PTH အပိုင်း ၁၃

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

အပိုင်း ၁၃ ပါရမီရှင်တစ်ယောက်၏ ပွဲဦးထွက်

တပည့်များ ဆရာသခင်လုကို နှုတ်ဆက်လိုက်ကြပြီး ကျင်းကျူးက သူတို့၏ မေးခွန်းများကို ကူညီဖြေကြားပေးနေကြောင်း အလျင်အမြန် ရှင်းပြလိုက်ကြသည်။

စားပွဲနောက်တွင် အဆက်မပြတ်ရေးနေသေးသည့် ကျင်းကျူးကို ကြည့်လိုက်ကာ ဆရာသခင်လု၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူ သူ့ဘာသာသူ တွေးလိုက်၏။

‘တပည့်တွေကို လှည့်စားပြီး အဓိပ္ပာယ်မရှိတာတွေပြောရဲတဲ့အထိ ဒီ‌ကလေးမှာ ဘယ်လို စွမ်းရည်တွေရှိနေတာလဲ’

ရုတ်တရက် ကျင်းကျူးနှင့် လီရှီရှူးတို့ကြားရှိ ဆက်ဆံရေးကို သူ တွေးလိုက်မိကာ ပို၍ပင် စိုးရိမ်လာသည်။ သူ တိုးတိုးလေးပြောလိုက်၏။
“ငါ ကြည့်ကြည့်မယ်”

ဤအချိန်၌ပင် ကျင်းကျူး ရေးလို့ ပြီးသွားခဲ့သည်။ သူ့တွင် ကန့်ကွက်ချက်မရှိသည်ကိုကြည့်ကာ လီရှီရှူး လက်နှစ်ဖက်ဖြင့် စာရွက်များကို ဆရာသခင်လုထံ ကမ်းပေးလိုက်သည်။

ဆရာသခင်လု စာရွက်များကို ယူလိုက်ပြီး သူ့ကို အပြစ်တင်ရန် လုပ်လိုက်သော်လည်း စာရွက်ပေါ်ရှိ စကားလုံးများကို သူ မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားသည့် အသံကို ပြုလိုက်မိသည်။

တပည့်များ ဘာဖြစ်သွားသည်ကို မသိကြဘဲ ဘေးတွင် စိုးထိတ်စွာ ရပ်နေကြသည်။

ဆရာသခင်လု သူ့မျက်လုံးများကို အနည်းငယ်မှေးကျဥ်းလိုက်ပြီး စကားမပြောတော့ပေ။ ထို့အစား စာများကို သူ ဂရုတစိုက် စတင်ဖတ်ရှုလိုက်သည်။

လေ့ကျင့်ရေးခန်းမသည် ပို၍ပင် တိတ်ဆိတ်လာ၏။

“ဘာတွေဖြစ်နေတာလဲ”

သူ ပိုဖတ်လေလေ ဆရာသခင်လု ပို၍ အံ့ဩတုန်လှုပ်လာလေလေဖြစ်သည်။

အာအိုးယာမာဂိုဏ်း၏ အခြေခံအဆင့် မန္တာန်သည် မခက်ခဲပေ။ တခြားဂိုဏ်းများနှင့် ယှဉ်ပါက ၎င်းသည် ပွင့်လင်းပြီး ရိုးရှင်း၏။ အကယ်၍ တစ်ယောက်သည် ဂိုဏ်းထဲမဝင်ရောက်မီ ကျင့်ကြံခြင်းနှင့် သက်ဆိုင်သည့် ဗဟုသုတများ ရှိထားပါက ဖြတ်ကျော်ရန် လွယ်ကူပေမည်။

လီရှီရှူးနှင့် အပြင်စည်းတပည့်အများစုတို့သည် ကျင့်ကြံခြင်းအကြောင်း မသိခဲ့ကြသောကြောင့် သူတို့သည် ခက်ခဲသော ပြဿနာများစွာကို ကြုံတွေ့ရပေလိမ့်မည်။

ကျင်းကျူးသည် ကျောင်းဂီရှိ မင်းမျိုးမင်းနွယ် မိသားစုမှ တပည့်တစ်ယောက်ဖြစ်ပြီး ဤနယ်ပယ်တွင် ဗဟုသုတရှိခဲ့လျှင်ပင် စာရွက်ပေါ်ရှိ စကားလုံးများက သူ့ထိုးထွင်းသိမြင်နိုင်စွမ်းနှင့် အရည်အချင်းတို့ကို ဖော်ပြနေသည်။ ၎င်းသည် အလွန်ထူးကဲ၏။

‘သဘောပေါက်နားလည်နိုင်စွမ်းမှာ သူ့ပါရမီက ဒီလောက်မြင့်တာ ဖြစ်နိုင်လား’

ဆရာသခင်လု ကျင်းကျူးကို ကြည့်လိုက်ကာ သူ့မျက်လုံးများက များစွာ နူးညံ့လာ၏။

နောက်ဆုံးစာမျက်နှာပေါ်ရှိ မှတ်ချက်များကို သူ မြင်လိုက်ရသောအခါ သူ မျက်မှောင်ကျုံ့လိုက်မိသည်။ သူ ကျင်းကျူးကို အပြစ်တင်ချင်ခဲ့သော်လည်း ချီးကျူးမှုကြောင့် ၎င်းကို မြိုသိပ်ထားခဲ့၏။

သူ လီရှီရှူးကို စာရွက်များ ပြန်ပေးလိုက်ပြီး တပည့်များကို ကြည့်လိုက်သည်။
“အာအိုးယာမာဂိုဏ်းရဲ့ အပြင်စည်းတပည့်တွေကို မန္တာန်တွေပဲ သင်ပေးပြီး ဘာလို့ မရှင်းပြခဲ့သလဲဆိုတာ မင်းတို့ သိကြလား။ ဘာလို့လဲ‌ဆိုတော့ ဂိုဏ်းက မင်းတို့ရဲ့ တစ်ဦးချင်း နားလည်သဘောပေါက်နိုင်စွမ်းနဲ့ စိတ်နေသဘောထားကို ကြည့်ချင်လို့ပဲ။ ဒီလိုဆို ငါတို့က မင်းတို့ရဲ့ ပင်ကိုယ်ပါရမီအလိုက် မင်းတို့ကို သင်ပြပေးနိုင်တယ်။ ဒီနေ့ မင်းတို့က အကြောင်းရင်းကို မသိဘဲ ရောင်းရင်းတပည့်တစ်ယောက်ကနေ လမ်းညွှန်ချက်ကို မေးမြန်းခဲ့တယ်။ ဒါကြောင့် မင်းတို့ အပြစ်ပေးခံရမှာမဟုတ်ဘူးဆိုပေမယ့် နောက်တစ်ခါတော့ မရဘူး”

တပည့်များ သိသွားကြပြီး သူတို့က နောက်တစ်ခေါက် ထပ်လုပ်ရဲတော့မည်မဟုတ်ဟု ပြောခဲ့ကြသော်လည်း သူတို့၏ စိတ်ထဲတွင် ကျင်းကျူး၏ အဖြေများက မှန်ကန်ကြသည်ဟု တွေးလိုက်မိကြသည်။

ထိုအချိန်တွင် ကျင်းကျူး၏အသံက ထပ်ထွက်လာ၏။

“ဒီနည်းလမ်းက အရမ်းဆိုးတယ်။ ငါတို့ အဲဒါကို ပြောင်းလဲသင့်တယ်”

လေ့ကျင့်ရေးခန်းမသည် ရုတ်တရက် တိတ်ဆိတ်လာပြီး တပည့်များ ကြက်သေသေသွားကြကာ ဂျူနီယာညီလေးကျင်းကျူးက ဗဟုသုတကြွယ်ဝသည်သာမက သတ္တိလည်းရှိသည်ဟု တွေးလိုက်မိကြသည်။

သူသည် အင်မော်တယ်ဆရာသခင်ရှေ့တွင် ဂိုဏ်း၏ စည်းမျဉ်းများကို မေးခွန်းထုတ်ရဲ၏။

ဆရာသခင်လု အစပိုင်းတွင် ငေးငိုင်သွားသော်လည်း ထို့နောက် သူ ဒေါသတကြီး ရယ်မောလိုက်သည်။ ဤလူငယ်လေးက ကလေးဆန်ပြီး ချစ်စဖွယ်ကောင်းသည်ဟု သူ‌ တွေးလိုက်၏။

‘ဘယ်လို၊ အာအိုးယာမာဂိုဏ်းရဲ့ စည်းမျဉ်းတွေက မှားယွင်းနေပြီး ပြောင်းလဲသင့်တယ်လို့လား… သူက သူ့ကိုယ်သူ ဂိုဏ်းသခင်လို့ ထင်နေတာလား’

ကျင်းကျူး စကားပြောခဲသောကြောင့် ဆရာသခင်လုနှင့် သူ့အဖော်များ၏ အမူအယာကို သတိမပြုမိခဲ့ပေ။ သူ ဆက်ပြောလိုက်၏။
“ဥပမာ ချင်းရောင်တောင်ထွတ်က လူတွေ…”

လီရှီရှူး ဆရာသခင်လု၏ အမူအယာကို ကြည့်လိုက်ပြီး သူ့လက်မောင်းအိုးကို အမြန်ဆွဲလိုက်သည်။

တပည့်ငယ်များ အစိုးရိမ်ဆုံးသောအရာသည် မဖြစ်ခဲ့ပေ။

ကျင်းကျူးပြောတော့မည့်စကားကို ရုတ်တရက်ကျယ်လောင်သော ဆူညံသံတစ်ခုက နှောက်ယှက်လိုက်ပေ၏။

***

ထိုကျယ်လောင်သော ဆူညံသံသည် လေ့ကျင့်ရေးခန်းမအပြင်ဘက်မှ လာခဲ့ပြီး အဝေးတစ်နေရာမှ ဖြစ်လောက်သည်။ အကြောင်းမှာ ထိုအသံသည် တောင်ထွတ်များကြား ပဲ့တင်ထပ်သွားပြီး အချိန်အတော်ကြာ ရပ်တန့်မသွားသောကြောင့်ဖြစ်၏။

တပည့်ငယ်များ လေ့ကျင့်ရေးခန်းမထဲမှ ပြေးထွက်သွားကြပြီး ကောင်းကင်ကို ကြည့်လိုက်ကြကာ လွင့်မျောနေသည့် တိမ်တိုက်အနည်းငယ်ကိုသာ တွေ့လိုက်ရသည်။ မိုးကြိုးအရိပ်အယောင်များ ရှိမနေပေ။

ထို့အပြင် မိုးကြိုးမုန်တိုင်း အမှန်တကယ်ရှိနေခဲ့လျှင်ပင် ၎င်းက အာအိုးယာမာ မဟာဝင်္ကဘာ၏ ကာကွယ်မှုကို မချိုးဖောက်နိုင်ပေ။ ထိုကျယ်လောင်သောဆူညံသံက ဘာနည်း။

ဆရာသခင်လုနှင့် ကျင်းကျူးတို့က လေ့ကျင့်ရေးခန်းမမှ နောက်ဆုံးထွက်လာသူများ ဖြစ်ကြ၍ ထိုဆူညံသံက ဘာဖြစ်သည်ကို သူတို့ သိကြပေသည်။

“ဟိုမှာ”

တပည့်တချို့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြ၏။

ပါးလွှာသော တိမ်တိုက်ထဲ အပေါက်တစ်ခု ပေါ်လာပြီး သူတို့ အလွန်ရှင်းလင်းစွာ မြင်နိုင်ပေသည်။ မြေပေါ်မှ ကြည့်နေကာ သူတို့သည် မိုးပြာရောင်ကောင်းကင်ကို မြင်နိုင်ကြပေသည်။

ဓားအလင်းရောင်တစ်ခုက တိမ်ထဲရှိ ထိုအပေါက်မှ ပြန်၍ ပျံသန်းလာခဲ့ကာ ကောင်းကင်ထဲ အရှေ့အနောက် လှည့်လည်နေသည်။

ဤမြင်ကွင်းကို ကြည့်ပြီး သူတို့ကြားခဲ့ဖူးသည့် ဇာတ်လမ်းများကို တွေးတောလိုက်ကာ တစ်စုံတစ်ယောက်က ဓားပျံစီးနင်းနေသည်ကို တပည့်များ နောက်ဆုံးတွင် နားလည်သွားကြသည်။

ထိုကျယ်လောင်သော ဆူညံသံသည် ဓားပျံတစ်ချောင်း လေကို ထိုးခွဲနေသည့် ကျယ်လောင်သော အသံဖြစ်လောက်သည်။

ထိုသည်မှာ အတွင်းစည်းရှိ မည်သည့်စီနီယာအစ်ကိုက ထိုဓားကို စီးနင်းနေသည်အား သူတို့ မသိကြရုံပင်။

“ဓားကို ပထမဆုံးအကြိမ်စီးနင်းပြီး တိမ်တိုက်တွေနဲ့ မိုးကြိုးတွေကို ချိုးဖောက်နိုင်နေပြီ။ မွေးရာပါတာအိုအမျိုးအစားနဲ့ လူတစ်ယောက်ဆိုတဲ့အတိုင်းပဲ”

ကောင်းကင်ရှိ ဓားအလင်းရောင်ကိုကြည့်ကာ ဆရာသခင်လု ချီးကျူးလိုက်သည်။

ဤအရာကိုကြားသည်နှင့် ဓားကို စီးနင်းနေသူအား တပည့်များ နောက်ဆုံးတွင် သိရှိသွားကြပြီး သူတို့ ပို၍ပင် စိတ်လှုပ်ရှားလာကာ အဆက်မပြတ်ဆွေးနွေးနေကြသည်။

အမျိုးသမီး တပည့်ငယ်၏ မျက်နှာသည် ချီးကျူးမှုဖြင့် ပြည့်နေပြီး စိတ်လှုပ်တရှားဖြင့် သူမ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အားပေးသံများ လေ့ကျင့်ရေးခန်းမအနှံ့အပြားနှင့် တောင်ထွတ်များကြား၌ပင် ထွက်ပေါ်နေသည်။

ကောင်းကင်တွင် အထက်အောက် ရွေ့လျားနေကာ အဆက်မပြတ် ယိမ်းယိုင်နေပြီး မတည်ငြိမ်သည့် လမ်းကြောင်းကို ကျန်‌ရစ်နေစေသည့် ထိုဓားအလင်းရောင်ကိုကြည့်ကာ ကျင်းကျူး ခေါင်းခါလိုက်သည်။

ထိုဓားပိုင်ရှင်သည် အတွေ့အကြုံမရှိသော်လည်း မမြင်နိုင်လောက်အောင် မြန်ချင်နေသည်။ ယင်းက သူ့အမြင်တွင် လုံလုံလောက်လောက်ဆိုးရွား၏။

သို့သော် ထိုဓားအလင်းသည် လျင်မြန်စွာ တည်ငြိမ်သွားပြီး အပြာရောင်ကောင်းကင်ထက်တွင် အဖြူရောင်မျဉ်းတစ်ကြောင်းအလား ပြီးပြည့်စုံစွာ ဖြောင့်တန်းသွားသည်။

ဤသည်က ကျင်းကျူး မျှော်လင့်ထားသည်ထက် တော်တော်လေး ကျော်လွန်သွားပြီး သူပြောလိုက်၏။
“မဆိုးဘူး”

ထိုဓားအလင်းသည် တောင်ထွတ်များကြား ပြန်လည် ပြန်သန်းသွားပြီး ပျောက်ကွယ်သွားသည်။ တစ်နေရာရာတွင် မသဲကွဲသော ဩဘာသံများ ထွက်လာ၏။

လေ့ကျင့်ရေးခန်းမရှေ့ရှိ တင်းမာသော လေထုသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီး တပည့်ငယ်များအားလုံး ပျော်ရွှင်နေပုံရသည်။

ကျင်းကျူးသည် အာအိုးယာမာဂိုဏ်း၏ အတွင်းနှင့်အပြင်တွင် ဘာကြောင့် ဩဘာပေးသံများ များစွာရှိနေသည်ကို တော်တော်လေးနားမလည်‌ခဲ့ပေ။
“အဲဒါက ဓားကို အောင်အောင်မြင်မြင်စီးနင်းနိုင်တာလေးပဲ မဟုတ်လား။ အဲလောက်အထိ အူမြူးစရာ လိုလို့လား”

သူ့မေးခွန်းကိုကြားသည်နှင့် လီရှီရှူး ရှင်းပြလိုက်၏။
“အဲဒါ ကျွန်တော်တို့ပြောနေတဲ့ အကြီးဆုံးအစ်မပဲ”

ကျင်းကျူး မေးလိုက်၏။
“ဘယ်သူလဲ”

လီရှီရှူး မျက်လုံးအပြူးသားဖြင့် ပြောလိုက်သည်။
“စီနီယာအစ်မကျောင်း လေ”

ကျင်းကျူး တခဏမျှစဉ်းစားပြီး မေးလိုက်၏။
“အဲဒါက ဘယ်သူလဲ”

ထိုအချိန်မှပင် လီရှီရှူးသည် သူ့သခင်လေးက မနေ့မတိုင်ခင်အထိ ခြံဝင်းငယ်လေးမှ ထွက်ခွာခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်ကို သတိရသွားပြီး သူသည် ဂိုဏ်း၏အရေးကိစ္စများကို အမှန်တကယ် မရင်းနှီးသောကြောင့် အလျင်အမြန်ရှင်းပြလိုက်သည်။

ကျင်းကျူးသည် သူ ဂိုဏ်းထဲသို့ စတင်ဝင်ရောက်သည့်နေ့က တပည့်တစ်ဦးမှ ကျောင်းဟုခေါ်သော ပါရမီရှင်မိန်းကလေးတစ်ဦးကို ထုတ်ဖော်ပြောဆိုခဲ့ပြီး သူမ၏အမည်မှာ လေးယုဖြစ်ပုံရသည်ကို အမှတ်ရလိုက်သည်။

ဤကျောင်းလေးယုသည် အသက် ဆယ့်နှစ်နှစ်တွင် အာအိုးယာမာဂိုဏ်းသို့ဝင်ရောက်ခဲ့ပြီး စိတ်ဝိညာဉ်တည်ငြိမ်မှုအဆင့်၏ ပြီးပြည့်စုံခြင်းနှင့် အတွင်းစည်းတပည့်တစ်ဦးဖြစ်လာရန် သူမသည် တစ်နှစ်သာအချိန်ယူခဲ့ရသည်။

သူမ အတွင်းစည်းသို့ ဝင်ရောက်ပြီးနောက် သုံးလခန့်အကြာတွင် ယွမ်ရှင်းတောင်ထွတ်ရှိ ရှေးဟောင်းဓားတစ်လက်က သူမအား ၎င်း၏သခင်အဖြစ် အသိအမှတ်ပြုခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။

လီရှိရှူး ပြောလိုက်၏။
“ယွမ်ရှင်းတောင်ထွတ်က တစ်နှစ်ပတ်လုံး တိမ်တိုက်တွေဖုံးလွှမ်းနေတဲ့ စတုတ္ထမြောက် တောင်ထွတ်ဖြစ်တယ်။ ကျောက်ဆောင်တွေနဲ့ ချောက်ကမ်းပါးတွေကြားမှာ မရေမတွက်နိုင်တဲ့ ကြော်ကြားတဲ့ဓားတွေ ပုန်းကွယ်နေတာကြောင့် ဓားတောင် လို့လည်း ခေါ်ဆိုကြတယ်”

ကျင်းကျူးပြောလိုက်သည်။
“ငါ အဲဒါကို သိတယ်။ သူမအကြောင်း ဆက်ပြော”

လီရှီရှူး ပြောလိုက်၏။
“စီနီယာအစ်မကျောင်းက အသက်ဆယ့်လေးနှစ်ပဲရှိသေးပေမယ့် ဓားကိုစီးပြီး ပျံသန်းနိုင်နေပြီမို့ သူမဟာ ငြိမ်သက်ခြင်းကို သိရှိခြင်းအဆင့်ရဲ့ ပြီးပြည့်စုံခြင်း ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းအဆင့်ကိုတောင်မှ ရောက်သွားပြီဖြစ်ရမယ်”

ကျင်းကျူး သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ပြီးတော့”

သူ့သခင်‌လေးက ဇာတ်လမ်းများကို နားထောင်ရန် အမှန်တကယ် သင့်လျော်သူမဟုတ်ဟု လီရှီရှူးတွေးလိုက်မိသည်။ ဤကဲ့သို့ တုန်လှုပ်ဖွယ်ကောင်းသည့် ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်ပြီးနောက် သူ ပို၍ အံ့ဩသွားသင့်သည်မဟုတ်လော။

တပည့်တစ်ယောက် ပြောလိုက်၏။
“ဒီနှစ်တွေမှာ ကျင့်ကြံခြင်းလောကမှာ ပါရမီရှင်လူငယ်တွေ အများကြီးရှိကြတယ်၊ ဥပမာ အသက်ငယ်ငယ်လေးနဲ့ စတုတ္ထအဆင့်ကို ရောက်ရှိပြီး ကျော်ကြားကြတဲ့ လိုဟွိုင်းနန်၊ တုန်ယန်းနဲ့ ပိုင်ဇောင်တို့လိုမျိုး… ဒါပေမယ့် ငါတို့ရဲ့ အာအိုးယာမာဂိုဏ်းက စီနီယာမဟာဆရာသခင် တက်ရောက်ပြီးကတည်းက ဒီလိုမျိုး ပြိုင်ဘက်ကင်း ပါရမီရှင်တွေကို ဆုံးရှုံးခဲ့ရတယ်။ လျန်းဝမ်တောင်ထွတ်မှာရှိတဲ့ စီနီယာအစ်ကိုတွေက သန်မာကြပေမယ့် တစ်ခုခုတော့ လွဲနေတယ်လို့ ငါအမြဲတမ်း ခံစားရတယ်…”

နောက်ထပ်တပည့်တစ်ယောက်က သရော်လိုက်ပြီး ပြောလိုက်သည်။
“အဲဒါက ဘာလို့လဲဆိုတော့ ဒီလူတွေအကုန်လုံးက မသိကြလို့ပဲ။ လျန်းဝမ်တောင်ထွတ်မှာရှိတဲ့ စီနီယာအစ်ကိုတွေက ဓားလေ့ကျင့်ရင်း တာအိုကို ရှာဖွေနေကြတာ သူတို့ မသိကြဘူး။ သူတို့က လူတွေပြောနေကြတဲ့ အဆင့်နဲ့ ဂုဏ်သတင်းတွေကို လုံးဝဂရုမစိုက်ကြဘူး။”

ထိုတပည့် ပြောလိုက်၏။
“ဒါပေါ့ ငါတို့ ဒါကိုသိတယ်၊ ဒါပေမယ့် တခြားဂိုဏ်းတွေရဲ့ တပည့်တွေက ဝန်ခံကြမှာမဟုတ်ဘူးလေ”

“စီနီယာအစ်ကိုချိုးက ထျန်းကွမ်တောင်ထွတ်မှာ တံခါးပိတ်လေ့ကျင့်နေတာကို မမေ့ကြနဲ့။ သူထွက်လာတဲ့အခါ သူက နယ်မြေအနှံ့ကျော်ကြားလိမ့်မယ်”

“စီနီယာအစ်ကိုချိုးက တစ်ယောက်တည်းပါပဲ၊ သစ်ပင်တစ်ပင်က သစ်တောကို ဖန်တီးလို့မရဘူး။ စီနီယာအစ်မကျောင်းက လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း ငါတို့ အာအိုးယာမာဂိုဏ်းရဲ့ ကျင့်ကြံမှုမှတ်တမ်းအကုန်လုံးကို ချိုးဖျက်ခဲ့တယ်။ နောက်နှစ်နှစ်အတွင်း ဓားဆက်ခံခြင်းပြိုင်ပွဲအပြီးမှာ သူမက ဓားပညာရပ်ရဲ့ တကယ့်ဆရာသခင်တစ်ယောက်ဖြစ်လာမှာဖြစ်ပြီး သူမက အပြင်ဘက်မှာရှိတဲ့ ပါရမီရှင်လူငယ်တွေနဲ့ ယှဉ်ပြိုင်နိုင်တယ်။ ကွမ်းရှန်ဘုရားကျောင်းရဲ့ ဈာန်သခင်ကိုတောင် သူမကို စိန်ခေါ်နိုင်တယ်။”

ထိုတပည့် ထပ်ပြောလိုက်၏။
“တောင်ထွတ်တွေအကုန်လုံးက စီနီယာအစ်မကျောင်းအတွက် တိုက်ခိုက်နေကြတယ်လို့ ငါကြားခဲ့တယ်။ အဲဒါအမှန်ပဲလား ဆရာသခင်လုခင်ဗျ”

ဆရာသခင်လု ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒါပေါ့၊ ဒါပေမယ့် အဲဒါက သူမ ဘယ်ဓားပညာရပ်ကို ရွေးချယ်မလဲဆိုတဲ့အပေါ်မှာ မူတည်နေသေးတယ်”

ထိုတပည့်က ကွမ်းရှန်ဘုရားကျောင်း၏ ဈာန်သခင်ကို ထုတ်ဖော်ပြောဆိုလိုက်သောအခါ ကျင်းကျူးသည် နောက်ဆုံးတွင် သူသိသော နာမည်တစ်ခုကို သူကြားလိုက်ရပြီဟု တွေးလိုက်မိသည်။

************************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset