PTH အပိုင်း ၁၄

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

အပိုင်း ၁၄ နောက်တစ်နှစ်

တိတ်ဆိတ်‌သော ညတွင် ကျင်းကျူး၏ ခြံဝင်းသည် လီရှီရှူးမဟုတ်သည့် သူ့ပထမဆုံးဧည့်သည်တော်ကို ကြိုဆိုလိုက်သည်။

သူလာလိမ့်မည်ကို သိသောကြောင့် သူ ခြံဝင်းထဲ ကြိုရပ်နေခဲ့ပြီး စောင့်‌နေခဲ့၏။

ထိုသည်မှာ လေးစားသမှုကို ပြသရန်မဟုတ်ပေ။ သူ့ဂူထဲ တခြားသူများ ဝင်လာသည်ကို သူ အသားမကျသောကြောင့်ဖြစ်၏။

ဆရာသခင်လု ဤအရာကို မသိခဲ့ပေ။ သူ့ဉာဏ်ကောင်းမှုနှင့် လောကဝတ်ကြောင့် သူ တော်တော်လေး ကျေနပ်သွားခဲ့သည်။

“မနက်က မင်းရဲ့ သူငယ်ချင်း တပည့်တွေကို မင်း ပေးလိုက်တဲ့ အဖြေတွေအားလုံးက မှန်ကန်ကြတယ်”

ဆရာသခင်လု သူ့လက်မောင်းအိုးထဲမှနေ၍ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။
“ဒါပေမယ့် နောက်ဆုံးမေးခွန်းကို မင်း မှားယွင်းစွာ ဖြေဆိုခဲ့တယ်”

ကျင်းကျူး တော်တော်လေး ခေါင်းရှုပ်သွားပြီး သူက မည်သို့ မှားနိုင်မည်နည်းဟု တွေးလိုက်သည်။ သူ ထိုစာရွက်ကို ယူလိုက်ပြီး ကြည့်လိုက်ကာ ထို့နောက် အကြမ်းဖျင်းနားလည်လိုက်၏။

“ဒါကို သဘောပေါက်ပြီးနောက်မှာ မန္တာန်ထဲက ဒီစာပိုဒ်ကို မင်း နားမလည်ခဲ့ဘူး။ ဒီစာပိုဒ်က ဒီစာအုပ်ရဲ့ အဓိပ္ပာယ်ကောက်ယူချက်အသစ်ပဲ”

ဆရာသခင်လု နူးညံ့သည့်အမူအယာဖြင့် သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒါပေါ့၊ ဒါက မင်းရဲ့ အမှားမဟုတ်ဘူး။ တကယ်တော့ အာအိုးယာမာဂိုဏ်းရဲ့ ဒီစာအုပ်ကို နားလည်သဘောပေါက်မှုက နှစ်ပေါင်းများစွာ မှားနေခဲ့တာ”

ကျင်းကျူး ပြောလိုက်၏။
“မဟုတ်ဘူး၊ ဂိုဏ်းရဲ့ အရင်နားလည်သဘောပေါက်မှုက မမှားဘူး၊ ဒါပေမယ့် ဒီအဓိပ္ပာယ်ကောက်ယူချက်အသစ်က မှားတယ်”

ဆရာသခင်လု ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒါက မဟာဆရာသခင်ဦးလေး ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့တဲ့ အဓိပ္ပာယ်ကောက်ယူချက်အသစ်ပဲ။ အဲဒါက ဘယ်လိုလုပ်မှားနိုင်မှာလဲ”

လက်ရှိအာအိုးယာမာဂိုဏ်း၏ အခြေခံအဆင့် မန္တာန်တွင် ပြုပြင်မွန်းမံမှု နှစ်ခုရှိကြပြီး နှစ်ခုစလုံးကို ကျင်းယန်က ပြုလုပ်ခဲ့သည်။

ကျင်းကျူး ဤအကြောင်းကို သိပြီးသားဖြစ်ပြီး ပြုပြင်မွန်းမံမှု နှစ်ခုထဲက တစ်ခုက မှားနေသည်ကိုလည်း သိပေသည်။

“အပြင်စည်းတပည့်တစ်‌ယောက်ပဲဖြစ်ဖြစ် မဟာဆရာသခင်ဦးလေးပဲဖြစ်ဖြစ် ဘယ်သူမဆို အမှားလုပ်တတ်ကြတယ်”

ကျင်းကျူး ပြောလိုက်၏။

ဆရာသခင်လု၏ အမူအယာ အနည်းငယ်ပြောင်းလဲသွားကာ ဘယ်လောက် အတင့်ရဲလိုက်သလဲ ဟု တွေးလိုက်သည်။

ဂိုဏ်း၏ အပြင်စည်းတပည့်များကို သင်ကြားနေသည့် နည်းလမ်းက မှားယွင်းနေပြီး စည်းမျဉ်းများကို ပြောင်းလဲပစ်သင့်သည်ဟု ကျင်းကျူးပြောခဲ့သည့်အချိန် မနက်ကအကြောင်းကိုလည်း သူ တွေးလိုက်မိသည်။

“မင်းရဲ့ နားလည်သဘောပေါက်မှုနဲ့ ပါရမီတို့က တကယ်ကောင်းကြတယ်၊ မင်းရဲ့တွေးခေါ်မှုက ပိုပြီးတော့တောင် အသေးစိပ်ကျတယ်၊ ဒါပေမယ့် ဒါက ရဲတင်းစွာ ပြုမူဖို့ မင်းအတွက် အကြောင်းပြချက်တစ်ခုမဟုတ်ဘူး။”

ဆရာသခင်လု သူ့ကို ကြည့်လိုက်ပြီး လေသံနိမ့်ဖြင့် ပြောလိုက်သည်။
“ငါတို့အာအိုးယာမာဓားဂိုဏ်းရဲ့ တပည့်တွေမှာ မာနရှိရမှာဖြစ်ပေမယ့် သူတို့က မောက်မာလို့မရဘူးဆိုတာ မင်း သိရမယ်”

‘မောက်မာတာလား’

အခြေခံအဆင့် မန္တာန်ရှိ ပြုပြင်မှုနှစ်ခုအကြောင်း တွေးတောလိုက်ကာ ကျင်းကျူး တော်တော်လေး စိတ်လှုပ်ရှားသွား၏။

ထိုအချိန်က ကျင်းယန်သည် တကယ့်ကို လောကတွင် အမောက်မာဆုံးသော ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ ဤအမှားများအားလုံးကို ပြုလုပ်ခဲ့ပေ၏။

သူ တိတ်ဆိတ်နေသည်ကို ကြည့်ကာ သူ နားလည်သွားပြီဟု ဆရာသခင်လု တွေးထင်လိုက်သောကြောင့် စိတ်ပါလက်ပါ ပြောလိုက်သည်။
“တောထဲမှာရှိတဲ့ အရှည်ဆုံးသစ်ပင်ကို လေတွေက ဖျက်စီးပစ်လိမ့်မယ်။ အလားတူပဲ တောင်ထွတ်ကိုးခုကို စွန့်ခွာလာတဲ့ ဓားဟာ အားကောင်းတဲ့လေကို တွေ့ဆုံရလိမ့်မယ်။ ကျင့်ကြံခြင်းလမ်းစဉ်မှာ မင်း ဝေးဝေးရောက်ချင်ရင် မင်းရဲ့ မာနတရားကို ဘယ်လို ထိန်းရမလဲဆိုတာ သင်ယူရမယ်။ မင်းက မင်းရဲ့သူငယ်ချင်း ရောင်းရင်းတပည့်တွေကို ကူညီချင်တယ်ဆိုရင်တောင် မင်း တခြားနည်းလမ်းတွေကို သုံးနိုင်တယ်၊ ဒါပေမယ့် စည်းမျဉ်းတွေကိုတော့ မချိုးဖျက်ရဘူး။”

“ဒါပေမယ့် ဒီစည်းမျဉ်းက တကယ့်ကို မိုက်မဲတယ်”
ကျင်းကျူး ပြောလိုက်၏။
“ချင်းရောင်တောင်ထွတ်ပေါ်က လူတစ်ယောက်ဟာ ‌တောင်ဘက်ပိုင်းရွာကဖြစ်တာကြောင့် သူမဟာ အင်ပါယာရုံးတော်ရဲ့ ဘာသာစကားကို မသိဘူး။ သူမ အပြင်စည်းမှာ ရှိနေချိန်က သူမဟာ မိတ်ဆက်မှော်အက္ခရာတွေကိုတောင် နားမလည်နိုင်ခဲ့ဘူး။ တကယ်လို့ ဘယ်သူကမှ သူမကို အရေး၊ အဖတ် မသင်ပေးခဲ့ရင် အာအိုးယာမာဂိုဏ်းက ဒီပါရမီရှင်ကို လက်လွှတ်သွားခဲ့ရလိမ့်မယ်။”

သူပထမဆုံး စကားလုံးများကို ကြားလိုက်ရသောအခါ ဆရာသခင်လု ဒေါသထွက်သွားပြီး သူ့ကို အပြစ်တင်တော့မည့်ဟန် ပြင်လိုက်သော်လည်း သူ့နောက်ဆုံး စကားများကို သူ ကြားလိုက်ရသောအခါ သူ အံ့ဩသွားမိသည်။

“မင်း ဘယ်လို သိတာလဲ”

ဤဇာတ်လမ်းသည် ချင်းရောင်တောင်ထွတ်၏ လက်ရှိ တောင်ထွတ်သခင်အကြောင်းဖြစ်သည်။ ၎င်းသည် လျှို့ဝှက်ချက်တစ်ခုမဟုတ်ဘဲ ပုံပြင်တစ်ပုဒ်ဖြစ်၏။ သို့သော် ကျင်းကျူးသည် အပြင်စည်းတပည့်တစ်ယောက်ဖြစ်သောကြောင့် ထိုအကြောင်း မည်သို့ ကြားသိခဲ့ပါသနည်း။

ထိုမိန်းကလေး နေ့နေ့ညည စာရေးလေ့ကျင့်နေသည်ကို သူ့ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရသည့်အကြောင်း ကျင်းကျူး တွေးလိုက်မိ၏။ သူ သူ့ကို ပြောပြရမည်လော။

ဤလူငယ်လေးက ဂိုဏ်းက ကြိုတင်ချထားခဲ့သည့် နယ်ရုပ်ဖြစ်သည့် လျန်းဝမ်တောင်ထွတ်ရှိ ချိုးရုစွီနှင့် တခြားတပည့်ငယ်များ ကဲ့သို့ ဖြစ်နေမည်လော ဟု ဆရာသခင်လု တွေးတောလိုက်မိသည်။

သို့သော် မည်သည့်တောင်ထွတ်၏ ဆရာသခင်ဦးလေးက ဤကစားပွဲကို ကစားနေပါသနည်း။

***

အချိန်က ရေကဲ့သို့ စီးဆင်းသွား၏။

တစ်နှစ်က မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားသည်။

နောက်တစ်ကြိမ် နွေဦးအချိန်ရောက်လာ၏။

လီရှီရှူး လေ့ကျင့်ရေးခန်းမထဲမှ ထွက်လာပြီး တောအနက်ပိုင်းသို့ ကျောက်တုံးလမ်းအတိုင်း လျှောက်လာခဲ့သည်။

ဒါဇင်ချီသော အပြင်စည်းတပည့်များသည် ဤမြင်ကွင်းကို အသားကျနေကြပြီဖြစ်ပြီး သူ သွားသည့်နေရာကို သိကြပေသည်။ ၎င်းက ထူးဆန်းသည်ဟု သူတို့ မတွေးကြဘဲ သူ့ကို နှုတ်ဆက်လိုက်ကြ၏။

လီရှီရှူး ခေါင်းညိတ်ပြလိုက်ပြီး အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။

သူသည် ယခုအခါ ဆယ့်နှစ်နှစ်ရှိပြီဖြစ်သောကြောင့် လူငယ်တစ်ယောက်ဟု ပြော၍ရသည်။

သူ့ပုံစံသည် ရိုးရှင်းပြီး ဖော်ရွေနေသေးသော်လည်း သူ့မျက်လုံးများက တည်ငြိမ်ပြီး သူ့စိတ်နေသဘောထားက အများဆုံး ပြောင်းလဲသွားခဲ့သည်။ သူ အပြုံးဖြင့် လမ်းလျှောက်နေကာ အလွန်စိတ်ပြေလက်ပျောက်ဖြစ်နေပုံရသည်။

လီရှီရှူး ခြံငယ်လေးထဲ လျှောက်သွားသည်ကို ကြည့်ကာ တပည့်များ အတူတကွစုစည်းလိုက်ကြပြီး သူ့အကြောင်း နောက်တစ်ခေါက် ဆွေးနွေးလိုက်ကြသည်။

အာအိုးယာမာဂိုဏ်း၏ အဓိကတပည့်တစ်ယောက်အနေဖြင့် လီရှီရှူး၏ လှုပ်ရှားမှုတိုင်းက ကြည့်ရှူခံနေရ၏။

တစ်ညကြာပြီးနောက် သူက အတွင်းစည်း စမ်းသပ်မှုအတွက် လျှောက်ထားခဲ့သည်ကို လူတိုင်းသိကြပေသည်။

စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်ကို ပြီးမြောက်ထားသည့် လူများသာ ဓားသန္ဓေသားကို ခံစားနိုင်လိမ့်မည်ဖြစ်ပြီး အတွင်းစည်းကို ဝင်ရောက်ရန် အရည်အချင်းပြည့်မီပေလိမ့်မည်။

ပြဿနာမှာ လီရှီရှူးက အာအိုးယာမာဂိုဏ်းသို့ ရောက်လာသည်မှာ တစ်နှစ်သာ ရှိသေး၏။

နှစ်ပေါင်းများစွာကြာ ကျော်ကြားသည့် တက်ရောက်သွားပြီဖြစ်သော စီနီယာ မဟာဆရာသခင်သာ နှစ်ဝက်အတွင်း အတွင်းစည်းကို ဝင်ရောက်ခဲ့ပေသည်။

ချိုးရုစွီသည် အာအိုးယာမာဂိုဏ်း ဂိုဏ်းသခင်၏ တပည့်ရင်းဖြစ်ပြီး ယခုအခါ ထျန်းကွမ်တောင်ထွတ်တွင် တံခါးပိတ်ကျင့်ကြံနေပေသည်။ မြောက်ပိုင်းကြိုးကြာစံအိမ်မှ အတွင်းစည်းကို ဝင်ရောက်ရန် သူသည် တစ်နှစ်နှင့် နှစ်ဝက် အချိန်ယူခဲ့ပေ၏။

ကျောင်းလေးယုကဲ့သို့ ပါရမီရှင်တစ်ယောက်သည်ပင် တစ်နှစ်လုံး အချိန်ယူခဲ့ရသည်။

မည်သူကမျှ လီရှီရှူး အတွင်းစည်းစစ်ဆေးမှုကို ဤတစ်ကြိမ် ဖြတ်ကျော်နိုင်မည်ဟု မထင်ထားကြပေ။ သူသည်လည်း လူတစ်သန်းတွင် တစ်ယောက်ဖြစ်သည့် မွေးရာပါတာအိုအမျိုးအစားဖြစ်သော်လည်း တပည့်များ၏ မျက်လုံးထဲတွင် သူသည် စီနီယာအစ်မလောက် မတော်ပေ။

သို့တိုင် အခြားသောအမြင်တစ်ခုတွင် လီရှီရှူးသည် အကယ်၍ တခြားကိစ္စရပ်များဖြင့် နှောက်ယှက်ထားခြင်း မခံခဲ့ရပါက အောင်မြင်ရန် အခွင့်အရေးကောင်းရှိလောက်သည်ဟု ဆိုကြသည်။

ထိုတခြားသောကိစ္စရပ်များမှာ သေချာပေါက် ကျင်းကျူး၏ ခြံဝန်းနှင့် ဆက်စပ်နေသည့် ကိစ္စရပ်များဖြစ်ကြ၏။

ဤကိစ္စများကြောင့် လူများစွာက ကျင်းကျူးကို မကျေနပ်ခဲ့ကြပေ။ သူတို့သည် သူက လီရှီရှူး၏ ကျင့်ကြံခြင်းကို နှောင့်နှေးစေခဲ့ပြီး အခြေအနေ၏ ပြင်းထန်မှုကို မသိခဲ့ဟု ခံစားနေရသည်။ လူတချို့သည် သူက လီရှီရှူးကို မနာလိုသောကြောင့် ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့သည်ဟုပင် တွေးတောခဲ့ကြ၏။

သေချာပေါက် လူတစ်ချို့တွင် ဤအမြင်မရှိခဲ့ပေ။ သူတို့သည် ကျင်းကျူးက ဆရာသခင်လု၏ စကားကို နားမထောင်ခဲ့ဘဲ တပည့်များ၏ ပြဿနာကို တစ်ခါတစ်ရံဖြေရှင်းပေးခဲ့သောကြောင့် ကျင်းကျူးကို အလွန်အမင်းကျေးဇူးတင်ခဲ့ကြသည်။

ဆရာသခင်လုသည်လည်း ကျင်းကျူးအား အာရုံစိုက်ခြင်းကို တဖြည်းဖြည်း ရပ်တန့်ခဲ့ပြီး သူက တောင်ထွတ်တစ်ခုမှ အကောင်ကြီးတစ်ကောင် ကြိုတင်၍ ရွေးချယ်ထားခဲ့သည့် တပည့်တစ်ယောက်ဖြစ်သည်ဟု မတွေးတော့ပေ။

အကြောင်းမှာ ကျင်းကျူးသည် တကယ့်ကို အလွန်တရာပျင်းရိသောကြောင့်ဖြစ်၏။

သူသည် အာအိုးယာမာရှိ အပြင်စည်းတပည့်များ၏ ပုံမှန်စစ်ဆေးခြင်းတွင် ဘယ်တုန်းကမှ မပါဝင်ခဲ့ပေ။ သူသည် သူ့ပျက်ကွက်ခြင်းအတွက် အကြောင်းပြချက်တစ်ခုကိုပင် မရှာဖွေခဲ့ပေ။ အကြိမ်တိုင်း သူသည် သူ့အတွက် အသနားခံရန် လီရှီရှူးကို ဒုက္ခပေးပေလိမ့်မည်။

ထို့အပြင် မည်သူကမျှ သူကျင့်ကြံနေသည်ကို မမြင်တွေ့ခဲ့ဖူးပေ။

ထိုသို့သော လူတစ်ယောက်အတွက် သူ့အသိပညာက မည်မျှ နက်နဲနေပါစေ သူ့သိမြင်နားလည်ခြင်းက မည်မျှ ထူးချွန်ပြောင်မြောက်နေပါစေ နောက်ဆုံးတွင် သူက မည်သူမျှ မဟုတ်ပေ။

***

ခြံငယ်လေးထဲလျှောက်လာပြီး ဝါးကုလားထိုင်ပေါ်ရှိ ကျင်းကျူးကို ကြည့်လိုက်ကာ လီရှီရှူး၏ တည်ငြိမ်သော အပြုံးက ကူကယ်ရာမဲ့သော ခါးသက်သက်အပြုံးအဖြစ် ပြောင်းလဲသွားသည်။

ဤနှစ်အတွင်း ကျင်းကျူးကို ဖျောင်းဖျရန် အကြိမ်များစွာ သူ ကြိုးစားခဲ့သော်လည်း ကျင်းကျူး နားမထောင်ခဲ့ပေ။ သူသည် နေ့စဉ်နေ့တိုင်း ဝါးကုလားထိုင်အပေါ် လဲလျောင်းကာ နေပူဆာလုံပြီး နေ့ခင်းကြောင်တောင် အိပ်မက်မက်နေဆဲပင်။

သို့သော် ဝါးကုလားထိုင်ဘေးတွင် ကြွေပန်းကန်ပြားတစ်ချပ် မည်သည့်အချိန်က ရောက်နေခဲ့သည်ကို သူ မသိခဲ့ပေ။ ကြွေပန်းကန်ပြားထဲတွင် သဲအနည်းငယ်ရှိနေ၏။

လီရှီရှူး ၎င်းကို ဂရုတစိုက်အကဲခတ်လိုက်ပြီး ကြွေပန်းကန်ပြားထဲရှိ သဲအရေအတွက်က တိုးလာခဲ့ပြီး ယခုအခါ ပန်းကန်ပြား၏ သုံးပုံတစ်ပုံကို နေရာယူထားသည်ကို တွေ့လိုက်ရသည်။

ဤကြွေပန်းကန်ပြားနှင့် သဲများကို မည်သည့်အတွက် အသုံးပြုသည်ကို သူ မသိခဲ့ပေ။ ကျင်းကျူး ၎င်းကို ဘယ်တုန်းကမှ မရှင်းပြခဲ့သော်လည်း သူက ဤအရာများကို အလွန်တန်ဖိုးထားသည်မှာ ထင်ရှားပြီး ရှီရှူးကိုပင် ၎င်းတို့အားထိရန် ခွင့်မပြုခဲ့ပေ။

“သခင်လေး ကျွန်တော် မနေ့ညက ဆရာသခင်လုကို သွားပြောခဲ့တယ်… အတွင်းစည်းစစ်ဆေးမှုမှာ ပါဝင်ဖို့”

လီရှီရှူး ကျင်းကျူးကို စိုးထိတ်စွာကြည့်လိုက်ပြီး ပြောလိုက်၏။
“ကျွန်တော် ဖြတ်ကျော်နိုင်တယ်လို့ တကယ်ခံစားရလို့သာ ကျွန်တော် သူ့ကိုသွားပြောခဲ့တာ”

ကျင်းကျူး သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“တစ်နှစ်ကျော်ရှိသွားခဲ့ပြီ၊ မင်းက မဖြတ်ကျော်နိုင်သေးဘူးဆိုရင် တစ်ခုခုမှားနေရမယ်”

လီရှီရှူး အသိစိတ်ဝင်လာ၏။ ရွာတွင်တုန်းက သခင်လေးသည် သူ့ကို အသက်ရှူနည်း သင်ပေးခဲ့ပြီး ၎င်းက သူသည် အာအိုးယာမာဂိုဏ်းထဲကို မဝင်ရောက်မီ ကျင့်ကြံနေခဲ့သည်ဟု ဆိုလိုပေသည်။ သူ တော်တော်လေး စိတ်ပျက်သွား၏။ ဤနည်းဖြင့် အတွင်းစည်းစစ်ဆေးမှုကို သူ ဖြတ်ကျော်နိုင်ခဲ့လျှင်ပင် သူသည် အမြန်ဆုံးဖြစ်လိမ့်မည်မဟုတ်ပေ။ သို့သော် ထို့နောက် သူ နောက်တစ်ကြိမ် ပျော်ရွှင်လာခဲ့ကာ များစွာပို၍ ယုံကြည်မှုရှိလာသည်။

ကျင်းကျူးပြောလိုက်၏။
“မင်းတို့နှစ်ယောက်စလုံးမှာ မွေးရာပါတာအို အမျိုးအစားရှိကြတယ်။ မင်းက အဲဒီ…တစ်ယောက်ယောက်ထက် မ‌ဆိုးဝါးနိုင်ဘူး။”

“အစ်မကြီး ကျောင်းလေးယု”
လီရှီရှူး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“အိုး ဟုတ်တယ်”
ကျင်းကျူး ပြောလိုက်၏။

ခြံငယ်ထဲရှိ လေထုက ရုတ်တရက် တိတ်ဆိတ်လာ၏။

အကြောင်းအရာက ဆက်ပြော၍ မ‌ရသောကြောင့် မဟုတ်ဘဲ လီရှီရှူး၏ စိတ်ထဲတွင် တခြားအရာများစွာ ရှိနေသောကြောင့်ဖြစ်သည်။

အာအိုးယာမာဂိုဏ်းသို့ သူ ရောက်လာခဲ့သည်မှာ တစ်နှစ်ရှိသွားပြီဖြစ်ပြီး ရွာတွင် သူ စိတ်မကူးကြည့်နိုင်သည့် လူများစွာနှင့် အရာများစွာကို သူ ကြုံဆုံခဲ့ရသည်။ သူသည် မယုံနိုင်စရာကောင်းသော အမြန်နှုန်းဖြင့် ကြီးပြင်းလာခဲ့၏။

သူ ပိုသိလာလေလေ သူ ပိုစိတ်ပူလာလေလေပင်။

ရွာရှိ အသက်ရှူခြင်းနည်းလမ်းဖြစ်စေ၊ အဲ‌နောက်ဖြစ်ခဲ့သည့်အရာများဖြစ်စေ ကျင်းကျူးတွင် လျှို့ဝှက်ချက်များစွာရှိသည်မှာ ထင်ရှား၏။

ထိုလျှို့ဝှက်ချက်များက ပြဿနာတစ်ခုဖြစ်မည်လော။ သူတို့အတွက် ပြဿနာတစ်ခုဖြစ်မည်လော၊ သို့မဟုတ် အာအိုးယာမာဂိုဏ်းအတွက် ပြဿနာတစ်ခုဖြစ်မည်လော။

အကြာကြီး တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် လီရှီရှူး အသံတိုးတိုးဖြင့် မေးလိုက်သည်။
“သခင်လေး ခင်ဗျားက တခြားဂိုဏ်းက သူလျှိုတစ်ယောက်လား”

****************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset