အခန်း၄၂ လူလား၊ သရဲလား ဒါမှမဟုတ် ဘုရားသခင်လား
ကျွန်တော်တို့ စိတ်ဓာတ်ကျနေပြီး မျက်စိမှိတ်ကာ သေခြင်းတရားအား စောင့်ဆိုင်းနေသည့်အချိန်တွင် သေနတ်ပစ်သံကို ကြားလိုက်ရသည်။ သို့သော် အံ့အားသင့်စရာကောင်းစွာဖြင့် သေဆုံးသွားသည့်သူက ကျွန်တော်တို့ မဟုတ်ပေ။ သေနတ်ကိုင်ထားသည့် ရဲ သေဆုံးသွားခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ ကျသွားပြီး သူ မလှုပ်ရှားတော့ပေ။
ထိုမှသာ သူ့နောက်မှ ရဲမေတစ်ဦးရှိနေသည်ကို ကျွန်တော် တွေ့လိုက်ရသည်။ ဒီလှပသည့် ရဲမေက ရဲရင့်သည့် အသွင်အပြင်ဖြင့် လုံးဝကျက်သရေရှိနေသည်။ သို့သော် သူမ အမူအရာထက်မှ သူမ၏ စိတ်က ယခုအချိန်တွင် အနည်းငယ်ရှုပ်ထွေးနေသည်ဆိုသည်မှာ သိသာသည်။
ကျွန်တော် သက်ပြင်းချလိုက်ပြီးနောက် ထိုရဲမေကို ကြည့်လိုက်ကာ တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ။”
“တကယ်လို့ မင်း သိချင်တယ်ဆိုရင် ငါနဲ့လိုက်ခဲ့။”
ထိုရဲမေက ပြောပြီးသည်နှင့် ကြမ်းပြင်ပေါ်ရှိ ခန္ဓာကိုယ်ကိုကြည့်ပြီး လှည့်ထွက်သွားတော့သည်။
ကျွန်တော် ကျောက်ဖန်းယွီကို ကြည့်လိုက်ပြီးနောက် သူမ နောက်သို့ ချက်ချင်းလိုက်သွားလိုက်သည်။ အောက်ထပ်သို့ ရောက်လာသည့်အချိန်တွင် မစ်ကီနှင့် မော့ကျင်းယွီကို ရဲတစ်အုပ်က ဝိုင်းထားသည်ကို တွေ့လိုက်ရသည်။ သူတို့ အလွန်ကြောက်လန့်နေကြသည်။
ရဲမေက ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ကျွန်တော့်ကို ကြည့်လိုက်ကာ တည်ငြိမ်စွာဖြင့် ပြောသည်။
“ဒီမှာ ငါက လက်ထောက်ဒါရိုက်တာပဲ။ မင်းဘာသိချင်လဲ ပြောလေ။”
“ခင်ဗျားတို့ရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲဆိုတာ ကျွန်တော် သိချင်တယ်။”
ကျွန်တော် မေးလိုက်သည်။
ရဲမေက ခါးသီးစွာပြုံးလိုက်ပြီးနောက် သူမဘေးရှိ ရဲများကို လက်ညှိုးထိုးလိုက်ပြီးနောက် အေးစက်စွာပြောသည်။
“မင်း အဲဒါကို မမြင်ဘူးလား။ ငါတို့ရဲ့ အခြေအနေက မင်းတိုနဲ့ အတူတူပဲ။”
ဘေးရှိရဲများကို ကြည့်လိုက်ပြီး ကျွန်တော် သက်ပြင်းချလိုက်သည်။ သူတို့ တစ်ဦးချင်းစီက ဝတ်စုံပြည့် ဝတ်ဆင်ထားကာ အထူးတပ်ဖွဲ့နှင့်တူသည်။ သို့သော် ဤကဲ့သို့ အထူးတပ်ဖွဲ့ပင်လျှင် တံခါးစောင့်၏ လက်ထဲမှ ပုရွက်ဆိတ်သဖွယ်ဖြစ်နေသည်။
သူတို့ လက်ရှိအခြေအနေက ကျွန်တော်တို့နှင့် မခြားနားပေ။
“ရှင် ရူးနေလား။ ဘယ်လိုလုပ်ပြီး တံခါးစောင့်က ဒီလောက် စွမ်းအားရှိနိုင်မှာလဲ။”
မစ်ကီက အော်ပြောလိုက်သည်။
“သူ အဲ့လောက်စွမ်းအား မရှိဘူးလို့ ဘယ်သူပြောလဲ။”
ရဲမေက သူမကို ကြည့်လိုက်ပြီးနောက် ခါးသီးစွာ ပြုံးလိုက်သည်။
“ငါတို့ ရဲအုပ်စုကလည်း သရဲလက်ထဲကို ရောက်သွားမယ်လို့ ဘယ်သူက တွေးထားမှာလဲ။”
“ဟုတ်တယ်။”
သက်လတ်ပိုင်းအရွယ် ရဲတစ်ယောက်ကလည်း ထောက်ခံလိုက်သည်။
“အစတုန်းက ဒါက လူသတ်ဖို့အတွက် သက်သက်လုပ်ကွက်ဆင်ထားတာလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ငါတို့ရဲ့ အသေးစိတ်စုံစမ်းမှုတွေ အပြီးမှာ ဒါက သာမာန်မှုခင်းမဟုတ်မှန်း ငါတို့ သိလိုက်ရတယ်။”
“တံခါးစောင့်က ငါတို့ မျှော်လင့်ထားတာထက်ပိုတယ်။ ပြီးတော့ ငါတို့ရဲ့ စုံစမ်းရေးနည်းလမ်းတွေက သူ့ရဲ့ တည်ရှိမှုကို ခြေရာမခံနိုင်ဘူး။ ငါတို့ကို သူက ရင်းနှီးနေသလိုပဲ။ ငါတို့ နာမည်တွေကိုတောင် သူက သိနေသေးတယ်။”
“ဒီတော့ ခင်ဗျားတို့ ဘာမှ မလုပ်နိုင်ဘူးပေါ့။”
ကျွန်တော်ပြောလိုက်သည်။
ရဲမေက မျက်စောင်းထိုးလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်ကာ
“ဟုတ်တယ်။ ငါ ဘာကိုမှ ဖုံးကွယ်မထားချင်ဘူး။ ငါတို့က တံခါးစောင့်ရှေ့မှာ မင်းတို့လိုပဲ အားနည်းတယ်။ ငါတို့ရဲ့ ရဲဆိုတဲ့ နာမည်က ငါတို့ကို ကာကွယ်မပေးနိုင်ဘူး။”
“ဒီလိုဆိုတော့ ကျွန်တော်တို့ကို သတ်ချင်နေတဲ့ ရဲကလည်း ခင်ဗျားတို့ထဲကပဲလား။”
ကျောက်ဖန်းယွီက မေးလိုက်သည်။
“ခင်ဗျားတို့က ဘယ်လိုရဲများလဲ။ ကျွန်တော်တို့ကို ကာကွယ်ပေးရမယ့်အစား ကျွန်တော်တို့ကို ပြန်သတ်နေတာ။”
“ငါလည်း ရှောင်ဝမ်နဲ့ပတ်သက်ပြီး နောင်တရမိတယ်။”
ရဲမေက ပြောပြီးသည်နှင့် ဖုန်းထုတ်လိုက်ပြီး ကျွန်တော့်အား လှမ်းပေးသည်။
ကျွန်တော် ဖုန်းကိုယူလိုက်ပြီး ဝီချက်ကို ဖွင့်လိုက်သည့်အချိန်တွင် ကျွန်တော့် မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ ဝီချက်ဂရုထဲတွင် တံခါးစောင့်ရှိနေပြီး တာဝန်တစ်ခုကိုလည်း ထုတ်ပြန်ထားသည်။
“ဝမ်တဟွေက ရဲစခန်းထဲကို ဝင်လာမယ့် ကျန်းဖန်၊ ဝမ်ချန်းနဲ့ ကျောက်ဖန်းယွီတို့ကို သုံးနာရီအတွင်း သတ်ရမယ်။”
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
ကျောက်ဖန်းယွီက ဖုန်းကိုကြည့်လိုက်ပြီးနောက် အလန့်တကြားပြောလိုက်သည်။
ကျွန်တော် ဆိုဖာပေါ်ထိုင်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဒီတော့ သူက သူ အသက်ရှင်ဖို့အတွက် ငါတို့ကို သတ်ဖို့ ရွေးချယ်လိုက်တာပဲ။”
“အဲဒါ သူ့ရဲ့ ရွေးချယ်မှုပဲ။”
ရဲမေက ပြောသည်။
“ဒါပေမဲ့ ရှင်တို့က ရဲတွေလေ။ ရဲတွေက ပြည်သူတွေကို ကာကွယ်ရမှာ မဟုတ်ဘူးလား။”
မစ်ကီက ပြောသည်။
ရဲမေက သူမကို ကြည့်လိုက်ပြီးနောက်ပြောသည်။
“ငါတို့ ရဲတွေဖြစ်မလာခင်တုန်းက သာမာန်လူတွေပဲလေ။ ဒီတော့ ငါတို့လည်း အသက်ရှင်ချင်တာပေါ့။”
မစ်ကီက ခဏတာ တိတ်ဆိတ်သွားပြီး ဘာမှမပြောတော့ပေ။ ယခုအကုန်လုံး သူတို့ အခြေအနေကို သိသွားပြီဖြစ်သည်။
ရဲစခန်းက ဤကဲ့သို့ ဂိမ်းကို ကစားခဲ့ရပြီး ရှင်သန်နေသည့် လူတိုင်းက သာမာန်လူ မဖြစ်တော့မှာကို ကျွန်တော် စိုးရိမ်ခဲ့မိသည်။ သေခြင်းတရားအား ကြောက်ရွံ့မှုကြောင့် ရဲတော်တော်များများက သူတို့၏တာဝန်များကို မေ့သွားကြတာ အံ့အားသင့်စရာမကောင်းပေ။
“ကောင်းပြီ ဘာမှမပြောနဲ့တော့ အကုန်လုံးက အခုအခြေအနေကို သိပြီဆိုတော့ ငါတို့ နည်းလမ်းတစ်ခုရှာရမယ်။”
သက်လတ်ပိုင်းအရွယ်ရဲသားက မတ်တပ်ရပ်ကာပြောလိုက်သည်။
သူပြောလိုက်သည်နှင့် လေထုက အတော်ငြိမ်သက်သွားပြီး ကျွန်တော်လည်း စ၍စကားပြောတော့သည်။ ကျွန်တော့်ရှေ့မှ ရဲများရှေ့တွင် ကျွန်တော် ဘာမှလုပ်လို့မရပေ။ သူတို့တွင် သေနတ်များရှိသည်။
“ကျွန်တော်တို့ တာဝန်ကို အရင်ပြီးအောင်လုပ်ပါရစေ။ ပြီးမှ တခြားဟာတွေ ပြောကြတာပေါ့။”
ကျွန်တော် သေဆုံးမှုဖိုင်နှင့် ရဲစခန်းမှ ထွက်လာသည့်အချိန်တွင် တံခါးစောင့်က စာပို့ခဲ့သည်။
“ကျန်းဖန် သေဆုံးမှုဖိုင်ကို ယူခဲ့ပြီး တာဝန်ပြီးမြောက်တယ်။ သူ့ကို ဝီချက်အန်ပေါင်း ၁၀၀၀၀ အထူးဆုချီးမြှင့်မယ်။”
ဂရုက ချက်ချင်းပင် ဆူညံသွားပြီး လူတော်တော်များများက စာပို့လာသည်။
“အခု အခြေအနေ ဘယ်လိုရှိလဲ။”
“ဘယ်သူ သေသွားသေးလဲ။”
“ဘာမှမဖြစ်လောက်ပါဘူး။ ရဲစခန်းက အရမ်းလုံခြုံတာ။”
ဂရုထဲရှိ စာများကိုကြည့်လိုက်ပြီးနောက် ကျွန်တော် ဝမ်ချန်း၏ သေဆုံးမှုကို ပို့ခဲ့သည်။ ကျွန်တော် ပို့ပြီးသည့်အချိန်တွင် ရဲစခန်းထဲသို့ ပြန်ဝင်ခဲ့ပြီး ရဲများနှင့် စကားပြောခဲ့သည်။
ကျွန်တော် ပြန်လာသည်ကို မြင်သည့်အချိန်တွင် ရဲမေက လက်ဖက်ရည်တစ်ဂွတ်သောက်လိုက်ပြီးနောက် မေးသည်။
“ငါတို့ မင်းတို့ အခြေအနေနဲ့ ပတ်သက်ပြီး တော်ာတော်များများ သိပြီးပြီ။ ငါတောင်းပန်ပါတယ်။ ငါ မင်းတို့ကို မကယ်နိုင်ဘူး။”
“ရပါတယ်။ ခင်ဗျားတို့ အကုန်လုံးက ကိုယ့်ကိုယ်ကိုယ်တောင် ကာကွယ်နိုင်တာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အဆင်ပြေပါတယ်။”
ကျွန်တော် ရဲမေကို ကြည့်ကာပြောလိုက်သည်။
“ဒါပေမဲ့ တကယ်လို့ ခင်ဗျားတို့ တကယ်လို့ ကျွန်တော်တို့အတွက် ဂရုမစိုက်ရင်တောင်မှ ဘာလို့ အထက်က လူတွေကို အဲ့အကြောင်းကို သတင်းမပို့တာလဲ။”
ကျောက်ဖန်းယွီက မေးလိုက်သည်။
“ဟုတ်တယ်။ ဒီလိုဆိုရင် ခင်ဗျားတို့ အကယ်ခံရနိုင်တယ်။”
ဒါကိုကြားသည့်အချိန်တွင် ရဲမေက အနည်းငယ်ပြုံးလိုက်ပြီးနောက် ပြောသည်။
“မင်းတို့ပြောတာကို ငါ အစကတည်းက လုပ်ပြီးပြီ။ ဒါပေမဲ့ ငါ အခုချိန်ထိ အထက်က ဘာအကြောင်းပြန်စာမှ ပြန်မရသေးဘူး။ ဒါကြောင့် ဘယ်သူကမှ ငါတို့ကို လာကယ်မှာ မဟုတ်ဘူးဆိုတာကို ငါတို့ သဘောပေါက်ခဲ့တာပဲ။”
“ငါ ဒီအခြေအနေကို အရင်ကတည်းက မျှော်လင့်ထားပြီးသား။”
ကျွန်တော် ပြောလိုက်သည်။
“ဒီတော့ ငါတို့ကို လာကယ်ဖို့ ငါတို့ စောင့်လို့မရဘဲ သေခြင်းတရားကိုပဲ ငါတို့ စောင့်နိုင်မှာ။”
ရဲမေက စိုးရိမ်စွာဖြင့် ပြုံးပြီးပြောသည်။
“တကယ်လို့ ခင်ဗျားတို့ အကူအညီမဲ့နေရင်တောင် တကယ်ပဲ သေဖို့ကို ထိုင်စောင့်နေမှာလား။”
ကျောက်ဖန်းယွီက စိတ်ဓာတ်ကျစွာဖြင့် ပြောသည်။
“ဒီအချိန်မှာ ငါတို့ တံခါးစောင့်က ဘယ်သူလဲဆိုတာကိုပဲ မင်းနဲ့ ဆွေးနွေးနိုင်တယ်။”
ရဲမေကပြောသည်။
“သူ ဘယ်သူလဲဆိုတာကိုလား။”
ကျွန်တော် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“တံခါးစောင့်က ကျွန်တော်တို့ အတန်းထဲမှာ ရှိတယ်လို့ ကျွန်တော် သံသယဝင်ပေမဲ့ ကျွန်တော် ဘာသက်သေမှာ ရှာမတွေ့နိုင်ဘူးဖြစ်နေတယ်။”
ရဲမေက ကျွန်တော့်အား ကြည့်ပြီးနောက် ပြောသည်။
“အစက ငါ့ခန့်မှန်းချက်ကလည်း မင်းလိုပဲ။ ဒါပေမဲ့ အခု ငါတို့ထဲမှာ တံခါးစောင့် မရှိဘူးလို့ ငါ လုံးဝကောက်ချက်ချထားတယ်။”
“ခင်ဗျား ဘာလို့ ဒီလောက်သေချာနေရတာလဲ။”
ကျွန်တော်မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါ့ ခန့်မှန်းချက်အရာ တံခါးစောင့်က လူမဟုတ်လောက်ဘူး။”
ရဲမေကပြောသည်။
“ဟုတ်တယ်။ လူတွေက အဲ့လို စွမ်းအားမရှိဘူး။”
ကျွန်တော် ပြောလိုက်သည်။ တံခါးစောင့်နှင့် ဆက်ဆံပြီးသည်နျင့် ကျွန်တော် သူ၏စွမ်းအားကြောင့် အလွန်ကြောက်ရွံ့ခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ စွမ်းအားများက အလွန်အစွမ်းထက်သောကြောင့်ဖြစ်သည်။
“ငါ့ လေ့လာချက်အရ လက်ရှိ တံခါးစောင့်မှာ စွမ်းရည်သုံးမျိုးရှိတယ်။”
ရဲမေက လက်သုံးချောင်းထောင်ပြီး ကျွန်တော့်ကို ကြည့်ကာပြောသည်။
“ပထမတစ်ခုက လူတစ်ယောက်ကို ဘယ်နေရာ ဘယ်အချိန်မဆို ဘယ်လိုပဲဖြစ်ဖြစ် သတ်နိုင်တာပဲ။ ငါ သိရသလောက်တော့ အဲ့စွမ်းအားမှာ ဘာပြစ်ချက်မှမရှိဘူး။ အဲဒါက သေခြင်းတရားလိုပဲ။”
“ဟုတ်တယ်။”
ကျွန်တော် ခေါင်းညိတ်လိုက်သည်။ တံခါးစောင့်က မည်သူ့ကိုမဆို ချက်ချင်းသတ်နိုင်ပြီး သတ်သည့် နည်းလမ်းများကလည်း ထူးဆန်းသည်။ မြင်းငါးကောင်ဖြင့် ခန္ဓာကိုယ်ကို ဆွဲဖြဲစေခြင်း၊ သွေးထွက်လွန်ပြီး သေစေခြင်း၊ ခေါင်းပြတ်စေခြင်းတို့ကဲ့သို့ နည်းလမ်းများဖြစ်သည်။ ထိုနည်းလမ်းများက အတော်လေး ကြောက်စရာကောင်းသည်။
“ဒုတိယစွမ်းရည်က တော်တော်များများကို သိနိုင်တာပဲ။ အဲဒါက ငါတို့ ဘာအလုပ်လုပ်လဲ၊ ငါတို့ ဘယ်မှာလဲ၊ ငါတို့ ဘာလုပ်နေလဲဆိုတာတောင် သိတယ်။ အဲ့တော့ ငါတို့ သူ့ဆီကနေ ဘာကိုမှ ဖွက်ထားလို့ မရဘူးလို့ ဆိုလိုတာပဲ။”
“ပြီးတော့ တတိယစွမ်းရည်က ငါ သိရသလောက်တော့ သရဲတွေကို ထိန်းချုပ်နိုင်တာပဲ။ အဲဒါ ကြောက်စရာအကောင်းဆုံး စွမ်းရည်ပဲ။”
ရဲမေက ပြောသည်။
“ဟုတ်တယ်။ ကျွန်တော်လည်း အဲဒါကို အရင်ကတွေ့ဖူးတယ်။ သူက သေပြီးသားလူကိုတောင် ခဏအသက်ပြန်ရှင်ခိုင်းပြီး ကျွန်တော်တို့ရှေ့မှာ ပေါ်လာခိုင်းတယ်။”
ကျွန်တော် ပြောလိုက်သည်။
“ပြောရရင် ဒီလိုရန်သူမျိုးကို ငါ ဖော်ပြစရာစကားလုံးတစ်လုံးတည်းရှိတယ်။”
ရဲမေက ပြောလိုက်သည်။
“ဘာစကားလုံးလဲ။”
ကျွန်တော် မေးလိုက်သည်။
“သေမင်း။”
ရဲမေကပြောသည်။ သူမ၏စကားများက ကျွန်တော့်အား ခဏတာ မင်တက်သွားစေပြီး ကျွန်တော် ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆို ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။”
“တကယ်လို့ ငါ အဲဒါကိုသိနေရင် မင်းနဲ့ ဆွေးနွေးနေမှာတောင် မဟုတ်ဘူး။”
ရဲမေက ကျွန်တော်တို့ကို ကြည့်ကာပြောသည်။
“ငါတို့က တံခါးစောင့်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါတို့က တံခါးစောင့် ဘာလဲဆိုတာတောင် သိတာမဟုတ်ဘူး။”
“ဟုတ်တယ်။ ဒီတော့ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ။ တံခါးစောင့်က ဘာလဲဆိုတာကို ဘယ်လိုသိအောင် လုပ်ရမလဲ။”
ကျွန်တော်ပြောလိုက်သည်။
“ကောင်းပြီ။ သံသယရှိတာတွေကို အတည်မပြုခင်မှာ အရင်ဆုံး တံခါးစောင့်က ဘာလဲဆိုတာ သိရဖို့လိုတယ်။ လူလား၊ သရဲလား ဒါမှမဟုတ် မကောင်းဆိုဝါးလား။ အတိုချုံးပြောရရင် ငါတို့ သူ့အကြောင်းကို ဘာမှမသိထားဘူး။ ပြီးတော့ သူက ငါတို့ကို ကောင်းကောင်းသိနေတယ်။”
ရဲမေက ပြောသည်။
“လက်ရှိအခြေအနေအရ ကျွန်တော့်မှာ ဖြစ်နိုင်ခြေအများဆုံး အဖြေရှိတယ်။ အဲဒါ သရဲပဲ။”
ကျွန်တော် ရဲမေကိုကြည့်ကာပြောလိုက်သည်။
“ဒါက ငါတို့ရဲ့ နောက်ပြဿနာပဲ။”
ရဲမေက ကျွန်တော့်အား ကြည့်လိုက်ပြီးနောက် ရုတ်တရက် ခါးသီးစွာ ပြုံးလိုက်ကာ
“ပြောရရင် ရယ်တော့ရယ်ချင်စရာပဲ။ ငါက ရဲတစ်ယောက်ဖြစ်ပေမဲ့ ဒီကိစ္စကို မင်းလိုကျောင်းသားတစ်ယောက်နဲ့ ဆွေးနွေးနေရတယ်။”
“အဲ့အကြောင်းပြောမှပဲ ခင်ဗျား ဖန်းလင်းရွာကိုသိလား။”
ကျွန်တော် ရဲမေကိုကြည့်လိုက်ပြီး ရုတ်တရက်ပြောလိုက်သည်။
ရဲမေက ခေါင်းညိတ်လိုက်ပြီးပြောသည်။
“ဒါပေါ့ ငါတို့သိတယ်။ ပြီးတော့ ငါတို့ အဲဒါကို စုံစမ်းခဲ့သေးတယ်။”
“ခင်ဗျားရဲ့ စုံစမ်းမှု ရလာဒ်ကဘာလဲ။”
ကျွန်တော် ရဲမေကို မေးလိုက်သည်။
ရဲမေက ကျွန်တော့်အား ထူးဆန်းသည့်အကြည့်ဖြင်ကြည့်ပြီးပြောလိုက်သည်။
“ငါတို့ရဲ့ စုံစမ်းမှုအရ ဖန်လင်းရွာက ငါတို့ကြုံတွေ့နေရတဲ့အတိုင်း ကြုံတွေ့ခဲ့ရပြီးတော့ ငါသိရသလောက်တော့ သူတို့ထဲက သုံးယောက်ပဲ လွတ်မြောက်ခဲ့တယ်တဲ့။”
“ကြည့်ရတာ ခင်ဗျားရဲ့စုံစမ်းမှုက အရမ်းတိကျတဲ့ပုံပဲ။”
ကျွန်တော် ရဲမေကိုကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ကျွန်တော်က သူတို့ထဲက တစ်ယောက်က ဟန်ကျိယုဆိုတာကိုပဲ သိတာ။ ဒါပေမဲ့ အခု သူမက သေသွားပြီ။ ကျွန်တော် ကျန်တဲ့နှစ်ယောက်ကို မသိဘူး။”
“ငါတို့လဲ ဒါနဲ့ပတ်သက်ပြီး ဘာသဲလွန်စမှမရှိဘူး။ ဘာလို့လဲဆိုတော့ အဲ့တုန်းက အခြေအနေက အရမ်းရုန်းရင်းဆန်ခတ်ဖြစ်နေတာ။ ဒါပေမဲ့ အဲ့ရှင်ကျန်သူသုံးယောက်က တစ်ခုခုသိထားလောက်တယ်။”
ရဲမေက ပြောသည်။
ကျွန်တော် ခေါင်းညိတ်လိုက်ပြီး ဆွေးနွေးပြီးသည့်အချိန်တွင် ရဲမေနှင့် သဘောတူညီမှု အရယူခဲ့သည်။ ရဲမေက ကျွန်တော့်အား သူမ ဖုန်းနံပတ်ပေးကာ သဲလွန်စများတွေ့လျှင် သူမကို ဖုန်းဆက်ခွင့်ပေးခဲ့သည်။
အခန်း ၄၂
? Views, Released on June 20, 2023
Private: သေမင်း၏စေညွှန်ရာ
Lethal Impulse, 致命冲动
Status: Ongoing Type: Web Novel Author: Parting Sorrow Forgotten, 忘记离愁 Artist: Swae Nyoe Sarsin, ညိမ်းမြတ် Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။