FY အခန်း ၅၃

အခန်း ၅၃

စုန့်ရှောင်ဖုန်း

ကီရီလန်ကိုသည် ဖုန်းယွီသည် တစ်လအတွင်း ကားအစီး သုံးဆယ် ရောင်းထွက်သွားသည်ကို ကြားသည့်အခါ သူသည် ကြက်သေသေသွား၏။ သူသည် ဒုတိယအသုတ် ကားများကို စုဆောင်းနေဆဲ ဖြစ်သည်။ မော်စကိုပတ်ဝန်းကျင်တွင် ဗြိတိသျှ ဇိမ်ခံကား များများစားစား မရှိပေ။

ကီရီလန်ကို၏ အဆိုအရ သူအများစု စုဆောင်းနိုင်သည့် ကားသည် နောက်ထပ် အစီး ၁၀၀သာဖြစ်ပြီး ထိုအရာများက ဆိုဗီယက် ပြည်ထောင်စု၏ နာမည်အောက်မှ စုဆောင်းခြင်း ဖြစ်သည်။ ထိုသို့ မဟုတ်ပါက သူသည် အလွန်များပြားလှသည့် ကာများကို မည်သို့ စုဆောင်းနိုင်မည်နည်း။

ဖုန်းယွီသည် မကျေနပ်ပေ။ သူသည် တစ်ပတ်ရစ်ကား စီးပွားရေးဖြင့် ယွမ် သန်းတစ်ထောင် ရချင်၏။ ယခုအချိန်တွင် ထိုအရာက ကုန်ကျငွေ၊ အခွန်ငွေ အစရှိသဖြင့် နှုတ်ယူလိုက်ပါက သူအများစု ရနိုင်မည့် ငွေပမာဏကား ယွမ် ၁၀သန်း ဖြစ်သည်။

အခြားသူများသာ ဖုန်းယွီ တွေးနေသသည့် အရာကို သိလျှင် သူတို့ သွေးများ အန်မိမည် ဖြစ်၏။ ယွမ် ၁၀သန်းကို နည်းနည်းလေးလို့ စဉ်းစားနေသည်လား။ ယခုအချိန်တွင် မီလျံနာများ အများအပြား မရှိသေးပေ။

နောက်ထပ် သတင်းကောင်းလည်း ရှိသေး၏။ ကီရီလန်ကိုနှင့် သူ၏ မိတ်ဖတ်များက ပိုက်ဆံ အမြောက်အမြား ရရှိသွား၏။ ယခုလတွင် သူတို့သည် ရူဘယ် ၁သန်း တန်ဖိုးရှိ ပစ္စည်းများကို လိုချင်၏။ ဖုန်းယွီသည် လီရှစ်ချင်ကို ကုန်ပစ္စည်းတင်သွင်းသူများနှင့် ဆက်သွယ်ရန် အစကတည်းက မေးပြီးသား ဖြစ်သည်။ လီရှစ်ချင်သာ ရှိလျှင် ဖုန်းယွီသည် ထိုကိစ္စများကို သူ့ကိုလွှဲပေးထားနိုင်၏။

သို့သော် စိတ်ကြည်လင်မှုက ကြာရှည်မခံပေ။ ပြီးနောက် ဒုက္ခက ဖုန်းယွီ၏ တံခါးဝကို လာခေါက်တော့၏။

ပထမတော့ ဖုန်းယွီသည် အစိုးရ အရှာရှိများဟု ထင်ခဲ့သည်။ အစိုးရက သူ့ကို တစ်ပတ်ရစ် ကားဈေးကွက်ကို မလုပ်ခိုင်းရတာလား။ သို့သော် သူ့ဝန်ထမ်းပြောသည်ကို နားထောင်ပြီးနောက် သူသည် အကြောင်းအကုန်လုံး သိသွားခဲ့၏။ အချို့လူများက သူတို့ ကားများကို ဝယ်ချင်နေဆဲ ဖြစ်သည်။ သို့သော် သူတို့၏ ကားများက အကုန် ရောင်းကုန်သွားပြီ ဖြစ်သည်။

ဘာကြောင့် ဒီကိစ္စအတွက် သူ့ကို နှောက်ယှက်နေရသနည်း။ ကားတွေ အကုန် ရောင်းထွက်သွားပြီး တစ်လစောင့်ဟု သူတို့ကို ပြောလိုက်ရုံပင်။

ဖုန်းယွီ၏ နှလုံးများ တတိတ်တိတ် မြည်နေသော်ငြား သူသည် ကုမ္ပဏီကိုမောင်းသွားသေး၏။ သူက အထက်စီးဆန်သည့် ဝယ်ယူသူက ဘယ်သူဆိုတာကို သိချင်သည်။ သူသည် ထိုကဲ့သို့ ဝယ်သူများကို ဘယ်လို ကိုင်တွယ်ရမည်ဆိုသည်ကို ပြသချင်၏။

ကုမ္ပဏီတွင် သူသည် တစ်ခုခု မှားယွွင်းနေသည်ကို သတိပြုမိလိုက်သည်။ လူတွေ အများကြီး ဘာလို့ ရှိနေပြီး သူ၏ ဝန်ထမ်းများက အလွန်ကြောက်ရွံ့နေရသနည်း။

သူ့ဝန်ထမ်းများသည် စက်ပစ္စည်းစက်ရုံ၏ အလုပ်သမားများ၏ ကလေးများ ဖြစ်ကြသည်။ သူတို့ ငယ်ရွယ်စဉ်ကတည်းက သူတို့သည် ပြဿနာဖြစ် ရန်ဖြစ် ခဲ့ကြဖူးသည်။ အဘယ်တွက် သူတို့တွေ အလွန် ကြောက်ရွံ့နေရသနည်း။

“ဝူကျီကန်း ဘာတွေ ဖြစ်နေတာလဲ”

ဖုန်းယွီက မေးလိုက်၏။

“ဆိုတော့ မင်းက သူတို့ရဲ့ သူဌေးလား။ ဖုန်းယွီလား”

အထက်စီးဆန်သည့် လေသံက ထွက်လာခဲ့သည်။

ဖုန်းယွီသည် လှည့်ကာ ထိုင်ခုံပေါ်တွင် ထိုင်နေကာ စကားပြောနေသည့် သူကို ကြည့်လိုက်၏။

ဒါက အရမ်းမောက်မာတာပဲ။ ငါ့ရဲ့ လူတွေ အကုန်လုံးက မတ်တပ်ရပ်နေပြီး မင်းက ထိုင်ခုံနဲ့ ထိုင်နေတာလား။ မင်း ဒီနေရာကို ပိုင်တယ်လို့များ ထင်နေတာလား။

“မင်းက။”

ဖုန်းယွီက မေးလိုက်၏။

“မင်း ဆရာကြီးစုန့်ကို မသိဘဲနဲ့တောင် မင်းက ဘင်းမြို့တော်မှာ စီးပွားရေး လုပ်ရဲတာလဲ”

ထိုင်ခုံနောက်တွင် ရပ်နေသည့် သူက အော်လိုက်၏။ သူ၏ လေသံက ဆရာကြီးစုန့်ကို ဘင်းမြို့တော်တွင် မသိသူ မရှိဟု ပြောလိုက်သည့် လေသံမျိုး ဖြစ်၏။

ဖုန်းယွီသည် ဆရာကြီးစုန့်ကို မသိတာ ဖြစ်သည်။ သူသည် ဘင်းမြို့တော်နှင့် ပြည်နယ်ရှိ ခေါင်းဆောင်များ၏ အကြောင်းကို မေးဖူးသည်။ သူသည် စုန့်မျိုးရိုးနာမည်ဖြင့် လူကို လုံးဝ မကြားခဲ့ဖူးပေ။

ဝူကျီကျန်းသည် ဖုန်းယွီဖက်ကို တိုးလာကာ တီးတိုးပြောလိုက်၏။

“မန်နေဂျာဖုန်း၊ သူက စုန့်ရှောင်ဖုန်း။ သူသည် စုန့်လောင်စီရဲ့ တူ။ ဒီဆရာကြီးစုန့်ကို လုံကျင်းရဲ့ ငယ်ရွယ်တဲ့ ဆရာကြီး တစ်ယောက်လို့ ခေါ်ကြတယ်။ မန်နေဂျာ စုန့်လောင်စီရဲ့ အကြောင်းကို ကြားဖူးသင့်တယ်။

စုန့်လောင်စီလား။

ဖုန်းယွီက အံ့အားသင့်သွား၏။

စုန့်လောင်စီသည် ဘင်းမြို့တော်တွင် အင်အားကြီးသည့် ပုံရိပ် ဖြစ်သည်။ သူသည် မကြာသေးခင်က မှတ်တမ်းများအရ လျှို့ဝှက်ဒုစရိုက် သူဌေး ဆယ်ယောက်ထဲမှာ တစ်ယောက် ဖြစ်သည်။ သူသည် အပစ်ခံရပြီး နှစ်များစွာ ကြာသည့်တိုင် သူ့အကြောင်း ပုံပြင်များစွာ ရှိနေဆဲ ဖြစ်၏။

စုန့်လောင်စီသည် ပုံမှန် ပန်းရန်သမား တစ်ယောက်သာ ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သူသည် ဖြိုချသည့် အလုပ်ကိုသာ လုပ်တော့သည်။ သူ၏ ကြမ်းတမ်းသည့် နည်းလမ်းများဖြင့် နှင်ထုတ်ကာ အဆောက်အဦးများကို ဖြိုချသည်။ သူသည် မြန်မြန်ဆန်ဆန်သည့် နောက်လိုက် အဖွဲ့များနှင့် ဂိုဏ်းတစ်ခု တည်ထောင်ခဲ့ကြ၏။ သူသည် ဖြိုချရေး အလုပ်များ အကုန်လုံးကို တစ်ယောက်တည်း ချုပ်ကိုင်ထားပြီး ဆောက်လုပ်ရေး စီမံကိန်းများတောင် သူ၏ ခွင့်ပြုချက် ယူရသည်။ သူ ခွင့်မပြုပါက အဆောက်အဦးကို မဆောက်နိုင်ပေ။

စုန့်လောင်စီနှင့် ပတ်သတ်ပြီး အကျော်ကြားဆုံး ကောလဟာလသည် သူ ဖြိုဖျက်ရန် ပြင်သည့် အချိန်တွင် နေထိုင်သည့် သူများက နေရာ ပြောင်းရွေ့လိုချင်စိတ် မရှိကြပေ။ စုန့်လောင်စီက ထို နေထိုင်သူများကို အတူတူ စုခေါ်လိုက်ပြီး သူတို့ ရှေ့တွင် သူ့လက်သန်းကို ဖြတ်လိုက်သည်။ ထို့နောက် သူက နေထိုင်သူတွေကို ပြောခဲ့၏။ သူတို့ထဲမှ သူ့လို လုပ်နိုင်သည့် မည်သူမဆို ပြောင်းရွေ့ရန် မလိုဟု ပြောခဲ့သည်။ နေထိုင်သူများက လုံးဝ ထိတ်လန့်သွားကြသည်။ တစ်ယောက်မှ တစ်ခွန်းမှ မထွက်ရဲကြပေ။

စုန့်လောင်စီ၏ သတင်းက မြန်မြန် ပြန့်နှံ့သွားတော့သည်။ သူ၏ လူများကို အမှီပြုပြီး ရက်ရက်စက်စက် ပြုလုပ်ကာ သူသည် များစွာသော ဖြိုချရေး ကုမ္ပဏီများကို မောင်းထုက်လိုက်၏။ တိုက်ခိုင်မှုတိုင်း သူသည် အမြဲတမ်း ရှေ့တမ်းမှ ပါဝင်ခဲ့ကာ သူသည် အကြိမ်ပေါင်းများစွာ အထိန်းသိမ်းခံခဲ့ရသည်။ သို့သော် သူ လွတ်လာသည့် အခါတိုင်း သူသည် ပိုပြီး နာမည်ကြီးလာကာ အထက်စီးဆန်လာ၏။ သူသည် မြို့တော်၏ အစိုဂရ အရာရှိများနှင့် အဆက်အသွယ်အချို့ ချိတ်ဆက်ပြီးနောက်ပိုင်းတွင် သူ့ကို ဘယ်သူမှ ရန်မစရဲတော့ပေ။

စုန့်လောင်စီသည် ချမ်းသာလာပြီးနောက် သူ့အကြောင်း နောက်ထပ် ရာဇဝင်တစ်ခု ရှိသေး၏။

“နေ့ခင်းတွင် အိမ်အိုဟောင်းများကို ဖျက်ပြီး ညတိုင်း ဖြီးလိမ်းပြင်ဆင်ထား၏။

ကောလဟာလများ ပြောပုံအရ စုန့်လောင်စီသည် တဏှာရူး တစ်ယောက် ဖြစ်သည်။ သူသည် လမ်းမထက်တွင် ကြိုက်သည့် မိန်းကလေး တစ်ယောက်ကို မြင်သည့်အခါ သူသည် ထိုမိန်းမကို သူ့ကားထဲ ချက်ချင်း ဆွဲလိုက်ပြီး ထိုနေရာတွင် မုဒိမ်းကျင့်၏။ လုပ်ဆောင်မှု ပြီးမြောက်သွားပြီးနောက် သူသည် ထိုမိန်းမကို ပိုက်ဆံဖြင့် ပေါက်ပြီး ပိုက်ဆံ တစ်ထုတ်နှင့် သူ့ကားထဲမှာ ချလိုက်၏။

မိန်းမ တော်တော်များများက မပြောရဲကြပေ။ သို့သော် အချို့သော မိန်းမများက ရဲကို သွားတိုင်ပြီး ရလဒ်က အမြဲတမ်း သက်သေ မစုံ ဖြစ်နေခြင်း သို့မဟုတ် စုန့်လောင်စစ်နှင့် ပျော်ပါးချင် သည်အတွက်ဟု ဖြစ်၏။ သူ့ကို တိုင်သည့်သူများက ခြေကျိုးဖြင့် အဆုံးသတ်ကြပြီး သူတို့၏ မိသားစုများကိုလည်း အလွတ်မပေးကြပေ။

စုန့်လောင်စီနှင့် ပတ်သတ်ပြီး များစွာသော ကောလဟလများလည်း ရှိသေး၏။ ဥပမာအားဖြင့် အချို့သူများ ပြောသည့်က သူ့နောက်လိုက်များက လူတွေကို သေနပ်နှင့် ပစ်ရဲကြပြီး စုန့်လောင်စီတွင် ရိုင်ဖယ် သေနပ် ၁၀၀ကျော် ပိုင်ဆိုင်၏။

ကောလာဟလများသည် အလွန်ချဲ့ကား ပြောသော်ငြား စုန့်လောင်စီသည် မြောက်ပိုင်းအကျဆုံး ပြည်နယ်များတွင် အကြီးဆုံး သူဌေးကြီး ဖြစ်သည်ကား သံသယ ဖြစ်ဖွယ် မရှိပေ။

အဲ့ဒီ စုန့်ရှောင်ဖုန်းသည် စုန့်လောင်စီ၏ တစ်ဦးတည်းသော တူဖြစ်သည်။ စုန့်လောင်စီတွင်တွင်း သားတစ်ယောက်တောင် မရှိပေ။ သူ ကွယ်လွန်သွားပြီးနောက် သူ့နယ်ပယ်များက အနာဂတ်တွင် သူ့အတွက် ဖြစ်မည် ဖြစ်သည်။ စုန့်ရှောင်ဖုန်း ယခုလောက် အထက်စီးဆန်နေတာ အံ့ဩစရာ မရှိပေ။

ဖုန်းယွီသည် ရုတ်တရက် ပြုံးလိုက်ပြီး စုန့်ရှောင်ဖုန်းဆီ နွေးနွေးထွေးထွေးဖြင့် လမ်းလျှောက် သွားတော့သည်။ သူသည် စုန့်ရှောင်ဖုန်း၏ လက်ကို ကိုင်ကာ ပြောလိုက်သည်။

“ကျွန်တော် ဆရာကြီးစုန့်ကို ကြိုဆိုပါတယ်။ တစ်ခုခု လိုချင်တာများ ရှိရင် ကျွန်တော်ထံ အမှာကား ချန်ထားရစ်နိုင်ပါတယ်။ လူကိုင်တိုင် လာစရာ မလိုပါဘူး။”

ဖုန်းယွီသည် နှိမ့်ချလိုက်တာ မဟုတ်ပေ။ သူမှတ်မိတာ မှန်ကန်ပါက နောက်ထပ် နှစ်လအတွင်း စုန့်လောင်စီဂိုဏ်းနှင့် ဘင်းမြို့တော်ရှိ အခြားသော ဂိုဏ်းတစ်ခုနှင့် အချင်းဖြစ်ကြသည်။ စုန့်လောင်စီသည် မသေသော်လည်း ထိုအချင်းဖြစ်မှုကြား သူ့တူသည် သေဆုံးသွားခဲ့သည်။ တစ်ယောက်ယောက် သေမည် ဖြစ်သည့်အတွက် ဖုန်းယွီသည် နှိမ့်ချလိုက်သည်ကို စိတ်ထဲ မထားတာ ဖြစ်သည်။

စုန့်ရှောင်ဖုန်းက ခေါင်းညိတ်လိုက်သည်။ ဘင်းမြို့တော်ရှိ လူတိုင်းက သူ့ကို မျက်နှာလွဲကြသည်။ သူသည် ယခုကဲ့သို့ ကုန်သွယ်ရေး ကုမ္ပဏီ သေးသေးလေးအတွက် တစ်နာရီခွဲ ကြာအောင် စောင့်ခဲ့ရသည်။ သို့သော် ထိုကလေးက အလွန် နှိမ့်ချသည့်အတွက် သူသည် ခွင့်ပြုရန်အတွက် စဉ်းစားလိုက်၏။

“မင်းရဲ့ ကုမ္ပဏီက ပြိုင်ကားတွေ ရောင်းတယ်လို့ ကြားတာ ဟုတ်လား။ ငါ ကျားသစ် တံဆိပ်နဲ့ဟာ လိုချင်တယ်။”

စုန့်ရှောင်ဖုန်းက မေးလိုက်သည်။

“အဲ့တံဆိပ်ကို Jaguar လို့ ခေါ်ပါတယ်။ ဗြိတိသျှ နိုင်ငံထုတ် ဖြစ်ပြီး ဗြိတိသျှ တော်ဝင်မိသားရဲ့ အကြိုက်လဲ ဖြစ်ပါတယ်။ ဆရာကြီးက ဒီကားကို ကြိုက်လို့လား။ ဒါပေမဲ့ ကျွန်တော်ကားတွေ အကုန်လုံးက တစ်ပတ်ရစ်ကားတွေ။”

ဖုန်းယွီက ပြန်ပြောလိုက်ပြီး သူသည် တစ်ပတ်ရစ်ကားတွေပါဆိုသည့် နေရာတွင် အသံအနည်းငယ် ဖိပြောလိုက်၏။ စုန့်လောင်စစ်၏ အဆင့်အတန်းနှင့် ဆိုပါက စုန့်ရှောင်ဖုန်းသည် တစ်ပတ်ရစ် ကားများကို ဝယ်ရန် လိုအပ်မည်လား။

“အသစ်ပဲ ဖြစ်ဖြစ် တစ်ပတ်ရစ်ကားပဲ ဖြစ်ဖြစ် ငါက အဲ့အကြောင်းကို စဉ်းစားမယ်လို့ ထင်နေလား။ ကားအသစ်တွေက ဘိုကင် အရင် တင်ဖို့ လိုပြီး ကားရောက်လာဖို့အတွက် လအနည်းငယ် စောင့်ရတယ်။ ငါ့ကို Jeguarတစ်ပတ်ရစ်ကားကို အခုပေး။ စိတ်မပူပါနဲ့ ငါမင်းကို ပြန်ပေးမှာပါ။”

စုန့်ရှောင်ဖုန်းက ပြောလိုက်၏။

“ဆရာကြီးစုန့်က မစောင်နိုင်ဘူးလား။ ဒါပေမဲ့ ကျွန်တော်ရဲ့ ကားတွေ အကုန်လုံး ရောင်းပြီးသွားပြီ။ ဆရာကြီးအတွက် အစောဆုံး ရောက်နိုင်တာက နောက်ထပ် နှစ်ပတ်မှပဲ”

ဖုန်းယွီက ပြောလိုက်၏။

ဖုန်းယွီသည် ဘယ်သူမှ ဂရုမစိုက်ပေ။ ကားများ အကုန် ရောင်းထွက်သွားပြီ ဖြစ်သည်။ သူ့လက်ထဲတွင် ကားရှိပါက သူသည် အသက်ကြာကြာ မရှင်ရမည့် သခင်ကြီးစုန့်ကို ရောင်းမှာ ဖြစ်၏။ ဖုန်းယွီသည် စုန့်လောင်စစ်နှင့် ထိပ်တိုက်တွေ့ဖို့အတွက် အဆင်သင့် မဖြစ်သေးပေ။ သူ့နှင့် ရင်ဆိုင်ရန်အတွက် တစ်ယောက်ယောက် ရှိပြီ ဖြစ်သည်။ နှစ်နှစ်ကြပြီးနောက် စုန့်လောင်စီသည် ဖမ်းမိပြီး မီးတောက် အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဖုန်းယွီသည် ထင်ထင်ပေါ်ပေါ်သာ နေချင်ပြီး သူ၏ အင်ပါယာကိုသာ တည်ဆောက်ခြင်၏။

သို့သော် ယခု လက်ရှိ ဖုန်းယွီ ရင်ဆိုင်နေရသည့် အခက်အခဲသည် သူ့တွင် ကားမရှိခြင်း ဖြစ်သည်။ ယခု ဆရာကြီးစုန့်က စောစော ပြောခဲ့လျှင် ဖုန်းယွီသည် သူ့အတွက် ကားကောင်းကောင်းကို ချန်ထားပေမည်။

“ငါ မင်းဆီကို လာခဲ့တာ ကားအတွက်ကြောင့်ပြီးတော့ မင်းငါလိုချင်တဲ့ ကား ပေးကို ပေးရမယ်။”

စုန့်ရှောင်ဖုန်းက အော်လိုက်၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset