အခန်း ၃၆

အခန်း၃၆ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း

ကျွန်တော် အတန်းထဲသို့ ရောက်သည့်အချိန်တွင် လူများက ဝမ်းနည်းနေကြသည်။ တချို့က ငိုနေကြသည်။ အတန်းခေါင်းဆောင်ကလည်း ဝမ်းနည်းနေပုံပေါ်ကာ ဖုန်းကို ခဏခဏကြည့်နေသည်။
အတန်းထဲရှိ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန် ကျွန်တော်ကတော့ အလွန်တည်ငြိမ်နေသည်။ မော့ကျင်းယွီအား တစ်ချက်ကြည့်လိုက်ပြီးနောက် ကျွန်တော့်နေရာတွင်ထိုင်လိုက်ပြီး ပြောလိုက်သည်။
“အိပ်မက်ဆိုးက ထပ်ဖြစ်လာပြန်ပြီ။”
“ဟုတ်တယ်။ အဲဒါ တော်တော်ဆိုးတာပဲ။”
ကျောက်ဖန်းယွီက စိတ်ဓာတ်ကျစွာဖြင့်ပြောလိုက်သည်။ သူက ဖုန်းကိုကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ငါတို့ ဟန်ကျိယုကို သတ်ပြီးပြီမဟုတ်ဘူးလား။ ဘာလို့ အဲဒါက မပြီးသေးတာလဲ။”
“အဲ့လောက် ရှင်းတဲ့ အကြောင်းအရင်းကို။ ဟန်ကျိယုက တံခါးစောင့် မဟုတ်ဘူး။ ငါတို့ အလိမ်ခံလိုက်ရတာ။”
ကျွန်တော်ပြောလိုက်သည်။
“အဲ့လိုလား။”
ကျောက်ဖန်းယွီက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ အဲ့တုန်းက တံခါးစောင့်က ဂရုထဲကနေ ထွက်သွားတယ်လေ။”
“အဲဒါ တံခါးစောင့်က ဟန်ကျိယုက တံခါးစောင့်ဆိုတာကို ငါတို့ ယုံအောင် လုပ်တာနေမှာ။ ဒါမှ ငါတို့က ဟန်ကျိယုကို သတ်ဖို့ အကောင်းဆုံးကြိုးစားကြမှာလေ။ အဲဒါက သူ့ကို ကူညီပေးတာနဲ့အတူတူပဲ။”
ကျွန်တော် ပြောလိုက်သည်။
“အဲဒါ တော်တော်ဆိုးတာပဲ။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
“အခု ပြဿနာက သိသာနေပြီပဲ။ ဟန်ကျိယုက တံခါးစောင့်မဟုတ်ဘူး။ တံခါးစောင့်က ဘယ်သူလဲဆိုတာက ပိုပြီးတော့ ရှုပ်လာပြီ။”
ကျွန်တော် ပြောလိုက်သည်။
ကျွန်တော် ပြောနေစဉ် အတန်းခေါင်းဆောင်က စင်မြင့်ပေါ်သို့ တက်လာပြီးနောက် ပြောသည်။
“အဲဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ငါတို့ စဉ်းစားရမယ်။”
“မင်း ဘာတွေပြောနေတာလဲ။ တံခါးစောင့်က ဘယ်သူလဲ။”
ကျောက်ဝူကျီက ပြောလိုက်သည်။
အတန်းခေါင်းဆောင်က ပြောလိုက်သည်။
“မော့ကျင်းယွီက မင်းကို ပြောမပြဘူးလား။”
“သူမ ငါ့ကိုပြောပေမဲ့ ဒါက အဓိပ္ပာယ်ကို မရှိဘူး။”
ကျောက်ဝူကျီက ဂရုမစိုက်စွာဖြင့် ပြောသည်။
“ဒါဆိုရင် မင်းဂရုထဲကနေ ထွက်ထားတာကောင်းမယ်။”
အတန်းခေါင်းဆောင်က ပြောလိုက်သည်။
ကျောက်ဝူကျီက ထိုင်လိုက်ပြီး ငေါ့လိုက်သော်ငြား သူ ဂရုထဲမှ မထွက်ပေ။ ကျောင်းသားများက တစ်ယောက်ပြီးတစ်ယောက် ဆွေးနွေးနေကြသည်။
“အိုး ဟန်ကျိယုက ကျန်းဖန်သတ်တာခံခဲ့ရတာ မဟုတ်ဘူးလား။”
ကောင်မလေးတစ်ယောက်က အော်ပြောလိုက်သည်။
“ဟုတ်တယ် ကျန်းဖန်က တစ်ခုခုသိလောက်တယ်။”
“ကျန်းဖန် ဘာတွေဖြစ်နေတာလဲဆိုတာ ငါတို့ကို ပြောပြပါ့လား။”
သူတို့စကားများကို နားထောင်ပြီးနောက် ကျွန်တော် အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ မော့ကျင်းယွီ ကျွန်တော့်အား သစ္စာဖောက်ခဲ့သည့်အချိန်တွင် အတန်းလုံးက ကျွန်တော့်အား လှောင်ခဲ့ကြပြီး မည်သူမှ ကျွန်တော့်အား နှစ်သိမ့်မပေးခဲ့ကြချေ။ ကျွန်တော် အရမ်းနာကျင်ခဲ့ရသည့်အချိန်တွင် ကျောက်ဖန်းယွီ တစ်ယောက်သာ ကျွန်တော့်အား နှစ်သိမ့်ပေးခဲ့တာဖြစ်သည်။
အခု ကျွန်တော့်အား သူတို့ အသုံးဝင်သည်ဟု မြင်လာသည့်အချိန်တွင် ချက်ချင်းပင် ပြန်၍ကောင်းပြနေကြသည်။ ကျွန်တော် အော်ပြောလိုက်သည်။
“ငါ့လာမမေးနဲ့ ငါလည်း ဘာမှမသိဘူး။”
ကျွန်တော့်အား ဤကဲ့သို့ တွေ့လိုက်ရသည့်အချိန်တွင် အတန်းခေါင်းဆောင်က သက်ပြင်းချလိုက်ပြီးနောက်ပြောသည်။
“ကျန်းဖန် ပြောပါကွာ မင်းလည်း အခု အခြေအနေကို မြင်ရဲ့သားနဲ့။”
ကျွန်တော် သူ့အားကြည့်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ ဟန်ကျိယုက တံခါးစောင့် မဟုတ်ကြောင်းကို ရှင်းပြခဲ့သည်။
အကုန်လုံး ကြက်သေသေသွားကြပြီးနောက် အကုန်လုံး၏ မျက်နှာများက ရှုံ့မဲ့နေကြသည်။ ကျောက်ဝူကျီက ငေါ့ပြောလိုက်သည်။
“မင်းပြောတာတွေက အမှန်ဟုတ်မဟုတ် ငါတို့က ဘယ်လိုသိရမှာလဲ။”
ကျွန်တော် သူ့အားကြည့်ကာ ပြောလိုက်သည်။
“ငါပြောတာတွေကို မင်း ယုံတာမယုံတာ ငါနဲ့ မဆိုင်ဘူး။”
ပြောပြီးသည်နှင့် ကျွန်တော် သူတို့အား လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။
“တကယ်လို့ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် ဟန်ကျိယုက တံခါးစောင့် မဟုတ်ရုံတင်မကဘူး။ သူမက ငါတို့ကို လာကူညီတာ။”
“သူမက ငါတို့ကို လာကူညီတာ ဟုတ်လား။”
အတန်းခေါင်းဆောင်က မေးလိုက်သည်။
“ဟုတ်တယ်။ ငါသိသလောက်ပြောရမယ်ဆိုရင် ဟန်ကျိယုက တံခါးစောင့်ရဲ့ ရန်သူဖြစ်လောက်တယ်။ မဟုတ်ရင် တံခါးစောင့်က ငါတို့ သူ့ကို သတ်အောင် လိမ်မှာမဟုတ်ဘူး။”
ကျွန်တော်ပြောလိုက်သည်။
“ဒီတော့ ငါတို့မှားခဲ့တာပေါ့။”
အတန်းခေါင်းဆောင်က ပြောသည်။
တခြားသူများက အချင်းချင်းကြည့်နေကြသည်။ အခု အကုန်လုံးက သူတို့မှားခဲ့တာကိုသိသောအခါ ရှက်ရွံ့နေကြသည်။
“ဟုတ်တယ်။ ငါတို့အကုန်မှားခဲ့တာ။ ဟန်ကျိယုက ငါတို့ရန်သူမဟုတ်ဘူး။ သူမက တံခါးစောင့်က ဘယ်သူလဲဆိုတာသိလောက်တယ်။ ကံဆိုးတာက သူမက သေသွားပြီ။”
ကျွန်တော် ခေါင်းခါလိုက်သည်။
ဒီအချိန်တွင် မစ်ကီက ပြောလိုက်သည်။
“ဒါဆိုရင် ငါမေးချင်တာရှိတယ်။ နင့်ရဲ့ ခန့်မှန်းချက်အရ ဘယ်သူက တံခါးစောင့်ဖြစ်မယ်ထင်လဲ။”
“ငါ့ ခန့်မှန်းချက်အရ တံခါးစောင့်က ငါတို့ထဲကတစ်ယောက်ပဲ။ ဒီတော့ ငါတို့ထဲကတစ်ယောက်က တံခါးစောင့်ပဲ။”
ကျွန်တော် သူတို့အား ရှင်းပြလိုက်သည်။
ဒီအချိန်တွင် အကုန်လုံးက ဘာမှမပြောဘဲ အချင်းချင်း ဆွေးနွေးနေကြသည်။ ထိုအချိန်တွင် တစ်ယောက်ယောက်က အော်ပြောလိုက်သည်။
“ကြည့် တံခါးစောင့် တာဝန်တစ်ခု ပေးပြီးပြီ။”
ကျွန်တော် ဖုန်းကိုကြည့်လိုက်သည့်အချိန်တွင် တံခါးစောင့်က အမှန်တကယ်ပင် တာဝန်အသစ် ပေးပြီးပြီဖြစ်သည်။
“ကျပန်းအရွေးခံရတဲ့ ကျောင်းသားခြောက်ယောက်က ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဂိမ်း ကစားရမယ်။ စည်းကမ်းတွေက ဒီအတိုင်းပဲ။”
“ဆရာမစားပွဲထဲမှာ ကတ်ခြောက်ကတ်ရှိပြီးတော့ ငါးကတ်မှာ ရှင်သန်ခြင်းစကာလုံးပါပြီးတော့ တစ်ကတ်မှာ သေဆုံးခြင်းစကားလုံးပါတယ်။ သေဆုံးခြင်းကတ်ကို ရွေးမိတဲ့သူက သေမယ်။”
“ယှဉ်ပြိုင်သူတွေက ကတ်တွေကို ချောင်းကြည့်လို့မရသလို ညစ်ကစားလို့ မရဘူး။ မဟုတ်ရင် အသတ်ခံရမယ်။”
“အကယ်၍ဂိမ်းက ခြောက်နာရီအတွင်း မပြီးရင် ခြောက်ယောက်လုံး အသတ်ခံရမယ်။”
“ရွေးရမယ့်သူတွေက ကျောက်ဝူကျီ၊ ကျန်းဖန်၊ မစ်ကီ၊ မော့ကျင်းယွီ၊ လီဒဲ၊ လန်ချောင်းရို။”
ဖုန်းထဲရှိစာကိုကြည့်ရင်း ကျွန်တော် တည်ငြိမ်နေပုံပေါ်သော်ငြား စိတ်ထဲတွင်မူ ကျွန်တော် စဉ်းစားနေသည်။ ကျွန်တော့်ရှေ့ရှိ ရှင်သန်ခြင်းကတ်ကို မည်သို့ ရွေးချယ်ရမည်နည်း။
အခြေအနေက အလွန်ရိုးရှင်းသည်။ ခြောက်ကတ်ထဲတွင် တစ်ကတ်က သေဆုံးခြင်းကတ်ဖြစ်ရာ အကုန်လုံးက သေဖို့ ခြောက်ပုံတစ်ပုံ အခွင့်အရေးရှိသည်။
သို့သော် စည်းကမ်းက ညစ်ကစားရန် ခွင့်မပြုသောကြောင့် ကျွန်တော်တို့ ချောင်းမကြည့်ဘဲ တစ်ကတ်ပဲ ရွေးရမှာဖြစ်သည်။
ဒီလိုဆိုလျှင် ဘယ်လိုပဲလုပ်လုပ် သေဆုံးခြင်းကတ်ကို ရနိုင်ပေသည်။ ဒါကိုတွေးရင်း ကျွန်တော် အနည်းငယ် စိတ်ပူသွားသည်။
ကျွန်တော်မှလွဲပြီး ကျန်သည့်သူများ၏ မျက်နှာများက အကြီးအကျယ်ပြောင်းလဲနေကြသည်။ သူတို့က ဖုန်းကို ကြည့်လိုက်ပြီးနောက် သူတို့၏မျက်နှာထက်တွင် ကြောက်ရွံ့မှုများရှိနေကြသည်။
ကျောက်ဝူကျီက အော်ပြောလိုက်သည်။
“ဒါ ဘာဂိမျးလဲ။ ငါ မကစားဘူး။”
“ကစားတာ မကစားတာ မင်းကိစ္စ။”
ကျွန်တော် မတ်တပ်ရပ်လိုက်ပြီးနောက် အေးစက်စွာပြောလိုက်ပြီး အတန်းခေါင်းဆောင်ကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ကတ်တွေကို ထုတ်လိုက်။ ဒီတော့မှ ငါတို့ ညစ်လို့မရမှာ။”
“ကောင်းပြီ။”
အတန်းခေါင်းဆောင်က ပြောပြီးသည်နှင့် ကတ်ခြောက်ကတ်ကို ထုတ်လိုက်ပြီးနောက် ကတ်များကို စားပွဲပေါ်တင်လိုက်သည်။
ဒီကတ်ခြောက်ကတ်၏ နောက်တွင် အရိုးခေါင်းပုံများပါပြီး ကြောက်မက်ဖွယ်ကောင်းစေသည်။ အတန်းခေါင်းဆောင်က စားပွဲပေါ်တွင် ကတ်များကို မှောက်ကာတင်လိုက်ပြီးနောက် ပြောလိုက်သည်။
“အခု အကုန်လုံး ဆွဲလို့ရပြီ။ ဘယ်သူအရင်လာမလဲ။”
ဒီစကားဆုံးသွားသည်နှင့် မည်သူမှ ထွက်မလာဘဲ အချင်းချင်း၏မျက်နှာများကိုသာ ကြည့်နေကြသည်။ မစ်ကီနှင့် လန်ချိုးရိုတို့က တုန်ရင်နေကြသည်။
“စောက်ကြောက်တွေ။”
ကျွန်တော် ပြောလိုက်ပြီးနောက် စင်မြင့်ဆီသို့ လျှောက်သွားတော့သည်။
ပြောရလျှင် ဒီသေဆုံးခြင်းနှင့်ရှင်သန်ခြင်းကတ်ဂိမ်းတွင် ပထမဆုံးကတ်ဆွဲသူက အသက်ရှင်နိုင်ခြေအများဆုံးဖြစ်သည်။ ခြောက်ကတ်ထဲတွင် ငါးကတ်က ရှင်သန်ခြင်းကတ်ဖြစ်ပြီး ခြောက်ပုံငါးပုံ ရှင်သန်နိုင်ခြေရှိသည်။
ပြီးနောက် ကျွန်တော် အရင်ဆုံးဆွဲ၍ ထိုကတ်က သေဆုံးခြင်းကတ်မဟုတ်လျှင် ကျန်သည့်ငါးကတ်ထဲတွင် သေဆုံးခြင်းကတ် ဖြစ်နိုင်ချေက ငါးပုံတစ်ပုံဖြစ်သည်။
ပြောရလျှင် စောစောဆွဲလျှင် အသက်ရှင်နိုင်ခြေက ပိုများလေဖြစ်သည်။
ဒါကိုတွေးရင်း ကျွန်တော် ပြုံးလိုက်ပြီးနောက် စင်မြင့်ပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး အတန်းထဲရှိသူများကို ကြည့်လိုက်သည်။ ကျွန်တော့်အကြည့်က မော့ကျင်းယွီဆီ၌ ရပ်တန့်နေခဲ့သည်။
ကျွန်တော် သူမကို ကြည့်နေသည်ကို မြင်သောအခါ မော့ကျင်းယွီက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားပြီး ကျွန်တော့်အား ရင်ဆိုင်ရမည်ကို ကြောက်နေသည့်ပုံပင်။
ကျွန်တော် အေးစက်စွာပြုံးလိုက်ပြီး စားပွဲပေါ်ရှိ ကတ်များထဲမှ တစ်ကတ်ကို ကျပန်းရွေးလိုက်ပြီးနောက် အေးစက်စွာဖြင့် ပြောလိုက်သည်။
“ငါ ဂိမ်းထဲက ထွက်တော့မယ်။”
ပြီးနောက် ကျွန်တော် ကတ်ကို တန်းရွေးလိုက်ပြီးနောက် လူတိုင်းကို ပြလိုက်သည်။
ကျွန်တော့်လက်ထဲရှိကတ်က ရှင်သန်ခြင်းကတ်ဖြစ်ပြီး ကျွန်တော် အသက်ရှင်သည်ဟု ဆိုလိုတာဖြစ်သည်။
ကျွန်တော် ကတ်ကို ချလိုက်ပြီးနောက် ကျွန်တော့်နေရာသို့ ပြန်လာခဲ့သည်။ ကျွန်တော် ပြန်ရောက်သည့်အချိန်တွင် ကျောက်ဖန်းယွီက အံ့အားသင့်စွာဖြင့်ပြောသည်။
“ငါ အခုလေးတင် အရမ်းလန့်သွားတာ. ငါ့ နှလုံးခုန်သံကိုတောင် ငါပြန်ကြားနေရတုန်းပဲ။”
“မင်း ဘာကို စိုးရိမ်နေတာလဲ။ ငါ သေခြင်းတရားကတ်ကို မဆွဲပါဘူး။”
ကျွန်တော် ပြောလိုက်သည်။
“မင်း ဘာလို့ ဒီလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတာလဲ။ လျှို့ဝှက်ချက်တစ်ခုရှိလား။”
ကျောက်ဖန်းယွီက မေးလိုက်သည်။
“ဘာလျှို့ဝှက်ချက်မှ မရှိဘူး။ အတန်းခေါင်းဆောင်က ငါ့ကို ညစ်ပြီးကစားဖို့ ကူညီပေးခဲ့တာ။”
ကျွန်တော် ပြောလိုက်သည်။
“ဘာ အတန်းခေါင်းဆောင်က မင်းအတွက် ညစ်ပေးတာဟုတ်လား။ ညစ်ပြီးတော့ ကစားလို့မရဘူး မဟုတ်ဘူးလား။”
ကျောက်ဖန်းယွီက လန့်သွားပြီး အမြန်မေးတော့သည်။
ကျွန်တော် ဖုန်းကိုယူလိုက်ပြီးနောက် သူကိုပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်း တစ်ခုခုမှားနေပြီထင်တယ်။ စည်းကမ်းတွေထဲမှာ ယှဉ်ပြိုင်တဲ့သူတွေပဲ ညစ်ပြီးကစားလို့မရတာ။ အတန်းခေါင်းဆောင်က ငါတို့ခြောက်ယောက်ထဲက မဟုတ်ဘူး။ သူက အပြင်လူလေ။”
“ငါ မင်းကို အရမ်းလေးစားတယ်ကွာ။”
ကျောက်ဖန်းယွီက ပြောသည်။
“ဆက်ကြည့်ရအောင်။”
ကျွန်တော် ပြုံးကာပြောလိုက်သည်။
ကျွန်တော် ကတ်ကိုလှန်ပြီးသည့်အချိန်တွင် တခြားတစ်ယောက်အလှည့်ရောက်ပြီဖြစ်သည်။ ထိုလူက ကျောက်ဝူကျီဖြစ်သည်။ သူ့မျက်နှာက ဖြူရော်နေကာ သူ စင်မြင့်ပေါ်သို့ တက်လာသည်။ ပြီးနောက် တုန်ရင်နေသည့်လက်များဖြင့် သူ ကတ်ကို ဆွဲယူလိုက်သည်။
သို့သော် မကြာခင်တွင် သူ ကတ်ကို ဆွဲယူလိုက်သည်။ သူ့မျက်နှာထက်တွင် စိုးရိမ်မှုများဖြင့် ပြည့်နေပြီး သူ အံကြိတ်လိုက်ကာ ကတ်ကို လှန်ကြည့်လိုက်သည်။
ကတ်ကိုလှန်ကြည့်လိုက်ပြီးနောက် ကျောက်ဝူကျီက ချက်ချင်းပင် ပြောလိုက်သည်။
“ဟဟ ငါ မသဘေူး။”
သူ အော်လိုက်ပြီးနောက် သူ့လက်ထဲရှိ ကတ်ကို ရမ်းပြလိုက်သည်။
ကျွန်တော် ဒီမြင်ကွင်းကို မြင်လိုက်သည့်အချိန်တွက် သက်ပြင်းချလိုက်ပြီးနောက် ပြုံးလိုက်သည်။
“တော်သေးတာပေါ့။ သူ အောင်မြင်သွားတယ်။”
ကျောက်ဖန်းယွီက ကျွန်တော့်အားထူးဆန်းစွာဖြင့် ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။
“မင်းဘာအတွက် ပျော်နေတာလဲ။ ကျောက်ဝူကျီက မင်းရဲ့ ရန်သူ မဟုတ်ဘူးလား။ သူက မော့ကျင်းယွီကို လုသွားတာလေ။ အဲ့အတွက်ကရော။”
ကျွန်တော် ကျောက်ဖန်းယွီကိုကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲ။ တကယ်လို့ သူ ဒီလိုမျိုး သေသွားရင် ပျင်းစရာကြီး။”
ကျွန်တော် ကျောက်ဝူကျီကို ပြုံးပြီးကြည့်လိုက်သည်။
“သူ့အသက်က ငါ့လက်ထဲမှာပဲကို။”
ကျောက်ဖန်းယွီက ခဏတာ ကြက်သေသေသွားပြီးနောက် ကျွန်တော့်ကို ကြည့်ကာပြောလိုက်သည်။
“မင်း ဘာဖြစ်နေတာလဲ။ မင်း သရဲပူးခံနေရတာလား။”
ကျွန်တော် အခြေအနေကို ကြည့်လိုက်ပြီးနောက် ပျင်းရိစွာဖြင့်ပြောလိုက်သည်။
“ငါ အဆင်ပြေပါတယ်။ ငါ ဘာလုပ်သင့်လဲဆိုတာ ငါနားလည်သွားပြီ။”
“ကောင်းပြီ။”
ကျောက်ဖန်းယွီက ကျွန်တော့်အားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါမင်းကို အားပေးတယ်။”
“ဆက်ကြည့်နေလိုက်။”
ကျွန်တော် ကျွန်တော့် အရှေ့ရှိအခြေအနေကို ဆက်၍စောင့်ကြည့်နေသည်။
ကျောက်ဝူကျီက ကတ်ဆွဲပြီးနောက် မစ်ကီက တုန်ရင်စွာဖြင့် နေရာတွင် ကျန်ခဲ့ပြီးနောက် စင်မြင့်ပေါ်သို့သွားကာ ကတ်ဆွဲရန်ပြင်လိုက်သည်။
ပြီးနောက် သူမ တုန်ရင်စွာဖြင့် ကတ်တစ်ကတ်ကို ဆွဲထုတ်လိုက်ပြီး မြှောက်ပြလိုက်သည်။ ကံကောင်းစွာဖြင့် ထိုကတ်က ရှင်သန်ခြင်းကတ်ဖြစ်နေသည်။

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset