ၏ သမီးကို ကောင်းကောင်းဆက်ဆံသည်ကို ကြည့်ပြီးနောက် သူကလည်း သမီးတစ်ယောက် လိုချင်လိမ့်မည်ဟု သူမက တွေးတောခဲ့ပြီး အမျိုးသားဇာတ်လိုက်ကို လှည့်စားကာ ကိုယ်ဝန်ရစေခဲ့သည်။

အမြောက်စာဇာတ်ကောင်က မမွေးလိုက်ရဘဲ သူမကိုယ်ဝန် ခုနှစ်လတွင် မတော်တဆဖြစ်ပွားခဲ့သည်။ အမျိုးသမီးဇာတ်လိုက်နှင့် အမြောက်စာက အတူတူ အဓမ္မခေါ်ဆောင် သွားခံခဲ့ရသည်။ နောက်ဆုံးတွင် အမျိုးသားဇာတ်လိုက်က အမျိုးသမီးဇာတ်လိုက်ကို ကယ်တင်ရန် ရွေးချယ်ခဲ့ပြီး အမြောက်စာဇာတ်ကောင်ကို ကိုယ်ဝန်ပျက်စေခဲ့ကာ ခန္ဓာကိုယ်ကို ပြောင်းလဲသွားစေခဲ့သည်။ သူမက နောက်ဆုံးတွင် ဆေးအိုးကြီးဖြစ်လာပြီး သူမ၏ သားအိမ်ကိုလည်း ဖယ်ရှားခဲ့ရသည်။

ထိုအချိန်တွင် သူမက အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်က သူမကို သစ္စာဖောက်ခဲ့ကြောင်းကို နားလည်သွားသည်။ ထို့ကြောင့် အမြောက်စာဇာတ်ကောင်က အမျိုးသမီးဇာတ်လိုက်ကို ဒုက္ခပေးသော ဗီလိန်အဖြစ် ပြောင်းလဲသွားကာ အမျိုးသမီးဇာတ်လိုက်ကို ကြံစည်ရန် ကိစ္စရပ်အမျိုးမျိုးကို ပြုလုပ်ခဲ့သည်။

နောက်ဆုံးတွင် သူမက ဆုံးရှုံးသွားပြီး ဘာမှမကျန်ရစ်တော့ချေ။ အမျိုးသားဇာတ်လိုက်က သူမကို ဘယ်တုန်းကမှ မချစ်ကြောင်း ပြောခဲ့ပြီး အစမှအဆုံးတိုင် သူ ချစ်သောသူက အမျိုးသမီးဇာတ်လိုက် ဖြစ်ကြောင်း ပြောခဲ့သည်။

သူမ အမျိုးသားဇာတ်လိုက်နှင့် ပက်သတ်သမျှ အရာအားလုံးက မှားယွင်းခဲ့သည်။

သူမ၏ ကိုယ်ပိုင်ချစ်ခြင်းနှင့် သူမကိုယ်ပိုင် လက်ထပ်ခြင်း အားလုံးက ဇာတ်လိုက်မ ပေးထားခဲ့သော အရာများသာ ဖြစ်သည်။ အဆုံးတွင် ကျန်းမာရေး မကောင်းသော အမြောက်စာဇာတ်ကောင်က ဇာတ်လိုက်မ၊ ဇာတ်လိုက်ကောင်နှင့် သူမသားတို့ကြောင့် အသက်ရှုရပ်တန့်သွားခဲ့သည်။

ဇာတ်လိုက်မသည် သုံးနှစ်ကြာ အပြစ်ရှိစိတ်ကို ခံစားခဲ့ရပြီးနောက် နောက်ဆုံးတွင် ကလေးများ၏ အကူအညီဖြင့် ဇာတ်လိုက်ကောင်ကို လက်ထပ်ယူလိုက်ကာ ပြီးပြည့်စုံသော ပျော်ရွှင်ဖွယ် အဆုံးသတ် ဖြစ်သွားခဲ့သည်။

“…”

မူလကိုယ်နှင့် ပက်သတ်သော ဇာတ်ကွက်များကို ပြန်တွေးပြီးနောက် အန်းရှသည် အနည်းငယ် စိတ်ဆင်းရဲသွားသော်လည်း ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။

ယခု သူမ၏ကိုယ်သည် သနားစဖွယ် အဆုံးသတ်သွားသော အမြောက်စာဇာတ်ကောင် ဖြစ်ပြီး သူမလက်ထပ်ခဲ့ခြင်းက မကောင်း၊ သူမကိုယ်ဝန်ရခဲ့ခြင်းကလည်း မကောင်း၊ ၈နှစ်အရွယ်သားကလည်း မကောင်း သော်လည်း သူမက သူမအိပ်မက်ထဲကအတိုင်း ကျန်းမာရေးကောင်းခဲ့ပြီဖြစ်သည်။

အနာဂတ်တွင် သည်ခန္ဓာကိုယ်က ဆေးအိုးကြီး တစ်ဖန် ဖြစ်လာပြီး ကိုယ်ဝန်ပျက်ကျကာ သေဆုံးမည် ဆိုသော်ငြား သူမက ဇာတ်ကွက်အတိုင်း မလိုက်သရွေ့ ကလေးကို ဖျက်ချ၊ ဇာတ်လိုက်ကောင်ကို ကွာရှင်းပြီး ဇာတ်လိုက်မကြောင့် နတ်ဆိုးလို မပြုမူဘဲ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ အဝေးမှာ နေသရွေ့ သူမ၏ တန်ဖိုးရှိသော ကျန်းမာရေးက အဝေးကို ပျံသန်းသွားတော့မည် မဟုတ်ပေ။

“ဒါကောင်းပြီ” အန်းရှက သူမ၏ ကျန်းမာသော ရင်ဘတ်လေးကို ဂရုတစိုက် ပွတ်သပ်လိုက်သည်။

ပြန်လည်ထူထောင်ရေးအခန်းသို့ ရောက်ရှိလာ၏။

၎င်းကို တွေးတောပြီးနောက် အန်းရှက သူမ၏ ပါးလျလျ ဗိုက်လေးကို ထိတွေ့လိုက်သည်။

ကလေးရေ တောင်းပန်ပါတယ်။

သက်ပြင်းနက်နက် ရှိုက်လိုက်ပြီးနောက် သူမက မူလကိုယ်၏ ဖုန်းကို ယူလိုက်ကာ နံပါတ်တစ်ခုကို ပြတ်ပြတ်သားသား ခေါ်လိုက်သည်။ ဖုန်းခေါ်ရခြင်းက အလွန်ခက်ခဲပုံပေါ်၏။ အန်းရှက ငါးကြိမ်မြောက်ထိ ခေါ်လိုက်ရပြီး ဖုန်းဖြေလာသည်။

“ဟေး.. မော့.. မော့ယွီစန်း.. ကွာရှင်းရအောင်”

“…”

သူမက အဆုံးထိ တခြားဖက်မှ ပြန်ဖြေသံကို မကြားရချေ။ လူသတ်သမား မော့ယွီစန်းကို ကြောက်သော အန်းရှကသာ ထပ်ပြောလိုက်သည်။ “အာ.. လေးလေးနက်နက် တွေးလိုက်ပြီးတော့မှ ငါတို့ နှစ်ယောက်က အတူတူ နေဖို့ မသင့်တော်ဘူးလို့ ထင်တယ်။ ဒါကြောင့်.. မော့ယွီစန်း ကွာရှင်းရအောင်”

သူမက မော့ယွီစန်း၏ တုံ့ပြန်မှုကို မကြားရဲဘဲ ဖုန်းချလိုက်တော့သည်။

သူမ အပြစ်ရှိစိတ်ဝင်ဖို့ မလိုချေ။

မူလတည်းက ဇာတ်လိုက်ကောင်က အမြောက်စာဖြစ်တဲ့ သူမကို မကြိုက်ဘဲ ကွာရှင်းချင်ခဲ့သည်မှာ ကြာပြီဖြစ်သော်ငြား အမြောက်စာဇာတ်ကောင်ကသာ ကွာရှင်းခြင်းကို သေသည်အထိ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ယခုတွင် အမြောက်စာလေးက ကွာရှင်းချင်သည် ဆိုမှတော့ ဇာတ်လိုက်ကောင်က ပျော်လွန်း၍ သေတော့မည်မှာ သေချာ၏။

ထိုအကြောင်းကို သူမ တွေးလေလေ မော့ယွီစန်းကို ကြောက်ပြီး ဖုန်းချသင့်လေလေဟု ခံစားရလေသည်။

သို့သော်ငြား သူမ မသိခဲ့သည်မှာ ဖုန်းဖြေပေးသူက မော့ယွီစန်း မဟုတ်ကြောင်း ကိုသာ ဖြစ်သည်။

“မစ္စတာမော့.. မစ္စမော့.. အခုလေးတင် အမျိုးသမီးက ဖုန်းဆက်ပြီးတော့ သူ

မက မင်းနဲ့ ကွာရှင်းတယ်လို့‌ ပြောလိုက်တာလား”

သူမက ကွာရှင်းဖို့ သဘောမတူဘူး မဟုတ်လား။ သိသိသာသာကိုပဲ ဥက္ကဌရဲ့မိန်းမက ကွာရှင်းဖို့ စိတ်စောနေတာပဲကို။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset