အခန်း ၄၀

အခန်း၄၀ ရဲစခန်းသို့ သွား၍ ပစ္စည်းများခိုးခြင်း

ကျွန်တော့်စကားများက ဝမ်ချန်းကို မတ်တပ်ထကာ အော်ပြောစေခဲ့သည်။
“ဟုတ်တယ်။ ဒီတာဝန်က ငါတို့အကုန်လုံးကို ပေးတာဆိုတော့ ငါတို့ အတူသွားမှ ဖြစ်မယ်။ ဘယ်သူမှ နေခဲ့လို့မရဘူး။”
“ဒါပေမဲ့ ငါတို့က မိန်းကလေးတွေလေ။”
မော့ကျင်းယွီက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
“မိန်းကလေးတွေဆိုတော့ရော ဘာဖြစ်လဲ။ မိန်းကလေးတွေက သွားမလို့မရဘူးတဲ့လား။ ဘာပဲဖြစ်ဖြစ် ငါတို့က နင်တို့ကို လူသတ်ဖို့ပြောနေတာမဟုတ်ဘူး။ ဖိုင်တစ်ခု ရှာရုံပဲ။”
ဝမ်ချန်းက သူမကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
မော့ကျင်းယွီက ကျောက်ဝူကျီကို ကြည့်လိုက်သည့်အချိန်တွင် ကျောက်ဝူကျီက ခေါင်းခါခဲ့သည်။ ဤသို့ဖြင့် မော့ကျင်းယွီက ကျွန်တော်တို့နှင့်သွားရန်ကိုသာ ရွေးချယ်နိုင်ခဲ့သည်။
ဒီတာဝန်၏ခေါင်းဆောင် အနေဖြင့် ကျွန်တော် သူတို့တာဝန်များကို ညွှန်ကြားခဲ့သည်။
“ရဲစခန်းကနေ တစ်ခုခုခိုးတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာ မင်းတို့ သိမှာပါ။ ညကျမှ သွားဖို့ ငါကြံထားတယ်။ ဘာလို့လဲဆိုတော့ ညကျရင် ရဲတွေက ရုံးဆင်းရတယ်။ ညဆိုင်းဆင်းရတဲ့ရဲတွေရှိသေးပေမဲ့ နေ့ဘက်ကလောက်တော့ များမှာမဟုတ်ဘူး။”
“အဲ့အချိန်ကျရင် မစ်ကီနဲ့ မော့ကျင်းယွီတို့က တစ်ခုခု တိုင်တဲ့ပုံ ဟန်ဆောင်ရမယ်။ ရဲတွေကို အာရုံလွှဲထားပြီးတော့ ငါနဲ့ ကျောက်ဖန်းယွီတို့က ရဲစခန်းထဲ ဝင်မယ်။ ဝမ်ချန်းက ရဲစခန်းမှာ ပြဿနာသွားရှာပြီးတော့ ရဲတွေကို ထိန်းထားရမယ်။ ပြီးတော့ အဖမ်းခံရမယ်။”
“ဘာ။ ငါ့ကို အဖမ်းခံခိုင်းတာလား။”
ဝမ်ချန်းက အော်ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ မင်းစိတ်ပူစရာ မလိုပါဘူး။ မင်းက ကျောင်းသားပဲ ရှိသေးတော့ မင်းကို အကြာကြီးဖမ်းလို့ရမှာမဟုတ်ဘူး။ အများဆုံး ခဏအကျဉ်းချထား ခံရရုံပါပဲ။”
ကျွန်တော် ပြောလိုက်သည်။
“အဲဒါဆိုလည်း ပြီးတာပဲ။”
ဝမ်ချန်းကပြောသည်။
“ကျောက်ဖန်းယွီနဲ့ ငါနဲ့က ရဲစခန်းထဲက ဖိုင်တွေထားတဲ့အခန်းထဲကို အမြန်ဝင်ပြီးတော့ သေဆုံးမှုဖိုင်တွဲကို ရှာပီးတော့ ထွက်လာခဲ့မယ်။”
“အဲ့လိုဆိုရင် ငါတို့တာဝန်လည်း ပြီးသွားမှာပဲ။”
ဝမ်ချန်းက ပြောသည်။
ပြီးနောက် ကျွန်တော်တို့ အစမ်းလေ့ကျင်းကြသည်။ အထူးသဖြင့် မစ်ကီနှင့် မော့ကျင်းယွီတို့ကို ဖြစ်သည်။ သူတို့က သရုပ်ဆောင်ကောင်းဖို့ လိုအပ်သည်။ ထိုမှသာ ကျွန်တော်တို့ ဝင်ပါစရာ မလိုမှာဖြစ်သည်။ ဒီလိုဖြင့် မနက်ခင်းက အလျင်အမြန်ကုန်ဆုံးသွားသည်။
ညတွင် ကျွန်တော်တို့တစ်သိုက် ရဲစခန်းဆီသို့ သွားလိုက်ကြသည်။
ရဲစခန်းရှေ့သို့ ရောက်သည့်အချိန်တွင် မစ်ကီနှင့် မော့ကျင်းယွီတို့က အနည်းငယ် ကြောက်နေကြပြီး မဝင်သွားရဲကြပေ။ ဒီအခြေအနေကို မြင်သည့်အချိန်တွင် ကျွန်တော်တို့ သူတို့နှင့် အဖော်လိုက်သွားပေးရုံသာ တတ်နိုင်တော့သည်။
ကျွန်တော်တို့ ရဲစခန်းထဲဝင်လိုက်သည့်အချိန်တွင် ရဲများက ကျွန်တော်တို့အား နွေးထွေးစွာဖြင့် ကြိုဆိုကြသည်။ ရဲမေတစ်ဦးကလည်း ကျွန်တော်တို့အား ရေနွေးတစ်ခွက်ဆီ ငှဲ့ပေးသည်။ ဒီအခြေအနေကို မြင်သည့်အချိန်တွင် ကျွန်တော် အနည်းငယ် ရှက်သွားသော်ငြား ကျွန်တော်တို့ သေဘေးမှ လွတ်မြောက်ရန်အတွက် သေဆုံးခြင်းဖိုင်ကို ရှာရမည်ဖြစ်သည်။
ဒါကိုတွေးရင်း ကျွန်တော် မစ်ကီကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည့်အချိန်တွင် သူမက ချက်ချင်းပင် ငိုတော့သည်။
“ကျွန်မ အစော်ကားခံခဲ့ရတယ်။ ရှင်တို့ ကျွန်မကို ကူညီမှရမယ်။”
“ဘာဖြစ်ခဲ့တယ်ဆိုတာကို တစ်ချက်လောက်ပြောပြပေးလို့ရမလား။”
ရဲတစ်ယောက်က ချက်ချင်းပြောလိုက်သည်။
“ကျွန်မ.. ကျွန်မ ကြောက်နေသေးတုန်းပဲ။”
မစ်ကီကပြောသည်။
“မကြောက်ပါနဲ့ ငါတို့က ရဲတွေပါ။ မင်း ပြောပြလို့ရပါတယ်။”
ရဲတစ်ယောက်က ညင်သာစွာပြောလိုက်သည်။
သူ့ဘေးရှိ မော့ကျင်းယွီက သူ့အားကြည့်ရင်း ပိုပြီးစိုးရိမ်လာသည်။ ဒါကိုမြင့်သည့်အချိန်တွင် ကျွန်တော် သူမ၏လက်ကို မသိမသာ ဆုပ်ကိုင်လိုက်သည့်အချိန်တွင် သူမက ကျွန်တော့်အား ကြည့်လိုက်ပြီးနောက် ငိုတော့သည်။
“ကျွန်မလည်း စော်ကားခံခဲ့ရတယ်။”
“ဘာ။ မင်းရောပဲလား။”
ရဲက လန့်သွားပြီး ချက်ချင်းပင် ဘေးရှိ ရဲများကို ခေါ်လိုက်သည်။ ကျောင်းသူနှစ်ယောက် တစ်ချိန်တည်းမှာပင် စော်ကားခံရသည်က လန့်စရာကောင်းသည့်အချက်ပင်ဖြစ်သည်။
ဒီအချိန်တွင် ကျွန်တော် ကျောက်ဖန်းယွီကို အမြန်ခေါ်ပြီးနောက် ထွက်လာခဲ့သည်။
ကျွန်တော်တို့နှစ်ယောက်ထွက်လာသည်ကို မည်သူမှမသိပေ။ ရဲများ၏အာရုံက ကျွန်တော်တို့အပေါ်တွင် မဟုတ်ပေ။ ကျွန်တော် အမြန်ပင် လျှောက်လာရင်း ဖိုင်များထားသည့်အခန်းကို ရှာနေခဲ့သည်။
မကြာမီတွင် ကျွန်တော် ဖိုင်များထားသည့် အခန်းသို့ ရောက်လာသည်။ ကျွန်တော်တို့ ဝင်သွားသည့်အချိန်တွင် အထဲတွင် ဖိုင်များကို ကြည့်နေသည့် ရဲတစ်ယောက်ရှိနေသည်။
ကျွန်တော်တို့အား မြင်သည့်အခါ သူက ပြောသည်။
“မင်းတို့ကို ဘယ်သူခေါ်လာတာလဲ။ ဒီနေရာက ဝင်ချင်တိုင်း ဝင်လာလို့ရတဲ့နေရာ မဟုတ်ဘူး။”
“ရုတ်တရက် ရဲစခန်းထဲကို လူတစ်ယောက် ပြေးဝင်လာပြီး အခြေအနေက အရမ်းအန္တရာယ်များလို့ ကျွန်တော်တို့ ဒီထဲကို ဝင်လာတာပါ။”
ကျွန်တော့်စကားများကိုကြားသည့်အချိန်တွင် ရဲသားက ပြောသည်။
“မင်းတို့နှစ်ယောက် ဒီမှာနေခဲ့။ ငါ အဲ့ကိုချက်ချင်း သွားလိုက်မယ်။”
ပြီးနောက် သူလှည့်ထွက်သွားတော့သည်။ သူ့ နောက်ကျောကိုကြည့်ပြီး ကျွန်တော် ပြုံးလိုက်သည်။ ပြီးနောက် ကျွန်တော် ကျောက်ဖန်းယွီကို ကြည့်လိုက်သည့်အချိန်တွင် ကျောက်ဖန်းယွီက
“ကျန်းဖန် မင်း အရမ်းဉာဏ်ပြေးတာပဲ။”
“ကောင်းပြီ။ အမြန် သေဆုံးမှုဖိုင်ကိုရှာ။”
ကျွန်တော် အမြန်ပင် စာအုပ်စင်နားသို့သွားကာ ရှာတော့သည်။ ဖိုင်များက အလွန်များသည်။
ဝမ်ချန်းက အချိန်အတော်ကြာ တောင့်ခံနိုင်မှာ မဟုတ်သောကြောင့် ကျွန်တော်တို့ အမြန်လှုပ်ရှားရမည်။
“အမြန်ရှာ။”
ကျွန်တော် သူ့အား အော်ပြောလိုက်ပြီးနောက် အမြန်ရှာတော့သည်။
ကျွန်တော်နှင့်အတူ ကျောက်ဖန်းယွီကလည်း ဖိုင်များကို လိုက်စစ်ဆေးနေသည်။ သို့သော်ထိုဖိုင်များက တခြား မှုခင်းကိစ္စများနှင့် ပတ်သတ်နေသည့် ဖိုင်များသာ ဖြစ်နေသည်။ ကျွန်တော်တို့ လိုချင်သည့် သေဆုံးမှုဖိုင် မဟုတ်ပေ။
“သေဆုံးမှုဖိုင်က ဘာဖိုင်လဲ။”
ကျွန်တော် စိတ်ညစ်စွာဖြင့် ပြောလိုက်ပြီး အပေါ်ကိုကြည့်လိုက်သည်။
စာအုပ်စင်ပေါ်မှ စာအုပ်များကို သေချာစစ်ဆေးသော်ငြား ထိုစာအုပ်များအားလုံးက အမှုကိစ္စများသာ ဖြစ်နေသည်။ ဒီဖိုင်တွဲများက အလွန်များပြားသောကြောင့် ကျွန်တော် စိတ်ညစ်သွားခဲ့သည်။
ကျွန်တော်တို့နှစ်ယောက် ရဲစခန်းထဲတွင် ရှာဖွေနေစဉ် ဝမ်ချန်းက ရဲသားများကို ရဲရင့်စွာဖြင့် ရင်ဆိုင်နေသည်။
သူက ရဲသားများကို မတိုက်ခိုက်ရဲပေ။ ထို့ကြောင့် ဓားထုတ်ပြီး ရဲစခန်းတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားသည့်ပုံ ဟန်ဆောင်နေတာဖြစ်သည်။ သူ့အမူအရာကို ကြည့်ပြီးနောက် ဘေးရှိ ရဲသားများက သူ့အား စိတ်အေးအေးထားရန် ဖျောင်းဖြနေကြသည်။
သူက ဘာမှနားမထောင်ဘဲ စိုးရိမ်စွာဖြင့်သာ အော်နေသည်။
“ဒီနေ့ ကျွန်တော် ဒီမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး ခင်‌ဗျားတို့ကိုပါ ဆွဲခေါ်သွားမယ်။”
“ငါတို့ ဆွေးနွေးလို့ရပါတယ်။ ဒီလိုမလုပ်ပါနဲ့။”
သူ့ဘေးရှိ ရဲသားများက သူ့အား ဖျောင်းဖြနေကြသည်။ သူတို့၏မျက်နှာထက်တွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
အကယ်၍ ရဲစခန်းတွင် ဝမ်ချန်း သေသွားခဲ့လျှင် သူတို့လည်း တာဝန်ယူရမှာဖြစ်၍ သူတို့ အတတ်နိုင်ဆုံး ဖျောင်းဖြနေကြခြင်းဖြစ်သည်။
ဝမ်ချန်းက ဓားကို စိုးရိမ်စွာဖြင့် ဝှေ့ယမ်းနေသည်။
ဒါပေမဲ့ ကျွန်တော်တို့ မည်မျှပင် ခက်ခဲနေသည်ကို သူ မသိပေ။ ကျွန်တော်တို့ အခန်းကို အထက်အောက် မွှေနှောက် ရှာဖွေသော်ငြား သေဆုံးမှုဖိုင်ကို ရှာမတွေ့သေးပေ။
ကျွန်တော် လက်ထဲရှိ ဖိုင်များကို စိတ်ဓာတ်ကျစွာဖြင့် ချလိုက်ပြီး ပြောလိုက်သည်။
“ဒါတွေအကုန်လုံးက တခြားဖိုင်တွေနဲ့ တခြား ကိစ္စအသေးလေးတွေ မှတ်ထားတဲ့ ဖိုင်တွေ။ သေဆုံးမှုဖိုင်မရှိဘူး။”
“သေဆုံးမှုဖိုင်က လူသေတာတွေကို မှတ်ထားတယ်မလား။”
ကျောက်ဖန်းယွီက ပြောသည်။
သူ့စကားများက ကျွန်တော့်အား သတိပေးခဲ့ပြီး ကျွန်တော် ခေါင်းညိတ်လိုက်သည်။ ပြီးနောက် ချက်ချင်းပင် မော့ကြည့်လိုက်သည်။ စာအုပ်စင်ပေါ်တွင် ဖိုင်တစ်ခုကို ကျွန်တော် တွေ့လိုက်ရသည်။ ထိုဖိုင်ပေါ်တွင် သေဆုံးမှုဖိုင်ဟု ရေးထားသည်။

“ငါ သေဆုံးမှုဖိုင်ကို ရှာတွေ့ပြီ။”
ကျွန်တော် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ကောင်းတယ်။ ဒါပေမဲ့ ဒါက တကယ်ပဲ သေဆုံးမှုဖိုင် ဟုတ်ရဲ့လား။”
ကျောက်ဖန်းယွီက သံသယဖြင့် မေးလိုက်သည်။
“ကြည့်လိုက်ရအောင်။”
ကျွန်တော် အမြန်ပင် သေဆုံးမှုဖိုင်ကို လှန်လိုက်သည်။ စာရွက်တချို့ကို လှန်ပြီးနောက် ကျွန်တော့်၏အမူအရာက ပြောင်းလဲသွားသည်။ သေဆုံးမှုဖိုင်ကို အကြမ်ဖြင်းဖတ်ပြီးသည့်အချိန်တွင် ကျွန်တော့်မျက်နှာက အလွန်ဖြူဖျော့လာသည်။
“ဘာဖြစ်လို့လဲ။”
ကျောက်ဖန်းယွီက ကျွန်တော့်အား ထူးဆန်းစွာဖြင့်ကြည့်ကာ မေးသည်။

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset