အခန်း ၃၈

အခန်း၃၈ သဲလွန်စက ပြန့်သွားလို့ မရဘူး အပိုင်း(၂)

ဝမ်ရင်းယန်အား တိုက်သွားသည့် ထရပ်ကားကြီးက အရှိန်ပျက်ကာ ရှေ့ရှိ နံရံကို ဝင်တိုက်ပြီးနောက် ရပ်သွားတော့သည်။
ပြီးနောက် ကျွန်တော် အမြန်ပင် ကားခေါင်းဆီသို့ပြေးသွားလိုက်သည်။ ကျွန်တော် ကားမောင်းသည့်သူကို တွေ့ချင်မိသည်။
သို့သော် ကျွန်တော့် ကားခေါင်းရှေ့သို့ရောက်သည့်အချိန်တွင် ကျွန်တော် ကြက်သေသေသွားသည်။ ကားခေါင်းရှေ့တွင် ကျွန်တော် ထရပ်ကားမောင်းသည့်သူကို မတွေ့ပေ။ ကားခေါင်းတစ်ခုလုံးက လစ်ဟင်းနေကာ မည်သူမှမရှိပေ။
ဒါက ကျွန်တော့်အား မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေခဲ့သည်။ ဒီကားတိုက်မှုအဖြစ်အပျက်တစ်ခုလုံးအား တွေ့ခဲ့ရသော်ငြား ကျွန်တော် ထိုအကြောင်းကို မတွေးခဲ့ဖူးပေ။ ဒီထရပ်ကားကို လူမောင်းခဲ့တာမဟုတ်ပေ။ လူမပါသည့် ထရပ်ကားက သူ့ဘာသာ စက်နှိုးကာ လူလိုက်သတ်နေသည်။=
ဒါကိုတွေးရင်း ကျွန်တော် ကျောချမ်းသွားသည်။
ဒီမယုံကြည်နိုင်စရာကောင်းသည့် မတော်တဆမှုက တိုက်ဆိုင်မှုလား။ သို့မဟုတ် သေသေချာချာ စီစဉ်ထားသည့် အရာများလား။
ဒီကမ္ဘာတွင် အမှောင်ထုထဲမှ အားတစ်ခုက သတင်းတစ်ခုခုပြန့်သွားမှာကို ကာကွယ်နေသည့်ပုံပင်။
အပြန်လမ်းတွင် ကျွန်တော့်ခေါင်းထဲတွင် ရှုပ်ရှက်ခက်နေသည်။ ကျွန်တော် ဘာလုပ်ရမှန်းပင် မသိတော့ပေ။ ဝမ်ရင်းယန်က သေသွားပြီဖြစ်ကာ တံခါးစောင့်အကြောင်း သဲလွန်စကို သူ့ဆီမှ မရနိုင်တော့ပေ။
သို့သော် ဝမ်ရင်းယန်က တစ်ခုခုသိထားတာ ဖြစ်ရမည်။ သူက တံခါးစောင့် မည်သူဖြစ်ကြောင်းကိုတောင် သိချင်သိလောက်သည်။ သို့သော် ကျွန်တော့်အား သူ ပြောချိန်မရခဲ့ပေ။ ဆန်းကြယ်စွာဖြင့် သေဆုံးသွားသည်။
ကြည့်ရတာ တံခါးစောင့် ခုနကအဖြစ်အပျက်ကို လုပ်ခဲ့သည့်ပုံပင်။ တံခါးစောင့်က ဤမျှစွမ်းအားရှိမည်ဟု ကျွန်တော် ထင်မထားပေ။ သူက ဤကဲ့သို့ ဆန်းကြယ်သည့်အရာကိုလည်း ပြုလုပ်နိုင်သေးသည်။
ဤကဲ့သို့ ရန်သူမျိုးကို ရင်ဆိုင်ရာတွင် ကျွန်တော် နိုင်ရန်ပင် အခွင့်အရေး ရှိမည်လော။ အမှန်အတိုင်း ပြောရလျှင် ကျွန်တော့်တွင် ဘာစွမ်းအားမှမရှိပေ။
ကံကောင်းစွာဖြင့် ကျွန်တော် တံခါးစောင့်နှင့် ရန်သူဖြစ်ရန် မတွေးထားပေ။ နောက်ဆုံးထိ အသက်ရှင်မည့်သူဖြစ်ရန်သာ ကျွန်တော် မျှော်လင့်ထားသည်။ ဘာပဲဖြစ်ဖြစ် ယခုအချိန်တွင် ကျွန်တော် အရာအားလုံးကို ဆုံးရှုံးပြီးသားဖြစ်သည်။ အခန်းထဲတွင် ကျောက်ဖန်းယွီမှအပ ကျွန်တော့်တွင် စိတ်ပူစရာလူမရှိပေ။
နေ့လည်ခင်းတွင် ကျွန်တော် အတန်းထဲသို့ ပြန်လာခဲ့ပြီး တစ်ခန်းလုံးက ပွက်လောရိုက်နေသည်။
ယခု အကုန်လုံးက ဂိမ်းထဲတွင် ပြန်ရောက်လာကြပြီဖြစ်ပြီး အတော်စိတ်ပျက်နေကြပုံပေါ်သည်။ သူတို့ မည်မျှကြာကြာ အသက်ရှင်နိုင်မည်မှန်း မည်သူမှမသိပေ။
ကျွန်တော့်ထိုင်ခုံသို့ ရောက်သောအခါ မော့ကျင်းယွီက ကျွန်တော့်အား စောင့်နေသည်ကို ကျွန်တော် တွေ့လိုက်ရသည်။
ကျွန်တော် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။
“မင်း ဒီမှာဘာလာလုပ်နေတာလဲ။”
“ငါ နင့်ကို လာပြီးကျေးဇူးတင်တာပါ။”
မော့ကျင်းယွီက ကျွန်တော့်အားပြောသည်။
“တကယ်လား။ ကောင်းတာပေါ့။ ဒါပေမဲ့ ငါ နင် ကျေးဇူးတင်တာကို မလိုဘူး။”
ကျွန်တော် သူမကို ကြည့်လိုက်ပြီးနောက် ထိုင်ခုံတွင် ထိုင်လိုက်သည်။
မော့ကျင်းယွီက ကျွန်တော့်အားကြည့်ကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ငါ နင့်ကို တောင်းပန်ပါတယ်ဟာ။”
“မလိုပါဘူး။ ငါက နင်နဲ့မထိုက်တန်မှန်း ငါ သိပါတယ်။ နင် ဘုရားစာများများရွတ်ဖို့ပဲ ငါပြောချင်တယ်။”
ကျွန်တော် အေးစက်စွာပြောလိုက်သည်။
ကျွန်တော် ဤကဲ့သို့ ပြောလိုက်သည့်အချိန်တွင် မော့ကျင်းယွီက အနည်းငယ်စိုးရိမ်သွားသည်။ သူမက ကျွန်တော့်အား ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“နင် ဘာလုပ်မလို့လဲ။ ငါတို့ ချစ်သူတွေ မဖြစ်နိုင်ရင်တောင် ငါတို့ သူငယ်ချင်းတွေ ဖြစ်နိုင်ပါသေးတယ်။”
“ငါ သူငယ်ချင်းမလိုဘူး။ နင် သွားလို့ရပြီ။”
ကျွန်တော် စိတ်မရှည်စွာဖြင့် လက်ခါပြလိုက်သည်။
“အဲဒါ ယုတ္တိမရှိလိုက်တာ။”
မော့ကျင်းယွီက ကျွန်တော့်အား မျက်စောင်းထိုးလိုက်ပြီးပြောလိုက်သည်။
“အဲ့ယုတ္တိမရှိတာက နင့်အကြောင်းပြချက်ထက်တော့ သာပါသေးတယ်။ ခွေးမ”
ကျွန်တော် သူမကို ပြောလိုက်သည်။
“နင် ငါ့ကို ဘာလို့ ဆူနေတာလဲ။”
မော့ကျင်းယွီက ကျွန်တော့်အား ဒေါသတကြီးဖြင့် မျက်စောင်းထိုးလိုက်သည်။ ကျွန်တော် သူမနှင့် ရှိစဉ်က အလွန် ညင်ညင်သာသာ ပြောဆိုခဲ့သည်။ ဆဲဖို့နေနေသာသာ ကျွန်တော် သူမကို အော်တောင်မအော်ခဲ့ဖူးပေ။ ကျွန်တော့်ဆီမှ ထိုကဲ့သို့ စကားမျိုးထွက်လာမည်ကို သူမ မမျှော်လင့်ထားသည့်ပုံပင်။
“ခွေးမ မင်း ငါ ထပ်ပြောစေချင်တာလား။”
ကျွန်တော် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
ကျွန်တော် ပြောပြီးသည့်အချိန်တွင် မော့ကျင်းယွီက သူမ လက်ကို မြှောက်လိုက်သည်။ သို့သော် ကျွန်တော် လေထဲတွင် ရှိနေသည့် သူမ၏ လက်ကို ဖမ်းလိုက်သည်။
မော့ကျင်းယွီက ကျွန်တော့်အား ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“နင် ငါနဲ့ ပြတ်ပြီးတော့ ရူးများသွားတာလား။ နင် အရင်က ဒီလိုမျိုး မလုပ်ရဲပါဘူး။”
“မဟုတ်ဘူး။”
ကျွန်တော် သူမကိုကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“အရင်က ငါ နင့်ကို သည်းခံခဲ့တာက ငါ နင့်ကို မရိုက်နိုင်လို့လဲမဟုတ်သလို ငါ့ စိတ်က ပျော့ညံ့လို့လဲ မဟုတ်ဘူး။”
ပြီးနောက် ကျွန်တော် အော်ပြောလိုက်သည်။
“အဲဒါ ငါနင့်ကို အရမ်းချစ်လို့ပဲ။”
ကျွန်တော် ပြောလိုက်ပြီးနောက် သူမကို ရိုက်လိုက်သည်။ ဖြန်းကနဲ အသံဖြင့် မော့ကျင်းယွီ၏ မျက်နှာထက်တွင် လက်ရာတစ်ခု ထင်သွားသည်။ သူမက သူမ၏ မျက်နှာကို ကာလိုက်ပြီး ကျွန်တော့်ကို ကြည့်နေသည်။
ကျွန်တော် လက်ခါပြလိုက်ပြီးနောက် ပြောလိုက်သည်။
“ငါ စိတ်မတိုခင် သွားလိုက်တော့။”
မော့ကျင်းယွီက ကျွန်တော့်အား ခါးသီးစွာဖြင့် ကြည့်ပြီးနောက် ထွက်သွားတော့သည်။
သူမ ထွက်သွားတာကို ကြည့်ပြီးနောက် ကျွန်တော် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ရေရွတ်လိုက်သည်။
“လှတဲ့မိန်းမတွေရဲ့စကားကို မယုံနဲ့ဆိုတဲ့ လျိုဖေးရဲ့စကားတွေက တကယ်မှန်တာပဲ။”
“ဟေး ကျန်းဖန် မင်း တော်တော်လေး ရင့်ကျက်လာတာပဲ။”
ကျောက်ဖန်းယွီက ကျွန်တော့်အား လေးစားသည့်အကြည့်ဖြင့် ကြည့်နေသည်။
တခြားသူများက ကျွန်တော့်အား ကြည့်နေကြသည်။ အထူးသဖြင့် ကျောက်ဝူကျီဖြစ်သည်။ သူက မတ်တပ်ရပ်လိုက်ပြီးနောက် အော်ပြောလိုက်သည်။
“မင်း ငါ့ကောင်မလေးကို ရိုက်ရဲတယ်ပေါ့။ မင်း သေချင်နေတာလား။”
ကျွန်တော် သူ့ကိုကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။
“သိပ်လည်း စိတ်တိုမနေပါနဲ့။ မင်းက ထက်မြက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတာပဲ။ မင်းအတွက် မိန်းမမရှားဘူးဆိုတာ ငါ သိတယ်။”
“ဒီလိုဆိုရင်တောင်မှ ငါ မင်း သူမကို ထိခိုက်မှာကို ခွင့်မပြုနိုင်ဘူး။”
ကျောက်ဝူကျီက ကျွန်တော့်အားအော်ပြောလိုက်သည်။ သူ့ဘေးရှိ မော့ကျင်းယွီက မျက်နှာပေါ်တွင် အပြုံးဖြင့် သူ့အားကျေနပ်စွာဖြင့်ကြည့်နေသည်။
ကျွန်တော် ကျောက်ဝူကျီကို ပြုံးပြလိုက်ပြီး
“ဒါဆိုလည်း ကြိုးစားကြည့်လိုက်လေ။ ဒါပေမဲ့ ငါ မင်းကို သတိပေးရဦးမယ်။ လီဒဲ၊ ချောင်ရွှေ့နဲ့ ကျောက်ချန်းချန်းတို့က ငါ့ကြောင့် သေသွားခဲ့ရတာ။ မင်း သူတို့နောက်လိုက်ချင်တယ်ဆိုရင်လည်း ငါ အချိန်မရွေး ကြိုဆိုနေမှာပါ။”
ကျွန်တော့်စကားများကို ကြားသည့်အချိန်တွင် ကျောက်ဝူကျီ၏မျက်နှာက သုန်မှုန်သွားပြီး သူ ဘာမှဆက်မပြောတော့ပေ။ ဒီမနက်တွင် လီဒဲ၏ သေဆုံးမှုက လောလောလတ်လတ်ပဲ ရှိသေးတာဖြစ်သည်။ လီဒဲကို ကျွန်တော် သတ်ခဲ့တာဖြစ်ပြီး သူက ကျွန်တော် သတ်ခဲ့သည့် ပထမဆုံးသူ မဟုတ်ပေ။
ဒီဂိမ်းတွင် လူများအား ဖယ်ရှားရန် ကျွန်တော် စည်းကမ်းများကို သုံးခဲ့သည်။ ဒီအချက်ကြောင့် ကျောက်ဝူကျီက အမြန်မလှုပ်ရှားရဲခြင်းဖြစ်သည်။
ကျောက်ဝူကျီက နောက်ဆုံးတွင် ငေါ့လိုက်ပြီးနောက် သူ့ခုံတွင်ပြန်ထိုင်လိုက်သည်။ မော့ကျင်းယွီက ကျွန်တော့်အား ကြည့်နေပြီး သူမ၏ မျက်ဝန်းထဲတွင် အမုန်းတရားများနှင့် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ ပြီးနောက် သူမ ပြန်လှည့်သွားသည်။
သူမက ထိုအကြောင်းကို မစဉ်းစားခဲ့သည့်ပုံပင်။ သူမ၏ အမြင်တွင် ခွန်အားမရှိသည့် ရည်းစားဟောင်းက ဤကဲ့သို့ အစွမ်းထက်သည့် နည်းလမ်းရှိပြီး ကျောက်ဝူကျီပင်လျှင် အလျင်စလို မလှုပ်ရှားရဲပေ။
“အိုး မင်း အရာရှိတွေ တော်တော်များများကို သိတယ်လို့ ပြောခဲ့တယ်မလား။ ငါတို့ကို ကူညီပေးနိုင်မလားလို့ သူတို့ကို မင်း မေးလိုက်ပါ့လား။”
ကျွန်တော် ကျောက်ဝူကျီကို မေးလိုက်သည်။
အခန်းထဲရှိ တခြားသူများက သူ့အား မျှော်လင့်ချက်များပြည့်နေသည့် အကြည့်များဖြင့် ကြည့်လာကြသည်။
သို့သော် ကျောက်ဝူကျီက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“ငါ သူတို့ကို အတန်းထဲက ကိစ္စကို ပြောတော့ သူတို့က ငါပြောတာကို မယုံကြပဲ ငါ့ကို ရူးနေတယ်လို့တောင် ထင်သွားကြတယ်။”
“အဲဒါ မဆန်းပါဘူး။”
ကျွန်တော် သက်ပြင်းချလိုက်သည်။ အစမှစပြီး ရဲများက ကျွန်တော်တို့အတွက် အပြင်ဘက်မှ မျှော်လင့်ချက်ဖြစ်သည်။ သို့သော် ယခုအချိန်အထိ အခြေအနေက တိုးတက်မလာပေ။
ယခုအချိန်ထိ အတန်းထဲတွင် လူများစွာ သေဆုံးခဲ့ပြီး သေဆုံးသည့် လူဦးရေကလည်း တဖြည်းဖြည်းများလာသည်။
ဒီနှုန်းအတိုင်းဆိုလျှင် တစ်ခန်းလုံးသေရန်က သိပ်ကြာမှာမဟုတ်တော့ချေ။ သူတို့ထဲမှ တစ်ဝက်က သေမှာဖြစ်ပြီး ကျွန်တော်ပင် ပါချင်ပါသွားလောက်သည်။
ကျောက်ဝူကျီ၏စကားများက အခန်းထဲရှိ လူများကို စိုးရိမ်သွားစေသည်။ ကျောက်ဝူကျီ၏နောက်ခံနှင့် သူ၏ အဆင့်အတန်းက ကျွန်တော်တို့ သာမာန်ကျောင်းသားများနှင့် နှိုင်းယှဉ်စရာပင် မလိုချေ။ သို့သော် ထိုကိစ္စကို သူတောင် မဖြေရှင်းနိုင်ပေ။ ထို့ကြောင့် ကျွန်တော်တို့က ရွေးချယ်စရာမရှိပေ။
ပြင်ပမှ အကူအညီရနိုင်မည့် မျှော်လင့်ချက်က ပျောက်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။ ဒီတိုင်းဆိုလျှင် ကျွန်တော်တို့ ယခင်က အခြေအနေကို ရင်ဆိုင်ဖို့သာရှိသည်။
ယခု တံခါးစောင့်က ဝီချက်ဂရုထဲတွင် ပြန်လည်ဝင်ရောက်လာပြီဖြစ်ပြီး အတန်းထဲရှိ လူတိုင်း၏ သေခြင်းရှင်ခြင်းကို ချုပ်ကိုင်နေသည်။ ပြီးနောက် သူ့အကြောင်း စုံစမ်းမှုကလည်း မတိုးတက်လာပေ။ ကျွန်တော်တို့ စောင့်ရုံမှလွဲပြီး ဘာမှမလုပ်နိုင်ပေ။
အကုန်လုံးက နေ့လည်ခန်းအတန်းမတက်ချင်ကြပေ။ ကျွန်တော် ပြတင်းပေါက်မှ အပြင်သို့ ငေးကြည့်နေပြီး ကျွန်တော့်ဘေးတွင် ထိုင်နေသည့် ကျောက်ဖန်းယွီက စားပွဲပေါ်တွင် မှောက်ကာ ဖုန်းကြည့်နေသည်။
ဒါ့အပြင် လူတိုင်းက အတူတူပင်ဖြစ်သည်။ မည်သူမှ အတန်းမတက်ချင်ကြပေ။ ဆရာမ အော်တာမအော်တာ ကိစ္စမရှိပေ။
ဆရာမက ကိုယ့်ဘာသာ စာလေ့လာရန် ပြောပြီးနောက် ကျွန်တော်တို့အတန်းက ချက်ချင်းပင် ဆူညံသွားလာတော့သည်။
လူတော်တော်များများက သူတို့ထိုင်ခုံမှ ထလာကာ တခြားသူများနှင့် စကားပြောကြသည်။ ကျွန်တော်လည်း အတန်းခေါင်းဆောင်ဆီသို့လာကာ လက်ဆန့်ထုတ်လိုက်ပြီးနောက်
“ငါ့ကိုကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါ။”
“ဘာမှမဟုတ်ပါဘူး။ ကိစ္စအသေးလေးပါ။ ဒါပေမဲ့ ငါ မင်းကို တစ်ခုခုပြောစရာရှိတယ်။”
အတန်းခေါင်းဆောင်က ကျွန်တော့်ကိုကြည့်ကာ ပြောလိုက်သည်။
“ဘာလဲ။”
ကျွန်တော် သူ့ကိုကြည့်ကာ မေးလိုက်သည်။
“ငါနဲ့လိုက်ခဲ့။”
အတန်းခေါင်းဆောင်က ကျွန်တော့်အား ဆွဲခေါ်သွားပြီးနောက် အတန်းထောင့်သို့ ရောက်လာသည်။ ထိုမှသာ သူက ပြောသည်။
“ငါ မင်းနဲ့ မဟာမိတ်ဖွဲ့ချင်တယ်။”
“မဟာမိတ်လား။ နားထောင်ကြည့်ရအောင်။”
ကျွန်တော် ရုတ်ရက် စိတ်ဝင်စားလာကာ မေးလိုက်သည်။
“အဲ့အခြေအနေက ပိုကြာလာလေလေ ပိုရက်စက်လာလေလေဖြစ်ပြီးတော့ ဂိမ်းတစ်ပွဲကစားတိုင်း လူတစ်ယောက်ကတော့ သေရမှာပဲ။ ဒီတော့ အသက်ရှင်ဖို့အတွက် မင်းနဲ့ငါနဲ့ အချင်းချင်းကူညီဖို့လိုတယ်။ ဒီနေ့လိုပေါ့။”
အတန်းခေါင်းဆောင်က ပြောသည်။
“အဲ့လိုဆိုတော့လည်း ငါမင်းနဲ့ မဟာမိတ်ဖွဲ့ဖို့ ကတိပေးတယ်။”
ကျွန်တော် ပြောလိုက်သည်။
“အဲဒါကောင်းတယ်။ ငါ အနာဂတ်ကျရင် မင်းအပေါ်ကို အများကြီး မှီခိုရမှာ။”
အတန်းခေါင်းဆောင်က ပြောသည်။
“အဲ့လိုလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းဘာလို့ငါနဲ့ မဟာမိတ်ဖွဲ့ချင်တာလဲ။”
ကျွန်တော် ပြောလိုက်သည်။
အတန်းခေါင်းဆောင်က ကျွန်တော့်အား ထူးဆန်းစွာဖြင့် ကြည့်လိုက်ပြီးနောက် ပြောသည်။
“မင်းနောက်ကနေ လိုက်ရင် အဆုံးထိအသက်ရှင်မယ်လို့ ငါ အမြဲခံစားနေရတယ်။”
“မင်း နောင်တမရဖို့ ငါမျှော်လင့်တာပဲ။”
ကျွန်တော် သူ့ကိုပြောကာ ကျွန်တော့်နေရာသို့ ပြန်လာခဲ့သည်။
ဒီအချိန်တွင် ကျောက်ဝူကျီက သူ့ဘေးရှိလူများကို ဆွဲဆောင်နေသည်။ သူက သူပြောနေသည့်အရာကို သတိပြုမိသည့်ပုံပေါ်သည်။ ပြီးတော့ ခဏခဏလည်း ပိုက်ဆံထုတ်နေသည်။ ဒါကိုမြင်သည့်အချိန်တွင် ကျွန်တော် ရုတ်တရက် နားလည်သွားသည်။ ကျောက်ဝူကျီက အတန်းခေါင်းဆောင်ကဲ့သို့ပင် မဟာမိတ်ဖွဲ့နေတာဖြစ်သည်။
ကျောက်ဝူကျီ၏စိတ်က သိပ်မဆိုးပေ။ သူက ပတ်ဝန်းကျင်နှင့် လိုက်ဖက်အောင် နေတတ်သည်။ စိုးရိမ်မှုတချို့ကို ကြုံတွေ့ခဲ့ရပြီးနောက် နောက်ဆုံးတွင် သူ ဘာလုပ်သင့်မှန်း နားလည်သွားသည်။ ပြီးနောက် သူ့တွင် အားသာမှုရှိသေးသည်။ ထိုအရာက အရမ်းချမ်းသာခြင်းဖြစ်သည်။
ကျောက်ဖန်းယွီက နောက်ကိုမှီလိုက်ပြီး ပြောလိုက်သည်။
“ကျန်းဖန် ဒီကျောက်ဝူကျီက အရမ်းအာဏာရှိတာပဲ။ အခု သူက အတန်းထဲက သူတွေကို သူ့ဘက်ပါအောင် လုပ်နေတာပဲ။”
“ဘာမှမဟုတ်ပါဘူး။ အဲဒါ စိတ်ဝင်စားစရာကောင်းတယ်။”
ကျွန်တော် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်အတန်းကို ကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။
“ကြည့်ရတာ အဲဒါက အတန်းနဲ့ သိပ်မဝေးတဲ့ပုံပဲ။”

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset