FY အခန်း ၅၇

အခန်း ၅၇

အခြားသူများကို အသုံးချခြင်း အပိုင်း(၁)

ဘင်းမြို့တော်တွင် စုန့်လောင်စီအပြင် အခြားသော အဖွဲ့နှစ်ဖွဲ့ ရှိသေး၏။ ထိုအဖွဲ့နှစ်ဖွဲ့ကား ခြေကျိုးဝမ့်နှင့် အစ်ကို ကေ ဖြစ်၏။ စုန့်လောင်စီ၏ အဓိကလုပ်ငန်းက ဖြိုဖျက်ခြင်း စီးပွားရေး ဖြစ်၏။ ခြေကျိုးဝမ့် အဖွဲ့များက နိုက်ကလပ်၊ ဘားများ၊ အနှိပ်ခန်းများကိုသာ အရုံစိုက်သည်။ အစ်ကိုကေ၏ စီးပွားရေးက အဓိကအားဖြင့် လောင်းကစားရုံများ ဖြစ်၏။

ထိုဂိုဏ်းသုံးဂိုဏ်းတွင် အဖွဲ့ဝင်များစွာ ရှိ၏။ ကောလဟာလများအရ သူတို့တွင် လူသတ်သမားများတောင် ရှိပြီး သူတို့သည် ဘင်းမြို့တော်ရှိ အမဲလိုက် ရိုင်ဖယ်သေနပ်များနှင့် ပစ်စတို သေနပ်များ၏ ကိုးဆယ်ရာခိုင်နှုန်းတောင် သူတို့ ပိုင်ဆိုင်ကြတာ ဖြစ်သည်။ ရွဲ့တဲ့တဲ့ဖြင့် ပြောပါက သူတို့ကြောင့်သာ ဉပဒေနှင့် အမိန့်များသည် အရင်ကထက် ပိုကောင်းလာတာ ဖြစ်၏။

ပုံမှန်အားဖြင့် ဂိုဏ်းသုံးဂိုဏ်းက အချင်းချင်း သင့်မြတ်အောင် နေကြ၏။ သို့သော် ယမန်နှစ်စကတည်းက စုန့်လောင်စီသည် နိုက်ကလပ်နှင့် ဘားများကို မကြာခဏ စသွားတော့၏။ ထိုလက္ခဏာသည် စုန့်လောင်စီသည် ခြေကျိုးဝမ့် ပိုင်သည့် နယ်ကိုဝင်ရောက်လာခြင်းပင် ဖြစ်၏။

ခြေကျိုးဝမ့်သည် ခြေကျိုးနေသော်ငြား သူ့အောက်တွင် ကြမ်းကြမ်းတမ်းတမ်းသူ အမြောက်အမြားရှိပြီး သူလည်း စုန့်လောင်စီကို မကြောက်ပေ။

စုန့်လောင်စီသည် ဘင်းမြို့တော်တွင် သူဌေးကြီး ဖြစ်လိုလျှင် ခြေကျိုးဝမ့်နှင့် အစ်ကိုကေကို ရှင်းပစ်ရန် လိုအပ်သည်။ ယခုအချိန်တွင် အစ်ကိုကေသည် ဘက်မလိုက်သာ နေနေ၏။ သူသည် စုန့်လောင်စီထံ အရှုံးပေးခြင်းကို တစ်ခါမျှ မပြောခဲ့ပေ။ ပြီးနောက် သူက မည်သည့် ထိတွေ့မှုကိုမှလည်း မလိုချင်ပေ။

သို့သော် ခြေကျိုးဝမ့်သည် စုန့်လောင်စီနှင့် ပတ်သတ်၍ အဆင်ပြေမှု မရှိပေ။ သူသည် စုန့်လောင်စီကို စိန်ခေါ်ချင်၏။ သူတို့ နှစ်ယောက်ကြား အာဃာတသည် ရုပ်ရှင် လက်မှတ် အရောင်းသမကြောင့် စခဲ့ခြင်း ဖြစ်၏။

သူတို့ နှစ်ယောက်စလုံးက ထိုရုပ်ရှင်လက်မှတ် အရောင်းသမကို နှစ်သက်၏။ ခြေကျိုးဝမ့်သည် သူ့အကွက်ကို စရွေ့တော့မည့်အခါ စုန့်လောင်စီသည် ထိုအမျိုးသမီးကို ပြန်ပေးဆွဲရန်အတွက် သူ့လူများကို လွှတ်လိုက်၏။ စုန့်လောင်စီက သူမကို အဓမ္မပြုကျင့်ပြီးနောက် သူမကို ယွမ် ၁၀,၀၀၀ပေးပြီး နှင်လိုက်၏။

ခြေကျိုးဝမ့်က စောင်ကားသလို ခံစားလိုက်ရ၏။ အမျိုးသမီးသည် စုန့်လောင်စီကို သူမက ခြေကျိုးဝမ့်၏ ကောင်မလေး ဖြစ်သည်ဟု ပြောခဲ့သော်လည်း စုန့်လောင်စီက သူမကို အဓမ္မ ဆက်ကျင့်၏။ ထိုအရာက ခြေကျိုးဝမ့်၏ မျက်နှာကို ထိုးလိုက်ခြင်းပင် ဖြစ်သည်။

ခြေကျိုးဝမ့်ကလည်း အကြင်အနာမဲ့၏။ သူသည် စုန့်လောင်စီ၏ ညီကို သတ်ရန် လူများ လွတ်လိုက်၏။ စုန့်လောင်စီ၏ ညီသာလျှင် သူ၏ အသက်ရှင် ကျန်ရစ်သည့် မိသားစုဝင် ဖြစ်၏။ သူ၏ ကျန်သည့် မိသားစုဝင်များက ဟိုးအရင်ကတည်းက သူ၏ အခြားရန်သူများ သတ်တာခံခဲ့ရ၏။ အသေအချာပင် စုန့်လောင်စီသည် သူ့ ရန်သူများကို လက်စားချေနေခြင်း ဖြစ်၏။

ခြေကျိုးဝမ့်သည် သူ့ညီသေဆုံးမှုတွင် အမိန့်ပေးခဲ့သူ ဖြစ်ကြောင်း လက်ဆုတ်လက်ကိုင် ပြနိုင်သည့် သက်သေ မရှိပေ။ သူသည် ခြေကျိုးဝမ့်နှင့် ထိပ်တိုက် တွေ့ဆုံမှုမျိုး မလိုချင်ပေ။ အထူးသဖြင့် စုန့်ရှောင်ဖုန်းသည် သူ၏ တစ်ဦးတည်း ကျန်သည့် မိသားစုဝင် ဖြစ်သည့် အတွက်ပင်။ စုန့်လောင်စီသည် ခြေကျိုးဝမ့်၏ ပိုင်နက်ကို တဖြည်းဖြည်း ဝါးမျိုရန် ပြင်ထား၏။ သို့သော်လည်း အစ်ကို ကေသည် ဘက်မလိုက်ဘဲနေဆဲ ဖြစ်၏။

အနာဂတ်တွင် ခြေကျိုးဝမ့်က စုန့်လောင်စီ၏ နောက်ဆုံး ကျစ်ရစ်သည့် မိသားစုဝင် စုန့်ရှောင်ဖုန်းကို သတ်လိုက်သည် သူမှန်း ဖုန်းယွီလည်း မသိပေ။ အခြား ကောလဟာလက အစ်ကိုကေဖြစ်ပြီး သူက စုန့်ရှောင်ဖုန်းကို သတ်လိုက်ကာ ခြေကျိုးဝမ့်ဟု စွပ်စွဲလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ခြေကျိုးဝမ့်နှင့် စုန့်လောင်စီက ရန်သူများ ဖြစ်ကြသည်။ ဖုန်းယွီသည် ခြေကျိုးဝမ့်၏ ဂိုဏ်းကို ဝင်ရန် မလိုပေ။ ဖုန်းယွီက သူတိုနှစ်ဖက်ကြား မတော်တဆ ဖြစ်ပျက်များကို ဖန်တီးရန်သာ လိုပြီး ဂိုဏ်းနှစ်ခုကြား တိုက်ပွဲ ဖြစ်ပွားပေလိမ့်မည် ဖြစ်သည်။

ထိုသူဌေး သုံးယောက်ကြားတွင် ပါးစပ်ပြော စည်းမျဉ်းများ ရှိ၏။ အခြား ဂိုဏ်းငယ်များတွင် သေနပ်မရှိသော်လည်း သူတို့တွင် ရှိ၏။ သူတို့သည့် အခြားသူများကို တိုက်ခိုက် ရမ်းကားနိုင်သော်လည်း ဂိုဏ်းငယ်များက မလုပ်နိုင်ကြပေ။ သူတို့သည် အပြစ်ကင်းမဲ့သည့် သူများကိုလည်း ပစ်မှတ်ထားခြင်းက ကြုံတောင့်ကြုံခဲ ဖြစ်သည်။ ထိုသူများကို ပစ်မှတ်ထားဖြင့် အစား သူတိုက ထိုလူများကို ကာကွယ်ရန် ကမ်းလှမ်း၏။ အခြားနည်းဖြင့် ပြောရလျှင် ထိုနည်းလမ်းဖြင့် သူတို့က အပြစ်ကင်းမဲ့ သူများအပေါ် ငွေရှာကြသည်။ ထိုလူများက ပြဿနာများနှင့် ရင်ဆိုင်ရသည့် အခါ သူဌေးသုံးယောက်က ကူညီကြမှာ ဖြစ်၏။

ဉပမာအားဖြင့် စုန့်လောင်စီတွင် လုပ်ငန်းတစ်ခု ရှိ၏။ ခြေတစ်ချောင်းအတွက် ယွမ် ၁၀၀,၀၀၀ ဖြစ်၏။ တစ်ယောက်ယောက်က ပိုက်ဆံ ရှိပြီး အခြားသူများ နောက်ကွယ်တွင် ရှိမနေသည့် ကာလပတ်လုံး စုန့်လောင်စီသည် ထိုသို့သော လူကို မသန်မစွမ်း ဖြစ်အောင် လုပ်နိုင်၏။

ထိုလုပ်ငန်းကလည်း ခြေကျိုးဝမ့်ကို ဒေါသထွက်စေ၏။ ခြေကျိုးဝမ့်၏ အခြေအနေက မွေးရာပါ ခြေထောက် မသန်စွမ်းခြင်း ဖြစ်ပြီး သူ့ကို ခြေကျိုးဟု ခေါ်သူများကို မုန်း၏။ ခြေကျိုးဝမ့်က လူတိုင်းကို သူ့ကို ချိုင်းထောက်သခင်ဟု ပြောခိုင်း၏။ သို့သော် စုန့်လောင်စီနှင့် တွေ့သည့် အချိန်တိုင်း စုန့်လောင်စီသည် သူ့ကို တမင် ရည်ရွယ်ချက် ရှိရှိဖြင့် ခြေကျိုးဝမ့်ဟု ကျယ်ကျယ်အော်၏။

လီရှစ်ချင်နှင့် ကျန်သည့် သူများက ခြေကျိုးဝမ့်ဆီက အင်အားများကို အသုံးချသည့် ဖုန်းယွီ၏ အစီအစဉ်ကို နားလည်သွားသည့်အခါ သူတို့သည် ဖုန်းယွီကို လက်လျော့ရန် နားချ၏။ မည်သို့ပင် ဖြစ်စေ Land Roverကို စုန့်ရှောင်ဖုန်းအား ပေးပြီး ဖြစ်ကာ သူသည် ထိုက်ဟွ ကုန်သွယ်ရေးတွင် သူတို့ကို ဒုက္ခပေးမည် မဟုတ်ကြောင်း ကတိပေးထားသည်။

ဖုန်းယွီက ပြုံးကာ ခေါင်းခါလိုက်၏။ ထိုစုန့်ရှောင်ဖုန်းက သူတိုကို့ ပြဿနာ ပေးမည် မဟုတ်ပေ။ ထိုအစား ကုမ္ပဏီတစ်ဝက်နှင့် ပိုက်ဆံများကို ပိုင်ဆိုင်ချင်၏။

သူတို့သာ စုန့်ရှောင်ဖုန်းကို ကုမ္ပဏီ၏ ပိုက်ဆံ တစ်ဝက်ကို ပေးပါက ကုမ္ပဏီ ပိတ်သိမ်းရမည်ပင်။ လီရှစ်ချင်နှင့် ကျန်သည့် သူများက ထိုအကြောင်းကို ကြားသည့် အခါ ထိုအချက် လက်မခံနိုင်ကြပေ။ သူတို့အနာဂတ်များက ပိုကောင်းရုံသာ ရှိသေးသည်။ လွန်ခဲ့သည့် နှစ်ရက်က ဖုန်းယွီသည် ဆန်၊ ဂျုံနှင့် ဟင်းချက်စရာများကို ကုမ္ပဏီ၏ ဆုအဖြစ် လူတိုင်းကို ဝယ်ပေးခဲ့သည်။ ယခုတွင် တစ်ယောက်ယောက်က သူတို့ရမည့် အရာများကို ယူတော့မည်လား။

လီရှစ်ချင်တစ်ယောက်သာ ထိုကဲ့သို့ စဉ်းစားတာ မဟုတ်ပေ။ သူသည် ဖုန်းယွီကို အကြံပေးလိုက်၏။

“ရှောင်ယွီ။ မင်း ခြေကျိုးဝမ့်ကို အသုံးချပြီး စုန့်လောင်စီကို အဝေးကို ထွက်သွားအောင် လုပ်ရမယ်။ ဒါပေမဲ့ ခြေကျိုးဝမ့်က မင်းဘက်ကို ပြန်လှည့် ကိုက်ရင်ကော။”

ခြေကျိုးဝမ့်က သူ့ သဘောတူညီချက်အတိုင်းလာမှာလား။ လီရှစ်ချင်က ဤအချက်ကို နားမလည်တာ ဖြစ်၏။

ဖုန်းယွီသည် အားလုံးကို လာရန် မေးလိုက်၏။ ယနေ့တွင် သူတို့ နောက်ကျမှ အိပ်တာ ဖြစ်၏။ သူတို့သည် ကောင်းကောင်း စီစဉ်ထားပြီး ခြေကျိုးဝမ့်ကို သူတို့ ကုမ္ပဏီကို မနက်ဖြန်ကျ ဖိတ်ခေါ်မည် ဖြစ်၏။ စုန့်ရှောင်ဖုန်း၏ လူများသာ မနက်ဖြန် မလာပါက အဆင်ပြေသည်။ သို့သော် သူတို့ တကယ် ပေါ်လာခဲ့ပါက ပွဲစတော့မည်ပင် ဖြစ်၏။

————————————-

စုန့်ရှောင်ဖုန်းသည် မနက်ကိုးနာရီတွင် နိုးခဲ့၏။ သူသည် ထိုမိန်းကလေးနှင့် သုံးချီ ကျခဲ့သည်။ သူတို့သည် မနက်စောစောမှ အိပ်ပျော်ခဲ့ခြင်း ဖြစ်၏။

စုန့်ရှောင်ဖုန်းသည် မိန်းကလေး၏ တင်ပါးကို ရိုက်ကာ ပြောလိုက်၏။

“ထွက်သွားတော့။ ငါ ဒီနေ့ လုပ်စရာတွေ ရှိတယ်။ ငါ မင်းတို့ကို နောက်နေ့ကျ ပြန်လာရှာမယ်”
ထိုမိန်းကလေးက ထလိုက်ပြီး အဝတ်အစား မြန်မြန် ဝတ်လိုက်၏။ သူမသည် ဟိုတယ်တွင် ကိုယ်လက်တောင် မသန့်စင်ရဲပဲ ထွက်သွားတော့၏။ စုန့်ရှောင်ဖုန်းသည့် ကြမ်းတမ်းသူမှန်းသိပြီး စုန့်ရှောင်ဖုန်း မပျော်ရွှင်ပါက သူမ ဒုက္ခလှလှတွေ့မည်ပင်။

***

စုန့်ရှောင်ဖုန်းသည် ကိုယ်လက် သန့်စင်ပြီးနောက် မနက်စာစားရန် အောက်ထပ်ကို ဆင်းခဲ့သည်။ သူ့နောက်လိုက်များသည် တံခါးဝတွင် စောင့်နေ၏။

“မင်္ဂလာ မနက်ခင်းပါ ဆရာကြီးစုန့်”

“ဟမ်… မင်္ဂလာ နံနက်ခင်းပါ။ တုက် ပြန်မလာသေးဘူးလား”
တုက်သည် ဖုန်းယွီ၏ ကုမ္ပဏီကို လွှတ်လိုက်သည့် လူဖြစ်၏။

“ဆရာကြီးစုန့် ဒီအကြောင်းကို ကားပေါ်မှာ ပြောရအောင်။”

သူ့နောက်လိုက်က ပြောလိုက်၏။

စုန့်ရှောင်ဖုန်းသည် သူ့နောက်လိုက်ကို သံသယဖြင့် ကြည်လိုက်၏။ တုက်တစ်ခုခုများ ဖြစ်ခဲ့လို့လား။ ဖုန်းယွီ၏ မနေ့က စိတ်ထားနှင့် ဆိုလျှင် သူ့ကို ဆန့်ကျင်ရဲသည့် လူစားမဟုတ်ပေ။

ကားထဲတွင် နောက်လိုက်က မြန်မြန် ပြောလိုက်၏။

“ဆရာကြီး တုက်ရဲ့ ခြေထောက် နှစ်ချောင်းလုံး ကျိုးသွားတယ်။ သူက ဆေးရုံမှာ ရှိမနေဘူး။”

“ဘယ်သူက ငါ့လူကို ထိရဲတာလဲ။ ဒီကို အကုန်လုံး ခေါ်လိုက်။ ငါတို့တွေ အခုပဲ ကုမ္ပဏီကို သွားပြီး ဖျက်ဆီးပစ်မယ်”

စုန့်ရှောင်ဖုန်းက အော်လိုက်၏။ ဖုန်ယွီ သတ္တိရှိမှန်း သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။

“ဆရာကြီးစုန့် ကျွန်တော် ပြောတာ မပြီးသေးဘူး။ တုက်ရဲ့ လက်တွေကို ဖုန်းယွီက ချိုးခဲ့တာ မဟုတ်ဘူး။ ခြေကျိုးဝမ့်က ပြုလုပ်ခဲ့တာ။”

နောက်လိုက်က ပြောလိုက်၏။

“ဘာ… ခြေကျိုးဝမ့်လား။ တုက်က ခြေကျိုးဝမ့်ကို စိတ်အနှောက်အယှက် ဖြစ်အောင်လုပ်ခဲ့တားလား။ မနေ့ညက တုက်က ပိုက်ဆံ မရှင်းခဲ့တာလား။”

စုန့်ရှောင်ဖုန်းက မေးလိုက်၏။ သူ့ဦးလေး စုန့်လောင်စီနှင့် ရဲသားကို မကြောက်ပေ။ သို့သော် သူသည် ခြေကျိုးဝမ့်ကိုတော့ ကြောက်၏။

ထိုခြေကျိုးဝမ့်က သူ့ဦးလေးကို ရင်ဆိုင်ရဲသည့်လူ ဖြစ်ပြီး သူ့ဦးလေးနှင့် အာဃာတများရှိသည်။ ခြေကျိုးဝမ့်က စုန့်လောင်စီနှင့် တိုက်ပွဲတစ်ခု ဖြစ်ချင်နေတာလား။

“သေချာတာပေါ့။ ကျွန်တော်တို့ မနေ့က ပေးခဲ့တယ်။ ဆရာကြီးစုန့်လောင်စီက အဲ့လို နေရာမျိုး သွားတဲ့အခါ ကျွန်တော်တို့ကို ပိုက်ဆံပေးဖို့ ညွှန်ကြားခိုင်းထားတယ်။ ကျွန်တော်တို့တွေ တခြားသူတွေ အထင်သေးခံရမှာကို မလိုလားဘူးလေ။ ကျွန်တော်ကို ကျသင့်ငွေကို ပေးရုံတာကမက သူတို့ကို ပိုတောင် ပေးသေးတယ်”

နောက်လိုက်က ပြန်ပြောလိုက်၏။

“ကောင်းပြီ။ အဲ့တာဆို ဘာကြောင့် ခြေကျိုးဝမ့်က တုက်ကို မကျေမနေ ဖြစ်တာလဲ”

စုန့်ရှောင်ဖုန်းက မေးလိုက်၏။

“ကျွန်တော် ကြားတာတော့ တုက်က ဒီနေ့မနက် ထိုက်ဟွ ကုမ္ပဏီကို သွားခဲ့ပြီး သူတို့ဆီက ပထမဆုံး ငွေလုံးကို ရဖို့ အဆင်သင့် ဖြစ်နေပြီ။ ဒါပေမဲ့ သူက ဖုန်းယွီနဲ့ ဆွေးနွေးလိုက်တယ်။ တုက်က ဖုန်းယွီရဲ့ ခြေထောက်ကို ချိုးပြီး တစ်ဘဝလုံး ခြေကျိုး ဖြစ်အောင် လုပ်လိုက်မယ်လို့ ခြိမ်းခြောက်လိုက်တယ်။ အဲ့တာ ဖြစ်ချိန် ခြေကျိုးဝမ့်က လျှောက်လာပြီး တုက်ပြောတာကို ကြားသွားခဲ့တယ်။ ခြေကျိုးဝမ့်က ဒေါသထွက်သွားပြီး သူ့ရဲ့ လူလေးယောက်နဲ့ တုတ်ကို လဲအောင် လုပ်လိုက်တယ်။ သူ့ရဲ့ သံချောင်းထောင့်နဲ့ တုက်ရဲ့ ခြေထောက်နှစ်ဖက်လုံးကို ချိုးလိုက်တယ်။ ခြေကျိုးဝမ့်ကလည်း ပြောသေးတယ်။ နောက်ကျ အဲ့ဒီ သိုလှောင်ရုံက သူ့ရဲ့ ပိုင်နက်တဲ့ ပြီးတော့ စုန့်လောင်စီရဲ့ လူတွေကိုလည်း ဒီကို မဝင်ခိုင်းဘူး။ တုက်က ကျန်တဲ့သူတွေအတွက် ပထမဆုံး ဉပမာပဲ။”

နောက်လိုက်က ပြောလိုက်၏။

“ခြေကျိုးဝမ့် ငါတို့တွေ တွေ့ကျသေးတာပေါ့”

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset