အခန်း၄၄ ဘယ်သူ့မှာ အခွင့်အရေးရှိတာလဲ၊ ဘယ်သူက သေခြင်းနဲ့ ရှင်ခြင်းကို ဆုံးဖြတ်ပေးတာလဲ ပြောစမ်း
နေ့လည်ခင်းတစ်ခုလုံး ကျွန်တော် ဤပြဿနာအတွက် စဉ်းစားနေပြီး ကျောက်ဖန်းယွီပင် ကျွန်တော့်အား အကြိမ်ရေများစွာ ခေါ်နေသော်ငြား ကျွန်တော် မထူးခဲ့ပေ။
ကျွန်တော့်အား ဤကဲ့သို့မြင်ရသည့်အခါ ကျောက်ဖန်းယွီက ကျွန်တော့်အား ကျောက်ရုပ်သဖွယ်သာ သဘောထားပြီး ဘာမှမပြောတော့ပေ။
ကျွန်တော် ဖုန်းကို အချိန်အတော်ကြာ ကြည့်ပြီးနောက် ရုတ်တရက် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသည်။
ဒီအခွင့်အရေးကို အသုံးချပြီး တံခါးစောင့်အား ရှာနိုင်မည်လော။ ကျွန်တော် တာဝန်ကိုထုတ်လိုက်သည်နှင့် တံခါးစောင့်က သူကိုယ်တိုင် ထွက်လာရမည်။ ဒီလိုဆိုလျှင် ကျွန်တော်တို့ ဒီဖြစ်ရပ်များကို နောက်ကွယ်မှ ကြိုးကိုင်နေသည့်သူကို ရှာတွေ့နိုင်ပေသည်။
သို့သော် ဒီအတွေးကို ကျွန်တော် ပယ်ချလိုက်သည်။ အကြောင်းအရင်းက အလွန်ရိုးရှင်းသည်။ ဒိဂိမ်းကို အဆုံးသတ်လိုက်ခြင်းက ကျွန်တော့်အတွက် မကောင်းပေ။
ယခင်က ကျွန်တော် ဟန်ကျိယုကို သတ်လိုက်ကာ ဂိမ်းက ပြီးသွားသော်ငြား ကျွန်တော် ဘာမှမရလိုက်ပေ။ မော့ကျင်းယွီက ကျွန်တော့်အား သစ္စာဖောက်ကာ ကျောက်ဝူကျီနောက်သို့ လိုက်သွားသည်။ ပြီးနောက် သူတို့ကို ကျွန်တော် ကယ်ခဲ့သော်ငြား အကုန်လုံးက ကျွန်တော့်ကို နည်းနည်းမှပင် ဂရုမစိုက်ဘဲ လှောင်ပြောင်ကြသည်။
ဤကဲ့သို့ အတန်းမျိုးသည် ကယ်တင်ခံရရန် မထိုက်တန်ပေ။ ကျွန်တော် ဒီအကြောင်းကို တွေးမိပြီးနောက် ဒီအကြံကို ရုတ်တရက် ဖယ်ထုတ်လိုက်သည်။ တခြားအရာများကို စဉ်းစားရမည်။
နောက်ထပ်တာဝန်က ကျွန်တော့်အား အကျိုးကျေးဇူးများစွာ ရရှိစေရမည်။ မဟုတ်လျှင် ကျွန်တော် ဒီအခွင်အရေးအား ဖြုန်းတီးရာကျသွားမှာဖြစ်သည်။
ကျွန်တော် ဤကဲ့သို့တွေးနေစဉ် ကျောက်ဝူကျီက ကျွန်တော့်နားလာပြီး လှောင်တော့သည်။
“ကျန်းဖန် မင်း အခုတလော အတော်လေး သတ္တိရှိနေပါ့လား။”
“အဲ့တော့ ဘာဖြစ်လဲ။ မင်းက ဘာလုပ်ချင်လို့လဲ။”
ကျွန်တော် သူ့အားကြည့်လိုက်ပြီး ပြောလိုက်သည်။
ကျောက်ဝူကျီက ကျွန်တော့် ကော်လံအားဆွဲလိုက်ပြီးနောက် ပြောသည်။
“ဒီမှာ ငါ မင်းကို ကြောက်တယ်လို့ မထင်လိုက်နဲ့။ အခု ငါက မင်းတို့နဲ့ အတူတူဖြစ်နေပြီဆိုတော့ မင်းကို သတ်တာက အချိန်ဘယ်လောက်မှကြာမှာ မဟုတ်ဘူး။”
“စမ်းကြည့်လိုက်လေ။”
ကျွန်တော် ကျောက်ဝူကျီအား ပြောလိုက်သည်။
ကျောက်ဝူကျီက ကျွန်တော့်အား ပါးချလိုက်သောကြောင့် ကျွန်တော် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ ကျွန်တော် ခက်ခက်ခဲခဲ ထလိုက်ပြီး သူ့အား ပြန်ရိုက်ချင်သော်ငြား ကျွန်တော်က ကျောက်ဝူကျီ၏ပြိုင်ဘက် မဟုတ်ပေ။
သို့သော် ကျွန်တော် ပြုံးလိုက်သည်။
“ကျောက်ဝူကျီ ကြည့်ရတာ မင်း သေချင်နေတဲ့ပုံပဲ။”
ကျွန်တော် ကျောက်ဝူကျီကို ကြည့်လိုက်သည်။
“ဟားဟား မင်း ငါ့ကို ဘယ်လိုပြန်ပြောလိုက်တယ်။”
ကျောက်ဝူကျီက ကျွန်တော့်အား ပြောလိုက်သည့်အချိန်တွင် သူ့ဘေးရှိ လူတိုင်းက ကျွန်တော့်အား ရယ်ကြတော့သည်။
ကျွန်တော် အကြီးအကျယ်အရှက်ခွဲခံလိုက်ရသော်ငြား ကျွန်တော် ငေါ့လိုက်သည်။
“မင်း အဲ့အတွက် ပေးဆပ်ရလိမ့်မယ်။”
ကျွန်တော် ပြောပြီးသည်နှင့် စတိတ်စင်ပေါ်သို့ သွားလိုက်ပြီးနောက် ပြောလိုက်သည်။
“ငါ မင်းတို့ကို တစ်ခုခုပြောစရာရှိတယ်။ ငါက တံခါးစောင့်ပဲ။”
ကျွန်တော့်စကားများက အတန်းထဲရှိ လူတိုင်းကို ကျယ်လောင်စွာရယ်သွားစေတော့ပြီး သူတို့တစ်ယောက်ချင်းစီက ကျွန်တော့်အား မယုံကြည်နိုင်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။ အတန်းသူတစ်ယောက်က ပြောသည်။
“တကယ်လို့ နင်က တံခါးစောင့်ဆိုရင် ငါက ဘုရင်မဖြစ်နေလောက်ပြီ။”
“ဟုတ်တယ်။ မင်းရဲ့ ကောင်မလေးကို ကျောက်ဝူကျီက စနိုင်ကျော်သွားတာ မသိတဲ့သူရော ရှိသေးလို့လား။”
“ကျန်းဖန် မင်း အရိုက်ခံလိုက်ရပြီး စိတ်ဖောက်သွားတာလား။”
“ဟုတ်တယ်။ ကျန်းဖန် အဲ့လောက်ကြီး စိတ်ထဲထားမနေပါနဲ့။”
ဒီတစ်ကြိမ်တွင် ချောင်ဟူက အော်ပြောလိုက်သည်။
သူတို့အော်သံများကို နားထောင်ပြီးနောက် ကျွန်တော့်မျက်နှာထားက ပြောင်းလဲမသွားဘဲ ကျွန်တော် ပြောလိုက်သည်။
“နောက်ထပ်ထုတ်မယ့် တာဝန်သစ်ကို ငါ စဉ်းစားရမှာ။ တကယ်လို့ မင်းတို့ မယုံရင် မင်းတို့ကိုယ်တိုင် တံခါးစောင့်ကို သွားမေးလို့ရတယ်။”
ကျွန်တော်ပြောလိုက်သည့်အချိန်တွင် မယုံသည့်သူတစ်ယောက်က ဂရုထဲတွင် သွားမေးသည်။ ထိုအချိန်တွင် တံခါးစောင့်က ချက်ချင်းပင် စာပြန်လာသည်။
“ဟုတ်တယ်။ နောက်ထပ်တာဝန်ကို ကျန်းဖန်လွေ့ထုတ်မှာ။ ဒါပေမဲ့ အဲဒါ ဒီနေ့နဲ့ မနက်ဖြန်အတွက်ပဲ။”
ဒါကိုတွေ့သည်အချိန်တွင် အကုန်လုံး အံ့အားသင့်သွားကြပြီး ကျွန်တော့်အား ကြည့်နေကြသည်။ လူတော်တော်များများ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများရှိနေသော်ငြား တချို့က ကျွန်တော့်အား အံ့အားသင့်မှုများဖြင့် ကြည့်နေကြသည်။
ဒီအချိန်တွင် အတန်းခေါင်းဆောင်က အမြန်ပင် မတ်တပ်ရပ်လိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် မေးလာသည်။
“ကျန်းဖန် မင်း အဲဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ တံခါးစောင့်ကို မင်းစကားနားထောင်အောင် မင်းဘယ်လိုလုပ်လိုက်တာလဲ။”
“ဟုတ်တယ်။ မင်းက တံခါးစောင့်လား။”
အတန်းထဲတွင် ဆွေးနွေးသံများဖြင့် ဆူညံနေပြီး လူတော်တော်များများက ကျွန်တော့်အား ကြည့်နေကြသည်။ ကျောက်ဝူကျီ၏မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားသည်။ ကျွန်တော့်တွင် ဒီလိုလုပ်ပိုင်ခွင့်ရှိမည်ဟု သူဘယ်တုန်းကမှ တွေးမထားသည့်ပုံပင်။
ကျောက်ဝူကျီကို ကြည့်လိုက်ပြီးနောက် ကျွန်တော် ပြုံးကာ ပြောလိုက်သည်။
“ကျောက်ဝူကျီ မင်းအခုလေးတင် ငါ မင်းကို ဘယ်လိုဆက်ဆံနိုင်လဲလို့ ပြောနေတာမလား။ အခု မင်းမြင်ပြီလား။ ငါ လက်ချောင်းလေးတစ်ချောင်းရွှေ့လိုက်ရင်တောင်…”
ကျွန်တော် ခဏရပ်လိုက်ပြီး သူ့အားကြည့်လိုက်သည်။
“မင်း တခြားသူတွေထက် ပိုပြီးဆိုးတဲ့ သေဆုံးခြင်းနဲ့ သေနိုင်တယ်။”
ကျွန်တော့်စကားများကို ကြားသည့်အချိန်တွင် ကျောက်ဝူကျီက ရုတ်တရက် စိုးရိမ်သွားသည်။ သူ ကျွန်တော့်အား ကြည့်လိုက်သော်ငြား သူ့မျက်နှာက အလွန်တင်းမာနေသည်။
“တကယ်လို့ မင်းငါ့ကို သတ်နိုင်ရင် သတ်လေ။ ငါ မင်းကို မကြောက်ဘူး။”
ကျွန်တော် လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။
“လေးစားတယ်ကွာ။ လေးစားတယ်။ အဲဒါမှ ယောကျာ်းကွ။”
ကျွန်တော်ပြောပြီးသည်နှင့် ဖုန်းကိုကိုင်လိုက်ပြီး ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ ငါ အခု မင်းအတွက် သေတာထက်ပိုဆိုးတဲ့ တာဝန်ထုတ်ပေးမယ်။ ငါ မင်းကို လေးစားတယ်ကွာ။”
ကျွန်တော် စာတစ်စောင်ပို့တော့မည့်အချိန်တွင် ကျောက်ဝူကျီက အမြန်အော်လိုက်သည်။
“နပေါဦး။”
“ဘာဖြစ်တာလဲ။”
ကျွန်တော် သူ့အား ကြည့်လိုက်သည်။ ထိုအချိန်တွင် ကျောက်ဝူကျီ၏မျက်နှာထက်တွင် ချွေးစေးများ ပြန်နေပြီး သူ နေရာမှာတွင် အချိန်အတော်ကြာ ရပ်နေကာ တုန်ရင်စွာဖြင့် ပြောသည်။
“ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါကွာ။”
“ဘာ။ ငါ နားကြားမှားတာလား။ မင်း ငါ့ကို ခုနတုန်းကတင် မင်းကိုသတ်ဖို့ ပြောခဲ့တာမဟုတ်ဘူးလား။”
ကျွန်တော် ရယ်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။
ကျောက်ဝူကျီက အနည်းငယ် ရှက်ရွံ့သွားသော်ငြား သေခြင်းတရား၏ ဖိအားအောက်တွင် သူ ခေါင်ငုံ့ထားပြီး အံကြိတ်နေသည်။
“ငါ တောင်းပန်ပါတယ်။ အခုလေးတင် ငါ မှားပြောမိသွားတယ်။ ငါ့ကို လွှတ်ပေးပါကွာ။”
“မင်းကို လွှတ်ပေးရမယ် ဟုတ်လား။ ငါ့ကို စောက်ရူးလို့ မင်းထင်နေတာလား။”
ကျွန်တော် အော်ပြောလိုက်ပြီး ကျောက်ဝူကျီဆီသို့ ပြေးသွားလိုက်ပြီးနောက် သူ့ကို ရိုက်လိုက်သည်။ ပြင်းထန်သော ရိုက်ချက်က သူ၏ခေါင်းကိုပင် ယိုင်သွားစေသည်။
ကျောက်ဝူကျီက ပြန်တိုက်ခိုက်ချင်သော်ငြား ကျွန်တော့် စကားကို ကြားသည့်အချိန်တွင် သူ တုံ့ဆိုင်းသွားသည်။
“ဘာလဲ။ မင်းသေချင်လို့လား။”
သေခြင်းတရားဖြင့် ခြိမ်းခြောက်မှုအောက်တွင် သူ ဘာမှမပြောရဲပေ။ ကျွန်တော် သူ့အား အကြိမ်ရေများစွာ ပါးချခဲ့သည်။ သူ ခေါင်းငုံ့နေကာ ဘာမှမလုပ်ရဲပေ။
ကျွန်တော်သူ့အား ဆက်တိုက်ပါးချနေပြီး အလွန်ပျော်ရွှင်နေသည်။
တစ်ချိန်တုန်းက ကျောက်ဝူကျီရှေ့တွင် ကျွန်တော်က ကြက်ကလေးတစ်ကောင်သာဖြစ်သည်။ သူ ကျွန်တော့်ကို အထင်သေးနိုင်ပြီး ကျွန်တော့်ကို အနိုင်ကျင့်နိုင်သည်။ ထိုစဉ်က ကျွန်တော် အကူအညီမဲ့နေသည်။
သို့သော် ယခုတွင်မူ ကျွန်တော်က အတန်းထဲတွင် ဘုရင်တစ်ပါးဖြစ်နေပြီဖြစ်သည်။ ကျွန်တော် အတန်းထဲရှိ မည်သူမဆို၏ အသက်ကို ဆုံးဖြတ်နိုင်သည်။ ဒီခံစားချက်က ကျွန်တော့်ကို ရင်ထဲကနေ စိတ်လှုပ်ရှားမှုကို ခံစားရစေသည်။
ဒီစွမ်းအားက ယောကျာ်းတော်တော်များများကို အဆွဲဆောင်ဆုံးဖြစ်သည်။
ကျွန်တော် ကျောက်ဝူကျီကို ကန်လိုက်ပြီးနောက် အော်ပြောလိုက်သည်။
“ခုနတုန်းက ဘယ်သူ ငါ့ကို ရယ်ခဲ့တာလဲ။ မင်းတို့ ဘာလို့ဆက်ပြီး မပြောကြတော့တာလဲ။”
ကျွန်တော့်စကားများကို ကြားသည့်အချိန်တွင် လူတော်တော်များများက ခေါင်းငုံ့ထားကြကာ မည်သူမှ ကျွန်တော့်အား မော့မကြည့်ရဲ့ပေ။ အကုန်လုံးက ကျွန်တော့်၏ ကလဲ့စားချေခြင်းကို ကြောက်ရွံ့နေပုံပင်။ ယခု ကျွန်တော့်တွင် သေခြင်းနှင့်ရှင်ခြင်းကို ဆုံးဖြတ်နိုင်သည့် စွမ်းအားရှိနေပြီဖြစ်သည်။
“ပျင်းစရာကောင်းလိုက်တာ။”
ကျွန်တော် ကျောက်ဝူကျီကို ပါးချလိုက်ပြီးနောက် စိတ်မရှည်စွာဖြင့် ကန်လိုက်သည်။ ဘေးရှိလူများကို ကြည့်ပြီး ကျွန်တော် အေးစက်စွာဖြင့် ပြောလိုက်သည်။
“အခုကစပြီး မင်းတို့ အကုန်လုံး ငါ့စကားကို နားထောင်ရမယ်။ မဟုတ်ရင် မင်းတို့တွေ အကုန်သေမယ်မှတ်။”
ဒီစကားပြောပြီးသည်နှင့် အတန်းထဲမှ လူတော်တော်များများက တုန်လှုပ်နေကြပြီး ကောင်မလေးများ၏ မျက်နှာများကလည်း ဖြူဖျော့နေသည်။
ဒါကိုမြင်သည့်အချိန်တွင် ကျွန်တော် ကျယ်လောင်စွာရယ်လိုက်ပြီး မောက်မာစွာဖြင့် ပြောလိုက်သည်။
“ဒါပဲ အခု ဘယ်သူ့ဆီမှာ အခွင့်အရေးတွေ ရှိတာလဲ။ ဘယ်သူက အသက်ရှင်တာ သေတာကို ဆုံးဖြတ်ပေးတာလဲ။”
အခန်း ၄၄
? Views, Released on June 20, 2023
Private: သေမင်း၏စေညွှန်ရာ
Lethal Impulse, 致命冲动
Status: Ongoing Type: Web Novel Author: Parting Sorrow Forgotten, 忘记离愁 Artist: Swae Nyoe Sarsin, ညိမ်းမြတ် Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။