FY အခန်း ၄၂

အခန်း ၄၂

အော်ဒါများ ဆက်တိုက်တင်ခြင်း

၁၈၁၀၀၀ခု၊ ထိုအရေအတွက်က စီးပွားရေးသမားများ လိုချင်သည့် စုစုပေါင်း အရေအတွက် ဖြစ်၏။ လူဝဝက အခုရေ ၁၂၀၀၀ အော်ဒါတင်လိုက်ပြီး သူက တောင်ပိုင်းရှိ ပြည်နယ်နှစ်ခု၏ ဈေးကွက်ကို ရရှိယူလိုက်၏။

စာချုပ်ကို အပေါ်ထပ်တွင် ချုပ်ဆိုကြသည်။ သူတို့ အကုန်လုံးက ကုန်ပစ္စည်းများကို တစ်ပတ်ခြား အသုတ် သုံးသုတ်ဖြင့် လက်ခံရန် သူတို့ အားလုံး သဘောတူလိုက်၏။ ပထမအသုတ်က ဒီအပတ်တွင် ဖြစ်မည် ဖြစ်ပြီး ထိုအရာက ပစ္စည်းများ လဲလှယ်ရန်အတွက် ငွေပေးချေရမည် ဖြစ်၏။ အကြောင်းမှာ ဖုန်းယွွီက သူတို့ကို ငွေပေါ်လွယ်စေရန် ဖြစ်၏။ ထိုက်ဟွ ဆက်သွယ်ရေး ကုမ္ပဏီတောင်လျှင် ကုန်ပစ္စည်းများကို အရင် ပို့ဆောင်ပေးခဲ့လျှင် သူတို့ထဲမှ အများစုက မပေးချေနိုင်ကြသေးပေ။ သို့သော် လက်တွေ့တွင် ဖုန်းယွီလက်ထဲတွင် ပစ္စည်းမရှိသေး၍ ဖြစ်၏။

အချို့သောသူများက မစောင့်နိုင်ဘဲ ပစ္စည်းများ အလုံးကို အခုချက်ချင်း ယူသွားချင်သည့် သူများလည်း ရှိသည်။ သို့သော် ဖုန်းယွီက သူတို့ကို စိုက်ကြည့်လိုက်သည်နှင့် သူတို့ ချက်ချင်း ပါးစပ်ပိတ်သွားတော့၏။ ထိုစီစဉ်ထားမှုသည် ထိုစီးပွားရေးသမားများအတွက်လည်း ကောင်းမွန်သည့် အရာဖြစ်သည်။ အရေအတွက်ကနည်းသော်လည်း အနည်းဆုံးတော့ သူတို့က ငွေပေါ်လွယ်မှု ခက်မည့် အရေးကို ရှိမည် မဟုတ်တော့သည့်အပြင် အခြားသူများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် မလိုအပ်တော့ပေ။

ပထမအသုတ် လူများ ပြန်သွားပြီးနောက် အပြင်တွင် စောင့်နေသည့် လူများက စိုးရိမ်နေကြ၏။ သူတို့အားလုံး ပထမ အသုတ်ရှိ လူများ စာချုပ်များ ကိုင်သွားသည်ကို တွေ့လိုက်ကြ၏။ သူတို့ ကြောက်ရွံသွားသည်ကား ပစ္စည်းအကုန်လုံးကို ပထမအသုတ်ရှိ လူများ အကုန်ဝယ်သွားမည်ပင် ဖြစ်၏။ ဝူကျီကန်းက သူတို့ကို အထဲဝင်လို့ရပြီ ဖြစ်ကြောင်း ပြောသည့်အခါ သူတို့အားလုံး ဖုန်းယွီဆီကို ပြေးသွားကြ၏။

“မင်းတို့တွေ စည်းမျည်းတွေကို မသိဘူးလား။ တိုးတိုးနေ။ တကယ်လို့ စကား ဆက်ပြောချင်ရင် ထွက်သွားလိုက်တော့။”

ဝူကျီကန်းက အော်လိုက်၏။

လုပ်ငန်းစဉ်များက ပထမသုတ် အတိုင်းပင်။ ဝူကျီကန်းက သူတို့အားလုံးကို ဖောင်များ ပေးလိုက်သည်။ ထိုက်ဟွ ကုမ္ပဏီအနေဖြင့် သူတို့ထဲမှ ပြည်နယ်တူနေသည့် လူများကို အော်ဒါ မည်မျှ ခွဲပေးမည်နည်း။ သို့သော် ကုမ္ပဏီ တစ်ခုတည်းသာလျှင် ပြည်နယ်၏ တရားဝင်ဖြန့်ချိသူ ဖြစ်ပေလိမ့်မည်။

ယခုအချိန်တွင် အနောက်ဖက်မှ ပြည်နယ် ခုနှစ်ခုတွင်သာ ဖြန့်ချိသူ မရှိသေးတာ ဖြစ်၏။ ထိုပြည်နယ်များက ကုန်းမြင့်ပိုင်းတွင် တည်ရှိကြပြီး တစ်နေရာထဲတွင် ကြာကြာ မနေသည့် သူများ သာ ထိုဒေသများတွင် နေကြတာ ဖြစ်၏။ ထိုနေရာတွင် လျှပ်စစ်မီး မရရှိသည်ကလည်း အခက်အခဲ တစ်ခု ဖြစ်၏။ ထို့အတွက် လျှပ်စစ်ပန်ကာများက ရောင်းအား မကောင်းတာ ဖြစ်သည်။

ထိုအခြေအနေများကြောင့် ဖုန်းယွီသည် ထိုပြည်နယ်များအတွက် သတ်မှတ်ချက်များကို ဖြေလျော့ပေးသည်။ ထိုဒုတိယအသုတ် လူများက ထိုပြည်နယ်များကိုသာ ရွေးချယ်ရုံမှ တပါး အခြား မရှိတော့ပေ။

ဖုန်းယွီ၏ အမူအကျင့်ကို ကြည့်ပြီး အချို့သူများက ထွက်သွားကြသည်။ တစ်ချိန်ထဲတွင် သူတို့၏ စိတ်ထဲ၌ စက်ရုံများကို ရှာပြီး သူတို့ကိုယ်တိုင် ထုတ်ရန် တွေးလိုက်တော့သည်။

နောက်ပိတ်ဆုံး ခုနှစ်ပြည်နယ်ကို ခုနှစ်ယောက် ယူလိုက်ကြတော့သည်။ ထိုသူများအတွက် အမှာစာ ၅၀၀၀ထက် တင်ရန် မပြောပေ။ ပန်ကာ ၁၀၀၀က လုံလော်ပြီ ဖြစ်၏။

ဖုန်းယွီသည် တရုတ်ပြည်ရှိ ပြည်သူတိုင်းကို လေနှင့်မိုး ပန်ကာအကြောင်း သိစေချင်၏။ အမှတ်တံဆိပ် တည်ဆောက်နေခြင်း ဖြစ်၏။

အနာဂတ်တွင် ကုန်တံဆိပ်၏ စွမ်းအားက ဖုန်းယွီကို အမြတ်များစွာ ရရှိစေမျာ မလွဲဧကန်ဖြစ်မှာ ဖြစ်၏။

“မန်နေဂျာဖုန်း စုစုပေါင်း အော်ဒါက ၂၃၈,၀၀၀ပါ။ ကျွန်တော်တို့ရဲ့ ကျန်ရှိတဲ့ ပစ္စည်းတွေနဲ့ စက်ပစ္စည်းစက်ရုံမှာ ထုတ်နေတဲ့ အရေအတွက်ဆိုရင်တောင် မလောက်သေးဘူး။ ကျွန်တော်တို့ နောက်ထပ် အခုရေ ၁၃၀,၀၀၀ကို စက်ပစ္စည်းစက်ရုံက မှာရဦးမှာ။”

ဝူကျီကန်းက ဖုန်းယွီကို အစီအရင်ခံစာဖြင့် ပြောလိုက်၏။

“မဆိုးဘူး။ မနက်ဖြန်က စပြီး ငါတို့တွေ ပိုက်ဆံ ဝင်လာမှာကို ကြည့်ရမယ်။ မြောက်ပိုင်းကနေ တောင်ပိုင်းကို အော်ဒါတွေကို ပို့ဖို့ စီစဉ်လိုက်ဦး။ ငါတို့ ရဲ့ ပန်ကာက တရုတ်ပြည်မှာ ရောင်းအား အကောင်းဆုံး ပန်ကာ ဖြစ်ရမယ်။”

ဖုန်းယွွီက ပြောလိုက်သည်။

——————-

ဒါရိုက်တာလီက တစ်မနက်ခင်းလုံး ပြောနေတော့သည်။ မနက်ခင်း အစည်းအဝေးတွင် အလုပ်ရုံ အားလုံးမှ ဒါရိုက်တာများက သူ့ကို ပြောသည်ကား သူတို့၏ လုပ်ဆောင်ချက်များက ပြိုင်ဖက်များ၏ လုပ်ဆောင်ချက်များထက် ကောင်းကြောင်း ပြော၏။ အလုပ်သမားများကလည်း သူတို့ အလုပ်အတွက် စက်ရုံက သူတို့အားလုံးကို လစာပေးကြောင်း သိသည်။

သို့သော် ဒါရိုက်တာလီ စိုးရိမ်သည့် အရာများလည်း ရှိသေး၏။ ယခုအခေါက် လျှပ်စစ် ပန်ကာ အသုတ်များ ထုတ်လုပ်မှု ပြီးသွားပါက ကျန်သည့် နှစ်ဝက်တွင် စက်ရုံအနေဖြင့် မည်သို့ ရှေ့ဆက်ရမည်နည်း။

ဒေါက်, ဒေါက်, ဒေါက်

“ဒါရိုက်တာလီ၊ ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီမှ ရှောင်ဖုန်း ရောက်လာပါတယ်။”

ဒါရိုက်တာလီ၏ အတွင်းရေးမှူးက ပြောလိုက်၏။

“သူကို ဝင်ခဲ့ဖို့ ပြောခဲ့လား။”

ဒါရိုက်တာလီက ပြောလိုက်၏။

သေချာသည်မှာတော့ ဖုန်းယွီက ဖုန်းယွွီ သူ့ရုံးခန်းထဲ ဝင်လာသည့်အခါ ဒါရိုက်တာ လီမှာ ပျော်ရွှင်မှုကြောင့် ထခုန်တော့မည့် အလား။

“ဒါရိုက်တာလီ ကျွန်တော်တို့က လျှပ်စစ်ပန်ကာတွေကို နောက်ထပ် အော်ဒါ ထပ်တင်ချင်လို့ပါ။ ကျွန်တော်တို့ နောက်ထပ် အခုရေ ၁၅၀,၀၀၀လိုချင်တယ်”

ဖုန်းယွီက ပြောလိုက်သည်။

ဝူကျီကန်းက သူကို သူတို့အနေဖြင့် အခုရေ ၁၃၀,၀၀၀လောက်သာ လိုကြောင်း ပြောသည်။ သို့သော် ဖုန်းယွီက အချို့သော ဖြုန့်ချိသူများက အရေအတွက် ပိုမှာကြမည်ကို ခံစားမိသည်။ ထို့ကြောင့် သူက အခုရေ ပိုများများ အရေးပေါ်အတွက် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ထိုအပြင် ထပ်ဆောင်း ၂၀,၀၀၀ခုက ယွမ် ၅၀၀,၀၀သာ ရှိသည်။

ဖုန်းယွီသည် ပြည်တွင်းဈေးကွက်အနေဖြင့် နောက်ထပ် အခုရေ ၂၀,၀၀၀ ထပ်မရောင်းနိုင်မည်ကို စိတ်မပူပေ။ အကယ်၍ ပြည်တွင်းဈေးကွက်အနေဖြင့် အခုရေ ၂၀,၀၀၀ မရောင်းနိုင်လျှင်တောင် သူတွင် ကီရီလန်ကို ရှိသေး၏။ ဆိုဗီယက် ပြည်ထောင်စုသည် တရုတ်ပြည်ထက် ပိုခေတ်မှီသော်လည်း သို့သော် သူတို့ ထုတ်လုပ်သည့် ပစ္စည်းများက ကြီးမားလေးလံ၏။ ဆိုဗီယက် ပြည်ထောင်စုတွင် နွေရာသီက တိုသော်ငြား သူတို့၏ ပန်ကာ အမျိုးအစားက လှပသည်၊အဆင်ပြေသည်၊ ဈေးချိုသည့် လျှပ်စစ်ပန်ကာများက ဆိုဗီယက်တွင်တောင် ရောင်းနိုင်လောက်ပေ၏။

ထို့အပြင် ဖုန်းယွီက ထိုစီးပွားရေးသမားများကို ဘယ်လို ရောင်းရမည်။ ကြော်ငြာရမည်၊ ပရိုမိုးရှင်း ဆင်းရမည့် အကြံများကိုလည်း သင်ပေးခဲ့သည်။ ပြည်နယ်သတင်းစာများတွင် ကြော်ငြာပါက သူ့အနေဖြင့် ကြော်ငြာစရိတ် ပြန်ထုတ်ပေးမည်ကို ကတိတောင် ပေးလိုက်သည်။

ဒါရိုက်တာလီက ဖုန်းယွီ နောက်ထပ် အခုရေ ၁၅၀,၀၀၀ လာမှာမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ယခု ထပ်ပေါင်းမှာသည့် အော်ဒါနှင့် ဆိုပါက စက်ရုံအနေဖြင့် ယွမ် ၁ သန်းရှိ အမြတ်ရမည် ဖြစ်သည်။ ထိုအမြတ်က နောက်ထပ် နှစ်ဝက်အတွက် အလုပ်သမားများ၏ လစာအတွက် လုံလောက်ပြီ ဖြစ်၏။

“ကိစ္စမရှိဘူး။ အရင်အတိုင်းပဲ။ ငါတို့ အခု စာချုပ် ချုပ်ကြမလား”
ဒါရိုက်တာလီက စိုးရိမ်ကြောင့်ကြလျက်ရှိသည်။ သူသည် စာချုပ်တွင် လက်မှတ်ထိုးပြီးမှ စိတ်အေးနိုင်မှာ ဖြစ်၏။

“ခဏလောက်”

ဖုန်းယွီက လက်ခါလိုက်၏။ ဒါရိုက်တာလီ နှလုံးခုန် ရပ်သွားတောသည့် အလား။ ဖုန်းယွီက ဈေးလျော့ပေးစေချင်နေတာလား။

“မန်နေဂျာဖုန်း ဒီဈေးက အသင့်အတော်ပါပဲ ဒီထက်နည်းလို့ကတော့ အဆင်မပြေနိုင်ဘူး”
ဒါရိုက်တာလီက ပြောလိုက်၏။

ဖုန်းယွီက ရယ်လိုက်၏။ သူက ဈေးလျှော့ရန်အတွက် လာခဲ့ခြင်း မဟုတ်ပေ။ ဖုန်းယွီက မြန်မြန် လိုချင်ရုံသာ ဖြစ်သည်။

“ဒါရိုက်တာလီ ခင်ဗျား နားလည်မှု လွဲနေတယ်။ ကျွန်တော် ဈေးလျော့ဖို့အတွက် မဟုတ်ဘူး။ ကျွန်တော်က အချိန်အကြောင်း ပြောမလို့။ ကျွန်တော်က အခုမှာမဲ့ အခုရေ ၁၅၀,၀၀၀ကို အခုရေ ၁၀၀,၀၀၀မှာထားတဲ့ နေ့ တစ်နေ့ထဲမှာပဲ ရချင်တယ်။ တကယ်လို့ မင်း လုပ်နိုင်တယ်ဆိုရင် ငါ ဒီအော်ဒါကို မင်းကို ပေးမယ်။ မင်းမလုပ်နိုင်ဘူး ဆိုရင်တော့ စိတ်မရှိပါနဲ့။ ငါက လင်းပြည်နယ်ရဲ့ ပထမ စက်ပစ္စည်းစက်ရုံနဲ့ ဆက်သွယ်ထားတယ်။ သူတို့က ငါလိုချင်တဲ့နေ ရမယ်တဲ့”

ဖုန်းယွီက ပြော၏။

ဒါရိုက်တာလီက ဖုန်းယွီ၏ လက်ကို ကိုင်က

“မန်နေဂျာဖုန်း ဘာကြောင့် ဒီလို ပြောရတာလဲ။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာ။ ဘာကြောင့် အော်ဒါတွေကို လင်းပြည်နယ်မှာ ရှိတဲ့ ပထမ စက်ပစ္စည်းစက်ရုံကို လွဲမှာလဲ။ အဲ့ဒီစက်ရုံက ကျွန်တော်တို့ထက် သေးပြီး အလုပ်သမားတွေကလည်း ကျွန်တော်တို့လောက် မကျွမ်းကျင်ကြဘူး။ ပြီးတော့ အချိန်ကလည်း အရမ်းနည်းတယ်။ ကျွန်တော်တို့ စက်ရုံက အော်ဒါတွေကို ပြီးမှာ မဟုတ်ဘူး။ ငါတို့ စက်ရုံက အခု နှစ်ဆယ့်လေးနာရီ လည်ပတ်နေပြီး ငါတို့တွေ စစ်ဖက် ထုတ်ကုန်တွေတောင် ရပ်နားထားရတာ။”

“ဒါက ဒါရိုက်တာရဲ့ ပြဿနာလေ။ ဒီအော်ဒါက ကျွန်တော်ရဲ့ တောင်းဆိုမှုပဲလေ။ တကယ်လို့ ဒါရိုက်တာတို့က ကျွန်တော်တို့ရဲ့ အော်ဒါတွေကို တောင်းဆိုချက်အတိုင်း ပြီးစီးအောင် လုပ်ပေးနိုင်ရင် ကျွန်တော်တို့ ချက်ခြင်းပဲ လက်မှတ်ထိုးမယ်။ မဟုတ်ရင်တော့ ကျွန်တော် တောင်းပန်ပါတယ်။”

ဖုန်းယွီက ပြောလိုက်၏။

ထိုအချိန်တွင် ဝူကျီကန်း၏ ဦးလေး ဒါရိုက်တာကျောက်က အခန်းထဲ ဝင်လာကာ အော်ပြောလိုက်၏။

“ငါတို့တွေ ဒီအော်ဒါကို ပြီးစီးအောင် လုပ်နိုင်တယ်။”

ဒါရိုက်တာလီက ဝူကျီကန်းကို ကြည့်လိုက်သည်။ ဒါရိုက်တာလီသည် စက်ရုံတွင် အလုပ်သမား တစ်ယောက်အဖြစ် စလုပ်ခဲ့တာ ဖြစ်ပြီး ရာထူး အဆင့်ဆင့် တိုးက ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ သူသည် စက်ရုံအနေဖြင့် ဘယ်လောက်များများ ထုတ်နိုင်ကြောင်း သိသည်။ နှစ်ပတ်အတွင်း အခုရေ ၂၅၀,၀၀၀ထုတ်ဖို့က မဖြစ်နိုင်သည့် အရာ ဖြစ်သည်။

သို့သော် ဒါရိုက်တာကျောက်က ဒါရိုက်တာလီကို စိတ်ချစေရန် အကြည့်ဖြင့် ကြည့်လိုက်ကာ ဖုန်းယွီကို ပြောလိုက်၏။

“မန်နေဂျာ ဖုန်းကျွန်တော်တို့ကို တစ်မိနစ်လောက် အချိန်ပေးမလား။”
ဖုန်းယွီက လက်တစ်ချက် ပြလိုက်ကာ သူက လက်ဖက်ရည်ကို သောက်နေ၏။

“လူကြီးကျောက် မင်း ဒီအော်ဒါကို လိုချင်နေတယ်ဆိုတာ ကျွန်တော်သိတာပေါ။ ဒါပေမဲ့ ဖုန်းယွီက အရမ်း ပါးနပ်တယ်။ စာချုပ်ထဲမှာ ပေးထားတဲ့ ရက်အတိုင်း မရရင် သူက သေချာပေါက် ကျွန်တော်တို့နဲ့ စာချုပ် ထပ်တိုးတော့မှာ မဟုတ်ဘူး။”

ဒါရိုက်တာလီက မေးလိုက်သည်။ သူသည် ထိုအော်ဒါများကို သူတို့ စက်ရုံအနေဖြင့် ပြီးအောင် မလုပ်နိုင်ကြောင်းလဲ သိသည်။

“ဒါရိုက်တာလီ သူတို့တွေတောင် လင်းပြည်နယ်မှာ ရှိတယ် ပထမ စက်ပစ္စည်းစက်ရုံကို ပန်ကာ ထုတ်လုပ်ဖို့ ရှာနိုင်သေးရင် ကျွန်တော်တို့ကော သူ့လို ဘာလို့ မလုပ်နိုင်ရမှာလဲ။”

ဒါရိုက်တာ ကျောက်က ပြောလိုက်သည်။

ဒါရိုက်တာလီ၏ မျက်လုံးများ ပြူးကျယ်သွားကာ

“မင်းပြောချင်တာက လင်းပြည်နယ်မှာ ရှိတဲ့ ပထမစက်ပစ္စည်းစက်ရုံကို တစ်ဆင့်ကန်ထရိုက်ပေးဖို့လား။”

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset