FY အခန်း ၅၂

အခန်း ၅၂

“ရှောင်ယွီ မင်း နောက်ဆုံး ပြန်လာပြီ။ ဒီကားတွေရဲ့ ရောင်းဈေးက ဘယ်လောက်လဲ။ လူတော်တော်များများက ဒီကားတွေရဲ့ ဈေးကို မေးနေကြတယ်”

လီရှစ်ချင်က ပြောလိုက်၏။

“သူတို့တွေ ဆက်သွယ်ရမဲ့ လိပ်စာတွေ ထားခဲ့လား”

ဖုန်းယွွီက မေးလိုက်၏။

“ထားခဲ့တယ်။ ဒါပေမဲ့ ဘာကြောင့် မင်း ငါတို့ကို ရောင်းဖို့ ခွင့်မပြုသေးရသေးတာလဲ။ ကားတွေကို ငါတိုရဲ့ လက်ထဲမှာ ကိုင်ထားရင် ကားတွေရဲ့ တန်ဖိုး မလျော့ကျသွားဘူးလား”

လီရှစ်ချင်က မေးလိုက်၏။

ဖုန်းယွီက လီရှစ်ချင်ကို ဖျက်ခနဲ ကြည့်ကာ ပြောလိုက်သည်။

“ဒါကို ဘယ်သူ ပြောတာလဲ။ အဲ့ဒီ လူတွေက ဒီကြားတွေ အတွက် ဈေးမကမ်းလှမ်းဘူးလား။ သူတို့ ပေးတဲ့ ဈေးက အရမ်းမြင့်နေလို့လား။ သုံးရက်အတွင်း ဈေးက ပိုပြီး များလာလိမ့်မယ်လို့ ကျွန်တော် အာမခံတယ်”
ဖုန်းယွီ၏ တောင်းဆိုချက်အရ ကားများ၏ မော်ဒယ် တစ်ခုချင်းစီ၏ အနည်းဆုံး ကားတစ်စီးစီကို ပြင်ဆင် မွန်းမံထားသည်။ ဖုန်းယွီသည် ထိုကားများ၏ ရောင်းဈေးကို တိုးမြင့်ချင်၏။

တရုတ်ပြည်၏ လက်ရှိ ဇိမ်ခံကား အမျိုးအစားက မည်သည့် အမျိုးအစားလဲ။ အမှတ်တံဆိပ် နှစ်ခု Mercedes-Benzနှင့် BMW တို့က တရုတ်နိုင်ငံတွင် လူကြိုက်များမှု ရရှိပြီး ဖြစ်သည်။ တိုယိုတာ၏ လူကြိုက်များမှုသည်လည်း တောင်ပိုင်းမှ မြောက်ပိုင်းကို တဖြည်းဖြည်း ကူးစက်လာသည်။ လူကြိုက် အများဆုံး မော်ဒယ်ကား တိုယိုတာခရောင်း ဖြစ်သည်။

တရုတ်ပြည်၏ အခြားသော အော်တိုမိုဘိုင်းကား အမှတ်တံဆိပ်များ၏ အသိအမှတ်ပြုမှုသည် အလွန် နည်းနေသေး၏။ တရုတ်ပြည်တွင် ဇိမ်ခံကား အချို့ ရှိသော်ငြား သူတို့၏ အကြောင်းကို သိသူက အလွန် နည်းပါး၏။ ဉပမာအားဖြင့် အနည်းငယ် လူသိသည့် Rolls-Royceမှ လွဲ၍ ဖုန်းယွီတင်ပို့သည့် အချို့ဇိမ်ခံကားများသည် သိသူက အများအပြား မရှိပေ။

ယခုလက်ရှိတွင် တရုတ်ပြည်၌ ချမ်းသာသည့် လူအများစုက ပညာမတက်သည့် သူဌေးသစ်လေးများဖြစ်ကြပြီး ယှဉ်ပြိုင်သည်ကို ကြိုက်နှစ်သက်ပြီး လက်အလွန် ဖွာသူများ ဖြစ်ကြ၏။

သို့သော် တရုတ်ပြည်တွင် ပြည်ပမှ တင်သွင်းသည့် ကားအနည်းငယ်သာ ရှိသေးသည်။ အကြိမ်များစွာတိုင် သူတို့လက်ထဲ ပိုက်ဆံ ရှိလျှင်တောင် ပြည်ပမှ တင်သွင်းသည့် ကားကို မရနိုင်ပေ။ ထပ်ပြောရလျှင် များစွာသော သူဌေးများထဲမှ တစ်ဝက်သည် ချမ်းသာရုံသာ ချမ်းသာပြီး အများကြီးမချမ်းသာကြပေ။

ထိုလူများက ကားကောင်းတစ်စီးကို အရူးအမူး လိုချင်နေကာ သူတို့၏ အဆင့်အတန်းကို ပြသရန် ဖြစ်ပြီး သူတိုသည် အသစ်တင်သွင်းသည့် ကားများကို မတက်နိုင်ကြပေ။ ထိုဈေးကွက်က ဖုန်းယွီ ပစ်မှတ်ထားသည့် ဈေးကွက်ပင် ဖြစ်သည်။

“သူတို့တွေ ကားကို ဘယ်လို မောင်းရမလဲ ဆိုတာ သိလား။ မင်းရဲ့ အလုပ်က နောက်ရက်အနည်းငယ်မှာ ဟိုတယ်ကြီးတွေ ကုမ္ပဏီကြီးတွေရဲ့ အပြင်ဖက် နေရာယူထားဖို့ပဲ။။ အဲ့ကိုသွားပြီး ကြွားလုံး သွားထုတ်လိုက်”

ဖုန်းယွီက ပြောလိုက်သည်။

လူတိုင်းက မှင်သက်သွား၏။

“ဒီအလုပ်မျိုးက ဘယ်လိုမျိုးလဲ”

————————————————

ယနေ့တွင် အလွန်ထူးဆန်းသည့် ကားနှစ်စီးသည် ဘင်းမြို့တော်ဟိုတယ်၏ ဝင်ပေါက်တွင် ပေါ်လာသည်။ ထိုကားများသည် အလွန် မျက်စိကျစရာ ကောင်းပြီ အသံမကျယ်ပေ။ အပြာရောင် တစ်စီးနှင့် အနီရောင် တစ်စီး ဖြစ်သည်။ ထိုကားကို ဖြတ်သွားသည့် လူတိုင်းက သူတို့ကို တစ်စက္ကန့်တောင် မကြည့်ပဲ မနေနိုင်ပေ။

ကားမောင်းသမား နှစ်ယောက်က ကားထဲမှ ထွက်လာကာ စကားများကြ၏။

“မင်း ဘယ်လို မောင်းနေတာလဲ။ မင်း ဘယ်လို မောင်းရမလဲဆိုတာ မသိဘူးလား။ ငါ့ကားက ယွမ် ၁သန်းထက် ပိုပြီး တန်ဖိုး ရှိတဲ့ Jaguar။ မင်း Jaguarဆိုတာကို ကြားဖူးလို့လား။ မင်း တက်နိုင်လို့လား။”

နေကာမျက်မှန် ကြီးကြီးမားမား ဝတ်ဆင်ထားသည့် ခပ်ငယ်ငယ် လူတစ်ယောက်သည် အပြာရောင်ကားထဲမှ ထွက်လာပြီး အနီရောင်ကားထဲမှ လူငယ် တစ်ယောက်ကို တွန်းလိုက်၏။ လူငယ်လေးက တမင်သက်သက် Jaguarကို နှစ်ကြိမ်တိုင်တိုင် အော်လိုက်သည်။

“မင်းတစ်ယောက်ထဲ ကားကောင်းကောင်းကို မောင်းနိုင်တြ့ လူလို့ ထင်နေတာလား။ ငါ့ရဲ့ ကားလည်း ယွမ် ၁သန်းထက်ပိုပြီး တန်ဖိုးရှိတဲ့ Lotus Lotus ပြိုင်ကားကွ။ မင်း Lotusအကြောင်း သိလို့လား”

အနီရောင်ကား၏ ကားမောင်းသမားက ခပ်ကျယ်ကျယ် ခွန်းတုံ့ ပြန်လိုက်သည်။

“ငါ့ကားက ပြိုင်ကား။ ငါလီဗာ တင်လိုက်ရင် မင်း ငါ့ရဲ့ အမြီးတောင် မြင်ရမှာ မဟုတ်ဘူး။”

Jaguar ကားမောင်းသမားက ပြောလိုက်၏။

“လိမ်နေတာ။ မင်းဆက်ပြီး လိမ်နေတုန်းပြ။ ဘင်းမြို့တော်ရဲ့ လမ်းထက်မှာ ငါ့ကားကို ကျော်နိုင်တဲ့ ကားတစ်စီး အခုထိ မမြင်ဘူးသေးဘူး။ ပျော်စရာ မကောင်းဘူးမလား။ ငါတို့ ပြိုင်ကြမလား”

Lotus ကားမောင်းသမားက ပြောလိုက်သည်။

“ဟုတ်ပြီလေ။ မင်းက ငါကြောက်နေတာလို့ တွေးနေတာမလား”

Jaguar ကားမောင်းသမားက ပြန်ပြောလိုက်၏။

ကားမောင်းသမား နှစ်ယောက်လုံးက ပြန်လှည့်ကာ သူတို့ကားထဲ ဝင်ပြီး တစ်ချိန်တည်း သူတို့ စက်ကို နှိုးလိုက်ကြသည်။

ရွှမ်းရွှမ်းမြည်နေပြီး ရုတ်တရက် သူတို့ ထွက်သွားတော့သည်။

ဝေါင်း

ကြည့်နေသည့် သူများက လန့်ဖျပ်မှုကြောင့် ပင့်သက်ရှိုက်မိသွားသည်။ ထိုကားများက တကယ်ကို မြန်ဆန်တာ ဖြစ်သည်။ ယွမ် တစ်သန်းထိ ပိုပေးရသည်ကား အံ့ဩစရာ မရှိပေ။ သိုသော် သူတို့ထဲမှ မည်သူမျှ ထိုကားများတွင် လိုင်စင် နံပါတ်မြား မပါသည်ကို သတိ မပြုမိကြပေ။

ကားတစ်စီးအတွက် ယွမ် ၁သန်း ပေးဝယ်ရမှာလား။ တစ်ယောက်ယောက်မှာ ပိုက်ဆံ ဒီလောက် ရှိရင် သူအနေဖြင့် ဘဏ်တွင် အပ်ထားပြီး အတိုးနှုန်းဖြင့်တောင် သူ့ ဘဝ တစ်လျှောက်လုံး သုံးစွဲနိုင်ပေ၏။

ထို့နောက် ဟိုတယ်မှ သူဌေးကြီး တစ်ယောက် ထွက်လာပြီး သူတို့ နှစ်ယောက်ကားဆီကို လက်ညှိုးညွှန်လိုက်ကာ သူ့ ဝန်ထမ်းတွေကို မေးလိုက်သည်။

“အဲ့ကားတွေက ဘာကားတွေလဲ။ အရမ်းမြန်တာပဲ။ ငါ့ရဲ့ Volgaထက်တောင် ပိုမြန်သေးတယ်။”

“သူဌေး ကျွန်တော်လည်း မသိါဘူး။ ကျွန်တော် သွားပြီး မေးပါ့မယ်”

သူ့ဝန်ထမ်းက ပြန်ဖြေလေ၏။

ဝန်ထမ်းက ခဏအကြာတွင် ပြန်လာပြီး သူ့သူဌေးကို ထိုကားနှစ်စီး၏ နာမည်ကို ပြောလိုက်သည်။ Jaguar နဲ့ Lotus. နှစ်စီးလုံးက ပြိုင်ကားများ ဖြစ်ကြသည်။

“ပြိုင်ကားလား။ အသံကြားရတာနဲ့ ကားက မြန်တဲ့ ပုံပဲ။ သွားပြီး ဝယ်လို့ ရမဲ့ နေရာကို ရှာခဲ့။ ငါတစ်စီးဝယ်မယ်။ပြီးတော့ သူတို့ ကို ဘယ်လိုရောင်းတာလဲ”

သူဌေးက ပြောလိုက်၏။

အထက်တန်းစား နေရာများတွင်လည်း တူညီသည့် အဖြစ်အပျက်များ ဖြစ်ခဲ့သည်။ ထိုကားများကို အရင်က ကြားလည်းမကြားဖူး မြင်လည်း မမြင်ဘူးပေ။ သို့သော် ထိုကားများက အလွန် လှပသည်။ အချို့က ကြော့ရှင်းသည်၊ အချို့က ဂုဏ်ဒြပ်ကြီးမားသည်၊ အချို့က တန်ဖိုးကြီးပြီး အချို့က ကြီးစိုးကြသည်။

ဘင်းမြို့တော်တွင် ထိုကားများကို အရင်က မမြင်ဘူးပေ။ သို့သော် ကားမောင်းသမား နှစ်ယောက်၏ အငြင်းအခုံ ဖြစ်နေသည်နှင့် သူတို့သည် ထိုကားများအကုန်က ပြည်ပမှ တင်သွင်းသည့် ကားများ ဖြစ်ပြီး အလွန် ဈေးကြီးကြောင်း သိရှိသွား၏။

အချို့သောသူများက ကြွားဝါချင်ကြပြီး အချို့သော သူများက မေးကြတော့သည်။ သူတို့သည် ထိုကားများကို ဘယ်သူ ပိုင်ဆိုင်ပြီး ဘယ်နေရာတွင် ဝယ်ယူနိုင်မှန်း သိချင်နေကြသည်။ သူတို့သည် ထိုကားများကို မြို့တွင် မောင်းနှင်ပြီးကတည်းက သူတို့သည် ချမ်းသာကြောင်း အလွယ်တကူ သိနိုင်ပေ၏။

သုံးရက်ဆက်တိုက် ဖုန်းယွီသည် သူ့ဝန်ထမ်းများကို နေ့လည်တွင် ထွက်သွားခိုင်းပြီး ညနေခင်းတွင် သူတို့၏ ကားများကို ကြော်ငြာထားလိုက်သည်။ တတိယမြောက်နေ့တွင် တစ်ယောက်ယောက်က မတော်တဆ ထိုက်ဟွ ကုမ္ပဏီသည် ကားများကို ရောင်းနေကြောင်း ထွက်သွားတော့၏။

“ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီလား။”

“ဘယ်သူ့ကို ရှာနေတာလဲ။”

ဝူကျီကန်းက မေးလိုက်၏။

“ကျွန်တော်က ဒင်ထိုက် အဝတ်အထည် စက်ရုံရဲ့ အထွေထွေ မန်နေဂျာ ကျောက်ဒင်ထိုက်ပါ။ ဒါက ကျွန်တော်ရဲ့ လိပ်စာကဒ်ပါ”

ကျောက်ဒင်ထိုက်က ပြောလိုက်၏။

“အဝတ်အထည် စက်ရုံလား။ ကျွန်တော်တို့တွေ အဝတ်အစားတွေ မဝယ်ဘူးဗျ”

ဝူကျီကန်းက ပြောပြီး ကျောက်ဒင်ထိုက်က ထွက်သွားရန် ပြလိုက်၏။

“အ…အ… ကျွန်တော် ဒီကို အဝတ်အထည်တွေ ရောင်းဖို့ ရောက်လာတာ မဟုတ်ဘူး။ ကျွန်တော် ကြားတာက မင်းတို့ရဲ့ ကုမ္ပဏီက ဗြိတိသျှကားတွေ ရှိတယ်ဆို။ ကျွန်တော်ကို ပြပေးနိုင်မလား”

ကျောက်ဒင်ထိုက်က ပြောလိုက်၏။

“မင်း ဘယ်လို သိတာလဲ။ ဒါပေမဲ့ အရေအတွက်က များများစားစား မရှိဘူး။ ပြီးတော့ လူအများကြီးကလည်း အခု အဲ့ကားတွေကို ကြည့်နေကြတယ်။ သူတို့တွေ အရင် ပြီးအောင် မင်းစောင့်သင့်တယ်”

ဝူကျီကျန်းက ပြောလိုက်၏။

“ကျေးဇူးပြုပြီး ညီအစ်ကို။ ကျွန်တော် မြန်မြန် တစ်စီးဝယ်ချင်လို့ပါ။ ကျွန်တော် ပိုက်ဆံ တက်နိုင်ပါတယ်။”

ကျောက်ဒင်ထိုက်က ပြောလိုက်၏။

လွန်ခဲ့သည့် နှစ်ရက်ခန့်က သူသည် အချို့သော စီးပွားရေး ကိစ္စများကို အိမ်နီးချင်း ပြည်နယ်များမှ သူဌေးများနှင့် တွေ့ဆုံမှုများ ပြုလုပ်ကာ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုသူဌေးက သူ့ကားကို ကြည့်လိုက်ပြီးနောက် ထွက်ခွာသွား၏။ သူဌေးကကျောက်ဒင်ထိုက်ကို ကားကောင်းကောင်း မတက်နိုင်ဘူးဟု ပြောခဲသည်။ ထိုအဓိပ္ပာယ်က ဘဏ္ဍာရေး ကောင်းကောင်း မတည်ငြိမ်သည့် အဓိပ္ပာယ် ဖြစ်၏။

ထိုသူဌေးသည် ပြည်တွင်းထုတ် Audi 1000ကိုသာ မောင်းနှင်နိုင်၏။

ကျောက်ဒင်ထိုက်သည် ထိုက်ဟွဆက်သွယ်ရေးကုမ္ပဏီက ကားတစ်သုတ် တင်သွင်းသည်ကို ကားပြီး အသစ်နီးပါးသန့်သည့် တစ်ပတ်ရစ် ကားများဖြစ်ကြသည်။ ထိုကားများသည် ပြင်ဆင်ပြီးနောက် သူတို့က အသစ်အတိုင်းပင်။ အကယ်၍ သူက ပြည်ပမှ တင်သွင်းသည့် ဇိမ်ခံကား တစ်စီး ဝင်ပြီး သူ မပြောရင် ဘယ်သူက တစ်ပတ်ရစ်ကားလို့ ပြောနိုင်မည်နည်း။

ထိုနည်းဖြင့် အခြားသူများက သူ ကားမောင်းသည်ကို ကြည့်သည့်အခါ သူတို့၏ ကုမ္ပဏီသည် အလွန် အဆင်ပြေမှန်း သိနိုင်ကြပေ၏။ လူများသည် ထိုကားနာမည်ကို မသိတာလား။ သူသည် ထိုကားသည် ယွမ် တစ်သန်း တန်သည်ဟု မပြောမိမချင်း ထိုအရာက အရေးကြီးသည့် ကိစ္စ မဟုတ်ပေ။

ဝူကျီကန်းသည် ကျောက်ဒင်ထိုက်ကို စက်ပစ္စည်းစက်ရုံကို ပို့လိုက်သည်။ ဖုန်းယွီသည် ထိုလူများကို စက်ရုံကို မွန်းလွဲ ၂နာရီ တိတိတွင် ခေါ်လာရန် ညွှန်ကြားထား၏။ ထိုလူများကို အခြားလူများလည်း စိတ်ဝင်စားမှန်း သိရှိစေလို၍ အတွက် ဖြစ်သည်။ ထိုနည်းလမ်းက နှစ်ဦးနှစ်ဖက် အပေးအယူမှ ရှောင်တိမ်းနိုင်မှာဖြစ်သည်။

ပထမဆုံး ကျောက်ဒင်ထိုက်ကဲသို့ လူများက ဈေးကို ဆွေးနွေးချင်ကြ၏။ တစ်ပတ်ရစ်ကားက ယွမ် ၅၀၀,၀၀၀ထက် ပိုပြီးလား။

သို့သော် ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီမှ ဝန်ထမ်းများက ခပ်တင်းတင်းဖြစ်၏။ သူတို့ မဝယ်လိုပါက အခြားသူများက ယခုဈေးပေးပြီး ဝယ်ချင်နေကြသည်။ ထိုသူများက ကားကို ကိုယ်တိုင်မောင်းပြီး စမ်းသသပ်ချင်ကြပြီး သူတို့ ကိုယ်တိုင် ထိုကားများ၏ အခြေအနေကို သိချင်ကြ၏။

သူတို့သည် ထိုက်ဟွကုန်သွယ်ရေး၏ သဘောထားကို သိသည်။ ထိုက်ဟွ ကုန်သွယ်ရေးသည် သူတို့၏ သတ်မှတ်ဈေးကို ခပ်တင်းတင်းထားပြီး ကားများ၏ စွမ်းဆောင်ရည်အပေါ်တွင်လည်း ယုံကြည်ချင်က ရှိသည်။ မေ့လိုက်တော့။ အပေးအယူ လုပ်ရန် နည်းလမ်းမရှိပေ။

ထိုကားများက ပြည်ပမှ တင်သွင်းသည့် ကားများထက် ပိုဈေးချိုပြီး အလွန်မောင်းကောင်းသည်။ ထို့အပြင် အပြင်ပိုင်းက လုံးဝ အသစ် ဖြစ်သည်။ မည်သူက ထိုကားများကို တစ်ပတ်ရစ်ကားဟု ထင်မည်နည်း။

ထိုကားများကို နှစ်သက်၍ ပထမနေ့တွင် စုပေါင်းလာသည့် လူရှစ်ဦးက ကားဝယ်သွားသည်။ ထိုက်ဟွ ကုမ္ပဏီ၏ ဘဏ်အကောင့်ထဲသို့ ယွမ် ၄သန်း ဝင်သွားခဲ့သည်။

နောက်တစ်နေ့တွင် သူတို့ ကား ခုနှစ်စီးကို ရောင်းခဲ့ရပြီး တတိယနေ့တွင် ငါးစီး။ ကျန်သည့် ကားများနှင့် တိုယိုတာခရောင်း အကုန်လုံးကို လေးရက်မြောက်နေ့တွင် ရောင်းကုန်သွားသည်။ ဖုန်းယွီသည် သူ့အတွက် Land Rover တစ်စီးကို ချန်ထားလိုက်၏။

သူ့စီးပွားရေး ကောင်းသည်ကို ကြည့်ပြီး ဖုန်းယွီက ကီရီလန်ကိုကို ချက်ချင်းခေါ်ကာ ဒုတိယအသုတ် ကား ဘယ်တော့ ရောက်မလဲ ဆိုတာကို မေးလိုက်၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset