အခန်း၄၃ ငါက အတန်းရဲ့ ရှင်ဘုရင်ပဲ
ရဲစခန်းထဲမှ ကျွန်တော်တို့ ပြန်ထွက်လာသည့်အချိန်တွင် အတော်ညဉ့်နက်နေပြီဖြစ်သည်။ ကျွန်တော်တို့ ထွက်လညသည့်အချိန်တွင် ကျွန်တော့် စိတ်က ကြည်မလာသည့်အပြင် ပို၍ပင် ဆိုးရွားလာသည်။ အဘယ့်ကြောင့်ဆိုသော ဒီအချိန်တွင် ကျွန်တော် အမှန်ပင် မျှော်လင့်ချက်မဲ့နေသကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်သည်။
ရဲများပင် သူတို့ကိုယ်သူတို့ မကာကွယ်နိုင်ကြပေ။ ကျွန်တော်တို့ကက အထက်တန်းကျောင်းသားတစ်သိုက်ပဲဖြစ်သည်။ ဤကဲ့သို့ အခြေအနေတွင် ကျွန်တော်တို့ ဘာလုပ်သင့်မှန်း မသိပေ။
“အတန်းထဲမျာ လူတွေ ဘာလို့ ဒီလောက်သေနေလဲဆိုတာ ငါအခုသိပြီ။ ပြီးတော့ ရဲတွေက ဘာလို့ ဒီလောက် ထူးဆန်းနေတာလဲ ဆိုတာကိုရောပဲ။ သူတို့ကလည်း ငါတို့ အခြေအနေနဲ့ အတူတူပဲ ဖြစ်နေတာကိုး။”
မစ်ကီက စိတ်ဓာတ်ကျစွာဖြင့် ပြောသည်။
ကျောက်ဖန်းယွီက ခါးသီးစွာဖြင့် ပြောသည်။
“ငါ အစတုန်းက အဲ့ရဲတွေကို မုန်းနေပေမဲ့ အခုတော့ သူတို့ကို အပြစ်တင်လို့မရမှန်း ငါ သိသွားပြီ။”
“ပြောမနေပါနဲ့တော့။ ပြန်ကြရအောင်။”
ကျွန်တော် သူတို့အား ပြောပြီးနောက် လှည့်ထွက်လာခဲ့သည်။
မနက်ခင်း အတန်းသို့ ရောက်သည့်အချိန်တွင် ကျွန်တော် သတင်းဆိုးကို အမြန်ပင် ကျေညာခဲ့သည်။ သတင်းဆိုးကို ကြားပြီးနောက် တစ်တန်းလုံးက ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ အကုန်လုံးက ရဲများအပေါ်တွင် သိပ်ပြီး မမှီခိုကြတော့ပေ။
သို့သော် တစ်နေ့တွင် ရဲစခန်းက ရုတ်တရက် လာပြီး တံခါးစောင့်ကို ဖော်ထုတ်ပေးလိမ့်မည်ဟု ကျွန်တော် ဘယ်တုန်းကမှ မတွေးခဲ့ပေ။ သို့သော် ယခု ဒီသတင်းဆိုးကြောင့် လူတိုင်းက ကြောက်ရွံ့နေကြာက တော်တော်များများက စိတ်ဓာတ်ကျနေကြသည်။
ဒီအချိန်တွင် တစ်ယောက်ယောက်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီးနောက် အော်ပြောလိုက်သည်။
“ရဲတွေ မကူညီနိုင်ရင် ငါတို့ စစ်တပ်ကို အကူအညီတောင်းလို့ရတယ်။ ဘာပဲဖြစ်ဖြစ် စစ်တပ်က လက်နက်တွေ ရှိတော့ ငါတို့ကို ကူညီနိုင်လောက်တယ်။”
သူ့စကားကိုကြားသည့်အချိန်တွင် ကျွန်တော် သူ့အားကြည့်ကာပြောလိုက်သည်။
“တကယ်လို့ သူတို့မှာ လက်နက်တွေရှိတော့ရော ဘာဖြစ်လဲ။ တံခါးစောင့်က ဘယ်သူလဲဆိုတာ မင်းသိလို့လား။”
ကျွန်တော့်စကားက သူ့အား ကြက်သေသေသွားစေသည်။ တံခါးစောင့်က မည်သူဆိုသည်ကို မသိသ၍ နျူကလီးယားလက်နက်ရှိလျှင်ပင် အသုံးမဝင်ပေ။
အဘယ့်ကြောင့်ဆိုသော် ရန်သူက မည်သူဆိုသည်ကို ကျွန်တော်တို့ မသိပေ။ ဘာမှန်း မသိရသည့်ရန်သူနှင့် ရင်ဆိုင်ရသည်က အဆိုးဆုံးပင်ဖြစ်သည်။
ဒီအချိန်တွင် ကျောက်ဝူကျီက မတ်တပ်ရပ်လိုက်ပြီးနောက် ကျွန်တော့်ကိုကြည့်ကာ အော်လိုက်သည်။
“မင်းက တံခါးစောင့်လို့ ငါ သံသယရှိတယ်။ မဟုတ်ရင် မင်း ဒီလောက် တည်ငြိမ်နေမှာမဟုတ်ဘူး။”
“တကယ်လို့ ငါသာ တံခါးစောင့်ဆိုရင် မင်းငါ့ရှေ့မှာ အခုလို မတ်တပ်ရပ်နေနိုင်ဦးမှာလား။”
ကျွန်တော် သူ့အားကြည့်ကာ ပြောလိုက်သည်။
ကျောက်ဝူကျီ၏မျက်နှာက သုန်မှုန်သွားပြီးနောက် သူက ကျွန်တော့်အား ကြည့်လိုက်ကာ အော်ပြောသည်။
“ဘာပဲဖြစ်ဖြစ် မင်းက သံသယအရှိဆုံးလူပဲ။ ဘာလို့လဲဆိုတော့ မင်း တာဝန်တွေကို အမြဲတမ်း အေးအေးဆေးဆေးနဲ့ပဲ ပြီးအောင် လုပ်နိုင်ခဲ့တယ်။ တကယ်လို့ မင်း တံခါးစောင့် မဟုတ်ရင် ဘယ်လိုလုပ်ပြီး အဲ့လောက်လွယ်လွယ်နဲ့ ပြီးအောင်လုပ်နိုင်မှာလဲ။”
“အိုး အဲ့လိုလား။ တကယ်လို့ အဲ့လိုဆိုရင် မင်း ငါ့ကို ဆန့်ကျင်တယ်ပေါ့။ ဒါပေမဲ့ ဒီအတွက် မင်း ပြန်ပေးဆပ်ရမယ်။”
ကျွန်တော် ပေါ့ပါးစွာဖြင့် ပြောလိုက်သည်။
ကျွန်တော် ပြောသည်ကို ကြားသည့်အချိန်တွင် ကျောက်ဝူကျီ၏မျက်နှာထက်တွင် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာသည်။ သို့သော် မကြာခင်တွင် သူအော်ပြောလိုက်သည်။
“အကုန်လုံး ကျန်းဖန်ကို အတူသတ်ကြ။ သူက သေချာပေါက် တံခါးစောင့်ပဲ။”
သူ့စကားကြောင့် လူတော်တော်များများက ကျွန်တော့်အား ကြည့်လိုက်သော်ငြား မည်သူမှ ဘာမှမလုပ်ရဲကြပေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်က တံခါးစောင့် မဟုတ်မှန်း သူတို့ သိသောကြောင့်ဖြစ်သည်။
ကျောက်ဝူကျီက စလိုက်တာပါဟုပြောပြီး သူ့နေရာတွင် သူ ပြန်ထိုင်လိုက်သည်။
အကုန်လုံးက သူတို့အကြည့်များကို ကျွန်တော့်ဆီမှ ဖယ်လိုက်ကြသည်။ ကျွန်တော် ကျောက်ဖန်းယွီကို ပြောလိုက်သည်။
“ဒီကျောက်ဝူကျီက ငါ့ကို ရှင်းဖို့အတွက် ငါက တံခါးစောင့်လို့ တကယ်ပြောလိုက်တာပဲ။ အဲဒါ အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။”
ကျွန်တော် ပြောနေရင်း ဖုန်းကို ကြည့်လိုက်သည့်အချိန်တွင် ကျွန်တော့်မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။
ကျွန်တော် ဘာပြောရမှန်းမသိဖြစ်နေစဉ် တံခါးစောင့် ကျွန်တော့်ကို စာပို့လာသည်။
“မင်းရဲ့ ထူးချွန်တဲ့ဖော်ဖြေမှုကြောင့် မင်း တံခါးစောင့်ဖြစ်လာဖို့အတွက် အခွင့်အရေးရပြီ။ မနက်ဖြန်တာဝန်ကို မင်းထုတ်လို့ရတယ်။ မင်း အတန်းထဲကလူတွေကို အမိန့်ပေးလို့ရတယ်။ သူတို့ကို သတ်လို့တောင်ရတယ်။”
“ဒါပေါ့။ မင်း ဂိမ်းကို ဖျက်တာတို့ တစ်ယောက်ယောက်ကို ဂိမ်းထဲကနေ ထွက်ခိုင်းတာလိုမျိုး အထူးတာဝန်တချို့တော့ လုပ်လို့မရဘူး။ ဒါမှမဟုတ် ဂိမ်းကို နှောက်ယှက်နိုင်မယ့် တာဝန်တွေကိုလည်း ထုတ်လို့မရဘူး။ မဟုတ်ရင် မင်း အသတ်ခံရမယ်။”
ဒါကို ကြည့်ရင်း ကျွန်တော့် နှလုံးခုန်သံများက မြန်လာသည်။
ကျွန်တော် ပြောလိုက်သည့် ဟာသတစ်ခုက အမှန်ဖြစ်လာလိမ့်မည်ဟု ကျွန်တော် ထင်မထားပေ။ ကျွန်တော် အမှန်တကယ်ပင် တံခါးစောင့်ဖြစ်လာသည်။ ထိုအရာက ခဏတာသာဖြစ်သော်ငြား ကျွန်တော် ဤကဲ့သို့ အခွင့်အရေးမျိုးကို ရလိမ့်မည်ဟု ထင်မထားပေ။
ဒါ ကျွန်တော် တစ်ခန်းလုံးကိုပင် သေစေရန် အမိန့်ပေးနိုင်သည်ဟု ဆိုလိုသည်လား။
ဒါမည်ကဲ့သို့ စွမ်းအားနည်း။
ဒါကိုတွေးရင်း ကျွန်တော် တုန်ရင်နေပြီး ကျွန်တော့်နားများက အူလာကာ ကျွန်တော်ကြက်သေသေနေမိသည်။ ဤကဲ့သို့ ကြီးမားသည့် အံ့အားသင့်မှုအောက်တွင် ကျွန်တော် မွန်းကြပ်တော့မလိုပင်။
သို့သော် ကျွန်တော် အမြန်ပင် တည်ငြိမ်သွားသည်။ ကျွန်တော် ဝီချက်ဂရုထဲကို ကြည့်နေပြီး ကျွန်တော့်စိတ်ထဲတွင် ရှုပ်ထွေးနေသည်။
ဤတာဝန်က အခွင့်အရေးတစ်ခုဟု ပြော၍ရနိုင်ပေသည်။ ကျွန်တော့်အတွက် ဂိမ်းမှထွက်ခွာလို့ရနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သည်။
သို့သော် အထူးစည်းကမ်းများက ကျွန်တော့်အား ဤအခွင့်အရေးကို အသုံးပြု၍ ဂိမ်းမှထွက်ခွာမသွားစေရန် တားမြစ်ထားသည်။
ထို့ကြောင့် ကျွန်တော်ရှေ့မှ တာဝန်က ဆုလာဒ်တစ်ခုဟု ဆို၍ရနိုင်ပေသည်။ ဟုတ်သည်။ ဒါက တံခါးစောင့် ကျွန်တော့်အား ချီးမြှင့်သည့် ဆုလာဒ်ဖြစ်သည်။
ပြောရလျှင် တံခါးစောင့် ရှင်ဘုရင်တစ်ပါးကဲ့သို့ အတန်းထဲရှိ လူတိုင်း၏အသက်ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ ကျွန်တော်တို့က သူ့ရှေ့တွင် ကျွန်တော်တို့က ပုရွက်ဆိတ်များကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့်လည်း သူက ဤကဲ့သို့ ဆုလာဒ်မျိုးပေးခြင်းဖြစ်သည်။
ဒီအခွင့်အရေးကို ကျွန်တော် ဘာလုပ်ရမည်နည်း။
ခဏလောက် ကျွန်တော် တွေးတောနေသည်။ ကျောက်ဖန်းယွီက ကျွန်တော့်အား ထူးဆန်းစွာကြည့်လိုက်ပြီး ထိုအရာကို သတိမပြုမိပေ။ ယခုအချိန်မှစ၍ ကျွန်တော်က တံခါးစောင့်ဖြစ်သည်။
ပြီးနောက် ကျွန်တော် ဖုန်းကိုကြည့်လိုက်ကာ ဤအလွန်တန်ဖိုးကြီးမားသည့် အခွင့်အရေးအား မည်ကဲ့သို့ အအခွင့်ကောင်းယူရမည်ကို ဂရုတစိုက်စဉ်းစားနေသည်။
တံခါးစောင့် ဖြစ်လာပြီးနောက် ကျွန်တော် တစ်ခန်းလုံး၏ ရှင်ဘုရင်ဖြစ်လာသည်။ အတန်းထဲရှိ လူတိုင်း၏ ရှင်ခြင်းနှင့် သေခြင်းတို့ကို ထိန်းချုပ်လာနိုင်သည်။ ကျွန်တော့်အမိန့်များကသာ အရေးကြီးဆုံးဖြစ်သည်။
ဤကဲ့သို့ အခွင့်အရေးမျိုးကို ကျွန်တော် ဆုပ်ကိုင်ထားရမည်။
မော့ကျင်းယွီနှင့် ကျောက်ဝူကျီတို့အား ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းလိုက်ရမည်လား။ ဒါကိုတွေးရင်း ကျွန်တော် ဖုန်းကို ထုတ်လိုက်သည်။ သို့သော် ကျွန်တော် တုံ့ဆိုင်းသွားသည်။
ကျွန်တော့် နှလုံးသားက ပျော့ညံ့သွားခြင်းကြောင့်မဟုတ်ပေ။ ကျွန်တော့်အား သစ္စာဖောက်ခဲ့သည့် မော့ကျင်းယွီနှင့် ကျွန်တော့်အား အနိုင်ကျင့်ခဲ့သည့် ကျောက်ဝူကျီတို့အား ကျွန်တော့်အကြောင်းကို သိစေချင်ခဲ့သည်။
သို့သော် သူ့အား ဤကဲ့သို့ သတ်လိုက်ခြင်းက ကောင်းမွန်သည့်အခွင့်အရေးအား ဖြုန်းတီးလိုက်သကဲ့သို့ ဖြစ်နေမှာဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်တွင် ဂိမ်းကစားရင်း သူတို့ သေကြမှာဖြစ်၍ အလျင်လိုစရာ မလိုပေ။ ပြီးတော့ ထိုအတွက် အကြောင်းပြချက်တစ်ခုလည်း ရှိသေးသည်။ အကယ်၍ ကျွန်တော် မော့ကျင်းယွီနှင့် ကျောက်ဝူကျီတို့ကို သတ်လိုက်လျှင် ကျန်သည့်သူများက ကျွန်တော့်အား တံခါးစောင့်ဟု သံသယဝင်လာကြမှာဖြစ်သည်။
မဟုတ်လျှင် တံခါးစောင့်က ဤကဲ့သို့ တာဝန်ထုတ်ဖို့က မဖြစ်နိုင်ပေ။ ဒါက အရမ်းတိုက်ဆိုင်လွန်းနေသည်။ ဒါကိုတွေးရင်း ကျွန်တော် ချွေးစေးပြန်လာကာ ချက်ချင်းပင် ထိုအကြံကို ဘေးဖယ်လိုက်ပြီး ကျွန်တော့်ခေါင်းထဲသို့ ထိုထက်ပိုရူးသွပ်သည့် အတွေးတစ်ခု ဝင်လာသည်။
‘အခန်းထဲက လှတဲ့မိန်းကလေးတွေအကုန်လုံး ငါနှင့် အတူအိပ်ရမယ် မဟုတ်လျှင် သူတို့ သေရမယ်။ ဒီလိုဆိုရင်ကော ဘယ်လိုလဲ။’
အကယ်၍ ဒီလိုဆိုလျှင် ကျွန်တော် အတန်းထဲတွင် အပျော်ရွှင်ဆုံးလူ ဖြစ်လာနိုင်သည်။
သို့သော် ဒါက ကျွန်တော် တံခါးစောင့် ဆိုသည်ကို ဖော်ပြပြီးသားဖြစ်သွားမှာဖြစ်ပြီး ကျွန်တော် ထပ်မံစဉ်းစားရပြန်သည်။
ကျွန်တော် ဘယ်သူလဲဆိုတာကို ဖော်ပြလိုက်လျှင် ကျွန်တော့်အတွက် ရလာနိုင်မည့်အကျိုးကျေးဇူးများ ရှိနိုင်မည်လား။ ကျွန်တော် ထိုနေရာတွင် ခဏတာ မင်တက်နေမိသည်။