အခန်း ၃၇

အခန်း၃၇ သဲလွန်စက ပြန့်သွားလို့ မရဘူး အပိုင်း(၁)

မော့ကျင်းယွီကိုကြည့်ပြီးနောက် ကျွန်တော့်ရင်ထဲတွင် ရှုပ်ထွေးသည့် ခံစားချက်ကရှိနေသည်။ တစ်ဖက်တွင်လည်း သူမက ကျွန်တော့်အား သစ္စာဖောက်ခဲ့သည်။ သူမ ကတ်ကို ဆွဲရန် တုန်ရင်နေသည်ကို ကြည့်ပြီးနောက် ကျွန်တော် ခါးသီးစွာ ပြုံးလိုက်ပြီး မတ်တပ်ရပ်ကာ ပြောလိုက်သည်။
“ဘယ်ဘက်ဆုံးက ကတ်ကို ဆွဲလိုက်။ အကုန်လုံး အဆင်ပြေသွားလိမ့်မယ်။”
မော့ကျင်းယွီက ခဏတာ ကြက်သေသေသွားပြီးနောက် ကျွန်တော့်အား အံ့အားသင့်စွာဖြင့် ကြည့်လိုက်သော်ငြား မကြာခင်တွင် သူမ ပြန်လှည့်သွားသည်။ သူမ ကြည့်ရတာ မဆုံးဖြတ်ရသေးသည့်ပုံပင်။ သို့သော် ခဏအကြာတွင် သူမ ကတ်တစ်ကတ်ဆွဲလိုက်သည်။ ထိုကတ်က ကျွန်တော် ပြောလိုက်သည့်ကတ်ဖြစ်သည်။
သူမ ထိုကတ်ကို လှန်လိုက်သည့်အချိန်တွင် သူမ အံ့အားသင့်သွားသည်။ သူမ လက်ထဲရှိကတ်က အမှန်တကယ်ပင် ရှင်သန်ခြင်းကတ်ဖြစ်သည်။ ပြီးနောက် သူမက ကျွန်တော့်အား ကြည့်လိုက်ပြီး သူမ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
သို့သော် ကျွန်တော် သူမကို ဂရုမစိုက်စွာဖြင့် ကြည့်လိုက်ပြီးနောက် ပြန်ထိုင်လိုက်သည်။
“သူက မင်းကို သစ္စာဖောက်ခဲ့ပေမဲ့ မင်းသူမကို ကယ်နေသေးတုန်းပဲလား။”
ကျောက်ဖန်းယွီက ပြောသည်။
“တကယ်လို့ ငါ သူမကို မကယ်ရင်တောင် သူမက သေမှာမဟုတ်ဘူး။ ပြီးတော့ ငါ့မှာ အကြံတစ်ခုရှိတယ်။”
ကျွန်တော်ပြောလိုက်သည်။
ကျောက်ဖန်းယွီက ကျွန်တော့်အား ထူးဆန်းစွာဖြင့် ကြည့်လိုက်ပြီးနောက် ဘာမှမပြောတော့ပေ။
မော့ကျင်းယွီက ကျွန်တော့်အား ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်ပြီးနောက် သူမ နေရာသို့ ပြန်သွားလိုက်သည်။ ကျောက်ဝူကျီ၏ မျက်နှာက ရှုံ့မဲ့နေပြီးနောက် သူက မော့ကျင်းယွီကို ဖက်ထားလိုက်သည်။ မော့ကျင်းယွီက ကျွန်တော့်အား ကြည့်လိုက်ပြီး ဘာမှမပြောပေ။
စားပွဲပေါ်တွင် ကတ်နှစ်ကတ်ပဲ ကျန်တော့သည်။ ဆိုလိုသည်က နှစ်ယောက်ထဲမှ တစ်ယောက် သေရမှာဖြစ်သည်။ ဒီအချိန်တွင် လီဒဲနှင့် လန်ချိုးရိုတို့ပဲ ကျန်တော့တာဖြစ်သည်။
လီဒဲက ပြေးလာပြီးနောက် ကျွန်တော့်အား စိုးရိမ်စွာဖြင့်ကြည့်လိုက်သည်။
“ကျန်းဖန် ငါ့ကို အမြန်ပြော ငါ ဘယ်ကတ်ကို ဆွဲရမလဲ။”
ကျွန်တော် သူ့အား ဂရုမစိုက်စွာဖြင့် ကြည့်လိုက်သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လီဒဲ ကျွန်တော့်အား ဖားက ငန်းသားစားချင်တာဟု လှောင်ခဲ့တာကို ကျွန်တော် မမေ့သေးပေ။ တစ်ချိန်တည်းမှာပင် သူက ကျောက်ဝူကျီအား မြှောက်ပြောခဲ့သေးသည်။
မမျှော်လင့်စွာဖြင့် ဒီရှင်သန်ခြင်းနှင့် သေဆုံးခြင်းဂိမ်းတွင် သူ့စိတ်ထားက ပြောင်းလဲသွားသည်က အလွန်ရွံ့စရာကောင်းသည်။
ကျွန်တော့်ရှေ့ရှိ လီဒဲကို ကြည့်ပြီးနောက် ကျွန်တော် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒါပေါ့။ ပြဿနာမရှိပါဘူး။ ငါ မင်းကို ချက်ချင်းပြောပြမယ်။”
ကျွန်တော် သူ့နားနားကပ်ပြီးနောက် တစ်ခုခုပြောလိုက်သည်။ ကျွန်တော် ပြောတာနားထောင်ပြီးနောက် လီဒဲက ကျွန်တော့် ပုခုံးကို ပုတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ကျေးဇူးပဲ ဘရို၊ ငါမင်းကျေးဇူးကို မှတ်ထားပါ့မယ်။”
ပြောပြီးသည်နှင့် သူက အမြန်ပြေးသွားပြီးနောက် ကတ်တစ်ကတ်ကို ဆွဲလိုက်သည်။
လီဒဲ၏ပုံကိုကြည့်ပြီးနောက် လန်ချိုးရိုက မျက်စိမှတ်လိုက်ပြီး မျက်ရည်များက ဆက်တိုက်စီးကျလာသည်. သူမ ဘေးရှိ ကောင်မလေးများကလည်း ငိုနေကြသည်။
“ဟားဟား ငါသေမှာ မဟုတ်တော့ဘူး. နင်သေတော့မှာပဲ။”
လီဒဲက လန်ချိုးရိုကို ကြည့်ကာပြောလိုက်သည်။
ငိုနေရင်း လန်ချိုးရိုက ကျွန်တော့်အား လှမ်းပြောသည်။
“သူ နင့်ကို အဲ့လိုမျိုး ဆက်ဆံပြီးတာတောင်မှ နင်ဘာလို့ သူကို ကူညီခဲ့တာလဲ။ ဘာလို့ ငါ့ကို မကူညီနိုင်တာလဲ။”
“ဟားဟား ဘာလို့လဲဆိုတော့ ငါတို့က ညီအစ်ကိုတွေ မို့လို့ပဲ။”
သူ့ပုံကိုကြည့်ပြီးနောက် ကျွန်တော် ပြောလိုက်သည်။
“မင်းလက်ထဲကကတ်ကို အရင်ပြန်ကြည့်ပါဦး။ ပြီးမှ ဒီစကားတွေ ပြောစမ်းပါ။”
ကျွန်တော့်စကားများအား နားထောင်ပြီးနောက် လီဒဲက ခဏတာ အံ့အားသင့်သွားပြီးနောက် သူ့လက်ထဲရှိ ကတ်ကို အမြန်ပြန်ကြည့်လိုက်သည်။
သူ ကြည့်ပြီးသည်နှင့် ချက်ချင်းပဲအော်လိုက်သည်။ ထိုမှသာ သူ့လက်ထဲမှ ကတ်က ရှင်သန်ခြင်းကတ် မဟုတ်မှန်း သေဆုံးဖြင်းကတ်ဖြစ်နေမှန်း တခြားသူများက သတိပြုမိတော့သည်။
“ကျန်းဖန် မင်းငါ့ကို လိမ်တယ်ပေါ့။”
လီဒဲက အော်ပြောလိုက်သည်။
“လိမ်တော့ ဘာဖြစ်လဲ။”
ကျွန်တော် ပြောလိုက်သည်။
“ငါ မင်းကို သတ်မယ်။”
လီဒဲက ကတ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် ကျွန်တော့်ဆီသို့ ပြေးလာတော့သည်။
သူ ပြေးလာတာကို ကြည့်ပြီးနောက် ကျွန်တော် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး သူ့ကို စောင့်နေလိုက်သည်။
ဒီအချိန်တွင် သူ့ခန္ဓာကိုယ်က ရုတ်တရက် ရပ်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး သွေးအနည်းငယ်အန်ကာ လှုပ်ရှားမှုက ရပ်တန့်သွားတော့သည်။
ကျွန်တော် ဖုန်းကိုကြည့်လိုက်ပြီးနောက် အေးစက်စွာပြောလိုက်သည်။
“မင်း သတိမပြုမိသေးဘူးလား။ မင်း သေဆုံးခြင်းကတ်ကို ရထားတာ။ ဒီတော့ မင်း ဂိမ်းထဲနေ ထွက်ရပြီပဲ။ ဂိမ်းထဲကနေ ထွက်ရတဲ့သူတွေရဲ့ ရလာဒ်က သေဆုံးခြင်းပဲ။”
ကျွန်တော် ပြောပြီးသည့်အချိန်တွင် ကျွန်တော့်ဘေးရှိ လူများ၏ အကြည့်များက လုံးဝပြောင်းလဲသွားသည်ကို ကျွန်တော် ခံစားမိသည်။ ကြောက်ရွံ့မှုနှင့် အံ့အားသင့်မှုတို့ ပါဝင်ပြီး အများဆုံးတွေ့သည်က ကြောက်ရွံ့မှုဖြစ်သည်။ ဒါက ကျွန်တော် မြင်ချင်သည့်အရာဖြစ်သည်။
အခန်းထဲရှိသူများကို ကျွန်တော့်အား သဘောကျလာစေရန် မပြုလုပ်နိုင်သောကြောင့် သူတို့ကို ကျွန်တော့်အား ကြောက်ရွံ့စေခဲ့သည်။
လီဒဲ၏ခန္ဓာကိုယ်ကကြမ်းပြင်ပေါ်တွက် ရှိနေကာ ကျွန်တော် ပြောလိုက်သည်။
“ဂိမ်းကပြီးသွားပြီ။ ရဲကို ခေါ်လိုက်တော့။”
အတန်းခေါင်းဆောင်က ဖုန်းထုတ်လိုက်ပြီးနောက် ရဲကိုခေါ်လိုက်သည်။
မကြာခင်တွင် ရဲများရောက်လာပြီးနောက် ထုံးစံအတိုင်း မှတ်စုများထုတ်ပြီး ခန္ဓာကိုယ်ကို ယူသွားကြသည်။ သို့သော် သူတို့က ဘာမေးခွန်းမှ မမေးပေ။ ဒါကိုမြင်သည့်အချိန်တွင် ကျွန်တော် သူတို့ဆီသို့ သွားပြီးနောက် မေးလိုက်သည်။
“ကျွန်တော်တို့အတန်းထဲက လူဘယ်နှစ်ယောက် သေပြီးပြီလဲဆိုတာ ခင်ဗျားသိလား။ ဘာလို့ အမှုက အခုထိ တရားခံ မပေါ်သေးတာလဲ။”
“အခု သက်သေမရှိလို့ ငါတို့ ဘယ်သူက လူသတ်သမားလဲဆိုတာကို သက်သေမပြနိုင်သေးဘူး။”
ရဲက ကျွန်တော့်အားပြောသည်။
“ဘာသက်သေမှ မရှိဘူးဟုတ်လား။”
ကျွန်တော် သူ့အားပြောလိုက်သည်။
“ဒီလိုမျိုး မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။”
“မင်း ဘာပြောချင်တာလဲ။”
ရဲက ကျွန်တော့်အားကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော် အမှန်ကို သိချင်တယ်။”
ကျွန်တော် ပြောလိုက်သည်။
“အမှန်တရားက မင်းကိုယ်တိုင် ရှာရမယ့်အရာပဲ။”
ရဲက ပြောပြီးသည်နှင့် ထွက်သွားသည်။
သူတို့ ထွက်သွားသည်ကို ကြည့်ပြီး ကျောက်ဖန်းယွီက ဒေါသတကြီးဖြင့် ပြောသည်။
“ဒီရဲတွေက ဘာတွေလဲ။ ငါတို့ အတန်းထဲမှာ ဒီလောက် လူတွေ အများကြီးသေပြီးပြီ။ ဒါပေမဲ့ သူတို့က လာပြီး မစုံစမ်းသေးဘူး။”
“ငါ ခန့်မှန်းတာမှန်ရင် သူတို့က ထူးဆန်းနေတယ်။”
ကျွန်တော် မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက ပြောစရာလိုသေးလို့လား။ တကယ် ထူးဆန်းနေတာပဲကို။”
ကျောက်ဝူကျီက လာပြီးပြောသည်။
“ငါ့အဖေက ရာထူးကြီးတဲ့ရဲတချို့နဲ့သိတယ်။ မင်း သူတို့ဆီကနေ အကူအညီသွားတောင်းလို့ရတယ်။ ဒါဆို ဘာပြဿနာမှ မရှိတော့ဘဲ ငါတို့ အကယ်ခံရနိုင်တယ်။”
“အဲဒါ အသုံးမဝင်ဘူး။”
ကျွန်တော် သူ့အားကြည့်ကာ ပြောလိုက်သည်။
“ငါတို့ ဒီအိပ်မက်ဆိုးကနေ မလွတ်မြောက်နိုင်ဘူး။ အပြင်ဘက်ကလူတွေက ငါတို့ကို မကယ်နိုင်ဘူး။”
“လျှောက်ပြောမနေနဲ့။ ငါမယုံဘူး။”
ကျောက်ဝူကျီက ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။ ဘေးရှိကျောင်းသားတွေကလည်း ခေါင်းညိတ်ကြသည်။
သူတို့ကို ကြည့်ပြီးနောက် ကျွန်တော် ကိုယ့်နေရာကိုယ်ပြန်ထိုင်လိုက်သည်။
ကျောက်ဖန်းယွီက ကျွန်တော့်နားလာကာ တိုးတိုးပြောသည်။
“ကျောက်ဝူကျီက အားကိုးလို့ မရနိုင်ဘူးလို့ မင်းပြောတာလား။”
“သူ့ အကြံက အသုံးမဝင်ဘူး။”
ကျွန်တော် ခေါင်းခါလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို တွေးမိကာ ကျောက်ဖန်းယွီကိုပြောလိုက်သည်။
“မင်းမှတ်မိသေးလား။ အစက ငါတို့ ရဲတွေက ငါတို့ကို ကယ်တင်မယ်လို့ ထင်ခဲ့ပေမဲ့ သူတို့က အမှုကို အမြန်ပိတ်လိုက်ကြတယ်လေ။”
“ဒါပေါ့ ငါမှတ်မိသေးတယ်။ မင်းပြောတာက အဲ့ရဲတွေ ထူးဆန်းနေတယ်လို့ ဆိုလိုတာလား။”
ကျောက်ဖန်းယွီကပြောသည်။
“ဟုတ်တယ်။ သူတို့က ထူးဆန်းနေတယ်။”
ကျွန်တော် မျက်မှောင်ကြုတ်လိုက်ပြီးနောက်ပြောသည်။
“မင်း ရှာမတွေ့ဘူးလား။ ငါတို့အတန်းထဲက လူတွေ အများကြီးသေနေပေမဲ့ ကျောင်းကတော့ ဖွင့်နေသေးတုန်းပဲ။ ပြီးတော့ ဘာသံသယမှမရှိကြဘူး။”
“ဟုတ်တယ်။ အတန်းထဲက လူတွေ အများကြီးသေပြီးတာတောင်မှ အတန်းကို မနားကြဘူးနော်။”
ကျောက်ဖန်းယွီက အံ့အားသင့်စွာဖြင့် ပြောသည်။
“ဒါ့ကြောင့် ထူးဆန်းတယ်လို့ ငါပြောတာပေါ့။”
ကျွန်တော် ခေါင်းခါလိုက်ပြီးနောက် ပြောလိုက်သည်။
“ဒါ့ကြောင့် ဒီအိပ်မက်ဆိုးကနေ လွတ်နိုင်မှာမဟုတ်ဘူးလို့ ငါပြောတာ။”
ကျွန်တော် ကျောက်ဖန်းယွီနှင့် စကားပြောနေစဉ် လန်ချိုးရိုက ကျွန်တော်တို့နား ရောက်လာသည်။ သူမကို ကြည့်ရတာ ရှက်နေသည့်ပုံပင်။
ကျွန်တော် သူမ ဘက်သို့လှည့်ကာ မေးလိုက်သည်။
“ဘာပြောစရာရှိလို့လား။”
“အဲဒါက… ငါ့ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။”
လန်ချိုးရိုက ကျွန်တော့်ကိုကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“နင့်ကို ကယ်တယ်ဟုတ်လား။ နင် အမှားတစ်ခုခု လုပ်မိပြီလို့ ငါထင်တယ်။ နင့်ကိုကယ်ဖို့အတွက် ငါ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။”
ကျွန်တော် လန်ချိုးရိုကို ကြည့်ကာပြောလိုက်သည်။
“ငါ လီဒဲကို သတ်ချင်လို့ အဲ့လိုလုပ်တာ။ နင် တွေးသလို မဟုတ်ဘူး။”
“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နင်ငါ့ကို ကယ်ခဲ့တာပဲ။”
လန်ချိုးရိုက ပြောသည်။
“အိုး အဲ့လိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ကျွန်တော် ပြောလိုက်သည်။
“အင်း။”
လန်ချိုးရိုက ပြောပြီးနောက် ကျွန်တော့်ကို ကြည့်နေသည်။ သူမက မျက်မှန်တပ်ထားကာ သူမက အလွန်ငြိမ်ကာ လှပသည်။ သူမက မော့ကျင်းယွီလောက် မလှသော်ငြား သူမက လှသေးသည်။
“ဒီတော့ နင်ငါ့ကို အရမ်းကျေးဇူးတင်နေတော့ ငါ့ကောင်မလေးလုပ်မလား။”
ကျွန်တော်ပြောလိုက်သည်။
“ဒါက…”
လန်ချိုးရိုက ခဏလောက် အံ့အားသင့်သွားပြီးနောက် စိုးရိမ်စွာဖြင့် ကျွန်တော့်အား ကြည့်လိုက်သည်။
“ကောင်းပြီ ထားလိုက်တော့ နင် ပြောချင်တာပြောပြီးပြီမလား သွားတော့လေ။”
ကျွန်တော် စိတ်မရှည်စွာဖြင့် လက်ခါပြလိုက်ပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် နင်တို့တွေက အတူတူတွေပါပဲ။”
လန်ချိုးရိုက သူမ၏ အောက်နှုတ်ခမ်းကိုကိုက်လိုက်ကာ ကျွန်တော့်အား မျက်စောင်းထိုးလိုက်ပြီးနောက် ထွက်သွားသည်။
My mood suddenly became very bad, and I did not intend to chat with Zhao Pengyu. After just saying a few words, I set my sights on the phone. Now that the gatekeeper of the prefecture is making a comeback, I have many things to do.
ကျွန်တော့်၏ စိတ်က ရုတ်တရက် ပိုဆိုးလာပြီး ကျွန်တော် ကျောက်ဖန်းယွီနှင့် ဆက်၍ စကားမပြောချင်တော့ပေ။ စကားအနည်းငယ်ပြောပြီးနောက် ကျွန်တော် ဖုန်းကိုကြည့်လိုက်သည်။ ယခု တံခါးစောင့်က ပြန်လာပြီဖြစ်သောကြောင့် ကျွန်တော် လုပ်စရာအများကြီး ရှိလာပြီဖြစ်သည်။
သို့သော် ကျွန်တော် တံခါးစောင့်ကို ရှာရန်အတွက် သိပ်စိတ်ထဲမထေားတော့ဘဲ ရှင်သန်ဖို့ကိုသာ ပိုတွေးတော့သည်။
ဟန်ကျိယု ဆုံးပြီးကတည်းက တံခါးစောင့် မည်သူဆိုသည်က ပိုပြီးဆန်းကြယ်လာသည်။ သဲလွန်စများ အားလုံးက ဖြတ်ချတာ ခံခဲ့ရပြီး ကျွန်တော် ဘာသဲလွန်စမှ ရှာမတွေ့ပေ။ ထို့ကြောင့် တံခါးစောင့် မည်သူဖြစ်မှန်း ရှာရန်မဖြစ်နိုင်ပေ။
နေ့လည်ခင်းတွင် ကျွန်တော် ကျောက်ဖန်းယွီနှင့် ထမင်းစားရန် ငြင်းခဲ့ပြီး ကျောင်းထဲတွင် လမ်းလျှောက်နေခဲ့သည်။
သို့သော် ဒီအချိန်တွင် ကျွန်တော့်အား အဖြေကို ပြောပြနိုင်လောက်မည့်သူကို ကျွန်တော် သတိရသွားသည်။
ဒီလူက ဝမ်ရင်းယန်ဖြစ်သည်။ သူက ကျွန်တော်တို့အား ဟန်ကျိယုကို သတ်ရာတွင် ကူညီခဲ့သည်။ သူ၏ အကူအညီဖြင့် ကျွန်တော့်၏ ရှင်သန်နိုင်ခြေက များလာလောက်သည်။
ကျွန်တော် ဝမ်ရင်းယန်ကို ရှာတွေ့သည့်အချိန်တွင် သူက လမ်းလျှောက်နေကာ ကျွန်တော်လာနေသည်ကို တွေ့သောအခါ ကျွန်တော့်အား နှုတ်ဆက်ကာ သာမာန်ဘဝသို့ ပြန်ရောက်သွားသည်က မည်သို့နည်းဟု မေးသည်။
ကျွန်တော် ခေါင်းခါလိုက်ပြီး သူ၏ လက်ရှိအခြေအနေကို လေးနက်စွာပြောလိုက်သည်။
ဝမ်ရင်းယန်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ကျွန်တော့်အား အလန့်တကြားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“မင်းပြောတာ အမှန်ပဲလား။”
“ဟုတ်တယ်။ တံခါးစောင့်ရဲ့ အိမ်က ဒီနားမှာပဲ။”
ကျွန်တော် ပြောလိုက်သည်။
“အဲ့လိုဖြစ်သွားတာကိုး။”
ဝမ်ရင်းယန်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခဏတွေးနေပြီး ရုတ်တရက် သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုက ပေါ်လာသည်.
“တံခါးစောင့်က ဘယ်သူလဲဆိုတာ ငါသိပြီ။ သူဖြစ်နေတာကိုး။ ငါတို့တွေ အလိမ်ခံလိုက်ရတာပဲ။”
“သူက ဘယ်သူလဲ။”
ကျွန်တော် မေးလိုက်သည်။
ဝမ်ရင်းယန်က ပြောတော့မည့်အချိန်တွင် ရုတ်တရက် ကားဟွန်းတီးသံကို ကြားလိုက်ရပြီးနောက် ကျွန်တော် ကျွန်တော့်တစ်ဘဝလုံး၌ ကြောက်စရာ အကောင်းဆုံးမြင်ကွင်းကို မြင်လိုက်ရသည်။
ကုန်တင်ကားတစ်စီးက ဝမ်ရင်းယန်ဆီသို့ ဝင်လာပြီးနောက် သူ့ကို တက်ကြိတ်သွားတော့သည်။ ဝမ်ရင်းယန်၏ခန္ဓာကိုယ်က ချက်ချင်းပဲ အသားပြားကဲ့သို့ ဖြစ်သွားပြီး ကားဘီးလုံးများက အနီရောင်ဖြစ်သွားတော့သည်။
ကျွန်တော် အချိန်အတော်ကြာ ကြက်သေသေနေခဲ့ပြီး ကျွန်တော့်ရှေ့ရှိ မြင်ကွင်းကိုကြည့်နေရင်း ကျွန်တော် မတုံ့ပြန်နိုင်ခဲ့ပေ။

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset