အခန်း ၃၄

အခန်း၃၄ သစ္စာဖောက်ခြင်း
ဟန်ကျိယု၏သေဆုံးခြင်းဖြင့် အတန်းက ယခင်ကအတိုင်း ပြန်၍ဖြစ်လာခဲ့သည်။ အတန်းထဲရှိ လူတော်တော်များများ သေဆုံးသွားသော်ငြား နောက်ဆုံးတွင် အကုန်လုံးပြီးဆုံးသွားပြီဖြစ်သည်။ ကျွန်တော်တို့ တစ်ယောက်ယောက် သေဆုံးမှာကို ဆက်၍စိတ်ပူနေရန် မလိုတော့ပေ။
နောက်လာမည့်ရက်များတွင် အကုန်လုံးက ယခင်ကအတိုင်း ပျော်ရွှင်မှုများကို ဆက်၍ရှာနိုင်တော့မှာဖြစ်သည်။ ပြီးနောက် အတန်းထဲရှိ အရာများက ကောင်းမွန်သည့်အရာအဖြစ် ပြောင်းလဲသွားခဲ့သော်ငြား ကျွန်တော့်အတွက်မူ ဆိုးရွားသည့်အရာများသာ ဖြစ်လာခဲ့သည်။
ထိုနေ့မှစပြီး ကျွန်တော် မော့ကျင်းယွီ၏ တရားဝင်ချစ်သူဖြစ်သွားသည်။ သို့သော် ကျွန်တော်တို့၏ ဆက်ဆံရေးက အရမ်းမချောမွေ့ပေ။ အကြောင်းအရင်းများက မော့ကျင်းယွီမိဘများ၏ စည်းကမ်းတင်းကျပ်မှုအပေါ်သာ ရောက်သွားကြသည်။ သူတို့က မော့ကျင်းယွီ ငယ်ငယ်ရွယ်ရွယ်ဖြင့် ကောင်လေးထားတာ မကြိုက်သောကြောင့် သူမ၏ မိဘများက သူမကို စည်းကမ်းတင်းကျပ်ထားကြသည်ဟု သူမ ကျွန်တော့်အားပြောခဲ့သည်။
သို့သော် ဒါက ဆင်ခြေတစ်ခုဟုသာ ကျွန်တော်ထင်သည်။
ထိုအချိန်တွင် ကျွန်တော် ဆေးရုံသို့သွားနေတာဖြစ်သည်။ ထိုနေ့က ဟန်ကျိယု တိုက်ခိုက်တာ ခံရပြီးနောက် မော့ကျင်းယွီ၏ ကျန်းမာရေးက အလွန်ဆိုးရွားလာကာ သူမ ဆေးရုံတက်ရသည်။ ထို့ကြောသ့် ကျွန်တော် သူမဆီသို့ မကြာခဏ သွားသည်။
ကျွန်တော်သွားသည့်အချိန်တိုင်းတွင် ကျွန်တော် မော့ကျင်းယွီ၏မိဘများနှင့် တွေ့ကာ သူတို့ထဲက မည်သူကမှ ကျွန်တော့်အား မကြည်ကြပေ။ ဒါက ကျွန်တော့်အား အလွန်စိတ်ဓာတ်ကျစေသည်။
“ကျန်းဖန် မင်း မော့ကျင်းယွီဆီထပ်သွားဦးမလို့လား။”
ကျောက်ဖန်းယွီက ပြောသည်။
“ဟုတ်တယ်။ ဘာဖြစ်လို့လဲ။”
ကျွန်တော် သူ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ မော့ကျင်းယွီက မင်းနဲ့ မကိုက်ဘူးလို့ ငါထင်တယ်။ သူမက လှပေမဲ့ သူမက ငါတို့နဲ့ အဆင့်အတန်းမတူဘူးလေ။”
ကျောက်ဖန်းယွီကပြောသည်။
“ရတယ်။ ငါကြိုးစားမယ်။”
ကျွန်တော် ပြောလိုက်သည်။
“ထားလိုက်တော့။ မင်းကြိုက်တာသာလုပ်တော့။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
သူပြောလိုက်သည့်အချိန်တွင် ကျွန်တော် စိတ်ထဲထင့်သွားသော်ငြား ဆေးရုံသို့ သွားလိုက်သေးသည်။ ကျွန်တော် ဆေးရုံရှိ သူမ၏ အခန်းထဲသို့ ရောက်သည့်အချိန်တွင် ကျွန်တော် မြင်လိုက်သည့် မြင်ကွင်းက ကျွန်တော့်အား ထောင်းကနဲ ဒေါသထွက်စေသည်။
ခန့်ညားသည့်ကောင်လေးတစ်ယောက်က မော့ကျင်းယွီကို ခွံ့ကျွေးနေပြီး မော့ကျင်းယွီက စားနေစဉ် သူ့ကို ကြည့်နေသည်။ သူတို့နှစ်ယောက်က ရင်းနှီးသည့် ပုံရှိပြီး ချစ်သူများကဲ့သို့ပင်။
သူတို့ဘေးတွင် မော့ကျင်းယွီ၏မိဘများရှိပြီး သူတို့ မျက်နှာထက်တွင် အပြုံးကိုယ်စီရှိနေကာ ကျေနပ်နေကြသည့်ပုံပင်။
ဒါကိုမြင်သည့်အချိန်တွင် ကျွန်တော့်ရင်ထဲတွင် အလွန်ဝမ်းနည်းသွားပြီး အချိန်အတော်ကြာ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားသည်။
ဒါပေမဲ့ ကျွန်တော် ထိုအကြောင်းကို စဉ်းစားပြီးနောက် အခန်းထဲသို့ ဝင်သွားသည့်အချိန်တွင် သူတို့က ကျွန်တော့်အားကြည့်နေကြသည်။
“နင် ရောက်လာပြီပဲ။”
မော့ကျင်းယွီက ကျွန်တော့်အား အံ့အားသင့်စွာဖြင့် ကြည့်ပြီးနောက် သူမဘေးရှိ ကောင်လေးကို လက်ညှိုးထိုးလိုက်ပြီး
“ငါ နင့်ကို မိတ်ဆက်ပေးရဦးမယ်။ ဒါကငါ့ သူငယ်ချင်း ကျောက်ဝူကျီ။ သူ ယူကေကနေ အခုမှပြန်လာတာ။”
“ဟုတ်လား။”
ကျွန်တော် ခေါင်းညိတ်လိုက်ပြီးနောက် ထိုကောင်လေးလက်ထဲမှ ပန်းကန်ကို ယူလိုက်ပြီးနောက် ပြောလိုက်သည်။
“ငါခွံ့လိုက်မယ်။”
ထိုကောင်လေးက ကျွန်တော့်အား မကျေနပ်သည့်အကြည့်ဖြင့်ကြည့်လိုက်ပြီး ဘာမှမပြောပေ။ သို့သော် ဒီအချိန်တွင် ကျောက်ဝူကျီ၏အမေက ပြောလိုက်သည်။
“အိုး ငါ နင့်ကိုပြောဖို့မေ့နေတာ။ ကျောက်ဝူက ငါတို့ ကျင်းယွီရဲ့ သတို့သားလောင်းလေ။”
“ဘာ။”
ကျွန်တော် ခဏတာ ကြက်သေသေသွားပြီး ကျွန်တော့်လက်ထဲမှ ပန်းကန်က ကြမ်းပြင်ပေါ်သို့ ကျသွားကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။
ကျွန်တော် စိုးရိမ်သွားသည်ကို မြင်သောအခါ မော့ကျင်းယွီက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“အမေ။ ဘာလို့ ဒီလိုပြောနေတာလဲ။ ဒါတွေအကုန်လုံးက သမီးငယ်ငယ်တုန်းက အမေတို့ဘာသာ ပြောခဲ့တဲ့ဟာတွေကို။”
“ဒါပေမဲ့ အမေကတော့ ကျောက်ဝူကျီ အင်္ဂလန်ကို သွားတုန်းက မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေတာကို မှတ်မိနေသေးတယ်။”
မော့ကျင်းယွီ၏အမေက ပြုံးလိုက်သည်။
မော့ကျင်းယွီ၏ မျက်နှာကနီရဲသွားပြီးနောက် သူမက ပြောလိုက်သည်။
“အဲဒါတွေအကုန်လုံးက အတိတ်တုန်းကဟာတွေပဲကို။ အခု သမီးရဲ့ကောင်လေးက ကျန်းဖန်ပဲ။”
ပြောပြီးနောက် သူမက ကျွန်တော့်လက်မောင်းကို တင်းကျပ်စွာဖက်လိုက်သည်။
ကျွန်တော်လည်း မော့ကျင်းယွီကို အမြန်ဖက်လိုက်သည်။ ဒီမမျှော်လင့်ထားသည့်အရာက အလွန်အန္တရာယ်များသည်။ အကယ်၍ ကျွန်တော် ကောင်းကောင်းမကိုင်တွယ်လျှင် ကျွန်တော်နှင့် မော့ကျင်းယွီကြားမှ ဆက်ဆံရေးက ပြီးဆုံးသွားမှာဖြစ်သည်။
ကျွန်တော်တို့ကို မြင်သည့်အချိန်တွင် ကျောက်ဝူကျီက ပြုံးပြီးပြောလိုက်သည်။
“ဟုတ်ပါပြီ။ မင်းကို မစတော့ပါဘူး။ ကိုယ် မင်းကို ဒီတိုင်းပဲ လာတွေ့တာပါ။ ပြီးတော့ ကိုယ်မင်းကို အမြဲတမ်း ကိုယ့်ရဲ့ ညီမလေးတစ်ယောက်လိုပဲ သဘောထားတာပါ။”
“တော်သေးတာပေါ့။ နင် ငါ့ကို လန့်သွားစေတာပဲ။”
မော့ကျင်းယွီက အပြုံးလေးဖြင့် ပြောလိုက်သည်။
“အဲဒါက ကိုယ့်ကို ဝမ်းနည်းစေတယ်။”
ကျောက်ဝူကျီက ကျွန်တော့်အားကြည့်လိုက်ပြီးနောက်ပြောလိုက်သည်။
“ကိုယ့်နားမှာ အမြဲရှိနေတဲ့ ဆံပင်နီနဲ့ကလေးမလေးက အခု ကောင်လေးရှိသွားပြီဆိုတာကို မယုံနိုင်သေးဘူး။”
“ဟုတ်ပါပြီ။ တော်ပါတော့။”
မော့ကျင်းယွီက သူ့ကို ရိုက်လိုက်သည်။
ကျောက်ဝူကျီက ပြုံးလိုက်ပြီး ဘာမှမပြောပေ။
ကျွန်တော် ကျွန်တော့်ရှေ့ရှိ မြင်ကွင်းကို ကြည့်လိုက်ပြီး ကျွန်တော့် ရင်ထဲတွင် သိပ်ပြီး စိတ်မပူခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကျွန်တော်တို့၏ ခံစားချကများအပေါ်တွင် ယုံကြည်ချက်ရှိသည်။ ပြီးတော့ ကျွန်တော်တို့ ထိုမှောင်မိုက်သည့် နေ့ရက်များကိုပင် အတူတကွ ဖြတ်ကျော်လာခဲ့သေးသည်။
ကျောက်ဝူကျီက ခန့်ညားသော်ငြား သူက အပြင်လူပဲဖြစ်သည်။ ဒါကိုတွေးပြီးနောက် ကျွန်တော် အလွန်စိတ်သက်သာရာရသွားသည်။
ဒုတိယနေ့တွင် ကျောက်ဝူကျီက ကျွန်တော်တို့ အတန်းထဲသို့ ပြောင်းလာသည်။ သူရောက်လာသည်က မိန်းကလေးများအား စိတ်လှုပ်သွားစေကာ ယောကျာ်းလေးများအား အူတိုစေသည်။ ကျွန်တော့်ဘေးရှိ မော့ကျင်းယွီအား ကြည့်ကာ ကျွန်တော့်ရင်ထဲတွင် တစ်ခုခုကို ခံစားနေရသည်။
သို့သော် မော့ကျင်းယွီက ထိုအရာကို သတိမထားမိဘဲ ပြောလိုက်သည်။
“အစ်ကိုဝူကျီ အစ်ကို ညီမလေးတို့ အတန်းထဲလာမယ်လို့ ညီမလေးထင်မထားဘူး။ ဒါတကယ်ကောင်းတာပဲ။”
“ရပါတယ်။ အစ်ကိုတို့က နောက်ကျရင်လည်း အတန်းဖော်တွေ ဖြစ်လာမှာပဲကို။”
ကျောက်ဝူကျီက ပြုံးလိုက်ပြီး သူ့နေရာတွင် ထိုင်လိုက်သည်။
ကျောက်ဝူကျီကိုကြည့်ရင်း ကျွန်တော် မော့ကျင်းယွီကို ကြည့်ကာပြောလိုက်သည်။
“တကယ်လို့ သူက စည်းကျော်လာရင် နင် သူ့ကို ငြင်းရမယ်နော်။”
“ဟုတ်ပါပြီ။ အရမ်းကြီး အူတိုမနေပါနဲ့။”
မော့ကျင်းယွီက ကျွန်တော့်အားကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။
“ဝူကျီက အရမ်းလူကြိုက်များတာ။ သူ့ကို ယူကေမှာ ကောင်မလေးဘယ်နှစ်ယောက်တောင် ကြိုက်ကြလဲမသိဘူး။ ငါ သူတို့နဲ့ မယှဉ်နိုင်ပါဘူး။ သူက ငါ့ကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတာ။”
“ဘာပဲဖြစ်ဖြစ် သူ့ကို လျစ်လျူရှုထားလို့ မရဘူး။”
ကျွန်တော် သက်ပြင်းချလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။ ကျွန်တော့် မျက်နှာထက်တွင် စိုးရိမ်မှုများစွာ ရှိနေသည်။
မော့ကျင်းယွီက ခေါင်းညိတ်လိုက်ပြီးနောက် ဘာမှဆက်မပြောပေ။ သို့သော် ကျွန်တော်က ပို၍မသက်မသာဖြစ်လာသည်။
ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် နားမလည်တာဖြစ်နိုင်သည်။
နောက်ထပ်ရက်အနည်းငယ်အတွင်း မော့ကျင်းယွီ ပြောသည့်အတိုင်းပင် ကျောက်ဝူကျီက အတန်းထဲတွင် အလွန်ကျော်ကြားလာသည်။ ယောကျာ်းလေးများနှင့် မိန်းကလေးများက သူ့ကို အလွန်ခင်လာကြသည်။ သူက ချမ်းသာသည့်သူဖြစ်ပြီး မကြာခဏ အတန်းသူအတန်းသားများအား ပါတီကျင်းပရန် ဖိတ်လေ့ရှိပြီး ယောကျာ်းလေးများကြားတွင် အလွန်ကျော်ကြားသည်။
ထိုမှသာ ကျွန်တော် ကျွန်တော် သက်ပြင်းချမိသည်။ သူက မော့ကျင်းယွီကို ညီမလေးတစ်ယောက်ကဲ့သို့ ဆက်ဆံတာ ကောင်းသည်။ ကျွန်တော် စိတ်ပူတာလွန်သွားသည်။
ကျောက်ဝူကျီက မော့ကျင်းယွီက သူ အစ်ကိုဆိုသော အမည်ဖြင့် ကစားရန် မကြာခဏ လာခေါ်လေ့ရှိပြီး မော့ကျင်းယွီနှင့် ရဲတင်းစွာ ကစားလေ့ရှိသည်။ ကျွန်တော် မော့ကျင်းယွီကို မကြာခဏ သတိပေးသော်ငြား သူမက ကျွန်တော့်ကိုရယ်သည်။ ကျွန်တော့်တွင် ဒီအတွက် ဖြေရှင်ချက်မရှိပေ။
ကျွန်တော် ထိုင်ခုံတွင် ထိုင်နေပြီး မော့ကျင်းယွီနှင့် ကျောက်ဝူကျီတို့ ကစားနေတာကို ကြည့်နေသည်။ သူတို့၏ မျက်နှာထက်တွင် အပြုံးများရှိနေသည်။ ဒါကိုကြည့်နေရင်း ကျွန်တော် အလွန်ဒေါသထွက်လာသည်။
ဒါကိုတွေးရင်း ကျွန်တော် မော့ကျင်းယွီဆီသို့သွားကာ သူမကို ဆွဲခေါ်လာသည်။
“နင်ဘာဖြစ်နေတာလဲ။”
မော့ကျင်းယွီက ကျွန်တော့်အားထူးဆန်းစွာဖြင့် ကြည့်လိုက်သည်။
“နင် ကျောက်ဝူကျီနဲ့ အရမ်းနီးနီးကပ်ကပ် မနေလို့ ရမလား။”
ကျွန်တော် ပြောလိုက်သည်။
“ငါက ဘာလုပ်နေလို့လဲ။ အဲဒါ ဒီတိုင်းရိုးရိုးစကားပြောတာပဲကို။”
မော့ကျင်းယွီက ပြန်ပြောသည်။
“ပြောရရင် ငါ အဲဒါနဲ့ ကျင့်သားမရသေးဘူး။”
ကျွန်တော် ပြောလိုက်သည်။
“အဒါ နင့်ကိစ္စလေ။”
မော့ကျင်းယွီက ကျွန်တော့်အား စိတ်ပျက်သည့်ပုံဖြင့် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“တကယ်လို့ နင်ဒီလို ထပ်လုပ်မယ်ဆိုရင် ငါတို့ လမ်းခွဲရုံပဲတတ်နိုင်တယ်။”
သူမ လမ်းခွဲမည်ဟုပြောသည်ကို ကြားသောအခါ ကျွန်တော် ချက်ချင်းပင် သူမကို တောင်းပန်လိုက်သည်။
“ငါတောင်းပန်ပါတယ်။”
“နင့် အတွေးတွေက လွန်လွန်းတယ်။ ပြီးတော့ ငါက နင့်ရဲ့ကစားစရာ မဟုတ်ဘူး။ ဘာလို့ နင် အမိန့်ပေးတာကို ငါနာခံရမှာလဲ။”
မော့ကျင်းယွီက ပြောသည်။
ကျွန်တော် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဘာပြောရမှန်းမသိဖြစ်သွားသည်။ ကျွန်တော့်ရင်ထဲတွင် ဝမ်းနည်းသွားသည်။ ကျွန်တော်နှင့် မော့ကျင်းယွီကြားတွင် နားလည်မှုလွဲနေသည်ထင်သည်။
သို့သော် ကျွန်တော်ဘာမှမလုပ်နိုင်ခဲ့ပေ။
နောက်ရက်များတွင် မော့ကျင်းယွီက ကျောက်ဝူကျီနားတွင်သာ နေနေကာ ကျွန်တော့်အား လျစ်လျူရှုထားသည်။ ကျွန်တော် သူမကို အကြိမ်ပေါင်းများစွာ တောင်းပန်ခဲ့ရသည်။
ကျွန်တော်တို့ချစ်သူဖြစ်သည့် တစ်လပြည့်က နီးလာပြီဖြစ်သောကြောင့် ကျွန်တော် သူမနှင့် ပိုရင်းနှီးစေရန် ညနေတွင် သူမနှင့်ကစားရန် ဆုံးဖြတ်လိုက်သည်။
ဒီနေ့တွင် မော့ကျင်းယွီက ကိစ္စတစ်ခုခုရှိ၍ အိမ်သို့ စောစောပြန်မည်ဟုပြောခဲ့ရာ ကျွန်တော် တစ်ယောက်တည်း စိတ်ဓာတ်ကျစွာဖြင့် အခန်းထဲတွင် စာလုပ်ရန်ကျန်ခဲ့သည်။
အိပ်မက်ဆိုးကြီး အဆုံးသတ်သွားသည့်အချိန်မှစ၍ ကျွန်တော်တို့ နောက်ကျကျန်ခဲ့သည့် သင်ခန်းစာများက ကျွန်တော်တို့နောက်သို့ လိုက်လာရန် ကျွန်တော်တို့ စာကို ကြိုးစားလုပ်ရတော့သည်။ ပြီးနောက် ကျွန်တော့်အဆင့်များကလည်း ဆိုးရွားနေရာ ကျွန်တော် စာပိုလုပ်မှရတော့မှာဖြစ်သည်။
ကျွန်တော် လက်ထဲရှိစာအုပ်ကို ကြည့်ပြီးနောက် ကောင်လေးတချို့ တိုးတိုးပြောနေသည်ကို ကြားလိုက်ရသည်။
“ကျန်းဖန်က တကယ်သနားစရာကောင်းတာပဲ။ သူက မော့ကျင်းယွီနဲ့ ကျောက်ဝူကျီနဲ့ ချိန်းတွေ့နေတာကို မသိရှာဘူး။”
“ဟုတ်တယ်။ သူက တကယ်သနားစရာကောင်းတယ်။”
“အဲ့လိုကြီးတော့ မပြောပါနဲ့ကွာ။ သူက ဟန်ကျိယုကို သတ်ခဲ့ပြီးတော့ တစ်ခန်းလုံးကို ကယ်ခဲ့တာပဲကို။”
“အဲ့အကြောင်းကို ထပ်ပြောစရာလိုသေးလို့လား။ ဖားက ငန်းသားစားချင်နေတာ အသိသာကြီးကို။”
သူတို့၏စကားများကိုကြားသောအခါ ကျွန်တော် အပြင်သို့ ပြေးထွက်လာခဲ့သည်။ ကျွန်တော် ဆက်၍သည်းမခံနိုင်တော့ပေ။ ကျွန်တော် မော့ကျင်းယွီကိုရှာပြီး ဘာဖြစ်နေလဲဆိုသည်ကို မေးရမည်။
သို့သော် မော့ကျင်းယွီကိုရှာဖို့က မလွယ်ပေ။ ကျွန်တော် စိတ်ဓာတ်ကျနေသည့်အချိန်တွင် ထိုင်ရီကို ရုတ်တရက် ကျွန်တော် သတိရမိသွားသည်။ ထိပ်တန်းဟက်ကာတစ်ယောက် အနေဖြင့် သူက မော့ကျင်းယွွီ၏ နေရာကို သိလောက်သည်။
မကြာမှီတွင် ထိုင်ရီက ကျွန်တော့်အား စာပြန်ပို့ခဲ့ပြီး မော့ကျင်းယွီက ပန်းခြံထဲတွင် ရှိနေတာဖြစ်သည်။
ဒီတော့ ကျွန်တော် အမြန်ပင် ပန်းခြံသို့ သွားလိုက်သည်။ ကျွန်တော် ပန်းခြံသို့ ရောက်သည်နှင့် မော့ကျင်းယွီကို ထိုကျယ်ပြန့်သည့်နေရာတွင် ရှာတော့သည်။ သို့သော် သူမကို ကျွန်တော် ရှာမတွေ့ပေ။
ကျွန်တော် စိတ်ဓာတ်ကျနေသည့်အချိန်တွင် မော့ကျင်းယွီနှင့် ကျောက်ဝူကျီတို့ လက်ချင်းတွဲကာ စုံတွဲများကဲ့သို့ ပန်းခြံထဲတွင် လက်လျှောက်နေသည်ကို ကျွန်တော် မြင်လိုက်ရသည်။
“မင်းတို့တွေ။”
ကျွန်တော် သူတို့ဆီ ပြေးသွားပြီးနောက် မော့ကျင်းယွီကိုကြည့်လိုက်သည်။
မော့ကျင်းယွီက သူ့လက်မောင်းကို ဆွဲလိုက်ပြီးနောက် ကျွန်တော့်အားကြည့်လိုက်ကာသူမက ရုတ်တရက်ပြောလိုက်သည်။
“ကျန်းဖန် နင် ငါ့နောက်ကို လိုက်လာလိမ့်မယ်လို့ ငါထင်မထားဘူး။”
“ငါ နင့်နောက် မလိုက်ပါဘူး။”
ကျွန်တော် အမြန်ရှင်းပြလိုက်သည်။
မော့ကျင်းယွီထပ်ပြောသည့်စကားက ကျွန်တော့်နှလုံးသားကို ကျေမွသွားစေခဲ့သည်။
“ကောင်းပြီလေ။ ရှင်းပြမနေနဲ့တော့ နင် ငါ့ကို ဒီလောက်တောင် မယုံမှတော့ ချက်ချင်းလမ်းခွဲကြရအောင်။”
မော့ကျင်းယွီကပြောသည်။
ကျွန်တော် ကြက်သေသေသွားပြီးနောက် မော့ကျင်းယွီကိုကြည့်ကာ ဘာပြောမရမှန်းမသိဖြစ်သွားသည်။
သူမက ဤကဲ့သို့ ရက်စက်သည့်စကားများပြောမည်ဟု ကျွန်တော်ထင်မထားပေ။
ဒီအချိန်တွင် ကျောက်ဝူကျီက ကျွန်တော့်နားလာကာ တိုးတိုးပြောသည်။
“မင်းမြင်လား။ ဒါက မင်းနဲ့ငါ့ကြားက ကွာခြားချက်ပဲ။ မင်း တန်ဖိုးထားတဲ့အရာတွေကို ငါလွယ်လွယ်နဲ့ ယူနိုင်တယ်။”
ကျွန်တော် အံကြိတ်လိုက်ပြီးနောက် ကျောက်ဝူကျီအားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“အယုတ်တမာကောင်။”
“ငါက အယုတ်တမာကောင်ဟုတ်လား။ ဒါပေမဲ့ ငါ့မှာ ပိုက်ဆံရှိပြီး ငါက ရုပ်ချောသေးတယ်။ မင်းကတော့ အရမ်းရုပ်ဆိုးပြီးတော့ ခွေးတစ်ကောင်လို ဆင်းရဲတယ်။”
ကျောက်ဝူကျီက လှောင်လိုက်သည်။
ကျွန်တော် အော်လိုက်ကာ သူ့ဆီသို့ပြေးသွားက သူ့ကို ထိုးတော့သည်။

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset