Chapter 1: အထူး အိုမီဂါ လူနာ
မနက်ရှစ်နာရီ၊ ကယ်လီဖိုးနီးယားပြည်နယ် စိန့်ပေါပုဂ္ဂလိဂဆေးရုံ၏ ပြင်ပလူနာခန်းမ။
အရပ် ၁၈၀စင်တီမီတာရှိသော လူငယ်လေးသည် ဓာတ်လှေကားထဲသို့ ဝင်သွားခဲ့သည်။ ထိုလူငယ်လေးမှာ အနက်ရောင်ကုတ်အင်္ကျီ၊ ဘေ့စ်ဘောဦးထုပ်၊ နေကာမျက်မှန်နှင့် သူ၏မျက်နှာပေါ် နှာခေါင်းစည်းတပ်ထားခဲ့သည်။ သူ၏ခန္ဓာကိုယ်အား လုံးဝဖုံးအုပ်ထားခဲ့သည်။
သူသည် ဓာတ်လှေကားထဲ့သို့ဝင်ကာ ထောင့်ဘက်တွင် မတ်တပ်ရပ်ရန်လှည့်လိုက်သည်။ ထို့နောက်သူသည် လက်လှမ်းကာ စတုတ္ထထပ်အတွက်ခလုတ်အားနှိပ်ခဲ့သည်။ သူ၏လက်များမှာ နူးညံ့ပြီးသွယ်လျနေသည်။ လက်ထိပ်များမှာလုံးဝန်းနေကာ သူ၏လက်သည်းများအား သပ်ရပ်စွာညှိထားသည်။ သူတို့သည်အလွန်လှပနေသည်။
စတုတ္ထထပ်တွင် အိုမီဂါဖယ်ရိုမုန်းများအထူးပြုဌာန ပါဝင်နေခဲ့သည်။
ဒီလိုဝတ်ထားတဲ့လူ၊ အဲ့လူကကျော်ကြားတဲ့သူများလား။
ဓာတ်လှေကားမှ ဖြတ်သွားဖြတ်လာများသည် သူ့အားသိချင်စိတ်နှင့် ကြည့်နေခဲ့ကြသည်။ လူငယ်လေးမှာ ‘ဒင်’ ဟူသောအသံတစ်ခု သူ၏နားမှမကြားရမချင်း ခေါင်းကိုငုံ့ထားခဲ့သည်။ ဓာတ်လှေကားတံခါးများပွင့်သွားကာ သူသည်ချက်ချင်းထွက်လျှောက်လိုက်ပြီး လူတိုင်းမြင်ရရန် သူ၏ပိန်ပါး၍ရှည်လျားသော နောက်ကျောကိုသာ ချန်ထားခဲ့သည်။
ဆေးရုံတွင် လှုပ်ရှားမှုများစွာ ရှိနေခဲ့သော်လည်း ယနေ့တွင်မူ လူနာများစွာ မရှိခဲ့ပေ။
လူငယ်လေးသည် အပြင်ဘက်မှ ဝင်လာခဲ့ကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် လေနှင့်နှင်းများ၏အအေးဓာတ်မျိုး ရှိနေသေးသည်။ သူသည် ဧည့်ကြိုကောင်တာဆီသို့ အမြန်လျှောက်သွားကာ သူ၏အသံမှာ ကြည်လင်နေခဲ့သည်။ “ဟယ်လို၊ ကျွန်တော်ကျန်းရှောင်ယွီပါ။ ကျွန်တော်နောက်ဆက်တွဲ ဆွေးနွေးမှုအတွက် ဒေါက်တာကျိုးနဲ့ ချိန်းထားလို့ပါ”
ယနေ့ဖယ်ရိုမုန်းများအထူးဌာနတွင် အလုပ်လုပ်နေသော ဆရာဝန်မှာ ကျိုးယန်ဖြစ်သည်။ သူသည် တရုတ်လူမျိုး အမျိုးသားအိုမီဂါဖြစ်ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပီအိပ်ခ်ျဒီဘွဲ့ရထားခဲ့သည်။ သူ၏သုတေသနခေါင်းစဉ်မှာ အေ/ဘီ/အို ဖယ်ရိုမုန်းများနှင့် ဆက်စပ်နေသည်။
ကျန်းရှောင်ယွီသည် ကယ်လီဖိုးနီးယားတွင် လွန်ခဲ့သည့်နှစ်အနည်းငယ်က သူနှင့်တွေ့ခဲ့ကာ သူတို့နှစ်ဦးမှာ တဖြည်းဖြည်းနှင့် သူငယ်ချင်းများဖြစ်လာခဲ့သည်။
သူနာပြုမှာ သူ၏ဖုန်းပေါ်မှ ချိန်းဆိုထားသည့်အချက်အလက်အားမြင်ကာ ဆရာဝန်ရုံးခန်းထဲသို့ ချက်ချင်းခေါ်သွားခဲ့သည်။
သူရုံးခန်းထဲသို့ဝင်လာသည့်အခိုက်အတန့်တွင် ကျိုးယန်မှာ တစ်စုံတစ်ယောက်နှင့် ဖုန်းပြောကာ ကိစ္စတစ်ခုအား ဆွေးနွေးနေပုံပေါ်သည်ကို တွေ့ခဲ့သည်။ သူသည် ကျန်းရှောင်ယွီအား မြင်ကာ ‘အရင်ထိုင်နှင့်’ဟု အခြားသူအား လက်ဟန်ပြနေခဲ့သည်။ ထို့နောက် သူသည်ဖုန်းမှတစ်ဆင့် အခြားလူအား စကားဆက်ပြောနေခဲ့သည်။
ကျန်းရှောင်ယွီသည် သူ၏ကုတ်အင်္ကျီအားချွတ်လိုက်ကာ သူ၏ဘေးရှိချိတ်ပေါ်တွင် ချိတ်ထားလိုက်သည်။ ထို့နောက်သူသည် ဆရာဝန်၏ဆန့်ကျင်ဘက် နေရာတွင်ထိုင်ချခဲ့သည်။
ကျိုးယန်သည် ဖုန်းအမြန်ချလိုက်ကာ သူ့အားပြုံး၍ကြည့်နေခဲ့သည်။ “မင်းပြန်စစ်ဆေးဖို့အတွက် လာခဲ့တာလား”
ကျန်းရှောင်ယွီသည် ဟုတ်သည်ဟု အသံပေးလိုက်ကာ သူ၏နှာခေါင်းစည်းနှင့် နေကာမျက်မှန်အားချွတ်လိုက်ပြီး ကြည်လင်၍ကြယ်ကဲ့သို့ တလက်လက်တောက်ပနေသောမျက်လုံးများ ပေါ်ထွက်လာခဲ့သည်။
သူ၏မျက်လုံးများမှာ အလွန်လှပသော်လည်း အေးစက်နေသည်။ အနည်းငယ်မြင့်တက်၍တည်တံ့နေသော မျက်ခုံးမွေးများမှာ သူ၏မျက်နှာအသွင်အပြင်အား အနည်းငယ်ထက်မြက်စေခဲ့သည်။ သူသည်ချစ်စရာကောင်းသည်မှာ သိသာနေသော်လည်း သူ၏နှုတ်ခမ်းများမှာ ပြည့်ဖူးနေကာ ဆက်စီကျသည်။ သူ၏နှုတ်ခမ်းထောင့်တွင် အနီရောင်တောက်တောက် မှဲ့တစ်လုံးရှိနေခဲ့သည်။
ကျိုးယန်သည် အီလက်ထရောနစ်ဖိုင်တွဲအားစစ်ဆေးရန် ကီးဘုတ်အားအမြန်စာရိုက်လိုက်သည်။ ထို့နောက်သူသည် စိုးရိမ်စိတ်နှင့်မေးလိုက်သည်။ “မင်းရဲဖယ်ရိုမုန်းတွေကို မကြာသေးခင်က ဘယ်လိုထိန်းချုပ်ခဲ့လဲ”
ကျန်းရှောင်ယွီသည် ပေါ့ပေါ့ပါးပါးသာပြန်ဖြေခဲ့သည်။ “အရင်လိုပါပဲ။ အရမ်းလည်းမတည်ငြိမ်ဘူး”
ကျိုးယန်သည် သူ၏ဖိုင်တွဲအား ရှာတွေ့ခဲ့ကာ သူ့အားစစ်ဆေးရန် သူနာပြုအားခေါ်လိုက်သည်။
စစ်ဆေးမှုရလဒ်မှာ မကြာမီပင် ထွက်လာခဲ့သည်။ ကျိုးရန်သည် စာရင်းပေါ်မှပုံများအားမြင်တွေ့ကာ မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းရှောင်ယွီ၏ ဖယ်ရိုမုန်းတန်ဖိုးများမှာ ယခုထိမတည်ငြိမ်လွန်းသေးပေ။
ကျိုးယန်သည် နှစ်ပေါင်းများစွာ ဆရာဝန်ဖြစ်နေခဲ့သော်လည်း ဤကဲ့သို့ကိစ္စရပ်မျိူး သူမတွေ့ခဲ့ဖူးပေ။ ဤလူမှာ အိုမီဂါဖြစ်သည်မှာ သေချာသော်လည်း သူ၏ဖယ်ရိုမုန်းများမှာ အယ်လ်ဖာထက်ပို၍ပြင်းထန်ကာ ဖိနှိပ်လွန်းသည်။
သူသည် ပထမဆုံး စိတ်လွတ်ကိုယ်လွတ်ဖြစ်နေသော ကျန်းရှောင်ယွီအား မြင်ခဲ့သော လွန်ခဲ့သောငါးနှစ်အား သတိရနေသေးသည်။ အိုမီဂါဖြစ်နေခဲ့သော ကျိုးယန်မှာ တစ်ဖက်လူ၏ဖယ်ရိုမုန်းများကြောင့် အားနည်းနေခဲ့သည်။ သူ၏အနားမှ အယ်လ်ဖာများမှာ အကြာကြီးထိတ်လန့်နေခဲ့ကာ မြင်ကွင်းမှအစုလိုက်အပြုံလိုက် ထွက်ပြေးသွားခဲ့ကြသည်။
အိုမီဂါအများစု၏ဖယ်ရိုမုန်းများသည် အယ်လ်ဖာများအား ဆွဲဆောင်နိုင်လိမ့်မည်။ အယ်လ်ဖာများသည် အိုမီဂါများ၏ဖယ်ရိုမုန်းများအား အနံ့ခံမိသောအခါ ချိုမြိန်၍ဆွဲဆောင်မှုရှိသည်ဟု ခံစားရလိမ့်မည်။ သူတို့သည် အခြားလူအား အနားကပ်ချင်ကာ သူတို့အားအမှတ်အသားပြုထားကြသည်။
သို့သော်ကျန်းရှောင်ယွီမှာ ထူးခြားနေခဲ့သည်။
ဤအိုမီဂါ၏ဖယ်ရိုမုန်းများမှာ အားပြင်းထန်ကာ အယ်လ်ဖာများအပေါ် အဟန့်အတား အကျိုးသက်ရောက်မှုရှိနေခဲ့သည်။ ဆိုလိုသည်မှာ အယ်လ်ဖာများ ကျန်းရှောင်ယွီအား မျက်နှာချင်းဆိုင်မိသောအခါ သူ့အနားကပ်ချင်သည့် လှုံ့ဆော်မှုမျိုးမရရှိခဲ့ပေ။ သူတို့သည်ထွက်သာပြေးချင်နေခဲ့သည်။
အယ်လ်ဖာများသည် သူ၏ဖယ်ရိုမုန်းများ မည်ကဲ့သို့ဆွဲဆောင်မှုရှိလွန်းသည်ဟု မထင်ခဲ့ကြပေ။ သူ၏ဖယ်ရိုမုန်းများသည် ပြင်းထန်လွန်းကာ လွှမ်းမိုးချုပ်ကိုင်လွန်းသည်ဟူ၍သာ ခံစားမိခဲ့သည်။ သူတို့နယ်မြေအား ချိုးဖောက်နှောင့်ယှက်ခံရသကဲ့သို့ဖြစ်နေကာ ၎င်းမှာအလွန်စိတ်မသက်မသာဖြစ်ခဲ့ရသည်။
ကျန်းရှောင်ယွီတွင် ဖယ်ရိုမုန်းချို့ယွင်းမှုရှိနေခဲ့သည်ဟု ဆေးရုံ၏ကျွမ်းကျင်သူအဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့သည်။
ဤကဲ့သို့သောကိစ္စများမှာ အလွန်ရှားသည်။ ၎င်းမှာခွဲခြားနေစဉ်အတွင်း ဂလင်းများပြောင်းလဲခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ သူသည်အိုမီဂါအဖြစ် ခွဲခြားနိုင်ခဲ့သော်လည်း သူ၏ဖယ်ရိုမုန်းများတွင် အယ်လ်ဖာ၏ဝိသေသလက္ခဏာများတစ်ချို့ပါဝင်နေကာ အယ်လ်ဖာ၏ချဉ်းကပ်မှုအား ငြင်းပယ်နေလိမ့်မည်။
ထိုကဲ့သို့သောအိုမီဂါမှာ သူတို့၏အက်စ်ထရပ်စ်ကာလထဲသို့ ဝင်လာလျှင်ပင် အမှတ်အသားအပြုခံရရန် ခက်ခဲလှသည်။
ကျန်းရှောင်ယွီသည် ဤအဆုံးသတ်အား သိရှိရသောအခါ ဝမ်းနည်းခြင်းမရှိခဲ့ပေ။ သူသည် အလွန်တည်ငြိမ်စွာသာ မေးလိုက်သည်။ “ငါ့ရဲ့ဂလင်းတွေပြောင်းကုန်ပြီ။ ဒါဆိုသူတို့ကို ဖယ်ရှားဖို့ ခွဲစိတ်မှုမျိုး မင်းလုပ်နိုင်လား”
ဆရာဝန်မှာသူ့အား အံ့ဩတကြီးကြည့်လိုက်သည်။ “သေချာပေါက်မရဘူးပေါ့။ အိုမီဂါရဲ့ဂလင်းတွေက အန်ဒိုခရိုင်းစနစ်တစ်ခုလုံးနဲ့ ဆက်စပ်နေတာ။ မင်းအဲ့ဒါတွေကိုဖယ်လိုက်ရင် မင်းရဲ့သက်တမ်းတွေကို ထိခိုက်စေလိမ့်မယ်။ မင်းခန္ဓာကိုယ်ထဲက ဟော်မုန်းများစွာကလည်း လုံးဝရပ်သွားလိမ့်မယ်”
ကျန်းရှောင်ယွီသည် သူ၏လည်ပင်းအနောက်ဘက်မှ ဂလင်းများအား ထိကြည့်လိုက်ကာ တီးတိုးပြောလိုက်သည်။ “ဒါတကယ့်ကိုဒုက္ခပဲ”
သူသည်မော့ကြည့်၍ ထပ်မမေးခင်တွင် အလွန်တိတ်ဆိတ်နေခဲ့သေးသည်။ “တခြားကုသမှုမျိုးမရှိဘူးလား”
ပါမောက္ခမှ အကြံပေးခဲ့သည်။ “ငါတို့အကြံနှစ်မျိုး လုပ်ထားတယ်။ ပထမတစ်ခုက မင်းရဲ့ဖယ်ရိုမုန်းတွေကို အထူးပြုလုပ်ထားတဲ့ လုပ်ဆောင်မှုတိုတဲ့တားဆေးနဲ့ ထိန်းထားတာပဲ။ ဘယ်အချိန်မဆိုစောင့်ကြည့်ရင်းနဲ့ တစ်ရက်ကိုတစ်ခါ ထိုးဖို့လိုပြီး ပုံမှန်စစ်ဆေးမှုမျိုးရှိရမယ်။ ဒုတိယအစီအစဉ်ကတော့ ဒေတာအခြေခံမှာ မင်းနဲ့ကိုက်ညီတဲ့ အယ်လ်ဖာကို ရှာဖို့ပဲ။ နောက်ပြီး မင်းလိုချင်ရင် သူ့ကိုလုံးဝအမှတ်အသားလုပ်ခိုင်းလိုက်တော့”
ကျန်းရှောင်ယွီသည် ထိုအကြောင်းအား မစဉ်းစားမိဘဲ ပထမအကြံကိုသာ ရွေးချယ်ခဲ့သည်။
သူ၏နာကျင်မှုခံစားရခြင်းမှာ သာမန်လူများထက် ပို၍စူးရှသော်လည်း တစ်နေ့တစ်ခါဆေးထိုးခြင်းကြောင့်နာကျင်မှုမှာမူ ခံနိုင်ရည်ရှိနေပါသေးသည်။
နှစ်ပေါင်းများစွာကြာ သူသည်ကယ်လီဖိုးနီးယားတွင် ဆေးကုသမှုအတွက် နေထိုင်ခဲ့သည်။ ထူးချွန်သူများအဖွဲ့မှာ သူ၏ကုသမှုအစီအစဉ်အား အကြိမ်ပေါင်းများစွာ ညှိနှိုင်းခဲ့ကြကာ သူ့အတွက် များစွာသော တားဆေးများအား ပြောင်းလဲပေးခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် အသင့်တော်ဆုံးထိုးဆေးအား ရှာတွေ့ခဲ့သည်။
လက်ရှိမှာမူ သူ၏ဖယ်ရိုမုန်းများမှာ မတည်ငြိမ်သော်လည်း အနည်းဆုံး သူတို့သည် အယ်လ်ဖာများအား နောက်ထပ်မခြောက်လှန့်တော့ပေ။
ကျိုးယန်သည် မေးရင်းနှင့် ဖိုင်တွဲထဲသို့ မှတ်စုရေးရန် ခေါင်းငုံ့ထားခဲ့သည်။ “လတ်တလော အဖျားတက်တာတို့ မောတာတို့လို လက္ခဏာတွေရောရှိသေးလား”
ကျန်းရှောင်ယွီသည် ခေါင်းခါလိုက်သည်။ “မရှိဘူး။ အားလုံးကပုံမှန်ပဲ”
“အဲ့ဒါကောင်းတယ်” ကျိုးယန်သည် သူနာပြုအား တားဆေးဘူးယူလာရန် တောင်းဆိုပြီး ညွှန်ကြားခဲ့သည်။ “ခါတိုင်းအစီအစဉ်လိုမျိုး တစ်ရက်တစ်ကြိမ် ဒါကိုဆက်ထိုးနေလိုက်။ မင်းရဲ့ဖယ်ရိုမုန်းတွေပြောင်းလဲမှုကို စစ်ဆေးပြီး နောက်ဆက်တွဲစစ်ဆေးဖို့အတွက် တစ်ပတ်တစ်ကြိမ်ဆေးရုံကိုလာခဲ့”
“နားလည်ပါပြီ” သူသည်ပြန်လည်စစ်ဆေးမှုလုပ်ပြီးသည့်အချိန်တိုင်း ကျန်းရှောင်ယွီသည် ဗိုက်ဟောင်းလောင်းဖြင့် သူ၏သွေးအားထုတ်ရကာ မည်သည့်တားဆေးမျိုးမှ ထိုးသွင်း၍မရနိုင်ခဲ့ပေ။ ယခုမူ တားဆေးထိုးသွင်းရန် ပုံမှန်အချိန်ဖြစ်ခဲ့သည်။ သူသည် ဆရာဝန်၏လက်မှ ဆသေတ္တာအားယူကာ ကျွမ်းကျင်စွာဖွင့်ခဲ့ပြီး သူ၏ဘယ်ဘက်လက်အင်္ကျီအား ဆွဲတင်၍ သူ၏ညာလက်ဖြင့် တစ်ခါသုံး ဆေးထိုးအပ်အားကောက်ကိုင်ပြီး သူ၏လက်မောင်းထဲသို့ ထိုးသွင်းခဲ့သည်။
အပ်ထိပ်မှာအရေပြားအား ထိုးဖောက်ဝင်ရောက်သွားပြီး အရည်ကြည်တစ်ခုအား သူ၏ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ တွန်းပို့လိုက်သည်။ သူ၏ဖျော့တော့သောအသားအရေနှင့် သွယ်လျသောလက်မောင်းများက သူ့အားအနည်းငယ်နာကျင်စေပုံပေါ်သော်လည်း သူ့ကိုယ်သူအပ်ဖြင့်ထိုးသည့်ပုံစံမှာ ရှင်းလင်းပြတ်သားသည်။ သူဤအရာအားနေသားကျနေသည်မှာ ထင်ရှားလှသည်။
၎င်းအားထိုးပြီးသည့်နောက် သူသည်အပ်အားအလျင်အမြန်ပင် ဆွဲထုတ်လိုက်သည်။ တောက်ပသည့်အနီရောင်သွေးတစ်စက်မှာ သူ၏ဖြူဖွေးနေသောအရေပြားမှ စိမ့်ထွက်လာကာ ကျန်းရှောင်ယွီသည် သွေးထွက်ခြင်းအားရပ်တန့်ရန် ဂွမ်းစကိုအသုံးပြုခဲ့သည်။ ထို့နောက်သူသည် သူ၏အင်္ကျီစအားဆွဲချကာ သူ၏နေကာမျက်မှန်နှင့် နှာခေါင်းစည်းအား တပ်ဆင်ခဲ့သည်။ သူသည်မတ်တပ်ရပ်ကာ ကုတ်အင်္ကျီကိုယူ၍ပြန်ဝတ်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ နောက်ဆက်တွဲစစ်ဆေးဖို့အတွက် နောက်တစ်ပတ်ပြန်လာခဲ့ပါမယ်”
ကျိုးယန်သည် ဤလူ၏ပိန်ပါးလှသောနောက်ကျောအား ကြည့်ကာ နာကျင်မှုတစ်ချို့ကို ခံစားခဲ့ရသည်။ ခန္ဓာကိုယ်ထဲသို့ တားဆေးအားနေ့စဉ်ထိုးသွင်းခြင်းမှာ ကြီးမားသည့်ဘေးထွက်ဆိုးကျိုးများရှိနေခဲ့သည်။ သူ၏အစာခြေစနစ်နှင့် ဇီဝကမ္မဖြစ်စဉ်လုပ်ငန်းများမှာ သက်ရောက်မှုရှိနေခဲ့ကာ သူသည်မကြာသေးမီက အလေးချိန်များစွာ လျော့သွားခဲ့သည်။
ကျိုးယန်သည် ညင်သာစွာ တွေးတောနေခဲ့သည်။ “မင်းဘာလို့ဒုတိယအကြံအစည်ကို မစဉ်းစားတာလဲ”
ကျန်းရှောင်ယွီမှာ ရပ်တန့်လိုက်သည်။ “ဟမ်”
“မင်းရဲ့ဖယ်ရိုမုန်းတွေကို ဖိနှိပ်နိုင်တဲ့ အယ်လ်ဖာကိုရှာပြီး မင်းကိုလုံးဝအမှတ်အသားပြုခွင့်ပေးတာကိုလေ။ မင်းတားဆေးတွေထိုးစရာမလိုတော့ဘဲ မင်းရဲ့ဖယ်ရိုမုန်းရောဂါက သက်သာသွားနိုင်တယ်”
“လုံးဝအမှတ်အသားပြုလိုက်ရမှာလား။ မင်းဆိုလိုတာက ငါ့ခန္ဓာကိုယ်ထဲမှာ အယ်လ်ဖာကို ထုံးဖွဲ့ခိုင်းလိုက်တာလား” ကျန်းရှောင်ယွီ၏အပြုံးများသည် လှောင်ပြောင်သည့်အပြုံးတစ်ခုအဖြစ်မြင့်တက်သွားခဲ့သည်။ “ငါ့လက်သီးကိုမထိန်းနိုင်ဘဲ သူ့ခေါင်းကို အပိုင်းပိုင်းဖြတ်မိမှာကို ကြောက်တယ်”
“……” ကျိုးယန်သည် ရယ်ရမည်လား ငိုရမည်လားကိုပင်မသိတော့ပေ။ အမျက်ကြီးသောအိုမီဂါသည် ‘သူ့အားအမှတ်အသားပြုသော အယ်လ်ဖာအား ဆေးရုံတင်ပေးသည်’ ကဲ့သို့သော တစ်စုံတစ်ခုအား သေချာပေါက်လုပ်လိမ့်မည်။
ကျိုးယန်သည် စိတ်မကြည်သည့်အပြုအမူနှင့် သူ၏နားထင်များပွတ်သပ်ရအောင် ကျန်းရှောင်ယွီမထွက်သွားမချင်းပင်ဖြစ်သည်။
မည်သူမျှဤလူ၏ဖယ်ရိုမုန်းများအား သည်းမခံနိုင်ပေ။ နှစ်တိုင်းအက်စ်ထရပ်စ်ကာလအတွင်း ကျန်းရှောင်ယွီသည် နာကျင်မှုများစွာခံစားရကာ ၎င်းအားထိန်းချုပ်ရန်အတွက် သာမန်တားဆေးများ ဆယ်ဆလိုအပ်နေခဲ့သည်။
သူ၏ပြသနေသောဆရာဝန်တစ်ယောက်အနေဖြင့် ကျိုးယန်သည်သူစိတ်မငြိမ်မသက်ဖြစ်နေသည့်အချိန်၌ သူ့ကိုယ်သူကုတ်ခြစ်နေခဲ့သည်ကို မြင်ခဲ့ရသည်။ သူ၏တည်ငြိမ်မှုပြန်လည်ရရှိသောအခါ အိုမီဂါ၏မျက်လုံးများမှာ အမြဲရှင်းလင်း၍ တည်ငြိမ်နေခဲ့သည်။
သူသည်ဖျားနာ၍အားနည်းပုံပေါ်သော်လည်း သူ၏ကိုယ်ရည်ကိုယ်သွေးမှာ မာနကြီးကာခေါင်းမာသည်။
လွန်ခဲ့သည့်ငါးနှစ်အတွင်းတွင် သူသည်မူမမှန်သည့်အချက်ကြောင့် စည်းကမ်းတင်းကျပ်ခံခဲ့ရသည်။ မနက်တိုင်း ရှစ်နာရီခွဲနှင့် ဗုဒ္ဓဟူးနေ့တိုင်းတွင် ပုံမှန်ထိုးသွင်းမှုများရှိနေခဲ့ပြီး ပုံမှန်စစ်ဆေးမှုများလည်းရှိနေခဲ့သည်။ ထိုးသွင်းမှု၏ဘေးထွက်ဆိုးကျိုးမှာ သူ့ခန္ဓာကိုယ်၏အစာခြေနှင့် ဇီဝကမ္မလုပ်ငန်းများမှာ သက်ရောက်ခံခဲ့ရသောကြောင့် သူသည်စားချိန်နှင့်အိပ်ချိန်ကိုပင် တင်းကျပ်စွာသတ်မှတ်ခဲ့ရသည်။ သူသည် အစီအစဉ်များနှင့် စက်ရုပ်တစ်ကောင်ကဲ့သို့ဖြစ်နေသည်။
အခြားသူများ၏မျက်လုံးထဲတွင် ဤကဲ့သို့သောနေ့မှာ ခက်ခဲကာပျင်းစရာကောင်းနေခဲ့သည်။ သို့သော်ကျန်းရှောင်ယွီမှာ အေးချမ်းသည့်သဘောထားရှိနေခဲ့သည်။
သူသည်တစ်ယောက်တည်းနေကာ ခွေးကလေးတစ်ကောင်မွေးပြီး လွတ်လပ်စွာနေခဲ့သည်။
ကျန်းရှောင်ယွီသည် အပြင်လူနာဆောင်မှ ထွက်လာသောအချိန်မှာ မနက်ကိုးနာရီခွဲဖြစ်သည်။
လမ်းပေါ်တွင် စိမ်းလန်းမှုတစ်စုံတစ်ရာမျှရှိမနေဘဲ လေထုမှာလေးလံမှုများနှင့် ပြည့်နေခဲ့သည်။ ယမန်နေ့က နှင်းများထူထပ်နေခဲ့ကာ စိုစွတ်သောလေမှာ လူများ၏ရိုးတွင်းခြင်ဆီထဲသို့ စိမ့်ဝင်သွားပုံရသည်။ အေးစက်သည့်လေပြင်းများတိုက်ခိုက်လာကာ မြေပြင်ပေါ်မှဆီးနှင်းများသည် လူများ၏မျက်နှာများဆီသို့ တည့်တည့်တိုးဝင်သွားခဲ့သည်။ ရှောင်ယွီသည် မျက်မှောင်ကြုတ်ကာ ယာဉ်ရပ်နားရာနေရာသို့ လျင်မြန်စွာ လျှောက်သွားရင်း သူ၏ကုတ်အင်္ကျီအား တင်းကျပ်စွာဝတ်ဆင်ထားခဲ့သည်။
သူ၏ဘေးမှစုံတွဲမှာ ပြင်ပလူနာဆေးခန်းမှ ထွက်လာခဲ့သည်။ ကိုယ်ဝန်ဆောင် အမျိုးသားအိုမီဂါမှာ အမျိုးသားအယ်လ်ဖာ၏အကူအညီဖြင့် ဖြည်းညှင်းစွာရှေ့သို့ လျှောက်လှမ်းနေခဲ့သည်။ အိုမီဂါ၏အသံမှာ အလွန်ပျော်ရွှင်နေခဲ့သည်။ “အချစ်ကလေး၊ ငါတို့ကလေးလေးက မင်းနဲ့တူမယ်ထင်လား။ ငါနဲ့တူမယ်ထင်လား”
အယ်လ်ဖာမှာ နူးညံ့စွာပြန်ဖြေခဲ့သည်။ “သူကမင်းနဲ့တူမယ်လို့မျှော်လင့်တယ်။ သူအရမ်းချစ်စရာကောင်းမှာပဲ”
ကျန်းရှောင်ယွီသည် အမူအရာမဲ့စွာဖြင့် အဝေးတစ်နေရာသို့ကြည့်လိုက်သည်။
သူသည်လည်း အိုမီဂါဖြစ်နေခဲ့သည်။ အခြားသောအိုမီဂါများမှာ အယ်လ်ဖာများ၏နှစ်သက်မှုကိုရရှိခဲ့သည်။ သူတို့အား အမှတ်အသားပြုနိုင်ကာ သစ္စာရှိ၍တည်မြဲသော ချစ်ခြင်းမေတ္တာအားရရှိနိုင်သည်။
ထိုစဉ်သူသည် အယ်လ်ဖာများကိုသာ ခြောက်လှန့်နေခဲ့မိသည်။ သူသည်အယ်လ်ဖာများအား ရွံရှာမှု၊ကြောက်ရွံ့မှုနှင့် အဝေးသို့ထွက်ပြေးချင်စိတ်များ ဖြစ်ပေါ်စေခဲ့သည်။
သူသည်သူ၏အင်အားကြောင့် ယနေ့မတိုင်မချင်း တစ်ကိုယ်တည်းသာဖြစ်နေခဲ့ရသည်။
ဤရောဂါအတွက် ဆေးဘက်ဆိုင်ရာအခေါ်အဝေါ်မှာ ‘ဖယ်ရိုမုန်းရောဂါ’ ဖြစ်နေခဲ့သည်။
ကျန်းရှောင်ယွီသည် သူ့ကိုယ်သူ အမည်ပေးထားခဲ့သည်: တစ်သက်လုံးတစ်ကိုယ်တည်းဖြစ်ရန် ကံပါလာသူ။
ဤသည်မှာ ကောင်းလည်းကောင်းသည်။ ကျန်းရှောင်ယွီကိုယ်တိုင်ကမူ သူတစ်ယောက်တည်းနေလျှင် သူလုပ်ချင်သမျှဘာမဆိုလုပ်နိုင်ခဲ့သည်ဟု တွေးမိခဲ့သည်။ သူသည်အခြားသူများအား ဂရုစိုက်စရာမလိုဘဲ အခြားသူများထံမှ စီမံခံစရာမလိုပေ။ သူသည်လွတ်လပ်ကာ အထိန်းအချုပ်ကင်းမဲ့နေခဲ့သည်။
ရာသီဥတုကောင်းလာသည်နှင့်တစ်ပြိုင်နက် အဘယ်ကြောင့် ခရီးသွားယာဉ်နှင့် ခရီးမထွက်ဘဲနေမည်နည်း။
ထို့နောက်သူ၏ဖုန်းမှာ ရုတ်တရက်မြည်လာခဲ့သည်။ မသိသောနံပါတ်မှ ပို့စာတစ်စောင်ဖြစ်နေခဲ့သည်: [အားယွီ၊ ဒါယွီမင်ကျန်းပါ။ ဒါအစ်ကို့ရဲ့ဖုန်းနံပါတ်လား။ အစ်ကိုတရုတ်ပြည်ကို ပြန်လာဖို့စိတ်ကူးသေးလား]
ကျန်းရှောင်ယွီမှာ အနည်းငယ်ထိတ်လန့်သွားခဲ့သည်။
ယွီမင်ကျန်းသည် ACEဟူသောအဖွဲ့၏ မန်နေဂျာနှင့်အဖွဲ့ခေါင်းဆောင်ဖြစ်နေခဲ့သည်။ သူအလုပ်ထွက်သည့်အချိန်ကတည်းက သူမနှင့်အဆက်အသွယ်မလုပ်ခဲ့ပေ။ သူမသည် နှစ်ပေါင်းများစွာကြာပြီးနောက် သူ့အားရုတ်တရက် ရှာဖွေနေခဲ့သည်။ တစ်ခုခုများဖြစ်လို့လား။
ကျန်းရှောင်ယွီသည် ပြန်စာရိုက်လိုက်သည်: [ညီမယွီ၊ အချိန်တစ်ခုလောက်တော့ ငါတရုတ်ပြည်ကို ပြန်လာဖို့ အစီအစဉ်မရှိပါဘူး။ ညီမအဆင်ပြေရဲ့လား]
ယွီမင်ကျန်းသည် ပြန်ဖြေခဲ့သည်: [ညီမအစ်ကို့ကိုခေါင်းဆောင်တွေဆီ ထောက်ခံပေးထားပြီး နည်းပြအနေနဲ့ တရုတ်ပြည်ကို ပြန်လာဖို့ ကမ်းလှမ်းချင်တယ်]
ကျန်းရှောင်ယွီသည် မျက်ခုံးပင့်သွားသည်။ [ညီမနောက်နေတာလား။ [ငါ့လိုအနားယူသွားတဲ့ကစားသမားကို နည်းပြလုပ်ခိုင်းနေတာလား]
ယွီမင်ကျန်းသည် စာရှည်တစ်စောင် ရိုက်လိုက်သည်: [ညီမမနောက်ဘူး။ အဲ့တုန်းကACEအဖွဲ့ အံ့ဩစရာတွေဖန်တီးနိုင်ခဲ့တာက အစ်ကိုကခေါင်းဆောင်ဖြစ်နေခဲ့လို့ပဲ။ နည်းပညာအားလုံးကို အစ်ကိုကပဲဖန်တီးပြီး ဂိမ်းပွဲကို ညွှန်ကြားခဲ့တာ။ အစ်ကိုကညီမ မြင်ဖူးသမျှထဲမှာ နည်းပညာပိုင်းအသိဉာဏ် အမြင့်ဆုံးပဲ။ အစ်ကိုနည်းပြနေရာကို ယူနိုင်လိမ့်မယ်လို့ ညီမယုံတယ်]
အပြင်ဘက်တွင် အလွန်အေးနေခဲ့သည်။ ကျန်းရှောင်ယွီသည် သူ၏ကားဆီသို့သွားကာ တံခါးကိုဖွင့်၍ ကားမောင်သည့်ထိုင်ခုံတွင်ထိုင်နေပြီး အပူပေးစက်ခလုတ်အား နှိပ်လိုက်သည်။ ကားအားလည်ပတ်နေသော နွေးထွေးသည့်လေမှာ သူ့အားပို၍သက်တောင့်သက်သာဖြစ်စေခဲ့သည်။
သူသည် သူ၏ဦးထုပ်နှင့်နှာခေါင်းစည်းအား ချွတ်ပြီး သူ၏အေးခဲနေသောလက်များအား အတူတကွပွတ်သပ်နေခဲ့သည်။ ထို့နောက်သူသည် ဖုန်းကိုကိုင်ကာ အလျင်အမြန်ရိုက်လိုက်သည်: [ငါ့ကို ချီးကျူးမနေပါနဲ့။ ငါဟိုးအရင်ကတည်းက e-sports အသိုင်းအဝိုင်းကို ထွက်သွားခဲ့တာလေ။ နည်းပညာအသိဉာဏ်ပိုင်းက အတိတ်မှာအားလုံးကျန်ခဲ့ပြီပဲ]
ယွီမင်ကျန်းမှာ ပြောလိုက်သည်: [အဲ့လိုဆိုရင်တောင် အစ်ကို ‘သေနတ်ဘုရင်’ကို အာရုံစိုက်မိနေတာပဲမဟုတ်လား။ ညီမလွန်ခဲ့တဲ့ရက်တုန်းက အစ်ကို့ရဲ့နောက်အကောင့်တစ်ခုက နိုင်ငံတကာဆာဗာထဲ ဝင်ထားတာတွေ့ခဲ့တယ်]
ကျန်းရှောင်ယွီသည် မငြင်းဆန်ခဲ့ပေ။ [ငါပျင်းလို့ ပေါ့ပေါ့ပါးပါးပဲ ကစားခဲ့တာပါ]
ယွီမင်ကျန်း:[အစ်ကိုထွက်သွားပြီး ACEကလည်းပျက်သွားပြီးတော့ အဖွဲ့ဝင်ဟောင်းတစ်ချို့လည်း တော်တော်အဆင်မပြေကြတော့ဘူး။ ယယ်ကျီကလည်း ဆိုင်းငံ့ခံထားရပြီး လောင်လင်းကလည်း အနားယူဖို့ပြင်နေသလို ရှောင်းချန်ကအရန်ခုံမှာ ထိုင်နေရတယ်။ နောက်ပြီး အစ်ကို့ရဲ့အလုပ်သင် ရှောင်းပိုင်ကိုရော မှတ်မိသေးလား] (လောင်=အသက်ကြီးသူ၊ ရှောင်း=ငယ်ရွယ်သူ၊ ကျီ=သား/ကလေး)
ကျန်းရှောင်ယွီသည် တိတ်ဆိတ်သွားခဲ့သည်။ သူသည် အလိုအလျောက် မှတ်မိနေခဲ့သည်။
ယွီမင်ကျန်းသည် စာနှစ်စောင်အား
ဆက်တိုက်ပို့ခဲ့သည်။
[သူကကျွမ်းကျင်တဲ့ ကစားသမားတစ်ယောက်ဖြစ်မလာဘဲ အသင်းကြီးအဖွဲ့တွေရဲ့ ဖိတ်ကြားချက်အားလုံးကို ငြင်းပယ်ခဲ့တယ်လေ]
[သူကအစ်ကိုပြန်လာဖို့ကိုစောင့်နေခဲ့တာတဲ့]