အခန်း ၃၅

အခန်း၃၅ ပြန်လည်ဖြစ်ပေါ်လာသည့် အိပ်မက်ဆိုး

ကျွန်တော်နှင့် ကျောက်ဝူကျီ၏ ရန်ပွဲက မကြာမှီတွင် အဆုံးသတ်သွားသည်။ အသားကို နေ့စဉ် မစားနိုင်သည့် ကျွန်တော်က အမဲသားကို အမြဲစားနိုင်သည့် ကျောက်ဝူကျီ၏ ပြိုင်ဘက် မည်သို့ဖြစ်မည်နည်း။ မျက်စိတစ်မှိတ်အတွင်း ကျွန်တော် မြေပြင်ပေါ်သို့ တွန်းချခံလိုက်ရပြီး သူက ကျွန်တော့်အားကန်တော့သည်။
မော့ကျင်းယွီက အမြန်သူ့အားတားလိုက်ပြီးနောက် ကျောက်ဝူကျီက ကျွန်တော့်အား လွှတ်ပေးပြီးနောက် ပြောလိုက်သည်။
“မင်းလို အမှိုက်ကောင်ကများ ငါ့ရဲ့ ကောင်မလေးကို လာလုချင်နေသေးတယ်။”
“တော်တော့။”
မော့ကျင်းယွီက ကျောက်ဝူကျီကို ကြည့်လိုက်သည်။
ကျွန်တော် မတ်တပ်ရပ်လိုက်ပြီးနောက် မော့ကျင်းယွီကို ကြည့်ကာ ခါးသီးစွာပြုံးလိုက်သည်။
“ဒီတော့ ဒါ နင့်ရဲ့ အဖြေပေါ့။”
“ငါတောင်းပန်ပါတယ် ကျန်းဖန်။ ဒါပေမဲ့ ငါ့မှာ ဘာနည်းလမ်းမျ မရှိဘူး။”
မော့ကျင်းယွီက ကျွန်တော့်အားကြည့်ကာ ပြောလိုက်သည်။
“တကယ်ပဲ ဒါနင့်ရဲ့ အဖြေလား။”
ကျွန်တော် ခါးသီးစွာပြောလိုက်သည်။
ဒီအချိန်တွင် ကျောက်ဝူကျီက ပြောလိုက်သည်။
“အချိန်ဖြုန်းမနေနဲ့တော့။ ငါ မင်းကို အမှန်အတိုင်းပြောမယ်။ မော့ကျင်းယွီက ငါ့နဲ့ စေ့စပ်ထားတဲ့သူပဲ။ ငါတို့က လက်ထပ်ဖို့အတွက် ဆုံးဖြတ်ထားပြီးပြီ။”
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
ကျွန်တော် ကျောက်ဝူကျီကိုကြည့်ကာ မေးလိုက်သည်။
“ဒါ အမှန်ပဲ ဒါက ငါ့အမေရဲ့ ဆုံးဖြတ်ချက်မို့လို့ ငါ အဲဒါကို မငြင်းနိုင်ဘူး။”
မော့ကျင်းယွီက ခေါင်းငုံ့ကာ တိုးတိုးပြောသည်။ ကျောက်ဝူကျီက ကျွန်တော့်အား လှောင်ပြောလိုက်သည်။
“မင်းလို အမှိုက်ကောင်က သူ့ကို ပျော်ရွှင်မှု ပေးနိုင်မှာမဟုတ်ဘူး။”
ကျွန်တော် အံကြိတ်လိုက်သည်။
ထိုအချိန်တွင် ကျောက်ဝူကျီက ပြုံးလိုက်ပြီး ကျွန်တော့်နား နားသိုကပ်ကာ ပြောလိုက်သည်။
“ဒီတော့ဘာဖြစ်လဲ။ သူမက ငါ့အပိုင်ပဲ။ မင်း ငါ့ကိုဘာလုပ်ချင်လို့လဲ။”
“မင်း…”
ကျွန်တော် ဒေါသထွက်ပြီး ကျောက်ဝူကျီ၏မျက်နှာကို ရိုက်လိုက်သည်။ ပြီးနောက် ကျွန်တော်တို့နှစ်ယောက် ဆက်ရန်ဖြစ်ကြသည်။ သို့သော် ကျွန်တော်က ကျောက်ဝူကျီ၏ပြိုင်ဘက်မဟုတ်ပေ။ ဒီတော့ ကျွန်တော် အိမ်ကို ဒဏ်ရာများဖြင့် ပြန်လာခဲ့ရသည်။
အိမ်သို့ပြန်ရောက်လာသည့်အချိန်တွင် အဖေက ကျွန်တော့်၏ဒဏ်ရာများအကြောင်းကို ဘာမှမပြောဘဲ ကျွန်တော့်ကို တိတ်ဆိတ်စွာဖြင့် ဆေးထည့်ပေးနေသည်။ ကျွန်တော် အဖေ့အားကြည့်လိုက်ကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
“ဘာလို့ ဒီလိုတွေ ဖြစ်ရတာလဲ။”
“ဒါက ဘဝပဲငါ့သား။ ဘဝဆိုတာ ချောမွေ့တယ်မရှိဘူး။”
ကျွန်တော့်အဖေက ပြောသည်။
နောက်ထပ်ရက်အနည်းငယ်တွင် မော့ကျင်းယွီက ကျွန်တော့်ထိုင်ခုံဘေးမှ ကျောက်ဝူကျီထိုင်ခုံဘေးသို့ ပြောင်းသွားသည်။ ပြီးနောက် ကျွန်တော်က ချက်ချင်းပဲ အတန်း၏ဟာသတစ်ခု ဖြစ်လာခဲ့သည်။ လူတော်တော်များများက ကျွန်တော့်အား ပို၍ပင် အထင်သေးလာကြသည်။ ကျွန်တော့်ကို တခြားသူများက ရယ်နေသော်ငြား ကျောက်ဖန်းယွီက ကျွန်တော့်ကို နှစ်သိမ့်ပေးနေခဲ့သည်။
သို့သော် သူ၏နှစ်သိမ့်မှုက ကျွန်တော့်၏နာကျင်မှုကို ဖြေသိမ့်မပေးနိုင်ပေ။ မော့ကျင်းယွီနှင့်ကျောက်ဝူကျီကို ကြည့်ရင်း ကျွန်တော့်ရင်ထဲတွင် စိတ်ဓာတ်ကျနေသည်။
ထို့ကြောင့် ကျွန်တော် မော့ကျင်းယွီကို အရင်စကားစပြောရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ကျောင်းဆင်းသည့်အချိန်တွင် ကျွန်တော် လှေကားနားတွင် သူမ လာမည့်အချိန်ကို စောင့်နေသည်။
နာရီအနည်းငယ်စောင့်ပြီးနောက် ကျွန်တော် နောက်ဆုံးတွင် မော့ကျင်းယွီ၏ အသွင်အပြင်ကို တွေ့လိုက်ရသည်။ သူက ကားထဲတွင် ထိုင်နေကာ ကျောက်ဝူကျီက ကားမောင်းလာတာဖြစ်သည်။
သူတို့နှစ်ယောက် ကားထဲမှ ထွက်လာသည်ကို ကြည့်ရင်း ကျွန်တော် နောက်ကို ဆုတ်မိသွားပြီး ခြုံတစ်ခုနောက်ကွယ်တွင် ပုန်းနေမိသည်။ ဒီနေရာတွင် ကျွန်တော် သူတို့၏အသံကို မရေမရာကြားရသည်။
သူတို့နှစ်ယောက်က လှေကားမှ ဆင်းသွားကြပြီး နှုတ်ဆက်လိုက်ကြသည်။ ရုတ်တရက် မော့ကျင်းယွီက ခြေဖျားထောက်လိုက်ပြီးနောက် ကျောက်ဝူကျီ၏ လည်ပင်းကို သိုင်းဖက်လိုက်ကာ သူ့ကို နမ်းလိုက်သည်။ ကျောက်ဝူကျီက အလွန်ပျော်ရွှင်နေပုံရကာ သူမကို ဖက်လိုက်ပြီးနောက် ပြန်၍ နမ်းလိုက်သည်။
ကျွန်တော် ထိုမြင်ကွင်းကို ကြည့်ရင်း ကျွန်တော့်မျက်ဝန်းများထဲတွင် မျက်ရည်များပြည့်နှက်လာကာ ကျွန်တော့်ခြေထောက်များက အမြစ်တွယ်နေသကဲ့သို့ပင် ကျွန်တော် မလှုပ်နိုင်ခဲ့ပေ။ ကျွန်တော့် ခန္ဓာကိုယ်က ချွေးစေးများပြန်လာကာ ကျွန်တော့်အဝတ်များက အမြန်ပင် ချွေးများစိုရွှဲသွားသည်။
သူတို့နှစ်ယောက် အပြင်တွင် နမ်းပြီးနောက် မော့ကျင်းယွီက ကျောက်ဝူကျီ၏လက်မောင်းထဲတွင် မှီနေပြီးနောက် သွားဖို့ ငြင်းဆန်နေသည့်ပုံပင်။ ကျောက်ဝူကျီက သူမ၏ပါးကို သာသာလေးပွတ်လိုက်ပြီး တစ်ခုခုပြောလိုက်သည်။ မော့ကျင်းယွီက နှုတ်ခမ်းစူလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ပြီးနောက် ကျောက်ဝူကျီက သူမကို ဖက်ကာ အဆောက်အဦးထဲသို့ ဝင်သွားသည်။
ဒီအချိန်တွင် ကျွန်တော် ကြက်သေသေနေရာမှ သတိပြန်ဝင်လာပြီး ခြုံနောက်မှ ထွက်လိုက်ကာ အော်လိုက်သည်။
“မော့ကျင်းယွီ…”
ကျွန်တော့်အသံက ကန္တာရထဲမှ ထွက်လာသည့် သေလုနီးနီုးလူကဲ့သို့ပင် ခြောက်သွေ့နေသည်။
သူတို့နှစ်ယောက်လှည့်လာသည်။ မော့ကျင်းယွီက ကျွန်တော့်အားမြင်သည့်အချိန်တွင် သူမက ကျွန်တော်ထင်ထားသကဲ့သို့ လန့်မသွားပေ။ ထို့အစား သူမက ခေါင်းငုံ့လိုက်ပြီး အနည်းငယ်ပြုံးလိုက်ပြီး သူမ၏မျက်နှာက နီရဲနေသည်။ သူတို့က အသစ်စက်စက်လက်ထပ်ထားသည့် စုံတွဲကဲ့သို့ပင်။ နှစ်ယောက်လုံးပျော်နေကာ ရှက်နေကြသည်။
ဒီအချိန်တွင် သူမ၏ အဝတ်အစားများက ယခင်နှင့် ကွဲပြားနေသည်ကို သတိပြုမိသည်။ ယခင်က သူမ၏ ဆံပင်ကို ကျစ်စံမြီးကျစ်ထားခြင်းသို့မဟုတ် အနောက်တွင် ဆံပင်ကို စု၍စည်းထားသည်။ သို့သော် ဒီနေ့တွင်မူ ပထမဆုံးအကြိမ် သူမ ဆံထုံးထုံးထားပြီး တန်ဖိုးရှိသည့် အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားသည်။ ထိုအရာက သူမကို အသစ်စက်စက်လက်ထပ်ထားသည့် မိန်းကလေးနှင့်တူစေသည်။
သူမ၏ အဝတ်များနှင့် သူမ၏ မျက်နှာက အကုန်လုံးကို ရှင်းပြပြီးနေပြီဖြစ်သည်။ မော့ကျင်းယွီက ကျောက်ဝူကျီနှင့် အိပ်ခဲ့ပြီးပြီဆိုသည်ကို ကျွန်တော် သတိပြုမိသည်။ သူမက အပျိုစင်မဟုတ်တော့ပေ။ အထူးသဖြင့် သူမျက်နှာထက်မှ အသစ်စက်စက် လက်ထပ်ထားသည့် မိန်းကလေးတစ်ယောက်၏ ပျော်ရွှင်မှုနှင့် ရှက်ရွံ့မှုက ကျွန်တော့်နှလုံးသားကို ဓားဖြင့်ထိုးလိုက်သကဲ့သို့ပင် ကျွန်တော်ခံစားရသည်။
ကျောက်ဝူကျီ ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။
“ကျန်းဖန်ဖြစ်နေတာကိုး။ မင်း အခုတလော ဘယ်လိုနေလဲ။”
ရီး ဒီကောင်က သူမရဲ့ အချစ်ကို ရသွားပြီဆိုပြီး လူကောင်းတစ်ယောက်လို ဟန်ဆောင်နေတာပဲ။ ကျွန်တော် အံကြိတ်လိုက်ပြီးပြောလိုက်သည်။
“ငါ အဆင်ပြေပါတယ်။”
ကျောက်ဝူကျီက မော့ကျင်းယွီ၏ခါးကို ဆက်ဖက်နေကာပြောလိုက်သည်။
“မင်းဒီမှာတစ်ယောက်ယောက်ကို စောင့်နေတာလား။”
“ငါမော့ကျင်းယွီကို စောင့်နေတာ။ မင်းတို့ နှစ်ယောက်လုံးကို တွေ့ရလိမ့်မယ်လို့ ငါမထင်ထားဘူး။”
“အိုး ဟုတ်လား။”
ကျောက်ဝူကျီက ပြုံးပြီးပြောလိုက်သည်။
“မင်းက မော့ကျင်းယွီကို စောင့်နေတာပေါ့။ မော့ကျင်းယွီ သူက နင့်ကို စောင့်နေတာတဲ့။”
မော့ကျင်းယွီက ကျွန်တော့်အားကြည့်လိုက်ကာပြောသည်။
“ကျန်းဖန် နင်ဘာပြောစရာရှိလို့လဲ။”
ကျွန်တော် မော့ကျင်းယွီကို ကြည့်လိုက်ပြီး ခဏလောက်တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
“နင် ကုသိုလ်ကောင်းမှု များများလုပ်သင့်တယ်။ နောက်ကျရင် ငါနင့်ကို ထပ်ကာကွယ်တော့မှာ မဟုတ်ဘူး။”
“ဟဟ မင်းလိုကောင်က မော့ကျင်းယွီကို ကာကွယ်ဦးမှာတဲ့လား။”
ကျောက်ဝူကျီက လှောင်လိုက်သည်။
မော့ကျင်းယွီက ကျွန်တော့်အား ကြည့်လိုက်ပြီးနောက် သူမ နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်သည်။
“ကျန်းဖန် ငါတောင်းပန်ပါတယ်။”
“နင်တောင်းပန်စရာ မလိုပါဘူး။ ငါက မျက်စိစုံလုံးကန်းပြီးတော့ လူမှားရွေးမိတာကို။”
ကျွန်တော် ပြောလိုက်ပြီးနောက် လှည့်ထွက်လာခဲ့သည်။
ဒီအချိန်တွင် မော့ကျင်းယွီက ကျွန်တော့်အား တားလိုက်သည်။
ကျွန်တော် အနောက်သို့ တည်ငြိမ်စွာဖြင့် လှည့်ကြည့်လိုက်သည်။
မော့ကျင်းယွီ၏ မျက်ဝန်းထဲတွင် တောင်းပန်မှုတချို့ရှိပြီး သူမ၏ နှုတ်ခမ်းများက ရွှေ့သွားပြီး သူမ တစ်ခုခုကို ပြောချင်နေသော်ငြား အဆုံးတွင်မူ စကားလေးလုံးသာထွက်လာခဲ့သည်။
“တောင်းပန်ပါတယ်…”
“နင် တောင်းပန်စရာမလိုပါဘူး။”
ကျွန်တော် ပြောလိုက်သည်။
“နင် တစ်နေ့နေ့မှာ အဲဒါကို နောင်တရလိမ့်မယ်။”
အိမ်သို့ပြန်လာသည့်လမ်းတစ်လျှောက်တွင် ကျွန်တော့်ရင်ထဲတွင် အလွန်နာကျင်နေသည်။ ကျွန်တော့်ရင်ထဲတွင် ထိုနောက်ကွယ်၌ အကြောင်းအရာတစ်ခု ရှိလိမ့်မည်ဟု ယုံကြည်ခဲ့တာဖြစ်သည်။ ထိုအကြောင်းအရာက ထုတ်ဖော်မပြောနိုင်သည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်နိုင်သည်။ ဒီလိုဆိုလျှင် သူမ အပျိုစင်မဟုတ်တော့လျှင်တောင် ကျွန်တော် သူမကို ခွင့်လွှတ်ပေးဦးမှာဖြစ်သည်။

သို့သော် ယခု ကြည့်ရသည်မှာ ထိုအရာက ကျွန်တော့်၏ အတွေးများသာဖြစ်နေပုံပေါ်သည်။ မော့ကျင်းယွီက အမှန်တကယ်ပင် ကျွန်တော့်အား သစ္စာဖောက်သွားကာ ကျောက်ဝူကျီဆီသို့ ရောက်သွားပြီဖြစ်သည်။
ကျွန်တော် ထိုအရာကို အချိန်အတော်ကြာကတည်းက သိခဲ့ရမှာဖြစ်သည်။ ကျောက်ဝူကျီနှင့် ယှဉ်လျှင် ကျွန်တော်က ဘာမှမဟုတ်ပေ။ ကျွန်တော်က သူ့လောက် မခန့်ညားပေ။ သူ့လောက် မချမ်းသာပေ။ ကျောင်းစာတွင်လည်း သူ့လောက်မတော်ပေ။
ကျွန်တော် မော့ကျင်းယွီ၏အချစ်ကို ရခဲ့သည်က တံခါးစောင့်၏ ဂိမ်းများကြောင့်သာဖြစ်သည်။ ကျွန်တော် သူမကို ကယ်ရန် အကောင်းဆုံးကြိုးခဲ့သော်ငြား ယခုထိုဂိမ်းများမရှိတော့သည့်အချိန်တွင် ကျွန်တော်က ဘာကောင်မှမဟုတ်ပြန်တော့ပေ။
ရက်စက်သည့် အမှန်တရားကို ရင်ဆိုင်ရသည့်အချိန်တွင် ကျွန်တော်က ဆင်းရဲသည့်သူတစ်ယောက်ထက် မပိုပေ။
အိမ်သို့ပြန်ရောက်သည့်အချိန်တွင် ကျွန်တော် အိပ်ရာပေါ်သို့ ပစ်လှဲလိုက်ပြီးနောက် အချိန်အတော်ကြာ မလှုပ်ရှားခဲ့ပေ။ ခဏကြာသောအခါ ကျောင်းပြောင်းရန်အတွက် အဖေ့ကို ကျွန်တော်ပြောခဲ့သည်။
အဖေက ကျွန်တော့်အား အကြောင်းအရင်းကို မမေးခဲ့ဘဲ မနက်ဖြန်တွင် ကျောင်းပြောင်းရန်ကိစ္စနှင့်ပတ်သက်ပြီး ကူညီပေးမည်ဖြစ်ကြောင်းကို တည်ငြိမ်စွာပြောခဲ့သည်။
ထိုမှသာ ကျွန်တော် စိတ်သက်သာရာရသွားသည်။ ကျွန်တော်က အရှုံးသမားတစ်ယောက်ဆိုသည်ကို ကျွန်တော် သိသည်။
အကယ်၍ ကျွန်တော် ကျွန်တော့်၏ ကျန်ရှိသေးသော သိက္ခာကို မဆုံးရှုံးချင်လျှင် ကျောင်းပြောင်းခြင်းက ကျွန်တော့်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ရယ်နေစဉ် ဖုန်းက ရုတ်တရက် မြည်လာသည်။ ကျွန်တော် ဖုန်းကို ကြည့်လိုက်သည့်အချိန်တွင် ကျွန်တော် ကြက်သေသေသွားသည်။
ဘယ်အချိန်ကမှန်းမသိ ဂရုထဲတွင် ကျွန်တော့်နာမည်က ဘယ်အချိန်ကမှန်းမသိ ရောက်နေတာဖြစ်သည်။ ကျွန်တော်တင်မကဘဲ အကုန်လုံးက ရှိနေတာဖြစ်သည်။
ပျောက်ကွယ်သွားသည့် တံခါးစောင့်ကလည်း ထပ်မံထွက်ပေါ်လာပြန်သည်။
“အကုန်လုံး တစ်လနားပြီးပြီဆိုတော့ ပျော်နေကြမှာပေါ့။ ဒါပေမဲ့ ငါမင်းတို့ကို သတိပေးရမှာ စိတ်တော့မကောင်းပါဘူး။ နားချိန်ပြီးပြီ။ မပြီးဆုံးသေးတဲ့ ဂိမ်းလေးကို ဆက်ဆော့ကြတာပေါ့။ မနက်ဖြန်ကြရင် နောက်ထပ်တာဝန်သစ်ကို တင်မယ်။ မင်းတို့ရဲ့ နောက်ဆုံးညလေးကို ခံစားလိုက်ကြပါဦး။”
ပြီးနောက် တံခါးစောင့်က ထပ်မပြောတော့ပေ။ ဝီချက်ဂရုက ရုတ်တရက် ဗြောင်းဆန်သွားသည်။
“ဘာဖြစ်နေတာလဲ။ တံခါးစောင့်က သေသွားပြီမဟုတ်ဘူးလား။”
“ဟုတ်တယ်။ ဘယ်သူလာနောက်နေတာလဲ။”
“အဲဒါက ဟာသမဟုတ်ဘူးထင်တယ်။ တကယ် တံခါးစောင့်ပဲ။”
“ဟုတ်တယ်။ ဓာတ်ပုံကတောင် အတူတူပဲ။”
“မဟုတ်သေးဘူး။”
အတန်းသားများက ဂရုထဲတွင် ပြောဆိုနေကြသည်။ ကျွန်တော်ကတော့ ကျွန်တော့်ရှေ့ရှိ ဖုန်းကိုကြည့်ကာ ထူးဆန်းစွာပြုံးနေသည်။
“အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ မျှော်လင့်မထားဘူး။”
“ကြည့်ရတာ အစကတည်းက ဟန်ကျိယုက တံခါးစောင့် မဟုတ်တဲ့ပုံပဲ။ ငါတို့ အလိမ်ခံလိုက်ရတာပဲ။”
ကျွန်တော် ကိုယ့်ဘာသာ ရေရွတ်လိုက်ပြီးနောက် ဖုန်းကို ဘေးချထားလိုက်ပြီး

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset