အခန်း ၃၃ အိပ်မက်ဆိုးကြီး ပြီးသွားပြီ
အတန်းထဲတွင် တိတ်ဆိတ်နေပြီး အကုန်လုံးက အသက်ရှူတောင် အောင့်ထားကြသည့်ပုံပင်၊ သူတို့က ဟန်ကျိယု အချိန်မရွေးပေါ်လာနိုင်သောကြောင့် စောင့်နေကြသည်။
ထိုအချိန်တွင် ဟန်ကျိယု၏အဘွားက ဘေးကို ပတ်ကြည့်လိုက်ပြီးနောက် အော်ပြောနေသည်။
“ဝေအာ သမီး ဒီမှာရှိလား။”
သူမ၏စကားများဆုံးသွားသည်နှင့် ကျွန်တော်တို့၏ ပတ်ဝန်းကျင်က သိသိသာသာ အေးစက်သွားသည်ကို ကျွန်တော်တို့ ခံစားမိသည်။ တစ်တန်းလုံးက မှောင်သွားပြီးနောက် အကုန်လုံးက ပုံရိပ်တစ်ခု အတန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာသည်ကို မြင်လိုက်သည်။
“အဲဒါ ဟန်ကျိယုပဲ။”
လီယုထျန်းက ထိုပုံရိပ်ကို ကြည့်လိုက်ပြီးနောက် အော်ပြောလိုက်သည်။
ဟန်ကျိယုက ကျွန်တော်တို့ရှေ့တွင် ဘုရင်တစ်ပါးကဲ့သို့ ပေါ်ထွက်လာသည်။ အကုန်လုံး၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုက ပေါ်ထွက်လာသည်။ ကျွန်တော်တို့ရင်ဆိုင်ရမည်က တံခါးစောင့်တစ်ယောက်ဖြစ်သည်။
နှစ်ပတ်သာရှိသေးသော်ငြား တံခါးစောင့် ဘုရင်တစ်ပါးကဲ့သို့ ကျွန်တော်တို့အား အချင်းချင်း ရက်စက်စွာ သတ်ဖြတ်ရန် အမိန့်ပေးခဲ့ပြီး လူတော်တော်များများက ထို့ကြောင့် သေခဲ့ရခြင်းဖြစ်သည်။ လူခုနစ်ယောက် သေဆုံးခဲ့ရပြီးဖြစ်ကာ ဒါက မည်မျှဆိုးရွားကြောင်းကို ဖော်ပြနေပြီးဖြစ်သည်။
ဟန်ကျိယု ဝင်လာသည့်အချိန်တွင် ဟန်ကျိယု၏အမေနှင့် သူမ၏ အဘွားက သူမကို မြင်လိုက်ရသည်။
ဟန်ကျိယု၏အမေက ဟန်ကျိယုကို ကြည့်ပြီးနောက် မေးလိုက်သည်။
“အဲဒါ သမီးလား။”
ဟန်ကျိယုက မဖြေပေ။ သူမက ကျွန်တော်တို့အားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“နင် ဒီအတွက် ပေးဆပ်ရလိမ့်မယ်။”
“အဲဒီစကားက ငါ့စကားဖြစ်ရမှာ။”
လီယုထျန်းက အော်ပြောလိုက်သည်။ ပြီးနောက် တစ်တန်းလုံးက မီးများဖွင့်လိုက်သည့်အချိန်တွင် တစ်ခန်းလုံးက လင်းထိန်လာသည်။ သို့သော် အံ့အားသင့်စရာကောင်းသည်က သူမက အလင်းရော်အောက်တွင် မသက်မသာဖြစ်သည့်ပုံမပေါ်ပေ။ သူမက ဘာမှမဖြစ်သည့်ပုံဖြင့် ဂရုမစိုက်စွာဖြင့်သာ ကျွန်တော်တို့အား ပြန်ကြည့်လာသည်။
“ကြည့်ရတာ အလင်းရောင်က သူမအပေါ် ထိရောက်မှုမရှိဘူးထင်တယ်။ သူမ နေ့ခင်းဘက်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တာ မဆန်းပါဘူး။”
ကျွန်တော် ပြောလိုက်သည်။ ဟန်ကျိယုက သာမာန်သရဲမဟုတ်ပေ။
“ဟန်ကျိယု မင်းချစ်တဲ့သူတွေက ငါတို့လက်ထဲမှာ။ အခု မင်းမှာ ရွေးချယ်စရာတစ်ခုရှိတယ်။ အဲဒါ ငါတို့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ပဲ။”
လီယုထျန်းက ဓားမြှောင်ကို ဟန်ကျိယုအမေ၏ လည်ပင်းတွင် ထားလိုက်ပြီး သူမျက်နှာထက်တွင် လှောင်ပြောင်သည့်အပြုံးတစ်ခုရှိနေသည်။
သို့သော် လီယုထျန်း၏ ခြိမ်းခြောက်မှုက ဟန်ကျိယုကို မတုန်လှုပ်စေခဲ့ပေ။ သူမက ကျွန်တော်တို့အား ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
“ဘယ်လောက်တုံးအတဲ့ ဆုံးဖြတ်ချက်မျိုး နင်လုပ်မိလဲဆိုတာကို နင်နားမလည်ပါဘူး။”
“လျှောက်မပြောမနေနဲ့။ မင်းကို မသတ်မချင်း အကုန်လုံးက ပြီးမှာမဟုတ်သေးဘူးဆိုတာ ငါသိတယ်။”
လီယုထျန်းက သူမကို ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။ ပြီးနောက် သူက ကျူ့မူကတော့ကို လက်ထဲတွင် ဆုပ်ကိုင်လိုက်ပြီး ဟန်ကျိယုဆီသို့ ပြေးသွားပြီး ထိုးစိုက်လိုက်သည်။
လီယုထျန်းက ထိုးလိုက်သည့်အချိန်တွင် ဟန်ကျိယုက နောက်ဆုတ်လိုက်သည်။ သို့သော် သူမက မှော်ကတော့၏ စွမ်းအားကို မြင်ဖူးပြီးပြီဖြစ်ကာ သူမ တစ်ချက်တည်းဖြင့်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ဖူးသည်။ ယခုတိုင် ဟန်ကျိယု၏ခန္ဓာကိုယ်ထဲမှ အနက်ရောင်သွေးများယိုစိမ့်နေသည်ကို မြင်နေရသေးသည်။
ဒါကို မြင်သည့်အချိန်တွင် မော့ကျင်းယွီကို ကျွန်တော် ကြည့်လိုက်ပြီးနောက် သူမကို ဘာပဲဖြစ်ဖြစ် ကာကွယ်မည်ဟု ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။
ဟန်ကျိယုက အနောက်ဆုတ်လိုက်ပြီးနောက် အခန်းထဲမှ ထွက်သွားတော့မည့်ပုံပေါ်သည်။ ဒီအချိန်တွင် လီယုထျန်းက ရှေ့တိုးလိုက်ပြီးနောက် သူမကို ထိုးလိုက်တော့မည့်အချိန်တွင် ဟန်ကျိယုက ရုတ်တရက် ပြုံးလိုက်ပြီးနောက် သူမ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး လီယုထျန်း၏လက်မောင်းကို ဆွဲလိုက်သည်။
လီယုထျန်းက အံ့အားသင့်သွားပြီးနောက် သူ၏ ခွန်အားက ဟန်ကျိယုနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။ ဒီအချိန်တွင် ဟန်ကျိယုက လှောင်လိုက်ပြီး လီယုထျန်း၏ လက်မောင်းကို ဆွဲဖြဲလိုက်သည်။
လီယုထျန်း၏ လက်မောင်းက ပြုတ်ထွက်သွားပြီးနောက် သူက ရုတ်တရက် အော်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ မျက်ရည်များဖြင့် အော်ငိုနေတော့သည်။
ဟန်ကျိယုက သူ့ကို ကြည့်လိုက်ပြီးနောက် သူ့အပေါ် တက်နင်းလိုက်သည်။ သူမ တက်နင်းတာခံလိုက်ရသည့်အချိန်တွင် လီယုထျန်းက ထပ်မံအော်လိုက်ပြီးနောက် မလှုပ်ရှားတော့ပေ။ သူ့လက်ထဲရှိ မှော်ကတော့ ကြမ်းပြင်ပေါ်သို့ ကျသွားတော့သည်။
ဒါကို မြင်သည့်အချိန်တွင် ကျွန်တော်တို့ လန့်သွားခဲ့ပြီး ဒီလိုမျိုးဖြစ်လာလိမ့်မည်ဟု ကျွန်တော်တို့ ထင်မထားပေ။ ကျွန်တော်တို့၏ ပင်မအားဖြစ်သည့် လီယုထျန်းက ဟန်ကျိယု၏ လက်ထဲတွင် ဒီလိုသေသွားခဲ့ရသည်။
ဟန်ကျိယု လီယုထျန်းကို သတ်လိုက်ပြီးနောက် သူမက ကျွန်တော်တို့ဘက်သို့ လှည့်ကြည့်လိုက်သည်။
“အခု နင်တို့အလှည့်ပဲ။”
သူမ ပြောပြီးနောက် ကျန်တော်တို့ဆီသို့ ပြေးလာပြီးနောက် တစ်ခန်းလုံးက အော်ဟစ်နေကြပြီး စိုးရိမ်နေကြသည်။ ဟန်ကျိယု၏ တိုက်ခိုက်မှုကို ရှောင်ဖို့ကလည်း သူမ၏ ခွန်အားက အလွန်ကြီးမားလှသည်။
သူမ ယောကျာ်းလေးတစ်ယောက်ဆီသို့ သွားလိုက်သည့်အချိန်တွင် ထိုကောင်လေးက အော်ဟစ်ပြီး ရုန်းကန်နေခဲ့သည်။ သူ့ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု ရှိနေသည်။
ဟန်ကျိယုက သူ့ကို ရုန်းကန်ချိန်တောင် သိပ်မပေးပေ။ သူမက သူ၏ လည်ပင်းကို ကိုက်လိုက်သည်။ ပြီးနောက် သူ့လည်ပင်းကို ဆုတ်ဖြဲလိုက်သည့်အချိန်တွင် သူ၏ ခေါင်းနှင့် ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားကာ ထိုမြင်ကွင်းက တစ်တန်းလုံးကို အလွန်လန့်သွားစေသည်။
ဒီအချိန်တွင် စည်းစည်းလုံးလုံးဖြင့် ရှိခဲ့သော အတန်းက အော်ဟစ်ကာ တစ်ယောက်ပြီးတစ်ယောက် အတန်းထဲမှ ထွက်ပြေးသွားကြတော့ပြီး အတန်းထဲတွင် လူနည်းနည်းသာ ကျန်ခဲ့တော့သည်။ သူတို့က ဟန်ကျိယုကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားကြတာဖြစ်သည်။
ဒီအဖွဲ့ထဲတွင် ကျွန်တော်လည်းပါပြီး ကျွန်တော်လက်ထဲတွင် တစ်ခုခုဆုပ်ကိုင်ထားကြသည်။
ထိုအရာများက ခွေးနက်သွေးနှင့် တခြားအရာများဖြစ်သည်။ ထိုအရာများက ရှေးခေတ်ကတည်းက ယခုထိ လက်ဆင့်ကမ်းလာခဲ့သည့်အရာများဖြစ်ပြီး ကျွန်တော်တို့ အသင့်ဖြစ်နေပြီဖြစ်သည်။
ကျွန်တော် ခွေးနက်သွေးဖြည့်ထားသော ပုံးကို မလိုက်ပြီးနောက် ဟန်ကျိယုကို ပက်လိုက်သည်။
သို့သော် ကျွန်တော်တို့အား အံ့အားသင့်သွားစေသည်က ထိုအရာများက ဟန်ကျိယုအပေါ်တွင် သက်ရောက်မှုမရှိပေ။ သူမက လှည့်ကြည့်လိုက်ပြီးနောက် သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသည်။
“ဒါတွေက ငါ့အပေါ်မှာ အသုံးဝင်မယ်လို့ နင်ထင်နေတာလား။”
ကျွန်တော့်အားပြောပြီးသည်နှင့် သူမက ကျွန်တော့်အားရိုက်လိုက်ရာ ကျွန်တော့်ခန္ဓာကိုယ်က လွင့်ထွက်ပြီးနောက် နံရံနှင့် တိုက်မိကာ ကျွန်တော် အချိန်အတော်ကြာ မတ်တပ်မရပ်နိုင်ခဲ့ပေ။
“ဝေအာ သမီးလား။”
ဒီအချိန်တွင် ဟန်ကျိယု၏အဘွားက ဟန်ကျိယုကိုကြည့်ကာ မေးလိုက်သည်။
သူမ၏ အသံကိုကြားသည့်အချိန်တွင် ဟန်ကျိယုက ရုတ်တရက် လှည့်ကြည့်လိုက်ကာ သူမ၏ သတ်ဖြတ်နေသည့်ပုံစံက ချက်ချင်ပျောက်ကွယ်သွားကာ သူမက ရုတ်တရက် အလွန်ပျော့ပျောင်းသွားကာ
“ဟုတ်တယ်။ သမီး ပြန်လာပြီ။”
“ဝေအာ သမီးပြန်လာပြီပဲ။”
အဘွားအိုက တုန်ရင်စွာဖြင့်ပြောလိုက်သည်။
“သမီးဘယ်လိုလုပ် ဒီလိုဖြစ်လာတာလဲ။”
“ဒါက ကူညီလို့ရတဲ့အရာမဟုတ်ဘူး။”
ဟန်ကျိယုက သက်ပြင်းချလိုက်ပြီးနောက် သူမ အမေဘက်သို့ လှည့်ကာပြောလိုက်သည်။
“သူ့ကို ဒီကနေခေါ်သွား။ ဒီနေရာက သူ လာသင့်တဲ့နေရာမဟုတ်ဘူး။”
ဟန်ကျိယု၏အမေက ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ အမေကို ခေါ်သွားကာ အတန်းထဲမှ ထွက်သွားသည်။ ဒီအချိန်တွင် ဟန်ကျိယုက ကျွန်တော်တို့ဘက်လှည့်ပြီးနောက် အေးစက်စွာဖြင့် ပြောလိုက်သည်။
“နင်တို့ အကုန်သေရမယ်။”
“ခဏနေဦး။ ဟန်ကျိယု ငါ သိချင်တာရှိတယ်။ နင်ကတကယ်ပဲ တံခါးစောင့်လား။”
ကျွန်တော် အံကြိတ်လိုက်ပြီးနောက် မေးလိုက်သည်။
“နင် ငါ့ကို အဲဒါ မေးနေတုန်းလား။ ဒါပေါ့ ငါက တံခါးစောင့်ပဲ အမိန့်တွေအားလုံးက ငါ့ဆီကနေလာတာ။”
ဟန်ကျိယုက ကျွန်တော်တို့အားကြည့်ကာပြောလိုက်သည်။
“အဲဒါ တကယ်ပဲ နင်လား။ ဒါပေမဲ့ ဘာလို့လဲ။ ငါတို့နင့်ကို ရန်မစခဲ့ကြဘူးလေ။”
ကျွန်တော်မေးလိုက်သည်။
“ဒီတော့ ဘာဖြစ်လဲ။ နင်တို့တွေ အခန်းထဲမှာ နမ်းနေ၊ ချစ်နေကြတာတွေက ငါ့ကို အရမ်းဝမ်းနည်းစေတယ်။”
ဟန်ကျိယုက ကျွန်တော်တို့အား ကြည့်လိုက်ကာ အေးစက်စွာပြောလိုက်သည်။
“နင်တို့ကျ ပျော်နေကြပြီးတော့ ငါကကျ နာကျင်နေရတယ်။ ဒီတော့ ငါ နင်တို့ စိတ်ဓာတ်ကျနေကြပြီးတော့ အချင်းချင်းသတ်နေကြတာကို မြင်ချင်တယ်။”
“အဲဒီအကြောင်းတစ်ခုတည်းကြောင့်ပဲပေါ့ဟုတ်လား။”
ကျွန်တော်မေးလိုက်သည်။
“ဟုတ်တယ်။”
ဟန်ကျိယုက ပြောပြီးသည်နှင့် သူမက ယောကျာ်းလေးတစ်ယောက်ဆီသို့ သွားပြီးနောက် သူ့လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီးနောက် သူ့ကို မလိုက်သည်။ ပြီးနောက် ဟန်ကျိယုက သူ့လည်ပင်းကို လိမ်ချိုးလိုက်သည်။
ထိုအချိန်မှစပြီး ဟန်ကျိယုက အထိုးမခံတော့ဘဲ သူမဆီသို့ ပြေးဝင်သွားသည့်သူတိုင်းက သေကုန်ကြသည်။ ကျွန်တော် အခြေအနေကို ရုတ်တရက် နားလည်သွားသည်။ ကျွန်တော် နည်းလမ်းရှာမှဖြစ်မည်။ မဟုတ်လျှင် ဟန်ကျိယုက ကျွန်တော်တို့အားလုံးကို သတ်မှာဖြစ်သည်။
သို့သော် ကျွန်တော်တို့ သရဲကို မည်သို့ ချရမည်နည်း။ သူမ ရိုက်နှက်လျှင်လည်း ကျွန်တော့်ကို ကုန်ကားဖြင့် တိုက်မိသကဲ့သို့ပင် ထုံသွားသည်။
သို့သော် ကျွန်တော် ကြမ်းပြင်ပေါ်ရှိ ကျူ့မူကတော့ကို တွေ့လိုက်ကာ ရုတ်တရက် ဟန်ကျိယုကို စကားပြောရင်း မှော်ကတော့ဆီသို့ တဖြည်းဖြည်းချင်းသွားလိုက်ပြီးနောက် မကြာမှီတွင် ကျွန်တော် မှော်ကတော့နားသို့ ရောက်လာခဲ့သည်။
သို့သော် ဒီအချိန်တွင် ဟန်ကျိယုက မော့ကျင်းယွီကို ဖမ်းလိုက်ကာ ကျွန်တော့်ကို မျက်စောင်းထိုးလိုက်ပြီးနောက် အေးစက်စွာပြောလိုက်သည်။
“နင်က သစ္စာဖောက်ဖို့ရွေးချယ်မှတော့ နင် ပြန်ပေးဆပ်ရမယ်။”
“မလုပ်နဲ့။”
ကျွန်တော် အော်ပြောလိုက်သော်ငြား နောက်ကျသွားခဲ့ပြီဖြစ်သည်။ မော့ကျင်းယွီ၏လည်ပင်းကို ဟန်ကျိယုက ညစ်ထားခဲ့ပြီး သူမ အသက်ရှှူကျပ်နေခဲ့သည်။ သူမ၏မျက်နှာက ဖြူဖျော့လာကာ သူမ သေတော့မည့်ပုံပင်။
ဒီအချိန်တွင် ကျွန်တော် မတ်တပ်ရပ်လိုက်ကာ ကျူ့မူကတော့ကို ဆုပ်ကိုင်လိုက်ပြီးနောက် ဟန်ကျိယုဆီသို့ ပြေးသွားလိုက်သည်။
ဟန်ကျိယုက ကျွန်တော့်လက်မောင်းကို ဆွဲလိုက်တော့မည့်အချိန်တွင် ကျွန်တော် ကျူ့မူကတော့နှင့် သူမအား အားကုန်သုံးကာ ထိုးစိုက်ချလိုက်တော့သည်။
ကျူ့မူကတော့က ဟန်ကျိယုကို တိုက်ရိုက်ထိုးဖောက်သွားပြီးနောက် သူမက အော်လိုက်ကာ မော့ကျင်းယွီကို အောက်ချလိုက်ပြီးနောက် နောက်သို့ ဆုတ်သွားတော့သည်။
မော့ကျင်းယွီက ဆက်တိုက်ချောင်းဆိုးပြီးနောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
ထိုအချိန်တွင် ကျွန်တော် ကျူ့မူကတော့ကို ကိုင်လိုက်ပြီးနောက် ဟန်ကျိယုဆီသို့ သွားလိုက်သည်။
ကျွန်တော်သူမကို အေးစက်စွာကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“နင့်ကို သတ်လိုက်တာနဲ့ အကုန်လုံးက ပြီးသွားမှာ။”
“နင် အဲဒါကို နောက်တရလိမ့်မယ်။”
ဟန်ကျိယုက ကြမ်းပြင်ပေါ်သို့ ကျသွားပြီးနောက် အော်ပြောလိုက်သည်။
သို့သော် ဒီအချိန်တွင် ကျွန်တော် သူမကို အချိန်မပေးတော့ဘဲ ချက်ချင်းပင် ကျူ့မူကတော့ကို ယူကာ သူမ၏ ခေါင်းကို ထိုးစိုက်ချလိုက်တော့သည်။ ဒီတစ်ကြိမ်တွင် ဟန်ကျိယု၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်လှုပ်ခါပြီးနောက် လှုပ်တာရပ်သွားတော့သည်။
ကျွန်တော် ကျူ့မူကတော့ကို ယူလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ ဟန်ကျိယု၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ခဏကြာသောအခါ ကျွန်တော် နောက်သို့လှည့်ကာ မော့ကျင်းယွီကို ဖက်လိုက်သည်။
မော့ကျင်းယွီက ကျွန်တော် ဖက်တာခံပြီးနောက် သူမက ကျွန်တော့်အားကြည့်ကာ မေးလိုက်သည်။
“ဟန်ကျိယု သေသွားပြီလား။”
“ဟုတ်တယ်။”
ကျွန်တော် ပြောလိုက်သည်။
“ဒီတော့ အကုန်လုံးပြီးသွားပြီပေါ့။”
မော့ကျင်းယွီကပြောသည်။
“ဟုတ်တယ်။ အကုန်လုံးပြီးသွားပြီ။ ငါတို့ လုံခြုံပြီ။”
ကျွန်တော် သူမကို ကြည့်လိုက်ပြီးနောက် ကျွန်တော့်ဘေးရှိ တဖြည်းဖြည်းပျောက်ကွယ်နေသော ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီးနောက် ကျွန်တော် အနည်းငယ်ပြုံးလိုက်သည်။
အတန်းထဲက အိပ်မက်ဆိုးက နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီးတော့ ကျွန်တော်တို့ ဒီအိပ်မက်ဆိုးမှ လွတ်မြောက်လာပြီဖြစ်သည်။