FY အခန်း ၄၇

အခန်း ၄၇

တစ်ပတ်ရစ် ဇိမ်ခံကားများ တင်သွင်းခြင်း

နောက်တစ်နေ့တွင် ကီရီလန်ကိုနှင့် သူ့အသင်းသည် ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီကို သွားခဲ့၏။ ကီရီလန်ကိုနှင့် ဖုန်းယွီသည် ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးကြ၏။ ထိုသဘောတူညီချက်ထဲတွင် နှစ်ဖက်လုံး လိုက်နာရမည့် စည်းမျဉ်းများနှင့် လုပ်ဆောင်ရမည့် အချက်များအား ဖော်ပြထား၏။ ဉပမာအားဖြင့် ဆိုဗီယက်ဖက်တွင် မော်စကိုမြို့မှ ဘင်းမြို့တော်ကို ပစ္စည်းများ သယ်ယူပို့ဆောင်ရာမည့် တာဝန်၊ ငွေပေးချေမှု၊ ဆိုက်ရောက်ချိန် အစရှိသဖြင့် ဖြစ်၏။ သို့သော် သဘောတူညီချက်ထဲတွင် မည်ကဲ့သို့သော မည်သည့် ပစ္စည်းအမျိုးအစားများကိုမှ မဖော်ပြထားပေ။

“အစ်ကိုကီ ဒီတစ်ကြိမ်ကော ဘာတွေ လိုချင်လဲ”

“မင်းမှာ ကောင်းတာ တစ်ခုခု ညွှန်းစရာများ ရှိလား”

ကီရီလန်ကိုက ပုံမှန်အတိုင်း မေးလိုက်သည်။

ဖုန်းယွီက လက်ဖြောက်တီးလိုက်ပြီး ဝူကျီကန်းက လေနှင့်မိုး လျှပ်စစ်ပန်ကာ နှစ်ခုကို ကိုင်ဆောင်ပြီး ဝင်လာကာ စားပွဲပေါ်တွင် တင်ထားလိုက်၏။

“ကြည့်လိုက်ပါဦး။ ဒီပန်ကာက လတ်တလော တရုတ်နိုင်ငံမှာ ရောင်းအားအကောင်းဆုံး လျှပ်စစ်ပန်ကာ လေနှင့်မိုး လျှပ်စစ်ပန်ကာ။ လုံခြုံတယ်၊ ပေါ့ပါးတယ်၊ လှပတယ်၊တွက်ချေကိုက်တယ်၊ မင်းအတွက်ငါ တမင်ချန်ထားတာ။”

ဖုန်းယွီက ပြောလိုက်၏။

ဆိုဗီယက် အုပ်စုလူများက လျှပ်စစ်ပန်ကာများ စားပွဲပေါ်တွင်ညှပ်၊ ထိုင်ခုံပေါ်တွင် ညှပ်၊ ဗီရိုပေါ်တွင် ညှပ်နိုင်သည် အစရှိသဖြင့် မြင်သည့်အခါ သူတို့ မျက်လုံးပြူးသွားတော့၏။ ဖုန်းယွီက ပန်ကာလက်ထဲ ထည့်လိုက်ပြီး သူ့လက်ဘာဒဏ်ရာမှ မရသည့်အခါ သူတို့၏ ပိုတောင် အံ့ဩမှင်သက်သွားကုန်၏။

ဆိုဗီယက် ပြည်ထောင်စုကို ဖုန်းယွီ မှန်းဆပြီးသာ ဖြစ်၏။ သူတို့ လျှပ်စစ်ပန်ကာများကို ထုတ်နိုင်သော်လည်း တရုတ်နှင့် အတူတူပင် ဖြစ်၏။ သူတို့တွေက သတ္တု၊ ဈေးကြီးပြီး၊ လေးလံကာ၊ ဆူညံပြီး ဒီဇိုင်းကို ကောင်းကောင်း ထုတ်ထားခြင်း မရှိပေ။

ရူဘယ် ၁၄ကနေ ၁၅လား။ အရမ်းဈေးချိုလွန်းတယ်။ ကီရီလန်ကိုသည် ချက်ချင်းပင် အခုရေ ၂၀,၀၀၀တင်လိုက်၏။ သူတို့တွင် ပိုက်ဆံ အလုံအလောက်မရှိပေ။ သူတို့က ပိုလိုချင်သေး၏။

ကျန်ရှိသည့် ပစ္စည်းအများစုက များသောအားဖြင့် အစားအသောက် ပစ္စည်းများ ဖြစ်သည်။ ဥပမာ ဝက်ပေါင်ခြောက်၊ စည်သွပ်ဘူး၊ အချိုနှင့် ကျန်းလီဘောင် အချိုရည်များနှင့် ကျန်သည့် ပစ္စည်းများက ချည်ထည်များ ဖြစ်၏။

ဆိုဗီယက် ပြည်ထောင်စုက အကြီးစားစက်မှုလုပ်ငန်း နိုင်ငံကြီး တစ်ခု ဖြစ်သည်။ သို့သော် သူတို့၏ အသေးစားစက်မှုလုပ်ငန်းက တရုတ်၏ လက်လွှဲယူမှုကို ခံလိုက်ရသည်။

ဖုန်းယွီသည် စုစုပေါင်း ဈေးကို တွက်ချက်လိုက်သည်။ သူက လျှပ်စစ်ပန်ကာများ၏ လက်ကားဈေးနှုန်းက ငါးရာခိုင်နှုန်း ပေါင်းထည့်လိုက်၏။ ပန်ကာနှင့် ဆိုလျှင် စုစုပေါင်းငွေက ရူဘယ် ၆၀၀,၀၀၀နားကပ်သွား၏။ ကီရီလန်ကိုနှင့် သူ၏ မိတ်ဖတ်များက ပိုက်ဆံ အလုံအလောက် မရှိပေ။

သို့သော် ဖုန်းယွီက လက်ရမ်းပြလိုက်ကာ

“ဒါက ရူဘယ်လ် ၁၀၀,၀၀၀လေးပဲ။ ငါ မင်းတို့ကို ယုံပါတယ်။ မင်းတို့မှာ ရထားတွဲတွေ ရှိသေးရင် ငါ မင်းတို့ကို ပစ္စည်းတွေကို ပိုပြီးတော့တောင် ပို့ပေးနိုင်တယ်။ ဒီကုန်သွယ်ရေးမှာ ငွေ အများကြီး လိုတာမှ မဟုတ်တာ။ မင်းတို့တွေက ငါလိုချင် ပစ္စည်းတွေကို ပို့ပေးရုံတဲ့ တစ်ချိန်တည်း နှိမ်လိုက်ရုံပဲ။ ငါတို့တွေက ကုန်ချင်းဖလှယ်ရောင်းဝယ်သူတွေပဲ”

ကုန်ချင်းဖလှယ်ရောင်းဝယ်မှု ကုန်သွယ်ရေးလား။

ဆိုဗီယက်များက အချင်းချင်း ကြည့်လိုက်ကြသည်။

သူတို့၏ အရင်က အတွေ့အကြံများအရ သူတို့က ဖုန်းယွီကို ဖုန်းယွီ ပစ္စည်းများကို သယ်ပြီး မပို့ဆောင်ခင် ငွေပေးချေမှု အပြည့်လုပ်ရပေမည်။ သူတို့ ပစ္စည်းများကို လက်ခံ ရရှိပြီးနောက် ဖုန်းယွီလိုချင်သည့် ပစ္စည်များကို ဘင်းမြို့တော်ကို ပြန်လည် ပို့ပေးရမည် ဖြစ်သည်။ တစ်ချိန်ထဲတွင် ဖုန်းယွီက ငွေပေးချေမှု အပြည့်ကို သူတို့ကို ပစ္စည်းများ မရောက်ခင် လွဲပေးရန် လို၏။

သို့သော် ဖုန်းယွီက ဆိုဗီယက် ပြည်ထောင်စုမှ သူလိုချင်သည့် ပစ္စည်းများကို ပို့ဆောင်ပေးမည့် လမ်းကြောင်းကို မေးခဲ့သည်။ ငွေပေးချေမှု ခြားနားချက်လည်း ရှိသေး၏။ သို့သော် သူတို့က ပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်ကို တာဝန်ယူမည် ဖြစ်သော်ငြား ဖုန်းယွီသည်လည်း ပို့ဆောင်ရေး ကုန်ကျစရိတ်ကို ပို့ဆောင်ရဦးမည်လည်း ဖြစ်၏။ ဖုန်းယွီက သူတို့ ကလိမ်ကျမည်ကို မကြောက်ပေ။

ဖုန်းယွီက အခြားသူများကို မယုံကြည်ပေ။ သိုသော် သူက ကီရီလန်ကိုကို ယုံကြည်ဆဲ ဖြစ်၏။ ကီရီလန်ကိုက ပိုက်ဆံ ဆက်ရှာချင်သေးပါက ဖုန်းယွီက သွင်းကုန် စီးပွားရေး မိတ်ဖက် ဖြစ်ပေ၏။

သေချာသည်မှာ အခြားသူများ လက်ခံပါက ကီရီလန်ကိုက သဘောတူမည် ဖြစ်၏။ ဆိုဗီယက် ပြည်ထောင်စုတွင် သူတို့တွေက ပစ္စည်းများ ရရန်အတွက် ၂၀ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းအထိ စရန်ငွေ အရင်ပေးရန် လိုအပ်သည်။ ကျန်သည့် ငွေများကို နောက်ထပ် နှစ်လမှ ပေးနိုင်ပေ၏။ ဆိုဗီယက်များက ချက်ချင်းဆိုသလို သူတို့ လိုချင်သည့် ပစ္စည်းတွေကို စတင် ဆွေးနွေးကြ၏။

သူတိုက ရူဘယ်လ် ၁သန်း တန်ဖိုးရှိ ပစ္စည်းများကို မှာယူပြီးနောက် ကီရီလန်ကိုက မေးလိုက်သည်။ သူက ဆိုဗီယက် ပြည်ထောင်စုမှ မည်သည့် ပစ္စည်းများ လိုချင်လဲဟု မေးလိုက်သည်။

“တစ်ပတ်ရစ်ကားတွေ။ ဉရောပထုတ် တစ်လက်ကားတွေ။ ယဉ်ရဲ့ စွမ်းဆောင်ရည်နဲ့ သင့်တင့်တဲ့ဈေးမှာ ပြဿနာမရှိဘူးဆိုရင် မင်းတို့ ရှာသမျှ ယဉ်တွေအကုန် ငါဝယ်မယ်”

ဖုန်းယွီက ပြန်ဖြေလေ၏။

ထိုခေတ်အခါက နိုင်ငံခြားမှ တင်သွင်းသည် စည်းကြပ်ခွန်မှာ အလွန်မြင့်၏။ တစ်ပတ်ရစ်ကားများအတွက်မူ စည်းကြပ်ခွန်က ပုံမှန် ပစ္စည်းများအတိုင်း ဖြစ်၏။ ထိုသည်ကား ကားသစ်များနှင့် နှိုင်းယှဉ်ပါက အလွန်ဈေးချို၏။ တရုတ်ပြည်တွင် ပြည်ပမှ တင်သွင်းသည့် ကားများကို ကြိုက်သည့်သူ အများအပြားရှိသော်လည်း မတက်နိုင်ကြပေ။ သူတို့က ပြည်တွင်းထုတ်ကားများကိုသာ ဝယ်နိုင်ကြသည်။

ဖုန်းယွီက သူ၏ အရင်ဘဝကို အမှတ်ရသွား၏။ ရှန်ဟိုင်းတွင် နေထိုက်သည့် အမျိုးသမီးတစ်ဦးက တစ်ပတ်ရစ် ဇိမ်ခံကားများကို တင်သွင်းပြီး သူမ၏ ကံတရာကို စမ်းခဲ့၏။ သူမက ၁၀နှစ်အတွင်း ဘီလျံပေါင်းများစွာ ရှာနိုင်ခြံသည်။ သူမက ပင်လယ်ရေကြောင်းမှ တဆင့် တင်သွင်းရကာ တစ်ခါတင်ရန်အတွက်လည်း အချိန် အတော်ကြာ စောင့်ရ၏။

အခြားတစ်ဖက်တွင် ဖုန်းယွီက ထို တစ်ပတ်ရစ်ကားများကို ရထားလမ်းကြောင်းမှ တင်ပို့မည် ဖြစ်သည်။ ရထားလမ်းမှ ပို့ဆောင်ခြင်း၏ အားသာချက်က မြန်ဆန်ပြီး ဘင်းမြို့တော်သည် နယ်စပ်အနားတွင် ရှိသည့်အတွက်ပင်။ ဖုန်းယွီက မြောက်ဖက်အကျဆုံး ဈေးကွက်များကို လျင်လျင်မြန်မြန်နှင့် ဆွဲဆောင်ရန်ယုံကြည်ပြီး နောက် ဖြည်းဖြည်းချင်း မြောက်ပိုင်းဒေသတစ်ခုလုံးကို ဈေးကွက်ချဲ့မည် ဖြစ်သည်။

ကီရီလန်ကိုနှင့် သူ၏ မိတ်ဖတ်များက ပြဿနာရှိသည့် မျက်နှာထား ဖြစ်သွားကြ၏။ သူတို့အတွေးတွင် ဖုန်းယွီက အရာဝတ္ထုအများအပြားကို လိုချင်မည်ဟု ထင်ခဲ့၏။ သူတို့၏ မိသားစု နောက်ခံနှင့်အတူ သူတို့က ဖုန်းယွီကို မှောင်ခိုပစ္စည်းများကိုတောင် ကူညီပေးနိုင်မှာ ဖြစ်သည်။ သို့သော် ဖုန်းယွီသည် ဥရောပထုတ် တစ်ပတ်ရစ်ကားများကို လိုချင်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားပေ။

သူတို့လက်ထဲတွင် သွင်းသူ မရှိပေ။ အရေအတွက်က များများ မရှိပါက သူတို့ ဒုက္ခတွေ့မည် ဖြစ်သည်။ သို့သော် သူတို့က ဖုန်းယွီလိုချင်သည့် မည်သည့်အရာမဆို ဖြည့်ဆည်းပေးမည်ဟု ကတိပေးထားပြီး ဖြစ်သည်။

“ဖုန်း.. ငါတို့တွေက တစ်ပတ်ရစ်ကားတွေကို မင်းအတွက် ရှာပေးနိုင်ပါတယ်။ ဒါပေမဲ့ အရေအတွက်ကတော့ မျာများစားစား မရနိုင်ဘူး။”

ကီရီလန်ကိုက အခက်တွေ့တွေ့ဖြင့် ပြောလိုက်၏။

ဖုန်းယွီက မျက်ခုံးပင့်ကာ ပြောလိုက်၏။

“ကိစ္စမရှိပါဘူး။ မင်းတို့တွေက အဲ့ဒီ ဇိမ်ခံကားတွေကို ရှာပေးရုံပါပဲ။ မာစီးတီး၊ BMW၊ Volga ဒါမှမဟုတ် Ferrari, Lamborghini အစရှိတဲ့ ပြိုင်ကားတွေ။ ကျွန်တော်က ဈေးကြီးတဲ့ ကားတွေကိုပဲ လိုချင်တာ။”

ကီရီလန်ကိုက Landaသိုမဟုတ် တစ်ခုခုကို လိုချင်ပါက သူတို့က ဖုန်းယွီအတွက် အမြတ်ယူမည် မဟုတ်ပေ။

ဉရောပ နိုင်ငံများအချင်းချင်း စည်းကြပ်ခွန်ကောက်ခံမှု နည်းလွန်းသည်။ BMW တစ်စီးအတွက် ဆိုဗီယက်နှင့် တရုတ်နိုင်ငံအခြား ဈေးကွာခြားချက်က နှစ်ဆကွာသည်။ ဖုန်းယွီက တစ်ပတ်ရစ် ဇိမ်ခံကားများကို ဆိုဗီယက် ပြည်ထောင်စုမှ ရယူနိုင်ခဲ့ပြီး တရုတ်ပြည်တွင် ပြန်ပြုပြန် အစားထိုးလဲလှယ်မည် ဖြစ်သည်။ ထို့နောက် သူက ထိုကားများကို သူ့ကုန်ကျငွေ၏ နှစ်ဆဖြင့် ရောင်းမည် ဖြစ်၏။ သူအနေဖြင့် ထိုကားများအတွက် ဈေးကွက်မရှိမှာကို မစိုးရိမ်ပေ။

“ဖုန်း တစ်ပတ်ရစ် ကားတွေ အပြင် အခြား လိုချင်တာကော မရှိဘူးလား။ ငါတို့နိုင်ငံမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေက အရမ်းကောင်းပြီး တန်းဝင်တယ်။ မင်းစိတ်မဝင်စားဘူးလား”

ကီရီလန်ကိုက မေးလိုက်၏။

ဖုန်းယွီက တခဏကြာ တွေးလိုက်ပြီးနောက် ပြောလိုက်၏။

“အဲ့တာဆို ငါ အပိုပစ္စည်းအချို့ကို လိုချင်တယ်။ ဥပမာ လယ်ရာလုပ်ငန်း ပစ္စည်းတွေမှာ သုံးတဲ့အပိုပစ္စည်းနဲ့ ထွန်စက်အတွက် အပိုပစ္စည်းတွေ။ ငါ့ဖက်ကက ဈေးကွကို သုတေသန ပြုဖို့ လိုသေးတယ်။ ငါတခြားအရာတွေ လိုချင်တယ်ဆိုရင် မင်းကို ငါထပ်အကြောင်းကြားပါ့မယ်။

“ကိစ္စမရှိဘူး။ ငါတို့တွေ ဒီပစ္စည်းတွေကို လွယ်လွယ်ကူကူနဲ့ ရနိုင်တယ်။”

ကီရီလန်ကိုက ပြန်ပြောလိုက်၏။ သူတို့အားလုံး စိတ်သက်သာရာ ရသွားသည်။ သူတို့၏ နောက်ခံနှင့် အဆက်အသွယ်အရ သူတို့သည် ထိုအပိုပစ္စည်းများကို ဖုန်းယွီအတွက် လွယ်လွယ်နှင့် ရယူနိုင်မည် ဖြစ်၏။

ယခုတစ်ခေါက်တွင် သူတို့က ရူဘယ် ၅၀၀,၀၀၀သာ ပါပြီး ရူဘယ် ၁၀၀,၀၀၀(၁သန်း)တန်ဖိုးရှိ ပစ္စည်းများကို ဝယ်သွား၏။ ဖုန်းယွီတွင် ရူဘယ်လ် ၁သန်းရှိပြီး ရူဘယ် ၁၅၀၀,၀၀၀တန်ဖိုးရှိ ပစ္စည်များကို မေးခဲ့သည်။

နှစ်ဦးနှစ်ဖက်လုံး ပထမအကြိမ်တွင် ပစ္စည်းများများ ဝယ်သည့်နည်းဖြင့် စီးပွားရေး လုပ်ကြခြင်း ဖြစ်သည်။ လွဲပြောင်းခကို စာအုပ်ထဲတွင် မှတ်ထားဆဲ ဖြစ်သော်လည်း ပိုက်ဆံအချို့ကို သူတို့၏ အကောင့်များအတွင်း စရန်ငွေအဖြစ် လွဲပြောင်းလိုက်သည်။

သူတို့၏ ကုန်သွယ်ရေးအတွက် သဘောတူညီမှုအား အဆုံး သတ်လိုက်ပြီးနောက် ဖုန်းယွီက စူးစူးစမ်းစမ်းဖြင့် မေးလိုက်၏။

“မင်းတို့တွေ အများကြီး ကုန်ပို့တဲ့အခါ အခွန်ကို ဘယ်လို ပေးမှာလဲ”

ကီရီလန်ကို ပစ္စည်းတွေကို ဝယ်ယူသည့် အခါတိုင်း ပစ္စည်းများက သောင်းပြောင်းထွေလာ ဖြစ်နေပြီး ထိုပစ္စည်းတွေကို အတူတူ ရထားတွဲပေါ်တွင် တစ်ပုံတစ်ခေါင်း တင်လိုက်သည်။ ဖုန်းယွီက ကီရီလန်ကို ဘယ်လို ကျော်ဖြတ်ပြီး ဘယ်လို အခွန်ပေးလဲဆိုတာ ဖုန်းယွီက အလွန် သိချင်စိတ် ပြင်းပြနေ၏။

ကီရီလန်ကိုက မျက်တောင်တစ်ခတ် ခတ်ပြပြီး ပြောလိုက်သည်။

“ဒီကုန်ပစ္စည်းတွေက စစ်တပ်ရဲ့ သွင်းကုန်တွေလေ။ ငါတို့တွေ အခွန်ပေးဖို့ မလိုဘူး။”

အို

ဒီလူတွေက သူထင်ထားသည်ထက် ပိုပြီး အရှက်မရှိတာ ဖြစ်သည်။ ထိုကုန်ပစ္စည်းများကို စစ်ဘက်သွင်းကုန်အဖြင့် သွင်းပြီး သူတို့အမြတ်များများ ရအောင်လုပ်၏။

ဖုန်းယွီသည်လည်း အခွန်ကင်းလွတ်ခွင့် ရမည်လား။ မရမှာ သေချာ၏။ သူ့ကုမ္ပဏီက ပုဂ္ဂလိက လုပ်ငန်း ဖြစ်ပြီး အခွန်သေချာပေါက် ပေးရမှာ ဖြစ်၏။ စည်းကြပ်ခွန်က တစ်ပတ်ရစ်ကားများက ကားအသစ်များထက် အလွန်ဈေးချိုနေသော်ငြား ထိုကားများက ဈေးကြီးနေဆဲ ဖြစ်သည်။ ဖုန်းယွီက အပို စက်ပစ္စည်းများ၏ အခွန်များအကြောင်း စုံစမ်းရန် ရှိနေပြီး အခွန်များက နည်းမည်မဟုတ်ပေ။ သူဘယ်လို အခွန်ကို တရားဝင် နည်းလမ်းနှင့် ရှောင်နိုင်မည်နည်း။

သူသည် တစ်ပတ်ရစ် ဇိမ်ခံကားစီးပွားရေးကို လုပ်မည်ဆိုကတည်းက ဖုန်းယွီသည် ထိုပြဿနာကို တွေးပြီးသား ဖြစ်သည်။ သူက ရှေ့နေနှင့် ဆွေးနွေးပြီးနောက် သူသည် တင်သွင်းသည့် ကားများကို အခြားတစ်ခုအဖြစ် တင်သွင်းနိုင်ကြောင်းဖြင့် အဆုံးသတ်လိုက်သည်။ သူသည် အခွန်များကို ပေးရမည် ဖြစ်သော်ငြား အခွက ၉၀ရာခိုင်နှုန်း သက်သာပြီး တရားဝင်၏။

တင်သွင်းသည့် ကားများကို အခွန်ပေးရမည် ဖြစ်သည်။ သို့သော် တင်သွင်းသည့် ကားပစ္စည်းအစိတ်အပိုင်းများ သို့မဟုတ် သတ္တုအစအနများကို တင်သွင်းမည်လော။ တာယာများနှင့် ကားခုံများ အကုန် ဖြတ်ပါက ထိုကားကို သတ္တုအစအနအဖြင့် စဉ်းစားနိုင်ပေ၏။ တာယာများနှင့် ထိုင်ခုံများကို အစိတ်အပိုင်းများအဖြစ် တင်သွင်းနိုင်မည် ဖြစ်ကာ။ သတ္တုအစအနများနှင့် အစိတ်အပိုင်းများ ရောက်ရှိပါက သူတို့သည့် ကားများကို ပြန်လည် တပ်ဆင်နိုင်မှာဖြစ်သည်။

၅၀ရာခိုင်နှုန်း သို့မဟုတ် ၆၀ရာခိုင်နှုန်းက မူလကထက် ၂၀ရာခိုင်နှုန်း နည်း၏။ ထိုအရာက ဟာကွက် ဖြစ်၏။

သူသည် ထိုအရာကို ၃ခါမှ ၅ခါလုပ်ပါက ဖုန်းယွီ၏ ရူဘယ် ၁သန်းက သန်းပေါင်းများစွာ ဖြစ်နိုင်ပြီး ၁၀သန်းထက်တောင် ကျော်နိုင်ပေ၏။ ထိုအရာ ဖြစ်သွားသည့်အခါ သူသည် တရုတ်ပြည်၏ ငွေကြေးဈေးကွက်ထဲကို ဝင်ရောက်နိုင်ကာ ငွေကြေးတောင့်တင်းသည့် လူတစ်ယောက် ဖြစ်သွားနိုင်၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset